Issues
අනුවාදය තෝරන්න
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Vibhaṅga-aṭṭhakathā
Vibhaṅga-aṭṭhakathā

(2.) Dukaniddesavaṇṇanā

කතුවරයා: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

၈၉၁။ ဒုကေသု၊ ဒုကတို့တွင်။ ကောဓနိဒ္ဒေသာဒယော၊ ကောဓနိဒ္ဒေသအစရှိသည်တို့ကို။ ဟေဋ္ဌာ ဝုတ္တနယေနေဝ ဝေဒိတဗ္ဗာ။
ပန၊ ကား။ ဟေဋ္ဌာ၊ ၌။ အနာဂတေသု၊ မလာကုန်သော။ ဥပနာဟနိဒ္ဒေသာဒီသု၊ ဥပနာဟနိဒ္ဒေသ အစရှိသည်တို့၌။ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော။) ပုဗ္ဗကာလံ၊ ရှေးကာလ၌ဖြစ်သော။ ကောဓံ၊ ကောဓကို။ ဥပနယှတိ၊ ကပ်၍ ဖွဲ့တတ်၏။ [ဒိဝါဒိနဟဓာတ် "ဗန္ဓန" အနက်ဟော။] ဣတိ၊ ကြောင့်။ အပရကာလကောဓော၊ နောက်ကာလ၌ဖြစ်သော ကောဓသည်။ **ဥပနာဟော** နာမ၊ မည်၏။
ဥပနယှနာကာရော၊ ကပ်၍ ဖွဲ့ပုံ အခြင်းအရာသည်။ **ဥပနယှနာ**၊ မည်၏။
ဥပနယှိတဿ၊ ကပ်၍ ဖွဲ့တတ်သော ပုဂ္ဂိုလ်၏။ ဘာဝေါ၊ ဖြစ်ကြောင်းဖြစ်ရာတည်း။ **ဥပနယှိတတ္တံ**၊ ရာ။
**အဋ္ဌပနာ**တိ၊ ကား။ ပဌမုပ္ပန္နဿ၊ ပဌမဖြစ်သော ကောဓကို။ အနန္တရဋ္ဌပနာ၊ အခြားမဲ့၌ ထားခြင်းတည်း။ ဝါ၊ တနည်း။ မရိယာဒဋ္ဌပနာ၊ ပဌမဖြစ်ပုံ အပိုင်းအခြားအတိုင်း ထားခြင်းတည်း။အဋ္ဌပနာ။ ။ အနန္တရဋ္ဌပနာအတွက် အ သည် "အနန္တရအနက်" ဟောတည်း၊ တနည်းမရိယာဒအနက်ဟော အာ သဒ္ဒါဖြင့် အာဋ္ဌပနာ ဟု ဆိုလိုလျက် ရဿ ပြု၍ အဋ္ဌပနာ ဟုဖြစ်ရသည်၊ ထို့ကြောင့် အာ အတွက် "မရိယာဒ" ဟုဖွင့်သည်။ [အကာရော အနန္တရတ္ထဝါစကော၊ မရိယာဒဝါစကဿ ဝါ အာကာရဿ ရဿတ္တံ ကတွာ "အဋ္ဌပနာ" တိ ဝုတ္တန္တိ "အနန္တရဋ္ဌပနာ"တိ အာဒိမာဟ။-ဋီကာ။]
**ဌပနာ**တိ၊ ကား။ ပကတိဋ္ဌပနာ၊ ပင်ကိုယ် ရိုးရာအားဖြင့် ထားခြင်းတည်း။ [အ, သံ, အနု စသော ဝိသေသနပုဒ်တို့၏ အနက်မပါဘဲ ထားခြင်းကို "ပကတိဋ္ဌပနာ" ဟု ဆိုသည်။]
**သဏ္ဌပနာ**တိ၊ ကား။ သဗ္ဗတောဘာဂေန၊ အလုံးစုံသော အဖို့အားဖြင့်။ ပုနပ္ပုနံ၊ ထပ်။ [သံကို ဖွင့်သည်။] အာဃာတဋ္ဌပနာ၊ ရန်ငြိုးကို ထားခြင်းတည်း။
**အနုသံသန္ဒနာ**တိ၊ ကား။ ပဌမုပ္ပန္နေန၊ ရှေးဦးစွာဖြစ်သော။ ကောဓေန၊ ကောဓနှင့်။ သဒ္ဓိံ၊ တကွ။ [အနုကို ဖွင့်သည်။] အန္တရံ၊ အကြားကို။ အဒဿေတွာ၊ မပြမူ၍။ [သံကို ဖွင့်သည်။] ဧကီဘာဝကရဏာ၊ တခုတည်းကဲ့သို့သော အဖြစ်ကို ပြုခြင်းတည်း။ [သန္ဒနကို ဖွင့်သည်။ ရှေ့ကောဓနှင့် နောက်ကောဓကို ရောနှောခြင်း ဟူသည် တခုကဲ့သို့ပြုခြင်းတည်း။]
**အနုပ္ပဗန္ဓနာ**တိ၊ ကား။ ပုရိမေန၊ ရှေ့ဖြစ်သော ကောဓနှင့်။ သဒ္ဓိံ။ ပစ္ဆိမဿ၊ နောက်ဖြစ်သော ကောဓကို။ ဃဋနာ၊ စပ်ခြင်းတည်း။
**ဒဠှီကမ္မန္တိ**၊ ကား။ ထိရကရဏံ၊ ခိုင်မြဲအောင် ပြုခြင်းတည်း။
**အယံ ဝုစ္စတီ**တိ၊ ကား။ ဥပနဟနလက္ခဏော၊ ရန်ငြိုးဖွဲ့ခြင်း လက္ခဏာရှိသော။ ဝေရံ၊ ရန်ကို။ အပ္ပဋိနိသဇ္ဇနရသော၊ မစွန့်လွှတ်ခြင်း ကိစ္စရှိသော။ အယံ၊ ဤ ကောဓကို။ ဥပနာဟောတိ၊ ဥပနာဟ ဟူ၍။ ဝုစ္စတိ။
ယေန၊ ယင်း ဥပနာဟနှင့်။ သမန္နာဂတော၊ သော။ ပုဂ္ဂလော၊ သည်။ ဝေရံ၊ ကို။ နိဿဇ္ဇိတုံ၊ စွန့်ခြင်းငှါ။ န သက္ကောတိ၊ မစွမ်းနိုင်။
ဧဝံနာမ၊ ဤမည်သော စကားကို။ မံ၊ ငါ့ကို။ ဧသ (ဧသော)၊ ဤသူသည်။ ဝတ္တုံ၊ ပြောဆိုခြင်းငှါ။ အနနုစ္ဆဝိကော၊ မလျောက်ပတ်။ ဣတိ၊ သို့။ အပရာပရံ၊ အဆင့်ဆင့်။ အနုဗန္ဓတိ၊ အစဉ်လိုက်၏။ ဝါ၊ နှောင်ဖွဲ့၏။
အာဒိတ္တပူတိအလာတံဝိယ၊ မီးလောင်အပ်သော ထင်းပုတ်မီး စသည်ကဲ့သို့။ ဇလတေဝ၊ တောက်မြဲတောက်သည်သာ။
ဓောဝိယမာနံ၊ ဆေးကြောအပ်ပြီးသော။ အစ္ဆစမ္မံ ဝိယ၊ ဝံရေကဲ့သို့၎င်း။ ဝသာတေလမက္ခိတပိလောတိကာ ဝိယ စ၊ သားဆီသည် လူးအပ်သော ပုဆိုးပိုင်းကဲ့သို့၎င်း။ န ပရိသုဇ္ဈတိ၊ မစင်ကြယ်နိုင်။
၈၉၂။ မက္ခနဘာဝဝသေန၊ သူတပါး၏ ဂုဏ်ကို ချေဖျက်ခြင်း ဟူသောသဘော၏ အဖြစ်ဖြင့်။ **မက္ခော**၊ မက္ခ မည်၏။
ဂူထော၊ မစင်သည်။ ဂူထပဟရဏကံ၊ မစင်ဖြင့် သူတပါးကို ပုတ်ခတ်သူကို။ (မစင်ကို ကိုင်၍ သူတပါးကိုပေါက်သူကို။) ပဌမတရံ၊ ရှေးဦးစွာ။ မက္ခေတိ ဝိယ၊ လူးသကဲ့သို့။ ပရဂုဏမက္ခနာယ၊ သူတပါး၏ ဂုဏ်ကို ချေဖျက်ခြင်းအားဖြင့်။ ပဝတ္တန္တောပိ၊ ဖြစ်ပါသော်လည်း။ (ဖြစ်သည်လည်းဖြစ်သော မက္ခသည်။) အတ္တနော၊ မိမိဟူသောမက္ခကို။ ကာရကံ၊ ပြုသော ပုဂ္ဂိုလ်ကို။ (ပဌမတရံ မက္ခေတိ။) ဣတိ အတ္ထော။
တတော၊ ထို မက္ခောဟူသော သဒ္ဒါမှ။ ပရာ၊ နောက်ဖြစ်ကုန်သော။ ဒွေ၊ မက္ခာယနာ မက္ခာယိတတ္တံ ဟူသော နှစ်ပါးသော သဒ္ဒါတို့သည်။ အာကာရဘာဝနိဒ္ဒေသာ၊ အာကာရကို ညွှန်ပြကြောင်း, ဘာဝကို ညွှန်ပြကြောင်း သဒ္ဒါတို့တည်း။ [တံတွေးထွေးခြင်း အနက်ကို ဟောရာ၌ ဓာတ်ကျမ်းတို့ဝယ် နိပုဗ္ဗဌုဘဓာတ်သာ ရှိ၏။ ထို အလို "နိဋ္ဌုဘဘာဝေါ, နိဋ္ဌုဘိယံ" စသည်ဖြင့် ရှိရပေလိမ့်မည်။ သို့သော် ပါဌ်ရှိအတိုင်း အနက်ပေးပါမည်။]
နိဋ္ဌုရဘာဝေါ၊ တံတွေးထွေးတတ်သူ၏ ဖြစ်ကြောင်းဖြစ်ရာသည်။ **နိဋ္ဌုရိယံ**၊ မည်၏။
တံ၊ ထိုသူ့ကို။ နိဿာယ၊ မှီ၍။ ဧတ္ထကမ္ပိ၊ ဤမျှသော အကျိုးသည်လည်း။ နတ္ထိ၊ မရှိ။ ဣတိ၊ ဤသို့ပြော၍။ ခေဠပါတနံ၊ တံတွေးကို ကျစေခြင်းတည်း။ (တံတွေးထွေးခြင်းတည်း။) ဣတိ အတ္ထော။
**နိဋ္ဌုရိယကမ္မန္တိ**၊ ကား။ နိဋ္ဌုရိယကရဏံ၊ တံတွေးထွေးသူ၏ အဖြစ်ကို ပြုခြင်းသည်။ (အတ္ထိ)။
ဟိ၊ ချဲ့။ ဂဟဋ္ဌောဝါ၊ အိမ်၌ တည်သူ လူဝတ်ကြောင်သည်မူလည်း။ ဂဟဋ္ဌံ၊ အိမ်၌ တည်သူ လူဝတ်ကြောင်ကို။ ဘိက္ခု ဝါ၊ ရဟန်းသည်မူလည်း။ ဘိက္ခုံ၊ ရဟန်းကို။ နိဿာယ၊ မှီ၍။ ဝသန္တော၊ နေလသော်။ အပ္ပမတ္တကေနေဝ၊ အနည်းငယ်သော အကြောင်းကြောင့်ပင်။ ကုဇ္ဈိတွာ၊ စိတ်ဆိုး၍။ တံ၊ ထိုဆရာဖြစ်သူကို။ (ဆရာဖြစ်သော ထို လူဝတ်ကြောင်, ထို ဘုန်းကြီး စသူကို။) နိဿာယ ဧတ္တကမ္ပိ နတ္ထိ။ ဣတိ၊ ဤသို့ပြော၍။ ခေဠံ၊ တံတွေးကို။ ပါတေတွာ၊ ကျစေ၍။ (တံတွေးထွေး၍။) ပါဒေန၊ ခြေဖြင့်။ မဒ္ဒန္တော ဝိယ၊ ချေဖျက်သကဲ့သို့။ နိဋ္ဌုရိယံ နာမ၊ တံတွေးထွေးတတ်သူ၏ အဖြစ်မည်သည်ကို။ ကရောတိ၊ ပြုတတ်၏။
တဿ၊ ထို တံတွေးထွေးတတ်သောပုဂ္ဂိုလ်၏။ တံ ကမ္မံ၊ ထိုတံတွေးထွေးခြင်းအမှုကို။ နိဋ္ဌုရိယကမ္မန္တိ၊ ဟူ၍။ ဝုစ္စတိ။
ပန၊ ပဒတ္ထမှတပါး လက္ခဏာဒျတ္ထကား။ လက္ခဏာဒိတော၊ လက္ခဏာ အစရှိသောအားဖြင့်။ ဧသ(ဧသော)မက္ခော၊ ဤမက္ခသည်။ ပရဂုဏမက္ခနလက္ခဏော၊ သူတပါးတို့၏ဂုဏ်ကို ချေဖျက်ခြင်းလက္ခဏာရှိ၏။ တေသံ၊ ထို သူတပါးတို့၏ဂုဏ်ကို။ ဝိနာသနရသော၊ ချေဖျက်ခြင်းကိစ္စရှိ၏။ ပရေန၊ သူတပါးသည်။ သုကတာနံ၊ ကောင်းစွာပြုအပ်ကုန်သော။ ကိရိယာနံ၊ အမူအရာတို့ကို။ အဝစ္ဆာဒနပစ္စုပဋ္ဌာနော၊ ဖုံးတတ်သောတရားဟု ယောဂီတို့ဉာဏ်အား ရှေ့ရှုထင်လာ၏။
ပဠာသတိ၊ ဂုဏ်တုဂုဏ်ပြိုင် ပြုတတ်၏။ ဣတိ၊ ထို့ကြောင့်။ **ပဠာသော**၊ မည်၏။
ပရဿ၊ ၏။ ဂုဏေ၊ ဂုဏ်တို့ကို။ ဒံသိတွာ၊ ကိုက်ဖြတ်၍။ အတ္တနော၊ ၏။ ဂုဏေဟိ၊ တို့နှင့်။ သမံ၊ ညီမျှသည်ကို။ ကရောတိ၊ ပြုတတ်၏။ ဣတိ အတ္ထော။ပရဿ။ ပေ။ သမံ ကရောတိ။ ။ စာအုပ်တို့၌ "ဒဿေတွာ" ဟုရှိသော်လည်း ဋီကာ၌ "ဒန္တေဟိ ဆိန္ဒိတွာ" ဟုဖွင့်သောကြောင့် "ဒံသိတွာ" ဟု ရှိမှ ဒံသဓာတ်၏ ကိုက်ဖြတ်ခြင်းအနက်နှင့် လျော်မည်၊ သူတပါးဂုဏ်က မြင့်သောကြောင့် သူတပါး၏ ပိုနေသောဂုဏ်ကိုကိုက်ဖြတ်၍ မိမိဂုဏ်နှင့် တူအောင်ပြုသည်-ဟူလို။ ထိုကဲ့သို့ ဂုဏ်တု ဂုဏ်ပြိုင် ပြုခြင်းကို "အဖျင်းမူ အင်တူပြုခြင်း" ဟု ဆိုကြ၏၊ "အင်တူ" ဟူရာ၌ ဂုဏ်အင်္ဂါအားဖြင့် တူသည်ကို ဆိုလိုသည်။
ပဠာသဿ၊ ဂုဏ်တုဂုဏ်ပြိုင် ပြုတတ်သူ၏။ အာယနာ၊ ဖြစ်ခြင်းတည်း။ **ပဠာသာယနာ**၊ ဖြစ်ခြင်း။
ပဠာသော စ၊ ဂုဏ်တုဂုဏ်ပြိုင်ပြုတတ်သည်လည်းဟုတ်၏။ သော၊ ထိုဂုဏ်တုဂုဏ်ပြိုင်ပြုတတ်သော အရာဟူသည်။ အတ္တနော၊ ၏။ ဇယာဟရဏတော၊ တူသည်၏အဖြစ်ကို ထားခြင်းဟူသော အောင်ခြင်းကို ဆောင်ခြင်းကြောင့်။ အာဟာရော စ၊ အာဟာရလည်း ဟုတ်၏။ ဣတိ၊ ထို့ကြောင့်။ **ပဠာသာဟာရော**၊ မည်၏။**ဇယာဟရဏတော။** ။ သမဘာဝဒဟနံ၊ တူသည်၏ အဖြစ်ကို ထားခြင်းသည်။ ဇယော၊ မည်၏။ တဿ အာဟရဏတော အာဟာရော။-ဋီကာ။ သူတပါးကို ဂုဏ်တု ဂုဏ်ပြိုင်ပြုသော ပုဂ္ဂိုလ်၏ တူအောင်ပြုနိုင်ခြင်းသည်ပင် အောင်နိုင်ခြင်းတည်း၊ ထို့ကြောင့် "ဇယ" ကို "သမဘာဝဒဟနံ" ဟု အဓိပ္ပါယ် ဖွင့်ဟန်တူသည်။ ထိုအဖွင့်အတိုင်း နိဿယ၌ အနက်ပေးထား၏။ သဒ္ဒတ္ထမှာ "အောင်နိုင်ခြင်း" ပင်တည်း။
**ဝိဝါဒဋ္ဌာနန္တိ**၊ ကား။ ဝိဝါဒကာရဏံ၊ ငြင်းခုံခြင်း၏ အကြောင်းတည်း။
**ယုဂဂ္ဂါဟော**တိ၊ ကား။ သမဓုရဂ္ဂဟဏံ၊ အညီအမျှ ထမ်းပိုးကို ယူခြင်းတည်း။ (အညီအမျှ ထမ်းပိုးကို ယူခြင်းကဲ့သို့ အင်တူအားတူပြုခြင်း ဂုဏ်တုဂုဏ်ပြိုင်ပြုခြင်းတည်း။)
**အပ္ပဋိနိဿဂ္ဂေါ**တိ၊ ကား။ အတ္တနာ၊ သည်။ ဂဟိတဿ၊ ယူအပ်သော အယူကို။ အပ္ပဋိနိဿဇ္ဇနံ၊ မစွန့်ခြင်းတည်း။
ပန၊ ပဒတ္ထမှ တပါး လက္ခဏာဒျတ္ထကား။ လက္ခဏာဒိတော၊ အားဖြင့်။ ဧသ(ဧသော)ပဠာသော၊ သည်။ ယုဂဂ္ဂါဟလက္ခဏော၊ ထမ်းပိုးကို ယူခြင်းကဲ့သို့ အစုံယူခြင်း လက္ခဏာရှိ၏။ (တန်းတူယူခြင်း လက္ခဏာရှိ၏။) ပရဂုဏေဟိ၊ သူတပါး၏ ဂုဏ်တို့နှင့်။ အတ္တနော၊ ၏။ ဂုဏာနံ၊ ဂုဏ်တို့ကို။ သမကရဏရသော၊ အတူပြုခြင်း ကိစ္စရှိ၏။ ပရေသံ၊ သူတပါးတို့၏။ ဂုဏပ္ပမာဏေန၊ ဂုဏ်၏ပမာဏအားဖြင့်။ ဥပဋ္ဌာနပစ္စုပဋ္ဌာနော၊ ကပ်၍တည်ခြင်းဟု ယောဂီပုဂ္ဂိုလ်တို့ဉာဏ်အားရှေ့ရှုထင်လာ၏။ [အပြိုင်ပြုခြင်းဟူသည် သူ့ထက်သာအောင်ပြုခြင်းမဟုတ်, သူနှင့် တန်းတူရုံသာပြုခြင်းဖြစ်သောကြောင့် သူတပါးတို့၏ ဂုဏ်ပမာဏအားဖြင့် ယောဂီတို့၏ ဉာဏ်အားထင်လာသည်။]
ဟိ၊ မှန်။ ပဠာသီ၊ အပြိုင်ပြုခြင်းရှိသော။ ပုဂ္ဂလော၊ သည်။ ဒုတိယဿ၊ နှစ်ယောက်မြောက်ပုဂ္ဂိုလ်အား။ ဓုရံ၊ အကြီးအကဲ၏အဖြစ်ကို။ န ဒေတိ၊ မပေး။ [ဓုရံ န ဒေတီတိ ပါမောက္ခံ န ဒေတိ။-ဋီကာ။] သမံ၊ သူနှင့် ညီမျှအောင်။ ပသာရေတွာ၊ ဆန့်တန်း၍။ တိဋ္ဌတိ၊ တည်၏။ သာကစ္ဆမဏ္ဍလေ၊ ဆွေးနွေးရာတန်ဆောင်းဝန်း၌။ အညေန၊ တပါးသော။ ဘိက္ခုနာ၊ သည်။ ဗဟူသု၊ များစွာကုန်သော။ သုတ္တေသု စ၊ သုတ်တို့ကို၎င်း။ ကာရဏေသုစ၊ အကြောင်းတို့ကို၎င်း။ အာဘတေသုပိ၊ ဆောင်အပ်ပြီးပါကုန်သော်လည်း။ တဝ၊ သင်၏။ ဝါဒေ စ၊ အယူ၌၎င်း။ မမ၊ ငါ၏။ (ဝါဒေ)စ၊ ၌၎င်း။ ကိံ နာမ၊ အဘယ်မည်သော။ နာနာကရဏံ၊ အသီးအခြားပြုကြောင်း အထူးသည်။ (ဟောတိ၊ ဖြစ်သနည်း။)
မဇ္ဈေ၊ အလယ်၌။ ဘိန္နသုဝဏ္ဏံ ဝိယ၊ ခွဲဖြတ်အပ်သော ရွှေကဲ့သို့။ အမှာကံ၊ သင်နှင့်ငါတို့၏။ ဝစနံ၊ စကားသည်။ ဧကသဒိသမေဝ၊ တထပ်တည်း တူသည်သာလျှင်။ (ဟောတိ)နနု၊ ဖြစ်သည်မဟုတ်ပါလော။ ဣတိ ဝဒတိ။
ဣဿာမစ္ဆရိယနိဒ္ဒေသာ၊ တို့သည်။ ဝုတ္တတ္ထာ ဧဝ။
၈၉၄။ မာယာနိဒ္ဒေသေ၊ ၌။ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော။) **ဝါစံ ဘာသတီ**တိ၊ ကား။ ဇာနံ (ဇာနန္တာ) ယေဝ၊ သိကုန်လျက်ပင်။ (ဝီတိက္ကမန္တာ၌စပ်။) ပဏ္ဏတ္တိံ၊ ဝိနည်းပညတ်တော်ကို။ ဝီတိက္ကမန္တာ၊ လွန်ကျူးကုန်သော။ ဘိက္ခူ၊ တို့သည်။ ဘာရိယံ၊ ဝန်လေးသောအမှုကို။ ကရောန္တိ၊ ပြုကုန်၏။ အမှာကံ ပန၊ ငါတို့၏ကား။ ဝီတိက္ကမဋ္ဌာနံနာမ၊ လွန်ကျူးရာဌာန မည်သည်။ နတ္ထိ၊ မရှိပါ။ ဣတိ၊ သို့။ ဥပသန္တော ဝိယ၊ ငြိမ်သက်သော ပုဂ္ဂိုလ်သည်ကဲ့သို့။ ဘာသတိ၊ ပြောဆို၏။
**ကာယေန ပရက္ကမတီ**တိ၊ ကား။ မယာ၊ သည်။ ကတံ၊ ပြုအပ်ပြီးသော။ ဣဒံ ပါပကမ္မံ၊ ဤမကောင်းမှုကို။ ကေစိ၊ မည်သူတို့မျှ။ မာ ဇာနိံ သု၊ မသိပါစေကုန်လင့်။ ဣတိ၊ ဤသို့ကြံ၍။ ကာယေန၊ ကိုယ်ဖြင့်။ ဝတ္တံ၊ စေတီရင်ပြင်စသည်၌ပြုထိုက်သော ဝတ်အကျင့်ကို။ ကရောတိ၊ ပြု၏။
ဝိဇ္ဇမာနဒေါသပဋိစ္ဆာဒနတော၊ ထင်ရှားရှိသော အပြစ်ကို ဖုံးလွှမ်းခြင်းကြောင့်။ စက္ခုမောဟနမာယာ ဝိယ၊ မျက်စိကို တွေဝေစေတတ်သော မျက်လှည့်အတတ်နှင့် တူ၏။ ဣတိ၊ ကြောင့်။ **မာယာ**၊ မည်၏။
မာယာဝိနော၊ လှည့်ပတ်ခြင်းရှိသော ပုဂ္ဂိုလ်၏။ ဘာဝေါ၊ တည်း။ **မာယာဝိတာ**၊ ရာ။
ဧတာယ၊ ဤ မာယာဖြင့်။ သတ္တာ၊ တို့သည်။ ပါပံ၊ မကောင်းမှုကို။ ကတွာ၊ ပြုပြီး၍။ ပုန၊ တဖန်။ ပဋိစ္ဆာဒနတော၊ ဖုံးခြင်းကြောင့်။ အတိစ္စ၊ လွန်ကျူးပြီး၍။ အာသရန္တိ၊ လာတတ်ကုန်၏။ ဝါ၊ ဖုံးလွှမ်းခြင်း၌ ဖြစ်တတ်ကုန်၏။ ဣတိ၊ ကြောင့်။ **အစ္စာသရာ**၊ မည်၏။
ဟိ၊ မှန်။ ကာယဝါစာကိရိယာ၊ ကိုယ်အပြုအမူ, နှုတ်အပြုအမူသည်။ အညထာ၊ ပြုအပ်ပြီးသော အခြင်းအရာမှ တမျိုးတဖုံအားဖြင့်။ ဒဿနတော၊ ပြခြင်းအားဖြင့်။ ဝဉ္စေတိ၊ လှည့်ပတ်တတ်၏။ ဣတိ၊ ကြောင့်။ **ဝဉ္စနာ**၊ မည်၏။
ဧတာယ၊ ဤ သဘောတရားဖြင့်။ သတ္တာ၊ တို့သည်။ နိကရောန္တိ၊ မှားမှားယွင်းယွင်း ပြုတတ်ကုန်၏။ ဝါ၊ စဉ်းလဲ ကောက်ကျစ်တတ်ကုန်၏။ ဣတိ၊ ထိုသို့မှားမှားယွင်းယွင်း ပြုကြောင်း၏အဖြစ်ကြောင့်။ ဝါ၊ စဉ်းလဲ ကောက်ကျစ်၍ပြုကြောင်း၏အဖြစ်ကြောင့်။ **နိကတိ**၊ မည်၏။
မိစ္ဆာ၊ မှားယွင်းသောအားဖြင့်။ ကရောန္တိ၊ ပြုတတ်ကုန်၏။ ဣတိ အတ္ထော။
အဟံ၊ သည်။ ဧဝံ၊ သို့။ န ကရောမိ၊ မပြုပါ။ ဣတိ၊ ဤသို့။ ပါပါနံ၊ မကောင်းမှုတို့ကို။ ဝိက္ခိပနတော၊ ပစ်လွှင့်တတ်သည်၏ အဖြစ်ကြောင့်။ **ဝိကိရဏာ**၊ မည်၏။
အဟံ၊ သည်။ ဧဝံ န ကရောမိ။ ဣတိ၊ ဤသို့။ ပရိဝဇ္ဇနတော၊ ရှောင်လွှဲခြင်းကြောင့်။ **ပရိဟရဏာ**၊ မည်၏။
ကာယာဒီဟိ၊ ကိုယ် အစရှိသည်တို့ဖြင့်။ သံဝရဏတော၊ စောင့်စည်း လျှို့ဝှက်တတ်သည်၏ အဖြစ်ကြောင့်။ **ဂူဟနာ**၊ မည်၏။
သဗ္ဗတောဘာဂေန၊ ဖြင့်။ ဂူဟနာ၊ စောင့်စည်း လျှို့ဝှက်ခြင်းသည်။ **ပရိဂူဟနာ**၊ မည်၏။
တိဏပဏ္ဏေဟိ၊ မြက်သစ်ရွက်တို့ဖြင့်။ ဂူထံ၊ မစင်ကို။ (ဆာဒေတိ)ဝိယ၊ ဖုံးလွှမ်းသကဲ့သို့။ ကာယဝစီကမ္မေဟိ၊ ကာယကံ ဝစီကံတို့ဖြင့်။ ပါပံ၊ ကို။ ဆာဒေတိ၊ ဖုံးလွှမ်းတတ်၏။ ဣတိ၊ ကြောင့်။ **ဆာဒနာ**၊ မည်၏။
သဗ္ဗတော ဘာဂေန၊ ဖြင့်။ ဆာဒနာ၊ ဖုံးလွှမ်းတတ်သော သဘောတရားသည်။ **ပဋိစ္ဆာဒနာ**၊ မည်၏။ ["သဗ္ဗတော ဘာဂေန" ကိုထောက်၍ "ပရိစ္ဆာဒနာ" ဟု မူရင်းပါဌ် ရှိသင့်သည်။ ထိုသို့ရှိမှ "ဂူဟနာ ပရိဂူဟနာ ဆာဒနာ ပရိစ္ဆာဒနာ" ဟု ရှေ့နောက် လျော်သည်။]
ဥတ္တာနံ၊ ပေါ်လွင်သည်ကို။ ကတွာ၊ ၍။ န ဒဿေတိ၊ မပြတတ်။ ဣတိ၊ ကြောင့်။ **အနုတ္တာနီကမ္မံ**၊ မည်၏။
ပါကဋံ၊ ထင်ရှားသည်ကို။ ကတွာ န ဒဿေတိ၊ မပြတတ်။ ဣတိ၊ ကြောင့်။ **အနာဝိကမ္မံ**၊ မည်၏။
သုဋ္ဌု၊ ကောင်းစွာ။ ဆာဒနာ၊ သည်။ **ဝေါစ္ဆာဒနာ**၊ မည်၏။ [ဝိ+အဝ+ဆဒဓာတ် ယုပစ္စည်း။ ဝိ အဝကို "သုဋ္ဌု" ဟု ဖွင့်သည်။]
ကတ ပဋိစ္ဆာဒနဝသေန၊ ပြုအပ်ပြီးသော အပြစ်ကို ဖုံးလွှမ်းခြင်း၏အစွမ်းဖြင့်။ ပုနပိ၊ တဖန်လည်း။ ပါပဿ၊ ကို။ ကရဏတော၊ ပြုခြင်းကြောင့်။ **ပါပကိရိယာ**၊ မည်၏။
**အယံ ဝုစ္စတီ**တိ၊ ကား။ အယံ၊ ဤသဘောကို။ ကတပဋိစ္ဆာဒနလက္ခဏာ၊ ပြုအပ်ပြီးသော အပြစ်ကို ဖုံးလွှမ်းခြင်းလက္ခဏာရှိသော။ မာယာ နာမ၊ မည်၏ဟူ၍။ ဝုစ္စတိ။
ယာယ၊ ယင်းမာယာနှင့်။ သမန္နာဂတော၊ သော။ ပုဂ္ဂလော၊ သည်။ ဘသ္မာပဋိစ္ဆန္နော၊ ပြာဖြင့်ဖုံးအုပ်အပ်သော။ အင်္ဂါရောဝိယ၊ မီးကျီးကဲ့သို့၎င်း။ ဥဒကပဋိစ္ဆန္နော၊ ရေဖြင့်ဖုံးအုပ်အပ်သော။ ခါဏုဝိယ၊ သစ်ငုတ်ကဲ့သို့၎င်း။ ပိလောတိကာပလိဝေဌိတံ၊ အဝတ်ပိုင်းဖြင့် ရစ်ပတ်အပ်သော။ သတ္ထံ ဝိယ စ၊ လက်နက်ကဲ့သို့၎င်း။ ဟောတိ။
သာဌေယျနိဒ္ဒေသေ၊ ၌။ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော။) **သဌော**တိ၊ ကား။ အသန္တဂုဏ ပရိဒီပနတော၊ မိမိ၌ ထင်ရှားမရှိသောဂုဏ်ကို ထင်ရှားပြခြင်းကြောင့်။ သမ္မာ၊ ကောင်းစွာ။ ဝါ၊ မှန်ကန်စွာ။ နဘာသိတာ၊ မပြောဆို။ [ဤကဲ့သို့အမှန်အတိုင်း မပြောဆိုခြင်းကိုပင် "သဌ(ကောက်ကျစ်စဉ်းလဲသူ)" ဟုခေါ်သည်။]
သဗ္ဗတောဘာဂေန၊ ဖြင့်။ သဌော၊ ကောက်ကျစ် စဉ်းလဲသူတည်း။ **ပရိသဌော**၊ ထက်ဝန်းကျင် ကောက်ကျစ်စဉ်းလဲသူ။
**ယံ တတ္ထာ**တိ၊ ကား။ တသ္မိံပုဂ္ဂလေ၊ ၌။ ယံ(သဌံ)၊ အကြင် ကောက်ကျစ်စဉ်းလဲခြင်းသည်။ [ဤသို့ ပါဠိတော်နှင့် တွဲပေးပါ။]
**သဌန္တိ**၊ ကား။ အသန္တဂုဏဒီပနံ၊ ထင်ရှားမရှိသောဂုဏ်ကိုပြခြင်းဟူသော။ ကေရာဋိယံ၊ ကောက်ကျစ်စဉ်းလဲသူ၏ အဖြစ်သည်။ (အတ္ထိ)။
**သဌတာ**တိ၊ ကား။ သဌာကာရော၊ ကောက်ကျစ်စဉ်းလဲခြင်းဟူသော အခြင်းအရာသည်။ (အတ္ထိ)။
**ကက္ကရတာ**တိ၊ ကား။ ပဒုမနာလိဿ၊ ပဒုမ္မာကြာရိုး၏။ အပရာမသနက္ခမော၊ သုံးသပ်ခြင်း၌ မခံ့သော။ (သုံးသပ်၍ မကောင်းသော။) ခရဖရုသဘာဝေါ ဝိယ၊ ခက်ထန် ကြမ်းတမ်းသည်၏အဖြစ်ကဲ့သို့။ (ကြာရိုး၌ ဆူးတွေထနေသကဲ့သို့)။
အပရာမသနက္ခမေဝ၊ သော။ ခရဖရုသဘာဝေါ၊ သည်။ (အတ္ထိ)။ **ကက္ကရိယန္တိ**ပိ၊ ဟူသော ပုဒ်သည်လည်း။ တဿေဝ၊ ထို ကက္ကရတာပုဒ်၏ပင်။ ဝေဝစနံ၊ တည်း။ [တာပစ္စည်းနှင့် ဏျပစ္စည်းသာထူးသည်-ဟူလို။]
**ပရိက္ခတ္တတာ ပါရိက္ခတ္တိယန္တိ** ပဒဒွယေန၊ ဟူသော ပုဒ်နှစ်ပါးအပေါင်းဖြင့်။ နိခဏိတွာ၊ မြေ၌တူးစိုက်၍။ ဌပိတံ ဝိယ၊ ထားအပ်သော အရာဝတ္ထုကဲ့သို့။ ဒဠှကေရာဋိယံ၊ ခိုင်မြဲသော ကောက်ကျစ်စဉ်းလဲသူ၏အဖြစ်ကို။ (ဘဂဝတာ)ဝုတ္တံ။
**ဣဒံ ဝုစ္စတီ**တိ၊ ကား။ ဣဒံ၊ ဤသဘောတရားကို။ အတ္တနော၊ ၏။ အဝိဇ္ဇမာနဂုဏပ္ပကာသနလက္ခဏံ၊ ထင်ရှားမရှိသော ဂုဏ်ကို ထင်ရှားပြခြင်း လက္ခဏာရှိသော။ သာဌေယျံ နာမ၊ ကောက်ကျစ်စဉ်းလဲသူ၏အဖြစ် မည်၏ဟူ၍။ ဝုစ္စတိ၊ ၏။ [မာယာသည် မိမိပြုအပ်ပြီးသော မကောင်းမှုတို့ကို ဖုံးကွယ်ထားခြင်းလက္ခဏာ ရှိ၏။ သာဌေယျကား မိမိ၌ ထင်ရှားမရှိသော ဂုဏ်တို့ကို ထင်ရှားပြခြင်းလက္ခဏာရှိသည်။]
ယေန၊ ယင်း သာဌေယျနှင့်။ သမန္နာဂတဿ၊ သော။ ပုဂ္ဂလဿ၊ ၏။ ကုစ္ဆိဝါ၊ ဝမ်းဗိုက်သည်၎င်း။ ဝါ၊ ကို၎င်း။ ပိဋ္ဌိဝါ၊ ကျောက်ကုန်းသည်၎င်း။ ဝါ၊ ကို၎င်း။ ဇာနိတုံ၊ သိခြင်းငှါ။ န သက္ကာ၊ မတတ်ကောင်း။ [ဂါထာအနက်။]ကုစ္ဆိဝါ။ ပေ။ န သက္ကာ။ ။ ဘီလူး ဝက် ပြိတ္တာကြီးသည် တွေ့ရာ သတ္တဝါနှင့် တူအောင် ပြ၍ စားတတ်သောကြောင့် ထို သတ္တဝါနှင့် အလားတူသော အသန္တဂုဏ်တို့ဖြင့် ထင်စွာပြတတ်သော ပုဂ္ဂိုလ်တို့ကိုလည်း "ကုစ္ဆိဝါ။ ပေ။ န သက္ကာ" ဟု တင်စား၍ဆိုသည်။
ဝါမေန၊ လက်ဝဲဘက်ဖြင့်။ သူကရော၊ ဝက်သည်။ ဟောတိ။ ဒက္ခိဏေန၊ လက်ျာဘက်ဖြင့်။ အဇာမိဂေါ၊ ဆိတ်တည်းဟူသော သားကောင်သည်။ (ဟောတိ)။ [အဇော ဧဝ အဇာမိဂေါ။ ဇ ၌ အ ကို ဒီဃပြု။-ဋီကာ။]
သရေန၊ အသံဖြင့်။ နေလကော၊ နွားကလေးသည်။ ဟောတိ။ ဝိသာဏေန၊ ဦးချိုဖြင့်။ ဇရဂ္ဂဝေါ၊ နွားအိုသည်။ (ဟောတိ)။
ဣတိဧဝံ၊ သို့။ ဝုတ္တယက္ခသူကရသဒိသော၊ ဟောတော်မူအပ်သော ဘီလူး ဝက်နှင့်တူသည်။ ဟောတိ။
**အဝိဇ္ဇာ**ဒိနိဒ္ဒေသာ၊ တို့သည်။ ဝုတ္တတ္ထာ ဧဝ။
၉ဝ၂။ အနဇ္ဇဝနိဒ္ဒေသေ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော)။ **အနဇ္ဇဝေါ**တိ၊ ကား။**အနဇ္ဇဝေါ။** ။ ဥဇုနော+ဘာဝေါ အဇ္ဇဝံ၊ နတ္ထိ+အဇ္ဇဝံ ယဿာတိ အနဇ္ဇဝေါ။ ("ယဿ၊ အကြင် အခြင်းအရာ၏" ဟု ပေး။) ဤသို့ပြုလျှင် "အနုဇုတာ" နှင့် အရတူ၏ ထို့ကြောင့် "အနုဇုတာကာရော" ဟု ဖွင့်သည်-နောက် "အနဇ္ဇဝတာ"၌ကား "နတ္ထိ အဇ္ဇဝံ ယဿာတိ အနဇ္ဇဝေါ" ဟု ပုဂ္ဂိုလ်ရအောင်ပြု၍ "အနဇ္ဇဝဿ+ဘာဝေါ အနဇ္ဇဝတာ" ဟု ပြုပါ။ အနုဇုတာကာရော၊ မဖြောင့်မတ်သူ၏အဖြစ်ဟူသော အခြင်းအရာတည်း။
အနဇ္ဇဝဘာဝေါ၊ ဖြောင့်မတ်ခြင်းမရှိသူ၏ ဖြစ်ကြောင်း ဖြစ်ရာသည်။ **အနဇ္ဇဝတာ**၊ မည်၏။
**ဇိမှတာ**တိ၊ ကား။ စန္ဒဝင်္ကတာ၊ လရေးကောက်ကဲ့သို့ အဖျားနှစ်ဖက် ကောက်သူ၏အဖြစ်တည်း။
**ဝင်္ကတာ**တိ၊ ကား။ ဂေါမုတ္တဝင်္ကတာ၊ နွားကျင်ကောက်ကဲ့သို့ တလျှောက်လုံး ကောက်သူ၏အဖြစ်တည်း။
**ကုဋိလတာ**တိ၊ ကား။ နင်္ဂလကောဋိဝင်္ကတာ၊ ထယ်တုံး၏ အဖျားကောက်ကဲ့သို့ တဖက်၌သာ ကောက်သူ၏အဖြစ်တည်း။
သဗ္ဗေဟိပိ၊ ကုန်သော။ ဣမေဟိ ပဒေဟိ၊ ဤဇိမှတာ အစရှိသောပုဒ်တို့ဖြင့်။ ကာယ ဝစီ စိတ္တ ဝင်္ကတာဝ၊ ကိုယ် နှုတ် စိတ်တို့၏ ကောက်သည်၏အဖြစ်ကိုသာ။ ကထိတာ၊ ပြီ။
အမဒ္ဒဝနိဒ္ဒေသေ(အတ္ထော ဧဝံ ဝေဒိတဗ္ဗော)။ န မုဒုဘာဝေါ၊ မနူးညံ့သည်၏အဖြစ်သည်။ **အမုဒုတာ**၊ မည်၏။
အမဒ္ဒဝါကာရော၊ မနူးညံ့သည်၏အဖြစ်ဟူသော အခြင်းအရာသည်။ **အမဒ္ဒဝတာ**၊ မည်၏။
ကက္ခဠဘာဝေါ၊ ကြမ်းတမ်းသည်၏အဖြစ်သည်။ **ကက္ခဠိယံ**၊ မည်၏။
မဒ္ဒဝကရဿ၊ နူးညံ့သည်၏အဖြစ်ကိုပြုတတ်သော။ သိနေဟဿ၊ အစေး၏။ အဘာဝတော၊ မရှိခြင်းကြောင့်။ ဖရုသဘာဝေါ၊ ကြမ်းတမ်းသည်၏အဖြစ်သည်။ **ဖာရုသိယံ**၊ မည်၏။
အနီစဝုတ္တိတာယ၊ နိမ့်ကျသော ဖြစ်ခြင်းမရှိသည်၏ အဖြစ်ကြောင့်။ ဥဇုကမေဝ၊ ဖြောင့်ဖြောင့်သာလျှင်။ ဝါ၊ မတ်မတ်သာလျှင်။ ဌိတစိတ္တဘာဝေါ၊ တည်သောစိတ်ရှိသူ၏အဖြစ်သည်။ **ဥဇုစိတ္တတာ**၊ မည်၏။
ပုန၊ တဖန်။ အမုဒုတာဂဟဏံ၊ အမုဒုတာသဒ္ဒါသည်။ အမုဒုတာသင်္ခါတာ၊ မနူးညံ့သည်၏ အဖြစ်ဟု ဆိုအပ်သော။ ဥဇုစိတ္တတာ၊ ဖြောင့်သောစိတ် ရှိသူ၏အဖြစ်တည်း။ အဇ္ဇဝသင်္ခါတာ၊ ဖြောင့်မတ်သည်၏အဖြစ်ဟု ဆိုအပ်သော။ ဥဇုစိတ္တတာ၊ သည်။ န ဟောတိ၊ မဟုတ်။ ဣတိ၊ သို့။ တဿာ၊ ထို ဥဇုစိတ္တတာကို။ ဝိသေသနတ္ထံ၊ အထူးပြုရခြင်းအကျိုးရှိ၏။
၉ဝ၃။ **အက္ခန္တိ**နိဒ္ဒေသာဒယော၊ အက္ခန္တိအစရှိသော နိဒ္ဒေသတို့ကို။ ခန္တိနိဒ္ဒေသာဒိ ပဋိပက္ခတော၊ ခန္တိနိဒ္ဒေသ အစရှိသည်တို့၏ ဆန့်ကျင်ဘက်အားဖြင့်။ ဝေဒိတဗ္ဗာ။
၉ဝ၈။ သံယောဇနနိဒ္ဒေသေ(အတ္ထော ဧဝံ ဝေဒိတဗ္ဗော)။ **အဇ္ဈတ္တန္တိ**၊ ကား။ ကာမဘဝေါ၊ ကာမဘဝတည်း။
**ဗဟိဒ္ဓါ**တိ၊ ကား။ ရူပါရူပဘဝေါ၊ ရူပဘဝ, အရူပဘဝတည်း။
ဟိ၊ ချဲ့။ သတ္တာ၊ တို့သည်။ ကာမဘဝေ၊ ၌။ အပ္ပံ၊ အနည်းငယ်သော။ ကာလံ၊ ကာလမျှ။ ဝါ၊ ကာလ၌။ ကိဉ္စာပိ ဝသန္တိ၊ အကယ်၍ကား နေကြရပါပေကုန်၏။ ကပ္ပဿ၊ ကမ္ဘာ၏။ စတုတ္ထမေဝ၊ လေးခုမြောက်သာလျှင်ဖြစ်သော။ ကောဋ္ဌာသံ၊ အဖို့အစုပတ်လုံး။ ဝါ၊ အဖို့အစု၌။ (ကိဉ္စာပိဝသန္တိ)။ ဣတရေသု၊ လေးခုမြောက် ကောဋ္ဌာသမှ တပါးကုန်သော။ တီသု၊ ကုန်သော။ ကောဋ္ဌာသေသု၊ တို့၌။ ကာမဘဝေါ၊ ကာမဘုံသည်။ သုညော၊ သတ္တဝါတို့မှ ကင်းဆိတ်သည်။ တုစ္ဆော၊ အချည်းနှီးသည်။ ဟောတိ။ ရူပါရူပဘဝေ၊ ရူပဘဝ အရူပဘဝ၌။ ဗဟုံ၊ များစွာသော။ ကာလံ၊ ကာလပတ်လုံး။ (ကိဉ္စာပိ)ဝသန္တိ။ တထာပိ၊ ထိုသို့ နေရပါကုန်သော်လည်း။ နေသံ၊ ထိုသတ္တဝါတို့၏။ ယသ္မာ၊ ကြောင့်။ ကာမဘဝေ၊ ၌။ စုတိ ပဋိသန္ဓိယော၊ စုတိပဋိသန္ဓေတို့သည်။ ဗဟုကာ၊ များကုန်သည်။ ဟောန္တိ။ ရူပါရူပဘဝေသု၊ ရူပဘဝ အရူပဘဝတို့၌။ (စုတိ ပဋိသန္ဓိယော) အပ္ပါ(ဟောန္တိ)။ စ၊ ဆက်။ ယတ္ထ၊ အကြင်ကာမဘုံ၌။ စုတိ ပဋိသန္ဓိယော ဗဟုကာ(ဟောန္တိ)။ တတ္ထ၊ ထိုကာမဘုံ၌။ အာလယောပိ၊ တွယ်တာခြင်းသည်၎င်း။ ပတ္ထနာပိ၊ တောင့်တခြင်းသည်၎င်း။ အဘိလာသောပိ၊ အလိုဆန္ဒသည်၎င်း။ ဗဟု၊ များသည်။ ဟောတိ။ ယတ္ထ၊ အကြင်ရူပဘုံ အရူပဘုံတို့၌။ (စုတိ ပဋိသန္ဓိယော)အပ္ပါ(ဟောန္တိ)။ တတ္ထ၊ ထိုရူပဘုံ အရူပဘုံတို့၌။ (အာလယောပိ ပတ္ထနာပိ အဘိလာသောပိ) အပ္ပေါ(ဟောတိ)။ တသ္မာ၊ ကြောင့်။ ကာမဘဝေါ၊ သည်။ အဇ္ဈတ္တံ နာမ၊ အဇ္ဈတ္တ မည်သည်။ ဝါ၊ အတွင်းကျသောဘဝ မည်သည်။ ဇာတော၊ ဖြစ်ပြီ။ ရူပါရူပဘဝါ၊ ရူပဘဝ အရူပဘဝတို့သည်။ ဗဟိဒ္ဓါ နာမ၊ ဗဟိဒ္ဓတို့ မည်သည်။ ဝါ၊ အပြင်ကျသောဘဝတို့မည်သည်။ (ဇာတာ၊ ကုန်ပြီ။)
ဣတိ၊ ဤသို့လျှင်။ အဇ္ဈတ္တသင်္ခါတေ၊ အဇ္ဈတ္တဟု ဆိုအပ်သော။ ကာမဘဝေ၊ ကာမဘဝ၌။ ဗန္ဓနံ၊ နှောင်ဖွဲ့တတ်သောသံယောဇဉ်သည်။ **အဇ္ဈတ္တသံယောဇနံ** နာမ၊ မည်၏။ ဗဟိဒ္ဓါသင်္ခါတေသု၊ ဗဟိဒ္ဓဟု ဆိုအပ်ကုန်သော။ ရူပါရူပဘဝေသု၊ ရူပဘဝ အရူပဘဝတို့၌။ ဗန္ဓနံ၊ နှောင်ဖွဲ့တတ်သော သံယောဇဉ်သည်။ **ဗဟိဒ္ဓါသံယောဇနံ** နာမ၊ မည်၏။အဇ္ဈတ္တ ဗဟိဒ္ဓ။ ။ တကမ္ဘာ၌ "သံဝဋ္ဋကပ် သံဝဋ္ဋဋ္ဌာယီကပ် ဝိဝဋ္ဋကပ် ဝိဝဋ္ဋဋ္ဌာယီကပ်" ဟု ကပ် လေးကပ်ရှိ၏။ သံဝဋ္ဋကပ်သည် ပျက်ဆဲ ကမ္ဘာဖြစ်၍ သတ္တဝါတို့ မနေနိုင်၊ သံဝဋ္ဋဋ္ဌာယီကလည်း ကမ္ဘာပျက်ပြီးသည့်အတိုင်း တည်နေသောကြောင့် မနေနိုင်၊ ဝိဝဋ္ဋကပ်သည် ကမ္ဘာတည်တုန်းဖြစ်သောကြောင့် သတ္တဝါတို့ မနေနိုင်၊ ထိုသုံးဌာနတို့၌ အောက်ပိုင်း ကာမဘုံဝယ် သတ္တဝါတို့ မနေရသေး၊ ဝိဝဋ္ဋဋ္ဌာယီ တကပ်၌သာ သတ္တဝါတို့နေနိုင်သည်။
ထို့ကြောင့် "ကပ္ပဿ စတုတ္ထမေဝ ကောဋ္ဌာသံ ဝသန္တိ" ဟု၎င်း "တီသု ကောဋ္ဌာသေသုကာမဘဝေါ သုညော ဟောတိ" ဟု၎င်း ဆိုသည်၊ ဤသို့ နေရာကာလက လေးပုံ တပုံသာရှိသော်လည်း ထပ်၍ ထပ်၍ ဖြစ်ခြင်း သေခြင်းအားဖြင့် ကာမဘုံ၌သာ စုတိပဋိသန္ဓေ အဖြစ်များသည်၊ ထို့ကြောင့် ကာမဘုံ၌ သေသောသတ္တဝါတို့သည် စုတိပဋိသန္ဓေများရာ ကာမဘုံ၌သာ တွယ်တာမှု ရှိသောကြောင့် ကာမဘုံ၌ဖြစ်သော သံယောဇဉ်ကို "အဇ္ဈတ္တသံယောဇဉ်" ဟု၎င်း, ရူပ အရူပဘုံ၌ဖြစ်သော သံယောဇဉ်ကို "ဗဟိဒ္ဓသံယောဇဉ်" ဟု၎င်း ခေါ်ရသည်။
တတ္ထ၊ ထိုနှစ်ပါးသော သံယောဇဉ်တို့တွင်။ ဧကေကံ၊ တပါးတပါးသော သံယောဇဉ်သည်။ ပဉ္စ ပဉ္စဝိဓံ၊ ငါးပါး ငါးပါး အပြားရှိသည်။ ဟောတိ၊ ၏။
တေန၊ ထို့ကြောင့်။ ပဉ္စောရမ္ဘာဂိယာနိ ပဉ္စုဒ္ဓမ္ဘာဂိယာနီတိ၊ ဟူ၍။ ဝုတ္တံ။
တတြ၊ ထိုနှစ်ပါးသော ဩရမ္ဘာဂိယ ဥဒ္ဓံဘာဂိယတို့၌။ အယံ၊ ကား။ ဝစနတ္ထော၊ တည်း။ ကာမဓာတု၊ ကို။ ဩရံ၊ ဩရံဟူ၍။ ဝုစ္စတိ။ တတ္ထ၊ ထိုကာမဓာတ်၌။ ဝါ၊ ဤဘက်၌။ ဥပပတ္တိနိပ္ဖါဒနတော၊ ပဋိသန္ဓေကို ပြီးစီးစေခြင်းကြောင့်။ တံ ဩရံ၊ ထို ကာမဓာတ်တည်းဟူသော ဤမှာဘက်သို့။ ဘဇန္တိ၊ ကပ်ဝင်တတ်ကုန်၏။ ဣတိ၊ ကြောင့်။ ဩရမ္ဘာဂိယာနိ၊ တို့မည်၏။ [ဤပုဒ်၏ အဓိပ္ပါယ်ကို သီလက္ခန်ဘာသာဋီကာ မဟာလိသုတ် စတုအရိယဖလ အဖွင့်၌ပြထားသည်။]
ရူပါရူပဓာတု၊ ရူပဓာတ် အရူပဓာတ်ကို။ ဥဒ္ဓံ၊ ဥဒ္ဓံဟူ၍။ ဝုစ္စတိ။ တတ္ထ၊ ထိုရူပဓာတ် အရူပဓာတ်တို့၌။ ဥပပတ္တိနိပ္ဖါဒနတော၊ ကြောင့်။ တံ ဥဒ္ဓံ၊ ထိုအထက်ဖြစ်သော ရူပဓာတ် အရူပဓာတ်သို့။ ဘဇန္တိ၊ ကပ်ဝင်တတ်ကုန်၏။ ဣတိ၊ ကြောင့်။ ဥဒ္ဓမ္ဘာဂီယာနိ၊ တို့မည်၏။ ဣတိ (အယံ)၊ သည်ကား။ (ဝစနတ္ထော၊ တည်း။)
ဒုကနိဒ္ဒေသဝဏ္ဏနာ (နိဋ္ဌိတာ)။