ဣဒါနိ၊ ဓာတုဝိဘင်းကို ဖွင့်ပြပြီးရာ ယခုအခါ၌။
တဒနန္တရေ၊ ထို ဓာတု ဝီဘင်း၏ အခြားမဲ့၌။
(ဝုတ္တေ၊ ဟောတော်မူအပ်သော)။
[စပ်ပုဒ်မပါသောကြောင့် ထည့်သည်။]
သစ္စဝိဘင်္ဂေ၊ သစ္စဝိဘင်း၌။
စတ္တာရီတိ၊ ဟူသော သဒ္ဒါသည်။
ဂဏနပရိစ္ဆေဒေါ၊ ဂဏန်းဖြင့် သစ္စာတို့ကို ပိုင်းခြားကြောင်း သဒ္ဒါတည်း။အရိယ သစ္စာနီတိ၊ ဟူသော သဒ္ဒါသည်။
ပရိစ္ဆိန္နဓမ္မနိဒဿနံ၊ ပိုင်းခြားအပ်သော အရိယသစ္စာ တရားတို့ကို ညွန်ပြကြောင်း သဒ္ဒါတည်း။ပန၊ ကား။
ဒုက္ခံ အရိယသစ္စန္တိ အာဒိမှိ၊ အစရှိသော။
ဥဒ္ဒေသဝါရေ၊ ၌။
(ဝိနိစ္ဆယော ဝေဒိတဗ္ဗော၌ စပ်)။
အဝိတထာအနညထာ။ ။ဝိတထာ၊ မမှန်ကုန်သည် (လွဲမှားကုန်သည်) + န၊ မဟုတ်ကုန်။ အဓိကထား မမှန်မကန် မဟုတ်ကုန်။ ထို့ကြောင့် “အနုသာသဘာဝါ” ဟု ဋီကာ၌ အဓိပ္ပါယဖွင့်သည်။ အညထာ၊ ဗာဓန စသောအခြင်းအရာမှ တပါးသော အပာဓနစသော အခြင်းအရာအားဖြင့်+န၊ မဖြစ်ကုန်။ အနညထာ၊ ကုန်။ ထို့ ကြောင့် “အညာကာရရုဟိတာ”ဟု ဋီကာဖွင့်သည်။ [ဒုက္ခဿ၊ ဒုက္ခသစ္စာ၏။ ပီဠနဋ္ဌော၊ ဒုက္ခဒုက္ခတာ တံနိမိတ္တတာတို့ဖြင့် လိုချင်စရာ မကောင်းလောက်အောင် နှိပ်စက်ခြင်း အနက်သဘောသည်၎င်း။ ဝါ၊ မိမိကိန်းရာ သတ္တဝါကို နှိပ်စက်ခြင်းအနက်သဘောသည်၎င်း။ သင်္ခတဋ္ဌော၊ အဝိဇ္ဇာ တဏှာ ကံ အာဟာရ ဖဿ အစရှိသော အကြောင်းတရားတို့သည် ပြုစီမံအပ်သည်၏ အဖြစ်ဟူော အနက်သဘောသည်၎င်း။ [ပစ္စယ ပရိဂ္ဂဟဉာဏ်လခမ်း၌ အဝိဇ္ဇာ တဏှာ ကံ အာဟာရ စသည်တို့ကို "ပြုစီမံတတ်သော အကြောင်းတရား" ဟု ဆိုသည်။] သန္တာပဋ္ဌော၊ ဒုက္ခဒုက္ခတာ တံနိမိတ္တတာတို့ဖြင့် ပြင်းစွာ ပူလောင်ခြင်း အနက်သဘောသည်၎င်း။ ဝါ၊ ကိလေသာဟူ ပြင်းစွာ ပူလောင်ခြင်း အနက်သဘောသည်၎င်း။ ဝိပရိဏာမဋ္ဌော၊ ဇရာ မရဏ ဟူသော ၂ ပါးအပြားအားဖြင့် ဖောက်ပြန်ခြင်းအနက်သဘောသည်၎င်း။ (အတ္ထိ)၊ ဒုက္ခဿ၊ ဒုက္ခသစ္စာ၏။ စတ္တာရော, ဣမေ ဒုက္ခဋ္ဌာ၊ ဤဒုက္ခသစ္စာ၏ အနက်သဘောတို့သည်။ တထာ၊ ထို ပီဠန စသော သဘောရှိကုန်၏။ ဝါ၊ မှန်ကန်ကုန်၏။ အဝိတထာ၊ မမှန်မကန် မဟုတ်ကုန်။ ဝါ၊ မချွတ်ယွင်းကုန်။ အနညတာ၊ ပီဠန စသော အခြင်းအရာမှ တပါးသော အခြင်းအရာ အားဖြင့် မဖြစ်ကုန်။
သမုဒယဿ၊ သမုဒယသစ္စာ၏။ အာယူဟနဋ္ဌော၊ ထိုထိုဘဝ ထိုထိုအာရုံ တို့၌ ပြန့်နှံ့၍ ဒုက္ခအစုကို ပြုခြင်း အနက်သဘောသည်၎င်း။ ဝါ၊ ဒုက္ခကို ဖြစ်စေခြင်း အနက်သဘောသည်၎င်း။ နိဒါနဋ္ဌော၊ ဒုက္ခကို အပ်နှင်းသကဲ့သို့ ဖြစ်စေတတ်သည်၏အဖြစ်ဟူသော အနက်သဘောသည်၎င်း။ သံယောဂဋ္ဌော၊ သံသရာ၌ ယှဉ်စေခြင်း အနက်သဘောသည်၎င်း။ ပလိဗောဓဋ္ဌော၊ သံသရာမှ ထွက်သွားကြောင်းဖြစ်သော မဂ်တရားကို နှောင့်ယှက်တားမြစ်ခြင်း အနက်သဘောသည်၎င်း။ (အတ္ထိ၊ ၏)။ သမုဒယဿ၊ ၏။ စတ္တာရော , ဣမေ သမုဒယဋ္ဌာ၊ ဤ သမုဒယ သစ္စာ၏ အနက်သဘောတို့သည်။ တထာ၊ ထို အာယူဟန စသော သဘောရှိကုန်၏။ ဝါ၊ ကုန်၏။ အဝိတထာ၊ မမှန်မကန် မဟုတ်ကုန်။ ဝါ၊ မချွတ်ယွင်းကုန်။ အနညထာ၊ အာယူဟန စသော အခြင်းအရာမှတပါးသော အခြင်းအရာအားဖြင့် မဖြစ်ကုန်။ ပီဠနဋ္ဌ။ ။ဒေါသမုဒ္ဒေးဒုက္ခသဟဂုတ် ကာယဝိညာဏ်တို့၌ ယှဉ်သော ဝေဒနာသည် အစစ်အမှန် ဒုက္ခဖြစ်သော ( အမှန်ဆင်းရဲသော ) ကြောင့် ဒုက္ခဒုက္ခတာ မည်၏၊ ထိုဒုက္ခဖြစ်ခြင်း၏ အကြောင်း ဟူသမျှသည် တံနိမိတ္တံဘာ မည်၏။ ဥပမာ-သုခသည် ဖောက်ပြန်သောအခါ ဆင်းရဲ၏၊ ` ထို ့ကြောင့် ဖောက်ပြန်ခြင်းသည်ပင် တံနိမိတ္တဘာ တည်း။ ချမ်းသာခိုက်မှာလည်း ဒုက္ခဖြစ်တော့မည်ဟု တွေးမိသောအခါ ထိုချမ်းသာကိုပင် လိုချင်စရာ မကောင်းသဖြင့် ဒုက္ခ၏အကြောင်းဖြစ်တော့၏။ ထို ့ကြောင့် “ဒုက္ခဒုက္ခတာ တံနိမိတ္တတာ ဟိ အနိဋ္ဌတာ”ဟု ပီဠနသဘောကို ဋီကာ၌ သရုပ်ဖော်သည်။ ဤပဋ္ဌနကား ပုဂ္ဂိုလ်ကို နှိပ်စက်ခြင်းမဟုတ်၊ လိုချင်စရာမကောင်းခြင်းတည်း။ နိရောဓဿ၊ နိရောဓသစ္စာ၏ ။ နိဿရဏဋ္ဌော၊ သံသရာမှ ထွက်မြောက်ကြောင်း၏ အဖြစ်ဟူသော အနက်သဘောသည်၎င်း။ ဝါ၊ အလုံးစုံသော သင်္ခတတရားတို့မှ လွတ်မြောက်တတ်သည်၏ အဖြစ်ဟူသော အနက်သဘောသည်၎င်း။ ဝိဝေကဋ္ဌော၊ တဏှာ သမုဒယမှ ကင်းဆိတ်သည်၏ အဖြစ်ဟူသော အနက်သဘောသည်၎င်း။ အသင်္ခတဋ္ဌော၊ အဝိဇ္ဇာ တဏှာ ကံစသော အကြောင်းတရားတို့သည် မပြုပြင်အပ်သည်၏ အဖြစ်ဟူသော အနက်သဘောသည်၎င်း။ အမတဋ္ဌော၊ မအို မသေ အမတေ၏ အဖြစ်ဟူသော အနက်သဘောသည်၎င်း။ (အတ္ထိ၊ ၏)။ နိရောဓဿ၊ ၏။ စတ္တာရော, ဣမေ နိရောပဋ္ဌာ၊ တို့သည်။ တထာ၊ ထိုနိဿရဏ စသော သဘောရှိကုန်၏။ ဝါ၊ ကုန်၏။ အဝိတထာ၊ ကုန်။ ဝါ၊ ကုန်။ အနညထာ၊ နိဿရဏ စသော အခြင်းအရာမှတပါးသော အခြင်းအရာအားဖြင့် မဖြစ်ကုန်။
မဂ္ဂဿ၊ မဂ္ဂသစ္စာ၏။ နိယျာနဋ္ဌော၊ သံသရာမှ ထွက်မြောက်ကြောင်း၏ အဖြစ်ဟူသော အနက်သဘောသည်၎င်း။ ဟေတွဋ္ဌော၊ နိဗ္ဗာန်၏ အကြောင်း၏ အဖြစ်ဟူသော အနက်သဘောသည်၎င်း။ ဒဿနဋ္ဌော၊ နိဗ္ဗာန်ကို မြင့်တတ််သည်၏ အဖြစ်ဟူသော အနက်သဘောသည်၎င်း။ ဝါ၊ သစ္စာ ၄ ပါးကို မြင်တတ်သည်၏ အဖြစ်ဟူသော အနက်သဘောသည်၎င်း။ အာဓိပတေယျ ဋ္ဌော၊ သစ္စာ ၄ ပါးကို မြင်ခြင်, ကိလေသာ အပူကို ငြိမ်းစေခြင်း၌ အကြီးအကဲ၏ အဖြစ်ဟူသော အနက်သဘောသည်၎င်း။ (အတ္ထိ)၊ မဂ္ဂဿ စတ္တာရာ, ဣမေ မဂ္ဂဋ္ဌာ၊ တို့သည်။ တထာ၊ ထို နိယျာန စသော သဘောရှိကုန်၏။ ဝါ၊ ကုန်၏။ အဝိတထာ၊ ကုန်။ ဝါ၊ ကုန်။ အနညာထာ၊ နိယျာန စသော အခြင်းအရာမှ တပါးသော အခြင်းအရာအားဖြင့် မဖြစ်ကုန်။ [ပဋိသမ္ဘိဒါမဂ္ဂပါဠိတော ယုဂနဒ္ဓဝဂ် သစ္စကထာ ပဌမသုတ္တန္တနိဒ္ဒေသ။]
ဆိုလိုရင်းကား။ ။ သမုဒယ၏ တရားကိုယ်သည် တဏှာလောဘဖြစ်၏၊ ထိုတဏှာ လောဘသည် သူ့ချည်းသက်သက် ဒုက္ခ၏ဖြစ်ကြောင်းမဟုတ်၊ တဏှာ အရင်းခံ၍ အဝိဇ္ဇာဖုံးမှုကြောင့် ကံအမျိုးမျိုးကို ပြုမိလေရာ "ထို အဝိဇ္ဇာ ကံစသော ခြင်းအကြာင်း များနှင့်ပေါင်းမိမှသာ ဇာတိဒုက္ခ စသည်၏ ဖြစ်ကြောင်း "ဖြစ်ရသည်" ဟု ဆိုလိုသည်။ ဣတိ အာဒီသု၊ တို့၌။ ဥပ္ပတ္တိံ၊ ဖြစ်ခြင်းဟူသော အနက်ကို။ (ဒီပေတိ၊ ၏)။
ဒုက္ခဿ ဝါ။ပေ။ ပစ္စယတ္တာ။ ။ဤ တတိယနည်း၌ကား နိရောဓသဒ္ဒါသည် ရိုးရာ အတိုင်း ချုပ်ခြင်းအနက်ကို ဟော၏။ ထို ချုပ်ခြင်းဟူသည်လည်း ဘင်ခဏ၌ ချုပ်ခြင်း မဟုတ်၊ နောက်ဘဝ စသည်တို့၌ နောက်ထပ်မဖြစ်ခြင်းကိုပင် ချုပ်ခြင်းဟု ဆိုလိုကြောင်း ကို သိစေလို၍ “အနုပ္ပါဒနိရောဓ”ဟု အနုပ္ပါဒသဒ္ဒါဖြင့် ဝိသေသနပြုသည်။
ဖလူပစာ ။ ။အနုပ္ပါဒနိရောဓ အရ ဒုက္ခ၏ နောက်တဖန် မဖြစ်ခြင်းသာ ရ၏၊ နိရောဓသစ္စာကို မရသေး၊ ထို့ကြောင့် နိရောဓသစ္စာကို ဖလူပစာရအားဖြင့် ယူရကြောင်း ကို သိစေလို၍ “အနုပ္ပါဒနိရောဓ ပစ္စယတ္တာ”ဟု ပစ္စယသဒ္ဒါကို ထည့်ရသည်၊ မဂ်ဖြင့် နိရောဓ နိဗ္ဗာန်ကို မြင်သောအခါ နောက်ထပ် ဒုက္ခမဖြစ်တော့၊ ဥပမာ–ဘောတာပတ္တိ မဂ်ဖြင့် နိဗ္ဗာန်မြင်သောအခါ ခုနစ်ဘဝမှနောက်၌ ဒုက္ခမဖြစ်တော့။ပေ။ အရဟတ္တမဂ်ဖြင့် နိဗ္ဗာန်ကိုမြင်သောအခါ ပရိနိဗ္ဗာနစုတိနောက်၌ ဒုက္ခမဖြစ်တော့၊ ထို့ကြောင့် အကျိုး၏ ဒုက္ခ နိရောခအမည်ကို အကြောင်းနိဗ္ဗာန်၌ တင်စား၍ ဖလူပစာရအားဖြင့် နိဗ္ဗာန်ကို“ဒုက္ခ” နိရောဓ”ဟု ခေါ်ရသည်။
မှတ်ချက်။ ။အနုပ္ပါဒပုဒ်ကို ဗဟ္မီဟိသမာသ်ကြံ၍ “နောက်တဖန် ဖြစ်ခြင်းမရှိ သော”ဟု အနက်ပေးကြသော်လည်း ထိုအနက်ကို ဋီကာမဖွင့်ပါ၊ ရှေး နိဿယလည်း မပေးပါ၊ နောက်တဖန် ဖြစ်ခြင်းမရှိသော ချုပ်ခြင်းဟု ဆိုလျှင် နိရောဓအရ နောက်ဆုံး ချုပ်ခြင်း ဘင်ခဏကို ယူရလိမ့်မည်၊ ထို ဘင်ခဏကို မယူရကြောင်းကိုလည်း ဋီကာ၌ “န ပန ဘင်္ဂေါ" ဟု အတိအလင်း တားမြစ်ထားပါသည်။ ထို့ကြောင့် အနုပ္ပါဒေါကို" န +ဥပ္ပါဒေါ အနုပ္ပါဒေါ" ဟု ကမ္မဓာရဲတွဲ၍ "နောက်ထပ်မဖြ်ြခင်းဟူသော + နိရောဓ-ချုပ်ခြင်း" ဟုသာ အဓိပ္ပါယ်မှတ်ပါ။
အနုဋီကာ။ ။ ဗာဓကတ္တဿ ဗာဓကတ္တိ စ နိယမောတိ အာဟ ဒွိဓာပိ ဗာဓက- တ္တာဝဓာရဏေနာတိ.’အနု။ ဤ အနုဋီကာ၌ “နိယမော”ဟု ရှိသောကြောင့် ဗာဓကတ္တ- နိယာမေန ၌လည်း နိယာမသဒ္ဒါသည် အမြဲသတ်မှတ် ဆုံးဖြတ်ခြင်း အနက်ဟော ဟု မှတ်ပါ။
ဒုက္ခဟေတု နိယာမေန။ ။တဏှာသည် - ဒုက္ခဟေတုသာတည်း၊ တဏှာမှတပါး အခြားသောတရားသည် ဒုက္ခဟေတု မဟုတ်၊ တဏှာသာ ဒုက္ခဟေတုတည်း။ ဤသို့ အပြန်အလှန် အနုလောမ ပဋိလောမ နည်းအားဖြင့် စဉ်းစားသည်ရှိသော် တဏှာ၏ ဒုက္ခဟေတု အဖြစ်သည် ထင်ရှားရကား တဏှာကို “ ဒုက္ခသမုဒယသစ္စာ”ဟု အမြဲ သတ်မှတ် ဆုံးဖြတ်အပ်ပေသတည်း။ တတော၊ ကြောင့်။
တစ္ဆေနိယျာနဘာဝတ္တာ။ ။မဂ္ဂင်ရှစ်ပါးသည် နိယျာနတရားဖြစ်၏။ မဂ္ဂင်ရှစ်ပါးမှ တပါး အခြားသောတရားသည် နိယျာနမဟုတ်၊ မဂ္ဂင်ရှစ်ပါးသာ နိယျာနတည်း။ ဤသို့ အပြန်အလှန် အနုလောမ ပဋိလောမနည်းအားဖြင့် စဉ်းစားသည်ရှိသော် မဂ္ဂင်ရှစ်ပါး၏ နိယျာနအဖြစ်သည် ထင်ရှားရကား မဂ္ဂင်ရှစ်ပါးကို မဂ္ဂသစ္စာဟု သိအပ်ပေသတည်း။
အတ္ထုဒ္ဓါရံတော။ ။အတ္တာနံ၊ ဖြစ်သင့်သမျှ အနက်တို့ကို + ဥဒ္ဓါရော၊ ထုတ် ဆောင်ခြင်းတည်း။ (ထုတ်ဆောင်၍ ပြခြင်းတည်း)။ အတ္ထုဒ္ဓါရော၊ ခြင်း။ ဤသို့ အနက် တို့ကို ရသင့်သမျှ ထုတ်ဆောင်၍ပြရာ၌ ဤနေရာဝယ် အလိုရှိအပ်သောအနက်ကိုလည်း ပြရိုးတည်း၊ ထို့ကြောင့် နောက်၌ “သာယမိဓာပိ အရိယသစ္စ ဝဇ္ဇတိ”ဟု အတ္ထု- ဒေသ ပြုလိမ့်မည်၊ ဤအဓိပ္ပါယ်ကို ရည်ရွယ်၍ “အတ္ထုပ္ပါရ ရှိလတ်က အဓိပ္ပတတ္ထကောက် မြဲတည်း”ဟု ရှေးဆရာတို့ နိယာမ်ပြုကြသည်၊ ဋီကာ၌လည်း “သစ္စသဒ္ဓဿ သမ္ဘဝန္တာနံ အတ္ထာနံ ဥဒ္ဓရဏံ”ဟုပဌမနည်းဖွင့်သည်၊ ဤနည်းအလို “အတ္ထဒ္ဓါရ, အတ္ထုဒ္ဒေသ"ဟု ၂- ဝါကျခဲ့ရသည်။
**တနည်း**။ ။ရသင့်သမျှအနက်ကို ထုတ်ပြပြီးနောက် ဤနေရာဝယ် အလိုရှိအပ်သော အနက်ကို ထုတ်ပြခြင်းတိုင်အောင် “အတ္ထုဝါရချည်း”ဟု ဆိုရသည်၊ ဤအဓိပ္ပါယ်ကို ရည် ရွယ်၍ ဋီကာ၌ “သမ္ဘဝန္တေ ဝါ အတ္ထိ ဝင္မွာ အဓိတတ္ထဿဥဒ္ဓရဏံ အတ္ထုဒ္ဓါရော၊ ဖြစ် သင့်သောအနက်တို့ကို ဆိုပြီး၍ ဤနေရာ၌ အလိုရှိအပ်သော အနက်ကို ထုတ်ပြခြင်းသည် အလှူဒ္ဓါရမည်၏”ဟု ဒုတိယနည်း ဖွင့်သည်၊ ဤနည်းအလို “ အလှူဒါရ အတ္ထုဒ္ဒေသ”ဟု ၂-ဝါကျမခဲ့ရတော့၊ အတ္ထုဒ္ဒေသ အဓိပ္ပတတ္ထဝါကျကိုလည်း အတ္ထုဒါရ၌ သွင်းရတော့သည်၊ ဤနောက်နည်းသည် “ဧဝမေတ္ထုအတ္ထုဒ္ဓါရတောပိ ဝိနိစ္ဆယော ဝေဒိတဗ္ဗော"ဟု အတ္ထုပ္ပါရ အထူဒ္ဒေသ ၂-ဌာနလုံးကို တပေါင်းတည်း နိဂုံးအုပ်သော အဋ္ဌကထာနှင့်လည်း လျော် သည်။
အနုဋီကာ။ ။သတိပိ ဒုက္ခသမုဒယာဝဗောဓေ ယာဝဒေဝ နိရောဓ မဂ္ဂါဓိဂမတ္တာ ပညာ ဘာဝနာတိ ပစ္ဆိမဉ္စယ သစ္စတ္တံ သာတိယံ, တဒဓိဂမဿစ အဝိဝါဒတုတံ သုဒတ္တ ဝိဘာဝိတံ ဒန္တောကဿ ပနာတိ အာဒိ မာဟ။
ဆက်ဦးအံ့ - နိရောဓနှင့် မဂ္ဂသစ္စာကို မဂ်မရသေးမီ သိခြင်းလည်း အနုဿဝ စသည် သို့ အစဉ်လိုက်၍ သိခြင်းပင်တည်း။ ဒုက္ခသစ္စာနှင့် သမုဒယသစ္စာတို့ကိုကား လောကီ ဝိပဿနာဉာဏ်က တိုက်ရိုက်အာရုံပြုသောအားဖြင့် သိနိုင်ပါ၏၊ ဥပမာ ဇာတိဒုက္ခကို တိုက်ရိုက် အာရုံပြုနိုင်ခြင်း စသည်တည်း။ တဏှာဟူသော သမုဒယသစ္စာ ကိုလည်း တိုက်ရိုက် အာရုံပြုနိုင်၏။ ထိုသို့ အာရုံပြု၍သိခြင်းသည် မဂ်ဉာဏ်ကဲ့သို့ တကြိမ်တခါ မက အထပ်ထပ် အာရုံပြု၍ သိခြင်းတည်း။ ထို့ကြောင့် “အနုဗောဓသိ”ဟု ခေါ်ရသည်။
ကိစ္စတော။ ပေ။ ပဋိဝိဇ္ဈတိ။ ။ပဋိဝေဓဉာဏ်ဟူသည် မဂ်ဉာဏ်တည်း၊ ထိုမဂ်ဉာဏ် သည် နိရောဓ ( နိဗ္ဗာန် ) ကို အာရမ္မဏပဋိဝေဓ ( တိုက်ရိုက် အာရုံပြုသောအားဖြင့် သိ၏။ ဒုက္ခသစ္စာ စသော ၃-ပါးကို ထိုမဂ်ရချိန်၌ အသမ္မောဟ ( မတွေမဝေ ရှင်းပြီး လင်းပြီးအနေ) အားဖြင့် သိ၏။ ထို ့ကြောင့် ဒုက္ခသစ္စာကို “ဤမျှသာရှိ၏”ဟု ပိုင်းခြား၍ ိခြင်း, သမုဒယသစ္စာကို ပယ်ခြင်း, နိရောဓသစ္စာကို အာရုံယူမှ မျက်မှောက်ပြုခြင်း မဂ္ဂသစ္စာကို မိမိသန္တာန်၌ ဖြစ်စေခြင်းကိုပင် အသမ္မောဟ ဟု မှတ်ပါ။ နိရောဓသစ္စာကို သိရာ၌ကား အာရမ္မဏပဋိဝေဓအားဖြင့်လည်း သိ၏၊ အသမ္မောဟပဋိဝေဓ အားဖြင့် လည်း သိ၏။]
ယထာဟ။ ။ဤ သာခကဖြင့် သစ္စာ ၄-ပါးကို တပြိုင်နက် သိမြင်ပုံကိုပြ၏၊ ဘဒ္ဒ ကြောင့် ဦး “ယော ဒုက္ခံ ပဿတိ၊ သော ဒုက္ခသမုဒယမ္ပိ။ ပေ။ ဒုက္ခနိရောဓမ္မိ။ ပေ။ ဒုက္ခနိရောဓဂါမိနီ“ ပဋိပဒမ္ပိ ပဿတိ” ဟု သစ္စာတပါးကို မြင်လျှင် အခြား သစ္စာ ၃-ပါး ကိုလည်း မြင်ပုံကို ပြသောကြောင့်တည်း။ သော၊ ထို ဒုက္ခကို သိမြင်သော ပုဂ္ဂိုလ်သည်။ ဒုက္ခသမုဒယမ္ပိ၊ ကြွင်းသော အကြောင်းနှင့် ပေါင်းမိလသော် ဒုက္ခ၏ ဖြစ်ကြောင်း သမုဒယကိုလည်း။ ပဿတိ၊ ၏။ ဒုက္ခနိရောဓမ္ပိ၊ ဒုက္ခ၏ ချုပ်ကြောင်းနိရောဓကိုလည်း။ ပဿတိ၊ ၏။ ဒုက္ခနိရောဓ ဂါမိနိံ၊ ဒုက္ခနိရောဓသို့ သွားရောက်သော။ ပဋိပဒမ္ပိ၊ အကျင့်ကိုလည်း။ ပဿတိ၊ ၏။ ဣတိ၊ ဤသို့ အစရှိသော။ သဗ္ဗံ၊ အလုံးစုံသော စကားရပ်ကို။ ဝတ္တဗ္ဗံ၊ ဆိုထိုက်၏။
ပရိယုဋ္ဌာနာဘိဘဝနဂသေန ။ ။ပရိယုဋ္ဌာနနှင့် အဘိဘဝနသည် အရတူ၏၊ ထို့ကြောင့် ဋီကာ၌ အဘိဘဝနကို မထည့်ဘဲ “သက္ကာယဒိဋ္ဌိပရိယုဋ္ဌာန” ဟု ဆိုသည်၊ ခန္ဓာ ၅-ပါး၌ အတ္တဟု စွဲလမ်းသော ဒိဋ္ဌိသည် သက္ကာယဒိဋ္ဌိ မည်၏။ ထို သက္ကာယဒိဋ္ဌိ သည် အနုသယ အခိုက်အတန့်မဟုတ်၊ ဥပါဒ် ဋ္ဌီ ဘင်အားဖြင့် ဖြစ်ခြင်းဟူသော ထကြွခြင်း အခိုက်အတန့်သို့ရောက်သော သက္ကာယဒိဋ္ဌိတည်း၊ ထိုသို့ ထကြရာဝယ် သာမန်လောက်မျှ ဖြစ်ခြင်းမဟုတ်၊အထင်အရှား လွှမ်းမိုးသောအားဖြင့် ဖြစ်ခြင်းတည်း၊ ထို့ကြောင့် ပရိယု- ဋ္ဌာနာဘိဘဝနဝသေန ဟု ဝိသေသနပြု၏၊ ဤပုဒ်ကို နောက်ဝါကျများ၌လည်း လိုက်၍ ပေးပါ၊ ဒုက္ခသစ္စာကို ပိုင်းခြား၍ သိသော ဉာဏ်သည် ရုပ်နာမ် ခန္ဓာတို့၌ အတ္တ မဖက် သက်သက် သင်္ခါရအစုမျှသာဟု မြင်ခြင်းကြောင့် အတ္တဟု စွဲလမ်းသော သက္ကာယဒိဋ္ဌိ မထကြွအောင် တားမြစ်နိုင်သည်’ဟူလို။ ဓုဝသုဘသုခတ္တဘာဝသညာသင်္ခါတံ၊ ခိုင်မြဲသည်၏ အဖစ်, တင့်တယ်သည်၏ အဖြစ်, ချမ်းသာသည်၏ အဖြစ်, အတ္တ၏ အဖြစ်ဟု မှတ်ထင်ခြင်းဟု ဆိုအပ်သော။ ဖလေ၊ ဒုက္ခဖြစ်သော အကျိုးတရား၌။ ဝိပ္ပဋိပတ္တိံ၊ ဖောက်ဖောက်ပြန်ပြန် ကျင့်ခြင်းကို။ (အထင်မှားခြင်းကို)။ (နိဝတ္တေတိ၊ ၏)။ သမုဒယဉာဏံ၊ သည်။ ဣဿရပ္ပဓာန ကာလသဘာဝါဒီဟိ၊ ဣဿရ, ပဓာန, ကာလ, သဘာဝ အစရှိသော အကြောင်းတို့ကြောင့်။ လောကော၊ ရုပ်နာမ်ဟူသော လောကသည်။ ပဝတ္တတိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ အကာရဏေ၊ အကြောင်းမဟုတ်သော ဣဿရ စသည်၌။ ကာရဏာဘိမာန ပဝတ္တံ၊ အကြောင်းဟူ၍ မှတ်ထင်ခြင်းအားဖြင့် ဖြစ်သော။ ဟေတုမှိ၊ အကြောင်း၌။ ဝိပ္ပဋိပတ္တိံ၊ ကို။ (နိဝတ္တေတိ)၊ ဣဿရ ပဓာန, ကာလ, သဘာဝါဟိ။ ။ဒုက္ခ၏ အကြောင်းဖြစ်သော သမုဒယကို မသိလျှင် “ဣဿရ၏ ဖန်ဆင်းမှု စသည်ကြောင့် ဤ ကမ္ဘာလောကတည်း ဟူသော ဒုက္ခသစ္စာ ဖြစ်၏”ဟု အကြောင်းမဟုတ်သော ဣဿရ စသည်၌ အကြောင်း ဟူ၍ မှတ်ထင်သောအားဖြင့် ဖောက်ဖောက်ပြန်ပြန် ကျင့်တတ်၏။ထိုကျင့်မှုကို အကြောင်း သမုဒယသစ္စာကို သိသောဉာဏ်က တားမြစ်နိုင်သည်။
ဣဿရနိမ္မာနပါဒ။ ။ သီလက္ခန် ဗြဟ္မဇာလသုတ်၌ မဟာဗြဟ္မာကို “ဣဿရော ကတ္တာနိမ္မာတာ၊သတ္တဝါတို့ကို ဖန်ဆင်းတတ်သူ”ဟု သာသနာပ တိတ္ထိတို့ ယူကြ ကြောင်းကို ဟောတော်မူ၏၊ အဘိဓာန် (၁၆) ၌ ထို ဣဿရကို “သိဝနတ်, မဟာဒေဝ ခေါ်၏၊ မဟိဿရ (တနည်း) ပရမိရ (ပရမ ဤသူရ၊ပရမီသွာ)ဟုလည်း ခေါ်ကြ၏၊ ထို ဣဿာရသည် ဤ ကမ္ဘာလောက သတ္တဝါဟူသမျှကို ဖြစ်လည်း ဖြစ်စေ၏၊ ဖြစ်ပြီးနောက် ပျက်စေသောအားဖြင့် တားမြစ်လည်း တားမြစ်နိုင်၏ဟု ယူကြ၏၊ ကမ္ဘာ လောက သတ္တဝါအနန္တတို့ ဖြစ်ခြင်း ပျက်ခြင်း၏အကြောင်းမှာ မဟာဗြဟ္မာ, သို့မဟုတ် ပရမီသွာ ဟု ခေါ်အပ်သော ဗိဿာကိုး နတ်မင်းသာတည်း ဟု ဣဿရ ကာရုဏိတို့က ပြောဆိုကြသည်။ [သာဓကကို ဋီကာ၌ ကြည့်ပါ။]
ပဓာနဝါဒ။ ။အဘိဓာန် (၉၂) ၌ “ပဓာနံ ပကတိတ္ထိယံ” ဟု၎င်း, အနုဋီကာ၌ “ပဓာနတောတိ ပကတိတော” ဟု၎င်း ဆို၏၊ ထို့ကြောင့် အစ ပဌမ ပင်ကိုယ်အကြောင်း ကို “ပဓာန” ဟု၎င်း “ပကတိ” ဟု၎င်း ခေါ်သည်။ “ထို ပဓာနဟူသော ပကတိသည် ပုရိသနှင့် ပေါင်းဆုံမိသောအခါ သတ္တဝါတွေကို ဖြစ်ပေါ်စေ၏”ဟု ယူဆကြသည်။ အကျယ်ကို အဋ္ဌသာလိနီဘာသာဋီကာ မဟာကုသိုလ်အဖွင့် မူလဋီကာ၌၎င်း အဘယာ- ရာမ ဆရာတော်၏ အဘိဓာန်နိဿယသစ်၌၎င်း ရှူပါ။
ကာလဝါဒ။ ။အကောင်းအဆိုး အမျိုးမျိုးသော အကျိုးသည် အချိန်ကာလ ကြောင့်သာ ဖြစ်ရ၏၊ အချိန်ကာလမရောက်မီ ဘာအကျိုးကိုမျှ တောင့်တ၍မရ၊ အချိန် ကာလ ရောက်လျှင်ကား ထို အချိန်ကာလကြောင့် ဖြစ်သင့်သမျှ ဖြစ်၍ ပျက်သင့်သမျှ ပျက်ရသည်။ ဤသို့ ကာလကို လောက၏ အကြောင်းဟု ယူဆသော မိစ္ဆာဝါဒလည်း ရှိသည်သာ။
ကာလော ကရောတိ ဘူတာနိ၊ ကာလော သီဟရတိ ပဇာ။ ကာလော သုတ္တေ ဇာဂရေတိ၊ ကာလော ဟိ ပုရတိက္ကမော။
အချိန်ကာလသည် သတ္တဝါတို့ကို ဖြစ်ပေါ်လာအောင်လည်း ပြုလုပ်၏။ အချိန်ကာလ သည် သတ္တဝါတို့ကို ပျောက်ကွယ်အောင်လည်း ရုပ်သိမ်း၏၊ အချိန်ကာလသည် အိပ်ပျော် နေသူတို့ကို နိုးစေ၏။ မှန်၏’အချိန်ကာလကို မည်သူမျှ မလွန်ဆန်နိုင်။’အနုဋီကာ။
အာဒိဖြင့် ယူဘွယ်။ ။သဘာဝါဒီဟိ၌ အာဒိဖြင့် အဏုဝါဒ သဗ္ဗ ပုဗ္ဗေကတ ဟေတုဝါဒတို့ကို ဋီကာ၌၎င်း,နိယဝိဝါဒ အဓိစ္စသမုပ္ပတ္တိဝါဒတို့ကို အနုဋီကာ၌၎င်း ယူဘို့ရန် ပြထား၏။ ထိုတွင် အဏုဝါဒဟူသည် ကမ္ဘာပျက်သောအခါ အဏုမြူမျှသာ ကျန်ရစ်၏။ ကမ္ဘာတည်ချိန် ရောက်ခသာအခါ ကမ္ဘာကို ဖန်ဆင်းသော ဗြဟ္မာမင်းက အဏုမြူ ၂-၃ အဏုမြူ ၃-ခု စသည် ပေါင်းစပ်၍ လူ နတ်ဖြစ်အောင် သက်ရှိ သက်မဲ့ ဖြစ်အောင် ဖန်ဆင်းပေးသည်။ ထို့ကြောင့် ကမ္ဘာလောက၏ အစ အကြောင်းသည် အဏုမြူသာတည်းဟု မိစ္ဆာဝါဒီတို့က ယူဆကြသည်။ အဓိစ္စသမုပ္ပန္နဝါဒ, သဗ္ဗေ ပုဗ္ဗေ- ကတဟေတုဝါဒ, နိယတိဝါဒတို့ကို သီလက္ခန် ဗြဟ္မဇာလသုတ်၌ ရှုပါ။
အရူပလောက လောကထုပိကာဒီသု ။ ။ရာမ၏ သားဖြစ်သော ဥဒကရသေ့ နှင့် အာဠာရရသေ့ တို့သည် အရူပဘုံကို “တပဂ္ဂ”ဟု ယူဆကြ၏။ “အပဝတ္တိ သင်္ခါရာ ဧတေသာတိ အပဝဂ္ဂေါနှင့် အညီ သင်္ခါရတို့၏ ရှောင်ကြဉ်ရာ, သင်္ခါရ၏ချုပ်ရာ မောက္ခ (နိဗ္ဗာန်)ကို “အပ””ဟု ခေါ်၏။ ထို့ကြောင့် အရူပဗြဟ္မာ့ဘုံကို နိဗ္ဗာန်ဟု ဆိုလိုကြ သတတ်။ ] ပြာသာဒ်၏ အထက်ဆုံး ထုပိကာကဲ့သို့ လောက၏ အမြင့်ဆုံး ဘုံဘ၀ကို “လောကထုပိကာ”ဟု ခေါ်၏။ ထိုလောကထုပိကာကို မဓု၌ “အသညသတ်ဘုံ”ဟု ဖွင့်၏။ [ လောကထုပိကာယာတိ အသညဝေ။ - မခု။ မိမိကား နေဝသညာ- နာသညာယတနဘုံကို “လောကထုပိကာ"ဟု ယူသင့်မည်ထင်၏။ ထိုသူတို့သည် အရူပ ဘ သို့မဟုတ် လောကထုပိကာဖြစ်သော မောက္ခသို့ ဝါ-နိဗ္ဗာန်သို့ ရောက်ပြီးနောက်ကံအရှိန် ကုန်သောအခါ (ဗြဟ္မာသက် စေ့သောအခါ) ထိုနိဗ္ဗာန်မှ ပြန်လှည့်၍ သံဃရာ၌ ကျင်လည်ရသေးသတတ်၊ ဤနည်းအားဖြင့် “သတ္တဝါများ မကုန်နိုင်”ဟု ယူဆကြသည်။ “ထုပိကာဂီသူ ”၌ အာဒိဖြင့် ယာန (ပကတိ)၏ မဖြစ်ခြင်းကို၎င်း, အတ္တ၏ ဂုဏ် သတ္တိမှ ကင်းသောအခါ မိမိအတ္တ၌ပင် တည်နေခြင်းကို၎င်း, ဗြဟ္မာမင်းနှင့် အတူတကွ တည်နေရခြင်းကို၎င်း, ဒိဋ္ဌဓမ္မနိဗ္ဗာန်ကို၎င်း အပဝဂ္ဂ ဟု ယူဆကြသဖြင့် ထိုပဓာန၏ မဖြစ်ခြင်း စသည်ကို ယူပါ။
သမ္မာသင်္ကပ္ပါ ပဒေသေန၊ သမ္မာသင်္ကပ္ပကို ညွှန်ပြခြင်းကို။ (ဝါ၊ ညွှန်ပြအပ်သော သမ္မာသင်္ကပ္ပဖြင့်။ တယော, နေက္ခမ္မဝိတက္ကာဒယော၊ တို့သည်။ (အန္တောဂဓာ)၊ ကမ္မာဝါစာ ပဒေသေန၊ ဖြင့်။ ဝါ၊ ဖြင့်။ စတ္တာရိ, ဝစီသုစရိတာနိ, (အန္တောဂဓာနိ)၊ သမ္မာကမ္မန္တာပဒေသေန၊ ဖြင့်။ ဝါ၊ ဖြင့်။ တီဏိ, ကာယ သုစရိတာနိ, (အန္တောဂဓာနိ)၊ သမ္မာအာဇီဝမုခေန၊ ဖြင့်။ အပ္ပိစ္ဆတာ၊ ပစ္စည်း ၄ ပါးတို့၌ အလိုမရှိသူ၏ အဖြစ်သည်၎င်း။ သန္တုဋ္ဌိတာ စ၊ တင်းတိမ်ရောင့်ရဲခြင်းရှိသူ၏ အဖြစ်သည်၎င်း။ (အန္တောဂဓာ)၊ ဝါ၊ တနည်း။ သဗ္ဗေသံယေဝ၊ သာလျှင်ဖြစ်ကုန်သော။ ဧတေသံ သမ္မာဝါစာ ကမ္မန္တာဇီဝါနံ၊ ဤသမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝတို့၏။ အရိယကန္တသီလတ္တာ၊ အရိယာတို့နှစ်သက်အပ်သော သီလ၏ အဖြစ်ကြောင့်၎င်း။ သီလဿ၊ သီလ၏။ ဝါ၊ သီလကို။ (သီလမှန်လျှင်)။ သဒ္ဓါဟတ္ထေန၊ သဒ္ဓါတည်းဟူသော လက်ဖြင့်။ ပဋိဂ္ဂဟေတဗ္ဗတ္တာစ၊ ခံယူထိုက်သည်၏ အဖြစ်ကြောင့်၎င်း။ တေသံ၊ ထို သဒ္ဓိန္ဒြေ သဒ္ဓါဗိုလ် ဆန္ဒိဒ္ဓိပါဒ်တို့၏။ အတ္ထိတာယ၊ ရှိကုန်သည်၏ အဖြစ်ကြောင့်။ ဝါ၊ ရှိကုန်သည့်အတွက်။ (သီလဿ၊ ၏)။ အတ္ထိဘာဝတောစ၊ ရှိသည်၏ အဖြစ်ကြောင့်၎င်း။ ("သိဒ္ဓိန္ဒြေ စသည်တို့မှ သီလရှိခြင်းကြောင့်" ဟူလို)။ သဒ္ဓိန္ဒြိယ သဒ္ဓါဗလ ဆန္ဒိဒ္ဓိပါဒါ၊ တို့သည်။ (အန္တောဂဓာ)၊
သမ္မာဝါယာမာပဒေသေန၊ ဖြင့်။ ဝါ၊ ဖြင့်။ စတုဗ္ဗိဓသမ္မပ္ပဓာန ဝီရိယိန္ဒြိယဝီရိယဗလ ဝီရိယသမ္ဗောဇ္ဈင်္ဂါနိ၊ တို့သည်။ (အန္တောဂဓာနိ)၊ [စတုဗ္ဗိဓသမ္မပ္ပဓာန နောက်၌ ဝီရိယိဒ္ဓိပါဒ ဟုရှိလျှင် ကောင်းမည်ထင်သည်။ဤ၌ ဝီရိယိဒ္ဓိပါဒ မပါသေး။] သမ္မာသတိအပဒေသေန၊ ဖြင့်။ ဝါ၊ ဖြင့်။ စတုဗ္ဗိဓသတိပဋ္ဌာနသတိန္ဒြိယသတိဗလ သတိသမ္ဗောဇ္ဈင်္ဂါနိ၊ တို့သည်။ (အန္တောဂဓာနိ)၊ သမ္မာသမာဓိအပဒေသေန၊ ဖြင့်။ ဝါ၊ ဖြင့်။ သဝိတက္က သဝိစာရာဒယော၊ အစရှိကုန်သော။ တယော တယော၊ ကုန်သော။ သမာဓီ၊ ဈာန သမာဓိ တို့သည်၎င်း။ စိတ္တသမာဓိ သမာဓိန္ဒြိယ, သမာဓိဗလ ပီတိ ပဿဒ္ဓိ သမာဓိ ဥပေက္ခာ သမ္ဗောဇ္ဈင်္ဂါနိ၊ စိတ္တ, သမာဓိ, သမာဓိန္ဒြေ, သမာဓိဗိုလ်, ပီတိသမ္ဗောဇ္ဈင်, ပဿဒ္ဓိ သမ္ဗောဇ္ဈင်, သမာဓိ သမ္ဗောဇ္ဈင်, ဥပေက္ခာ သမ္ဗောဇ္ဈင်တို့သည်၎င်း။ အန္တောဂဓာနိ၊
ဟေတုသုညဥ့ ဖလံ။ ။ဒုက္ခ နိရောဓဟူသော အကျိုးသစ္စာ ၂-ပါးလည်း သမုဒယ မဂ္ဂဟူသော အကြောင်းတို့မှ ကင်းဆိတ်၏၊ “ဒုက္ခ၌ သမုဒယမရှိ၊ နိရောဓ၌ မဂ္ဂမရှိ” ဟုလို၊ ဘာ့ကြောင့်နည်း’ ဒုက္ခ။ပေ။ အသမဝါယာ ၊ ဒုက္ခနှင့် သမုဒယ သည်၎င်း နိရောဓနှင့် မဂ္ဂသည်၎င်း အတူတကွ ဖြစ်ခြင်းဟူသော သမဝါယ၏ မရှိခြင်းကြောင့် တည်း။ [သ ၊အတူတကွ (သမနေအောင်)၊ ဝါယ (ဝိ+အာယ)၊ အထူးဖြစ်ခြင်း။] ဟေတုဖလ သမဝါယ ဝါဒီနံ၊ အကြောင်းအကျိုးတို့၏ အတူတကွဖြစ်ခြင်းဟု ပြောဆိုလေ့ ရှိသော ပုဂ္ဂိုလ်တို့၏။ ဒွိအဏုကာဒီနိ၊ အဏုမြူ ၂ ခုအပေါင်း အစရှိသော အကျိုးတို့သည်။ (ဟေတုသမဝေတာနိ) ဝိယ၊ အကြောင်းဖြစ်သော ပရမာဏုမြူတို့နှင့် အတူတကွ ဖြစ်ကုန်သကဲ့သို့။
**ဂါထာ**။ ။ “ တယမိဓ နိရောဓ၊ ညံ တယေန။ပေ။ သုညာ ”သည်. “ နိရောဓ ၊ သုညာနိ ဝါ တီဏိ၊ နိရောဓော စ သေသတ္တယသုညော”၏ သင်္ဂဟတည်း၊ “သုညော ဖလေန။ပေ။ သုညံ”သည် “ဖလသုညော ဝါ ဟေတ္ထ”စသော နောက် အကျဉ်း အကျယ် စကား၏ သင်္ဂဟတည်း၊ ထို့ကြောင့် ဤဂါထာ၏အဓိပ္ပါယ်ကို “ ပြအပ်ခဲ့သော အကျယ် စကားကိုကြည့်၍ သိနိုင်ပါသည်။
န ခေါ အာဝုသော ဝိသာခ ။ပေ။ သင်္ဂဟိတာတိ၊ ဟူ၍။ (အာဟ)၊
[အာဝုသော ဝိသာခ၊ ဒါယကာ ဝိသာခ ။ အရိယေ၊ ကိလေသာတို့မှ ဝေးကွာသော။ ဝါ၊ မြတ်သော။ အဋ္ဌင်္ဂိကေန၊ ၈ ပါးသော အင်္ဂါရှိသော။ မဂ္ဂေ န၊ ဖြင့်။ တယော, ခန္ဓာ၊ တို့ကို။ န သင်္ဂဟိတာ၊ မသွင်းယူအပ် မသွင်းယူနိုင်ကုန်။
ယထာဘူတံ ပဋိဝိဇ္ဈန္တီတိ၊ ဟူ၍။ (အာဟ)၊ [အာနန္ဒ၊ အာနန္ဒာ။ တံ၊ ထိုမိန့်တော်မူအပ်လတ္တံ့သော စကားကို။ ကိ မညသိ၊ အဘယ်သို့ မှတ်ထင်သနည်း။ ယော၊ အကြင် ပုဂ္ဂိုလ်သည်။ ဒုရတောဝ၊ အဝေးမှပင်။ သုခုမေန၊ သိမ်မွေ့သော။ ဝါ၊ သေးငယ်သော။ တာဠစ္ဆိဂ္ဂေဠေန၊ သံကောက်ပေါက်ဖြင့်။ အသနံ၊ မြှားကို။ ပေါင်္ခါနုပေါင်္ခံ၊ အဆင့်ဆင့်။ [ဤပုဒ်၏ အဖွင့်ကို သီလက္ခန်ဘာသာဋီကာ သာမညဖလသုတ် သတိသမ္ပဇညကထာအဖွင့်၌ ပြထားပြီ။] အဝိရာဓိတံ၊ မချွတ်မလွဲစေအပ်ဘဲ။ အတိပါတေယျ၊ လျင်စွာ ကျစေရာ၏။ ဝါ၊ လျင်စွာ ပစ်နိုင်ရာ၏။ ယောဝါ၊ အကြင် ပုဂ္ဂိုလ်သည်မူလည်း။ သတဓာ၊ အစိတ်တရာ။ ("သတ္တဓာ၊ ခုနစ်စိတ်" ဟူလည်း မူကွဲရှိ၏)။ ဘိန္နဿ၊ ခွဲအပ်ပြီးသော။ ဝါ၊ ကွဲသော။ ဝါလဿ၊ သားမြီး၏။ ကောဋိယာ၊ အစွန်းတခုဖြင့်။ ကောဋိံ၊ အစွန်းတခုကို။ ပဋိဝိဇ္ဈေယျ၊ ထိုအောင်ထိုးနိုင်ရာ၏။ (တေသံ၊ ထို ၂ ယောက်သော ပုဂ္ဂိုလ်တို့၏)။ [ရှေးနိဿယ ၌ "တေသု၊ ထို ၂ ပါးတို့တွင်" ဟု ထည့်လေ၏။]
ကတမံ၊ အဘယ် အလုပ်သည်။ ဒုက္ကရတရံဝါ၊ သာ၍ ခဲယဉ်းစွာ ပြုအပ်သည်၎င်း။ ဒုရဘိသမ္ဘဝတရံဝါ၊ သာ၍ ခဲယဉ်းစွာ ရောက်အပ်သည်၎င်း။ (ဟောတိ) နုခေါ၊ ဖြစ်သနည်း။ ဣတိ၊ ဤသို့ မေးတော်မူပြီ။
ဘန္တေ၊ မြတ်စွာဘုရား။ ယော, သတဓာ ဘိန္နဿ ဝါလဿ ကောဋိယာ, ကောဋိံ, ပဋိဝိဇ္ဈေယျ၊ (တဿ၊ ထို ပုဂ္ဂိုလ်၏)။ ဧတဒေဝ၊ ဤအလုပ်သည်သာ။ (အစိတ်တရာခွဲအပ်ပြီးသော သားမြီး၏ အစွန်းအချင်းချင်း ထိအောင် ထိုးနိုင်ခြင်းအလုပ်သည်သာ)။ ဒုက္ကရတရဉ္စေဝ၊ သည်၎င်း။ ဒုရဘိသမ္ဘဝကရဉ္စ၊ သည်၎င်း။ (ဟောတိ)၊ ဣတိ၊ ဤသို့ လျှောက်ပြီ။ အာနန္ဒ၊ န္ဒာ။ ယေ၊ အကြင် ပုဂ္ဂိုလ်တို့သည်။ ဣဒံ၊ ဤ တဏှာကြဉ်ထား တေဘူမကတရားသည်။ ဒုက္ခံ၊ တည်း။ ဣတိ၊ ဤသို့။ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ ပဋိဝိဇ္ဈန္တိ၊ ကုန်၏။ ။ပေ။၊ အယံ၊ ဤ မဂ္ဂင်ရှစ်ပါးသည်။ ဒုက္ခနိရောဓဂါမိနီ၊ ဒုက္ခနိရောဓသို့ ရောက်ကြောင်းဖြစ်သော။ ပဋိပဒါ၊ အကျင့်တည်း။ ဣတိ, ယထာဘူတံ, ပဋိဝိဇ္ဈန္တိ၊ တေ၊ ထို သစ္စာ ၄ ပါးကို ထိုးထွင်း၍ သိကြသော ပုဂ္ဂိုလ််တို့သည်။ တတော၊ ထို သားမြီး၏ အစွန်းအချင်းချင်း ထိအောင် ထိုးနိုင်ခြင်းထက်။ ဒုပ္ပဋိဝိဇ္ဈတရံ၊ သာ၍ ထိုးထွင်းကာ သိနိုင်ခဲသော တရားကို။ ပဋိဝိဇ္ဈန္တိ၊ သစ္စသံယုတ် ပပါတဝဂ် ဝါလသုတ်။ ]
အနုဒ္ဓိကာ။ ။အနုဋီကာ၌ကား သူ ့အလိုသက်သက် အနက်တမျိုးဖွင့်သေး၏၊ ထို အလို “ဣတိ၊ ဤ ဆိုအပ်ပြီးသောနည်းဖြင့်။ ဧဝံ ပကာရေဟိ၊ ဤသို့ ဆိုအပ်ပြီးသော အပြားရှိကုန်သော။ နယေဟိ၊ တို့ဖြင့်”ဟု ပေးရလိမ့်မည်။