Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
法护-Dhammapāla
中文
Vibhaṅga-aṭṭhakathā
Vibhaṅga-aṭṭhakathā

(1.) Ekakaniddesavaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

၈၄၃-၈၄၄။ ဣဒါနိ၊ မာတိကာကိုပြပြီးရာ ယခုအခါ၌။ ယထာနိက္ခိတ္တာယ၊ အကြင်အကြင်ချထားအပ်ပြီးသော။ မာတိကာယ၊ မာတိကာ၏။ (နိဒ္ဒေသဝါရေ၌စပ်။) **တတ္ထ ကတမော ဇာတိမဒေါ**တိ အာဒိနာ၊ အစရှိသော။ နယေန၊ နည်းဖြင့်။ အာရဒ္ဓေ၊ အားထုတ်အပ်သော။ နိဒ္ဒေသဝါရေ၊ နိဒ္ဒေသဝါရ၌။ **ဇာတိံ ပဋိစ္စာ**တိ၊ ကား။ ဇာတိံ၊ ဇာတိကို။ နိဿာယ၊ မှီ၍။ (မဒေါ စသည်၌စပ်။)
စ၊ ဆက်။ ဧတ္ထ၊ ဤဇာတိံ ပဋိစ္စဟူသောပါဌ်၌။ အတ္ထိ ပဋိစ္စံနာမ၊ ထင်ရှားရှိသည်၏အဖြစ် ဟူသော ပဋိစ္စ မည်သည်ကို။ ကထိတံ၊ ဟောတော် မူအပ်ပြီ။ [အတ္ထိ ပဋိစ္စံနာမ အတ္ထိတာ ပဋိစ္စတ္ထောနာမ။-အနု] တသ္မာ၊ ထို့ကြောင့်။ ဇာတိယာ၊ ဇာတိသည်။ သတိ၊ ရှိလသော်။ ဣတိအယံ၊ ဤ ဆိုအပ်ပြီးကား။ ဧတ္ထ၊ ဤ ဇာတိံ ပဋိစ္စဟူသောပါဌ်၌။ အတ္ထော၊ အဓိပ္ပါယ်နက်တည်း။
**ဂေါတ္တံ ပဋိစ္စာ**တိ အာဒီသုပိ၊ အစရှိသော ပါဠိရပ်တို့၌လည်း။ ဧသေဝ နယော၊ တည်း။
မဒနဝသေန၊ မာန်ယစ်ခြင်း၏ အစွမ်းဖြင့်။ **မဒေါ**၊ မဒမည်၏။
မဇ္ဇနာကာရော၊ မာန်ယစ်ခြင်းဟူသော အခြင်းအရာသည်။ **မဇ္ဇနာ**၊ မည်၏။
မဇ္ဇိတဘာဝေါ၊ မာန်ယစ်တတ်သော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်ရာသည်။ **ပဇ္ဇိတတ္တံ**၊ မည်၏။
**မာနော မညနာ**တိ အာဒီနိ၊ အစရှိသောပုဒ်တို့သည်။ ဟေဋ္ဌာ၊ အောက်ဖြစ်သော။ ဓမ္မသင်္ဂဟဋ္ဌကထာယံ၊ ၌။ ဝုတ္တတ္ထာနေဝ၊ ဆိုအပ်ပြီးသော အနက်ရှိကုန်သည်သာ။
**အယံ ဝုစ္စတီ**တိ၊ ကား။ ဧဝံ၊ ဤသို့။ ဇာတိယာ၊ ဇာတိသည်။ သတိ၊ သော်။ တံ ဇာတိံ၊ ထို ဇာတိကို။ နိဿာယ၊ မှီ၍။ ဥပ္ပန္နော၊ သော။ မဇ္ဇနာကာရပ္ပဝတ္တော၊ မာန်ယစ်ခြင်းဟူသော အခြင်းအရာအားဖြင့်ဖြစ်သော။ အယံ မာနော၊ ဤမာနကို။ **ဇာတိမဒေါ**တိ၊ ဟူ၍။ ဝုစ္စတိ။ [ဇာတိံ+ပဋိစ္စ+ဥပ္ပန္နော+မဒေါဇာတိမဒေါ။]
သွာယံ(သော အယံ)၊ ထို ဇာတိမဒသည်။ ခတ္တိယာဒီနံ၊ မင်းမျိုးအစရှိကုန်သော။ ဝဏ္ဏာနံ၊ အမျိုးတို့၏သန္တာန်၌။ ဥပ္ပဇ္ဇတိ။
ဟိ၊ ချဲ့။ ဇာတိသမ္ပန္နော၊ အမျိုးဇာတ်နှင့် ပြည့်စုံသော။ ခတ္တိယော၊ ခတ္တိယသည်။ ဝါ၊ မင်းသည်။ မာဒိသော၊ ငါကဲ့သို့ ရှုအပ်သော။ အညော၊ ငါမှတပါးအခြားသော ခတ္တိယသည်။ နတ္ထိ။
အဝသေသာ၊ ငါမှကြွင်းသော ခတ္တိယတို့သည်။ အန္တရာ၊ အကြား၌။ ဥဋ္ဌာယ၊ ထ၍။ ခတ္တိယာ၊ မင်းတို့သည်။ ဇာတာ၊ ဖြစ်ကုန်ပြီ။
အဟံ ပန၊ ငါသည်ကား။ ဝံသဂတ ခတ္တိယော၊ အနွယ်အားဖြင့် လာသောမင်းတည်း။ ဣတိ မာနံ ကရောတိ။
ဗြာဟ္မဏာဒီသုပိ၊ ဗြာဟ္မဏ အစရှိသည်တို့၌လည်း။ ဧသေဝနယော၊ တည်း။
ဂေါတ္တမဒနိဒ္ဒေသာဒီသုပိ၊ ဂေါတ္တမဒပုဒ်၏ နိဒ္ဒေသ အစရှိသည် တို့၌လည်း။ ဣမိနာဝ ဥပါယေန၊ ပုံစံကပ်၍ သိမှတ်ကြောင်း ဖြစ်သော ဤနည်းဖြင့်ပင်။ အတ္ထော ဝေဒိတဗ္ဗော။
ဟိ၊ ချဲ့။ ခတ္တိယောပိ၊ ခတ္တိယသည်လည်း။ အဟံ ကောဏ္ဍညဂေါတ္တော၊ ကောဏ္ဍညအနွယ်ရှိသူတည်း။ အဟံ အာဒိစ္စဂေါတ္တော၊ တည်း။ ဣတိ မာနံ ကရောတိ။
ဗြာဟ္မဏောပိ၊ ဗြာဟ္မဏသည်လည်း။ အဟံကဿပဂေါတ္တော၊ ကဿပအနွယ် ရှိသူတည်း။ အဟံ ဘာရဒွါဇဂေါတ္တော၊ တည်း။ ဣတိ မာနံ ကရောတိ။
ဝေဿောပိ၊ ဝေဿသည်၎င်း။ သုဒ္ဒေါပိ၊ သုဒ္ဒသည်၎င်း။ အတ္တနော အတ္တနော၊ မိမိ မိမိ၏။ ကုလဂေါတ္တံ၊ အမျိုး၏ အနွယ်ကို။ နိဿာယ မာနံ ကရောတိ။
အဋ္ဌာရသာပိ၊ တဆယ့်ရှစ်ပါးလည်း ဖြစ်ကုန်သော။ သေဏိယော၊ အသင်းအပင်းတို့သည်။ ဝါ၊ အပေါင်းတို့သည်။ (ကရောန္တိ ၌စပ်။) (မယံ၊ တို့သည်။) ဧကိဿာ၊ တမျိုးတည်းသော။ (အခြားအသင်းအပင်းတို့နှင့်မရောစပ် တမျိုးတည်းသော။) သေဏိယာ၊ အသင်းအပင်း၌။ ဝါ၊ အပေါင်း၌။ ဇာတာ၊ မွေးဖွားကုန်သည်။ အမှ၊ ဖြစ်ကုန်၏။ ဣတိ မာနံ ကရောန္တိယေဝ၊ ပြုကုန်သည်သာ။**ဧကိဿာ သေဏိယာ။** ။ "သေဏိံတိ ဂန္ဓိကသေဏိ, ဒုဿိကသေဏိ အာဒိကံ၊ နံ့သာကုန်သည် အပေါင်း, အဝတ်အထည် ကုန်သည်အပေါင်း အစရှိသော အပေါင်းကို" ဟု ပါစိတ်ပါဠိတော်, အဋ္ဌကထာ ဘိက္ခုနီ-ဒုတိယ သံဃာဒိသေသ် သိက္ခာပုဒ် အဖွင့်၌ ရှိ၏။ ဤအဖွင့်ကို ထောက်၍ သေဏိ သဒ္ဒါသည် အရောင်းအဝယ် အလုပ်အကိုင် လုပ်ကိုင်သူ အပေါင်းကိုဟော၏ဟု သိပါ၊ ထို သေဏိသည် ၁၈-မျိုးတိုင်အောင် ရှိသတတ်၊ ၁၈-မျိုး သရုပ်ကိုကားရှာဖွေကြပါ၊ ထို သေဏိတို့တွင် အခြားသော သေဏိနှင့် မရောသော မိမိဆိုင်ရာ သေဏိ၌သာမွေးဖွားသော သူတို့ကို "ဧကိဿာ သေဏိယာ ဇာတမှာ" ဟု ဆိုသည်၊ လောက၌ အမျိုးသန့်သူသည် မာန်မာန ရှိသကဲ့သို့ သေဏိသန့်သူတို့လည်း မာန်မာန ပြုတတ်ကြသည်ပင်၊ ထို့ကြောင့် "ဧကိဿာ သေဏိယာတိ အသမ္ဘိန္နာယ၊ အခြားသော သေဏိတို့နှင့် မရောမစပ်သော" ဟု ဋီကာ၌ဖွင့်သည်။
အာရောဂျမဒါဒီသု၊ အစရှိသောပုဒ်တို့တွင်။ (အာရောဂျမဒေါနာမ၌ စပ်။) [ယောဇနာ၌ကား "တို့၌" ဟု ပေး၍ ဝိနိစ္ဆယော ဝေဒိတဗ္ဗောဟု စပ်ပုဒ် ထည့်သည်။] အဟံ၊ သည်။ အရောဂေါ၊ ရောဂါမရှိသူတည်း။ အဝသေသာ၊ ငါမှကြွင်းသော အခြားသောလူတို့သည်။ ရောဂဗဟုလာ၊ များသောရောဂါ ရှိကုန်၏။ မယှံ၊ ငါ၏။ ဝါ၊ ငါ့မှာ။ ဂဒ္ဒု ဟနမတ္တမ္ပိ၊ နွားနို့ တညှစ် အချိန်မျှလောက်လည်း။ [ဂဝဿ+ဒုဟနံ ဂဒ္ဒုဟနံ။ ဂေါဒုဟနံဟု ဆိုလိုလျက်‌ေ-ါကိုချေ။ ထို ကျေရာ၌ အ လာ, ဒွေဘော်ပြု "ဂဒ္ဒုဟန" ဖြစ်သည်။] ဗျာဓိနာမ၊ အနာမည်သည်။ နတ္ထိ၊ မရှိဘူးချေ။ ဣတိ၊ သို့။ မဇ္ဇနဝသေန၊ မာန်ယစ်ခြင်း၏အစွမ်းဖြင့်။ ဥပ္ပန္နောမာနော **အာရောဂျမဒေါ**နာမ၊ ရောဂါကင်းမှုကို စွဲ၍ဖြစ်သော မာန်ယစ်ခြင်းမည်၏။
အဟံ, တရုဏော၊ နုပျို၏။ အဝသေသသတ္တာနံ၊ ငါမှကြွင်းသော သတ္တဝါတို့၏။ အတ္တဘာဝေါ၊ သည်။ ပပါတေ၊ ကမ်းပါး၌။ ဌိတရုက္ခသဒိသော၊ တည်သော သစ်ပင်နှင့် တူ၏။ ["ကမ်းပါးပြတ်၌ တည်သော သစ်ပင်သည် လဲခါနီး ဖြစ်နေသကဲ့သို့ သေရုပ်ပေါက်နေသည်" ဟူလို။] အဟံ ပန၊ ငါသည်ကား။ ပဌမဝယေ၊ ပဌမအရွယ်၌။ ဌိတော၊ တည်၏။ ဣတိ။ ပေ။ **ယောဗ္ဗနမဒေါ**နာမ၊ ကောင်းသော အရွယ်ကို စွဲ၍ဖြစ်သော မာန်ယစ်ခြင်းမည်၏။ [ယုဝိနော+ဘာဝေါ ယောဗ္ဗနံ၊ (နုပျိုသူ၏အဖြစ်။ ဝါ၊ ကောင်းသော အရွယ်။) "ယုဝ+န" ဖြစ်သည့်အခါ ဝုဒ္ဓိပြု, ဝ-ကို ဗ-ပြု, ဒွေဘော်လာ၍ "ယောဗ္ဗန" ဟုဖြစ်သည်။]
အဟံ, စိရံ၊ ကြာမြင့်စွာ။ ဇီဝိံ၊ အသက်ရှည်ခဲ့ပြီ။ စိရံ၊ စွာ။ ဇီဝါမိ၊ အသက်ရှည်လဲ။ စိရံဇီဝိဿာမိ၊ အသက်ရှည်ရဦးလတ္တံ့။
သုခံ၊ ချမ်းသာစွာ။ ဇီဝိံ၊ အသက် မွေးခဲ့ပြီ။ သုခံ ဇီဝါမိ၊ အသက် မွေးရဆဲ။ သုခံ ဇိဝိဿာမိ၊ အသက်မွေးရဦးလတ္တံ့။ ဣတိ။ ပေ။ **ဇီဝိတမဒေါ**နာမ၊ အသက်ရှည်ခြင်းကို စွဲ၍ဖြစ်သော မာန်ယစ်ခြင်း မည်၏။
အဟံ လာဘီ၊ များသောလာဘ် ရှိ၏။ [ဗဟုတ္တအဿတ္ထိ အနက်၌ -ိ ပစ္စည်းသက်။] ဝါ၊ လာဘ်ရခြင်း ရှိ၏။ အဝသေသာ၊ ငါမှ ကြွင်းကုန်သော။ သတ္တာ၊ တို့သည်။ အပ္ပလာဘာ၊ နည်းသောလာဘ်ရှိကုန်၏။ မယှံ ပန၊ ငါ၏ကား။ လာဘဿ၊ လာဘ်၏။ ပမာဏံ၊ အတိုင်းအရှည်သည်။ နတ္ထိ။ ဣတိ။ ပေ။ **လာဘမဒေါ**နာမ၊ လာဘ်ရခြင်းကို စွဲ၍ဖြစ်သော မာန်ယစ်ခြင်းမည်၏။
အဝသေသာသတ္တာ၊ ယံဝါတံဝါ၊ ဟုတ်ဟုတ် ငြားငြားသော ပစ္စည်းကို။ လဘန္တိ။ အဟံ ပန။ သုကတံ၊ ကောင်းစွာ ပြုအပ်သော။ ပဏီတံ၊ မွန်မြတ်သော။ စီဝရာဒိပစ္စယံ၊ သင်္ကန်း အစရှိသော ပစ္စည်းကို။ လဘာမိ၊ ၏။ ဣတိ။ ပေ။ **သက္ကာရမဒေါ**နာမ၊ ကောင်းစွာ ပြုအပ်သော ပစ္စည်းကို စွဲ၍ ဖြစ်သော မာန်ယစ်ခြင်း မည်၏။ [သမ္မာ+ကာရော သက္ကာရော၊ ကောင်းစွာပြုအပ်, မွန်မွန်မြတ်မြတ်ပြုအပ်, အထူးတလည်ပြုအပ်သောပစ္စည်း။]
အဝသေသဘိက္ခူနံ၊ ငါမှ ကြွင်းသော ရဟန်းတို့၏။ ပါဒပိဋ္ဌိယံ၊ ခြေဖမိုး၌။ အက္ကပိတွာ၊ နင်း၍။ ဂစ္ဆန္တာ၊ သွားကုန်သော။ မနုဿာ၊ တို့သည်။ အယံ၊ ဤပုဂ္ဂိုလ်သည်။ သမဏော၊ ရဟန်းတည်း။ ဝါ၊ ရဟန်းပါတကား။ ဣတိပိ၊ ဤသို့ပြော၍လည်း။ နဝန္ဒန္တိ၊ ရှိမခိုးကြကုန်။ မံ ပန၊ ငါ့ကိုကား။ ဒိသွာဝ၊ မြင်၍သာလျှင်။ (မြင်လျှင် မြင်ခြင်းပင်။) ဝန္ဒန္တိ၊ ရှိခိုးကြကုန်၏။ ပါသာဏစ္ဆတ္တံ ဝိယ၊ ကျောက်ထီးကိုကဲ့သို့။ ဂရုံ၊ အလေးဂရုကို။ ကတွာ၊ ပြု၍၎င်း။ အဂ္ဂိက္ခန္ဓံဝိယစ၊ မိုးပုံကိုကဲ့သို့လည်း။ ဒုရာသဒံ၊ ခဲယဉ်းစွာချဉ်းကပ်အပ်သည်ကို။ ကတွာ၊ ပြု၍၎င်း။ မညန္တိ၊ မှတ်ထင်ကြကုန်၏။ ဣတိ။ ပေ။ **ဂရုကာရမဒေါ**နာမ၊ အလေးဂရု ပြုခြင်းကို စွဲ၍ဖြစ်သော မာန်ယစ်ခြင်း မည်၏။
ဥပ္ပန္နော၊ ဖြစ်ပေါ်လာသော။ ပဉှော၊ ပြဿနာသည်။ မယှမေဝ၊ ငါ၏သာ။ မုခေန၊ ခံတွင်းကြောင့်။ ဆိဇ္ဇတိ၊ ပြတ်၏။ ဘိက္ခာစာရံ၊ ဆွမ်းခံလှည့်လည်ရာ အရပ်သို့။ ဂစ္ဆန္တာပိ၊ သွားကုန်သော ရဟန်းတို့သည်လည်း။ မမေဝ၊ ငါ့ကိုသာ။ ပုရတော ကတွာ၊ ရှေ့၌ပြု၍။ ဝါ၊ ရှေ့ကထား၍။ ပရိဝါရေတွာ၊ ခြံရံ၍။ ဂစ္ဆန္တိ၊ သွားကြကုန်၏။ ဣတိ။ ပေ။ **ပုရေက္ခာရမဒေါနာမ**၊ ရှေ့၌ပြုခြင်းကို စွဲ၍ဖြစ်သော မာန်ယစ်ခြင်းမည်၏။
တာဝ၊ အနဂါရိယမှ ရှေးဦးစွာ။ (နိဒ္ဒိဋ္ဌဿ၊ သော။) မဟာပရိဝါရဿ၊ များသော အခြွေအရံရှိသော။ အဂါရိကဿ၊ အိမ်၌တည်သူ လူဝတ်ကြောင်အတွက်။ (မာနော ၌စပ်။) မံ၊ ငါ့ကို။ ပုရိသသတမ္ပိ၊ ယောက်ျားတရာသည်၎င်း။ ပုရိသသဟဿမ္ပိ၊ ယောက်ျားတထောင်သည်၎င်း။ ပရိဝါရေတိ၊ ခြံရံ၏။ အနဂါရိယဿပန၊ အိမ်၌ မတည်သော ရဟန်း၏ကား။ မံ၊ ကို။ သမဏသတမ္ပိ၊ ရဟန်းတရာသည်၎င်း။ သမဏသဟဿမ္ပိ၊ သည်၎င်း။ ပရိဝါရေတိ။ သေသာ၊ ငါမှကြွင်းသော လူဝတ်ကြောင်တို့သည်။ ဝါ၊ ငါမှကြွင်းသော ရဟန်းတို့သည်။ အပ္ပပရိဝါရာ၊ နည်းသော အခြွေအရံ ရှိကုန်၏။ အဟံ မဟာပရိဝါရောစေဝ၊ များသော အခြွေအရံလည်း ရှိ၏။ သုစိပရိဝါရောစ၊ စင်ကြယ်သော အခြွေအရံလည်းရှိ၏။ ဣတိ။ ပေ။ **ပရိဝါရမဒေါ**နာမ၊ အခြွေအရံကို စွဲ၍ ဖြစ်သောမာန်ယစ်ခြင်းမည်၏။
ပန၊ ဆက်။ ဘောဂေါ၊ စည်းစိမ်သည်။ ဝါ၊ ကို။ လာဘဂ္ဂဟဏေနေဝ၊ လာဘသဒ္ဒါဖြင့်ပင်။ ဂဟိတော၊ ယူအပ်ပြီးသည်။ ကိဉ္စာပိ ဟောတိ၊ အကယ်၍ကားဖြစ်ပါပေ၏။ ပန၊ သော်လည်း။ ဣမသ္မိံ ဌာနေ၊ ဤအမျိုးမျိုးသော မဒကိုပြရာဌာန၌။ နိက္ခေပရာသိနာမ၊ မြှုပ်နှံထားအပ်သော စည်းစိမ်အစု မည်သည်ကို။ ဂဟိတော၊ ဘောဂဟူ၍ ယူတော်မူအပ်ပြီ။
တသ္မာ၊ ထိုသို့နိက္ခေပရာသိ၏ဘောဂဟူ၍ ယူတော်မူအပ်သည်၏အဖြစ်ကြောင့်။ အဝသေသာ သတ္တာ အတ္တနော၊ မိမိ၏။ ပရိဘောဂမတ္တမ္ပိ၊ သုံးဆောင်ရုံမျှလောက်ကိုလည်း။ န လဘန္တိ။ မယှံ ပန၊ ငါ၏ကား။ ဝါ၊ ငါ့မှာကား။ နိဓာနဂတဿေဝ၊ မြှုပ်နှံထားအပ်သည်၏ အဖြစ်သို့ ရောက်သည်သာလျှင်ဖြစ်သော။ ဓနဿ၊ ဥစ္စာ၏။ ပမာဏံ၊ အတိုင်းအရှည်သည်။ နတ္ထိ။ ဣတိ။ ပေ။ **ဘောဂမဒေါ**နာမ၊ စည်းစိမ်ဥစ္စာကိုစွဲ၍ဖြစ်သော မာန်ယစ်ခြင်း မည်၏။
**ဝဏ္ဏံ ပဋိစ္စာ**တိ၊ ကား။ သရီရဝဏ္ဏမ္ပိ၊ ကိုယ်အဆင်းကို၎င်း။ ဂုဏဝဏ္ဏမ္ပိ၊ ဂုဏ်သတင်းကို၎င်း။ ပဋိစ္စ၊ စွဲ၍။ (မဒေါ၌ စပ်။)
အဝသေသာသတ္တာဒုဗ္ဗဏ္ဏာ၊ မကောင်းသော အဆင်း ရှိကုန်၏။ ဝါ၊ အဆင်း မလှကုန်။ ဒုရူပါ၊ မကောင်းသောရုပ်ရှိကုန်၏။ ဝါ၊ ရုပ်မချောကုန်။ အဟံ ပန၊ ကား။ အဘိရူပေါ၊ လွန်ကဲသောအဆင်းရှိ၏။ ဝါ၊ အလွန်အဆင်းလှ၏။ ပါသာဒိကော၊ မြင်ရသူတို့၏စိတ် ကြည်လင်ခြင်းကို ဖြစ်စေနိုင်၏။
အဝသေသာ သတ္တာ နိဂ္ဂုဏာ၊ ဂုဏ်မရှိကုန်။ ပတ္ထဋအကိတ္တိနော၊ ပြန့်နှံ့သော ကျော်စောမဲ့ရှိကုန်၏။ မယှံ ပန၊ ငါ၏ကား။ ဝါ၊ ကား။ ကိတ္တိသဒ္ဒေါ၊ ကျော်စောသံသည်။ ဒေဝမနုဿေသု၊ နတ်လူတို့၌။ ပါကဋော၊ ထင်ရှား၏။ (ကိံ၊ နည်း။) ထေရော၊ ‌ထေရ်သည်။ ဣတိပိ၊ ဤ အကြောင်းကြောင့်လည်း။ ဗဟုဿုတော၊ များသော သုတရှိ၏။ ဣတိပိ။ သီလဝါ၊ သီလရှိ၏။ ဣတိပိ။ ဓုတဂုဏယုတ္တော၊ ဓုတင်ဂုဏ်နှင့်ယှဉ်၏။ (ဣတိ၊ သို့။ ပါကဋော)။ ဣတိ မဇ္ဇနဝသေန၊ (ဣတိတလုံး အကြေကြံပါ)။ ပေ။ **ဝဏ္ဏမဒေါ**နာမ၊ ကိုယ်အဆင်း ဂုဏ်သတင်းကို စွဲ၍ဖြစ်သော မာန်ယစ်ခြင်းမည်၏။
အဝသေသာ သတ္တာ အပ္ပဿုတာ၊ နည်းသောသုတ ရှိကုန်၏။ အဟံ ပန, ဗဟုဿုတော၊ များသောသုတရှိ၏။ ဣတိ။ ပေ။ **သုတမဒေါ**နာမ၊ ကြားနာအပ်သောပရိယတ်ကို စွဲ၍ဖြစ်သော မာန်ယစ်ခြင်းမည်၏။
အဝသေသာ သတ္တာ အပ္ပဋိဘာနာ၊ ရှေးရှုထင်လာသောဉာဏ် မရှိကုန်။ မယှံ ပန၊ ၏ကား။ ပဋိဘာနဿ၊ ရှေးရှုထင်လာသော ဉာဏ်၏။ ပမာဏံ နတ္ထိ။ ဣတိ။ ပေ။ **ပဋိဘာနမဒေါ** နာမ၊ ရှေးရှုထင်လာသောဉာဏ်ကို စွဲ၍ဖြစ်သော မာန်ယစ်ခြင်းမည်၏။
အဟံ၊ သည်။ ရတ္တညူ၊ ကြာမြင့်စွာသော ညဉ့်တို့ကိုသိနိုင်၏။ အသုကံ၊ ထိုမည်သော။ ဗုဒ္ဓဝံသံ၊ ဗုဒ္ဓဝင်ကို။ ဝါ၊ ဘုရားရှင်၏ အနွယ်တော်ကို။ (ဇာနာမိ၊ သိ၏။) (အသုကံ)ရာဇဝံသံ၊ ရာဇဝင်ကို။ ဝါ၊ မင်းတို့၏ အဆက်အနွယ်ကို။ (ဇာနာမိ)။ (အသုကံ)ဇနပဒဝံသံ၊ ဇနပုဒ်၏ အဆက်အနွယ်ကို။ (ဇာနာမိ)။ (အသုကံ)ဂါမဝံသံ၊ ရွာ၏အဆက်အနွယ်ကို။ (ဇာနာမိ)။ (အသုကံ)ရတ္တိန္ဒိဝပရိစ္ဆေဒံ၊ ညဉ့် နေ့ အပိုင်းအခြားကို။ (ဇာနာမိ)။ (အသုကံ) နက္ခတ္တမုဟုတ္တယောဂံ၊ နက္ခတ်နှင့် မုဟုတ်၏ယှဉ်ခြင်းကို။ (ဇာနာမိ)။ ဣတိ။ ပေ။ **ရတ္တညူမဒေါ**၊ ကြာမြင့်စွာသော ညဉ့်တို့ကို သိသူ၏အဖြစ်ကိုစွဲ၍ဖြစ်သော မာန်ယစ်ခြင်းမည်၏။ရတ္တညူ။ ။ ဤအဖွင့်အရ အသက်ကြီးရုံမျှကို "ရတ္တညူ" ဟု မခေါ်ရ၊ အသက်ကြီးသည့်အပြင် ရှေးဖြစ်ဟောင်းများကို အောက်မေ့နိုင်သော ဗုဒ္ဓဝင်, ရာဇဝင်, ဇနပုဒ်၏သမိုင်း, မြို့၏သမိုင်း စသည်ကို မှတ်မိနေသော ပုဂ္ဂိုလ်ကိုသာ "ရတ္တညူ" ဟု ခေါ်ရသည်ဟု မှတ်ပါ၊ ရတ္တိယော-လွန်ပြီးသော ညဉ့်တို့၌ ဖြစ်ခဲ့သမျှ အကြောင်းအရာတို့ကို+ဇာနာတိ-သိနိုင်၏၊ ဣတိ ရတ္တညူ။]
အဝသေသာ ဘိက္ခူ၊ တို့သည်။ အန္တရာ၊ အကြား၌။ ဝါ၊ ကြိုးကြားကြိုးကြား။ ပိဏ္ဍပါတိကာ၊ ပိဏ္ဍပါတ်ဓုတင်ဆောင်တို့သည်။ ဇာတာ၊ ဖြစ်ကုန်၏။ အဟံ ပန, ဇာတိပိဏ္ဍပါတိကော၊ ဇာတိပိဏ္ဍပါတိကတည်း။ (ရဟန်းဖြစ်သည်ကစ၍ ပိဏ္ဍပါတ်ဓုတင်ဆောင်တည်း။) ဣတိ။ ပေ။ **ပိဏ္ဍပါတိကမဒေါ**နာမ၊ ပိဏ္ဍပါတ်ဓုတင်ဆောင်သူ၏အဖြစ်ကို စွဲ၍ဖြစ်သော မာန်ယစ်ခြင်း မည်၏။
အဝသေသာသတ္တာ, ဥညာတ အဝညာတာ၊ အောက်တန်းစားဟု အသိအမှတ်ပြုအပ်ကုန်၏။ ဝါ၊ အထင်သေးခံရကုန်၏။ [အဝကို ဥပြု၍ "ဥညာတ" ဟု ဖြစ်၏။ အဝညာတ၏ပရိယာယ်ပင်တည်း။] အဟံ ပန အနုညာတော အနဝညာတော၊ အောက်တန်းစားဟု အသိအမှတ် မပြုအပ်။ ဝါ၊ အထင်သေး မခံရ။ ဣတိ။ ပေ။ **အနဝညာတမဒေါ**နာမ၊ အထင်သေး မခံရခြင်းကို စွဲ၍ဖြစ်သော မာန်ယစ်ခြင်းမည်၏။
အဝသေသာနံ၊ ငါမှကြွင်းသူတို့၏။ ဣရိယာပထော၊ ဣရိယာပုထ်သည်။ ဝါ၊ သွားပုံ ရပ်ပုံ ထိုင်ပုံ လျောင်းပုံသည်။ အပါသာဒိကော၊ မြင်ရသူတို့၏ စိတ်ကြည်လင်ခြင်းကို မဖြစ်စေတတ်။ မယှံပန၊ ၏ကား။ (ဣရိယာပထော)ပါသာဒိကော၊ ဖြစ်စေတတ်၏။ ဣတိ။ ပေ။ **ဣရိယာပထမဒေါ**နာမ၊ ဣရိယာပုထ်ကိုစွဲ၍ဖြစ်သောမာန်ယစ်ခြင်းမည်၏။
အဝသေသာ သတ္တာ ဆိန္နပက္ခကာကသဒိသာ၊ ပြတ်သောအတောင်ရှိသော ကျီးနှင့်တူကုန်၏။ အဟံ ပန မဟိဒ္ဓိကော၊ ကြီးသော တန်ခိုးရှိ၏။ မဟာနုဘာဝေါ၊ ကြီးသော အာနုဘော်ရှိ၏။ ဣတိဝါ၊ ဤသို့သော်၎င်း။ အဟံ၊ သည်။ ယံယံကမ္မံ၊ အကြင်အကြင်အမှုကို။ ကရောမိ၊ ပြုလို၏။ တံတံ၊ ထိုထိုအမှုသည်။ ဣဇ္ဈတိ၊ ပြီးစီးနိုင်၏။ ဣတိဝါ၊ သော်၎င်း။ ပေ။ **ဣဒ္ဓိမဒေါနာမ**၊ ပြီးစီးအောင်မြင်ခြင်းကို စွဲ၍ဖြစ်သော မာန်ယစ်ခြင်းမည်၏။
ဟေဋ္ဌာ၊ ၌။ ပရိဝါရဂ္ဂဟဏေန၊ ပရိဝါရသဒ္ဒါဖြင့်။ ယသော၊ အခြံအရံကို။ ဂဟိတောဝ၊ ယူအပ်ပြီးသည်သာ။ ဟောတိ။
ပန၊ သော်လည်း။ ဣမသ္မိံ ဌာနေ၊ ဤအမျိုးမျိုးသော မဒကိုပြရာ ဌာန၌။ **ပဋ္ဌာပကမဒေါ**နာမ၊ မည်သည်ကို။ (သူတပါးကို ဖြစ်စေနိုင်သော အကြီးအကဲ၏အဖြစ်ကို စွဲ၍ဖြစ်သော မာန်ယစ်ခြင်းမည်သည်ကို။)ပဋ္ဌာပကမဒေါ။ ။ အဋ္ဌကထာ စာအုပ်၌ "ဥပဋ္ဌာကမဒေါ" ဟု၎င်း, ဋီကာ၌ "ဥပဋ္ဌာပကမာနော" ဟု၎င်း ရှိ၏၊ အနုဋီကာ၌ကား "ပဋ္ဌာပကမဒေါ" ဟု ရှိ၏၊ နောက်အကျယ်၌ "အဟံ ပဋ္ဌပေမိ" ကို ထောက်လျှင် အနုဋီကာ ရှိသောပါဌ်က ကောင်းသည်၊ မိမိက သူတပါးကို ကြီးပွားအောင် ဖြစ်စေနိုင်သူ, အကြီး အကဲ အဖြစ်ဖြင့် ဩဝါဒပေးနိုင်သူကို "ပဋ္ဌာပက" ဟုခေါ်သည်၊ "ပဋ္ဌပေတီတိ ပဋ္ဌာပကော-ပဋ္ဌာပကံ+ပဋိစ္စ+မဒေါ ပဋ္ဌာပကမဒေါ" ဤကဲ့သို့ သူတပါးကို ဖြစ်စေနိုင်သူ, အကြီးအကဲ အဖြစ်ဖြင့် ဩဝါဒ ပေးနိုင်သူသည် အခြွေအရံ များသူသာဖြစ်၏၊ ထို့ကြောင့် ဤနေရာ၌ "ပဋ္ဌာပကမဒကို ယသမဒ" ဟု ခေါ်ရသည်။ ဂဟိတော။
သော၊ ထို ပဋ္ဌာပကမဒကို။ အဂါရိကေနပိ၊ လူဝတ်ကြောင်ဖြင့်၎င်း။ အနဂါရိကေနပိ၊ အဂါရိက မဟုတ်သော ရဟန်းဖြင့်၎င်း။ ဒီပေတဗ္ဗော၊ ပြထိုက်၏။
ဟိ၊ ချဲ့။ အဂါရိကော၊ အိမ်၌တည်သော။ ဧကစ္စော၊ အချို့သော လူဝတ်ကြောင်သည်။ အဋ္ဌာရသသု၊ ၁၈-ရပ်ကုန်သော။ သေဏီသု၊ အသင်းအပင်းတို့တွင်။ ဝါ၊ အပေါင်းတို့တွင်။ ဧကိဿာ၊ တခုသော အသင်းအပင်း၏။ ဇေဋ္ဌကော၊ အကြီးအကဲသည်။ ဟောတိ။ တဿ၊ ထိုအကြီးအကဲဖြစ်သော ပုဂ္ဂိုလ်၏။ အဝသေသေ၊ မိမိမှ ကြွင်းကုန်သော။ ပုရိသေ၊ တို့ကို။ အဟံ, ပဋ္ဌပေမိ၊ ဖြစ်စေရ၏။ အဟံ၊ သည်။ ဝိစာရေမိ၊ စီရင်ပေးရ၏။ ဣတိ၊ ဤသို့၎င်း။
အနဂါရိကောပိ၊ အဂါရိက မဟုတ်သူလည်းဖြစ်သော။ ဧကစ္စော၊ အချို့သော ပုဂ္ဂိုလ်သည်။ ကတ္ထ၊ တစုံတခုသောအရပ်၌။ ဇေဋ္ဌကော၊ အကြီးအကဲသည်။ ဟောတိ။ တဿ၊ ထိုအနဂါရိက အကြီးအကဲ၏။ အဝသေသာဘိက္ခူ, မယှံ၊ ၏။ ဩဝါဒေ၊ ဩဝါဒ၌။ ဝတ္တန္တိ၊ ဖြစ်ကြရကုန်၏။ အဟံ, ဇေဋ္ဌကော၊ အကြီးအကဲတည်း။ ဣတိ။ ပေ။ **ယသမဒေါ**နာမ၊ အခြံအရံကို စွဲ၍ဖြစ်သော မာန်ယစ်ခြင်းမည်၏။
အဝသေသာ သတ္တာဒုဿီလာ၊ သီလမရှိကုန်။ အဟံ ပန သီလဝါ၊ သီလရှိ၏။ ဣတိ။ ပေ။ **သီလမဒေါ**နာမ၊ သီလကိုစွဲ၍ဖြစ်သော မာန်ယစ်ခြင်းမည်၏။
အဝသေသသတ္တာနံ၊ ငါမှ ကြွင်းသော သတ္တဝါတို့၏။ ကုက္ကုဋဿ၊ ကြက်၏။ ဥဒကပါနမတ္တေပိ၊ ရေကိုသောက်ရာ အတိုင်းအရှည်ရှိသည်လည်းဖြစ်သော။ ကာလေ၊ ၌။ စိတ္တေကဂ္ဂတာ၊ စိတ်၏တခုတည်းသော အာရုံ ရှိသည်၏အဖြစ်သည်။ နတ္ထိ။ အဟံပန, ဥပစာရပ္ပနာနံ၊ ဥပစာရဈာန် အပ္ပနာဈာန်တို့ကို။ လာဘိ၊ ရခြင်းရှိ၏။ ဣတိ။ ပေ။ **ဈာနမဒေါ**နာမ၊ ဈာန်ကိုစွဲ၍ဖြစ်သော မာန်ယစ်ခြင်းမည်၏။
အဝသေသာ သတ္တာ, နိဿိပ္ပါ၊ လက်မှုပညာအတတ် မရှိကုန်။ အဟံ ပနသိပ္ပဝါ၊ လက်မှုပညာအတတ် ရှိ၏။ ဣတိ။ ပေ။ **သိပ္ပမဒေါ**နာမ၊ လက်မှုပညာအတတ်ကို စွဲ၍ဖြစ်သော မာန်ယစ်ခြင်းမည်၏။
အဝသေသာ သတ္တာ,ရဿာ၊ ပုကုန်၏။ အဟံပန ဒီဃော၊ မြင့်၏။ ဣတိ၊ ပေ။ **အာရောဟမဒေါ**နာမ၊ အရပ်အမောင်းကို စွဲ၍ဖြစ်သော မာန်ယစ်ခြင်းမည်၏။
အဝသေသာ သတ္တာ, ရဿာဝါ၊ ပုကုန်သည်သော်လည်း။ ဟောန္တိ။ ဒီဃာဝါ၊ ရှည်ကုန်သည်သော်လည်း။ (ဟောန္တိ)။ အဟံ နိဂြောဓပရိမဏ္ဍလော၊ ပညောင်ပင်၏ အဝန်းကဲ့သို့ထက်ဝန်းကျင် ဝန်းဝိုင်းသောကိုယ်ရှိ၏။ ဣတိ။ ပေ။ **ပရိဏာဟမဒေါ**နာမ၊ ကိုယ်လုံးကိုယ်ပေါက်ကို စွဲ၍ဖြစ်သော မာန်ယစ်ခြင်းမည်၏။
အဝသေသသတ္တာနံ၊ တို့၏။ သရီရသဏ္ဌာနံ၊ ကိုယ်သဏ္ဌာန်သည်။ ဝိရူပံ၊ ဖောက်ပြန်သောအဆင်းရှိ၏။ ဗီဘစ္ဆံ၊ စက်ဆုပ်ဘွယ်ရှိ၏။ မယှံ ပန(သရီရသဏ္ဌာနံ)မနာပံ၊ စိတ်ကိုတိုးပွါးစေနိုင်၏။ ဝါ၊ နှစ်သက်ဘွယ်ရှိ၏။ ပါသာဒိကံ၊ မြင်ရသူတို့၏စိတ်ကြည်လင်ခြင်းကို ဖြစ်စေနိုင်၏။ ဣတိ။ ပေ။ **သဏ္ဌာနမဒေါ**နာမ၊ ပုံသဏ္ဌာန်ကိုစွဲ၍ဖြစ်သော မာန်ယစ်ခြင်းမည်၏။
အဝသေသာနံ သတ္တာနံ သရိရေ၊ ကိုယ်၌။ ဒေါသာ၊ အပြစ်တို့သည်။ ဗဟူ၊ များကုန်၏။ မယှံ ပန သရီရေ ကေသဂ္ဂမတ္တမ္ပိ၊ တဆံဖျားမျှလည်း ဖြစ်သော။ ဝဇ္ဇံ၊ အပြစ်သည်။ နတ္ထိ။ ဣတိ။ ပေ။ **ပါရိပူရိမဒေါ**နာမ၊ ထက်ဝန်းကျင် ပြည့်စုံသောကိုယ်ကိုစွဲ၍ဖြစ်သော မာန်ယစ်ခြင်းမည်၏။
၈၄၅။ ဧတ္တကေန၊ ဤမျှ အတိုင်းရည်ရှိသော။ ဣမိနာဌာနေန၊ ဤပါဠိရပ်ဖြင့်။ သဝတ္တုကံ၊ တည်ရာဝတ္ထုနှင့်တကွ ဖြစ်သော။ (မာန၏တည်ရာ ဇာတိဂေါတ္တ။ ပေ။ ပါရိပူရိတိုင်အောင် ဝတ္ထုနှင့် တကွဖြစ်သော။) မာနံ၊ မာနကို။ ကထေတွာ၊ ဟောတော်မူပြီး၍။ ဣဒါနိ၊ ၌။ အဝတ္ထုကံ၊ တည်ရာဝတ္ထု မရှိသော။ နိဗ္ဗတ္တိတမာနမေဝ(နိဝတ္တိတမာနမေဝ)၊ ဇာတိဂေါတ္တစသော ပညတ်မှနစ်ပေအပ်သော ပရမတ္ထဖြစ်သော မာနကိုသာ။ ဒဿေန္တော၊ ကြောင့်။ တတ္ထကတမောမဒေါတိအာဒိံ အာဟ။
တံ၊ ထို တတ္ထ ကတမော မဒေါ အစရှိသော စကားရပ်သည်။ ဥတ္တာနတ္ထမေဝ။
၈၄၆။ ပမာဒနိဒ္ဒေသေ၊ ၌။ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော)။ **စိတ္တဿ ဝေါဿဂ္ဂေါ**တိ၊ ကား။ ဧတ္တကေသု၊ ဤမျှအတိုင်းအရှည်ရှိကုန်သော။ ဣမေသုဌာနေသု၊ ဤဌာနတို့၌။ (ကာယဒုစ္စရိတေစသော ပါဠိတော်လာ ဌာနတို့၌)။ သတိယာ၊ ဖြင့်။ အနိဂ္ဂဏှိတွာ၊ မနှိပ်မူ၍။ စိတ္တဿ၊ ကို။ ဝေါသဇ္ဇနံ၊ လွှတ်ထားခြင်းတည်း။
သတိဝိရဟော၊ သတိမှ ကင်းခြင်းတည်း။ ဣတိအတ္ထော။
**ဝေါသဂ္ဂါနုပ္ပါဒနန္တိ**၊ ကား။ ဝေါသဂ္ဂဿ၊ စိတ်ကိုလွှတ်ထားခြင်းကို။ အနုပ္ပဒါနံ၊ အဖန်ဖန်ဖြစ်စေခြင်းတည်း။
ပုနပ္ပုနံ၊ အဖန်ဖန်။ ဝိသဇ္ဇနံ၊ လွှတ်ထားခြင်းတည်း။ ဣတိအတ္ထော။ [စာအုပ်တို့၌ "အနုပ္ပါဒါနံ" ဟု တွေ့ရ၏။ ရှေးနိဿယ၌ "အနုပ္ပါဒနံ၊ (အနု+ဥပ္ပါဒနံ)ဟု တွေ့ရ၏။ နိဿယပါဌ်ကကောင်းမည်ထင်သည်။]
**အသက္ကစ္စကိရိယတာ**တိ၊ ကား။ ဒါနာဒီနံ၊ ဒါန အစရှိကုန်သော။ ဧတေသံ ကုသလဓမ္မာနံ၊ ဤကုသိုလ်တရားတို့ကို။ ဘာဝနာယ၊ ခြင်းငှါ။ ပုဂ္ဂလဿဝါ၊ အလှူခံပုဂ္ဂိုလ်ကိုသော်၎င်း။ ဒေယျဓမ္မဿဝါ၊ လှူထိုက်သောသဘောရှိသော ပစ္စည်းကိုသော်၎င်း။ (လှူဘွယ်ဝတ္ထုကိုသော်၎င်း။) အသက္ကစ္စကရဏဝသေန၊ သက္ကစ္စကိုမပြုခြင်း၏ အစွမ်းဖြင့်။ (မရိုမသေပြုခြင်း၏ အစွမ်းဖြင့်။) အသက္ကစ္စကိရိယာ၊ သက္ကစ္စကို မပြုခြင်းတည်း။
သတတဘာဝေါ၊ အမြဲမပြတ်သည်၏ အဖြစ်သည်။ သာတစ္စံ၊ မည်၏။
သတတဘာဝေါ၊ သည်။ န၊ မဟုတ်။ အသာတစ္စံ၊ အမြဲမပြတ်သည်၏အဖြစ် မဟုတ်။
န သာတစ္စကိရိယတာ၊ အမြဲမပြတ်သည်၏ အဖြစ်ဖြင့်ပြုခြင်းမရှိသူ၏အဖြစ်သည်။ **အသာတစ္စကိရိယတာ**၊ မည်၏။
အနဋ္ဌိတကရဏံ၊ စွဲမြဲတည်တံ့စွာ မပြုခြင်းသည်။ **အနဋ္ဌိတကိရိယတာ**၊ မည်၏။ (စွဲမြဲတည်တံ့စွာ ပြုခြင်းမရှိသူ၏ အဖြစ်မည်၏)။အနဋ္ဌိတကိရိယတာ။ ။ ဤပုဒ်၏ ပြောင်းပြန်ဖြစ်သော အဋ္ဌိတကိရိယတာကို အဋ္ဌသာလိနီ သုတ္တန္တိက နိက္ခေပကဏ္ဍအဖွင့်၌ "အဋ္ဌိတ ကိရိယတာတိ ခဏ္ဍံ အကတွာ(ကျိုးပေါက်အောင် မလုပ်ဘဲ၊) အဌပေတွာ (တန့်ရပ်၍ မထားဘဲ၊) ကရဏံ" ဟု ဖွင့်၏။ ထို့ကြောင့် တန့်ရပ်၍ ထားသော ပြုခြင်းကို "အနဋ္ဌိတကိရိယတာ" ဟု ဆိုသည်၊ ဤအဓိပ္ပါယ်ကို ထင်ရှားအောင် "ယထာနာမ ကကဏ္ဋကော" စသည်ဖြင့် အဋ္ဌကထာဆရာဖွင့်သည်။
ယထာနာမ၊ ဥပမာ မည်သည်ကား။ ကကဏ္ဋကော၊ ပုတ်သင်ညိုသည်။ ထောကံ၊ အတန်ငယ်။ (အနည်းငယ်)။ တိဋ္ဌတိ၊ ရပ်နေ၏။ နိရန္တရံ၊ အကြားမရှိအောင်။ (အဆက်မပြတ်)။ န (ဂစ္ဆတိ) ယထာ၊ သို့။ ဧဝမေဝ၊ ဤအတူသာလျှင်။ ယော ပုဂ္ဂလော၊ သည်။ ဧကဒိဝသံ၊ တနေ့၌။ ဒါနံ၊ ဒါနကို။ ဒတွာဝါ၊ ပေးပြီး၍သော်၎င်း။ ပူဇံ၊ ပူဇော်မှုကို။ ကတွာဝါ၊ ပြုပြီး၍သော်၎င်း။ ဓမ္မံ၊ တရားကို။ သုတွာဝါ၊ နာပြီး၍သော်၎င်း။ သမဏဓမ္မံ၊ ရဟန်းတရားကို။ ကတွာဝါ၊ သော်၎င်း။ ပုန၊ တဖန်။ စိရဿံ၊ ကြာမြင့်မှ။ (အကြာကြီးနေမှ။) ကရောတိ၊ ပြု၏။ နိရန္တရံ၊ အကြားမရှိအောင်။ နပဝတ္တေတိ၊ မဖြစ်စေ။ တဿ၊ ထို ပုဂ္ဂိုလ်၏။ သာကိရိယာ၊ ထို အမူအရာကို။ အနဋ္ဌိတကိရိယတာတိ၊ ဟူ၍။ ဝုစ္စတိ။
**ဩလီနဝုတ္တိတာ**တိ၊ ကား။ နိရန္တရကရဏ သင်္ခါတဿ၊ အဆက်မပြတ်ပြုခြင်းဟု ဆိုအပ်သော။ ဝိပ္ဖါရဿေဝ၊ ပျံ့နှံ့ခြင်း၏ပင်။ အဘာဝေန၊ မရှိခြင်းကြောင့်။ လီနဝုတ္တိတာ၊ လီနဝုတ္တိတာ မည်၏။ (တွန့်ဆုတ်သော ဖြစ်ခြင်းရှိသူ၏အဖြစ် မည်၏။)
**နိက္ခိတ္တဆန္ဒတာ**တိ၊ ကား။ ကုသလကိရိယာယ၊ ကုသိုလ်ကို ပြုခြင်း၌။ ဝီရိယဆန္ဒဿ၊ လုံ့လ ဝီရိယဟူသော ဆန္ဒ၏။ နိက္ခိတ္တဘာဝေါ၊ ချထားအပ်သည်၏အဖြစ်သည်။ (အတ္ထိ)။
**နိက္ခိတ္တဓုရတာ**တိ၊ ကား။ ဝီရိယဓုရဿ၊ ဝီရိယတည်း ဟူသောတာဝန်ကို။ (အားပါးထုတ်လျက် ဆောင်ရွက်ကြောင်း တာဝန်ကို)။ ဩရောပနံ၊ ချထားခြင်းတည်း။ ဩသက္ကိတမာနသတာ၊ ဆုတ်နစ်သောစိတ် ရှိသူ၏ အဖြစ်တည်း။ ဣတိအတ္ထော။
**အနဓိဋ္ဌာနန္တိ**၊ ကား။ ကုသလကရဏေ၊ ကုသိုလ်ကို ပြုခြင်း၌။ ပတိဋ္ဌာဘာဝေါ၊ တည်တံ့ခြင်း မရှိသူ၏အဖြစ်တည်း။
**အနနုယောဂေါ**တိ၊ ကား။ အနနုယုဉ္ဇနံ၊ အဖန်ဖန်အားမထုတ်ခြင်းတည်း။
**ပမာဒေါ**တိ၊ ကား။ ပမဇ္ဇနံ၊ မေ့လျော့ခြင်းတည်း။
**ယော ဧဝရူပေါ ပမာဒေါ**တိ ဣဒံ၊ သည်။ အတ္ထ ပရိယာယဿ၊ ပရိယာယ်ဖြစ်သော အနက်၏၎င်း။ ဗျဉ္ဇနပရိယာယဿစ၊ ပရိယာယ်ဖြစ်သောသဒ္ဒါ၏၎င်း။ ပရိယန္တာဘာဝတော၊ အဆုံး၏ မရှိခြင်းကြောင့်။ အာကာရဒဿနံ၊ ပမာဒ သဒ္ဒါ၏ အခြင်းအရာကို ပြခြင်းတည်း။
ဣဒံ၊ ဤ အနက်သည်။ ဝါ၊ ကို။ ဝုတ္တံ၊ ဆိုအပ်သည်။ ဝါ၊ ဆိုလိုသည်။ ဟောတိ။ (ကိံ ဝုတ္တံ ဟောတိ)။ အာဒိတော၊ အစမှ။ ပဋ္ဌာယ၊ ၍။ ဒဿိတော၊ ပြအပ်သော။ ယွာယံ(ယော+အယံ)ပမာဒေါ၊ အကြင် ပမာဒသည်။ (အတ္ထိ)။ အညောပိ၊ အခြားလည်းဖြစ်သော။ ဧဝမာကာရော၊ ဤသို့သောအခြင်းအရာရှိသော။ ဧဝံ ဇာတိကော၊ ဤသို့သော ဖြစ်ပုံဇာတ်ရှိသော။ ယော ပမာဒေါ၊ သည်။ ပမဇ္ဇနာကာရဝသေန၊ မေ့လျော့ပုံ အခြင်းအရာ၏အစွမ်းဖြင့်။ ပမဇ္ဇနာ(တိ)၊ ဟူ၍၎င်း။ ပမဇ္ဇိတဘာဝ ဝသေန၊ မေ့လျော့သောစိတ်၏ ဖြစ်ကြောင်း ဖြစ်ရာအစွမ်းဖြင့်။ ပမဇ္ဇိတတ္တံတိ၊ ဟူ၍၎င်း။ သင်္ခံ၊ ခေါ်ဝေါ်အပ်သည်၏ အဖြစ်သို့။ ဂတော၊ ရောက်ပြီ။ အယံ၊ ဤ မေ့လျော့ခြင်းကို။ ပမာဒေါတိ၊ ဟူ၍။ ဝုစ္စတိ။ (ဣတိ ဝုတ္တံ ဟောတိ။)
ပန၊ ဆက်။ လက္ခဏတော၊ လက္ခဏာအားဖြင့်။ ဧသ(ဧသော ပမာဒေါ)၊ သည်။ ပဉ္စသု၊ ကုန်သော။ ကာမဂုဏေသု၊ တို့၌။ သတိဝေါဿဂ္ဂလက္ခဏော၊ သတိကို လွှတ်ထားခြင်း လက္ခဏာ ရှိ၏။ တတ္ထေဝ၊ ထို ၅-ပါးသော ကာမဂုဏ်၌ပင်။ သတိယာ၊ သတိကို။ ဝိသဋ္ဌာကာရော၊ လွှတ်ထားခြင်း အခြင်းအရာဟူ၍။ ဝေဒိတဗ္ဗော။
၈၄၇။ ထမ္ဘနိဒ္ဒေသေ၊ ၌။ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော)။ ထဒ္ဓဋ္ဌေန၊ တောင့်မာသည်၏ အဖြစ်ဟူသော အနက်ကြောင့်။ **ထမ္ဘော**၊ ထမ္ဘ မည်၏။
ခလိယာ၊ ကစီရည်ကြောင့်။ ထဒ္ဓသာဋကဿဝိယ၊ တောင့်မာနေသော အဝတ်၏ကဲ့သို့။ စိတ္တဿ၊ စိတ်၏။ ထဒ္ဓတာ၊ တောင့်မာသည်၏ အဖြစ်ကို။ ဝါ၊ ထန်သည်၏ အဖြစ်ကို။ ဧတ္ထ၊ ဤ ထမ္ဘနိဒ္ဒေသ၌။ ကထိတာ၊ ဟောတော်မူအပ်ပြီ။
ထမ္ဘနာကာရော၊ တောင့်မာခြင်းဟူသော အခြင်းအရာသည်။ **ထမ္ဘနာ**၊ မည်၏။
ထမ္ဘိတဿ၊ တောင့်မာသော စိတ်၏။ ဝါ၊ ထန်သော စိတ်၏။ ဘာဝေါ၊ ဖြစ်ကြောင်းဖြစ်ရာသည်။ **ထမ္ဘိတတ္တံ**၊ မည်၏။
ကက္ခဠဿ၊ ခက်မာသော။ ပုဂ္ဂလဿ၊ ပုဂ္ဂိုလ်၏။ ဘာဝေါ၊ သည်။ **ကက္ခဠိယံ**၊ မည်၏။ [ဘာဝအနက်၌ ဏျ ပစ္စည်းသက်, အ ကို ဣ ပြု။]
ဖရုသဿ၊ ကြမ်းတမ်းသော။ ပုဂ္ဂလဿ, ဘာဝေါ၊ သည်။ **ဖာရုသိယံ**၊ မည်၏။
အဘိဝါဒနာဒိသာမီစိရဟာနံ၊ ရှိခိုးခြင်း အစရှိသော အရိုအသေ ပြုခြင်းကို ထိုက်ကုန်သော ပုဂ္ဂိုလ်တို့အား။ ဝါ၊ ပုဂ္ဂိုလ်တို့၏အပေါ်၌။ တဿာ သာမီစိယာ၊ ထို အရိုအသေ ပြုခြင်းကို။ အကရဏဝသေန၊ မပြုခြင်း၏ အစွမ်းဖြင့်။ ဥဇုမေဝ၊ ဖြောင့်ဖြောင့်သာလျှင်။ (မကိုင်းမညွတ်ဘဲ သာလျှင်)။ ဌပိတစိတ္တဘာဝေါ၊ ထားအပ်သောစိတ် ရှိသူ၏အဖြစ်သည်။ **ဥဇုစိတ္တတာ**၊ မည်၏။ ["ရိုးသား ဖြောင့်မတ်" ဟု ဆိုရာ၌ သုံးစွဲအပ်သော ဥဇုမျိုး မဟုတ်, လူကြီးများ၏ ရှေ့၌ မကိုင်းမညွတ်ဘဲ မတ်မတ်နေခြင်းကို "ဥဇု" ဟု ဆိုသည်။ ထိုသို့ မကိုင်းမညွတ်ဘဲ မတ်မတ်နေကြောင်း စိတ်ရှိသူကို "ဥဇုစိတ္တတာ" ဟု ဆိုသည်။]
ထဒ္ဓဿ၊ တောင့်မာသော။ ဝါ၊ ထန်သော။ အမုဒုနော၊ မနူးညံ့သော ပုဂ္ဂိုလ်၏။ ဘာဝေါ၊ သည်။ **အမုဒုတာ**၊ မည်၏။
**အယံ ဝုစ္စတီ**တိ၊ ကား။ အယံ၊ ဤ တောင့်မာ ခက်ထန်သော သဘောကို။ ထမ္ဘောနာမ၊ ထမ္ဘမည်၏ ဟူ၍။ ဝုစ္စတိ၊ ၏။ ယေန၊ အကြင် ထမ္ဘတရားနှင့်။ သမန္နာဂတော၊ ပြည့်စုံသော။ ပုဂ္ဂလော၊ သည်။ ဂိလိတနင်္ဂလသီသော၊ မျိုအပ်သော ထွန်တုံး၏ အဦးရှိသော။ ဝါ၊ ထွန်တုံးအဦးကို မျိုထားသော။ အဇဂရောဝိယ၊ စပါးကြီးမြွေသည်ကဲ့သို့၎င်း။ ဝါတဘရိတာ၊ လေဖြင့်ပြည့်သော။ ဘသ္တဝိယ၊ ဖားဖိုသည်ကဲ့သို့၎င်း။ စေတိယံ ဝါ၊ စေတီတော်ကိုသော်၎င်း။ ဝုဍ္ဎတရေဝါ၊ သီတင်းကြီးကုန်သော ပုဂ္ဂိုလ်တို့ကိုသော်၎င်း။ ဒိသွာ၊ မြင်၍။ ဩနမိတုံ၊ ကိုင်းညွတ်ခြင်းငှါ။ န သက္ကောတိ၊ မစွမ်းနိုင်။ ပရိယန္တေနေဝ၊ အစွန်အဖျား အရပ်ဖြင့်သာလျှင်။ စရတိ၊ လှည့်လည်၏။ [ဆရာကြီးတို့၏ အနီးသို့ ရောက်သွားလျှင် အရိုအသေပေးရမည်စိုးသောကြောင့် အစွန်အဖျား အရပ်ဖြင့်သာ လှည့်လည် သွားလာ၏" ဟူလို။]
သွာယံ၊ ထိုထမ္ဘသည်။ စိတ္တဿ၊ ၏။ ဥဒ္ဓုမာတဘာဝလက္ခဏော၊ ဖူးရောင်သည်၏အဖြစ်ဟူသော လက္ခဏာရှိ၏။ ဣတိ ဝေဒိတဗ္ဗော။
၈၄၈။ သာရမ္ဘနိဒ္ဒေသေ၊ ၌။ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော)။ သာရမ္ဘနဝသေန၊ လွန်စွာချုပ်ချယ်ခြင်း၏ အစွမ်းဖြင့်။ **သာရမ္ဘော**၊ မည်၏။
ပဋိပ္ဖရိတွာ၊ တဖန်ဖြန့်၍။ သာရမ္ဘော၊ လွန်စွာချုပ်ချယ်ခြင်းသည်။ **ပဋိသာရမ္ဘော**၊ မည်၏။
သာရမ္ဘနာကာရော၊ လွန်စွာချုပ်ချယ်ခြင်းဟူသောအခြင်းအရာသည်။ **သာရမ္ဘနာ**၊ မည်၏။
ပဋိပ္ဖရိတွာ၊ တဖန်ဖြန့်၍။ သာရမ္ဘနာ၊ လွန်စွာချုပ်ချယ်ခြင်းသည်။ **ပဋိသာရမ္ဘနာ**၊ မည်၏။
ပဋိသာရမ္ဘိတဿ၊ တဖန်လွန်စွာ ချုပ်ချယ်ခြင်းရှိသောပုဂ္ဂိုလ်၏။ ဘာဝေါ၊ သည်။ **ပဋိသာရမ္ဘိတတ္တံ**၊ မည်၏။
**အယံ ဝုစ္စတီ**တိ၊ ကား။ အယံ၊ ဤချုပ်ချယ်ခြင်းသဘောကို။ သာရမ္ဘောနာမ၊ မည်၏ဟူ၍။ ဝုစ္စတိ၊ ၏။
သွာယံ၊ ထို သာရမ္ဘကို။ လက္ခဏတော၊ လက္ခဏာအားဖြင့်။ ကရဏုတ္တရိယလက္ခဏောနာမ၊ ပြုခြင်းအားဖြင့် သာလွန်လိုသည်၏ အဖြစ်ဟူသောလက္ခဏာရှိသည်မည်၏ဟူ၍။ ဝုစ္စတိ၊ ၏။**ကရဏုတ္တရိယ လက္ခဏော နာမ။** ။ ကရဏဿ၊ သူတပါး ပြုခြင်းထက်။ ဥတ္တရကိရိယာ၊ လွန်အောင် ပြုခြင်းသည်။ ကရဏုတ္တရိယံ၊ မည်၏။-ဋီကာ။ ဤဋီကာ အဖွင့်သည် အဓိပ္ပါယ်ဖွင့်သာတည်း၊ ဥတ္တရဿ+ဘာဝေါ ဥတ္တရိယံ၊ ကရဏေန+ဥတ္တရိယံ၊ ကရဏုတ္တရိယံ၊ ပြုခြင်းအားဖြင့် သာလွန်သည်၏ အဖြစ်။ ဤသို့ အနုဋီကာဖွင့်၏။ ဤအဖွင့်ကား သဒ္ဒတ္ထအဖွင့်တည်း၊ သာရမ္ဘေန၊ ချုပ်ချယ်ခြင်းအားဖြင့်။ ပရဿ၊ ၏။ ကိရိယတော၊ ပြုခြင်းထက်။ ဥတ္တရိကိရိယာ၊ သာလွန်၍ ပြုခြင်းတည်း။-အနု။ ယေန၊ ယင်းသာရမ္ဘနှင့်။ သမန္နာဂတော၊ သော။ ပုဂ္ဂလော၊ သည်။ တဒ္ဒိဂုဏံ တဒ္ဒိဂုဏံ၊ ထို့ထက်နှစ်ဆတက်, ထို့ထက်နှစ်ဆတက်ကို။ (သူ့ ထက်နှစ်ဆတက်, သူ့ ထက်နှစ်ဆတက်ကို။) ကရောတိ၊ ပြုတတ်၏။
အဂါရိကော၊ အိမ်၌တည်သူ လူဝတ်ကြောင်သည်။ သမာနော၊ သော်။ ဧကေန၊ တယောက်သည်။ ကေသ္မိံ၊ တခုသော။ ဃရဝတ္ထုသ္မိံ၊ အိမ်ရာကို။ သဇ္ဇိတေ၊ စီမံအပ်သော်။ အပရော၊ အခြားတယောက်သည်။ ဒွေ၊ နှစ်ခုကုန်သော။ ဝတ္ထူနိ၊ အိမ်ရာတို့ကို။ သဇ္ဇေတိ၊ စီမံ၏။ အပရော၊ သည်။ စတ္တာရိ(ဝတ္ထူနိ သဇ္ဇေတိ)။ အပရော, အဋ္ဌ(ဝတ္ထူနိ သဇ္ဇေတိ)။ အပရော သောဠသ (ဝတ္ထူနိ သဇ္ဇေတိ)။
အနဂါရိကော၊ အဂါရိက မဟုတ်သောရဟန်းသည်။ သမာနော၊ သော်။ ဧကေန၊ တပါးသောရဟန်းသည်။ ဧကသ္မိံ၊ တခုသော။ နိကာယေ၊ နိကာယ်ကို။ ဂဟိတေ၊ သင်ယူအပ်သော်။ အဟံ၊ ငါသည်။ ဧတဿ၊ ဤရဟန်း၏။ ဟေဋ္ဌာ၊ အောက်၌။ ဝါ၊ အောက်က။ န ဘဝိဿာမိ၊ မဖြစ်အံ့။ ဣတိ၊ ဤသို့ကြံ၍။ အပရော၊ တပါးသောရဟန်းသည်။ ဒွေ(နိကာယေ)ဂဏှာတိ။ အပရောတယော(နိကာယေဂဏှာတိ)၊ အပရော စတ္တာရော (နိကာယေဂဏှာတိ)။ အပရောပဉ္စ(နိကာယေ ဂဏှာတိ)။
ဟိ၊ မှန်။ သာရမ္ဘဝသေန၊ လွန်စွာ ချုပ်ချယ်ခြင်း၏အစွမ်းဖြင့်။ ဂဟိတုံ၊ သင်ယူခြင်းငှါ။ န ဝဋ္ဋတိ၊ မသင့်။
ဧသ (ဧသော)၊ ဤချုပ်ချယ်ခြင်းသဘောတရားသည်။ အကုသလပက္ခော၊ အကုသိုလ်၏အဘို့ဖြစ်သော။ နိရယဂါမိမဂ္ဂေါ၊ ငရဲသို့သွားကြောင်းလမ်းတည်း။
ပန၊ ကား။ ကုသလပက္ခဝသေန၊ ကုသိုလ်အဘို့၏အစွမ်းဖြင့်။ ဧကသ္မိံ၊ တယောက်သည်။ ဧကံ၊ တခုသော။ သလာကဘတ္တံ၊ သလာကဘတ်ကို။ ဒေန္တေ၊ လှူလသော်။ ဒွေ၊ နှစ်ခုသောသလာကဘတ်တို့ကို။ ဒါတုံ၊ ငှါ၎င်း။ (ဝဋ္ဋတိ)။ ဒွေ၊ တို့ကို။ ဒေန္တေ၊ သော်။ စတ္တာရိ၊ လေးခုကုန်သောသလာကဘတ်တို့ကို။ ဒါတုံ ဝဋ္ဋတိ။
ဘိက္ခုနာပိ၊ ရဟန်းသည်လည်း။ ပရေန၊ တပါးသောရဟန်းသည်။ ဧကသ္မိံ၊ တခုသော။ နိကာယေ၊ ကို။ ဂဟိတေ၊ သော်။ ဒွေ နိကာယေ၊ တို့ကို။ ဂဟေတွာ၊ သင်ယူ၍။ သဇ္ဈာယန္တဿ၊ သရဇ္ဈာယ်လသော်။ ဝါ၊ သော။ မေ၊ ငါ့အား။ ဖာသု၊ ချမ်းသာခြင်းသည်။ ဟောတိ။ ဣတိ၊ သို့။ ဝိဝဋ္ဋပက္ခေ၊ ဝဋ်မှကင်းသော နိဗ္ဗာန်သို့ရောက်ကြောင်းအဘို့၌။ ဌတွာ၊ တည်၍။ တဒုတ္တရိ၊ ထို့ထက်အလွန်။ (သူတပါးထက် သာလွန်အောင်။) ဂဏှိတုံ ဝဋ္ဋတိ။
၈၄၉။ အတြိစ္ဆတာနိဒ္ဒေသေ၊ ၌။ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော)။ အရိယဝံသသုတ္တေ၊ အရိယဝံသသုတ်၌။ (စတုက္ကအင်္ဂုတ္တိုရ်, ပဌမပဏ်, ဥရုဝေလဝဂ်, အရိယဝံသသုတ်၌။) လာမကလာမကဋ္ဌော၊ ညံ့သောပစ္စည်း, ညံ့သောပစ္စည်းဟူသော အနက်သည်။ ဣတရီတရဋ္ဌော၊ ဣတရီတရအနက်သည်။ (ဟောတိ)ယထာ၊ သို့။ ဧဝံ၊ တူ။ (ဣတရီတရဋ္ဌံ၊ ဣတရီတရအနက်ကို။ ဝါ၊ ညံ့သောပစ္စည်း, ညံ့သောပစ္စည်းဟူသောအနက်ကို။) အဂ္ဂဟေတွာ၊ မယူမူ၍။ စီဝရာဒီသု၊ သင်္ကန်းအစရှိသော ဝတ္ထုတို့တွင်။ ယံယံ၊ အကြင်အကြင် ဝတ္ထုသည်။ ဝါ၊ ကို။ လဒ္ဓံ၊ ရအပ်ပြီးသည်။ ဟောတိ။ တေန တေန၊ ထိုထိုရအပ်ပြီးသောဝတ္ထုဖြင့်။ **အသန္တုဋ္ဌဿ**၊ မတင်းတိမ်မရောင့်ရဲသော ရဟန်း၏။ (ဘိယျော ကမျတာ၌စပ်။)
ပန၊ ကား။ ရူပ။ ပေ။ ဖောဋ္ဌဗ္ဗေသု၊ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့တွင်။ ယံယံ၊ အကြင်အကြင်အာရုံသည်။ ဝါ၊ ကို။ လဒ္ဓံ ဟောတိ။ တေန တေန၊ ထိုထိုရအပ်သော အာရုံဖြင့်။ အသန္တုဋ္ဌဿ ဂိဟိနောဝါ၊ လူဝတ်ကြောင်၏သော်လည်း။ (ဘိယျော ကမျတာ၌စပ်။)
**ဘိယျောကမျတာ**တိ၊ ကား။ ဝိသေသကာမတာ၊ အထူးကိုအလိုရှိသူ၏အဖြစ်သည်။ (အတ္ထိ)။
ဣစ္ဆနကဝသေန၊ လိုချင်ခြင်း၏အစွမ်းဖြင့်။ **ဣစ္ဆာ**၊ ဣစ္ဆာမည်၏။
ဣစ္ဆာဝ၊ လိုချင်ခြင်းသည်ပင်။ **ဣစ္ဆာဂတာ**၊ ဣစ္ဆာဂတာမည်၏။ [ဂတအနက် မရှိ။] ဝါ၊ တနည်း။ ဣစ္ဆနာကာရော၊ လိုချင်ခြင်းဟူသောအခြင်းအရာသည်။ (ဣစ္ဆာဂတာ၊ မည်၏။) [ဣစ္ဆာယ၊ လိုချင်ခြင်း၏။ ဂမနာ ပဝတ္တနာ၊ ဖြစ်ပုံအခြင်းအရာတည်း။ ဣစ္ဆာဂတာ၊ ရာ။]
အတ္တနော၊ ၏။ လာဘံ၊ ရအပ်သောပစ္စည်းကို။ အတိစ္စ၊ ကျော်လွန်၍။ ဣစ္ဆနဘာဝေါ၊ လိုချင်ခြင်းရှိသူ၏အဖြစ်သည်။ **အတိစ္ဆတာ**၊ မည်၏။
**ရာဂေါ**တိအာဒီနိ၊ ရာဂအစရှိသော ပုဒ်တို့သည်။ ဟေဋ္ဌာ၊ ၌။ ဝုတ္တတ္ထာနေဝ။
**အယံ ဝုစ္စတီ**တိ၊ ကား။ အယံ၊ ဤလွန်၍လိုချင်ခြင်းကို။ အတိစ္ဆတာနာမ၊ မည်၏ဟူ၍။ ဝုစ္စတိ။
**အတြိစ္ဆတာ**တိပိ၊ အတြိစ္ဆတာဟူသောအမည်သည်လည်း။ ရတိဿာဧဝ၊ ဤအတိစ္ဆတာ၏ပင်။ နာမံ၊ အမည်တည်း။ [အတြ၊ ဟိုဟာဟိုဟာ၌။ ဣစ္ဆတာ အတြိစ္ဆတာ။ အတိစ္ဆတာနှင့် အဓိပ္ပါယ်တူသော်လည်း အနက်မတူပါ။ ဤအတိစ္ဆတာ အတြိစ္ဆတာပုဒ်တို့၏ ရုပ်ပြီးပုံကို ဋီကာ၌ရှုပါ။]
ပန၊ သဘာဝတ္ထမှတပါး, လက္ခဏတ္ထကား။ လက္ခဏတော၊ လက္ခဏာအားဖြင့်။ သကလာဘေ၊ မိမိရအပ်သောပစ္စည်း၌။ အသန္တုဋ္ဌိ၊ မတင်းတိမ်ခြင်းသည်၎င်း။ ပရလာဘေ၊ သူတပါးရအပ်သောပစ္စည်း၌။ ပတ္ထနာစ၊ တောင့်တခြင်းသည်၎င်း။ (အတ္ထိ)။ ဧတံ၊ ဤ မိမိရအပ်သောပစ္စည်း၌ မတင်းတိမ်နိုင်ခြင်း, သူတပါးရအပ်သောပစ္စည်း၌ တောင်းတခြင်းသည်။ အတြိစ္ဆတာလက္ခဏံ၊ အတြိစ္ဆတာ၏လက္ခဏာတည်း။
ဟိ၊ မှန်။ အတြိစ္ဆပုဂ္ဂလဿ၊ ဟိုဟာ ဟိုဟာ၌ လိုချင်ခြင်းရှိသောပုဂ္ဂိုလ်၏စိတ်၌။ ဝါ၊ မိမိဟာမှတပါး, ဟိုဟာဟိုဟာ၌ လိုချင်ခြင်းရှိသော ပုဂ္ဂိုလ်၏စိတ်၌။ အတ္တနာ၊ သည်။ လဒ္ဓံ၊ ရအပ်သော။ ပဏီတမ္ပိ၊ မွန်မွန်မြတ်မြတ်ပစ္စည်းသည်လည်း။ လာမကံဝိယ၊ ညံ့သော ပစ္စည်းသည်ကဲ့သို့။ ခါယတိ၊ ထင်၏။ ပရေန၊ သူတပါးသည်။ လဒ္ဓံ၊ သော။ လာမကမ္ပိ၊ ညံ့သောပစ္စည်းသည်လည်း။ ပဏီတံဝိယ၊ အမွန်အမြတ်သည်ကဲ့သို့။ ခါယတိ၊ ထင်၏။
ဧကဘာဇနေ၊ တအိုးတည်း၌။ ပက္ကာ၊ ကျိုအပ်သော။ ယာဂုဝါ၊ ယာဂုသည်၎င်း။ ["ပက္ကာယာဂု" ဟုဝါကျရှိမှ နောက်ပုဒ်များသို့ လိုက်၍ ကောင်းသည်။] (ပက္ကံ)၊ ချက်အပ်သော။ ဘတ္တံဝါ၊ ထမင်းသည်၎င်း။ (ပက္ကော)၊ ကြော်အပ်သော။ ပူပေါဝါ၊ မုန့်သည်၎င်း။ အတ္တနော၊ ၏။ ပတ္တေ၊ သပိတ်၌။ ပက္ခိတ္တော၊ ထည့်အပ်သည်။ (သမာနော)လာမကော ဝိယ၊ ညံ့သကဲ့သို့။ (ခါယတိ)။ ပရဿ၊ ၏။ ပတ္တေ(ပက္ခိတ္တောသမာနော)ပဏီတောဝိယ၊ မွန်မြတ်သကဲ့သို့။ ခါယတိ။
ပန၊ ဆက်။ အယံအတြိစ္ဆတာ၊ သည်။ ပဗ္ဗဇိတာနမ္ပိ၊ ရသေ့ ရဟန်းတို့၏ သန္တာန်၌၎င်း။ ဂိဟိနမ္ပိ၊ လူဝတ်ကြောင်တို့၏ သန္တာန်၌၎င်း။ တိရစ္ဆာနဂတာနမ္ပိ၊ တိရစ္ဆာန်တို့၏ သန္တာန်၌၎င်း။ ဟောတိ၊ ဖြစ်တတ်သည်သာ။
တတြ၊ ထိုအတိစ္ဆတာ အတြိစ္ဆတာဖြစ်ရာ၌။ ဣမာနိ၊ ဤဆိုအပ်လတ္တံ့တို့ကား။ ဝတ္ထူနိ၊ ဝတ္ထုတို့တည်း။ ကိရ၊ ချဲ့။ ဧကော၊ သော။ ကုဋုမ္ဗိကော၊ သူကြွယ်သည်။ တိံသ၊ သုံးကျိပ်သော။ ဘိက္ခုနိယော၊ ဘိက္ခုနီတို့ကို။ နိမန္တေတွာ၊ ပင့်ဖိတ်၍။ သပူပံ၊ မုန့်တို့နှင့်တကွဖြစ်သော။ ဘတ္တံ၊ ဆွမ်းကို။ အဒါသိ၊ လှူပြီ။
သံဃတ္ထေရီ၊ သံဃာ၏ ထေရ်ဖြစ်သော ဘိက္ခုနီသည်။ သဗ္ဗဘိက္ခုနီနံ၊ အလုံးစုံသော ဘိက္ခုနီတို့၏။ ပတ္တေ၊ သပိတ်၌။ ပူပံ၊ ရအပ်သော မုန့်ကို။ ပရိဝတ္တာပေတွာ၊ မိမိမုန့်ဖြင့်လဲလှယ်စေ၍။ ပစ္ဆာ၊ နောက်ဆုံး၌။ အတ္တနာ၊ သည်။ လဒ္ဓမေဝ၊ ရအပ်သောမုန့်ကိုသာ။ ခါဒိ၊ စားပြီ။ [အခြားဘိက္ခုနီတို့၏ သပိတ်ထဲ၌ရှိသောမုန့်ကို မိမိမုန့်ထက် ကောင်းမည်ထင်သောကြောင့် ထပ်ခါ ထပ်ခါ လဲလှယ်ပြီး၍ နောက်ဆုံး၌ မထူးသောကြောင့် မိမိရအပ်သောမုန့်ကိုပင် စားရသည်ဟူလို။]
ဗာရာဏသိရာဇာပိ၊ ဗာရာဏသီမင်း တယောက်သည်လည်း။ အင်္ဂါရပက္ကမံသံ၊ မီးကျီး၌ကင်အပ်သောအသားကို။ ခါဒိဿာမိ၊ ခဲစားအံ့။ ဣတိ၊ ဤသို့ကြံ၍။ [တောထဲ၌သမင်စသည်ကိုပစ်၍လတ်လတ်ဆတ်ဆတ်မီးကင်၍စားမည်ဟုကြံ၍။] ဒေဝိံ၊ မိဖုရားကို။ အာဒါယ၊ ခေါ်ယူ၍။ အရညံ၊ တောသို့။ ပဝိဋ္ဌော၊ ဝင်ပြီးသည်။ (ဟုတွာ)ဧကံ၊ တကောင်သော။ ကိန္နရိံ၊ ကိန္နရီမကို။ ဒိသွာ၊ မြင်၍။ ဒေဝိံ၊ မိဖုရားကို။ ပဟာယ၊ ပယ်စွန့်၍။ တဿာ၊ ထိုကိန္နရီမ၏။ အနုပဒံ၊ ခြေရာအစဉ်သို့။ ဂတော၊ လိုက်ပြီ။ [အတြိစ္ဆတာဖြစ်ပုံကိုပြသည်။ မိဖုရားကိုလွန်၍ ကိန္နရီမကို ကြိုက်သောကြောင့် ပယ်စွန့်သည်။]
ဒေဝီ၊ မိဖုရားသည်။ နိဝတ္တိတွာ၊ ပြန်နစ်၍။ အဿမပဒံ၊ သင်္ခမ်းကျောင်းသို့။ ဂန္တွာ၊ သွား၍။ ကသိဏပရိကမ္မံ၊ ကသိုဏ်းပရိကမ်ကို။ ကတွာ၊ ပြု၍။ အဋ္ဌ, သမာပတ္တိယော၊ သမာပတ်တို့သို့၎င်း။ ပဉ္စ၊ ကုန်သော။ အဘိညာယောစ၊ အဘိညာဉ်တို့သို့၎င်း။ ပတွာ၊ ရောက်၍။ နိသိန္နာ၊ ထိုင်နေသည်။ (သမာနာ၊ ဖြစ်စဉ်။) ရာဇာနံ၊ မင်းကို။ အာဂစ္ဆန္တံ၊ မိမိအထံသို့ ပြန်လာသည်ကို။ ဒိသွာ၊ ၍။ အာကာသေ၊ ကောင်းကင်သို့။ ဥပ္ပတိတွာ၊ ပျံတက်၍။ အဂမာသိ၊ သွားပြီ။
ရုက္ခေ၊ သစ်ပင်၌။ အဓိဝတ္ထာ၊ စိုးအုပ်၍နေသော။ ဒေဝတာ၊ ရုက္ခဇိုဝ်းနတ်သည်။ ဣမံ ဂါထံ၊ ကို။ အာဟ၊ (ပြက်ရယ်ပြုသောအားဖြင့်)ပြောပြီ။
(ကိံ၊ နည်း။) အတြိစ္ဆံအတိလောဘေန။ ပေ။ အဟံဝအသိတာဘုယာတိ၊ ဟူ၍။ (အာဟ)။ [စန္ဒကိန္နရိံ၊ စန္ဒာမည်သော ကိန္နရီမကို။ ပတ္ထယန္တော၊ တောင့်တသော။ အဟံ၊ ငါသည်။ (ဗာရာဏသီမင်းဖြစ်သော ငါသည်။) အသိတာဘုယာ၊ အသိတာဘူမိဖုရားမှ။ (ဟာယတိ)ဣဝ၊ ယုတ်လျော့ဆုံးရှုံးရသကဲ့သို့။ ဧဝံ၊ တူ။ အတိလောဘေန၊ လွန်စွာလိုချင်သောလောဘဖြင့်၎င်း။ အတိလောဘမဒေနစ၊ လွန်၍ လိုချင်ခြင်းဟူသော မာန်ယစ်ခြင်းဖြင့်၎င်း။ အတြိစ္ဆံ၊ လွန်၍ လိုချင်သောပုဂ္ဂိုလ်သည်။ (မိမိရအပ်သောအာရုံမှတပါး ဟိုအာရုံ ဟိုအာရုံ၌ လိုချင်တတ်သော ပုဂ္ဂိုလ်သည်။) အတ္တမှာ၊ မိမိစီးပွါးမှ။ (မိမိယူအပ်ပြီး ရအပ်ပြီးသောစီးပွါးမှ။) ဟာယတိ၊ ယုတ်လျော့ဆုံးရှုံးရ၏။ မင်းကို ပြောင်လှောင်သောဂါထာဖြစ်၍ "အဟံဝ" ဟု ဆိုထားသည်။ စာအုပ်တို့၌ "အတ္ထမှာ" ဟုရှိသော်လည်း ဋီကာ၌ "အတ္ထ" ကို မဖွင့်။ "အတ္တာ" ကိုသာဖွင့်သည်။]
စန္ဒကိန္နရိံ၊ စန္ဒာမည်သော ကိန္နရီမကို။ ပတ္ထယန္တော၊ တောင့်တသော။ (အဟံ၊ ဗာရာဏသီမင်းဖြစ်သော ငါသည်။) အသိတာဘုယာ၊ အသိတာဘူမည်သော။ ရာဇဓီတာယ၊ မင်းသ္မီးမှ။ ဟီနော ပရိဟီနောယထာ၊ ယုတ်လျော့ဆုံးရှုံးရသကဲ့သို့။ ဧဝံ၊ တူ။ အတြိစ္ဆံ၊ လွန်၍လိုချင်သောပုဂ္ဂိုလ်သည်။ အတိလောဘေန၊ လွန်၍လိုချင်သောလောဘဖြင့်။ အတ္တမှာ၊ မိမိစီးပွါးမှ။ ဟာယတိ၊ ယုတ်လျော့ရ၏။ ဇီယတိ၊ ဆုံးရှုံးရ၏။ ဣတိ၊ ဤသို့။ ဒေဝတာ၊ ရုက္ခဇိုဝ်းနတ်သည်။ ရညာ၊ ဗာရာဏသီမင်းနှင့်။ သဒ္ဓိံ၊ တကွ။ ကေဠိံ၊ ပြက်ရယ် ပြောင်လှောင်မှုကို။ အကာသိ၊ ပြုပြီ။
ကဿပဗုဒ္ဓကာလေပိ၊ ကဿပဘုရားရှင်၏ လက်ထက်တော်အခါ၌လည်း။ မိတ္တဝိန္ဒကောနာမ၊ မိတ္တဝိန္ဒက မည်သော။ သေဋ္ဌိပုတ္တော၊ သူဋ္ဌေးသားသည်။ အဿဒ္ဓေါ၊ သဒ္ဓါမရှိသည်။ အပ္ပသန္နော၊ ရတနာသုံးပါးတို့၌ မကြည်ညိုသည်။ (ဟောတိ)။ မာတရာ၊ အမိသည်။ တာတ၊ ချစ်သား။ အဇ္ဇ၊ ယနေ့။ ဥပေါသထိကော၊ ဥပုသ်စောင့်သည်။ ဟုတွာ၊ ၍။ ဝိဟာရေ၊ ကျောင်း၌။ သဗ္ဗရတ္တိံ၊ အလုံးစုံသောညဉ့်ပတ်လုံး။ ဓမ္မဿဝနံ၊ တရားနာခြင်းကို။ သုဏ၊ နာပါလော့။ ["ဓမ္မဿဝနနှင့် သုဏ" ကို အဘေဒဘေဒူပစာ ကြံပါ။] (တနည်း)ဓမ္မဿဝနံ၊ ကြားနာအပ်သော တရားကို။ သုဏ၊ နာပါလော့။ တေ၊ သင် ချစ်သားအား။ သဟဿံ၊ အသပြာတထောင်ကို။ ဒဿာမိ၊ ပေးပါအံ့။ ဣတိ၊ ဤသို့။ ဝုတ္တေ၊ ပြောဆိုအပ်သော်။ ဓနလောဘေန၊ ဥစ္စာကို လိုချင်ခြင်းကြောင့်။ ဥပေါသထင်္ဂါနိ၊ ဥပုသ် အင်္ဂါတို့ကို။ သမာဒါယ၊ ကောင်းစွာ ယူ၍။ ဝါ၊ ဆောက်တည်၍။ ဝိဟာရံ၊ သို့။ ဂန္တွာ။ ဣဒံ ဌာနံ၊ ဤဓမ္မာသန၏အောက်အရပ်သည်။ အကုတောဘယံ၊ မည်သို့သော အကြောင်းကြောင့်မျှ ဘေးမရှိ။ ဣတိ၊ သို့။ သလ္လက္ခေတွာ၊ မှတ်သား၍။ ဓမ္မာသနဿ၊ ဓမ္မာသန၏။ ဟေဋ္ဌာ၊ အောက်၌။ နိပန္နော၊ လျောင်းလျက်။ သဗ္ဗရတ္တိံ၊ အလုံးစုံသော ညဉ့်ပတ်လုံး။ နိဒ္ဒါယိတွာ၊ အိပ်၍။ ဃရံ၊ အိမ်သို့။ အဂမာသိ၊ ပြန်သွားပြီ။
မာတာ၊ အမိသည်။ ပါတောဝ၊ စောစော၌ပင်။ ယာဂုံ၊ ကို။ ပစိတွာ၊ ကျို၍။ ဥပနာမေသိ၊ အနီးသို့ညွတ်စေပြီ။
သော၊ ထို မိတ္တမိန္ဒကသည်။ သဟဿံ၊ အသပြာတထောင်ကို။ ဂဟေတွာဝ၊ ယူပြီး၍သာလျှင်။ (ယူပြီးမှသာလျှင်)။ ယာဂုံ၊ ယာဂုကို။ ပိဝိ၊ သောက်ပြီ။
အထ၊ ထိုမှ နောက်၌။ အဿ၊ ထို မိတ္တဝိန္ဒက၏။ ဧတံ၊ ဤအကြံသည်။ အဟောသိ၊ ပြီ။
(ကိံ)။ ဓနံ၊ ဥစ္စာကို။ သံဟရိဿာမိ၊ စုဆောင်းအံ့။ (အသပြာတထောင်ကို အရင်းအနှီးလုပ်၍ စုဆောင်းအံ့-ဟူလို။) ဣတိ၊ ဤအကြံသည်။ (အဟောသိ)။
သော၊ ထိုမိတ္တဝိန္ဒကသည်။ နာဝါယ၊ လှေဖြင့်။ သမုဒ္ဒံ၊ သမုဒြာသို့။ ပက္ခန္ဒိတုကာမော၊ ဝင်ခြင်းငှါ အလိုရှိသည်။ (သွားခြင်းငှါ အလိုရှိသည်။) အဟောသိ၊ ပြီ။
အထ၊ ထိုအခါ၌။ နံ၊ ထိုမိတ္တဝိန္ဒကကို။ မာတာ၊ အမိသည်။ တာတ၊ ချစ်သား။ ဣမသ္မိံ ကုလေ၊ ဤအမျိုး၌။ (ဤအိမ်၌)။ စတ္တာလီသကောဋိဓနံ၊ ကုဋေလေးဆယ်သော ဥစ္စာသည်။ အတ္ထိ၊ ရှိ၏။
ဂမနေန၊ သွားခြင်းဖြင့်။ အလံ၊ အကျိုးမရှိပါ။ ဣတိ၊ ဤသို့။ ဝါရေသိ၊ တားမြစ်ပြီ။
သော၊ ထို မိတ္တဝိန္ဒကသည်။ တဿာ၊ ထိုအမိ၏။ ဝစနံ၊ စကားကို။ အနာဒိယိတွာ၊ မနာယူမူ၍။ ဂစ္ဆတိ ဧဝ၊ သွားသည်သာ။
သာ၊ ထိုအမိသည်။ ပုရတော၊ ရှေ့၌။ ဝါ၊ ရှေ့က။ အဋ္ဌာသိ၊ ရပ်ပြီ။ (မသွားအောင်တားသောအားဖြင့် ရပ်နေပြီ)။
အထ၊ ထိုအခါ၌။ နံ၊ ထိုအမိကို။ ကုဇ္ဈိတွာ၊ စိတ်ဆိုး၍။ အယံ၊ ဤမိန်းမကြီးသည်။ မယှံ၊ ငါ၏။ ပုရတော၊ ရှေ့၌။ ဝါ၊ ရှေ့က။ တိဋ္ဌတိ၊ ရပ်နေဘိ၏။ ဣတိ၊ ဤသို့ပြော၍။ ပါဒေန၊ ခြေဖြင့်။ ပဟရိတွာ၊ ပုတ်ခတ်၍။ ပတိတံ၊ လဲနေသော။ မာတရံ၊ အမိကို။ အန္တရံ ကတွာ၊ အကြား၌ ထား၍။ ဝါ၊ ကျော်၍။ အဂမာသိ၊ သွားပြီ။
မာတာ၊ သည်။ ဥဋ္ဌဟိတွာ၊ ထ၍။ ပုတ္တ၊ သားမိုက်။ တွံ၊ သင်သည်။ မာဒိသာယ၊ ငါကဲ့သို့ ရှုအပ်သော။ မာတရိ၊ အမိ၏အပေါ်၌။ ဧဝရူပံ၊ ဤသို့ သဘောရှိသော။ ကမ္မံ၊ အမှုကို။ ကတွာ၊ ပြု၍။ ဂတဿ၊ သွားသော။ မေ၊ ငါ၏။ ဝါ၊ ငါ့မှာ။ ဂတဋ္ဌာနေ၊ ရောက်အပ်သောအရပ်၌။ သုခံ၊ ချမ်းသာသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ဣတိ ဧဝံ သညံ၊ ဤသို့သော အမှတ်ကို။ မာ အကာသိ၊ မပြုလင့်။ [သီဟိုဠ်မူအတိုင်း အနက်ပေးသည်။ မြန်မာမူအလို "ဣတိ ဧဝံ သညီနာမ၊ ဤသို့အမှတ်ရှိသူ မည်ရသနည်း" ဟု အနက်ပေးပါ။] ဣတိ အာဟ။
တဿ၊ ထို မိတ္တဝိန္ဒကသည်။ နာဝံ၊ လှေကို။ အာရုယှ၊ စီး၍။ ဂစ္ဆတော၊ သွားစဉ်။ သတ္တမေဒိဝသေ၊ ခုနှစ်ရက်မြောက်နေ့၌။ နာဝါ၊ လှေသည်။ အဋ္ဌာသိ၊ ရပ်နေပြီ။
အထ၊ ထိုအခါ၌။ တေ မနုဿာ၊ ထိုလှေပေါ်၌ ပါလာသူ လူတို့သည်။ ဧတ္ထ၊ ဤလှေ၌။ အဒ္ဓါ၊ မချွတ်။ ပါပပုရိသော၊ ယုတ်မာသောယောက်ျားသည်။ အတ္ထိ၊ ပါနေ၏။
သလာကံ၊ စာရေးတံကို။ ဒေထ၊ ပေးကြကုန်စို့။ ဣတိ၊ ဤသို့တိုင်ပင်၍။ သလာကာ၊ စာရေးတံသည်။ ဝါ၊ စာရေးတံကို။ ဒီယမာနာ၊ ပေးအပ်သော်။ တဿေဝ၊ ထိုမိတ္တဝိန္ဒက၏ အပေါ်၌သာ။ တိက္ခတ္တုံ၊ သုံးကြိမ်။ ပါပုဏိ၊ ကျရောက်ပြီ။
တေ၊ ထိုလှေပေါ်၌ ပါလာသူ လူတို့သည်။ တဿ၊ ထိုမိတ္တဝိန္ဒကအား။ ဥဠုမ္ပံ၊ ဖောင်ကို။ ဒတွာ၊ ပေး၍။ တံ၊ ထိုမိတ္တဝိန္ဒကကို။ သမုဒ္ဒေ၊ သမုဒြာ၌။ ပက္ခိပိံ သု၊ ပစ်ချကုန်ပြီ။
သော၊ ထိုမိတ္တဝိန္ဒကသည်။ ဧကံ၊ တခုသော။ ဒီပံ၊ ကျွန်းသို့။ ဂန္တွာ၊ ရောက်၍။ ဝိမာနပေတီဟိ၊ ဗိမာန်၌နေသောပြိတ္တာမတို့နှင့်။ (ဝေမာနိက ပြိတ္တာမတို့နှင့်။) သဒ္ဓိံ၊ တကွ။ သမ္ပတ္တိံ၊ စည်းစိမ်ကို။ အနုဘဝန္တော၊ ခံစားလျက်။ တာဟိ၊ ထိုဝေမာနိက ပြိတ္တာမတို့သည်။ ပုရတော၊ ရှေ့သို့။ မာ အဂမာသိ၊ မသွားပါလင့်။ ဣတိ၊ ဤသို့။ ဝုစ္စမာနောပိ၊ ပြောဆိုအပ်ပါသော်လည်း။ တဒ္ဒိဂုဏံ၊ ထိုစည်းစိမ်ထက် နှစ်ဆတက်ဖြစ်သော။ သမ္ပတ္တိံ၊ စည်းစိမ်ကို။ ပဿန္တော၊ မြင်သည်။ (ဟုတွာ)အနုပုဗ္ဗေန၊ အစဉ်အားဖြင့်။ ခုရစက္ကဓရံ၊ သင်ဓုန်းစက်ကို ဆောင်သော။ ဧကံ၊ တယောက်သော။ ပုရိသံ၊ ကို။ အဒ္ဒသ၊ မြင်ပြီ။
တဿ၊ ထို မိတ္တဝိန္ဒကအား။ ဝါ၊ ထို မိတ္တဝိန္ဒက၏ စိတ်၌။ တံစက္ကံ၊ ထိုသင်ဓုန်းစက်သည်။ ပဒုမပုပ္ဖံဝိယ၊ ပဒုမာကြာပန်းကဲ့သို့။ ဥပဋ္ဌာသိ၊ ထင်ပြီ။
သော၊ ထိုမိတ္တဝိန္ဒကသည်။ တံ၊ ထိုယောက်ျားကို။ အာဟ။
(ကိံ)။ အမ္ဘော၊ အမောင်။ တယာ၊ သင်သည်။ ဣဒံ ပိဠန္ဓပဒုမံ၊ ဤ ပန်ဆင်အပ်သော ပဒုမာကြာကို။ မယှံ၊ ငါ့အား။ ဒေဟိ၊ ပေးပါလော့။ ဣတိ (အာဟ)။
သာမိ၊ အရှင်။ ဣဒံ၊ ဤ အရာဝတ္ထုသည်။ န ပဒုမံ၊ ပဒုမာကြာပန်းမဟုတ်။
ဧတံ၊ ဤ အရာဝတ္ထုသည်။ ခုရစက္ကံ၊ သင်ဓုန်းစက်ပါတည်း။ ဣတိ၊ ဤသို့ပြောပြီ။
သော၊ ထိုမိတ္တဝိန္ဒကသည်။ တွံ၊ သင်သည်။ မံ၊ ငါ့ကို။ ဝဉ္စေသိ၊ လှည့်ပတ်ဘိ၏။
မေ၊ ငါသည်။ ပဒုမံ၊ ပဒုမာကြာပန်းကို။ န ဒိဋ္ဌပုဗ္ဗံ ကိံ၊ မမြင်အပ်ဘူးသလော။ ဣတိ၊ ဤသို့။ ဝတွာ၊ ပြော၍။ တ၊ သင်သည်။ လောဟိတစန္ဒနံ၊ စန္ဒကူးနီကို။ လိမ္ပေတွာ၊ လိမ်းကျံ၍။ ပိဠန္ဓနံ၊ ပန်ဆင်အပ်သော။ ပဒုမပုပ္ဖံ၊ ပဒုမာကြာပန်းကို။ မယှံ၊ ငါ့အား။ ဒါတုကာမော၊ ပေးခြင်းငှါ အလိုရှိသည်။ န အသိ၊ မဖြစ်။ ဣတိ အာဟ။
သော၊ ထိုယောက်ျားသည်။ စိန္တေသိ၊ ကြံပြီ။
(ကိံ၊ နည်း။) အယမ္ပိ၊ ဤယောက်ျားသည်လည်း။ မယာ၊ ငါသည်။ ကတသဒိသံ၊ ပြုအပ်သော ကံနှင့်တူသော။ ကမ္မံ၊ ကံကို။ ကတွာ၊ ပြု၍။ တဿ၊ ထိုကံ၏။ ဖလံ၊ အကျိုးကို။ အနုဘဝိတုကာမော၊ ခံစားခြင်းငှါ အလိုရှိ၏။ ဣတိ(စိန္တေသိ)။
အထ၊ ထိုအခါ၌။ နံ၊ ထိုမိတ္တဝိန္ဒကကို။ ရေ၊ အမောင်။ ဟန္ဒ၊ ရော့။ ဣတိ ဝတွာ တဿ၊ ထို မိတ္တဝိန္ဒက၏။ မတ္ထကေ၊ ဦးထိပ်၌။ စက္ကံ၊ သင်ဓုန်းစက်ကို။ ပက္ခိပိတွာ၊ ပစ်တင်၍။ ပလာယိ၊ ပြေးပြီ။
ဧတမတ္ထံ၊ ဤအနက်အဓိပ္ပါယ်ကို။ (ဤအကြောင်းအရာကို။) ဝိဒိတွာ၊ သိတော်မူ၍။ သတ္ထာ၊ မြတ်စွာဘုရားသည်။ စတုဗ္ဘိ အဋ္ဌဇ္ဈဂမာ။ ပေ။ စက္ကံ ဘမတိ မတ္ထကေတိ၊ ဟူ၍။ ဝါ၊ ဟူသော။ ဣမံ ဂါထံ အာဟ။စတုဗ္ဘိ။ ပေ။ မတ္ထကေ။ ။ ဂါထာ၌ လာသည့်အတိုင်း ရှေးဦးစွာ လေးယောက်သော ဝေမာနိကတို့နှင့် ပျော်ရသည်၊ ထို့နောက် "ရှေ့မသွားပါနှင့်" ဟုပြောပါလျက် သွားသောအခါ ရှစ်ယောက်သော ဝေမာနိက တို့နှင့် ပျော်ရသည်၊ ထို့နောက် "ရှေ့မသွားပါနှင့်" ဟုပြောပါလျက် သွားသောအခါ တကျိပ် ခြောက်ယောက်သော ဝေမာနိကတို့နှင့် ပျော်ရသည်၊ ထို့နောက် "ရှေ့ဆက်မသွားပါနှင့်" ဟု ပြောပါလျက် ဆက်သွားသော အခါ သုံးကျိပ်နှစ်ယောက်သော ဝေမာနိကတို့နှင့် ပျော်ရသည်၊ ထို့နောက် သင်ဓုန်းစက်ကို ရလေသည်။ [စတုဗ္ဘိ၊ လေးယောက်သော ဝေမာနိကပြိတ္တာတို့မှ။ (ပရံ၊ နောက်၌။) အဋ္ဌ၊ ရှစ်ယောက်ကုန်သော ဝေမာနိကတို့ကို။ အဇ္ဈဂမာ၊ ရပြီ။ အဋ္ဌာဘိ၊ တို့မှ။ (ပရံ၊ နောက်၌။) သောဠသပိ စ၊ တကျိပ်ခြောက်ယောက်ကုန်သော ဝေမာနိကတို့ကိုလည်း။ (အဇ္ဈဂမာ၊ ရပြီ။) သောဠသာဘိ၊ တို့မှ။ (ပရံ၊ နောက်၌။) ဗာတ္တိံ သစ၊ သုံးကျိပ်နှစ်ယောက်သော ဝေမာနိကတို့ကိုလည်း။ (အဇ္ဈဂမာ၊ ရပြီ။) အကြိစ္ဆံ၊ ရအပ်ပြီးသော အာရုံမှတပါး ဟိုအာရုံ ဟိုအာရုံ၌ အလိုရှိသောမိတ္တဝိန္ဒကသည်။ စက္ကံ၊ သင်ဓုန်းစက်သို့။ အာသဒေါ၊ ကပ်ရောက်ပြီ။ ဣစ္ဆာဟတဿ၊ အလိုဆိုးသည် နှိပ်စက်အပ်သော။ ဝါ၊ အလိုဆိုးသည် အမှတ်တံဆိပ်ခပ်နှိပ်အပ်သော။ ပေါသဿ၊ ယောကျ်ား၏။ မတ္ထကေ၊ ဦးထိပ်၌။ စက္ကံ၊ သင်ဓုန်းစက်သည်။ ဘမတိ၊ ချာချာလည်နေ၏။ ဣတိ(အာဟ)။ ဤဂါထာ၏အကျယ်ကိုဒသကနိပါတ်, စတုဒွါရဇာတ် အဋ္ဌကထာ၌ ရှုပါ။]
အညတရောပိ၊ အခြားတယောက်လည်း ဖြစ်သော။ အတြိစ္ဆော၊ မိမိဥစ္စာမှ တပါး ဟိုဟာ ဟိုဟာကို လိုချင်သော။ အမစ္စော၊ အမတ်သည်။ သကဝိသယံ၊ မိမိနိုင်ငံကို။ အတိက္ကမိတွာ၊ လွန်၍။ ပရဝိသယံ၊ သူတပါး၏နိုင်ငံသို့။ ပါဝိသိ၊ ဝင်ပြီ။
တတ္ထ၊ ထိုသူတပါး၏နိုင်ငံ၌။ ပေါထိတော၊ ပုတ်ခတ်အပ်သည်။ (ဟုတွာ)။ ပလာယိတွာ၊ ပြေး၍။ ဧကဿ၊ တယောက်သော။ တာပသဿ၊ ရသေ့၏။ ဝသနဋ္ဌာနံ၊ နေရာအရပ်သို့။ ပဝိသိတွာ၊ ဝင်၍။ ဥပေါသထင်္ဂါနိ၊ ဥပုသ်အင်္ဂါတို့ကို။ အဓိဋ္ဌာယ၊ ဆောက်တည်၍။ နိပဇ္ဇိ၊ လျောင်းနေပြီ။
သော၊ ထိုအမတ်သည်။ တာပသေန၊ ရသေ့သည်။ တေ၊ သင်သည်။ ကိံ၊ အဘယ်ကို။ ကတံ၊ ပြုအပ်သနည်း။ ဣတိ၊ ဤသို့။ ပုစ္ဆိတော၊ မေးအပ်သည်။ (ဟုတွာ)။ ဣမာ ဂါထာ၊ တို့ကို။ အာဟ။ (ကိံ)။
ဘောတာပသ၊ အိုရသေ့။ သကံ၊ မိမိဥစ္စာဖြစ်သော။ နိကေတံ၊ နေရာအိမ်ကို။ အတိဟီဠယာနော၊ အလွန်ရှုတ်ချသည်။ ဝါ၊ အထင်သေးသည်။ (ဟုတွာ)။
အတြိစ္ဆတာ၊ လွန်၍ လိုချင်တတ်သူ၏ အဖြစ်ဟူသော လောဘကြောင့်။ မလကံ၊ မလကမည်သော ဇနပုဒ်သို့။ [ဋီကာ၌ မလကံဟု ရှိ၏။ ရှေးနိဿယ၌ "မလကံ" ဟုပင် ရှိ၏။] အဂစ္ဆိံ၊ သွားပြီ။
တတော ဂါမာ၊ ထို မလကရွာမှ။ ဇနာ၊ လူတို့သည်။ နိက္ခမိတွာန၊ ထွက်၍။
ကောဒဏ္ဍကေန၊ စက်ဆုပ် အပ်စွာနှစ်တောင်သာရှိသော ဒုတ်တို့ဖြင့်။ ဝါ၊ တောက်ဖြင့်။ မံ၊ ကျွန်ုပ်ကို။ ပရိပေါထယိံ သု၊ ဝိုင်း၍ ပုတ်ခတ်ကုန်ပြီ။
သော အဟံ၊ ထို အကျွန်ုပ်သည်။ ဘိန္နသီသော၊ ကွဲသော ဦးခေါင်းရှိသည်။ ရုဟိရမက္ခိတင်္ဂေါ၊ သွေးတို့ဖြင့် လိမ်းကျံအပ်သောကိုယ်အင်္ဂါရှိသည်။ (ဟုတွာ)။
သကံ၊ မိမိဥစ္စာဖြစ်သော။ နိကေတံ၊ နေရာအိမ်သို့။ ပစ္စာဂမာသိံ၊ ပြန်၍ ပြေးလာပါပြီ။
တသ္မာ၊ ကြောင့်။ အဟံ၊ သည်။ အတြိစ္ဆတာ၊ သည်။ ပုန၊ တဖန်။ မာ အဂမာသိ၊ မရောက်ပါစေလင့်။ (ဣတိ၊ ဤသို့ကြံ၍။) ဥပေါသထံ၊ ဥပုသ်ကို။ ပါလယာမိ၊ စောင့်ပါ၏။ ဣတိ(အာဟ)။
၈၅ဝ။ မဟိစ္ဆတာနိဒ္ဒေသေ(အတ္ထော ဧဝံ ဝေဒိတဗ္ဗော)။ (ယော၊ အကြင်ပုဂ္ဂိုလ်သည်။) မဟန္တာနိ၊ များစွာကုန်သော။ ဝတ္ထူနိ၊ ဝတ္ထုတို့ကို။ ဣစ္ဆတိ၊ အလိုရှိတတ်၏။ ဣတိ၊ ကြောင့်။ (ထိုသို့ များစွာသော ပစ္စည်းဝတ္ထုတို့ကို အလိုရှိတတ်သည်၏အဖြစ်ကြောင့်)။ (သော၊ သည်။ မဟိစ္ဆော၊ မည်၏။) ဝါ၊ တနည်း။ အဿ၊ ထိုပုဂ္ဂိုလ်၏။ မဟတီ၊ ကြီးကျယ်သော။ ဣစ္ဆာ၊ အလိုသည်။ (အတ္ထိ)။ ဣတိ၊ ကြောင့်။ (ကြီးကျယ်သော အလိုရှိသည်၏အဖြစ်ကြောင့်။) (သော)မဟိစ္ဆော၊ မည်၏။ တဿ၊ ထိုများစွာသော ပစ္စည်းဝတ္ထုတို့ကို အလိုရှိသူ၏။ ဝါ၊ ကြီးကျယ်သော အလိုရှိသူ၏။ ဘာဝေါ၊ ဖြစ်ကြောင်းဖြစ်ရာတည်း။ **မဟိစ္ဆတာ**၊ ရာ။
ပန၊ ပဒတ္ထမှတပါး လက္ခဏတ္ထကား။ လက္ခဏတော၊ လက္ခဏာအားဖြင့်။ အသန္တဂုဏသမ္ဘာဝနတာ၊ မိမိ၌ ထင်ရှားမရှိသော ဂုဏ်ကို ထင်စွာ ပြခြင်းရှိသူ၏ အဖြစ်၎င်း။ (မိမိ၌ ထင်ရှားမရှိသောဂုဏ်ကို ညာ၍ ပြောလေ့ရှိသူ၏ အဖြစ်၎င်း။) ပဋိဂ္ဂဟဏေစ၊ ဘောဇဉ်စသည်ကို ခံယူခြင်း၌၎င်း။ ပရိဘောဂေစ၊ ဘောဇဉ်စသည်ကို သုံးဆောင်ခြင်း၌၎င်း။ အမတ္တညုတာ၊ အတိုင်းအရှည်ကို သိလေ့မရှိသူ၏အဖြစ်၎င်းတည်း။ ဧတံ၊ ဤ မိမိ၌ထင်ရှားမရှိသော ဂုဏ်ကိုထင်စွာပြခြင်း ရှိသူ၏အဖြစ်, ဘောဇဉ် စသည်ကို ခံယူ သုံးစွဲခြင်း၌ အတိုင်းအရှည်ကို သိလေ့မရှိသူ၏ အဖြစ်သည်။ မဟိစ္ဆတာလက္ခဏံ၊ မဟိစ္ဆတာ၏ လက္ခဏာတည်း။
ဟိ၊ ချဲ့။ မဟိစ္ဆော၊ သော။ ဝါ၊ သော။ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။ (သမ္ဘာဝေတုကာမော ဟောတိ၌စပ်။) ကစ္ဆပုဋဝါဏိဇော၊ လက်ကတီးကြား၌ ဘဏ္ဍာထုပ်ကလေးကိုထား၍ ရောင်းလေ့ရှိသော ကုန်သည်သည် (ချိုင်းကြား၌ အထုပ်ကလေးညှပ်၍ ရောင်းလေ့ရှိသော ကုန်သည်သည်။) ပိဠန္ဓနဘဏ္ဍကံ၊ ပန်ဆင်ကြောင်း ဘဏ္ဍာကို။ ဟတ္ထေန၊ လက်ဖြင့်။ ဂဟေတွာ၊ ယူ၍။ ဥစ္ဆင်္ဂေပိ၊ ခါးပိုက်၌လည်း။ ပက္ခိပိတဗ္ဗယုတ္တကံ၊ ထည့်ထိုက်သည်၏အဖြစ်နှင့် ယှဉ်သော ဘဏ္ဍာကို။ ပက္ခိပိတွာ၊ ထည့်၍။ ("အများကြီးထင်အောင် လုပ်၍" ဟူလို။) မဟာဇနဿ၊ များစွာသောလူအပေါင်းသည်။ ပဿန္တဿေဝ၊ ကြည့်စဉ်ပင်။ အမ္မာ၊ အမိတို့။ အသုကံ၊ ထိုမည်သောဘဏ္ဍာကို။ ဂဏှထ၊ ယူလိုက်ကြကုန်။ အသုကံ ဂဏှထ။ ဣတိ၊ သို့။ မုခေန၊ ပါးစပ်ဖြင့်။ သံဝိဒဟတိ ယထာ၊ စီမံသကဲ့သို့။
ဧဝမေဝ၊ သာလျှင်။ သော၊ ထိုရဟန်းသည်။ အပ္ပမတ္တကမ္ပိ၊ နည်းသော အတိုင်းအရှည်ရှိသည်လည်းဖြစ်သော။ အတ္တနော၊ မိမိ၏။ သီလံဝါ၊ သီလကိုသော်၎င်း။ ဂန္ထံဝါ၊ ကျမ်းစာကိုသော်၎င်း။ ဓုတဂုဏံဝါ၊ ဓုတင်ဂုဏ်ကိုသော်၎င်း။ အန္တမသော၊ အောက်ထစ်ဆုံးအားဖြင့်။ အရညဝါသမတ္တကမ္ပိ၊ တော၌နေခြင်းမျှကိုလည်း။ မဟာဇနဿ၊ များစွာသော လူအပေါင်းသည်။ ဇာနန္တဿေဝ၊ သိစဉ်ပင်။ ဘိယျော ဘိယျော၊ လွန်၍လွန်၍။ (သိသလောက်ထက် လွန်၍လွန်၍။) [ဋီကာထည့်သည်။] သမ္ဘာဝေတုကာမော၊ ထင်ရှားပြခြင်းငှါ အလိုရှိသည်။ (ချီးမွမ်းစေခြင်းငှါ အလိုရှိသည်။) ဟောတိ။ စပန၊ ထပ်၍ဆက်ဦးအံ့။ သမ္ဘာဝေတွာ၊ ထင်ရှားပြပြီး၍။ (ချီးမွမ်းစေပြီး၍။) သကဋေဟိပိ၊ လှည်းတို့ဖြင့်သော်လည်း။ ဥပနီတေ၊ ကပ်ဆောင်အပ်ကုန်သော။ ပစ္စယေ၊ လှူဘွယ်ပစ္စည်းတို့ကို။ အလန္တိ၊ တော်ပါပြီဟူ၍။ အဝတွာ၊ မပြောဆိုမူ၍။ ဂဏှာတိ၊ ယူ၏။
ဟိ၊ မှန်။ အဂ္ဂိ၊ မီးသည်။ ဥပါဒါနေန၊ လောင်စာဖြင့်။ (ပူရေတုံ၊ ပြည့်စေခြင်းငှါ။ န သက္ကာ၊ မတတ်ကောင်း။) [မီးတောက်ကိုလောင်စာက မလွှမ်းနိုင်, လောင်စာများလေ မီးတောက်ကြီးလေ-ဟူလို။] သမုဒ္ဒေါ၊ သမုဒြာသည်။ ဥဒကေန၊ ရေဖြင့်။ (ပူရေတုံ နသက္ကာ။) မဟိစ္ဆော၊ များစွာသောပစ္စည်းဝတ္ထုတို့ကို အလိုရှိသောပုဂ္ဂိုလ်သည်။ ဝါ၊ ကြီးသော အလိုရှိသော ပုဂ္ဂိုလ်သည်။ ပစ္စယေဟိ၊ ပစ္စည်းတို့ဖြင့်။ (ပူရေတုံ နသက္ကာ)။ ဣတိ၊ သို့။ တယော၊ သုံးမျိုးတို့ကို။ ပူရေတုံ၊ ပြည့်စေခြင်းငှါ။ နသက္ကာ၊ မတတ်ကောင်း။
အဂ္ဂိက္ခန္ဓော၊ မီးအစုသည်၎င်း။ (မီးပုံသည်၎င်း။) သမုဒ္ဒေါစ၊ သမုဒြာသည်၎င်း။ မဟိစ္ဆော၊ များစွာသောပစ္စည်းတို့ကို အလိုရှိသော။ ပုဂ္ဂလောစာပိ၊ ပုဂ္ဂိုလ်သည်၎င်း။ (အတ္ထိ)။
တေသံ၊ ထိုအရာတို့အား။ ဗဟုကေ၊ များစွာကုန်သော။ ပစ္စယေ၊ ပစ္စည်းတို့ကို။ဗဟုကေ။ ပေ။ နပူရယေ။ ။ ယောဇနာ၌ "ဇနေ ဗဟုကေပိ ဥပနီတေ ပစ္စယေ ဒေန္တေ" ဟု ဖွင့်သော်လည်း "န ပူရယေ" ၏ အတွက် "ဇနော" ဟု ကတ္တားထည့်ရမည်ဖြစ်သောကြောင့် တဝါကျတည်း၌ "ဇနေ ဒေန္တေ" ဟု၎င်း, "ဇနော နပူရယေ" ဟု၎င်း ဝိဘတ်ပြောင်း၍ မရှိစကောင်းပါ၊ ထို့ကြောင့် "ဒေန္တေ" အစား "ဒေတု" ဟု ရှိမှ ကောင်းမည်။
ပစ္စယေ။ ။ "ပစ္စယေတိ ဥပါဒါနာဒိပစ္စယေ" ဟု ဋီကာဖွင့်၏၊ ဥပါဒါန (လောင်စာ)သည် အဂ္ဂိက္ခန္ဓကို ပြည့်စေဘို့ရာ ပစ္စည်းဖြစ်သည်၊ ဥဒကသည် သမုဒြာကို ပြည့်စေဘို့ရာ ပစ္စည်းဖြစ်သည်၊ စီဝရာဒိသည် မဟိစ္ဆ ပုဂ္ဂိုလ်၏ အလိုကို ပြည့်စေဘို့ရာ ပစ္စည်းဖြစ်သည်၊ [ဥပါဒါနာဒိပစ္စယေတိ ဣန္ဓနုဒကစီဝရာဒိကေ ပါရိပူရိဟေတုကေ။-အနု။] ဤအဖွင့်များကို ထောက်၍ "န ပူရယေ" ဟူသောပါဌ်လည်း ဋီကာများ လက်ထက်က ရှိသောပါဌ်ပင်တည်းဟု သိသာ၏။
ဒေတု၊ ပေးစေဦးတော့။ တယောပိ၊ သုံးမျိုးလည်းဖြစ်ကုန်သော။ ဧတေ၊ ဤအရာတို့ကို။ န ပူရယေ၊ မပြည့်စေနိုင်။
ဟိ၊ မှန်။ မဟိစ္ဆပုဂ္ဂလော၊ သည်။ ဝိဇာတ မာတုယာပိ၊ မွေးဖွားသော အမိ၏သော်မှလည်း။ (အမိရင်း၏သော်မှလည်း။) မနံ၊ စိတ်ကို။ ဂဏှိတုံ၊ ယူခြင်းငှါ။ န သက္ကောတိ၊ မစွမ်းနိုင်။ ဥပဋ္ဌာကာနံ၊ အလုပ်အကျွေး ဒါယကာတို့၏။ (မနံ)။ ပဂေဝ၊ ရှေးဦးမဆွ အစကပင်။ (ဂဏှိတုံ နသက္ကောတိ။)
တတြ၊ ထိုသို့ မစွမ်းနိုင်ရာ၌။ ဣမာနိ၊ ဤ ဆိုအပ်လတ္တံ့တို့ကား။ ဝတ္ထူနိ၊ တို့တည်း။ ကိရ၊ ချဲ့။ ဧကော၊ တပါးသော။ ဒဟရဘိက္ခု၊ ရဟန်းငယ်သည်။ ပိဋ္ဌပူပေ၊ အမှုန့်ထောင်းအပ်သော မုန့်တို့ကို။ ပိယာယတိ၊ ချစ်အပ်သည်ကို ပြု၏။ ဝါ၊ မြတ်နိုး၏။
အထ၊ ထိုအခါ၌။ အဿ၊ ထိုရဟန်းငယ်၏။ မာတာ၊ အမိသည်။ ပဋိပတ္တိံ၊ အကျင့်ကို။ ဝီမံသမာနာ၊ စုံစမ်းလိုသည်။ (ဟုတွာ)(အဒါသိ၌စပ်။) မေ၊ ငါ၏။ ပုတ္တော၊ သားရဟန်းသည်။ ပဋိဂ္ဂဟဏေ၊ ခံယူခြင်း၌။ မတ္တံ၊ အတိုင်းအရှည်ကို။ သစေ ဇာနာတိ၊ အကယ်၍သိအံ့။ (ဧဝံသတိ၊ ဤသို့သိလသော်။) နံ၊ ထိုသားရဟန်းကို။ သကလမ္ပိတေမာသံ၊ အလုံးစုံသော သုံးလပတ်လုံးလည်း။ (ဝါတွင်းသုံးလပတ်လုံးလည်း။) ပူပေဟေဝ၊ သူကြိုက်အပ်သော မုန့်တို့ဖြင့်သာ။ ဥပဋ္ဌဟိဿာမိ၊ ပြုစုလုပ်ကျွေးအံ့။ ဣတိ၊ ဤသို့ကြံ၍။ ဝဿူပနာယိကဒိဝသေ၊ ဝါကပ်ရာနေ့၌။ [ဤမှနောက်၌ "ပရိဝီမံသမာနာ၊ စူးစမ်းလိုသည်" ဟု ပါဌ်ရှိ၏။ ရှေ့က ပဋိပတ္တိံ ဝီမံသမာနာ၏ စပ်ပုဒ်ပင် မရသေးသောကြောင့် ပိုဟန်တူသည်။] ပဌမံ၊ ရှေးဦးစွာ။ ဧကံ၊ တရှက်သော။ ပူပံ၊ မုန့်ကို။ အဒါသိ၊ လှူပြီ။ တသ္မိံ၊ ထိုမုန့်သည်။ နိဋ္ဌိတေ၊ ကုန်ပြီးလသော်။ (စားပြီးလသော်)။ ဒုတိယံ၊ ၂-ခုမြောက်သောမုန့်ကို။ (အဒါသိ။) တသ္မိမ္ပိ၊ ထိုနှစ်ခုမြောက်မုန့်သည်လည်း။ နိဋ္ဌိတေ၊ သော်။ တတိယံ၊ သုံးခုမြောက်သော။ (ပူပံ၊ မုန့်ကို။ အဒါသိ။)
ဒဟရော၊ ရဟန်းငယ်သည်။ အလံ၊ တော်ပြီ။ ဣတိ၊ သို့။ အဝတွာ၊ မဆိုမူ၍။ ခါဒိယေဝ၊ ခဲစားမြဲ ခဲစားသည်သာ။
မာတာ၊ အမိသည်။ တဿ၊ ထိုသားရဟန်း၏။ အတ္တေညုဘာဝံ၊ အတိုင်းအရှည်ကိုမသိသူ၏အဖြစ်ကို။ ဉတွာ၊ သိ၍။ အဇ္ဇေဝ၊ ယနေ့တနေ့တည်း၌ပင်။ မေ၊ ငါ၏။ ပုတ္တေန၊ သားရဟန်းသည်။ သကလတေမာသဿ၊ အလုံးစုံသော သုံးလ၏။ (ဝါတွင်းသုံးလ၏။) ပူပါ၊ မုန့်တို့ကို။ ခါဒိတာ၊ ခဲစားအပ်ကုန်ပြီ။ ဣတိ၊ ဤသို့ကြံ၍။ ဒုတိယဒိဝသတော၊ ဒုတိယနေ့မှ။ ပဋ္ဌာယ၊ စ၍။ ဧကပူပမ္ပိ၊ တခုသောမုန့်ကိုလည်း။ န အဒါသိ၊ မလှူတော့။ [ပူပ၏ ရုပ်ပြီးပုံကို ပါတိမောက်ဘာသာဋီကာသုဒ္ဓပါစိတ် ကာဏမာတာသိက္ခာပုဒ်၌ ပြထားပြီ။]
တိဿမဟာရာဇာပိ၊ တိဿမဟာရာဇာသည်လည်း။ ဒေဝသိကံ၊ နေ့တိုင်း။ စေတိယပဗ္ဗတေ၊ စေတိယတောင်၌။ ဘိက္ခုသံဃဿ၊ ရဟန်းအပေါင်းအား။ ဒါနံ၊ အလှူကို။ ဒဒမာနော၊ ပေးလှူလသော်။ မဟာရာဇ၊ မဟာရာဇာ။ ဧကမေဝ၊ တခုသာလျှင်ဖြစ်သော။ ဌာနံ၊ အရပ်ကို။ (စေတိယတောင်ဟူသော အရပ်ကို။) ဘဇသိကိံ၊ ဆည်းကပ်ပါသလော။
အညတ္ထ၊ စေတိယတောင်မှ အခြားသောအရပ်၌။ ဒါတုံ၊ ပေးလှူခြင်းငှါ။ န ဝဋ္ဋတိကိံ၊ မသင့်သလော။ ဣတိ၊ ဤသို့။ ဇာနပဒေဟိ၊ ဇနပုဒ်၌နေသူ လူတို့သည်။ (ကျေးရွာ၌နေသူ လူတို့သည်။) ဝုတ္တော၊ ပြောဆိုအပ်သည်။ (ဟုတွာ) ဒုတိယဒိဝသေ၊ ဒုတိယနေ့၌။ အနုရာဓပုရေ၊ အနုရာဓမြို့၌။ မဟာဒါနံ၊ ကြီးစွာသောအလှူကို။ ဒါပေသိ၊ လှူစေပြီ။
ဧကဘိက္ခုပိ၊ တပါးသော ရဟန်းသည်လည်း။ ပဋိဂ္ဂဟဏေ၊ ခံယူခြင်း၌။ မတ္တံ၊ အတိုင်းအရှည်ကို။ န အညာသိ၊ မသိ။
ဧကမေကေန၊ တပါးတပါးသော ရဟန်းသည်။ ပဋိဂ္ဂဟိတံ၊ ခံယူအပ်သော။ ခါဒနီယ ဘောဇနီယံ၊ ခဲဘွယ် ဘောဇဉ်ကို။ ဒွတ္တယော၊ နှစ်ပါး သုံးပါးကုန်သော။ ဇနာ၊ ရဟန်းတို့သည်။ ဥက္ခိပိံသု၊ မြှောက်ချီကြရကုန်ပြီ။ (ထမ်းယူကြရကုန်ပြီ။) [တပါး ရအပ်သော ခဲဘွယ်ဘောဇဉ်ကို နှစ်ပါးသုံးပါး ထမ်းယူရသည်-ဟူလို။]
ရာဇာ၊ သည်။ ဒုတိယဒိဝသေ၊ ဒုတိယ နေ့၌။ စေတိယပဗ္ဗတေ၊ ၌။ ဘိက္ခုသံဃံ၊ ကို။ နိမန္တာပေတွာ၊ ပင့်ဖိတ်စေ၍။ ရာဇန္တေပုရံ၊ မင်း၏နန်းတော်တွင်းသို့။ အာဂတကာလေ၊ လာရာအခါ၌။ ပတ္တံ၊ သပိတ်ကို။ ဒေထ၊ ပေးပါကုန်။ ဣတိ၊ သို့။ အာဟ။
မဟာရာဇာ....အလံ၊ သပိတ်ပေးခြင်းငှါ မသင့်။ ["သပိတ်ပေးလိုက်လျှင် အများကြီးထည့်လိမ့်မည်"-ဟူလို။] အတ္တနော၊ မိမိ၏။ ပမာဏေန၊ ပမာဏဖြင့်။ ဘိက္ခံ၊ ဆွမ်းကို။ ဂဏှိဿတိ၊ ခံယူလတ္တံ့။ ဣတိ၊ ဤသို့ပြော၍။ ဧကဘိက္ခုပိ၊ တပါးသော ရဟန်းသည်လည်း။ ပတ္တံ၊ ကို။ န အဒါသိ၊ မပေး။
သဗ္ဗေ၊ အလုံးစုံသော ရဟန်းတို့သည်။ ပမာဏယုတ္တကမေဝ၊ ပမာဏနှင့်ယှဉ်သော ခဲဘွယ်ဘောဇဉ်ကိုသာ။ (စားလောက်ရုံကိုသာ။) ပဋိဂ္ဂဟေသုံ၊ ခံယူကြကုန်ပြီ။
အထ၊ ထိုအခါ၌။ ရာဇာ၊ သည်။ အာဟ။
(ကိံ၊ နည်း။) ပဿထ၊ ကြည့်ကြကုန်။ တုမှာကံ၊ အသင် ဇနပုဒ်နေသူ လူတို့၏။ ဘိက္ခူသု၊ တို့တွင်။ ဧကောပိ၊ တပါးသောရဟန်းသည်လည်း။ မတ္တံ၊ အတိုင်းအရှည်ကို။ န ဇာနာတိ၊ မသိ။
ဟိယျော၊ ယမန်နေ့က။ ကိဉ္စိ၊ စိုးစဉ်းအနည်းငယ်သော။ အဝသေသံ၊ အကြွင်းအကျန်သည်။ နာဟောသိ၊ မရှိ။
အဇ္ဇ၊ ယနေ့။ မန္ဒံ၊ အနည်းငယ်ကို။ ဂဟိတံ၊ ယူအပ်ပြီ။ အဝသေသမေဝ၊ အကြွင်းအကျန်သည်သာလျှင်။ ဗဟု၊ များ၏။ ဣတိ၊ ဤသို့။ (အာဟ)။ (ဣတိ၊ ဤသို့ပြော၍။) တေသံ၊ ထိုစေတိယတောင်ကျောင်း ရဟန်းတို့၏။ မတ္တညုတာယ၊ အတိုင်းအရှည်ကို သိကုန်သည်၏ အဖြစ်ကြောင့်။ အတ္တမနော၊ မိမိစိတ်ရှိသည်။ (နှစ်သက် ဝမ်းမြောက်သည်)။ (အဟောသိ)။ ဣတရေသံစ၊ စေတိယတောင်ကျောင်း ရဟန်းအပေါင်းတို့မှ အခြားသော အနုရာဓပုရရဟန်းတို့၏ကား။ အမတ္တညုတာယ၊ အတိုင်းအရှည်ကို မသိကုန်သည်၏အဖြစ်ကြောင့်။ အနတ္တမနော၊ မိမိစိတ်မရှိသည်။ (စိတ်နှလုံး မသာမယာရှိသည်။) အဟောသိ၊ ဖြစ်ပြီ။
၈၅၁။ ပါပိစ္ဆတာနိဒ္ဒေသေ၊ ၌။ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော။) **အဿဒ္ဓေါ။ ပေ။ ဇာနာတူ**တိ အာဒီသု၊ အစရှိသော ပါဠိရပ်တို့၌။ ဧဝံ၊ သို့။ (သဒ္ဓါတရားမရှိသူဖြစ်ပါလျက် သဒ္ဓါတရားရှိ၏ဟု ငါ့ကို လူအပေါင်းက သိစေသတည်းဟု) ဣစ္ဆန္တော၊ အလိုရှိသည်။ (ဟုတွာ)ကိံ၊ အဘယ်ကို။ ကရောတိ၊ ပြုတတ်သနည်း။
အဿဒ္ဓေါ၊ သဒ္ဓါမရှိသူသည်။ (သမာနော၊ လျက်။) သဒ္ဓါကာရံ၊ သဒ္ဓါရှိသူတို့၏ အခြင်းအရာကို။ ဒဿေတိ၊ ပြ၏။
ဒုဿီလာဒယော၊ သီလမရှိသူ အစရှိသူတို့သည်။ (သမာနာ)။ သီလဝန္တာဒီနံ၊ သီလရှိသူ အစရှိသူတို့၏။ အာကာရံ၊ ကို။ ဒဿေန္တိ၊ ပြကြကုန်၏။
ကထံ၊ အဘယ်သို့ ပြကုန်သနည်း။
တာဝ၊ ဒုဿီလမှ ရှေးဦးစွာ။ (နိဒ္ဒိဋ္ဌော)အဿဒ္ဓေါ၊ သဒ္ဓါမရှိသောရဟန်းသည်။ မဟာမဟဒိဝသေ၊ အကြီးအကျယ်ပူဇော်ရာနေ့၌။ (ကျောင်းတိုက်အတွင်းရှိ စေတီတော်ကို အကြီးအကျယ်ပူဇော်ရာနေ့၌။) [ပဌမ "မဟာ" သည် မဟန္တ၏ ကာရိယဖြစ်၍ ဒုတိယ "မဟ" ကား ပူဇော်ခြင်းအနက်ဟော "မဟ" ဓာတ်တည်း။] မနုဿာနံ၊ လူတို့၏။ ဝိဟာရံ၊ ကျောင်းသို့။ အာဂမနဝေလာယ၊ လာရာအချိန်၌။ သမ္မဇ္ဇနိံ၊ တံမြက်စည်းကို။ အာဒါယ၊ ယူ၍။ ဝိဟာရံ၊ ကျောင်းကို။ သမ္မဇ္ဇတိ၊ တံမြက်လှည်း၏။ ကစဝရံ၊ အမှိုက်ကို။ ဆဍ္ဍေတိ၊ စွန့်ပစ်၏။ မနုဿေဟိ၊ လူတို့သည်။ ဒိဋ္ဌဘာဝံ၊ မြင်အပ်ပြီး၏အဖြစ်ကို။ (မြင်သွားကြောင်းကို။) ဉတွာ၊ သိ၍။ စေတိယင်္ဂဏံ၊ စေတီယင်ပြင်သို့။ ဂစ္ဆတိ၊ သွား၏။ တတ္ထာပိ၊ ထိုစေတီယင်ပြင်၌လည်း။ သမ္မဇ္ဇိတွာ၊ တံမြက်လှည်း၍။ ကစဝရံ ဆဍ္ဍေတိ။ ဝါလိကံ၊ သဲကို။ (စေတီယင်ပြင်၌ ခင်းထားအပ်သော သဲကို။) သမံ၊ ညီမျှအောင်။ ကရောတိ။ အာသနာနိ၊ နေရာတို့ကို။ ဓောဝတိ၊ ဆေး၏။ ဗောဓိမှိ၊ ဗောဓိပင်၌။ ဥဒကံ၊ ရေကို။ သိဉ္စတိ၊ သွန်းလောင်း၏။
မနုဿာ၊ လူတို့သည်။ ဒိသွာ၊ မြင်၍။ အညော၊ ဤရဟန်းမှ အခြားသော။ ဘိက္ခု၊ သည်။ ဝိဟာရဇဂ္ဂနကော၊ ကျောင်းကို သုတ်သင်ရှင်းလင်းတတ်သော။ ဘိက္ခု၊ သည်။ နတ္ထိ မညေ၊ မရှိလေယောင်တကား။ (မရှိလေရော့သလား)။ အယမေဝ၊ ဤရဟန်းသည်သာ။ ဣမံ ဝိဟာရံ၊ ဤကျောင်းတိုက်ကို။ ပဋိဇဂ္ဂတိ၊ သုတ်သင်ရ၏။ ထေရော၊ ထေရ်သည်။ သဒ္ဓေါ၊ သဒ္ဓါရှိ၏။ ဣတိ၊ ဤသို့ထင်၍။ ဂမနကာလေ၊ ပြန်သွားရာအခါ၌။ နိမန္တေတွာ၊ ပင့်ဖိတ်၍။ (ဆွမ်းစားပင့်၍။) ဂစ္ဆန္တိ၊ သွားကုန်၏။
ဒုဿီလောပိ၊ ဒုဿီလပုဂ္ဂိုလ်သည်လည်း။ ဥပဋ္ဌာကာနံ၊ အလုပ်အကျွေးဒါယကာတို့၏။ သမ္မုခေ၊ မျက်မှောက်၌။ ဝိနယဓရံ၊ ဝိနည်းဓိုရ်ကို။ ဝါ၊ သို့။ ဥပသင်္ကမိတွာ၊ ချဉ်းကပ်၍။ ပုစ္ဆတိ၊ မေး၏။ (ကိံ)။ ဘန္တေ...မယိ၊ တပည့်တော်သည်။ ဂစ္ဆန္တေ၊ သွားလသော်။ (သွားပြီလားဆိုရင်)။ ဂေါဏော၊ နွားသည်။ ဥဗ္ဗိဂ္ဂေါ၊ လန့်သွား၏။
တေန၊ ထိုသို့ လန့်ခြင်းကြောင့်။ ဓာဝတာ၊ ပြေးသွားသောနွားသည်။ တိဏာနိ၊ မြက်တို့ကို။ ဆိန္နာနိ၊ ဖြတ်အပ်ပါကုန်ပြီ။ ["တပည့်တော်ကြောင့် နွားပြေး၍ မြက်ပြတ်သွားသောအခါ တပည့်တော်မှာ အာပတ်သင့်ပါသလား" ဟူလို။]
မေ၊ တပည့်တော်သည်။ သမ္မဇ္ဇန္တဿ၊ တံမြက်လှည်းစဉ်။ တိဏာနိ၊ မြက်တို့သည်။ ဆိဇ္ဇန္တိ၊ ပြတ်ပါကုန်၏။ ["တပည့်တော် တံမြက်လှည်းသည့်အတွက် မြက်တွေ ပြတ်သွားသောကြောင့် အာပတ်သင့်သည်ဟု ထင်ပါသည်" ဟူလို။]
မေ၊ တပည့်တော်သည်။ စင်္ကမန္တဿ၊ စင်္ကြံသွားစဉ်။ ပါဏကာ၊ ပိုးကောင်ကလေးတို့သည်။ မီယန္တိ၊ သေပါကုန်၏။ ["တပည့်တော် စင်္ကြံသွားသည့်အတွက် ပိုးကောင်ကလေးတွေ သေသွားတာအာပတ်သင့်ပါသလား" ဟူလို။]
ခေဠံ၊ တံတွေးကို။ ပါတေန္တဿ၊ ကျစေစဉ်။ (ထွေးစဉ်)။ အဿတိယာ၊ သတိမဲ့သဖြင့်။ (အမှတ်တမဲ့)။ တိဏမတ္ထကေ၊ စိမ်းစိုသော မြက်တို့၏အထက်၌။ ပတတိ၊ ကျ၏။
တတ္ထ တတ္ထ၊ နွားပြေးခြင်း မြက်ပြတ်ခြင်းစသော ထိုထိုအမှုတို့၌။ ကိံ၊ အဘယ်အပြစ်သည်။ ဟောတိ၊ ဖြစ်ပါသနည်း။ ဣတိ(ပုစ္ဆတိ)။
အာဝုသော၊ ငါ့ရှင်။ အသဉ္စိစ္စ၊ စေတနာမရှိ၍၎င်း။ အဿတိယာ၊ သတိမဲ့သဖြင့်၎င်း။ အဇာနန္တဿ၊ မသိသည်ဖြစ်၍၎င်း။ (ကရောန္တဿ၊ ပြုသောပုဂ္ဂိုလ်၏။) အနာပတ္တိ၊ အနာပတ်တည်း။ ဣတိစ၊ ဤသို့လည်း။ ဝုတ္တေ၊ ဖြေဆိုအပ်သော်။ ဘန္တေ, မယှံ၊ တပည့်တော်၏စိတ်၌။ ဂရုကံဝိယ၊ ဂရုကအပြစ်ကဲ့သို့။ ဥပဋ္ဌာတိ၊ ထင်လာပါ၏။
သုဋ္ဌု၊ စွာ။ ဝီမံသထ၊ စူးစမ်းပါကုန်။ ဣတိ ဘဏတိ။
တံ၊ ထိုစကားကို။ သုတွာ၊ ကြား၍။ မနုဿာ၊ ဥပဋ္ဌာကဖြစ်သော လူတို့သည်။ အမှာကံ၊ ငါတို့၏။ အယျော၊ အရှင်သည်။ ဧတ္တကေပိ၊ ဤမျှ အတိုင်းအရှည်ရှိသောအမှု၌လည်း။ ကုက္ကုစ္စာယတိ၊ ကုက္ကုစ္စကိုပြု၏။
အညသ္မိံ၊ အခြားသော။ သြဠာရိကေ၊ ရုန့်ရင်းသောအမှု၌။ ကိံ နာမ၊ အဘယ်မည်သည်ကို။ ကရိဿတိ၊ ပြုလတ္တံ့နည်း။
ဣမိနာ၊ ဤ ငါတို့အရှင်နှင့်။ သဒိသော၊ သော။ သီလဝါ၊ သီလရှိသောရဟန်းသည်။ နတ္ထိ၊ မရှိ။ ဣတိ၊ ဤသို့ကြံ၍။ ပသန္နာ၊ ကြည်ညိုကုန်သည်။ (ဟုတွာ)။ သက္ကာရံ၊ ပူဇော်သက္ကာရကို။ ကရောန္တိ။
အပ္ပဿုတောပိ၊ အပ္ပဿုတရဟန်းသည်လည်း။ ဥပဋ္ဌာကမဇ္ဈေ၊ အလုပ်အကျွေး ဒါယကာတို့၏ အလယ်၌။ နိသိန္နော၊ ထိုင်လျက်။ အသုကော၊ ထိုမည်သော။ တိပိဋကဓရော၊ တိပိဋကဓရ ရဟန်းသည်၎င်း။ အသုကော၊ သော။ စတုနိကာယိကော၊ စတုနိကာယိက ရဟန်းသည်၎င်း။ (နိကာယ်လေးရပ်တတ်သိသော ရဟန်းသည်၎င်း။) မယှံ၊ ငါ၏။ အန္တေဝါသိကော၊ အနီးနေ တပည့်တည်း။ မမ၊ ငါ၏။ သန္တိကေ၊ အထံ၌။ တေဟိ၊ ထိုတိပိဋကဓရ, စတုနိကာယိက ရဟန်းတို့သည်။ ဓမ္မော၊ ပါဠိအဋ္ဌကထာ ဓမ္မကို။ ဥဂ္ဂဟိတော၊ သင်ယူအပ်ပြီ။ ဣတိ, ဝဒတိ၊ ပြော၏။
မနုဿာ၊ လူတို့သည်။ အမှာကံ၊ ငါတို့၏။ အယျေန၊ အရှင်နှင့်။ သဒိသော၊ တူသော။ ဗဟုဿုတော၊ များသောသုတရှိသောပုဂ္ဂိုလ်သည်။ နတ္ထိ၊ မရှိ။ ဧတဿ၊ ဤအရှင်၏။ သန္တိကေ၊ အထံ၌။ အသုကေနစ၊ ထိုမည်သော တိပိဋကဓရ ရဟန်းသည်၎င်း။ အသုကေနစ၊ ထိုမည်သော စတုနိကာယိက ရဟန်းသည်၎င်း။ ဓမ္မော၊ ပါဠိအဋ္ဌကထာ ဓမ္မကို။ ဥဂ္ဂဟိတောကိရ၊ သင်ယူအပ်သတဲ့။ (သင်ယူကြရဆိုကိုး။) ဣတိ၊ ဤသို့။ ပသန္နာ၊ ကြည်ညိုကြကုန်သည်။ (ဟုတွာ)သက္ကာရံ ကရောန္တိ။
သင်္ဂဏိကာရာမောပိ၊ အပေါင်းအဖော် ကိလေသာတို့နှင့် ပေါင်းသင်းခြင်းဟူသော မွေ့လျော်ရာရှိသော ရဟန်းသည်လည်း။ [ဤပုဒ်၏ အဓိပ္ပါယ်ကို ကစ္စည်းဘာသာဋီကာ "ဏျတ္တတာဘာဝေတု" သုတ်အဖွင့်၌ ပြခဲ့ပြီ။] မဟာမဟဒိဝသေ၊ အကြီးအကျယ် ပူဇော်ရာနေ့၌။ ဒီဃပီဌဉ္စ၊ ရှည်စွာသော အင်းပျဉ်ကို၎င်း။ အပဿယဉ္စ၊ တကဲမှီ ပျဉ်ချပ်ကို၎င်း။ ဂါဟာပေတွာ၊ ယူစေ၍။ (အယူခိုင်း၍)။ ဝိဟာရပစ္စန္တေ၊ ကျောင်းတိုက်၏အစွန်အဖျား၌။ ရုက္ခမူလေ၊ သစ်ပင်၏အနီး အောက်၌။ ဒိဝါဝိဟာရံ၊ နေ့အခါ၌ နေခြင်းကို။ နိသီဒတိ၊ နေ၏။ ["သင်္ဂဏိကာရာမ" ဖြစ်ပါလျက် တိတ်တိတ်ဆိတ်ဆိတ် နေလိုသောရဟန်းဟု အထင်ကြီးအောင် နေ၏ ဟူလို။]
မနုဿာ၊ လူတို့သည်။ အာဂန္တွာ၊ လာ၍။ ထေရော၊ သည်။ (ဆရာတော်သည်။) ကုဟိံ၊ အဘယ်မှာနည်း။ ဣတိ, ပုစ္ဆန္တိ၊ မေးကြကုန်၏။
ဂဏ္ဌိကပုတ္တာနာမ၊ ညာဖြန်း ပြောဆိုလေ့ရှိသော လူလိမ် လူညာတို့၏သားတို့မည်သည်။ ဂဏ္ဌိကာ ဧဝ၊ ညာဖြန်း ပြောဆိုတတ်ကုန်သည်သာ။ ဟောန္တိ။ [ဤပုဒ်ကို ဋီကာ၌ ဖွင့်ထား၏။]
တေန၊ ထို့ကြောင့်။ (ဆရာက ဤကဲ့သို့အညာ မခိုင်းရဘဲ ညာဖြန်းတတ်သော ဆရာ၏တပည့် ဖြစ်သည့်အတွက် သူတို့လည်း ညာဖြန်းတတ်သောကြောင့်။) ထေရော၊ သည်။ ဧဝရူပေ၊ ဤသို့သဘောရှိသော။ ကာလေ၊ လူရှုပ်ရာအခါ၌။ ဣဓ၊ ဤရှုပ်ရှုပ်ယှက်ယှက် နေရာ၌။ န နိသီဒတိ၊ မနေတတ်။ ဝိဟာရပစ္စန္တေ၊ သော။ ဒိဝါဋ္ဌာနေ၊ နေ့နေရာအရပ်၌။ ဒီဃစင်္ကမေ၊ ရှည်သောစင်္ကြံ၌။ ဝိဟရတိ၊ နေတော်မူ၏။ ဣတိ ဝဒန္တိ၊ ညာဖြန်း၍ ပြောကြကုန်၏။
သောပိ၊ ထိုသင်္ဂဏိကာရာမဖြစ်သော ရဟန်းသည်လည်း။ ဒိဝသဘာဂံ၊ နေ့အဖို့ကို။ ဝီတိနာမေတွာ၊ လွန်စေပြီး၍။ နလာဋေ၊ နဖူးပြင်၌။ မက္ကဋသုတ္တံ၊ ပင့်ကူချည်မျှင်ကို။ အလ္လီယာပေတွာ၊ ငြိကပ်စေ၍။ [စင်္ကြံမသွားဘဲနှင့် တနေရာတည်း ငိုက်၍နေသောကြောင့် သူ၏ပြန်လမ်း၌ ပင့်ကူချည်မျှင်တွေ တန်း၍နေ၏။ ထိုတန်း၍နေသော ချည်မျှင်တို့ကို တိုး၍လာခဲ့ရသောကြောင့် နဖူးပြင်၌ ချည်မျှင်တွေကပ်၍ နေသည်-ဟူလို။] ပီဌံ၊ အင်းပျဉ်ကို။ ဂါဟာပေတွာ၊ ယူစေ၍။ (အယူခိုင်း၍။) အာဂမ္မ၊ ပြန်လာ၍။ ပရိဝေဏဒွါရေ၊ ပရိဝုဏ် တံခါးအနီး၌။ နိသီဒတိ၊ ထိုင်နေ၏။
မနုဿာ၊ တို့သည်။ ဘန္တေ ကဟံ၊ အဘယ်အရပ်သို့။ ဂတာ၊ ကြွနေကုန်သည်။ အတ္ထ၊ ဖြစ်ပါကုန်သနည်း။
အာဂန္တွာ၊ စောစောက လာ၍။ န အဒ္ဒသမှာ၊ မတွေ့ကြရပါကုန်။ ဣတိ ဝဒန္တိ။
ဥပါသကာ၊ ဥပါသကာတို့။ အန္တောဝိဟာရော၊ ကျောင်းတိုက် အတွင်းသည်။ (ကျောင်းတိုက် အတွင်းဆိုတာ။) အာကိဏ္ဏော၊ လူအများတို့ဖြင့် ရောပြွမ်း၏။
ဧတံ၊ ဤ ကျောင်းတိုက်အတွင်းအရပ်သည်။ ဒဟရသာမဏေရာနံ၊ ရဟန်းငယ် သာမဏေတို့၏။ ဝိစရဏဋ္ဌာနံ၊ လှည့်လည်ရာအရပ်တည်း။ သဋ္ဌိဟတ္ထ စင်္ကမေ၊ အတောင် ခြောက်ဆယ်ရှိသော စင်္ကြံ၌။ ဒိဝါဋ္ဌာနေ၊ နေ့သန့်ရာအရပ်၌။ နိသီဒိမှာ၊ နေကြကုန်ပြီ။ ဣတိ၊ ဤသို့။ အတ္တနော၊ မိမိ၏။ ပဝိဝိတ္တဘာဝံ၊ အပေါင်းအဖော်မှ ကင်းဆိတ်သူ၏အဖြစ်ကို။ ဇာနာပေတိ၊ သိစေ၏။
ကုသီတောပိ၊ ပျင်းရိသော ရဟန်းသည်လည်း။ (ပျင်း၍ အိပ်နေသော ရဟန်းသည်လည်း။) ဥပဋ္ဌာကမဇ္ဈေ၊ အလုပ်အကျွေး ဒါယကာတို့၏ အလယ်၌။ နိသိန္နော၊ ထိုင်လျက်။ ဥပါသကာ၊ တို့။ တုမှေဟိ၊ သင်တို့သည်။ ဥက္ကာပါတော၊ ဥက္ကာကျခြင်းကို။ (မနေ့ညက ဥက္ကာကျခြင်းကို။) ဒိဋ္ဌော၊ မြင်အပ်သလော။ ဣတိ ဝဒတိ။
ဘန္တေ, န ပဿာမ၊ မမြင်လိုက်ပါကုန်။
ကာယ ဝေလာယ၊ အဘယ်အချိန်၌။ (ဥက္ကာပါတော)။ အဟောသိ၊ ဖြစ်ပါသနည်း။ ဣတိစ၊ ဤသို့လည်း။ ပုဋ္ဌော၊ မေးအပ်သည်။ (သမာနော) အမှာကံ၊ တို့၏။ စင်္ကမနဝေလာယ၊ စင်္ကြံကြွနေချိန်၌။ (ဥက္ကာပါတော အဟောသိ) ဣတိ ဝတွာ, ဘူမိစာလသဒ္ဒံ၊ မြေလှုပ်သံကို။ (ငလျင်လှုပ်သံကို)။ အသုတ္ထ၊ ကြားကြကုန်သလော။ ဣတိ ပုစ္ဆတိ။
ဘန္တေ, န သုဏာမ၊ မကြားပါကုန်။
ကာယ ဝေလာယ၊ ၌။ (ဘူမိစာလော အဟောသိ၊ နည်း။) ဣတိ ပုဋ္ဌော (သမာနော) မဇ္ဈိမယာမေ၊ မဇ္ဈိမယာမ်၌။ (သန်းခေါင်ယာမ်၌။) အမှာကံ၊ တို့၏။ အာလမ္ဗနဖလကံ၊ တကဲမှီပျဉ်ချပ်ကို။ အပဿာယ၊ မှီ၍။ ဌိတကာလေ၊ တည်ရာအခါ၌။ (ဘူမိစာလောအဟောသိ။) ဣတိ ဝတွာ မဟာ ဩဘာသော၊ ကြီးစွာသော အရောင်အလင်းသည်။ အဟောသိ။
သော၊ ထို ကြီးစွာသောအရောင်အလင်းကို။ ဝေါ၊ သင်တို့သည်။ ဒိဋ္ဌော၊ မြင်အပ်သလော။ ဣတိ ပုစ္ဆတိ။
ဘန္တေ ကာယ ဝေလာယ၊ ၌။ (မဟာဩဘာသော အဟောသိ။) ဣတိစ ဝုတ္တေ၊ မေးအပ်သော်။ မယှံ၊ ငါ၏။ စင်္ကမမှာ၊ စင်္ကြံမှ။ ဩသရဏကာလေ၊ သက်ဆင်းရာအခါ၌။ (မဟာဩဘာသောအဟောသိ။) ဣတိ ဝဒတိ။
မနုဿာ၊ တို့သည်။ အမှာကံ၊ တို့၏။ ထေရော၊ သည်။ တီသုပိ ယာမေသု၊ ညဉ့်သုံးယာမ်တို့၌လည်း။ စင်္ကမေယေဝ၊ စင်္ကြံ၌သာ။ ဟောတိ၊ ဖြစ်၏။
အယျေန၊ အရှင်နှင့်။ သဒိသော၊ တူသော။ အာရဒ္ဓဝီရိယော၊ အားထုတ်အပ်သော ဝီရိယရှိသော ရဟန်းသည်။ နတ္ထိ၊ မရှိ။ ဣတိ၊ ဤသို့မှတ်ထင်၍။ ပသန္နာ(ဟုတွာ)သက္ကာရံ ကရောန္တိ။
မုဋ္ဌဿတီပိ၊ ပျောက်ကင်းသောသတိရှိသော ရဟန်းသည်လည်း။ ဥပဋ္ဌာကမဇ္ဈေ။ နိသိန္နော၊ လျက်။ မယာ၊ ငါသည်။ အသုကကာလေ နာမ၊ ထိုမည်သောကာလ၌။ (ထိုမည်သောအရွယ်တုန်းက။) ဒီဃနိကာယော၊ ဒီဃနိကာယ်ကို။ ဥဂ္ဂဟိတော၊ သင်ယူအပ်ပြီ။ အသုကကာလေ၊ ၌။ မဇ္ဈိမော(နိကာယော)၊ ကို။ (ဥဂ္ဂဟိတော)။ (အသုကကာလေ)သံယုတ္တကော(နိကာယော)။ (ဥဂ္ဂဟိတော)။ (အသုကကာလေ)အင်္ဂုတ္တရိကော(နိကာယော)၊ အင်္ဂုတ္တရ နိကာယ်ကို။ (ဥဂ္ဂဟိတော)။
အန္တရာ၊ အကြား၌။ ဩလောကနံနာမ၊ ကြည့်ရခြင်းမည်သည်။ (ထပ်၍ ကြည့်ရခြင်းမည်သည်။) နတ္ထိ။ ဣစ္ဆိတိစ္ဆိတဋ္ဌာနေ၊ အလိုရှိအပ်, အလိုရှိအပ်သော ပါဠိရပ်၌။ မုခါရုဠှာဝ၊ နှုတ်သို့ တက်သည်သာလျှင် ဖြစ်သော။ တန္တိ၊ ပါဠိတော်သည်။ အာဂစ္ဆတိ၊ လာ၏။
အညေ၊ ငါမှ တပါးကုန်သော။ ဣမေ ပန ဘိက္ခူ၊ တို့သည်ကား။ ဧဠကာဝိယ၊ သိုးတို့ကဲ့သို့။ မုခံ၊ ပါးစပ်ကို။ ဖန္ဒာပေန္တာ၊ တလှုပ်တည်း လှုပ်စေကုန်လျက်။ (ရပြီးသားတွေ မေ့မှာစိုးလို့တတွတ်တွတ် ရွတ်နေကုန်လျက်။) ဝိဟရန္တိ၊ ကုန်၏။ ဣတိ ဝဒတိ။
မနုဿာ၊ တို့သည်။ အယျေန သဒိသော, ဥပဋ္ဌိတဿတိ၊ အာရုံ၌ကပ်၍တည်သော သတိရှိသော ရဟန်းသည်။ နတ္ထိ။ ဣတိ၊ ဤသို့မှတ်ထင်၍။ ပသန္နာ(ဟုတွာ)သက္ကာရံကရောန္တိ။
အသမာဟိတောပိ၊ ကောင်းစွာ အာရုံ၌ ထားအပ်သော စိတ်မရှိသောရဟန်းသည်လည်း။ ဝါ၊ မတည်ကြည်သော ရဟန်းသည်လည်း။ ဥပဋ္ဌာကာနံ၊ အလုပ်အကျွေးဒါယကာတို့၏။ သမ္မုခေ၊ မျက်မှောက်၌။ အဋ္ဌကထာစရိယေ၊ အဋ္ဌကထာဆရာတို့ကို။ ပဉှံ၊ ကို။ ပုစ္ဆတိ။
ကသိဏံနာမ၊ ကသိုဏ်းမည်သည်ကို။ ကထံ၊ အဘယ်သို့။ ဘာဝေန္တိ၊ ဖြစ်စေကြရပါကုန်သနည်း။
ကိတ္တကေန၊ အဘယ်မျှလောက်သော အတိုင်းအရှည်ဖြင့်။ နိမိတ္တံ၊ ပဋိဘာဂနိမိတ်သည်။ ဥပ္ပန္နံနာမ၊ ဖြစ်သည်မည်သည်။ ဟောတိ၊ ဖြစ်ပါသနည်း။
ကိတ္တကေန။ ဥပစာရော၊ ဥပစာရသမာဓိသည်။ (ဟောတိ၊ နည်း။)
ကိတ္တကေန။ အပ္ပနာ၊ အပ္ပနာသမာဓိသည်။ (ဟောတိ၊ နည်း။)
ပဌမဿ ဈာနဿ၊ ပဌမဈာန်၏။ အင်္ဂါနိ၊ အင်္ဂါတို့သည်။ ကတိ၊ အဘယ်မျှလောက်တို့ပါနည်း။
ဒုတိယဿ (ဈာနဿ အင်္ဂါနိကတိ)။ ပေ။ စတုတ္ထဿ ဈာနဿ အင်္ဂါနိ ကတိ၊ နည်း။ ဣတိ ပုစ္ဆတိ။
တေဟိ၊ ထိုအဋ္ဌကထာဆရာတို့သည်။ အတ္တနော၊ ၏။ ဥဂ္ဂဟိတာနုရူပေန၊ သင်ယူအပ်သော အဋ္ဌကထာအားလျော်သဖြင့်။ ကထိတကာလေ၊ ပြောဆိုအပ်ရာအခါ၌။ သိတံ၊ ပြုံးမှုကို။ ကတွာ၊ ပြု၍။ အာဝုသော, ဧဝံ၊ ဤဖြေဆိုအပ်သည့်အတိုင်း။ န ဟောသိကိံ၊ မဖြစ်ပါသလော။ ဣတိဝုတ္တေ၊ သော်။ (အဋ္ဌကထာဆရာတို့က ပြောဆိုအပ်သော်။) ဘန္တေ, ဝဋ္ဋတိ၊ သင့်လောက်ပါ၏။ ဣတိ၊ သို့။ အတ္တနော၊ မိမိ၏။ သမာပတ္တိလာဘိတံ၊ သမာပတ်ကို ရခြင်းရှိသူ၏ အဖြစ်ကို။ သူစေတိ၊ ထင်ရှားပြ၏။
မနုဿာ၊ အလုပ်အကျွေး ဒါယကာဖြစ်သော လူတို့သည်။ အယျော၊ အရှင်သည်။ သမာပတ္တိလာဘီ၊ သမာပတ်ကို ရခြင်းရှိ၏။ ဣတိ၊ ဤသို့မှတ်ထင်၍။ ပသန္နာ (ဟုတွာ)သက္ကာရံ ကရောန္တိ။
ဒုပ္ပညောပိ၊ ပညာမရှိသော ရဟန်းသည်လည်း။ ဥပဋ္ဌာကာနံ၊ တို့၏။ မဇ္ဈေနိသိန္နော၊ လျက်။ မေ၊ ငါသည်။ မဇ္ဈိမနိကာယေ၊ မဇ္ဈိမနိကာယ်၌။ ပဉ္စတ္တယံ၊ ပဉ္စတ္တယသုတ်ကို။ ဩလောကေန္တဿ၊ ကြည့်ရှုစဉ်။ ဣဒ္ဓိယာ၊ တန်ခိုးနှင့်။ သဟ၊ တကွ။ မဂ္ဂေါ၊ မဂ်သည်။ အာဂတော၊ လာပြီ။
ပရိယတ္တိနာမ၊ ပရိယတ်မည်သည်။ အမှာကံ၊ ငါတို့အတွက်။ န ဒုက္ကရာ၊ ခဲယဉ်းသဖြင့် မပြုအပ်ပါ။ (မခက်ပါ။)
ပန၊ သို့သော်လည်း။ ပရိယတ္တိဝါဝဋော၊ ပရိယတ်၌ ကြောင့်ကြစိုက်သော ရဟန်းသည်။ ဒုက္ခတော၊ ဒုက္ခမှ။ န မုစ္စတိ၊ မလွတ်။ ဣတိ၊ ဤသို့နှလုံးသွင်း၍။ ပရိယတ္တိံ၊ ပရိယတ်ကို။ ဝိသဇ္ဇယိမှာ၊ စွန့်ခဲ့ကုန်ပြီ။ ဣတိ အာဒီနိ၊ တို့ကို။ ဝဒန္တော၊ ပြောဆိုလျက်။ အတ္တနော,မဟာပညတ္တံ၊ ကြီးသောပညာရှိသူ၏အဖြစ်ကို။ ဒီပေတိ၊ ပြ၏။
ပန၊ ဆက်။ ဧဝံ၊ သို့။ ဝဒန္တော၊ ပြောဆိုသောရဟန်းသည်။ အဿ၊ ဤမြတ်စွာဘုရား၏။ သာသနေ၊ သာသနာတော်၌။ ပဟာရံ၊ ပုတ်ခတ်ခြင်းကို။ ဒေတိ၊ ပေး၏။
ဣမိနာ၊ ဤရဟန်းနှင့်။ သဒိသော၊ သော။ မဟာစောရောနာမ၊ ခိုးသူကြီးမည်သည်။ နတ္ထိ။
ဟိ၊ မှန်။ ပရိယတ္တိဓရော၊ ပရိယတ်ကိုဆောင်သောပုဂ္ဂိုလ်သည်။ ဒုက္ခတော၊ ဒုက္ခမှ။ န မုစ္စတိ၊ မလွတ်သည်ကား။ န၊ မဟုတ်။ (မုစ္စတိ ဧဝ၊ လွတ်သည်သာ။) ဣတိ(ဝိညာယတိ။) (တနည်း) (ကသ္မာ ဣမိနာသဒိသော မဟာစောရော နာမ နတ္ထိ။ ဣတိဝိညာယတိ၊ နည်း။ (ယသ္မာ)၊ ကြောင့်။ ပရိယတ္တိဓရော၊ သည်။ ဒုက္ခတော၊ မှ။ န မုစ္စတိ၊ သည်ကား။ န၊ မဟုတ်။ (မုစ္စတိဧဝ) ဣတိ (တသ္မာ ဣမိနာ သဒိသော မဟာစောရော နာမ နတ္ထိ။ ဣတိ ဝိညာယတိ။)
အခီဏာသဝေါပိ၊ ရဟန္တာ မဟုတ်သောပုဂ္ဂိုလ်သည်လည်း။ ဂါမဒါရကေ၊ ရွာသားကလေးတို့ကို။ ဒိသွာ တုမှာကံ၊ သင်တို့၏။ မာတာပိတရော၊ မိဘတို့သည်။ အမှေ၊ ငါတို့ကို။ ကိံ၊ အဘယ်သို့။ ဝဒန္တိ၊ ပြောကြကုန်သနည်း။ ဣတိ၊ ဤသို့မေးပြီ။
ဘန္တေ, အရဟာတိ၊ ရဟန္တာဟူ၍။ ဝဒန္တိ၊ ပြောကြပါကုန်၏။ ဣတိ၊ ဤသို့လျှောက်ကုန်ပြီ။
ယာဝ(အတိဝိယ)၊ အလွန်အကဲသာလျှင်။ ဆေကာ၊ ကျွမ်းကျင်ကုန်သော။ ဂဟပတိကာ၊ အိမ့်ရှင်ဒါယကာတို့ကို။ ဝဉ္စေတုံ၊ လှည့်ပတ်ခြင်းငှါ။ န သက္ကာ၊ မတတ်ကောင်း။ ဣတိ၊ ဤသို့ပြော၍။ အတ္တနော၊ ၏။ ခီဏာသဝဘာဝံ၊ ရဟန္တာ၏အဖြစ်ကို။ ဒီပေတိ။
စ၊ သည်သာမကသေး။ ဧတ္ထ၊ ဤပါပိစ္ဆတာနိဒ္ဒေသ၌။ အညေပိ၊ ဆိုအပ်ပြီးသော ဝတ္ထုတို့မှ အခြားလည်းဖြစ်ကုန်သော။ **စာဋိအရဟန္တပါရောဟအရဟန္တာ**ဒယော၊ အိုးစရည်းရဟန္တာ, မြစ်ပျဉ်းရဟန္တာ အစရှိသည်တို့ကို။ ဝေဒိတဗ္ဗာ။ ကိရ၊ ချဲ့။ ဧကော၊ တပါးသော။ ကုဟကော၊ အံ့ဩဘွယ်ကို ဖြစ်စေတတ်သော ရဟန်းသည်။ အန္တောဂဗ္ဘေ၊ တိုက်ခန်းအတွင်း၌။ စာဋိံ၊ အိုးစရည်းကို။ နိခဏိတွာ၊ မြှုပ်၍။ မနုဿာနံ၊ လူတို့၏။ အာဂမနကာလေ၊ လာရာအခါ၌။ ပဝိသတိ၊ ဝင်နေ၏။
မနုဿာ၊ တို့သည်။ ထေရော၊ သည်။ ကဟံ၊ အဘယ်မှာနည်း။ ဣတိ ပုစ္ဆန္တိ။ (အပြင်၌နေသော ရဟန်းငယ်သာမဏေတို့ကို မေးကြကုန်၏။)
အန္တောဂဗ္ဘေ၊ ၌။ (ဝသတိ)။ ဣတိ၊ သို့။ ဝုတ္တေ၊ သော်။ ပဝိသိတွာ၊ ဝင်၍။ ဝိစိနန္တာပိ၊ စူးစမ်းရှာဖွေပါကုန်သော်လည်း။ အဒိသွာ၊ မတွေ့ရ၍။ နိက္ခမိတွာ၊ ထွက်၍။ ထေရော၊ သည်။ နတ္ထိ၊ မရှိပါ။ ဣတိ ဝဒန္တိ။
ထေရော၊ သည်။ အန္တောဂဗ္ဘေယေဝ၊ ၌သာ။ (ဝသတိ)။ ဣတိစ၊ ဤသို့လည်း။ ဝုတ္တေ၊ သော်။ ပုန၊ တဖန်။ ပဝိသန္တိ၊ ဝင်ကုန်၏။
ထေရော၊ သည်။ စာဋိတော၊ မြှုပ်ထားအပ်သော အိုးစရည်းမှ။ နိက္ခမိတွာ၊ ထွက်၍။ ပီဌေ၊ အင်းပျဉ်၌။ နိသိန္နော၊ ထိုင်နေသည်။ ဟောတိ။
တတော၊ ထိုမှနောက်၌။ တေဟိ၊ ထိုဒါယကာတို့သည်။ ဘန္တေ,မယံ၊ တပည့်တော်တို့သည်။ ပုဗ္ဗေ၊ ရှေး၌။ အဒိသွာ၊ မတွေ့ရ၍။ ဝါ၊ မတွေ့ရခြင်းကြောင့်။ နိက္ခန္တာ၊ ထွက်သွားပါကုန်ပြီ။ တုမှေ၊ အရှင်ဘုရားတို့သည်။ ကဟံ၊ အဘယ်အရပ်သို့။ ဂတာ၊ သွားနေကြကုန်သည်။ အတ္ထ၊ ဖြစ်ပါကုန်သနည်း။ ဣတိ,ဝုတ္တေ၊ သော်။ သမဏာနာမ၊ ရဟန်းတို့မည်သည်။ အတ္တနော၊ ၏။ ဣစ္ဆိတိစ္ဆိတဋ္ဌာနံ၊ အလိုရှိအပ်, အလိုရှိအပ်သောအရပ်သို့။ ဂစ္ဆန္တိ၊ သွားနိုင်ကုန်၏။ ဣတိ၊ သို့။ ဝစနေန၊ စကားဖြင့်။ အတ္တနော၊ ၏။ ခီဏာသဝဘာဝံ၊ ရဟန္တာ၏အဖြစ်ကို။ ဒီပေတိ။
အပရော၊ အခြားသော။ ကုဟကော၊ အံ့ဘွယ်ကိုဖြစ်စေတတ်သော ရဟန်းသည်။ ဧကသ္မိံ၊ တခုသော။ ပဗ္ဗတေ၊ တောင်၌။ ပဏ္ဏသာလာယ၊ သစ်ရွက်ကျောင်း၌။ ဝသတိ၊ နေ၏။
စ၊ ဆက်။ ပဏ္ဏာသာလာယ၊ သစ်ရွက်ကျောင်း၏။ ပစ္ဆတော၊ နောက်၌။ ပပါတဋ္ဌာနေ၊ ကမ်းပါးပြတ်အရပ်၌။ ဧကော၊ တခုသော။ ကစ္ဆကရုက္ခော၊ ထောက်ကြံ့ပင်သည်။ [ယောဇနာ၌ "ဝဋရုက္ခော၊ ပညောင်ပင်" ဟုရှိ၏။] အတ္ထိ၊ ရှိ၏။
တဿ၊ ထိုထောက်ကြံ့ပင်၏။ ပါရောဟော၊ မြစ်ပျဉ်းသည်။ [ကိုင်းမှအောက်သို့သက်ဆင်း၍ မြေထိအောင်ထောက်နေသောသစ်မြစ်သည်။] ဂန္တွာ၊ သွား၍။ ပရဘာဂေ၊ နောက်အဘို့၌။ (တဘက်ကမ်း၌။) ဘူမိယံ၊ မြေ၌။ ပတိဋ္ဌိတော၊ တည်၏။
မနုဿာ၊ တို့သည်။ မဂ္ဂေန၊ လမ်းရိုးဖြင့်။ အာဂန္တွာ၊ လာ၍။ နိမန္တေန္တိ၊ ပင့်ဖိတ်ကုန်၏။
သော၊ ထို ကုဟကရဟန်းသည်။ ပတ္တစီဝရံ၊ သပိတ်သင်္ကန်းကို။ အာဒါယ၊ ယူ၍။ ပါရောဟေန၊ မြစ်ပျဉ်းဖြင့်။ ဩတရိတွာ၊ သက်ဆင်း၍။ ဂါမဒွါရေ၊ ရွာတံခါးပေါက်အနီး၌။ အတ္တာနံ၊ မိမိကို။ ဒဿေတိ၊ ပြ၏။
တတော၊ ထိုမှနောက်၌။ မနုဿေဟိ၊ တို့သည်။ ပစ္ဆာ၊ နောက်မှ။ အာဂန္တွာ၊ လာ၍။ ဘန္တေ, ကတရေန မဂ္ဂေန၊ အဘယ်လမ်းဖြင့်။ အာဂတာ၊ ကြွလာကုန်သည်။ အတ္ထ၊ ဖြစ်ပါကုန်သနည်း။ ဣတိ၊ သို့။ ပုဋ္ဌော(သမာနော)သမဏာနံ၊ ရဟန်းတို့၏။ အာဂတမဂ္ဂေါနာမ၊ လာအပ်သောလမ်းမည်သည်ကို။ ပုစ္ဆိတုံ၊ မေးခြင်းငှါ။ နဝဋ္ဋတိ၊ မသင့်။ ("မမေးကောင်း" ဟူလို။) အတ္တနော၊ ၏။ ဣစ္ဆိတိစ္ဆိတဋ္ဌာနေနေဝ၊ အလိုရှိအပ်, အလိုရှိအပ်သော အရပ်ဖြင့်သာ။ အာဂစ္ဆန္တိ၊ လာနိုင်ကုန်၏။ ဣတိ၊ ဤသို့။ ဝစနေန၊ ဖြင့်။ ခီဏာသဝဘာဝံဒီပေတိ။
ပန၊ ဆက်။ တံ ကုဟကံ၊ ထိုကုဟကရဟန်းကို။ ဧကော၊ တယောက်သော။ ဝိဒ္ဓကဏ္ဏော၊ ဖောက်အပ်သော နားရှိသော ဒါယကာသည်။ ("အကြားအမြင်များသော ဒါယကာသည်" ဟုဆိုလိုသည်။) ဉတွာ၊ သိ၍။ (အမှန်ကိုသိ၍။) နံ၊ ထို ကုဟကရဟန်းကို။ ပရိဂ္ဂဟေဿာမိ၊ ဖမ်းယူအံ့။ ဣတိ၊ ဤသို့ကြံ၍။ ဧကဒိဝသံ၊ တနေ့သ၌။ ပါရောဟေန၊ မြစ်ပျဉ်းဖြင့်။ ဩတရန္တံ၊ ဆင်းလာသည်ကို။ ဒိသွာ၊ တွေ့ရ၍။ ပစ္ဆတော၊ နောက်၌။ ဆိန္ဒိတွာ၊ ဖြတ်၍။ အပ္ပမတ္တကေန၊ အနည်းငယ်ဖြင့်။ (တဲတဲကလေးဖြင့်။) ဌပေသိ၊ ထားပြီ။
သော၊ ထိုကုဟကရဟန်းသည်။ ပါရောဟတော၊ မြစ်ပျဉ်းမှ။ ဩတရိဿာမိ၊ သက်ဆင်းအံ့။ ဣတိ၊ ဤသို့ကြံ၍ဆင်းလိုက်လျှင်ပင်။ ဌန္တိ၊ ဌာန်းဟူ၍။ ဝါ၊ ထိုင်းဟူ၍။ ပတိတော၊ ကျပြီ။ မတ္တိကာပတ္တော၊ မြေသပိတ်သည်။ ဘိဇ္ဇိ၊ ကွဲပြီ။
သော၊ ထိုကုဟကရဟန်းသည်။ (အဟံ၊ ငါသည်။ ဝါ၊ ကို။ မနုဿေဟိ။) ဉာတော၊ သိအပ်သည်။ အမှိ၊ ဖြစ်၏။ ဣတိ၊ ဤသို့ကြံ၍။ နိက္ခမိတွာ ပလာယိ၊ ထွက်ပြေးပြီ။
ပါပိစ္ဆဿ၊ ယုတ်မာသော အလိုရှိသောရဟန်း၏။ ဘာဝေါ၊ ဖြစ်ကြောင်းဖြစ်ရာသည်။ **ပါပိစ္ဆတာ**၊ မည်၏။
ပန၊ ပဒတ္ထမှတပါး လက္ခဏတ္ထကား။ လက္ခဏတော၊ အားဖြင့်။ အသန္တဂုဏသမ္ဘာဝနတာ၊ ထင်ရှားမရှိသော ဂုဏ်ဖြင့် ချီးမွမ်းစေလိုသူ၏ အဖြစ်သည်၎င်း။ ပဋိဂ္ဂဟဏေ၊ ပစ္စည်းကိုခံယူခြင်း၌။ အမတ္တညုတာစ၊ အတိုင်းအရှည်ကို သိလေ့မရှိသူ၏အဖြစ်၎င်းတည်း။
ဧတံ၊ ဤထင်ရှားမရှိသော ဂုဏ်ဖြင့် ချီးမွမ်းစေလိုသူ၏အဖြစ်, ခံယူခြင်း၌ အတိုင်းအရှည်ကိုသိလေ့မရှိသူ၏အဖြစ်သည်။ ပါပိစ္ဆတာလက္ခဏံ၊ ပါပိစ္ဆတာ၏ လက္ခဏာတည်း။ ဣတိ ဝေဒိတဗ္ဗံ။
၈၅၂။ သိင်္ဂနိဒ္ဒေသေ၊ ၌။ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော။) ဝိဇ္ဈနဋ္ဌေန၊ ထိုးတတ်သည်၏အဖြစ်ဟူသော အနက်သဘောကြောင့်။ **သိင်္ဂံ**၊ မည်၏။ ဝါ၊ ဦးချိုနှင့်တူ၏။
ဧတံ၊ ဤ သိင်္ဂဟူသောအမည်သည်။ နာဂရိကဘာဝသင်္ခါတဿ၊ မြို့ကြီးသူမြို့ကြီးသားတို့၏အဖြစ်ဟု ဆိုအပ်သော။ ကိလေသသိင်္ဂဿ၊ ကိလေသာတည်းဟူသောဦးချို၏။ နာမံ၊ အမည်တည်း။
သိင်္ဂါရဘာဝေါ၊ ကာမ၏ တိုးပွါးခြင်းသို့ရောက်သော ချစ်ကြိုက်သူ၏ဖြစ်ကြောင်းဖြစ်ရာသည်။ **သိင်္ဂါရတာ**၊ သိင်္ဂါရတာမည်၏။ ဝါ၊ တနည်း။ သိင်္ဂါရကရဏာကာရော၊ ကာမ၏တိုးပွါးခြင်းသို့ရောက်တတ်သော ချစ်ကြိုက်မှုကိုပြုခြင်းဟူသော အခြင်းအရာသည်။ (သိင်္ဂါရတာ၊ မည်၏။)
စာတုရဘာဝေါ၊ တင့်တယ်စံပယ်အောင် ပြုလိုသူ၏ အဖြစ်သည်။ **စာတုရတာ**၊ မည်၏။
တထာ၊ ထို့အတူ။ **စာတုရိယံ**၊ မည်၏။ [တာပစ္စည်းနှင့် ဏျပစ္စည်းသာကွဲသည်။]
ပရိက္ခတဘာဝေါ၊ ထက်ဝန်းကျင် တူးအပ်သည်၏အဖြစ်သည်။ **ပရိက္ခတတာ**၊ မည်၏။
ဧတံ၊ ဤပရိက္ခတတာဟူသောအမည်သည်။ ပရိခဏိတွာ၊ ထက်ဝန်းကျင်၌တူး၍။ ဌပိတဿေဝ၊ ထားအပ်သည်သာလျှင်ဖြစ်သော။ ဒဠှသိင်္ဂါရဘာဝဿ၊ ခိုင်မြဲသော သိင်္ဂါရ၏အဖြစ်၏။ နာမံ၊ တည်း။
ဣတရံ၊ ဤပရိက္ခတတာမှတပါးသော ပါရိက္ခတိယံဟူသောပုဒ်သည်။ တဿေဝ၊ ထိုပရိက္ခတတာပုဒ်၏ပင်။ ဝေဝစနံ၊ တည်း။ [ပရိက္ခတဿ+ဘာဝေါပါရိက္ခတိယံ၊ ဏျပစ္စည်းကြောင့် ပါ၌ ဝုဒ္ဓိရောက်ရသည်။]
ဧဝံ၊ ဤသို့လျှင်။ သဗ္ဗေဟိပိ ပဒေဟိ၊ တို့ဖြင့်။ ကိလေသသိင်္ဂါရဘာဝ၊ ကိလေသသိင်္ဂါရ၏ အဖြစ်ကိုသာ။ ကထိတာ၊ ဟောတော်မူအပ်ပြီ။
၈၅၃။ တိန္တိဏနိဒ္ဒေသေ(အတ္ထော ဧဝံ ဝေဒိတဗ္ဗော)။ **တိန္တိဏန္တိ**၊ ကား။ ခီယနံ၊ ရှုတ်ချခြင်းတည်း။
တိန္တိဏာယနာကာရော၊ ရှုတ်ချခြင်းဖြင့်ဖြစ်ခြင်းဟူသောအခြင်းအရာသည်။ **တိန္တိဏာယနာ**၊ မည်၏။
တိန္တိဏေန၊ ရှုတ်ချခြင်းဖြင့်။ အယိတဿ၊ ဖြစ်သော ပုဂ္ဂိုလ်၏။ တိန္တိဏသမင်္ဂီနော၊ တိန္တိဏနှင့် ပြည့်စုံသောပုဂ္ဂိုလ်၏။ ဘာဝေါ၊ သည်။ **တိန္တိဏာယိတတ္တံ**၊ မည်၏။
လောလုပဘာဝေါ၊ လျှပ်ပေါ်လော်လည်သူ၏ အဖြစ်သည်။ **လောလုပ္ပံ**၊ မည်၏။
ဣတရေ၊ လောလုပ္ပသဒ္ဒါမှ တပါးကုန်သော။ ဒွေ၊ နှစ်ပါးသော လောလုပ္ပါယနာ, လောလုပ္ပါယိတတ္တံဟူသော သဒ္ဒါတို့သည်။ အာကာရဘာဝနိဒ္ဒေသာ၊ အာကာရကို ညွှန်ပြကြောင်း ဘာဝကို ညွှန်ပြကြောင်းသဒ္ဒါတို့တည်း။
**ပုစ္ဆဉ္စိကတာ**တိ၊ ကား။ လာဘလဘနကဋ္ဌာနေ၊ လာဘ်ကို ရရာဌာန၌။ (လာဘ်ကိုဝေစုဝေရာအရပ်၌။) ဝေဒနာ၊ ခံစားခြင်းသည်၎င်း။ ကမ္ပနာ၊ တုန်လှုပ်ခြင်းသည်၎င်း။ နီစဝုတ္တိတာ၊ နိမ့်ကျသောအသက်မွေးခြင်းရှိသောပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်ရာတည်း။ [ဤပုဒ်၏အဖွင့်ကို အဋ္ဌသာလိနီ အဋ္ဌကထာ နိက္ခေပကဏ္ဍ လောဘနိဒ္ဒေသ၌ တမျိုး ဖွင့်ထား၏။ ဝေဒနာနေရာ၌ "စလနာ" ဟု ရှိလျှင် ထိုအဖွင့်နှင့် ညီ၏။]
**သာဓုကမျတာ**တိ၊ ကား။ ပဏီတပဏီတာနံ၊ မွန်မြတ်ကုန် မွန်မြတ်ကုန်သောလာဘ်တို့ကို။ ပတ္ထနာ၊ တောင့်တခြင်းတည်း။
ဧဝံ, သဗ္ဗေဟိပိ၊ ကုန်သော။ ပဒေဟိ၊ တိန္တိဏ အစရှိသောပုဒ်တို့ဖြင့်။ သုဝါနဒေါဏိယံ၊ ခွေးစားခွက်၌။ ကဉ္ဇိယံ၊ ပအုန်းရည်ကို။ (ထမင်းရည်ကို။) ပိဝနကသုနခဿ၊ သောက်သောခွေး၏။ အညံ၊ အခြားသော။ သုနခံ၊ ခွေးကို။ ဒိသွာ၊ မြင်၍။ ဘုဘုကရဏံ ဝိယ၊ ဘုဘုဟု အသံပြုခြင်းကဲ့သို့။ ဝါ၊ ဟိန်းခြင်းကဲ့သို့။ တဝ သန္တကံ၊ သင်၏ဥစ္စာ။ မမ သန္တကံ၊ ငါ၏ဥစ္စာ။ ဣတိ၊ ဤသို့။ ကိလေသဝသေန၊ ကိလေသာ၏အစွမ်းဖြင့်။ ခီယနာကာရော၊ ရှုတ်ချခြင်းဟူသော အခြင်းအရာကို။ ဝါ၊ ငြင်းခုံခြင်းဟူသောအခြင်းအရာကို။ ကထိတော။
၈၅၄။ စာပလျနိဒ္ဒေသေ(အတ္ထော ဧဝံ ဝေဒိတဗ္ဗော)။ အာကောဋိတပစ္စာကောဋိတဘာဝါဒီဟိ၊ ရှေ့ရှုခေါက်အပ်, တဖန် ပြန်၍ ခေါက်အပ်သည်၏အဖြစ် အစရှိသည်တို့ဖြင့်။ စီဝရဿ၊ ကို။ မဏ္ဍနာ၊ တန်ဆာဆင်ခြင်းသည်။ **စီဝရမဏ္ဍနာ**၊ မည်၏။
မဏိဝဏ္ဏစ္ဆဝိကရဏာဒီဟိ၊ ပတ္တမြားအဆင်းနှင့် တူသောအရေရှိအောင်ပြုခြင်း အစရှိသည်တို့ဖြင့်။ ပတ္တဿ၊ သပိတ်ကို။ မဏ္ဍနာ၊ သည်။ **ပတ္တမဏ္ဍနာ**၊ မည်၏။
စိတ္တကမ္မာဒီဟိ၊ ဆန်းကြယ်စွာ ပြုလုပ်အပ်သော ပန်းချီပန်းပုရုပ် အစရှိသည်တို့ဖြင့်။ ပုဂ္ဂလိကသေနာသနဿ၊ ပုဂ္ဂလိကကျောင်းကို။ မဏ္ဍနာ **သေနာသနမဏ္ဍနာ**၊ မည်၏။
**ဣမဿ ဝါ ပူတိကာယဿာ**တိ၊ ကား။ ဣမဿ မနုဿ သရီရဿ၊ ဤလူ၏ ကိုယ်ကို။ (မဏ္ဍနာ၌စပ်။)
ဟိ၊ ချဲ့။ တဒဟုဇာတော၊ ထိုနေ့၌ မွေးဖွားသည်။ (ထိုနေ့၌ မွေး၍ တရက်သာ ရှိသေးသည်။) (သမာနော)ပိ။ သိင်္ဂါလော၊ မြေခွေးကို။ ဇရသိင်္ဂါလောတွေဝ၊ မြေခွေးအိုဟူ၍သာ။ (သင်္ခံ၊ ခေါ်ဝေါ်အပ်သည်၏အဖြစ်သို့။ ဂစ္ဆတိယထာ၊ ရောက်သကဲ့သို့၎င်း။) ဦရုပ္ပမာဏာ၊ ပေါင်လုံးပမာဏရှိသည်။ (သမာနာ)ပိ၊ သော်လည်း။ ဂဠောစိလတာ၊ ဆင်သမနွယ်သည်။ ပူတိလတာတွေဝ၊ ပုပ်သောနွယ်ဟူ၍သာ။ သင်္ခံ ဂစ္ဆတိ ယထာ၊ ၎င်း။ ဧဝံ၊ တူ။ သုဝဏ္ဏဝဏ္ဏော၊ ရွှေအဆင်းနှင့် တူသောအဆင်းရှိသည်။ (သမာနော)ပိ၊ လည်း။ မနုဿကာယော၊ လူ၏ကိုယ်ကို။ ပူတိကာယောတွေဝ၊ ပုပ်သောကိုယ်ဟူ၍သာ။ ဝါ၊ အပုပ်ကောင်ဟူ၍သာ။ ဝုစ္စတိ၊ ၏။
တဿ၊ ထိုပုပ်သောလူ၏ကိုယ်ကို။ အန္တရန္တရာ၊ အကြား အကြား၌။ ရတ္တဝဏ္ဏပဏ္ဍုဝဏ္ဏာဒီဟိ၊ နီမြန်းသော အဆင်းရှိသော အဝတ်အရုံ, ဖြော့တော့ဝါဝင်းသော အဆင်းရှိသော အဝတ်အရုံ အစရှိကုန်သော။ နိဝါသနပါရုပနာဒီဟိ၊ အဝတ်အရုံ အစရှိသည်တို့ဖြင့်။ သဇ္ဇနာ၊ တန်ဆာဆင်ခြင်းသည်။ **မဏ္ဍနာ** နာမ၊ မည်၏။
**ဗာဟိရာနံ ဝါ ပရိက္ခာရာနန္တိ**၊ ကား။ ပတ္တစီဝရံ၊ ကို။ ဌပေတွာ၊ ၍။ သေသပရိက္ခာရာနံ၊ ကြွင်းသော ပရိက္ခရာတို့ကို။ (မဏ္ဍနာ စသည်၌စပ်။)
အထဝါ၊ ကား။ ယာ ဧသာ၊ အကြင် တန်ဆာဆင်ခြင်းကို။ စီဝရမဏ္ဍနာပတ္တမဏ္ဍနာတိ၊ ဟူ၍။ ဝုတ္တာ၊ ပြီ။ [ဤ၌ နှစ်မျိုးသာ ပါသော်လည်း ဋီကာ၌ သေနာသနမဏ္ဍနာတိုင်အောင် သုံးမျိုးဖွင့်ထားသည်။ ထို့ကြောင့် ဤ၌ သေနာသနမဏ္ဍနာကျဟန်တူသည်။] သာ၊ ထိုတန်ဆာဆင်ခြင်းသည်။ တေဟိ ပရိက္ခာရေဟိ၊ ထိုသင်္ကန်းသပိတ်ဟူသော ပရိက္ခရာတို့ဖြင့်။ ကာယဿ၊ ကို။ မဏ္ဍနာဝါ၊ တန်ဆာဆင်ခြင်း၎င်း။ ဝါ၊ တနည်း။ တေသံ ဗာဟိရ ပရိက္ခာရာနံ၊ ထိုကိုယ်မှအပဖြစ်သော သင်္ကန်းသပိတ်ဟူသော ပရိက္ခရာတို့ကို။ မဏ္ဍေတွာ၊ တန်ဆာဆင်၍။ ဌပနဝသေန၊ ထားခြင်း၏အစွမ်းဖြင့်။ မဏ္ဍနာ ဝါ၊ တန်ဆာဆင်ခြင်း၎င်းတည်း။ ဣတိဧဝံ၊ သို့။ ဧတ္ထ၊ ဤစီဝရမဏ္ဍနာ အစရှိသောပါဌ်၌။ အတ္ထော ဝေဒိတဗ္ဗော။ [ဤအဓိပ္ပါယ်ကို ဋီကာ၌ ရေးထားသည်။]
**မဏ္ဍနာ ဝိဘူသနာ**တိ ဧတ္ထ၊ ဟူသောဤပါဌ်၌။ ဦနဋ္ဌာနဿ၊ ယုတ်နိမ့်သောအရပ်ကို။ ပူရဏဝသေန၊ ပြည့်စေခြင်း၏အစွမ်းဖြင့်။ (ဖို့သိပ်ခြင်း၏အစွမ်းဖြင့်။) မဏ္ဍနာတိ ဝေဒိတဗ္ဗာ။ ဆဝိရာဂါဒိဝသေန၊ အသားအရေကို တပ်စွဲဘွယ်ရှိအောင်ပြုခြင်း အစရှိသည်တို့၏ အစွမ်းဖြင့်။ **ဝိဘူသနာ**တိ၊ လိမ်းကျံခြယ်လှယ်ခြင်းဟူ၍။ ဝေဒိတဗ္ဗာ။
**ကေဠနာ**တိ၊ ကား။ ကီဠနာ၊ ကစားခြင်းတည်း။
**ပရိကေဠနာ**တိ၊ ကား။ ပရိကီဠနာ၊ အဖန်ဖန်ကစားခြင်းတည်း။
**ဂိဒ္ဓိကတာ**တိ၊ ကား။ ဂေဓယုတ္တတာ၊ မက်မောခြင်းနှင့် ယှဉ်သည်၏အဖြစ်တည်း။
**ဂီဒ္ဓိတတ္တန္တိ**၊ ဟူသောပုဒ်သည်။ တဿေဝ၊ ထို ဂိဒ္ဓိကတာဟူသောပုဒ်၏ပင်။ ဝေဝစနံ၊ တည်း။
စပလဘာဝေါ၊ လျှပ်ပေါ် လော်လည်ခြင်း ရှိသူ၏အဖြစ်သည်။ **စပလတာ**၊ မည်၏။
တထာ၊ ထိုလျှပ်ပေါ်လော်လည်ခြင်းရှိသူ၏အဖြစ်သည်။ **စာပလျံ**၊ မည်၏။ [ဏျ ပစ္စည်းသာ ထူးသည်။]
**ဣဒံ ဝုစ္စတီ**တိ၊ ကား။ ဣဒံ၊ ဤသင်္ကန်းသပိတ်ကို တန်ဆာဆင်ခြင်း အစရှိသည်ကို။ စာပလျံ နာမ၊ လျှပ်ပေါ်လော်လည်သူ၏အဖြစ် မည်၏ဟူ၍။ ဝုစ္စတိ၊ ၏။ ယေန၊ ယင်းစာပလျနှင့်။ သမန္နာဂတော၊ သော။ ပုဂ္ဂလော၊ သည်။ ဝဿသတိကော၊ အသက်တရာရှိသည်။ ဝါ၊ ဝါတရာရှိသည်။ သမာနောပိ၊ သော်လည်း။ တဒဟုဇာတဒါရကော ဝိယ၊ ထိုနေ့၌ မွေးဖွားသော ကလေးကဲ့သို့။ ဟောတိ။ ["ထိုထိုကိစ္စ၌ ကလေးကလားနိုင်သည်" ဟူလို။]
၈၅၅။ အသဘာဂဝုတ္တိနိဒ္ဒေသေ(အတ္ထော ဧဝံ ဝေဒိတဗ္ဗော။) **ဝိပ္ပဋိကူလဂ္ဂါဟိတာ**တိ၊ ကား။ အနနုလောမဂ္ဂါဟိတာ၊ အလျော်မဟုတ်သောယူခြင်းရှိသူ၏အဖြစ်၎င်း။
**ဝိပစ္စနီကသာတတာ**တိ၊ ကား။ ဝိပစ္စနီကေန၊ ဆန့်ကျင်ဘက်ဖြစ်သော။ ပဋိဝိရုဒ္ဓကရဏေန၊ ဆန့်ကျင်ဘက်ကို ပြုခြင်းအားဖြင့်။ သုခါယနာ၊ သုခ၏ဖြစ်ခြင်း၎င်း။ ("သူတပါးကို ကန့်လန့်လုပ်ရမှ စိတ်ချမ်းသာခြင်း" ဟူလို။)
အနာဒရဘာဝေါ၊ ရိုသေလေးစားခြင်း မရှိသူ၏အဖြစ်သည်။ **အနာဒရိယံ**၊ မည်၏။
တထာ၊ ထို ရိုသေလေးစားခြင်းမရှိသူ၏ အဖြစ်သည်။ **အနာဒရိယတာ**၊ မည်၏။
အဂါရဝဿ၊ ရိုသေလေးစားခြင်း မရှိသူ၏။ ဘာဝေါ၊ တည်း။ အဂါရဝတာ။
ဇေဋ္ဌကဘာဝဿ၊ အကြီးအကဲ၏ အဖြစ်ကို။ အကရဏံ၊ မပြုခြင်းသည်။ **အပ္ပတိဿဝတာ**၊ မည်၏။ ["ရှေ့ရှုနားထောင်ခြင်းမရှိသူ၏အဖြစ်" ဟူသည် ပြောဆိုဆုံးမသူကို အကြီးအကဲအရာ၌ မထားခြင်းပင်တည်း။]
**အယံ ဝုစ္စတီ**တိ၊ ကား။ အယံ၊ ဤဆန့်ကျင်ဘက်ကိုယူခြင်း, မလျော်အောင်ယူခြင်း အစရှိသည်ကို။ အသဘာဂဝုတ္တိနာမ၊ သဘောမတူသော ဖြစ်ခြင်းမည်၏ဟူ၍။ ဝုစ္စတိ။
ဝိသဘာဂဇီဝိကတာ၊ သဘောမတူသော အသက်မွေးခြင်းရှိသူ၏အဖြစ်။ ဣတိ အတ္ထော။
ယာယ၊ ယင်းဝိသဘာဂဇီဝိတာနှင့်။ သမန္နာဂတော၊ သော။ ပုဂ္ဂလော၊ သည်။ မာတရံ ဝါ၊ ကိုသော်၎င်း။ ပိတရံ ဝါ၊ ကိုသော်၎င်း။ ဂိလာနံ၊ မကျန်းမာသည်ကို။ ပဋိဝတ္တိတွာပိ၊ ပြန်နစ်၍လည်း။ န ဩလောကေတိ၊ မကြည့်။ ["မိဘ မမာသည်ကိုပြုစုဘို့မဆိုထားဘိ လှည့်၍တောင်မကြည့်" ဟူလို။]
ပိတုသန္တကဿ၊ အဘ၏ဥစ္စာ၏။ ကာရဏာ၊ အကြောင်းကြောင့်။ မာတရာ၊ နှင့်။ သဒ္ဓိံ။ (ကလဟံ၊ ခိုက်ရန်ကို။ ကရောတိ။) မာတုသန္တကဿ၊ အမိ၏ဥစ္စာ၏။ ကာရဏာ၊ ကြောင့်။ ပိတရာ၊ နှင့်။ သဒ္ဓိံ ကလဟံ ကရောတိ။
ဝိသဘာဂဇီဝိတံ၊ သဘောမတူသော အသက်မွေးခြင်း မည်လောက်အောင်။ [ကြိယာဝိသေသန။] ဇီဝတိ၊ အသက်မွေး၏။ မာတာပိတူနံ၊ တို့၏။ သန္တကဿ၊ ၏။ ကာရဏာ၊ ကြောင့်။ ဇေဋ္ဌေန ဝါ၊ အကိုကြီးမူလည်းဖြစ်သော။ ကနိဋ္ဌေန ဝါ၊ ညီငယ်မူလည်းဖြစ်သော။ ဘာတရာ၊ အကိုနှင့်။ ဝါ၊ ညီငယ်နှင့်။ သဒ္ဓိံ ကလဟံ ကရောတိ။ နိလ္လဇ္ဇဝစနံ၊ အရှက်မရှိသူ၏စကားကို။ ဝဒတိ၊ ၏။ အာစရိယဿဝါ၊ နိဿရည်းဆရာ အစရှိသော ဆရာ၏သော်၎င်း။ ဥပဇ္ဈာယဿဝါ၊ ဥပဇ္ဈာယ်၏သော်၎င်း။ ဝတ္တပဋိဝတ္တံ၊ ဝတ်ကြီးဝတ်ငယ်ကို။ န ကရောတိ။ ဂိလာနံ၊ မကျန်းမာသော ဆရာဥပဇ္ဈာယ်ကို။ န ဥပဋ္ဌာတိ၊ မလုပ်ကျွေး။ ဗုဒ္ဓဿ၊ အလုံးစုံသော တရားတို့ကို သိတော်မူသော။ ဘဂဝတော၊ ၏။ စေတိယ ဒဿနဋ္ဌာနေ၊ စေတီတော်ကိုမြင်လောက်ရာအရပ်၌။ ဥစ္စာရံ ဝါ၊ ကျင်ကြီးကိုသော်၎င်း။ ပဿာဝံ ဝါ၊ ကိုသော်၎င်း။ ကရောတိ။ ခေဠမ္ပိ၊ ကို၎င်း။ သိင်္ဃာဏိကမ္ပိ၊ နှပ်ကို၎င်း။ ဆဍ္ဍေတိ၊ စွန့်၏။ ဆတ္တံ၊ ထီးကို။ ဓာရေတိ၊ ဆောင်း၏။ ဥပါဟနာ၊ တို့ကို။ အာရုယှ၊ စီး၍။ ဂစ္ဆတိ။ ဗုဒ္ဓသာဝကေသု၊ မြတ်စွာဘုရား၏ သာဝကတို့၌။ န လဇ္ဇတိ၊ မရှက်။ သံဃေ၊ သံဃာတော်၌။ စိတ္တီကာရံ၊ အရိုအသေပြုမှုကို။ န ကရောတိ၊ မပြု။ မာတိမတ္တ ပိတိမတ္တာဒီသု၊ အမိလောက်ကြီးသူ, အဘလောက်ကြီးသူ အစရှိကုန်သော။ ဂရုဋ္ဌာနိယေသု၊ အလေးပြုခြင်း၏ တည်ရာဌာနတို့၌။ ဟိရောတ္တပ္ပံ၊ အရှက် အကြောက်ကို။ န ပစ္စုပဋ္ဌာပေဟိ၊ ရှေ့ရှုမဖြစ်စေ။
ဧဝံ၊ ဤဆိုအပ်ပြီးသော အခြင်းအရာအားဖြင့်။ ပဝတ္တမာနဿ၊ ဖြစ်သော။ တဿ၊ ထိုပုဂ္ဂိုလ်၏။ သဗ္ဗာပိ၊ အလုံးစုံလည်း ဖြစ်သော။ ဧသာ ကိရိယာ၊ ဤအမူအရာသည်။ မာတရီတိအာဒီသု၊ အမိ အစရှိကုန်သော။ [မာတု အာဒီသုပိ ဟု ရှိလျှင် ကောင်းမည်ထင်သည်။] ဝတ္ထူသုပိ၊ ဝတ္ထုတို့၌လည်း။ အသဘာဂဝုတ္တိတာ နာမ၊ သဘောမတူသော အသက်မွေးခြင်းရှိသူ၏ အဖြစ်မည်သည်။ ဟောတိ။
၈၅၆။ အရတိနိဒ္ဒေသေ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော)။ **ပန္တေသူ**တိ၊ ကား။ ဒူရေသု၊ လူတို့မှ ဝေးကုန်သော။ ဝါ၊ ကား။ ဝိဝိတ္တေသု၊ လူတို့မှ ကင်းဆိတ်ကုန်သော။ (သေနာသနေသု ၌စပ်။) [အဓိပ္ပါယတ္ထ ဖွင့်တည်း။ သဒ္ဒတ္ထအားဖြင့် "ပန္တ၊ ပ+အန္တ (ပရိယန္တ)၊ အစွန်အဖျားဖြစ်ကုန်သော ကျောင်းတို့၌" ဟုပေးပါ။]
**အဓိကုသလေသူ**တိ၊ ကား။ သမထဝိပဿနာဓမ္မေသု၊ သမထဝိပဿနာတရားတို့၌။ [အဘိဓေယျတ္ထဖွင့်တည်း။ သဒ္ဒတ္ထအားဖြင့် "လွန်ကဲသော ကုသိုလ်တရားတို့၌" ဟုပေးပါ။]
**အရတီ**တိ၊ ကား။ ရတိပဋိက္ခေပေါ၊ မွေ့လျော်ခြင်းကိုပယ်ခြင်းသည်။ ("အတ္ထိ"ဟု ထည့်၍စပ်။)
**အရတိတာ**တိ၊ ကား။ အရမဏာကာရော၊ မမွေ့လျော်ခြင်းဟူသောအခြင်းအရာသည်။ [အဓိပ္ပါယတ္ထဖွင့်။ သဒ္ဒတ္ထအားဖြင့် "မွေ့လျော်ခြင်းမရှိသူ၏ အဖြစ်" ဟု ပေးပါ။]
**အနဘိရတီ**တိ၊ ကား။ အနဘိရတဘာဝေါ၊ မမွေ့လျော်သူ၏ ဖြစ်ကြောင်းဖြစ်ရာသည်။ (အတ္ထိ)။ [သဒ္ဒတ္ထအားဖြင့် မမွေ့မလျော်ခြင်းဟု ပေးပါ။]
**အနဘိရမဏာ**တိ၊ ကား။ အနဘိရမဏာကာရော၊ မမွေ့လျော်ခြင်းဟူသော အခြင်းအရာသည်။
**ဥက္ကဏ္ဌိတာ**တိ၊ ကား။ ဥက္ကဏ္ဌနာကာရော၊ အထက်၌တည်သော လည်ရှိခြင်းဟူသော အခြင်းအရာသည်။ ဝါ၊ ပျင်းရိခြင်းဟူသော အခြင်းအရာသည်။
**ပရိတဿိတာ**တိ၊ ကား။ ဥက္ကဏ္ဌနဝသေနေဝ၊ ပျင်းရိခြင်း၏အစွမ်းကြောင့်ပင်။ ပရိတဿနာ၊ တောင့်တခြင်းသည်။ [တသဓာတ်သည် ပိပါသအနက်ကို ဟောသော်လည်း ဤ၌ မွတ်သိပ်ဆာလောင်သကဲ့သို့ တောင့်တခြင်းအနက်တည်း။]
၈၅၇။ တန္ဒိနိဒ္ဒေသေ(အတ္ထော ဧဝံ ဝေဒိတဗ္ဗော။) **တန္ဒီ**တိ၊ ကား။ ဇာတိအာလသိယံ၊ ပင်ကိုယ်သဘောအားဖြင့် ပျင်းရိခြင်းရှိသူ၏အဖြစ်သည်။ (အတ္ထိ)။ ["ရောဂါ, ဥတု, ဘောဇဉ်တို့ကြောင့် ပျင်းရိခြင်းမဟုတ်" ဟူလို။]
**တန္ဒိယနာ**တိ၊ ကား။ တန္ဒိယနာကာရော၊ ပျင်းရိခြင်းဖြင့် ဖြစ်ခြင်းဟူသော အခြင်းအရာသည်။
**တန္ဒိမနကတာ**တိ၊ ကား။ တန္ဒိယာ၊ ပျင်းရိခြင်းသည်။ အဘိဘူတစိတ္တတာ၊ လွှမ်းမိုးအပ်သော စိတ်ရှိသူ၏အဖြစ်တည်း။
အလသဿ၊ ပျင်းရိသူ၏။ ဘာဝေါ၊ ဖြစ်ကြောင်းဖြစ်ရာတည်း။ **အာလသျံ**၊ ရာ။
အာလသျာယနာကာရော၊ ပျင်းရိသူ၏အဖြစ်ဖြင့် ဖြစ်ခြင်းဟူသောအခြင်းအရာသည်။ **အာလသျာယနာ**၊ မည်၏။
အာလသျာယိတဿ၊ ပျင်းရိသူ၏အဖြစ်ဖြင့် ဖြစ်သော ပုဂ္ဂိုလ်၏။ ဘာဝေါ၊ တည်း။ **အာလသျာယိတတ္တံ**၊ ရာ။
ဣတိ၊ သို့။ သဗ္ဗေဟိပိ၊ ကုန်သော။ ဣမေဟိပဒေဟိ၊ တို့ဖြင့်။ ကိလေသဝသေန၊ ကိလေသာ၏အစွမ်းဖြင့်။ ကာယာလသိယံ၊ နာမကာယ၏ ပျင်းရိခြင်းရှိသူ၏အဖြစ်ကို။ ကထိတံ၊ ဟောတော်မူအပ်ပြီ။
၈၅၈။ ဝိဇမ္ဘိတာနိဒ္ဒေသေ(အတ္ထော ဧဝံ ဝေဒိတဗ္ဗော။) **ဇမ္ဘနာ**တိ၊ ကား။ ဖန္ဒနာ၊ တုန်လှုပ်ခြင်းတည်း။
ပုနပ္ပုနံ၊ အဖန်ဖန်။ ဇမ္ဘနာ၊ တုန်လှုပ်ခြင်းသည်။ **ဝိဇမ္ဘနာ**၊ မည်၏။
**အာနမနာ**တိ၊ ကား။ ပုရတော၊ ရှေ့သို့။ နမနာ၊ ညွတ်ခြင်းတည်း။
**ဝိနမနာ**တိ၊ ကား။ ပစ္ဆတော၊ သို့။ နမနာ၊ တည်း။
**သန္နမနာ**တိ၊ ကား။ သမန္တတော၊ ထက်ဝန်းကျင်သို့။ နမနာ၊ တည်း။
**ပဏမနာ**တိ၊ ကား။ ဟိ၊ ဥပမာဆောင် ထင်အောင်ပြအံ့။ တန္တတော၊ ယက္ကန်းစင်မှ။ ဥဋ္ဌိတပေသကာရော၊ ထသော ယက္ကန်းသည်သည်။ ကိသ္မိံ စိဒေဝ၊ တစုံတခုသာလျှင်ဖြစ်သော ဝတ္ထုကို။ ဂဟေတွာ၊ ကိုင်၍။ ဥဇုကံ၊ ဖြောင့်ဖြောင့်။ ကာယံ၊ ကိုယ်ကို။ ဥဿာပေတိ ယထာ၊ အထက်သို့ ထောင်မတ်စေရသကဲ့သို့။ ဧဝံ၊ တူ။ ကာယဿ၊ ကိုယ်ကို။ ဥဒ္ဓံ၊ အထက်၌။ ဌပနာ၊ ထားခြင်းတည်း။
**ဗျာဓိယကန္တိ**၊ ကား။ ဥပ္ပန္နဗျာဓိတာ၊ ဖြစ်သော အနာရောဂါရှိသူ၏အဖြစ်တည်း။
ဣတိ။ ပေ။ ကာယဖန္ဒနမေဝ၊ ကိုယ်၏ တုန်လှုပ်ခြင်းကိုသာ။ ကထိတံ။
၈၅၉။ ဘတ္တသမ္မဒနိဒ္ဒေသေ(အတ္ထော ဧဝံ ဝေဒိတဗ္ဗော။) **ဘုတ္တာဝိဿာ**တိ၊ ကား။ ဘုတ္တဝတော၊ ထမင်းစားပြီးသော ပုဂ္ဂိုလ်၏။ ["တာဝီပစ္စည်း" ကို "တဝန္တုပစ္စည်း" ဖြင့် ဖွင့်သည်။ အဿတ္ထိ "ဝန္တုပစ္စည်း" မဟုတ်။]
**ဘတ္တမုစ္ဆာ**တိ၊ ကား။ ဘတ္တဂေလညံ၊ ထမင်းကြောင့် မကျန်းမာသူ၏အဖြစ်တည်း။
ဟိ၊ မှန်။ ဗလဝဘတ္တေန၊ များသောထမင်းကြောင့်။ မုစ္ဆာပတ္တော ဝိယ၊ တွေဝေခြင်းသို့ရောက်သကဲ့သို့။ ဟောတိ။
**ဘတ္တကိလမထော**တိ၊ ကား။ ဘတ္တေန၊ ထမင်းကြောင့်။ ကိလန္တဘာဝေါ၊ ပင်ပန်းသူ၏ ဖြစ်ကြောင်းဖြစ်ရာတည်း။
**ဘတ္တပရိဠာဟော**တိ၊ ကား။ ဘတ္တဒရထော၊ ထမင်းကြောင့်ဖြစ်သော ပူလောင်ခြင်းတည်း။
ဟိ၊ မှန်။ တသ္မိံ သမယေ၊ ထိုထမင်းစားပြီးရာအခါ၌။ ပရိဠာဟုပ္ပတ္တိယာ၊ ပူလောင်ခြင်း၏ဖြစ်ခြင်းကြောင့်။ ဥပဟတိန္ဒြိယော၊ ပျက်သောဣန္ဒြေ ရှိသည်။ ဟောတိ၊ ၏။ ကာယော၊ ကိုယ်သည်။ ဇီရတိ၊ ဆွေးမြည့်သကဲ့သို့ ဖြစ်၏။ [ထမင်းစားပြီးသောအခါ ငြိမ်ငြိမ်သက်သက် မနေနိုင်သောကြောင့် ကာယိန္ဒြေပျက်သည်။ ထို့ကြောင့် အစာကိုလျှော့၍ စားဘို့ရန် ပညာရှိတိုင်း တိုက်တွန်းကြသည်။]
**ကာယဒုဋ္ဌုလ္လန္တိ**၊ ကား။ ဘတ္တံ၊ ကို။ နိဿာယ၊ မှီ၍။ ကာယဿ၊ ၏။ အကမ္မညတာ၊ အမှု၌မကောင်းသည်၏ အဖြစ်တည်း။
၈၆ဝ။ စေတသောလီနတ္တ နိဒ္ဒေသော၊ စေတသောလီနတ္တ နိဒ္ဒေသကို။ ဟေဋ္ဌာ၊ အောက်ဖြစ်သော။ ဓမ္မသင်္ဂဟဋ္ဌကထာယံ၊ ၌။ ဝုတ္တတ္ထောယေဝ၊ ဆိုအပ်ပြီးသောအနက်ရှိသည်သာ။
ဣမေဟိ။ ပေ။ စိတ္တဿ၊ ၏။ ဂိလာနာကာရော၊ မကျန်းမာသူ၏ အခြင်းအရာကို။ ကထိတော။ ဣတိ ဝေဒိတဗ္ဗော။
၈၆၁။ ကုဟနာနိဒ္ဒေသေ၊ ၌။ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော။) **လာဘသက္ကာရသိလောကသန္နိဿိတဿာ**တိ၊ ကား။ လာဘဉ္စ၊ ရအပ်သော သာမညလာဘ်ကို၎င်း။ သက္ကာရဉ္စ၊ ကောင်းစွာပြုအပ်သော ဝိသေသလာဘ်ကို၎င်း။ ဝါ၊ အရိုအသေပြုခြင်းကို၎င်း။ ကိတ္တိသဒ္ဒဉ္စ၊ ချီးမွမ်းအပ်သောကျော်စောသံကို၎င်း။ နိဿိတဿ၊ မှီသောပုဂ္ဂိုလ်၏။ ပတ္ထယန္တဿ၊ တောင့်တသော ပုဂ္ဂိုလ်၏။ ဣတိ အတ္ထော။
**ပါပိစ္ဆဿာ**တိ၊ ကား။ အသန္တဂုဏဒီပနကာမဿ၊ မိမိ၌ ထင်ရှားမရှိသော ဂုဏ်ကို ပြခြင်းငှါအလိုရှိသော ပုဂ္ဂိုလ်၏။
**ဣစ္ဆာပကတဿာ**တိ၊ ကား။ ဣစ္ဆာယ၊ ယုတ်မာသော အလိုသည်။ (အလိုဆိုးသည်။) အပကတဿ၊ သမ္မာအာဇီဝမှကင်းအောင်ပြုသောပုဂ္ဂိုလ်၏။ ဥပဒ္ဒုတဿ၊ ကပ်၍နှိပ်စက်အပ်သောပုဂ္ဂိုလ်၏။ ဣတိ အတ္ထော။ ["ဥပဒ္ဒုတဿ" ကား အဓိပ္ပါယတ္ထတည်း။ သဒ္ဒတ္ထအားဖြင့် "အပ၊ ပင်ကိုယ်သဘောမှ ကင်းအောင်+ ကတ၊ ပြုအပ်သော ပုဂ္ဂိုလ်၏" ဟုဖြစ်၏။]
ဣတော၊ ဤ ဣစ္ဆာပကတဟူသောပုဒ်မှ။ ပရံ၊ နောက်၌။ ယသ္မာ၊ ကြောင့်။ ပစ္စယပဋိသေဝန။ ပေ။ ဝသေန၊ ပစ္စည်းလေးပါးကို မှီဝဲခြင်း, အနီး၌ပြောဆိုခြင်း, ဣရိယာပုတ်ကိုမှီသော ဝတ္ထုတို့၏ အပြားအားဖြင့်။ (တိဝိဓံ၌စပ်။) မဟာနိဒ္ဒေသေ၊ ၌။ တိဝိဓံ၊ သော။ ကုဟနဝတ္ထု၊ ကုဟနဝတ္ထုသည်။ ဝါ၊ ပစ္စည်းလေးပါးကို ဖြစ်စေခြင်း၏ တည်ရာအကြောင်းဖြစ်သော အံ့ဩဘွယ်ကို ဖြစ်စေခြင်းသည်။ [ကုဟနမေဝ ပစ္စယုပ္ပါဒနဿ ဝတ္ထူတိ ကုဟနဝတ္ထု။-ဝိသုဒ္ဓိမဂ်မဟာဋီကာ သီလနိဒ္ဒေသ။] အာဂတံ၊ လာ၏။ တသ္မာ တိဝိဓမ္ပိ, တံ၊ ထို ကုဟနဝတ္ထုကို။ ဒဿေတုံ၊ ငှါ။ **ပစ္စယ။ ပေ။** ဧဝမာဒိ၊ ဤသို့ အစရှိသောစကားတော်ကို။ အာရဒ္ဓံ၊ အားထုတ်တော်မူအပ်ပြီ။

တတ္ထ၊ ထိုပစ္စယပဋိသေဝနသင်္ခါတေန ဝါ အစရှိသောစကားရပ်၌။ စီဝရာဒီဟိ၊ တို့ဖြင့်။ နိမန္တိတဿ၊ ဖိတ်မန်အပ်သော။ တဒတ္ထိကဿေဝ၊ ထိုသင်္ကန်းအစရှိသည်တို့ကို အလိုရှိသည်ဖြစ်၍သာလျှင်။ သတော၊ ပါလျက်။ ပါပိစ္ဆတံ၊ ယုတ်မာသော အလိုရှိသူ၏ အဖြစ်ကို။ (နောင်အခါ များစွာရလိုခြင်းကို။) နိဿာယ၊ မှီ၍။ ပဋိက္ခိပနေန၊ ပယ်ခြင်းကြောင့်၎င်း။ပဋိက္ခိပနေန။ ။ "ပဋိက္ခိပနေန" ကို ဝိသုဒ္ဓိမဂ် မဟာဋီကာ၌ "စီဝရာဒီနံ ပဋိက္ခိပနဟေတု" ဟု ဖွင့်၏။ ထိုအလို "ပယ်ခြင်းကြောင့်" ဟု ဟိတ်အနက် ပေးရလိမ့်မည်။ ဤပုဒ်နှင့် အလားတူ နောက်၌ "ပဋိဂ္ဂဟဏေန စ" ဟု ရှိပြန်၏၊ ထိုနှစ်ပုဒ်လုံးသည် နောက်လာမည့်ဝိမှာပနံ ၌ စပ်ရသော ပုဒ်များတည်း၊ ဝိမှာပနံ ဝယ် ဝိပုဗ္ဗ+မှိဓာတ်သည် အံ့ဩချီးမွမ်းခြင်း အနက်ကို ဟော၏၊ ဏာပေပစ္စည်းကား "စေခြင်း" အနက်ကိုဟော၏။
ပဋိက္ခိပနေန ပဋိဂ္ဂဟဏေနတိကို "ကြောင့်" ဟု ဟိတ်အနက် ပေးလျှင် မှိဓာတ်၌စပ်ရ၏။ "ပယ်ခြင်းကြောင့် ချီးမွမ်းသည် နောက်ထပ် ခံယူသောကြောင့် ချီးမွမ်းသည်" ဟူလို။ "ပယ်ခြင်းဖြင့်, ခံယူခြင်းဖြင့်" ဟု ကရိုဏ်းပေးလျှင် ဏာပေ ပစ္စည်း၌ စပ်ရ၏၊ "ပယ်ခြင်းဖြင့်ချီးမွမ်းစေခြင်း, ခံယူခြင်းဖြင့် ချီးမွမ်းစေခြင်း" ဟူလို။ ထို့ကြောင့် ဟိတ်အနက် ဖွင့်ခြင်းကို မှိဓာတ်၌ စပ်ခိုက်ကိုကြည့်၍ ဖွင့်ခြင်း-ဟု မှတ်ပါ။

ဝါ၊ ဖြင့်၎င်း။ [စောစောက ပယ်ထားပြီးအားဖြင့်၎င်း။] တေ ဂဟပတိကေ၊ ထို အိမ့်ရှင် ဒါယကာတို့ကို။ အတ္တနိ၊ မိမိ၌။ သုပ္ပတိဋ္ဌိတသဒ္ဓေ၊ ကောင်းစွာတည်သော သဒ္ဓါရှိသည်တို့ကို။ ဉာတွာစ၊ သိ၍လည်း။ ပုန၊ တဖန်။ တေသံ၊ ထိုအိမ့်ရှင်ဒါယကာတို့၏။ အယျော၊ အရှင်သည်။ အဟော အပ္ပိစ္ဆော၊ ဩော် နည်းသော အလိုရှိပါပေ၏။ ကိဉ္စိ၊ တစုံတခုသောပစ္စည်းကို။ ပဋိဂ္ဂဏှိတုံ၊ ခံယူခြင်းငှါ။ န ဣစ္ဆတိ၊ အလိုမရှိ။ အပ္ပမတ္တကံ၊ နည်းသော အတိုင်းအရှည်ရှိသော။ ကိဉ္စိ၊ တစုံတခုသော ပစ္စည်းကို။ သစေ ပဋိဂ္ဂဏှေယျ၊ အကယ်၍ ခံယူအံ့။ (ဧဝံ သတိ။) နော၊ ငါတို့သည်။ သုလဒ္ဓံ၊ ကောင်းစွာရအပ်သည်။ (အရတော်သည်။) အဿ ဝတ၊ ဖြစ်ရာလေစွာ့တကား။ ဣတိ၊ ကြံ၍။ နာနာဝိဓေဟိ၊ အထူးထူးသော အပြားရှိကုန်သော။ ဥပါယေဟိ၊ ဥပါယ်တို့ဖြင့်။ (အကြောင်းတို့ဖြင့်။) ပဏီတာနိ၊ မွန်မြတ်ကုန်သော။ စီဝရာဒီနိ၊ တို့ကို။ ဥပနေန္တာနံ၊ ကပ်၍ ဆောင်ကုန်သော ဒါယကာတို့အား။ (အာဝိကတွာ၌စပ်။) ဝါ၊ တို့၏ အပေါ်၌။ (အနုဂ္ဂဟ ၌စပ်။) တဒနုဂ္ဂဟကာမတံယေဝ၊ ထိုဒါယကာတို့ကို ချီးမြှောက်ခြင်းကို အလိုရှိသည်၏ အဖြစ်ကိုသာလျှင်။ [ဧဝဖြင့် "မိမိကတော့ မယူလိုပါ" ဟူလို။] အာဝိကတွာ၊ ထင်စွာပြု၍။ ပဋိဂ္ဂဟဏေန စ၊ ခံယူခြင်းကြောင့်၎င်း။ ဝါ၊ ဖြင့်၎င်း။ တတော၊ ထို ပဏီတစီဝရ အစရှိသည်ကိုခံယူပြီးရာအခါမှ။ ပဘုတိ၊ စ၍။ အပိသကဋဘာရေဟိ၊ လှည်းတစီးတိုက်လောက်သော ပစ္စည်းတည်းဟူသော ဝန်တို့ဖြင့်သော်လည်း။အပိသကဋဘာရေဟိ။ ။ စာအုပ်တို့၌ "အသီတိ သကဋဘာရေဟိ" ဟု တွေ့ရ၏။ လှည်းတစီးတိုက် ပစ္စည်းဆိုလျှင်ပင် များလှပြီ။ လှည်းရှစ်ဆယ်တိုက် ပစ္စည်းကား ပြောဘွယ်ပင်မလို။ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ စာအုပ်၌ "အပိ သကဋဘာရေဟိ" ဟု ရှိ၏။ ထိုပါဌ်သာသင့်လျော်သောပါဌ်တည်း။ အပိသည် သမ္ဘာဝနာဇောတက။ ဥပနာမနဟေတုဘူတံ၊ ကပ်၍ညွတ်စေခြင်း၏ အကြောင်းဖြစ်၍ဖြစ်သော။ (လှူခြင်း၏ အကြောင်းဖြစ်၍ဖြစ်သော။) ဝိမှာပနံ၊ အံ့ဩဘွယ်ကို ဖြစ်စေခြင်းကို။ ပစ္စယပဋိသေဝနသင်္ခါတံ၊ ပစ္စည်းလေးပါးကို မှီဝဲခြင်းဟု ဆိုအပ်သော။ ကုဟနဝတ္ထူတိ၊ ဟူ၍။ ဝေဒိတဗ္ဗံ။

စ၊ သာဓကကား။ ကတမံ ပစ္စယပဋိသေဝနသင်္ခါတံ ကုဟနဝတ္ထု။ ပေ။ ကုဟနဝတ္ထူတိ၊ ဟူသော။ ဧတံ(သုတ္တံ)၊ ကို။ မဟာနိဒ္ဒေသေပိ၊ ၌လည်း။ ဝုတ္တံ၊ ပြီ။ ကတမံ၊ အဘယ်သည်။ ပစ္စယပဋိသေဝနသင်္ခါတံ၊ ပစ္စယပဋိသေဝန ဟုဆိုအပ်သော။ ကုဟနဝတ္ထု၊ ကုဟနဝတ္ထုမည်သနည်း။
ဣဓ၊ ဤလောက၌။ ဂဟပတိကာ၊ အိမ်ရှင် ဒါယကာတို့သည်။ ဘိက္ခူ၊ တို့ကို။ စီဝရ။ ပေ။ ဘေသဇ္ဇ ပရိက္ခာရေဟိ၊ သင်္ကန်း, ဆွမ်း, ကျောင်း, အိပ်ရာနေရာ, ဂိလာန၏ ရောဂါ၏ ဆန့်ကျင်ဘက်ဖြစ်သော အသက်၏ အရံအကာ အဆောက်အဦဖြစ်သောဆေးတို့ဖြင့်။ နိမန္တေန္တိ၊ ပင့်ဖိတ်ကြကုန်၏။
သော၊ ထိုရဟန်းသည်။ ပါပိစ္ဆော၊ ယုတ်မာသော အလိုရှိသည်။ ဣစ္ဆာပကတော၊ အလိုဆိုးသည် သမ္မာအာဇီဝမှကင်းအောင် ပြုအပ်သည်။ (ဟုတွာ)။ အတ္ထိကော၊ ပစ္စည်းဖြင့် အလိုရှိသည်။ (သမာနော၊ လျက်။) စီဝရ။ ပေ။ ပရိက္ခာရာနံ၊ တို့၏။ ဘိယျောကမျတံ၊ များသည်ကို အလိုရှိသည်၏အဖြစ်ကို။ ဥပါဒါယ၊ စွဲယူ၍။ (အကြောင်းပြု၍)။ စီဝရံ၊ ကို။ ပစ္စက္ခာတိ၊ ပယ်စွန့်၏။ (အလှူမခံဘဲ ပယ်စွန့်၏။) ပိဏ္ဍပါတံ, ပစ္စက္ခာတိ။ သေနာသနံ၊ ကျောင်းအိပ်ရာနေရာကို။ ပစ္စက္ခာတိ။ ဂိလာန။ ပေ။ ပရိက္ခာရံ၊ ဆေးကို။ ပစ္စက္ခာတိ။
သော၊ ထိုရဟန်းသည်။ ဧဝံ၊ သို့။ အာဟ၊ ပြောပြီ။
(ကိံ)။ သမဏဿ၊ ရဟန်းအား။ (ရဟန်းဆိုတာ)။ မဟဂ္ဃေန၊ များသော အဖိုးရှိသော။ စီဝရေန၊ ဖြင့်။
ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ သမဏော၊ သည်။ သုသာနာ ဝါ၊ သုသာန်မှသော်၎င်း။ သင်္ကာရကူဋာ ဝါ၊ အမှိုက်ပုံ၏ ထိပ်မှသော်၎င်း။ (ဥစ္စိနိတွာ ၌စပ်။) ပါပဏိကာနိ၊ ဈေးမှ စွန့်ပစ်အပ်ကုန်သော။ နန္တကာနိ (န+အန္တကာနိ။)ပါပဏိကာနိဝါ နန္တကာနိ။ ။ "သုသာနာ သင်္ကာရကူဋာ" တို့ကို ငဲ့၍ "ပါပဏိကာပါ" ဟုစာအုပ်တို့၌ ရှိသော်လည်း ဋီကာ၌ကား "ပါပဏိကာနီတိ အာပဏတော ဆဍ္ဍိတာနိ" ဟု"ဆဍ္ဍိတ" အနက်၌ ဏိကပစ္စည်း သက်ထား၏။ ထို့ကြောင့် "အာပဏတော+ဆဍ္ဍိတာနိပါပဏိကာနိ" ဟုပြု။ သုသာန် သင်္ကာရကူဋ တို့မှ ရအပ်သော အဝတ်သည် နန္တကချည်းသာမဟုတ်, အဝတ်ကောင်းများလည်း ပါတတ်၏။ ထို့ကြောင့် "နန္တကာနိ" ၌ မစပ်ထိုက်။ အာပဏမှ စွန့်ပစ်အပ်သော အဝတ်ကား ရောင်း၍မရနိုင်သော အဖျား အနား စုတ်နေသော အဝတ်သာ ဖြစ်ထိုက်သည်။ ဝါ၊ အဖျားအနား မရှိလောက်အောင် စုတ်ပြတ်နေသော အဝတ်တို့ကိုသော်၎င်း။ ဥစ္စိနိတွာ၊ ရွေးချယ် ကောက်ယူ၍။ သင်္ဃာဋိံ၊ အစပ်စပ် ချုပ်အပ်သောသင်္ကန်းကို။ ကတွာ၊ ပြု၍။ ယံဓာရေယျ၊ အကြင် ဆောင်ရာ၏။ ဧတံ၊ ဤအစပ်စပ် ချုပ်အပ်သော သင်္ကန်းကို ပြု၍ ဆောင်ခြင်းသည်။ သာရုပ္ပံ၊ ၏။
သမဏဿ မဟဂ္ဃေန, ပိဏ္ဍပါတေန၊ ဖြင့်။ ကိံ၊ နည်း။
သမဏော၊ သည်။ ဥဉ္စာစရိယာယ၊ အကြွင်းအကျန်ကိုရှာမှီးကြောင်း ဖြစ်သောလှည့်လည်ခြင်းဖြင့်။ (လဒ္ဓေန၊ ရအပ်သော။) [မဟာဋီကာထည့်သည်။] ပိဏ္ဍိယာလောပေန၊ သလုံးမြင်းခေါင်းဖြင့် လှည့်လည်၍ရအပ်သော တလုပ်စာ တလုပ်စာသော ဆွမ်းဖြင့်။ ဇီဝိကံ၊ အသက်မွေးမှုကို။ ယံ ကပ္ပေယျ၊ အကြင်ပြုရာ၏။ ဧတံ၊ ဤသလုံးမြင်းခေါင်းဖြင့် လှည့်လည်၍ရအပ်သော တလုပ်စာ တလုပ်စာသောဆွမ်းဖြင့် အသက်မွေးမှုကို ပြုခြင်းသည်။
သာရုပ္ပံ။ သမဏဿ။ ပေ။ ကိံ၊ နည်း။ သမဏော၊ သည်။ ရုက္ခမူလိကော ဝါ၊ သစ်ပင်၏ အနီးအောက်ဟူသော နေရာရှိသည်မူလည်း။ ယံအဿ၊ အကြင်ဖြစ်ရာ၏။ သောသာနိကော ဝါ၊ သုသာန်ဟူသောနေရာရှိသည်မူလည်း။ (ယံ အဿ။) အဗ္ဘောကာသိကော ဝါ၊ လွင်တီးခေါင်ဟူသော နေရာရှိသည်မူလည်း။ (ယံ အဿ။) ဧတံ၊ ဤ ရုက္ခမူလိက၏အဖြစ် အစရှိသည်သည်။
သာရုပ္ပံ။ သမဏဿ။ ပေ။ ကိံ၊ နည်း။ သမဏော။ ပူတိမုတ္တေန ဝါ၊ နွားကျင်ပုပ်ဖြင့်သော်၎င်း။ ဝါ၊ ပုပ်သည်ဖြစ်၍ စွန့်ပစ်အပ်သော ဆေးဖြင့်သော်၎င်း။ ဟရိတကီခဏ္ဍေန ဝါ၊ ရှစ်ရှားသီးပိုင်းဖြင့်သော်၎င်း။ ဩသဓံ၊ ဆေးကို။ ယံ ကရေယျ၊ အကြင်ပြုရာ၏။ ဧတံ၊ ဤနွားကျင်ပုပ်ဖြင့် ဆေးကိုပြုခြင်း, ရှစ်ရှားသီးပိုင်းဖြင့်ဆေးကိုပြုခြင်းသည်။
သာရုပ္ပံ။ ဣတိ(အာဟ)။ တံ၊ ထိုပါပိစ္ဆတာကို။ ဥပါဒါယ၊ စွဲယူ၍။ လူခံ၊ ကြမ်းတမ်းသော။ စီဝရံ၊ ကို။ ဓာရေတိ၊ ဆောင်၏။ လူခံ ပိဏ္ဍပါတံ ပရိဘုဉ္ဇတိ၊ သုံးဆောင်၏။ လူခံ သေနာသနံ ပဋိသေဝတိ၊ မှီဝဲ၏။ လူခံ ဂိလာန။ ပေ။ ပရိက္ခာရံ ပဋိသေဝတိ။
တမေနံ၊ ထိုရဟန်းကို။ ဂဟပတိကာ၊ တို့သည်။ ဧဝံ ဇာနန္တိ၊ သိကြကုန်၏။ (ကိံ)။
အယံ သမဏော၊ သည်။ အပ္ပိစ္ဆော၊ နည်းသောအလိုရှိ၏။ သန္တုဋ္ဌော၊ ရောင့်ရဲလွယ်၏။ ပဝိဝိတ္တော၊ အပေါင်းအဖော်မှ ကင်းဆိတ်၏။ အသံသဋ္ဌော၊ လူတို့နှင့်မရောနှော။ အာရဒ္ဓဝီရိယော၊ အားထုတ်အပ်သေါဝီရိယရှိ၏။ ဓုတဝါဒေါ၊ ဓုတင်၏ဂုဏ်ကို ပြောဆိုခြင်းရှိ၏။ ဣတိ၊ ဤသို့ သိကြကုန်၏။ (ဣတိ၊ သိ၍။) ဘိယျောဘိယျော၊ လွန်စွာလွန်စွာ။ (အလွန့်အလွန်။) စီဝရ။ ပေ။ ပရိက္ခာရေဟိ၊ တို့ဖြင့်။ နိမန္တေန္တိ၊ ဖိတ်မန်ကြကုန်၏။
သော၊ ထိုရဟန်းသည်။ ဧဝံ အာဟ။ (ကိံ၊ နည်း။)
တိဏ္ဏံ၊ သုံးမျိုးသော အကြောင်းတို့၏။ သမ္မုခီဘာဝါ၊ မျက်မှောက်ဖြစ်ခြင်းကြောင့်။ သဒ္ဓေါ၊ သဒ္ဓါရှိသော။ ကုလပုတ္တော၊ အမျိုးသားသည်။ ဗဟုံ၊ များစွာသော။ ပုညံ၊ ကောင်းမှုကို။ ပသဝတိ၊ တိုးပွါးစေ၏။ သဒ္ဓါယ၊ သဒ္ဓါ၏။ သမ္မုခီဘာဝါ။ ပေ။ ပသဝတိ။ ဒေယျဓမ္မဿ၊ ပေးလှူထိုက်သော သဘောရှိသောလှူဘွယ်ဝတ္ထု၏။ ပေ။ ဒက္ခိဏေယျာနံ၊ အလှူခံပုဂ္ဂိုလ်တို့၏။ ပေ။ ပသဝတိ။
တုမှာကဉ္စေဝ၊ တို့၏လည်း။ အယံ သဒ္ဓါ၊ ဤသဒ္ဓါသည်။ အတ္ထိ။ ဒေယျဓမ္မော စ၊ သည်လည်း။ သံဝိဇ္ဇတိ။ အဟဉ္စ၊ ငါသည်လည်း။ ပဋိဂ္ဂါဟကော၊ အလှူခံပုဂ္ဂိုလ်တည်း။
အဟံ၊ ငါသည်။ သစေ န ပဋိဂ္ဂဟေဿာမိ၊ အကယ်၍ မခံယူအံ့။ ဧဝံ၊ ဤသို့ မခံယူလသော်။ တုမှေ၊ သင် ဒါယကာတို့သည်။ ပုညေန၊ ကောင်းမှုမှ။ ပရိဗာဟိရာ၊ အပ၌ ဖြစ်ကုန်သည်။ ဘဝိဿထ၊ ဖြစ်ကုန်လတ္တံ့။
မယှံ၊ ငါ့အား။ ဣမိနာ၊ ဤလှူဘွယ်ဝတ္ထုဖြင့်။ န အတ္ထော၊ အလိုမရှိ။ အပိစ၊ ထိုသို့ အလိုမရှိပါသော်လည်း။ တုမှာကံဧဝ၊ သင် ဒါယကာတို့အပေါ်၌သာ။ အနုကမ္ပာယ၊ သနားစောင့်ရှောက် ချီးမြှောက်ခြင်းကြောင့်။ ပဋိဂ္ဂဏှာမိ၊ ခံယူအံ့။ ဣတိ(အာဟ)။
တံ၊ ထို ပဌမခံယူခြင်းကို။ ဥပါဒါယ ဗဟုမ္ပိ စီဝရံ ပဋိဂ္ဂဏှာတိ။ ပေ။
ဧဝရူပါ၊ ဤသို့ သဘောရှိသော။ ယာ ဘာကုဋိကာ၊ အကြင်မျက်မှောင်ကုတ်ခြင်းသည်။ (ယံ) ဘာကုဋိယံ၊ အကြင် မျက်မှောင်ကုတ်ခြင်းရှိသူ၏အဖြစ်သည်။ (ယာ)ကုဟနာ၊ အကြင် အံ့ဩဘွယ်ကို ဖြစ်စေခြင်းသည်။ (ယာ)ကုဟာယနာ၊ အကြင် အံ့ဩဘွယ်၏ ဖြစ်ခြင်းသည်။ (ယံ)ကုဟိတတ္တံ၊ အကြင် အံ့ဩဘွယ်ကို ဖြစ်စေတတ်သောပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်ရာသည်။ (အတ္ထိ)။ ဣဒံ၊ ဤမျက်မှောင်ကုတ်ခြင်း အစရှိသည်ကို။ ပစ္စယ။ ပေ။ ဝုစ္စတိ။
ပန၊ ကား။ ပါပိစ္ဆဿေဝ၊ ယုတ်မာသော အလိုရှိသည်ဖြစ်၍ သာလျှင်။ သတော၊ ဖြစ်လျက်။ ဥတ္တရိမနုဿ။ ပေ။ ဝါစာယ၊ ဥတ္တရိမနုဿဓမ္မကိုရခြင်း၏အနီး၌ပြောဆိုကြောင်းစကားဖြင့်။ တထာ တထာ၊ ထိုထိုအခြင်းအရာအားဖြင့်။ ဝိမှာပနံ၊ အံ့ဩဘွယ်ကို ဖြစ်စေခြင်းကို။ သာမန္တဇပ္ပနသင်္ခါတံ၊ သာမန္တဇပ္ပနဟုဆိုအပ်သော။ ကုဟနဝတ္ထူတိ ဝေဒိတဗ္ဗံ။ [အတ္တာနံ ဥတ္တရိမနုဿဓမ္မာဓိဂမဿသာမန္တံ ကတွာ၊ မိမိကို ဥတ္တရိမနုဿဓမ္မကို ရခြင်း၏ အနီး၌ထား၍။ ဇပ္ပနံသာမန္တဇပ္ပနံ။-မဟာဋီကာ။]
ယထာဟ၊ အဘယ်ကဲ့သို့ ဟောတော်မူသနည်း။
ကတမံ၊ သည်။ သာမန္တဇပ္ပနသင်္ခါတံ၊ သော။ ကုဟနဝတ္ထု၊ မည်သနည်း။
ဣဓ၊ ဤသာသနာတော်၌။ ဧကစ္စော၊ အချို့သောရဟန်းသည်။ ပါပိစ္ဆော၊ သည်။ ဣစ္ဆာပကတော၊ သည်။ သမ္ဘာဝနာဓိပ္ပါယော၊ ချီးမွမ်းခြင်းကို အလိုရှိသည်။ (ဟုတွာ)။ ဧဝံ၊ ဤသို့ပြောလိုက်လျှင်။ မံ၊ ငါ့ကို။ ဇနော၊ သည်။ သမ္ဘာဝေဿတိ၊ ချီးမွမ်းလတ္တံ့။ ဣတိ၊ ဤသို့ကြံ၍။ အရိယဓမ္မသန္နိဿိတံ၊ အရိယဓမ္မကိုမှီသော။ ဝါစံ၊ စကားကို။ ဘာသတိ။
ယော၊ အကြင်ရဟန်းသည်။ ဧဝရူပံ၊ ဤသို့သဘောရှိသော။ စီဝရံ ဓာရေတိ။ သော သမဏော၊ သည်။ မဟေသက္ခော၊ ကြီးသော အစိုးရခြင်းရှိသူဟု ခေါ်ဆိုထိုက်သော ရဟန်းတည်း။ ဝါ၊ တန်ခိုးကြီးသော ရဟန်းတည်း။ ဣတိ ဘဏတိ။ [ဥတ္တရိမနုဿဓမ္မကို ရခြင်းကြောင့် တန်ခိုးကြီးသည်ဟူလို။]
ယော ဧဝရူပံ ပတ္တံ(ဓာရေတိ)။ ပေ။ လောဟထာလကံ၊ ကြေးခွက်ကို။ ပေ။ ဓမ္မကရဏံ၊ ဓမ္မကရိုဏ်ရေစစ်ကို။ ပေ။ ပရိသာဝနံ၊ ပုဝါရေစစ်ကို။ ပေ။ ကုဉ္စိကံ၊ သံကောက်ကို။ ပေ။ ဥပါဟနံ၊ ဘိနပ်ကို။ ပေ။ ကာယဗန္ဓနံ၊ ခါးပန်းကို။ အာယောဂံ၊ အာယောဂပတ်ကို။ ဓာရေတိ။ သော သမဏော။ မဟေသက္ခေါ။ ဣတိ ဘဏတိ။
ယဿ၊ အကြင်ရဟန်း၏။ ဧဝရူပေါ၊ သော။ ဥပဇ္ဈာယော၊ ဥပဇ္ဈာယ်သည်။ (အတ္ထိ)။ ပေ။ အာစရိယော၊ ကမ္မဝါစာဆရာသည်။ ဝါ၊ နိဿာယည်းဆရာသည်။ ဝါ၊ ဓမ္မာစရိယသည်။ ပေ။ သမာနုပဇ္ဈာယာ၊ တူသော ဥပဇ္ဈာယ်ရှိသူတို့သည်။ ပေ။ သမာစရိယကာ၊ တို့သည်။ မိတ္တ၊ တို့သည်။ သန္ဒိဋ္ဌာ၊ အတူတကွ တွေ့မြင်အပ်ဘူးသူတို့သည်။ သမ္ဘတ္တာ၊ အတူတကွ စားဖော် စားဘက် တို့သည်။ သဟာယာ၊ အတူတကွ ဖြစ်ဖော် ဖြစ်ဘက်တို့သည်။ (သန္တိ)။ [မိတ္တာကိုပင် သန္ဒိဋ္ဌာစသည်ဖြင့် ထပ်ဖွင့်သည်။]
ယော၊ သည်။ ဧဝရူပေ, ဝိဟာရေ၊ ကျောင်းတိုက်၌။ ဝါ၊ ၄-ဘက်မိုးကျောင်း၌။ ဝသတိ။ ပေ။ အဍ္ဎယောဂေ၊ ထက်ဝက်မိုးကျောင်း၌။ ပါသာဒေ၊ ပြာသာဒ်ရှည်၌။ ဟမ္မိ ယေ၊ ပြာသာဒ်ဦးပြည်း၌။ ဂုဟာယံ၊ ဂူ၌။ လေဏေ၊ လိုဏ်၌။ ကုဋိယာ၊ ကျောင်းကုဋီ၌။ ကုဋာဂါရေ၊ အထွတ်ရှိသောကျောင်း၌။ အဋ္ဋေ၊ စင်၌။ မာဠေ၊ ပြအိုး၌။ ဥဒေါသိတေ၊ ဘဏ္ဍာတိုက်၌။ ဥဒ္ဒဏ္ဍေ၊ အခန်းမထား တံခါးတပေါက်သာ ရှိသော တန်းလျားရှည်ကျောင်း၌။ ဥပဋ္ဌာနသာလာယံ၊ ဆည်းကပ်ရာ တန်ဆောင်းဝန်း၌။ မဏ္ဍပေ၊ မဏ္ဍပ်၌။ ရုက္ခမူလေ၊ သစ်ပင်၏ အနီး အောက်၌။ ဝသတိ။ သော သမဏောမဟေသက္ခေါ ဘဏတိ။
အထဝါ၊ ထို့ပြင် တနည်းကား။ (ယော၊ အကြင်ရဟန်းသည်။) ကောရဇိကကောရဇိကော၊ စက်ဆုပ်အပ်သော မြူမှုန်နှင့် တူသောအကျိုးမရှိသောကိုယ်, နှုတ်တို့၏ လှုပ်ရှားခြင်းကို နှိပ်ထားခြင်း ရှိသူတို့ထက် အလွန် နှိပ်ထားခြင်းရှိသည်။**ကောရဇိက ကောရဇိကော။** ။ "ကောရဇိက"ကို "ကု+ဇရ" ဟု ရှေးဦးစွာပုဒ်ခွဲပါ။ "ကု၊ စက်ဆုပ်အပ်သော။ ဇရ၊ မြူ။စက်ဆုပ်အပ်သော မြူသည် ဘာမျှ အသုံးမကျသကဲ့သို့ထိုပုဂ္ဂိုလ်၏ ကိုယ်ကို ငြိမ်သက်စွာထား၍ ကြို့ကြို့ရို့ရို့နေခြင်း၊ နှုတ်ကို ငြိမ်သက်စွာထား၍သိမ်သိမ် မွေ့မွေ့ ပြောဆိုခြင်းသည် ထို စက်ဆုပ်ဘွယ် မြူကဲ့သို့ အကျိုးမရှိသောကြောင့် "ကုရဇ" မည်၏။ ကုရဇံ+ဧတဿ+အတ္ထီတိ ကောရဇိကော၊ အတိဝိယ ကောရဇိကောအဘိန္နံ ဝါ ကောရဇိကော ကောရဇိက ကောရဇိကော၊ သဒ္ဒါတူ နှစ်ချက်ဆင့်သောကြောင့် အလွန်အကဲ အနက်ကို ဟောရကား "အတိဝိယ" ဟု၎င်း, "အဘိန္နံ" ဟု၎င်း ဖွင့်သည်။ ဝါ၊ အမြဲမပြတ် နှိပ်ထားခြင်းရှိသည်။ [ဘာကုဋိကဘာကုဋိကော စသည်၂-ထပ်ဆိုရာ၌လည်း နည်းတူ။] ဘာကုဋိကဘာကုဋိကော၊ အလွန်မျက်မှောင်ကုပ်သည်။ ကုဟက ကုဟကော၊ အံ့ဩဘွယ်ကို ဖြစ်စေတတ်သူတို့ထက် အလွန် အံ့ဩဘွယ်ကို ဖြစ်စေတတ်သည်။ ဝါ၊ အလွန်ဝါကြွားတက်သည်။ လပကလပကော၊ ပစ္စည်းလေးပါးတို့၏ အနီး၌အလွန်ပြောဆိုတတ်သည်။ မုခသမ္ဘာဝိတော၊ မိမိနှုတ်မျှဖြင့် သူတပါးတို့ကို ချီးမွမ်းစေတတ်သည်။ (ဟောတိ)။ အယံ သမဏော၊ သည်။ ဧဝရူပါနံ, သန္တာနံ၊ ငြိမ်သက်ကုန်သော။ ဣမာသံဝိဟာရသမာပတ္တီနံ၊ ဤနေကြောင်း သမာပတ်တို့ကို။ လာဘီ၊ ရခြင်းရှိ၏။ ဣတိ၊ ထို့ကြောင့်။ (သမာပတ်တို့ကို ရခြင်းရှိသောကြောင့်။) တာဒိသံ၊ ထိုသို့သဘောရှိသော။ ဂမ္ဘီရံ၊ နက်သော။ ဂူဠှံ၊ လျှို့ဝှက်သော။ နိပုဏံ၊ သိမ်မွေ့သော။ ပဋိစ္ဆန္နံ၊ ဖုံးကွယ်သော။ လောကုတ္တရံ၊ လောကထက် လွန်မြတ်သော။ သုညတာပဋိသံယုတ္တံ၊ သုညတာနှင့်စပ်ယှဉ်သော။ ကထံ၊ စကားကို။ ကထေသိ၊ ပြောနိုင်၏။
ဧဝရူပါ၊ သော။ ယာ ဘာကုဋိကာ။ ပေ။ (ယံ) ကုဟိတတ္တံ။ (အတ္ထိ)။ ဣဒံ၊ ဤမျက်မှောင်ကုပ်ခြင်း အစရှိသည်ကို။ ပေ။ ဝုစ္စတိ။
ပန၊ ကား။ ပါပိစ္ဆဿေဝ သတော။ သမ္ဘာဝနာဓိပ္ပါယကတေန၊ ချီးမွမ်းစေခြင်း၌ဖြစ်သော အလိုသည် ပြုအပ်သော။ ဣရိယာပထေန၊ ဣရိယာပုထ်ဖြင့်။ ဝိမှာပနံ၊ ကို။ ဣရိယာပထသန္နိဿိတံ၊ ဣရိယာပုထ်ကို မှီ၍ဖြစ်သော။ ကုဟနဝတ္ထူတိ ဝေဒိတဗ္ဗံ။
ယထာဟ၊ သနည်း။
ကတမံ ဣရိယာပထသင်္ခါတံ၊ ဣရိယာပထဟု ဆိုအပ်သော။ (ဣရိယာပုထ်ကို ကောင်းစွာထားခြင်းဟု ဆိုအပ်သော။) ကုဟနဝတ္ထု၊ မည်သနည်း။
ဣဓ၊ ဤလောက၌။ ဧကစ္စော။ ပေ။ သမ္ဘာဝနာဓိပ္ပါယော(ဟုတွာ)။ ဧဝံ၊ ဤသို့ သွားခြင်းကို ကောင်းစွာတည်စေရသည်ရှိသော်။ မံ ဇနော သမ္ဘာဝေဿတိ၊ လတ္တံ့။ ဣတိ၊ ဤသို့ကြံ၍။ ဂမနံ၊ သွားခြင်းကို။ သဏ္ဌပေတိ၊ ကောင်းစွာတည်စေ၏။ (ငြိမ်သက်စွာတည်စေ၏။)။ ပေ။ သယနံ၊ လည်းလျောင်းခြင်း ဣရိယာပုထ်ကို။ သဏ္ဌပေတိ။ ပဏိဓာယ၊ (ငါ့ကို ရဟန္တာလို့ သိစေသတည်းဟု) စိတ်ကိုထား၍။ ဂစ္ဆတိ၊ ၏။ ပဏိဓာယ တိဋ္ဌတိ၊ ရပ်၏။ ပဏိဓာယ နိသီဒတိ၊ ထိုင်၏။ ပဏိဓာယ သေယျံ၊ လည်းလျောင်းခြင်းကို။ ကပ္ပေတိ။ သမာဟိတော ဝိယ၊ ကောင်းစွာ အာရုံ၌ ထားအပ်သော စိတ်ရှိသူကဲ့သို့။ (တည်ကြည်သူကဲ့သို့။) ဂစ္ဆတိ။ ပေ။ သေယျံ ကပ္ပေတိ။ အာပါထကဇ္ဈာယီဝ၊ လူတို့၏ ရှေ့ရှုရောက်ရာအရပ်၌ ဈာန်ဝင်စားနေသကဲ့သို့။ ဟောတိ။
ဧဝရူပါ၊ သော။ ဣရိယာပထဿ၊ ကို။ ယာ အာဌပနာ၊ အကြင် အစစွာ ထားခြင်းသည်။ ဝါ၊ အကြင် လေးလေးစားစားထားခြင်းသည်။ (ယာ)ဌပနာ၊ အကြင်ထားခြင်းဟူသော အခြင်းအရာသည်။ (ယာ)သဏ္ဌပနာ၊ အကြင် ကြည်ညိုဘွယ်ကောင်းအောင်ထားခြင်းသည်။ (ယာ)ဘာကုဋိကာ။ ပေ။ ဣဒံ၊ ဤသွားခြင်းစသော ဣရိယာပုထ်ကို ကောင်းစွာထားခြင်း အစရှိသည်ကို။ ပေ။ ဝုစ္စတိ။
တတ္ထ၊ ထို ပစ္စယပဋိသေဝန သင်္ခါတေန ဝါ အစရှိသော ပါဠိရပ်တို့တွင်။ **ပစ္စယ။ ပေ။ သင်္ခါတေနာ**တိ၊ ကား။ ပစ္စယ ပဋိသေဝနန္တိ၊ ဟူ၍။ ဧဝံ၊ သို့။ သင်္ခါတေန၊ ဆိုအပ်သော။ ပစ္စယ ပဋိသေဝနေန၊ ပစ္စည်းလေးပါးကို မှီဝဲခြင်းဖြင့်။
**သာမန္တဇပ္ပိတေနာ**တိ၊ ကား။ သမီပေ၊ အနီး၌။ ဘဏိတေန၊ ပြောဆိုကြောင်းစကားဖြင့်။
**ဣရိယာပထဿာ**တိ၊ ကား။ စတုဣရိယာပထဿ၊ လေးပါးသောဣရိယာပုထ်ကို။
**အာဌပနာ**တိ၊ ကား။ အာဒိဌပနာ၊ အစ၌ ထားခြင်းတည်း။ ဝါ၊ ကား။ အာဒရေန၊ လေးစားသော အားဖြင့်။ (ပေါ့ပေါ့ဆဆ မဟုတ်ဘဲလေးလေးပင်ပင်အားဖြင့်။) ဌပနာ၊ ထားခြင်းတည်း။
**ဌပနာ**တိ၊ ကား။ ဌပနာကာရော၊ ထားခြင်းဟူသော အခြင်းအရာတည်း။
**သဏ္ဌပနာ**တိ၊ ကား။ အဘိသင်္ခရဏာ၊ ပြုပြုပြင်ပြင်ထားခြင်းတည်း။ ပါသာဒိကဘာဝကရဏံ၊ ကြည်ညိုခြင်းကို ဖြစ်စေနိုင်သူ၏အဖြစ်ကို ပြုခြင်းတည်း။ ဣတိ ဝုတ္တံ ဟောတိ။
**ဘာကုဋိကာ**တိ၊ ကား။ ပဓာန။ ပေ။ ဒဿနေန၊ ပဓာနဖြစ်၍ ရှေ့ဆုံး၌ဖြစ်သော အရပ်ဝယ်တည်ရခြင်းရှိသူ၏ အဖြစ်ကို ပြခြင်းအားဖြင့်။ (ရှေ့သွားခေါင်းဆောင်၏ အဖြစ်ကိုပြခြင်းအားဖြင့်။) ဘာကုဋိကရဏံ၊ မျက်မှောင်ကုပ်မှုကိုပြုခြင်းတည်း။ မုခသင်္ကောစော၊ မျက်နှာ၏ ရှုံ့ခြင်းတည်း။ ဣတိ ဝုတ္တံ ဟောတိ။
အဿ၊ ထိုပုဂ္ဂိုလ်၏။ ဘာကုဋိကရဏံ၊ မျက်မှောင်ကုပ်မှုကို ပြုခြင်းဟူသော။ သီလံ၊ အလေ့သည်။ (အတ္ထိ)။ ဣတိ၊ ကြောင့်။ (သော၊ သည်။) ဘာကုဋိကော၊ မည်၏။
ဘာကုဋိကဿ၊ မျက်မှောင်ကုပ်မှုကိုပြုခြင်း အလေ့ရှိသူ၏။ ဘာဝေါ၊ ဖြစ်ကြောင်းဖြစ်ရာတည်း။ **ဘာကုဋိယံ**၊ ရာ။
ဝိမှာပနံ၊ အံ့ဩဘွယ်ကိုဖြစ်စေခြင်းကို။ ကုဟနာတိ(ဝုတ္တံ)။ ကုဟဿ၊ အံ့ဩဘွယ်ကိုဖြစ်စေခြင်း၏။ အယနာ၊ ဖြစ်ခြင်းတည်း။ (တနည်း)ကုဟဿ၊ အံ့ဩဘွယ်ကို ဖြစ်စေတတ်သော ပုဂ္ဂိုလ်၏။ အယနာ၊ ဖြစ်ကြောင်းဖြစ်ရာ အမူအရာတည်း။ **ကုဟာယနာ**၊ အံ့ဩသွယ်ကို ဖြစ်စေခြင်း၏အဖြစ်။**ကုဟာယနာ။** ။ ကုဟဓာတ်သည်၊ "ဝိမှာပန၊ အံ့ဘွယ်ကို ဖြစ်စေခြင်း" အနက်ကို ဟော၏၊ "ကုဟနံ ဟုဟော၊ တဿ အယနာ ပဝတ္တိ ကုဟာယနာ၊" ဋီကာ။ ဤအလို "အာယန" ဟုမရှိရ။ "အယနာ" ဟုသာ ရှိရမည်။ "ကုဟဿ ဝါ ပုဂ္ဂလဿ အယနာ ဂတိကိရိယာ ကုဟာယနာ" ဤနည်းအလို "ကုဟ" အရ အံ့ဩဘွယ်ကို ဖြစ်စေတတ်သော ပုဂ္ဂိုလ်ရ၏၊ ထို၌ "အယနာ" ကို "ဂတိ" ဟုဖွင့်၏၊ "အယ-ဂတိမှိ" ဟုသော ဓာတ်နက်ကို ဖွင့်ခြင်းတည်း။ ထို ဂတိဟူသည်လည်း အမူအရာတည်း၊ ထို့ကြောင့် "ဂတိ" တို့ "ကိရိယာ" ဟုထပ်ဖွင့်သည်။ ဝါ၊ အံ့ဩဘွယ်ကို ဖြစ်စေတတ်သောပုဂ္ဂိုလ်၏အမူအရာ။
ကုဟိတဿ၊ အံ့ဩဘွယ်ကို ဖြစ်စေခြင်းရှိသော ပုဂ္ဂိုလ်၏။ ဘာဝေါ၊ တည်း။ **ကုဟိတတ္တံ**၊ ရာ။ ဣတိ၊ ဤသို့ မှတ်အပ်၏။
၈၆၂။ လပနာနိဒ္ဒေသေ(အတ္ထော ဧဝံ ဝေဒိတဗ္ဗော။) **အာလပနာ**တိ၊ ကာ။ ဝိဟာရံ၊ သို့။ အာဂတမနုဿေ၊ လာသောလူတို့ကို။ ဒိသွာ။ ဘောန္တော၊ ငါ့ရှင်ဒါယကာတို့သည်။ ကိမတ္ထာယ၊ ငှါ။ အာဂတာ၊ လာကြကုန်သနည်း။
ဘိက္ခူ၊ တို့ကို။ နိမန္တေတုံ၊ ပင့်ဖိတ်ခြင်းငှါ။ (အာဂတာ)ကိံ၊ လာကြကုန်သလော။ (နိမန္တေတုံ၊ ငှါ။)
ယဒိ(အာဂတာ)၊ အကယ်၍လာကုန်အံ့။ (ဧဝံသတိ)၊ ဤသို့ဖြစ်လသော်။ ဂစ္ဆထ၊ သွားနှင့်ကြကုန်။
အဟံ ပစ္ဆတော၊ နောက်မှ။ ဘိက္ခူ၊ တို့ကို။ ဂဟေတွာ၊ ခေါ်၍။ အာဂစ္ဆာမိ၊ လိုက်ခဲ့အံ့။ ဣတိဧဝံ၊ သို့။ အာဒိတောဝ၊ အစ၌သာလျှင်။ (အစမှ စ၍ပင်။) လပနာ၊ ပြောဆိုခြင်းတည်း။
အထဝါ၊ ထို့ပြင်တနည်းကား။ အတ္တာနံ၊ မိမိကို။ ဥပနေတွာ၊ ကပ်ဆောင်၍။ အဟံ၊ သည်။ တိဿော၊ တိဿတဲ့။ မယိ၊ ငါ့အပေါ်၌။ ရာဇာ၊ မင်းသည်။ ပသန္နော၊ ကြည်ညို၏။ မယိ၊ ၌။ အသုကောစ အသုကောစ၊ ထိုမည်သူလည်းဖြစ်, ထိုမည်သူလည်းဖြစ်သော။ ရာဇမဟာမတ္တော၊ မင်း၏ အမတ်ကြီးသည်။ ပသန္နော။ ဣတိဧဝံ၊ သို့။ အတ္တုပနာယိကာ၊ မိမိကို ကပ်ဆောင်ခြင်းရှိသော။ (မိမိနာမည်စသည်ကို ကပ်ဆောင်ခြင်းရှိသော။) လပနာ၊ သည်။ အာလပနာ၊ မည်၏။
**လပနာ**တိ၊ ကား။ ပုဋ္ဌဿ၊ မေးအပ်သည်ဖြစ်၍။ သတော၊ ဖြစ်သောပုဂ္ဂိုလ်၏။ ဝုတ္တပ္ပကာရမေဝ၊ ဆိုအပ်ပြီးသော အပြားရှိသောစကားကိုပင်။ (အဟံ တိဿော, မယိ ရာဇာ ပသန္နော အစရှိသောစကားကိုပင်။) လပနံ၊ ပြောဆိုခြင်းတည်း။
**သလ္လပနာ**တိ၊ ကား။ ဂဟပတိကာနံ၊ တို့၏။ ဥက္ကဏ္ဌနေ၊ ပျင်းရိခြင်း၌။ ဘီတဿ၊ ကြောက်သောပုဂ္ဂိုလ်၏။ ဩကာသံ၊ လူတို့၏ပြောခွင့်ကို။ ဒတွာ၊ ပေး၍။ [ဝိမတိ၌"ဒတွာ ဒတွာ" ဟု ၂-ပုဒ်ရှိ၏။] သုဋ္ဌု၊ ကောင်းစွာ။ လပနာ၊ တည်း။ [မိမိချည်းပြောနေလျှင် နားထောင်ရသူတို့ပျင်းမှာစိုးသောကြောင့် လူတို့ကိုလည်း ပြောခွင့်ပေးခြင်းတည်း။]
**ဥလ္လပနာ**တိ၊ ကား။ မဟာကုဋုမ္ဗိကော၊ သူကြွယ်ကြီး။ မဟာနာဝိကော၊ အကြီးအကဲ လှေသူကြီး။ မဟာဒါနပတိ၊ အလှူ့ရှင်ကြီး။ ဣတိဧဝံ၊ သို့။ ဥဒ္ဓံ၊ အထက်၌။ ကတွာ၊ ပြု၍။ (တနည်း) ဥဒ္ဓံ ကတွာ၊ အထက်၌ ထား၍။ (မြှောက်ပင့်၍။) လပနာ၊ တည်း။
**သမုလ္လပနာ**တိ၊ ကား။ သဗ္ဗတောဘာဂေန၊ အလုံးစုံသောအဘို့အားဖြင့်။ [သံ၏အဖွင့်။] ဥဒ္ဓံ ကတွာ လပနာ၊ တည်း။
**ဥန္နဟနာ**တိ၊ ကား။ ဥပါသကာ၊ တို့။ ပုဗ္ဗေ၊ ရှေး၌။ (ရှေးတုန်းက။) ဤဒိသေ ကာလေ၊ ဤကဲ့သို့ရှုအပ်သောအခါ၌။ ဒါနံ၊ အလှူကို။ ဒေထ၊ ပေးလှူကြကုန်၏။
ဣဒါနိ၊ ၌။ (ဒါနံ)ကိံ၊ အဘယ်ကြောင့်။ န ဒေထ၊ မပေးကြကုန်သနည်း။ ဣတိဧဝံ၊ သို့။ ယာဝ၊ အကြင်မျှလောက်။ ဘန္တေ, ဒဿာမ၊ ပေးလှူပါကုန်အံ့။ ဩကာသံ၊ အခွင့်ကို။ နလဘာမ၊ မရပါကုန်သေး။ ["အခွင့်မရသေးလို့ပါ" ဟူလို။] ဣတိအာဒီနိ၊ ဤသို့အစရှိသောစကားတို့ကို။ ဝဒန္တိ၊ လျှောက်ကုန်၏။ တာဝ၊ ထိုလှူပါမည်ဟု လျှောက်သည့်တိုင်အောင်။ ဥဒ္ဓံ၊ ၌။ နဟနာ၊ နှောင်ဖွဲ့ခြင်းတည်း။ ဝေဌနာ၊ ရစ်ပတ်ခြင်းတည်း။ ဣတိ ဝုတ္တံ ဟောတိ။
အထဝါ၊ ကား။ ဥစ္ဆုဟတ္ထံ၊ လက်၌ ကြံချောင်းရှိသူကို။ ဒိသွာ၊ ၍။ ဥပါသက၊ ကာ။ ကုတော၊ အဘယ်အရပ်မှ။ အာဘတံ၊ ဆောင်ယူအပ်သနည်း။ ဣတိ ပုစ္ဆတိ။
ဘန္တေ, ဥစ္ဆုခေတ္တတော၊ ကြံခင်းမှ။ (အာဘတံ၊ ဆောင်ယူအပ်ပါပြီ။) ဣတိ၊ ဤသို့လျှောက်ပြီ။
တတ္ထ၊ ထိုသင်တို့ကြံခင်း၌။ ဥစ္ဆု၊ ကြံသည်။ မဓုရံကိံ၊ ချိုသလော။ ဣတိ၊ ဤသို့မေးပြီ။
ဘန္တေ,ခါဒိတွာ၊ ခဲစားပြီး၍(ခဲစားပြီးမှ)။ ဇာနိတဗ္ဗံ၊ သိထိုက်ပါ၏။ ဣတိ၊ ဤသို့လျှောက်ပြီ။
ဥပါသက၊ ကာ။ ဘိက္ခုဿ၊ အား။ ဥစ္ဆုံ၊ ကို။ ဒေထ၊ လှူကုန်လော့။ ဣတိ၊ သို့။ ဝတ္တုံ၊ ငှါ။ န ဝဋ္ဋတိ၊ မအပ်။ ဣတိ၊ သို့။ ဧဝရူပါ၊ သော။ နိဗ္ဗေဌေန္တဿာပိ၊ ဖြေရှင်းသော ရဟန်း၏လည်း။ ယာ ဝေဌနကတတာ၊ အကြင်ရစ်ပတ်ကြောင်း စကားသည်။ (အတ္ထိ)။ သာ၊ ထိုရစ်ပတ်ကြောင်းစကားသည်။ ဥန္နဟနာ၊ မည်၏။ ["ကြံကိုလှူကြပါ" ဟု အလှူမခံကောင်း။ ဤသို့ဖြေရှင်းသော်လည်း ကြံကိုလှူဖို့ရန် ရစ်ပတ်ကြောင်းစကားပင်ဖြစ်သည်။]
သဗ္ဗတောဘာဝေန၊ အလုံးစုံသော အဘို့အားဖြင့်။ ပုနပ္ပုနံ၊ ထပ်။ [သံ၏အဖွင့်။] ဥန္နဟနာ၊ အထက်၌ရစ်ပတ်ကြောင်းစကားသည်။ **သမုန္နဟနာ**၊ မည်၏။
**ဥက္ကာစနာ**တိ၊ ကား။ ဧတံကုလံ၊ ဤအမျိုးသည်။ မံယေဝ၊ ငါ့ကိုသာ။ ဇာနာတိ၊ သိ၏။ (အသိအမှတ်ပြု၏။) ဧတ္ထ၊ ဤအမျိုး၌။ ဒေယျဓမ္မော၊ လှူထိုက်သောသဘောရှိသော ပစ္စည်းသည်။ သစေ ဥပ္ပဇ္ဇတိ၊ အံ့။ (ဧဝံ သတိ။) မယှမေဝ၊ ငါ့အားသာ။ ဒေတိ၊ လှူ၏။ ဣတိဧဝံ၊ သို့။ ဥက္ခိပိတွာ၊ မြှောက်ပင့်၍။ ကာစနာ၊ ထင်စွာပြခြင်းသည်။ ဥက္ကာစနာ၊ မည်၏။
ဥဒ္ဒီပနာ၊ မြှောက်ပင့်၍ ထင်စွာပြခြင်း။ ဣတိဝုတ္တံဟောတိ။ [ကာဓာတ်သည် ဒိစုဘူဖြစ်မူ "ထွန်းပခြင်း ထင်ရှားပြခြင်း" အနက်၌ဖြစ်၏။ ထိုကြောင့် ဥကို "ဥက္ခိပိတွာ" ဟု ဖွင့်၍, ကာစနာကို "ဒီပနာ" ဟုဖွင့်သည်။]
စ၊ ဆက်။ ဧတ္ထ၊ ဤ မြှောက်ပင့်၍ ပြောဆိုခြင်း၌။ တေလကန္ဒရိကဝတ္ထု၊ တေလကန္ဒရိက ဝတ္ထုကို။ ဝတ္တဗ္ဗံ၊ ဆိုထိုက်၏။
ကိရ၊ ချဲ့။ ဒွေ၊ နှစ်ပါးကုန်သော။ ဘိက္ခူ၊ တို့သည်။ ဧကံ၊ သော။ ဂါမံ၊ သို့။ ပဝိသိတွာ၊ ၍။ အာသနသာလာယံ၊ နားနေရာ ဇရပ်၌။ နိသီဒိတွာ၊ ၍။ ဧကံ၊ တယောက်သော။ ကုမာရိကံ၊ သတို့သ္မီးကို။ ဒိသွာ၊ ၍။ ပက္ကောသိံ သု၊ ခေါ်ကြကုန်ပြီ။
တာယ၊ ထို သတို့သ္မီးသည်။ အာဂတာယ၊ လာလသော်။ တတြ၊ ထိုနှစ်ပါးသော ရဟန်းတို့တွင်။ ဧကော၊ တပါးသော ရဟန်းသည်။ ဧကံ၊ တပါးသော ရဟန်းကို။ ပုစ္ဆိ၊ မေးပြီ။ (ကိံ၊ နည်း။)
ဘန္တေ, အယံ၊ ဤသူငယ်မသည်။ ကဿ၊ အဘယ်သူ၏။ ကုမာရိကာ၊ သတို့သ္မီးပါနည်း။ ဣတိ(ပုစ္ဆိ)။
အာဝုသော(အယံ၊ ဤသူငယ်မသည်။) အမှာကံ၊ ငါတို့၏။ ဥပဋ္ဌာယိကာယ၊ အလုပ်အကျွေးမ ဖြစ်သော။ တေလကန္ဒရိကာယ၊ တေလကန္ဒရိကာ၏။ ဓီတာ၊ သ္မီးတည်း။
ဣမိဿာ၊ ဤသူငယ်မ၏။ မာတာ၊ မိခင်သည်။ မယိ၊ ငါသည်။ ဂေဟံ၊ အိမ်သို့။ ဂတေ၊ သွားလသော်။ သပ္ပိံ၊ ထောပတ်ကို။ ဒဒမာနာ၊ လှူလသော်။ (လှူလို့ရှိလျှင်။) ဃဋေနေဝ၊ အိုးဖြင့်သာလျှင်။ (တအိုးလုံးသာ။) ဒေတိ။ အယမ္ပိ၊ ဤသူငယ်မသည်လည်း။ မာတာ ဝိယ၊ အမိကဲ့သို့။ ဃဋေနေဝ၊ သာလျှင်။ ဒေတိ။ ဣတိ၊ သို့။ ဥက္ကာစေတိ၊ မြှောက်ပင့်၍ ထင်ရှားပြ၏။
သဗ္ဗတောဘာဂေန၊ ဖြင့်။ ပုနပ္ပုနံ, ဥက္ကာစနာ၊ မြှောက်ပင့်၍ထင်ရှားပြခြင်းသည်။ **သမုက္ကာစနာ**၊ မည်၏။
**အနုပ္ပိယဘာဏိတာ**တိ၊ ကား။ သစ္စာနုရူပံ၊ အမှန်အား လျော်သည်မှုလည်းဖြစ်သော။ ဓမ္မာနုရူပံ ဝါ၊ အတိုင်းအရှည်ဖြစ်သော တရားစကားအားလျော်သည်မူလည်းဖြစ်သော။ဓမ္မာနုရူပံဝါ။ ။ "မတ္တာဝစနာနုရူပံဝါ၊ မတ္တာဝစနံ ဟိ ဓမ္မောတိ ဝုစ္စတိ" ဟု ဝိသုဒ္ဓိမဂ် မဟာဋီကာ၌ ဖွင့်၏။ ထို့ကြောင့် အတိုင်းအရှည် ပမာဏနှင့် လျော်ရုံစကားကို "ဓမ္မာနုရူပ" ဟု ဆို၏။ "စကားကို များစွာမပြောဘဲ သင့်တော်ရုံ ပြောအပ်သော စကား" ဟူလို။ (တနည်း) စကားလေးမျိုးရှိသည်တွင် သစ္စာမှ တပါးသော သုဘာသိတဝါစာကို "ဓမ္မ" ဟု မဟာဋီကာ၌ ဆိုသည်။ (ဝါစံ၊ စကားကို။) အနပလောကေတွာ၊ မရှုငဲ့မူ၍။ ပုနပ္ပုနံ,ပိယဘဏနမေဝ၊ ချစ်ဘွယ်သောစကားကို ပြောဆိုခြင်းပင်တည်း။
**စဋုကမျတာ**တိ၊ ကား။ နီစဝုတ္တိတာ၊ နိမ့်ကျသောဖြစ်ခြင်းရှိသူ၏ အဖြစ်တည်း။
အတ္တာနံ၊ ကို။ ဟေဋ္ဌတော၊ အောက်အဘို့အားဖြင့်။ ဌပေတွာ၊ ၍။ ဝတ္တနံ၊ ဖြစ်ခြင်းတည်း။
**မုဂ္ဂသူပျတာ**တိ၊ ကား။ မုဂ္ဂသူပသဒိသတာ၊ ပဲနောက်ဟင်းနှင့် တူသည်၏ အဖြစ်တည်း။
ဟိ၊ ချဲ့။ မုဂ္ဂေသု၊ ပဲနောက်တို့ကို။ ပစ္စမာနေသု၊ ချက်အပ်ကုန်သော်။ ကောစိဒေဝ၊ အချို့သာလျှင်ဖြစ်သော ပဲနောက်သည်။ န ပစ္စဘိ ယထာ၊ မကျက်သကဲ့သို့။ အဝသေသာ၊ ကြွင်းသော ပဲနောက်တို့သည်။ ပစ္စန္တိ(ယထာ)၊ ကျက်ကုန်သကဲ့သို့။
ဧဝံ၊ တူ။ ယဿ ပုဂ္ဂလဿ၊ ၏။ ဝစနေ၊ ၌။ ကိဉ္စိဒေဝ၊ အချို့သောစကားသည်သာ။ သစ္စံ၊ မှန်သည်။ ဟောတိ။ သေသံ၊ ကြွင်းသော စကားသည်။ အလိကံ၊ ချွတ်ယွင်းသည်။ (ဟောတိ။) အယံပုဂ္ဂလော၊ ကို။ မုဂ္ဂသူပျောတိ၊ မုဂ္ဂသူပျဟူ၍။ (မကျက်နည်းပါး အကျက်များသော ပဲနောက်ဟင်းကဲ့သို့ အမှန်နည်းပါးအမှားများသော စကားရှိသော ပုဂ္ဂိုလ်ဟူ၍။) ဝုစ္စတိ။
တဿ၊ ထိုမကျက်နည်းပါး အကျက်များသော ပဲနောက်ဟင်းကဲ့သို့, အမှန်နည်းပါး အမှားများသောစကား ရှိသောပုဂ္ဂိုလ်၏။ ဘာဝေါ၊ တည်း။ မုဂ္ဂသူပျတာ၊ ရာ။
**ပါရိဘဋယတာ**တိ၊ ကား။ ပါရိဘဋယဘာဝေါ၊ အစေအပါးနှင့် တူသည်၏အဖြစ်တည်း။
ဟိ၊ ချဲ့။ ယော၊ အကြင်ရဟန်းသည်။ ကုလဒါရကေ၊ အမျိုးသားငယ်တို့ကို။ ဓာတိ ဝိယ၊ အထိန်းကဲ့သို့။ အင်္ကေန ဝါ၊ ရင်ခွင်ဖြင့်သော်၎င်း။ ခန္ဓေန ဝါ၊ ပခုံးဖြင့်သော်၎င်း။ ပရိဘဋတိ၊ ပွေ့ပိုက်ထမ်းဆောင်၏။ ဓာရေတိ၊ ပွေ့ပိုက်ထမ်းဆောင်၏။ ဣတိ အတ္ထော။
တဿ ပရိဘဋဿ၊ ထိုအမျိုးသားငယ်တို့ကိုပွေ့ပိုက် ထမ်းဆောင်ခြင်းရှိသော ရဟန်း၏။ ကမ္မံ၊ အလုပ်တည်း။ ပါရိဘဋုံ၊ လုပ်။
ပါရိဘဋုဿ၊ အမျိုးသားကလေးတို့ကို အထိန်းကဲ့သို့ ပွေ့ပိုက်ထမ်းဆောင်တတ်သော ပုဂ္ဂိုလ်၏အလုပ်၏။ ဘာဝေါ၊ တည်း။ ပါရိဘဋုတာ၊ ရာ။ ဣတိ၊ အပြီးတည်း။ [ဤပုဒ်တို့ကိုပင် ဈာနဝိဘင်းတုန်းက တမျိုးဖွင့်ခဲ့သေးသည်။]
၈၆၃။ နေမိတ္တိကတာ နိဒ္ဒေသေ၊ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော။) **နိမိတ္တန္တိ**၊ ကား။ ယံကိဉ္စိ၊ အမှတ်မရှိ တစုံတခုသော။ ပရေသံ၊ သူတပါးတို့၏။ ပစ္စယဒါနသညောဇနကံ၊ ပစ္စည်းလေးပါးကို ပေးလှူခြင်းနှင့် ယှဉ်စေသော။ ကာယံ ဝစီကမ္မံ၊ ကာယကံ, ဝစီကံကို။ ["သညောဇနကံ" ကို "သံယောဇနကံ" ဟု ပုဒ်ဖြတ်ပါ။]
**နိမိတ္တကမ္မန္တိ**၊ ကား။ နိမိတ္တဿ၊ အကြောင်းဖြစ်သော ကိုယ်အမူအရာ, နှုတ်အမူအရာကို။ ကရဏကောသလ္လံ၊ ပြုခြင်း၌ ကျွမ်းကျင်သူ၏ အဖြစ်သည်။ (အတ္ထိ)။
တတြ၊ ထို နိမိတ္တကမ္မ၌။ ဣဒံ၊ ဤ ဆိုအပ်လတ္တံ့ကား။ ဝတ္ထု၊ ဝတ္ထုတည်း။ ကိရ၊ ချဲ့။ ဧကော၊ တပါးသော။ ပိဏ္ဍပါတိကော၊ ပိဏ္ဍပါတ် ဓုတင်ဆောင်သော ရဟန်းသည်။ ဥပဋ္ဌာကကမ္မာရဿ၊ အလုပ်အကျွေးဖြစ်သောပန်းဘဲဆရာ၏။ ဂေဟဒွါရံ၊ အိမ်တံခါးသို့။ ဂန္တွာ၊ သွား၍။ ဘန္တေ....ကိံ၊ အဘယ်ပါနည်း။ ဣတိ, ပုစ္ဆိတော၊ မေးအပ်သည်။ (ဟုတွာ)။ စီဝရန္တရေန၊ သင်္ကန်း၏ အကြားမှ။ ဟတ္ထံ၊ ကို။ နီဟရိတွာ၊ ထုတ်ဆောင်၍။ ဝါသိ ပဟရဏာကာရံ၊ ဒါးဖြင့်ခုတ်ပုံ အခြင်းအရာကို။ အကာသိ၊ ပြုပြီ။ [ဒါးလှူအောင် ကိုယ်ဖြင့် အရိပ်နိမိတ်ကို ပြုခြင်းတည်း။ ဝါသိကို "ပဲခွပ်" ဟု ပေးကြ၏။]
ကမ္မာရော၊ ပန်းဘဲဆရာသည်။ ဘန္တေ မေ၊ တပည့်တော်သည်။ သလ္လက္ခိတံ၊ ကောင်းစွာ မှတ်သားအပ်ပါပြီ။ (ရိပ်မိပါပြီ။) ဣတိ၊ ဤသို့လျှောက်၍။ ဝါသိံ၊ ဒါးကို။ ကတွာ၊ ပြု၍။ အဒါသိ၊ လှူပြီ။
**ဩဘာသော**တိ၊ ကား။ ပစ္စယ ပဋိသံယုတ္တကထာ၊ ပစ္စည်းလေးပါးနှင့်စပ်ယှဉ်သောစကားတည်း။
ဩဘာသကမ္မန္တိ၊ ကား။ ဝစ္ဆကပါလကေ၊ နွားငယ်တို့ကို စောင့်ရှောက်ကုန်သော နွားကျောင်းသားကလေးတို့ကို။ ဒိသွာ၊ ၍။ ဣမေဝစ္ဆာ၊ ဤ နွားငယ်တို့သည်။ ခီရဂေါဝစ္ဆာ၊ နို့ရည်ရှိသောနွားမ၏ နွားကလေးတို့သည်။ (ဟောန္တိ) ကိံ၊ ဖြစ်ကုန်သလော။ တက္ကဂေါဝစ္ဆာ၊ ရက်တက်ရည်ရှိသော နွားမ၏ နွားကလေးတို့သည်။ (ဟောန္တိ ကိံ)။ ဣတိ ပုစ္ဆိတွာ။ ဘန္တေ, ခီရဂေါဝစ္ဆာ၊ နို့ရည်ရှိသော နွားမ၏ နွားကလေးတို့သည်။ (ဟောန္တိ၊ ဖြစ်ပါကုန်၏။) ဣတိ၊ ဤသို့။ ဝုတ္တေ၊ လျှောက်အပ်သော်။ ခီရဂေါဝစ္ဆာ၊ နို့ရည်ရှိသောနွားမ၏ နွားကလေးတို့သည်။ န၊ မဟုတ်ကုန်။ ခီရဂေါဝစ္ဆာ၊ တို့သည်။ ယဒိသိယုံ၊ ကုန်အံ့။ (ဧဝံ သန္တေ)ဘိက္ခူပိ၊ တို့သည်လည်း။ ခရံ၊ နို့ရည်ကို။ လဘေယျုံ၊ ရကုန်ရာ၏။ ဣတိ ဧဝမာဒိနာ၊ ဤသို့ အစရှိသော။ နယေန၊ နည်းဖြင့်။ တေသံဒါရကာနံ၊ ထိုနွားကျောင်းသားကလေးတို့၏။ မာတာပိတူနံ၊ တို့ကို။ နိဝေဒေတွာ၊ သိစေ၍။ ခီရဒါပနာဒိကံ၊ နို့ရည်ကို လှူစေခြင်း အစရှိသည်ဖြစ်လောက်အောင်။ (ကလေးတို့က မိဘတို့ကို အလှူခိုင်းခြင်း စသည်ဖြစ်လောက်အောင်။) ဩဘာသကရဏံ၊ စကားဖြင့် အရိပ်အရောင်ပြုခြင်းတည်း။ ["ဩဘာသကမ္မံ" ၌ ကမ္မကို "ကရဏ" ဟုဖွင့်သည်။]
**သာမန္တဇပ္ပါ**တိ၊ ကား။ သမီပံ၊ ပစ္စည်း၏အနီးကို။ ကတွာ,ဇပ္ပနံ၊ ပြောဆိုခြင်းတည်း။
စ၊ ဆက်။ ဧတ္ထ၊ ဤ သာမန္တ ဇပ္ပ၌။ ဇာတကဘာဏကဝတ္ထု၊ ဇာတက ဘာဏကဝတ္ထုကို။ ကထေတဗ္ဗံ၊ ပြောပြထိုက်၏။
ကိရ၊ ချဲ့။ ဧကော၊ တပါးသော။ ဇာတက ဘာဏကဝတ္ထရော၊ ဇာတ်တော်ကို ရွတ်အံ သရဇ္ဈာယ်သော ထေရ်သည်။ ဘုဉ္ဇိတုကာမော၊ စားခြင်းငှါ အလိုရှိသည်။ (ဟုတွာ)။ ဥပဋ္ဌာယိတာယ၊ အလုပ်အကျွေးဖြစ်သော ဒါယိကာမ၏။ ဂေဟံ၊ အိမ်သို့။ ပဝိသိတွာ၊ ငင်၍။ နိသီဒိ၊ ထိုင်ပြီ။
သာ၊ ထိုအလုပ်အကျွေး ဒါယိကာမသည်။ အဒါတုကာမာ၊ ပေးခြင်းငှါ အလိုမရှိသည်။ ဝါ၊ မပေးလိုသည်။ (ဟုတွာ)။ တဏ္ဍုလာ၊ ဆန်တို့သည်။ နတ္ထိ၊ မရှိကုန်။ ဣတိ၊ ဤသို့။ ဘဏန္တီ၊ ပြောလျက်။ [ဆန်လဲ မရှိပါကလားဟု ပြော၍။] တဏ္ဍုလေ၊ ဆန်တို့ကို။ အာဟရိတုကာမာဝိယ၊ ဆောင်ခြင်းငှါ အလိုရှိသကဲ့သို့။ ပဋိဝိသကဃရံ၊ အိမ်နီးချင်တို့၏ အိမ်သို့။ ဂတာ၊ သွားပြီ။
ဘိက္ခု၊ ရဟန်းသည်။ အန္တောဂဗ္ဘံ၊ အခန်းတွင်းသို့။ ပဝိသိတွာ၊ ဝင်၍။ ဩလောကေန္တော၊ ကြည့်လသော်။ ကဝါဋကောဏေ၊ တံခါးရွက် ဒေါင့်၌။ ဥစ္ဆံ၊ ကြံချောင်းကို၎င်း။ ဘာဇနေ၊ ထန်းလျက်အိုး၌။ ဂုဠံ၊ တင်လဲခဲကို၎င်း။ (ထန်းလျက်ခဲကို၎င်း။) ပိဋကေ၊ ငါးခြောက်တောင်း၌။ လောဏမစ္ဆဖာလံ၊ ဆားဖြင့်နယ်အပ်သော ငါးအခြမ်းကို၎င်း။ ဝါ၊ ငါးခြောက်ကို၎င်း။ ကုမ္ဘိယံ၊ ဆန်အိုး၌။ တဏ္ဍလေ၊ ဆန်တို့ကို၎င်း။ ဃဋေ၊ ထောပတ်အိုး၌။ ဃတံ၊ ထောပတ်ကို၎င်း။ ဒိသွာ၊ မြင်၍။ နိက္ခမိတွာ၊ ထွက်ခဲ့၍။ နိသီဒိ၊ ဣန္ဒြေမပျက် ထိုင်နေပြီ။
ဃရဏီ၊ အိမ်ရှင်မသည်။ တဏ္ဍုလံ၊ ဆန်ကို။ နာလတ္ထံ၊ မရခဲ့။ ဣတိ၊ ဤသို့ပြော၍။ အာဂတာ၊ ပြန်လာပြီ။
ထေရော၊ သည်။ ဥပါသိကေ၊ ဥပါသိကာမ။ အဇ္ဇ၊ ယနေ့။ ဘိက္ခာ၊ ဆွမ်းသည်။ န သမ္ပဇ္ဇိဿတိ၊ မပြည့်စုံလတ္တံ့။ ဣတိ၊ ဤသို့။ ပဋိကစ္စေဝ၊ စောစောကပင်။ နိမိတ္တံ၊ အတိတ်နိမိတ်ကို။ အဒ္ဒသံ၊ မြင်ခဲ့ပြီ။ ဣတိ အာဟ။
ဘန္တေ, ကိံ၊ အဘယ် အတိတ်နိမိတ်ကို။ (အဒ္ဒသ၊ နည်း။) ဣတိ၊ ဤသို့ လျှောက်ပြီ။
ကဝါဋကောဏေ၊ တံခါးရွက်ဒေါင့်၌။ နိက္ခိတ္တံ၊ ထောင်ထားအပ်သော။ ဥစ္ဆုံဝိယ၊ ကြံချောင်းကိုကဲ့သို့။ (ကြံ‌ချောင်းနှင့်တူသော။) သပ္ပံ၊ မြွေကို။ အဒ္ဒသံ၊ ပြီ။
တံ၊ ထိုမြွေကို။ ပဟရိဿာမိ၊ ပုတ်ခတ်အံ့။ ဣတိ၊ ဤသို့ ကြံ၍။ ဩလောကေန္တော၊ ကြည့်ရှုလသော်။ ဘာဇနေ၊ ၌။ (ဌပိတံ၊ သော။) ဂုဠပိဏ္ဍံ ဝိယ၊ ထန်းလျက်ခဲကဲ့သို့။ ပါသာဏံ၊ ကျောက်ခဲကို။ (အဒ္ဒသံ၊ ပြီ။) လေဍ္ဍုကေန၊ ခဲဖြင့်။
ပဟဋေန၊ ပုတ်ခတ်အပ်သော။ သပ္ပေန၊ မြွေသည်။ ကတံ၊ ပြုအပ်သော။ (ဖဏံ ၌စပ်။) ပိဋကေ၊ ၌။ နိက္ခိတ္တလောဏ မစ္ဆဖာလသဒိသံ၊ ထားအပ်သော ငါးခြောက်နှင့် တူသော။ ဖဏံ၊ ပါးပျဉ်းကို။ (အဒ္ဒသံ။)
တံ လေဍ္ဍုံ၊ ထိုခဲကို။ ဍံသိတုကာမဿ၊ ကိုက်ခြင်းငှါ အလိုရှိသော။ တဿ၊ ထိုမြွေ၏။ ကုမ္ဘိယာ၊ ဆန်အိုး၌။ တဏ္ဍုလသဒိသေ၊ ဆန်တို့နှင့်တူကုန်သော။ ဒန္တေ၊ သွားတို့ကို။ (အဒ္ဒသံ)။
အထ၊ ထိုအခါ၌။ အဿ၊ ထိုမြွေ၏။ ဝါ၊ သည်။ ကုပိတဿ၊ စိတ်ဆိုးသည်ဖြစ်၍။ ဃဋေ၊ ၌။ ပက္ခိတ္တဃတသဒိသံ၊ ထည့်အပ်သော ထောပတ်နှင့်တူသော။ မုခတော၊ ခံတွင်းမှ။ နိက္ခမန္တံ၊ ထွက်သော။ ဝိသမိဘာကံ၊ အဆိပ်နှင့်ရောသော။ ခေဠံ၊ တံတွေးကို။ (အဒ္ဒသံ)။ ဣတိ၊ ဤသို့ပြောပြီ။
သာ၊ ထိုဥပါသိကာမသည်။ မုဏ္ဍကံ၊ ကတုံးကို။ ဝဉ္စေတုံ၊ လှည့်ပတ်ခြင်းငှါ။ န သက္ကာ၊ မတတ်ကောင်း။ ဣတိ၊ ဤသို့ကြံ၍။ ဥစ္ဆုံ၊ ကြံကို။ ဒတွာ,ဩဒနံ၊ ကို။ ပစိတွာ၊ ချက်၍။ ["ကိုယ်တော် ကြံစုပ်နေတုန်းမှာ ထမင်းချက်သည်" ဟူလို။] ဃတဂုဠမစ္ဆေဟိ၊ ထောပတ် ထန်းလျက် ငါးခြောက်တို့နှင့်။ သဒ္ဓိံ, အဒါသိ၊ လှူပြီ။
ဣတိဧဝံ၊ သို့။ သမီပံ၊ ပစ္စည်း၏အနီးကို။ ပေ။ ဝေဒိတဗ္ဗံ။
**ပရိကထာ**တိ၊ ကား။ ယထာ၊ အကြင် အခြင်းအရာဖြင့် ပြောလသော်။ တံ၊ ထိုပစ္စည်းကို။ လဘတိ၊ ၏။ တထာ၊ ထိုရနိုင်လောက်သောအခြင်းအရာအားဖြင့်။ ပရိဝတ္တေတွာ၊ လှည့်ကာပတ်ကာ။ ကထနံ၊ တည်း။
၈၆၄။ နိပ္ပေသိကတာ နိဒ္ဒေသေ(အတ္ထော ဧဝံ ဝေဒိတဗ္ဗော။) **အက္ကောသနာ**တိ၊ ကား။ ဒသဟိ၊ ကုန်သော။ အက္ကောသဝတ္ထူဟိ၊ အက္ကောသဝတ္ထုတို့ဖြင့်။ အက္ကောသနံ၊ ဆဲရေးခြင်းတည်း။ ["အက္ကောသတယေနာပိ ဒဒေယျာတိ ဒသဟိ အက္ကောသဝတ္ထူဟိ အက္ကောသနံ"-မဟာဋီကာ။ "ခွေးမသားတွေလှူဖော်မရဘူး" ဟု ဆဲမှာကြောက်၍ လှူရလောက်အောင် ဆဲခြင်း-ဟူလို။]
**ဝမ္ဘနာ**တိ၊ ကား။ ပရိဘဝိတွာ၊ လွှမ်းမိုး၍။ ကထနံ၊ ပြောဆိုခြင်းတည်း။ [မလှူဘဲမနေနိုင်လောက်အောင် ဒါယကာတို့ကို လွှမ်းမိုး၍ ပြောဆိုခြင်း။]
**ဂရဟနာ**တိ၊ ကား။ အဿဒ္ဓေါ၊ သဒ္ဓါမရှိသူတည်း။ အပ္ပသန္နော၊ ရတနာသုံးပါး၌ မကြည်ညိုသူတည်း။ ဣတိအာဒိနာ၊ သော။ နယေန၊ ဖြင့်။ ဒေါသာရောပနာ၊ အပြစ်တင်ခြင်းတည်း။
**ဥက္ခေပနာ**တိ၊ ကား။ ဧတ္ထ၊ ဤအမျိုး၌။ ဝါ၊ ဤပုဂ္ဂိုလ်၌။ ဧဝံ၊ ဤသို့အဿဒ္ဓေါ အပ္ပသန္နော အစရှိသည်ဟူ၍။ မာ ကထေထ၊ မဆိုကြပါလင့်။ ဣတိ၊ ဤသို့။ ဝါစာယ၊ နှုတ်ဖြင့်။ ဥက္ခိပနံ၊ မြှောက်ပင့်ခြင်းတည်း။
သဗ္ဗတော ဘာဂေန၊ အလုံးစုံသော အဘို့အားဖြင့်။ သဝတ္ထုကံ၊ ဝတ္ထုနှင့် တကွဖြစ်သည်ကို။ သဟေတုကံ၊ အကြောင်းနှင့်တကွ ဖြစ်သည်ကို။ ကတွာ,ဥက္ခေပနာ၊ မြှောက်ပင့်ခြင်းသည်။ **သမုက္ခေပနာ**၊ မည်၏။
အထ ဝါ၊ ကား။ အဒေန္တံ၊ မပေးသူကို။ ဒိသွာ၊ ၍။ အဟော၊ ဪ....အံ့ဘွယ်ရှိပေစွာ။ ဒါနပတိ၊ ဒါနရှင်ပါတကား။ ဣတိဧဝံ၊ သို့။ ဥက္ခိပနံ၊ ပေးလှူတတ်သူ၏အဖြစ်မှ မြှောက်ကော်ပစ်ချခြင်းသည်။ **ဥက္ခေပနာ**၊ မည်၏။ [ဥပါသကာနံ ဒါယကာတိ ဘာဝတော ဗဟိ ဆဍ္ဍိနာ။ မဟာဋီကာ။]
မဟာဒါနပတိ၊ အလှူ့ရှင်ကြီး။ ဣတိဧဝံ၊ သို့။ သုဋ္ဌု၊ ကောင်းစွာ။ ဥက္ခေပနာ၊ သည်။ **သမုက္ခေပနာ**၊ မည်၏။
**ခိပနာ**တိ၊ ကား။ ဗီဇဘောဇိနော၊ မျိုးစေ့ကိုစားလေ့ရှိသော။ ဣမဿ၊ ဤသူ၏။ ဇီဝိတံ၊ အသက်ရှင်ခြင်းသည်။ ကိံ၊ အဘယ်အကျိုးရှိပါအံ့နည်း။ ဣတိဧဝံ၊ ဤသို့။ ဥပ္ပဏ္ဍနာ၊ ပြောင်လှောင်ခြင်းတည်း။ဥပ္ပဏ္ဍနာ။ ။ "ခိပနံ" ကို "ဥပ္ပဏ္ဍနာ" ဟု ဖွင့်၏၊ "မျိုးစေ့ကို စားနေသူ" ဟုဆိုခြင်းသည် ရှုတ်ချခြင်းဖြစ်သော်လည်း ပြောင်လှောင်သောအားဖြင့် ရှုတ်ချသောကြောင့် "ဥပ္ပဏ္ဍနာ" ဟု ဆိုသည်။ "ခိပနာတိ ခေပဝစနာ-ပယ်ရှားကြောင်းစကား၊ တံ ပနအဝဟသိတွာ (ပြောင်လှာင်၍)၊ ဝစနံ ဟောတီတိ အာဟ ဥပ္ပဏ္ဍနာတိ"---မဟာဋီကာ၊ [ယခုကာလ၌ သူတပါးတို့အား မပေးမလှူဘဲ စားနေကြသူများသည် လှူလိုက်လျှင် နောင်ဘဝ၌ အကျိုးရမည့် ယခုဘဝမျိုးစေ့ကို စားနေကြသူများတည်း။]
**သံခိပနာ**တိ၊ ကား။ ယော၊ အကြင်သူသည်။ နိစ္စကာလံ၊ မြဲသောကာလပတ်လုံး။ သဗ္ဗေသမ္ပိ၊ အလုံးစုံသော အလှူခံပုဂ္ဂိုလ်တို့အားလည်း။ နတ္ထီတိဝစနံ၊ နတ္ထိဟူသော စကားကို။ ဝါ၊ မရှိဟူသော စကားကို။ ဒေတိ၊ ပေး၏။ ဣမံ၊ ဤအမြဲပေးနေသူကို။ ကိံ၊ အဘယ့်ကြောင့်။ အဒါယကောတိ၊ မပေးတတ်သူဟူ၍။ ဘဏထ၊ ပြောနေကြသနည်း။ ဣတိဧဝံ။ သုဋ္ဌုတရံ၊ သာ၍ လွန်စွာ။ ဥပ္ပဏ္ဍနာ၊ ပြောင်လှောင်ခြင်းတည်း။
**ပါပနာ**တိ၊ ကား။ အဒါယကတ္တဿ၊ မပေးလိုသူ၏အဖြစ်သို့။ (ပါပနံ၊ ရောက်စေခြင်းတည်း။) ဝါ၊ ကား။ အဝဏ္ဏဿ၊ အပြစ်သို့။ ပါပနံ၊ တည်း။
သဗ္ဗတော ဘာဂေန၊ အလုံးစုံသော အဘို့အားဖြင့်။ ပါပနာ၊ မပေးလိုသူ၏အဖြစ်သို့ရောက်စေခြင်းသည်။ ဝါ၊ အပြစ်သို့ရောက်စေခြင်းသည်။ **သမ္ပာပနာ**၊ မည်၏။
**အဝဏ္ဏဟာရိကာ**တိ၊ ကား။ ဧဝံ၊ ဤသို့ အပြစ်ကိုဆောင်ရသော်။ မေ၊ ငါ့အား။ အဝဏ္ဏဘယာပိ၊ အပြစ်ကိုဆောင်ခြင်းမှ ကြောက်ခြင်းကြောင့်လည်း။ ဒဿတိ၊ လှူလတ္တံ့။ ဣတိ၊ ဤသို့ကြံ၍။ ဂေဟတော၊ မပေးသူ၏အိမ်မှ။ ဂေဟံ၊ အခြားတအိမ်သို့။ ဂါမတော၊ မပေးသူ၏နေရာရွာမှ။ ဂါမံ၊ အခြားတရွာသို့။ ဇနပဒတော၊ မပေးသူ၏နေရာ ဇနပုဒ်မှ။ ဇနပဒံ၊ အခြားဇနပုဒ်သို့။ အဝဏ္ဏဟရဏံ၊ အပြစ်ကိုဆောင်ခြင်းတည်း။
**ပရပိဋ္ဌိမံသိကတာ**တိ၊ ကား။ ပုရတော၊ ရှေ့၌။ မဓုရံ၊ ချိုမြိန်သော စကားကို။ ဘဏိတွာ၊ ပြော၍။ ပရမ္မုခေ၊ မျက်ကွယ်၌။ အဝဏ္ဏဘာသိတာ၊ အပြစ်ကိုပြောလေ့ရှိသူ၏အဖြစ်တည်း။
ဟိ၊ မှန်။ (တနည်း) ဟိ(ယသ္မာ)၊ ကြောင့်။ ဧသာ၊ ဤအပြစ်ကို ပြောလေ့ရှိသူ၏ အပြစ်ကို။ (ဝုတ္တာ ၌ စပ်။) ဝါ၊ သည်။ (ဟောတိ ၌စပ်။) အဘိမုခံ၊ ရှေ့ရှု။ ဩလောကေတုံ၊ ကြည့်ခြင်းငှါ။ အသက္ကောန္တဿ၊ မစွမ်းနိုင်သူ၏။ ပရမ္မုခါနံ၊ မျက်ကွယ်ဖြစ်သော ပုဂ္ဂိုလ်တို့၏။ ပိဋ္ဌိမံသ ခါဒနံဝိယ၊ ကျောက်ကုန်းသားကို စားခြင်းကဲ့သို့။ ဟောတိ။
တသ္မာ၊ ကြောင့်။ ပရပိဋ္ဌိမံသိကတာတိ၊ သူတပါး၏ ကျောက်ကုန်းသားကို စားခြင်းရှိသူ၏အဖြစ်ဟူ၍။ပရပိဋ္ဌိမံသိကတာ။ ။ ဂုဏ်ရှိ သိရ်ရှိ ပုဂ္ဂိုလ်၏ရှေ့ ရောက်သောအခါ ချိုချိုသာသာဂုဏ်သတင်းတွေကိုသာ ပြော၍မျက်ကွယ်ဖြစ်သောအခါ အပြစ်ကိုပြောခြင်းသည် မျက်နှာချင်း မဆိုင်ဝံ့၍ နောက်ကနေပြီး ကျောက်ကုန်းသားကို စားနေသူနှင့်တူ၏၊ ထို့ကြောင့် မျက်ကွယ်၌ အပြစ်ပြောခြင်းကိုပင် "ပရပိဋ္ဌိမံသိကတာ" ဟုဆိုသည်၊ ပိဋ္ဌိယာ+မံသောပိဋ္ဌိမံသော။ ပရေသံ+ပိဋ္ဌိမံသော ပရပိဋ္ဌိမံသော။ ပရပိဋ္ဌိမံသံ+ခါဒနံ+သီလံ+ယဿာတိပရပိဋ္ဌိမံသိကော၊ ပရပိဋ္ဌိမံသိကော+ဝိယာတိ ပရပိဋ္ဌိမံသိကော။ ပရပိဋ္ဌိမံသိကဿ+ဘာဝေါပရပိဋ္ဌိမံသိကတာ။ (ဘဂဝတာ)ဝုတ္တာ။
**အယံ ဝုစ္စတိ နိပ္ပေသိကတာ**တိ၊ ကား။**နိပ္ပေသိကတာ။** ။ နိပ္ပိသနံ နိပ္ပေသော၊ နှိပ်၍ ကြိတ်ခြင်း။ နိပ္ပေသော+သီလံ+ယဿာတိနိပ္ပေသိကော, နိပ္ပေသိကော ဝိယာတိ နိပ္ပေသိကော။ နိပ္ပေသိကဿ+ဘာဝေါ နိပ္ပေသိကတာ၊ သနပ်ခါးစသော နံ့သာတုံးကို နှိပ်၍ ကြိတ်ချေသူသည်။ ဝါ၊ သွေးသူသည် နံ့သာကို ရှာသကဲ့သို့ ထို့အတူ သူတပါး၏ ဂုဏ်ကို နှိပ်၍ပြောသူသည် မိမိအတွက် လာဘ်ကိုရှာခြင်းတည်း၊ နိပ္ပိသိတွာ ဂန္ဓမဂ္ဂနာ ဝိယာတိ အနိပ္ပိသိတေ(နှိပ်၍ မကြိတ်အပ်သော်) အလဗ္ဘမာနဿဂန္ဓဿ နိပ္ပိသနေန (နှိပ်၍ ကြိတ်ခြင်းကြောင့်) လာဘောဝိယ ပရဂုဏေ အနိပ္ပိသိတေ အလဗ္ဘမာနာနံ ပစ္စယာနံ နိပ္ပိသနေန လာဘော ဒဋ္ဌဗ္ဗောတိ-မဟာဋီကာ။ အယံ၊ ဤစကားကို။ (ဝုစ္စတိ ၌စပ်။) ယသ္မာ၊ ကြောင့်။ ဝေဠ ပေသိကာ၊ ဝါ ခြပ် စိတ်ပြားသည်။ အဗ္ဘင်္ဂံ၊ နယ်ဆီကို။ နိပ္ပေသေတိဝိယ၊ ခြစ်ပစ်သကဲ့သို့၎င်း။ နိပုဉ္ဆတိ(ဝိယ)၊ သုတ်ပစ်သကဲ့သို့၎င်း။ (တထာ၊ တူ။) ပရဿ၊ သူတပါး၏။ ဂုဏံ၊ ဂုဏ်ကို။ (နိပ္ပေသေတိ, နိပုဉ္ဆတိ)။
(တသ္မာ၊ ကြောင့်။ နိပ္ပေသိကတာတိ ဝုစ္စတိ)။ ဝါ၊ တနည်း။ ယသ္မာ၊ ကြောင့်။ ဂန္ဓဇာတံ၊ ဖြစ်သော အနံ့ရှိသော နံ့သာတုံးကို။ (သနပ်ခါးတုံး စသည်ကို။) နိပ္ပိသိတွာ၊ နှိပ်ကာကြိတ်၍။ ဂန္ဓမဂ္ဂနာ ဝိယ၊ နံ့သာကို ရှာခြင်းကဲ့သို့။ (တထာ) ပရဂုဏေ၊ တို့ကို။ နိပ္ပိသိတွာ၊ ၍။ (အပြစ်ပြော၍)။ ဝိစုဏ္ဏေတွာ၊ မှုန့်မှုန့် ညက်ညက် ကြိတ်ချေ၍။ ဧသာ လာဘမဂ္ဂနာ၊ ဤလာဘ်ကို ရှာခြင်းသည်။ ဟောတိ၊ ၏။ တသ္မာ နိပ္ပေသိကတာတိ ဝုစ္စတိ။ ဣတိ၊ အပြီးတည်း။
၈၆၅။ လာဘေန။ ပေ။ နိဒ္ဒေသေ၊ ၌။ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော။) **နိဇိဂီသနာ**တိ၊ ကား။ မဂ္ဂနာ၊ ရှာမှီးခြင်းတည်း။ [နိ+ဟရဓာတ်ကို ဂီပြု၍ နိဇိဂီသနဟုပြီးသည်။ ထို ဟရ ဓာတ်အရ "ဆောင်ခြင်း" ဟူသည် ရှာမှီးခြင်းပင်တည်း။]
**ဣတော လဒ္ဓန္တိ**၊ ကား။ ဣမမှာ ဂေဟာ၊ ဤအိမ်မှ။ လဒ္ဓံ၊ ရအပ်သော အာမိသကို။
**အမုတြာ**တိ၊ ကား။ အမုကမှိ ဂေဟေ၊ ထိုအိမ်၌။ (ဟရတိ ၌စပ်။)
**ဧဋ္ဌိ**တိ၊ ကား။ ဣစ္ဆနာ၊ လိုချင်ခြင်းတည်း။
**ဂဝေဋ္ဌီ**တိ၊ ကား။ မဂ္ဂနာ၊ ရှာမှီးခြင်းတည်း။
**ပရိယေဋ္ဌီ**တိ၊ ကား။ ပုနပ္ပုနံ၊ ထပ်။ မဂ္ဂနာ၊ ရှာမှီးခြင်းတည်း။
စ၊ ဆက်။ အာဒိတော၊ အစမှ။ ပဋ္ဌာယ၊ စ၍။ လဒ္ဓံ လဒ္ဓံ၊ ရအပ်ရအပ်သော။ ဘိက္ခံ၊ ဆွမ်းကို။ တတြတတြ၊ ထိုထိုအိမ်၌။ ကုလဒါရကာနံ၊ အမျိုးသားငယ်တို့အား။ ဒတွာ၊ ပေးပြီး၍။ အန္တေ၊ အဆုံး၌။ ခီရယာဂုံ၊ နို့နှင့်ရောအပ်သောယာဂုကို။ လဘိတွာ၊ ရ၍။ ဂတဘိက္ခုဝတ္ထု၊ သွားသောရဟန်း၏ဝတ္ထုကို။ ဧတ္ထ၊ ဤလာဘေနလာဘံနိဇိဂီသနတာနိဒ္ဒေသ၌။ ကထေတဗ္ဗံ၊ ပြောပြထိုက်၏။
**ဧသနာ**တိ အာဒီနိ၊ အစရှိသော ပုဒ်တို့သည်။ **ဧဋ္ဌီ**တိ အာဒီနံ၊ အစရှိသော ပုဒ်တို့၏။ ဝေဝစနာနိ၊ တို့တည်း။ တသ္မာ၊ ကြောင့်။ **ဧဋ္ဌီ**တိ၊ ကား။ ဧသနာ၊ ရှာမှီးခြင်းတည်း။ **ဂဝေဋ္ဌီ**တိ၊ ကား။ ဂဝေသနာ၊ ရှာမှီးခြင်းတည်း။ **ပရိယေဋ္ဌီ**တိ၊ ကား။ ပရိယေသနာ၊ အဖန်ဖန်ရှာမှီးခြင်းတည်း။
ဣစ္စေဝံ(ဣတိ+ဧဝံ)၊ သို့။ ဧတ္ထ၊ ဤလာဘေနလာဘံနိဇိဂီသနတာနိဒ္ဒေသ၌။ ယောဇနာ၊ အနက်တို့ကို ယှဉ်စေခြင်းကို။ ဝေဒိတဗ္ဗာ။ [ဤသို့ "ဣစ္စေဝမေတ္ထ ယောဇနာ ဝေဒိတဗ္ဗာ" ဟု ဆိုသောကြောင့် ဧဋ္ဌီတိ ဣစ္ဆနာ-စသော ပဌမအဖွင့်သည် ရှေးအဋ္ဌကထာအဖွင့်ဖြစ်ဟန်တူသည်။ အရှင်ဗုဒ္ဓဃောသအလိုမှာ ဧဋ္ဌိကိုလည်း ရှာမှီးခြင်းအနက်ကိုပင် ယူစေလိုသည်။]
၈၆၆။ သေယျမာနနိဒ္ဒေသေ၊ ၌။ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော။) **ဇာတိယာ**တိ၊ ကား။ ခတ္တိယဘာဝါဒိဇာတိသမ္ပတ္တိယာ၊ ခတ္တိယ၏ဖြစ်ကြောင်းဖြစ်ရာ အစရှိသော ဇာတ်၏ပြည့်စုံခြင်းအားဖြင့်၎င်း။ [ခတ္တိယအရ ခတ္တိယမည်သောပုဂ္ဂိုလ်ကိုရ၏။ ဇာတ်ကိုရအောင် "ခတ္တိယဘာဝ" ဟု ဘာဝသဒ္ဒါ ထည့်သည်။]
**ဂေါတ္တေနာ**တိ၊ ကား။ ဂေါတမဂေါတ္တာဒိနာ၊ ဂေါတမအနွယ် အစရှိသော။ ဥက္ကဋ္ဌဂေါတ္တေန၊ မြတ်သောအနွယ်အားဖြင့်၎င်း။
**ကောလပုတ္တိယေနာ**တိ၊ ကား။ မဟာကုလဘာဝေန၊ ကြီးကျယ် မြင့်မြတ်သော အမျိုး၏အဖြစ် အားဖြင့်၎င်း။ [ကုလပုတ္တဿ+ဘာဝေါ ကောလပုတ္တိယံ။]
**ဝဏ္ဏပေါက္ခရတာယာ**တိ၊ ကား။ ဝဏ္ဏသမ္ပန္နသရီရတာယ၊ အဆင်းနှင့်ပြည့်စုံသော ကိုယ်ရှိသူ၏ အဖြစ်အားဖြင့်၎င်း။
ဟိ၊ မှန်။ သရီရံ၊ ကိုယ်ကို။ ပေါက္ခရန္တိ၊ ပေါက္ခရံဟူ၍။ ဝုစ္စတိ။ တဿ၊ ထိုကိုယ်၏။ ဝဏ္ဏသမ္ပတ္တိယာ၊ အဆင်းနှင့် ပြည့်စုံခြင်းဖြင့်။ အဘိရူပဘာဝေန၊ လွန်ကဲသောအဆင်းရှိသူ၏ အဖြစ်အားဖြင့်။ ဣတိအတ္ထော။
**ဓနေနာ**တိ အာဒီနိ၊ အစရှိသော ပုဒ်တို့သည်။ ဥတ္တာနတ္ထာနေဝ၊ ကုန်သည်သာ။
**မာနံ ဇပ္ပေတီ**တိ၊ ကား။ ဧတေသု၊ ဤဇာတိအစရှိသော ဝတ္ထုတို့တွင်။ ယေန ကေနစိ၊ အမှတ်မထား တပါးပါးသော။ ဝတ္ထုနာ၊ ဝတ္ထုအားဖြင့်။ အဟံ, သေယျော၊ အမြတ်ဆုံးသည်။ အသ္မိ၊ ဖြစ်၏။ ဣတိမာနံ ပဝတ္တေတိ၊ ဖြစ်စေ၏။ ကရောတိ၊ ပြု၏။ [မာနံဇပ္ပေတိကို "မာနံ ပဝတ္တေတိ" ဟု ဖွင့်၏။ ဇပ္ပဓာတ်၏ ပဝတ္တနတ္ထကို ဖွင့်ခြင်းတည်း။]
၈၆၇။ သဒိသမာနနိဒ္ဒေသေ၊ ၌။ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော။) **မာနံ ဇပ္ပေတီ**တိ၊ ကား။ ဧတေသု၊ ဤဝတ္ထုတို့တွင်။ ယေနကေနစိ ဝတ္ထုနာ အဟံ, သဒိသော၊ သူတပါးနှင့် တန်းတူသည်။ အသ္မိ။ ဣတိ မာနံ ပဝတ္တေတိ။
အယံ၊ ဤဆိုအပ်ပြီးကား။ ဧတ္ထ၊ ဤသဒိသမာနနိဒ္ဒေသ၌။ အတ္ထတော၊ အနက်အားဖြင့်။ ဝိသေသော၊ အထူးတည်း။
ပါဠိယံ ပန၊ ပါဠိတော်၌ကား။ နာနာကရဏံ၊ အသီးအခြားပြုကြောင်း အထူးသည်။ နတ္ထိ။
၈၆၈။ ဟီနမာနနိဒ္ဒေသေ၊ ၌။ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော။) **ဩမာနံ ဇပ္ပေတီ**တိ၊ ကား။ ဟေဋ္ဌာမာနံ၊ အောက်ကျသောမာန်ကို။ ပဝတ္တေတိ။
**ဩမာနော**တိ၊ ကား။ လာမကော၊ ညံ့သော။ ဟေဋ္ဌာမာနော၊ အောက်ကျသောမာန်တည်း။
**ဩမညနာ ဩမညိတတ္တန္တိ**၊ ဟူသော သဒ္ဒါတို့သည်။ အာကာရဘာဝနိဒ္ဒေသာ၊ အာကာရကို ညွှန်ပြကြောင်း ဘာဝကို ညွှန်ပြကြောင်းသဒ္ဒါတို့တည်း။ [ဩမညနာကား အာကာရနိဒ္ဒေသ, ဩမညိတတ္တံကား ဘာဝနိဒ္ဒေသတည်း၊ စာအုပ်တို့၌ "နိဒ္ဒေသော" ဟု ဧကဝုစ်ရှိသော်လည်း အခြားနေရာများ၌ ဗဟုဝုစ်ရှိ၏။ ရှေးနိဿယ၌လည်း ဗဟုဝုစ်ပင်တည်း။]
**ဟီဠနာ**တိ၊ ကား။ ဇာတိအာဒီဟိ၊ ဇာတ်အစရှိသည်တို့ဖြင့်။ အတ္တဇိဂုစ္ဆနာ၊ မိမိကို စက်ဆုပ်ခြင်းတည်း။ [ဟီန မာနကမိမိသန္တာန်၌ဖြစ်သောကြောင့် မိမိကို စက်ဆုပ်ခြင်းဟု ဆိုသည်။]
**ဩဟီဠနာ**တိ၊ ကား။ အတိရေကတော၊ လွန်ကဲသောအားဖြင့်။ ဟီဠနာ၊ မိမိကို စက်ဆုပ်ခြင်းတည်း။
**ဩဟီဠိတတ္တန္တိ**၊ ဟူသော သဒ္ဒါသည်။ တဿေဝ၊ ထိုဩဟီဠနာသဒ္ဒါ၏ပင်။ ဘာဝနိဒ္ဒေသော၊ ဘာဝကို ညွှန်ပြကြောင်းသဒ္ဒါတည်း။
**အတ္တုညာ**တိ၊ ကား။ အတ္တာနံ၊ ကို။ ဟီနံကတွာ၊ ညံ့သည်ကိုပြု၍။ ဇာနနာ၊ သိခြင်းတည်း။ [အတ္တုညာကို "အတ္တ+ဥညာ" ဟု ပုဒ်ခွဲ၍ ဥညာကို "အဝ+ဉာ" ဟု ပုဒ်ဖြတ်ပါ။ အဝကို ဟီနံ ကရောတိ ဟု ဖွင့်သည်။]
**အတ္တဝညာ**တိ၊ ကား။ အတ္တာနံ၊ ကို။ အဝဇာနနာ၊ အောက်တန်းစားဟု သိခြင်းတည်း။ ဝါ၊ အထင်သေးခြင်းတည်း။
**အတ္တပရိဘဝေါ**တိ၊ ကား။ ဇာတိအာဒိသမ္ပတ္တိ၊ ဇာတ်အစရှိသည်၏ ပြည့်စုံခြင်းသည်။ မမေဝ၊ ငါ၏ အတွက်သာ။ န ဇာတာ၊ မဖြစ်။ (သူများတွေတော့ ဖြစ်သည်ဟုလို။) ဣတိ၊ သို့။ အတ္တာနံ, ပရိတဝိတွာ၊ လွှမ်းမိုး၍။ မညနာ၊ မှတ်ထင်ခြင်းတည်း။ [စာအုပ်တို့၌ "ဇာတိအာဒိသမ္ပတ္တိနာမမေဝ" ဟု ရှိ၏။ "သမ္ပတ္တိ+န+မမေဝဇာတာ" ဟု ရှိမှ အဓိပ္ပါယ်ရမည်ထင်သည်။ ရှေးနိဿယ၌ကား "ဇာတိအာဒိသမ္ပတ္တိနာမမေဝ၊ ဇာတ်စသည်နှင့် ပြည့်စုံခြင်းမည်သည်လျှင်။ ဇာတာ၊ နည်း" ဟု အနက်ပေးထားသည်။ မည်သည့်အဓိပ္ပါယ်ကို ဆိုလိုမှန်း မသိပါ။]
ဧဝံ၊ သို့။ တယော၊ ကုန်သော။ ဣမေ မာနာ၊ ဤမာနတို့ကို။ ပုဂ္ဂလံ၊ ကို။ အနိဿာယ၊ မမှီမူ၍။ ဇာတိအာဒိဝတ္ထုဝသေနေဝ၊ ဇာတ်အစရှိသော ဝတ္ထုနှင့် စပ်သဖြင့်သာ။ ကထိတာ၊ ဟောတော်မူအပ်ကုန်ပြီ။
တေသု၊ ထိုသုံးမျိုးသောမာနတို့တွင်။ ဧကေကော၊ တမျိုးတမျိုးသောမာနသည်။ တိဏ္ဏမ္ပိ၊ သုံးယောက်လည်းဖြစ်ကုန်သော။ သေယျသဒိသဟီနာနံ၊ သေယျသဒိသဟီနပုဂ္ဂိုလ်တို့၏ သန္တာန်၌။ ဥပ္ပဇ္ဇတိ၊ ဖြစ်နိုင်၏။
တတ္ထ၊ ထိုသုံးမျိုးသောမာနတို့တွင်။ အဟံ, သောယျော၊ သူတပါးထက်မြတ်သည်။ အသ္မိ။ ဣတိမာနော၊ ဤသို့သောမာန်သည်။ သေယျဿေဝ၊ မြတ်သောပုဂ္ဂိုလ်၏ အတွက်သာ။ ယာထာဝမာနော၊ မှန်ကန်သောမာန်တည်း။ [ဇာတ်စသည်တို့ဖြင့် မြတ်သူက မိမိကိုယ်ကို မြတ်သည်ဟုထင်ခြင်းသည် မှန်ကန်သောမာန်တည်း။] သေသာနံ၊ သေယျပုဂ္ဂိုလ်မှ ကြွင်းသော သဒိသပုဂ္ဂိုလ်, ဟီနပုဂ္ဂိုလ်တို့၏အတွက်။ အယာထာဝမာနော၊ မမှန်ကန်သောမာန်တည်း။
အဟံ, သဒိသော၊ သူတပါးတို့နှင့် တူသူသည်။ အသ္မိ။ ဣတိ။ ပေ။ သေသာနံ၊ သဒိသပုဂ္ဂိုလ်မှကြွင်းသော သေယျပုဂ္ဂိုလ်, ဟီနပုဂ္ဂိုလ်တို့ အတွက်။ အယာထာဝမာနော၊ တည်း။
အဟံ, ဟီနော၊ သူတပါးတို့အောက်ညံ့သည်။ အသ္မိ။ ဣတိ။ ပေ။ သေသာနံ၊ ဟီနပုဂ္ဂိုလ်မှကြွင်းသော သေယျပုဂ္ဂိုလ်, သဒိသပုဂ္ဂိုလ်တို့၏အတွက်။ အယာထာဝမာနော၊ တည်း။
၈၆၉။ ပန၊ ကား။ တတ္ထကတမော။ ပေ။ အာဒယော၊ အစရှိကုန်သော။ နဝ၊ ကိုးမျိုးကုန်သော။ မာနာ၊ မာန်တို့ကို။ ပုဂ္ဂလံ နိဿာယ ကထိတာ။
တေသု၊ ထိုကိုးမျိုးသောမာန်တို့တွင်။ တယောတယော၊ သုံးမျိုးသုံးမျိုးသော မာန်တို့သည်။ ဧကေကဿ၊ တယောက်တယောက်သော ပုဂ္ဂိုလ်၏သန္တာန်၌။ ဥပ္ပဇ္ဇန္တိ။ [ပုဂ္ဂိုလ်တယောက်လျှင် မာန်သုံးမျိုးစီ ဖြစ်သောကြောင့် ပုဂ္ဂိုလ်သုံးယောက်အတွက် မာန်ကိုးမျိုးဖြစ်သည်။]
တတ္ထ၊ ထို တတ္ထ ကတမော သေယျဿ သေယျော ဟမသ္မိ အစရှိသောပါဠိရပ်၌။ **ဒဟတီ**တိ၊ ကား။ ဌပေတိ၊ ထား၏။
**တံ နိဿာယာ**တိ၊ ကား။ တံ၊ ထိုမာနကို။ သေယျတော၊ အမြတ်အားဖြင့်။ ဒဟနံ၊ ထားခြင်းကို။ နိဿာယ၊ မှီ၍။ (မာနံ ကရောတိ ၌စပ်။)
ပန၊ ဆက်။ ဧတ္ထ၊ ဤမာန်တို့တွင်။ ဝါ၊ ဤပုဂ္ဂိုလ်တို့တွင်။ သေယျဿ၊ မြတ်သောပုဂ္ဂိုလ်၏။ သေယျောဟမသ္မီတိ မာနော၊ သေယျော ဟမသ္မိဟူသော မာနသည်။ ရာဇူနဉ္စေဝ၊ မင်းတို့၏သန္တာန်၌၎င်း။ ပဗ္ဗဇိတာနဉ္စ၊ ရဟန်းတို့၏ သန္တာန်၌၎င်း။ ဥပ္ပဇ္ဇတိ၊ ဖြစ်တတ်၏။
ဟိ၊ မှန်။ (တနည်း)ဟိ၊ ချဲ့။ ရာဇာ၊ မင်းသည်။ ရဋ္ဌေနဝါ၊ တိုင်းပြည်အားဖြင့်သော်၎င်း။ ဓနေနဝါ၊ ဥစ္စာအားဖြင့်သော်၎င်း။ ဝါဟနေဟိဝါ၊ ဆင်ယာဉ် မြင်းယာဉ် အစရှိသော ယာဉ်တို့ဖြင့်သော်၎င်း။ မယာ၊ ငါနှင့်။ သဒိသော၊ တူသော။ ကော၊ အဘယ်မင်းသည်။ အတ္ထိ၊ ရှိသေးသနည်း။ ဣတိ၊ ဤသို့တွေး၍။ ဧတံမာနံ၊ ဤသေယျမာန်ကို။ ကရောတိ။
ပဗ္ဗဇိတောပိ၊ ရဟန်းသည်လည်း။ သီလဓုတင်္ဂါဒီဟိ၊ သီလဂုဏ်, ဓုတင်ဂုဏ် အစရှိသည်တို့ဖြင့်။ မဟာ သဒိသော ကော အတ္ထိ။ ဣတိ ဧတံမာနံ ကရောတိ။
၈၇ဝ။ **သေယျဿ**၊ မြတ်သောပုဂ္ဂိုလ်၏။ အဟံ၊ သည်။ **သဒိသော**၊ အခြားသူနှင့်တန်းတူသည်။ **အသ္မိ**၊ ဖြစ်၏။ ဣတိမာနောပိ၊ သည်လည်း။ ဧတေသံယေဝ၊ ဤရာဇ ပဗ္ဗဇိတတို့၏သန္တာန်၌ပင်။ ဥပ္ပဇ္ဇတိ၊ ဖြစ်တတ်၏။
ဟိ၊ မှန်။ (တနည်း)ဟိ၊ ချဲ့။ ရာဇာ၊ သည်။ ရဋ္ဌေနဝါ, ဓနေနဝါ, ဝါဟနေဟိဝါ, အညရာဇူဟိ၊ ငါမှအခြားသောမင်းတို့နှင့်။ သဒ္ဓိံ၊ တကွ။ မယှံ၊ ငါ၏။ (ငါ့မှာ)။ နာနာကရဏံ၊ အသီးအခြားပြုကြောင်း အထူးသည်။ ကိံ၊ အဘယ်မှာရှိအံ့နည်း။ ဣတိ၊ ဤသို့တွေး၍။ ဧတံ မာနံ၊ ဤ သဒိသမာန်ကို။ ကရောတိ။
ပဗ္ဗဇိတောပိ၊ သည်လည်း။ သီလဓုတင်္ဂါဒီဟိ, အညေန၊ ငါမှအခြားသော။ ဘိက္ခုနာ၊ နှင့်။ သဒ္ဓိံ မယှံ နာနာကရဏံ, ကိံ၊ နည်း။ ဣတိ ဧတံ မာနံ ကရောတိ။
၈၇၁။ **သေယျဿ**၊ ၏။ အဟံ, **ဟီနော**၊ သူတပါးအောက်ညံ့သည်။ အသ္မိ။ ဣတိ မာနောပိ၊ ဤ ဟီနမာန်သည်လည်း။ ဧတေသံယေဝ၊ ဤ ရာဇ ပဗ္ဗဇိတတို့၏သန္တာန်၌ပင်။ ဥပ္ပဇ္ဇတိ။
ဟိ၊ မှန်။ (တနည်း)ဟိ၊ ချဲ့။ ယဿရညော၊ အကြင်မင်း၏။ ရဋ္ဌံဝါ၊ တိုင်းနိုင်ငံသည် သော်၎င်း။ ဓနံဝါ၊ ဥစ္စာသည်သော်၎င်း။ ဝါဟနာနိဝါ၊ ဆင်ယာဉ်, မြင်းယာဉ် အစရှိသော ယာဉ်တို့သည်သော်၎င်း။ သမ္ပန္နာနိ၊ ပြည့်စုံကုန်သည်။ န ဟောန္တိ၊ မဖြစ်ကုန်။ သော၊ ထိုမင်းသည်။ မယှံ၊ ငါ၏။ (ငါ့မှာ)။ ရာဇာတိ၊ မင်းဟူ၍။ ဝေါဟာရသုခမတ္တမေဝ၊ ခေါ်ဝေါ်ကောင်းရုံမျှသာလျှင်။ (ဟောတိ)။
အဟံ၊ သည်။ ကိံ ရာဇာနာမ၊ အဘယ်မှာမင်းမည်အံ့နည်း။ ဣတိ, ဧတံမာနံ၊ ဤဟီနမာန်ကို။ ကရောတိ၊ ပြု၏။
ပဗ္ဗဇိတောပိ,အပ္ပလာဘသက္ကာရော၊ နည်းသောလာဘ် ပူဇော်သက္ကာရရှိသည်။ (ဟုတွာ)။ အဟံ၊ သည်။
ဓမ္မကထိကော၊ ဓမ္မကထိကတည်း။ (အဟံ)ဗဟုသုတော၊ များသောသုတရှိသူတည်း။ (အဟံ)မဟာထေရော၊ မဟာထေရ်တည်း။ (ဆရာတော်တည်း)။ ဣတိ, ကထာမတ္တမေဝ၊ စကားမျှသည်သာလျှင်။ (ဟောတိ)။
ယဿမေ၊ အကြင် ငါ၏။ (အကြင် ငါ့မှာ)။ လာဘသက္ကာရော၊ ရအပ်သော သာမညလာဘ် ကောင်းစွာပြုအပ်သော ဝိသေသလာဘ်သည်။ နတ္ထိ၊ မရှိ။ (သော)အဟံ၊ သည်။ ကိံ ဓမ္မကထိကော နာမ၊ အဘယ်မှာ ဓမ္မကထိကမည်အံ့နည်း။ (သော)အဟံ, ကိံ ဗဟုဿုတောနာမ၊ အဘယ်မှာ များသောသုတရှိသူ မည်အံ့နည်း။ (သော)အဟံ, ကိံ မဟာထေရောနာမ၊ အဘယ်မှာ မဟာထေရ် မည်အံ့နည်း။ ဣတိ, ဧတံ မာနံ ကရောတိ။
၈၇၂။ **သဒိသဿ**၊ တန်းတူသောပုဂ္ဂိုလ်၏။ အဟံ, **သေယျော**၊ သူတပါးထက်မြတ် သူသည်။ အသ္မိ,ဣတိ မာနာဒယော၊ ဤမာန အစရှိသည်တို့သည်။ အမစ္စာဒီနံ၊ အမတ် အစရှိသူတို့၏သန္တာန်၌။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်တတ်ကုန်၏။
ဟိ၊ မှန်။ (တနည်း)ဟိ၊ ချဲ့။ အမစ္စော၊ သည်။ (ဟုတွာဝါ၊ ဖြစ်၍သော်၎င်း။) ရဋ္ဌိယော၊ တိုင်းနိုင်ငံကိုစားရသောအမတ်ကြီးသည်။ (ဟုတွာ)ဝါ၊ ဖြစ်၍သော်၎င်း။ ဘောဂယာန ဝါဟနာဒီဟိ၊ စည်းစိမ် လှည်းယာဉ် အစရှိသော ယာဉ်, ဆင်ယာဉ်မြင်းယာဉ် အစရှိသောယာဉ်တို့ဖြင့်။ မယာ၊ နှင့်။ သဒိသော၊ သော။ အညော၊ ငါမှ အခြားသော။ ကော ရာဇပုရိသော၊ အဘယ် မင်းခယောက်ျားသည်။ အတ္ထိ၊ ရှိသနည်း။ ဣတိဝါ၊ ဤသို့ တွေး၍သော်၎င်း။ မယှံ၊ ငါ၏။ (ငါ့မှာ)။ အညေဟိ၊ တို့နှင့်။ သဒ္ဓိံ နာနာကရဏံ။ ကိံ၊ အဘယ်မှာရှိအံ့နည်း။ ဣတိဝါ၊ ဤသို့သော်၎င်း။ မယှံ၊ ငါ၏။ (ငါ့မှာ)။ အမစ္စောတိ၊ အမတ်ဟူ၍။ နာမမတ္တမေဝ၊ နာမည်မျှသည်သာ။ (ဟောတိ)။ မေ၊ ငါ၏။ (ငါ့မှာ)။
ဃာသစ္ဆာဒနမတ္တမ္ပိ၊ စားအပ်သော အစာ, ဖုံးလွှမ်းကြောင်း အဝတ်မျှသည်လည်း။ နတ္ထိ။
အဟံ, ကိံ အမစ္စောနာမ၊ အဘယ်မှာ အမတ်မည်အံ့နည်း။ ဣတိဝါ၊ သော်၎င်း။ ဧတေ မာနေ၊ ဤ သုံးမျိုးသောမာန်တို့ကို။ ကရောတိ။
၈၇၅။ **ဟီနဿ**၊ အောက်တန်းကျသော သူ၏။ အဟံ **သေယျော အသ္မိ**ဣတိ, မာနာဒယော၊ တို့သည်။ ဒါသာဒီနံ၊ ကျွန် အစရှိသူတို့၏သန္တာန်၌။ ဥပ္ပဇ္ဇန္တိ။
ဟိ၊ မှန်။ (တနည်း)ဟိ၊ ချဲ့။ ဒါသော၊ ကျွန်သည်။ မာတိတောဝါ၊ အမိဘက်မှသော်၎င်း။ ပိတိတောဝါ၊ အဘဘက်မှသော်၎င်း။ မယာ၊ နှင့်။ သဒိသောအညော ကော ဒါသော နာမ, အတ္ထိ၊ ရှိသေးသနည်း။ အညေ၊ ငါမှ အခြားသူတို့သည်။ ဇီဝိတုံ၊ အသက်မွေးခြင်းငှါ။ အသက္ကောန္တာ၊ မစွမ်းနိုင်ကုန်သည်။ (ဟုတွာ)။ ကုစ္ဆိဟေတု၊ ဝမ်းဟူသော အကြောင်းကြောင့်။ (အသက်မွေးဝမ်းကျောင်းဟူသော အကြောင်းကြောင့်။) ဒါသာနာမ၊ ကျွန်တို့မည်သည်။ ဇာတာ၊ ဖြစ်ကုန်ပြီ။
အဟံပန၊ သည်ကား။ ပဝေဏီအာဂတတ္တာ၊ အစဉ်အဆက်အားဖြင့် လာသည်၏အဖြစ်ကြောင့်။ သေယျော၊ သူတပါးထက် မြတ်၏။ ဣတိဝါ၊ ဤသို့တွေး၍သော်၎င်း။ ပဝေဏီ အာဂတဘာဝေန၊ အစဉ်အဆက်အားဖြင့် လာသည်၏ အဖြစ်အားဖြင့်။ ဥဘတော သုဒ္ဓိကဒါသတ္တေန၊ အမိ အဘ နှစ်ဘက်မှ စင်ကြယ်သော ကျွန်၏ အဖြစ်ကြောင့်။ အသုကဒါသေန နာမ၊ ထို မည်သောကျွန်နှင့်။ သဒ္ဓိံ, မယှံ နာနာကရဏံ, ကိံ၊ အဘယ်မှာရှိအံ့နည်း။ ဣတိဝါ၊ သော်၎င်း။ အဟံ, ကုစ္ဆိဝသေန၊ ဝမ်းနှင့်စပ်သဖြင့်။ ဒါသဗျံ၊ ကျွန်၏အဖြစ်သို့။ ဥပဂတော၊ ကပ်ရောက်ရ၏။
မာတာပိတုကောဋိယာ ပန၊ အမိအဘတို့၏ အစွန်းအပိုင်းအခြားအားဖြင့်ကား။ မေ၊ ငါ၏။ ဒါသဋ္ဌာနံ၊ ကျွန်အရာသည်။ နတ္ထိ။
အဟံ, ကိံ ဒါသော နာမ၊ အဘယ်မှာ ကျွန်မည်အံ့နည်း။ ဣတိဝါ၊ ဤ ဟီနမာန်ကိုသော်၎င်း။ ဧတေ မာနေ ကရောတိ။
စ၊ ဆက်။ ဒါသော၊ သည်။ (ဧတေမာနေ၊ တို့ကို။ ကရောတိ) ယထာ၊ သို့။ ဧဝံ၊ ဤအတူ။ ပုက္ကုသ စဏ္ဍာလာဒယောပိ၊ ပန်းမှိုက်သွန်, ဒွန်းစဏ္ဍား အစရှိသူတို့သည်လည်း။ ဧတေ မာနေ ကရောန္တိယေဝ။
စ၊ ဆက်။ ဧတ္ထ၊ ဤ မာန် ၃မျိုးတို့တွင်။ သေယျဿ၊ မြတ်သူ၏သန္တာန်၌။ အဟံ သေယျောဟမသ္မီတိ၊ ဟူ၍။ ဥပ္ပန္နမာနောဝ၊ ဖြစ်သောမာန်သည်သာ။ ယာထာဝမာနော။ ဣတရေ၊ သေယျမာန်မှ ကြွင်းကုန်သော။ ဒွေ၊ နှစ်ပါးသော မာန်တို့သည်။ အယာထာဝမာနာ၊ တို့မည်၏။
တထာ၊ ထို့အတူ။ သဒိသဿ၊ ၌။ သဒိသောဟမသ္မီတိ၊ ဟူ၍။ (ဥပ္ပန္နမာနောဝ၊ ဖြစ်သောမာန်သည်သာ။ ယာထာဝမာနော။ ဣတရေ၊ သေယျမာန်မှ ကြွင်းကုန်သော။ ဒွေ၊ နှစ်ပါးသော မာန်တို့သည်။ အယာထာဝမာနာ)။ [ဤသို့ ပေယျာလ ဖော်၍အနက် ပေးပါ။] ဟီနဿ၊ ၌။ ဟီနောဟမသ္မီတိ ဥပ္ပန္နမာနောဝ ယာထာဝမာနော။ ဣတရေ ဒွေ အယာထာဝမနာ။
တတ္ထ၊ ထိုအမျိုးမျိုးသော မာန်တို့တွင်။ ယာထာဝမာနာ၊ မှန်ကန်သော မာန်တို့ကို။ အရဟတ္တမဂ္ဂဝဇ္ဈာ၊ အရဟတ္တမဂ်သည် ပယ်သတ်ထိုက်ကုန်၏။ ["မှန်သောမာန်ဖြစ်၍ တော်တော်တန်တန်နှင့် မပယ်နိုင်, အရဟတ္တမဂ်ရောက်မှ ငယ်နိုင်သည်" ဟူလို။] အယာထာဝမာနာ၊ မမှန်ကန်သော မာန်တို့ကို။ သောတာပတ္တိမဂ္ဂဝဇ္ဈာ၊ သောတာပတ္တိမဂ်သည် ပယ်သတ်ထိုက်ကုန်၏။
၈၇၈။ ဧဝံ၊ ဤသို့။ သဝတ္ထုကေ၊ ဇာတိအစရှိသော တည်ရာ ဝတ္ထုနှင့်တကွဖြစ်ကုန်သော။ မာနေ၊ မာနတို့ကို။ ကထေတွာ၊ ဟောတော်မူပြီး၍။ ဣဒါနိ၊ ၌။ အဝတ္ထုကံ၊ ဇာတိအစရှိသော တည်ရာဝတ္ထုမရှိသော။ နိဗ္ဗတ္တိတမာနမေဝ၊ တည်ရာဝတ္ထုမှ နစ်စေအပ်သော မာနကိုသာ။ (ပရမတ္ထမာန သက်သက်ကိုသာ။) ဒဿေတုံ၊ ငှါ။ **တတ္ထ ကတမော မာနော**တိ အာဒိ၊ အစရှိသော စကားရပ်ကို။ (ဘဂဝတာ) ဝုတ္တံ။
၈၇၉။ အတိမာနနိဒ္ဒေသော၊ ကို။ သေယျာဒိဝသေန၊ မြတ်သောပုဂ္ဂိုလ်အစရှိသည်တို့၏အဖြစ်ဖြင့်။ ပုဂ္ဂလံ၊ ကို။ အနာမသိတွာ၊ မသုံးသပ်မူ၍။ ဇာတိအာဒိဝတ္ထုဝသေနေဝ၊ ဇာတိအစရှိသော ဝတ္ထုတို့နှင့် စပ်သဖြင့်သာ။ နိဒ္ဒိဋ္ဌော၊ ညွှန်ပြတော်မူအပ်ပြီ။
တတ္ထ၊ ထို အတိမာနနိဒ္ဒေသ၌။ **အတိမညတီ**တိ၊ ကား။ ဇာတိအာဒီဟိ၊ ဇာတိအစရှိသည်တို့ဖြင့်။ မယာ သဒိသော နတ္ထိ။ ဣတိ၊ ဤသို့။ အတိက္ကမိတွာ၊ သူတပါးတို့ကိုလွန်၍။ မညတိ၊ မှတ်ထင်၏။အတိမာန နိဒ္ဒေသော။ ပေ။ မညတိ။ ။ စာအုပ်တို့၌ နိဒ္ဒေသာဟု ရှိ၏၊ နိဒ္ဒိဋ္ဌော၌စပ်ရမည် ဖြစ်သောကြောင့် "နိဒ္ဒေသော" ရှိမှ မှန်သည်။ ရှေးနိဿယ၌လည်း "နိဒ္ဒေသော" ဟုပင်ရှိသည်။ ထို့ပြင် "ဇာတိအာဒီနံ ဝတ္ထုဝသေနဝါ" ဟု စာအုပ်တို့၌ တွေ့ရ၏။ ဇာတိနှင့် ဝတ္ထုသည် အရမကွဲပါ။ ဇာတိ ဂေါတ္တ စသည်ကိုပင် "မာန၏တည်ရာဝတ္ထု" ဟု ဆိုရသည်။ ထို့ကြောင့် "ဇာတိ အာဒိဝတ္ထုဝသေနေဝ" ဟု ရှေးနိဿယအတိုင်းရှိပါစေ။ "အတိမညတိ" ၌ အတိ၏ အပါဒါန်ကို ပါဠိတော်၌ "ပရေဟိ" ဟု ခံသည်။ "သူတပါးတို့ထက် သာလွန်၏" ဟု မိမိကိုယ်ကို မှတ်ထင်နေသော မာနကို "အတိမာန" ဟု ဆိုလိုသည်။
၈၈ဝ။ မာနာတိမာနနိဒ္ဒေသေ၊ ၌။ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော)။ **ယော ဧဝရူပေါ**တိ၊ ကား။ အယံ၊ ဤသူသည်။ ပုဗ္ဗေ၊ ရှေ့၌။ ဝါ၊ ရှေးတုန်းက။ မယာ၊ ငါနှင့်။ သဒိသော၊ တူ၏။ ဣဒါနိ၊ ၌။ အဟံ၊ ငါသည်။ ဝါ၊ က။ သေဋ္ဌော၊ မြတ်သူဖြစ်လာ၏။ အယံ၊ ဤသူသည်။ ဟီနတရော၊ ငါ့အောက်ယုတ်ညံ့၏။ ဣတိ၊ ဤသို့။ ဥပ္ပန္နော၊ သော။ ယောဧသောမာနော၊ သည်။ (အတ္ထိ)။
အယံ၊ ဤမာနသည်။ ဘာရာတိဘာရော ဝိယ၊ ဝန်ထုပ်ဝန်ပိုးထက် သာလွန်သော ဝန်ထုပ်ဝန်ပိုးကဲ့သို့။ ပုရိမံ၊ ရှေ့ဖြစ်သော။ သဒိသမာနံ၊ သဒိသမာန်ကို။ ဥပါဒါယ၊ ဉာဏ်ဖြင့်ကပ်ယူ၍။ ဝါ၊ ထောက်ဆ၍။ မာနာတိမာနော၊ မာနာတိမာနမည်၏။ (ရှေ့မာန၏ အထက်၌ဖြစ်သောမာန မည်၏။) ဣတိ၊ ဤအနက်အဓိပ္ပါယ်ကို။ ဒဿေတုံ၊ ငှါ။ ဧဝံ၊ ဤသို့ ယော ဧဝရူပေါ အစရှိသောပါဌ်ကို။ (ဘဂဝါ)အာဟ။
၈၈၁။ ဩမာနနိဒ္ဒေသော၊ သည်။ ဟီနမာနနိဒ္ဒေသသဒိသောယေဝ၊ ဟီနမာနနိဒ္ဒေသနှင့် တူသည်သာ။
ပန၊ ဆက်။ (တနည်း)ပန၊ ထိုသို့ပင်တူသော်လည်း။ ဝိနေယျဝသေန၊ ဆုံးမထိုက်သော ပုဂ္ဂိုလ်တို့နှင့် စပ်သဖြင့်။ ယော၊ အကြင်မာနကို။ [စာအုပ်တို့၌ "သော" ဟုရှိ၏။ ယော ရှိလျှင် ကောင်းသည်။ နောက်၌ အယံဟုရှိ၏။] ဟီနောဟမသ္မီတိ မာနောနာမ၊ မည်၏ဟူ၍။ ဝုတ္တော။ အယံ၊ ဤဟီနောဟမသ္မိ ဟု ဟောတော်မူအပ်သော မာနသည်။ ဩမာနောနာမ၊ အောက်ကျသောမာန မည်၏။
အပိစ၊ စိုးစဉ်းအနည်းငယ် ဆိုဘွယ်အထူးကား။ ဧတ္ထ၊ ဤ ဩမာနနိဒ္ဒေသ၌။ [ယောဇနာ၌ကား "ဧတ္ထ၊ ဤ ဟီနမာနဩမာနတို့တွင်" ဟု စွဲလေ၏။] တွံ၊ သည်။ ဇာတိမာ၊ ဇာတ်ရှိပါပေ၏။ တေ၊ သင်၏။ ဇာတိ၊ ဇာတ်သည်။ ကာကဇာတိ ဝိယ၊ ကျီးဇာတ်နှင့်တူ၏။ [ဇာတိမာကို ထပ်ဖွင့်သည်။ တွံပုဒ်, တေပုဒ်တို့ဖြင့် မိမိကိုယ်ကို ညွှန်ပြသည်။ နောက်၌ "အတ္တာနံ ဟေဋ္ဌာ ကတွာ" ဟူသော စကားကို ထောက်ပါ။ နောက်၌လည်းနည်းတူ။]
တွံ, ဂေါတ္တဝါ၊ အနွယ်ရှိပါပေ၏။ တေ၊ သင်၏။ ဂေါတ္တံ၊ သည်။ စဏ္ဍာလဂေါတ္တံ ဝိယ၊ ဒွန်းစဏ္ဍားအနွယ်နှင့်တူ၏။
တုယှံ၊ သင်၏။ ဝါ၊ သင့်မှာ။ သရော၊ အသံသည်။ အတ္ထိ။ တေ,သရော၊ အသံသည်။ ကာကဿရော ဝိယ၊ ကျီးသံနှင့်တူ၏။ ဣတိ ဧဝံ၊ သို့။ အတ္ထာနံ၊ ကို။ ဟေဋ္ဌာကတွာ၊ အောက်၌ထား၍။ ပဝတ္တနဝသေန၊ ဖြစ်ခြင်း၏အစွမ်းဖြင့်။ အယံ၊ ဤမာနကို။ ဩမာနောတိ၊ ဟူ၍။ ဝေဒိတဗ္ဗော။
၈၈၂။ အဓိမာနနိဒ္ဒေသေ၊ ၌။ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော)။ **အပ္ပတ္တေ ပတ္တသညိတာ**တိ၊ ကား။ စတ္တာရိ၊ ကုန်သော။ သစ္စာနိ၊ သစ္စာတို့သို့။ အပတွာ၊ မရောက်သေးမူ၍။ ဝါ၊ မရောက်သေးဘဲ။ ပတ္တသညိတာ၊ ရောက်အပ်ပြီဟု အမှတ်ရှိသည်၏အဖြစ်သည်။ (အတ္ထိ)။ [စာအုပ်တို့၌ "ပတ္တသညိတာယ" ဟု ရှိ၏။ ပါဌ်ပျက်သည်။]
**အကတေ**တိ၊ ကား။ စတူဟိ, မဂ္ဂေဟိ၊ တို့ဖြင့်။ ကတ္တဗ္ဗကိစ္စေ၊ ပြုထိုက်သောကိစ္စကို။ အကတေယေဝ၊ မပြုအပ်သေးမီသာလျှင်။ (ကတသညိတာ၌စပ်။)
**အနဓိကတေ**တိ၊ ကား။ စတုသစ္စဓမ္မေ၊ လေးပါးသောသစ္စာတရားကို။ အနဓိဂတေ (ဧဝ)၊ မရအပ်သေးမီသာလျှင်။ (အဓိဂတသညိတာ ၌စပ်။)
**အသစ္ဆိကတေ**တိ၊ ကား။ အရဟတ္တေန၊ အရဟတ္တဖိုလ်ဖြင့်။ အပစ္စက္ခကတေ(ဧဝ)၊ မျက်မှောက်မပြုအပ်သေးမီသာလျှင်။ (သစ္ဆိကတသညိတာ ၌စပ်။)
**အယံဝုစ္စတိ အဓိမာနော**တိ၊ ကား။ အယံ၊ ဤမာနကို။ အဓိဂတမာနောနာမ၊ အဓိဂတမာနမည်၏ဟူ၍။ (ရအပ်ပြီဟု မှတ်ထင်ခြင်းရှိသော မာနမည်၏ဟူ၍။) ဝုစ္စတိ။
ပန၊ ပရိဟာရ။ ပေ။ အံ့။ အယံ၊ ဤအဓိမာနသည်။ ကဿ၊ အဘယ်ပုဂ္ဂိုလ်၏သန္တာန်၌။ ဥပ္ပဇ္ဇတိ၊ ဖြစ်သနည်း။ ကဿ၊ အဘယ်ပုဂ္ဂိုလ်၏သန္တာန်၌။ နုပ္ပဇ္ဇတိ၊ မဖြစ်သနည်း။ ဣတိ၊ ဤကားအမေးတည်း။
တာဝ၊ ဒုဿီလပုဂ္ဂိုလ်မှ ရှေးဦးစွာ။ (နိဒ္ဒိဋ္ဌဿ) အရိယသာဝကဿ၊ အရိယသာဝက၏ သန္တာန်၌။ နုပ္ပဇ္ဇတိ။
ဟိ၊ ချဲ့။ (တနည်း)ဟိ(ယသ္မာ)၊ ကြောင့်။ သော၊ ထို အရိယသာဝကသည်။ မဂ္ဂဖလ။ ပေ။ ပစ္စဝေက္ခဏေန၊ မဂ်ကို ဆင်ခြင်ခြင်း, ဖိုလ်ကို ဆင်ခြင်ခြင်း, နိဗ္ဗာန်ကို ဆင်ခြင်ခြင်း, ပယ်အပ်ပြီးသော ကိလေသာကို ဆင်ခြင်ခြင်း, ကြွင်းသောကိလေသာတို့ကို ဆင်ခြင်ခြင်းဖြင့်။ သဉ္ဇာတသောမနဿော၊ လွန်စွာဖြစ်သောဝမ်းမြောက်ခြင်းရှိသည်။ (ဟုတွာ)။ အရိယဂုဏပဋိဝေဓေ၊ အရိယာတို့၏ ဂုဏ်ကိုထိုးထွင်း၍သိခြင်းငှါ။ နိက္ကင်္ခေါ၊ ယုံမှားခြင်းမရှိ။
တသ္မာ၊ ကြောင့်။ သောတာပန္နာဒီနံ၊ သောတာပန်ပုဂ္ဂိုလ်အစရှိသည်တို့၏ သန္တာန်၌။ အဟံ၊ သည်။ သကဒါဂါမီ၊ သကဒါဂါမ်ပုဂ္ဂိုလ်တည်း။ ဣတိ အာဒိဝသေန၊ ဤသို့ အစရှိသည်တို့၏အစွမ်းဖြင့်။ မာနော၊ သည်။ နုပ္ပဇ္ဇတိ။
ဒုဿိလဿာပိ၊ ဒုဿီလပုဂ္ဂိုလ်၏ သန္တာန်၌လည်း။ နုပ္ပဇ္ဇတိ။
ဟိ၊ မှန်။ သော၊ ထို ဒုဿီလပုဂ္ဂိုလ်သည်။ အရိယဂုဏာဓိဂမေ၊ အရိယဂုဏ်တို့ကိုရခြင်း၌။ နိရာသောဝ၊ အာသာ မရှိသည်သာ။
သီလဝတော၊ သီလရှိသည်ဖြစ်၍။ (သမာနဿ)ပိ၊ ဖြစ်ပါသော်လည်း။ ဝါ၊ ဖြစ်သည်လည်းဖြစ်သော။ ပရိစ္စတ္တကမ္မဋ္ဌာနဿ၊ စွန့်လွှတ်အပ်သော ကမ္မဋ္ဌာန်း ရှိသော။ နိဒ္ဒါရာမတာဒိံ၊ အိပ်ငိုက်ခြင်း၌ မွေ့လျော်ခြင်း ရှိသူ၏အဖြစ် အစရှိသည်ကို။ အနုယုတ္တဿ၊ အားထုတ်သောပုဂ္ဂိုလ်၏သန္တာန်၌။ နုပ္ပဇ္ဇတိ။
ပန၊ အနွယကား။ ပရိသုဒ္ဓသီလဿ၊ စင်ကြယ်သော သီလရှိသော။ ကမ္မဋ္ဌာနေ၊ ၌။ အပ္ပမတ္တဿ၊ မမေ့မလျော့သည်ဖြစ်၍။ နာမရူပံ၊ နာမ်ရုပ်ကို။ ဝဝတ္ထပေတွာ၊ ပိုင်းခြားမှတ်သား၍။ ပစ္စယပရိဂ္ဂဟေန၊ နာမ်ရုပ်တို့၏အကြောင်းကို သိမ်းယူတတ်သောဉာဏ်ဖြင့်။ (ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့်)။ ဝိတိဏ္ဏကင်္ခဿ၊ လွန်မြောက်အပ်ပြီးသော ယုံမှားမှုရှိသော။ (ကင်္ခါဝိတရဏဝိသုဒ္ဓိသို့ ရောက်ပြီးသော)။ တိလက္ခဏံ၊ သုံးပါးသော လက္ခဏာသို့။ အာရောပေတွာ၊ တင်၍။ သင်္ခါရေ၊ သင်္ခါရတရားတို့ကို။ သမ္မသန္တဿ၊ သုံးသပ်သော။ (သမ္မသနဉာဏ်ရှိသော)။ အာရဒ္ဓဝိပဿကဿ၊ အားထုတ်အပ်သော ဝိပဿနာရှိသောပုဂ္ဂိုလ်၏သန္တာန်၌။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
စ၊ ဆက်။ ဥပ္ပန္နေ၊ ဖြစ်လသော်။ သုဒ္ဓသမထလာဘီဝါ၊ ဝိပဿနာ မဖက်သက်သက်, သမထကိုရလေ့ရှိသော ပုဂ္ဂိုလ်သည်သော်၎င်း။ သုဒ္ဓဝိပဿနာလာဘီဝါ၊ သမထမဖက် သက်သက်, ဝိပဿနာကိုရခြင်းရှိသော ပုဂ္ဂိုလ်သည်သော်၎င်း။ အန္တရာ၊ အရဟတ္တဖိုလ်သို့ မရောက်မီအကြား၌။ ဌပေတိ၊ မိမိကိုယ်ကို ထားတတ်၏။
ဟိ၊ မှန်။ သော၊ ထို သုဒ္ဓသမထလာဘီ, သုဒ္ဓဝိပဿနာလာဘီပုဂ္ဂိုလ်သည်။ ဒသပိ(ဝဿာနိ)၊ ဆယ်နှစ်တို့ ပတ်လုံး၎င်း။ ဝီသမ္ပိ(ဝဿာနိ)၊ အနှစ် ၂ဝ တို့ပတ်လုံး၎င်း။ တိံသမ္ပိ(ဝဿာနိ)၊ အနှစ် ၃ဝ တို့ပတ်လုံး၎င်း။ ကိလေသသမုဒါစာရံ၊ ကိလေသာ တို့၏ ကောင်းစွာအထက်အထက်၌ ဖြစ်ပေါ်လာခြင်းကို။ အပဿန္တော၊ မမြင်သည်။ (ဟုတွာ)။ အဟံ၊ သည်။ သောတာပန္နော၊ သောတာပန်ဖြစ်၏။ ဣတိဝါ၊ ဤသို့သော်၎င်း။ (အဟံ)သကဒါဂါမီ၊ သကဒါဂါမ်ဖြစ်၏။ ဣတိဝါ၊ ၎င်း။ (အဟံ) အနာဂါမီ၊ အနာဂါမ်ဖြစ်၏။ ဣတိဝါ၊ ၎င်း။ မညတိ။
ပန၊ ကား။ သမထဝိပဿနာလာဘီ၊ သမထဝိပဿနာအစုံကို ရခြင်းရှိသောပုဂ္ဂိုလ်သည်။ အရဟတ္တေယေဝ၊ အရဟတ္တဖိုလ်၌သာ။ ဌပေတိ။
ဟိ၊ မှန်။ (တနည်း) ဟိ (ယသ္မာ)၊ ကြောင့်။ တဿ၊ ထို သမထဝိပဿနာလာဘီပုဂ္ဂိုလ်သည်။ သမာဓိဗလေန၊ သမာဓိ၏အစွမ်းဖြင့်။ ကိလေသာ၊ တို့ကို။ ဝိက္ခမ္ဘိတာ၊ ခွါအပ်ကုန်ပြီ။ ဝိပဿနာဗလေန၊ ဝိပဿနာအစွမ်းဖြင့်။ သင်္ခါရာ၊ တို့ကို။ သုပရိဂ္ဂဟိတာ၊ ကောင်းစွာ ထက်ဝန်းကျင် သိမ်းယူအပ်ကုန်ပြီ။
တသ္မာ၊ ထို့ကြောင့်။ သဋ္ဌိပိ ဝဿာနိ၊ အနှစ် ၆ဝ တို့ပတ်လုံး၎င်း။ အသီတိပိ ဝဿာနိ၊ အနှစ် ရှစ်ဆယ်တို့ ပတ်လုံး၎င်း။ ဝဿသတမ္ပိ၊ အနှစ်တရာ ပတ်လုံး၎င်း။ ကိလေသာ၊ တို့သည်။ န သမုဒါစရန္တိ၊ ကောင်းစွာ အထက်အထက်၌ မဖြစ်ပေါ်လာကုန်။
ခီဏာသဝဿ၊ ရဟန္တာပုဂ္ဂိုလ်၏။ စိတ္တစာရော(ဣဝ)၊ စိတ်၏ဖြစ်ပုံသည်ကဲ့သို။ (စိတ္တစာရော ဟောတိ။)
သော၊ ထို သမထဝိပဿနာလာဘီ ပုဂ္ဂိုလ်သည်။ ဧဝံ၊ သို့။ ဒီဃရတ္တံ၊ ရှည်စွာသောညဉ့်ပတ်လုံး။ ကိလေသသမုဒါစာရံ၊ ကိလေသာတို့၏ ကောင်းစွာအထက်အထက်၌ ဖြစ်ပေါ်ခြင်းကို။ အပဿန္တော၊ မမြင်သည်။ (ဟုတွာ)။ အန္တရာ၊ အရဟတ္တဖိုလ်သို့မရောက်မီအကြား၌။ အဋ္ဌတွာဝ၊ မတန့်ရပ်မူ၍သာ။ အဟံ၊ သည်။ အရဟာ၊ ရဟန္တာဖြစ်ပြီ။ ဣတိ မညတိ။ (ကိမိဝ၊ အဘယ်ထေရ်တို့ကဲ့သို့နည်း။) ဥစ္စတလင်္ကဝါသီ၊ ဥစ္စတလင်္ကအရပ်၌နေလေ့ရှိသော။ မဟာနာဂတ္ထေရောဝိယ၊ မဟာနာဂထေရ်ကဲ့သို့၎င်း။ ဟင်္ကနကဝါသီ၊ ဟင်္ကနကအရပ်၌ နေလေ့ရှိသော။ မဟာဒတ္တတ္ထေရောဝိယ၊ မဟာဒတ္တထေရ်ကဲ့သို့၎င်း။ စိတ္တလပဗ္ဗတေ၊ စိတ္တလတောင်၌။ နိင်္ကပေါဏ္ဏပဓာနဃရဝါသီ၊ နိင်္ကပေါဏ္ဏ ကမ္မဋ္ဌာန်းကျောင်း၌ နေလေ့ရှိသော။ စူဠသုမနတ္ထေရော ဝိယစ၊ စူဠသုမနထေရ်ကဲ့သို့၎င်းတည်း။
တတြ၊ ထိုဝတ္ထုတို့တွင်။ ဣဒံ၊ ဤဆိုအပ်လတ္တံ့ကား။ ဧကဝတ္ထုပရိဒီပနံ၊ တခုသောဝတ္ထုကို ထင်ရှားပြခြင်းတည်း။ ကိရ၊ ချဲ့။ တလင်္ဂရဝါသီ၊ တလင်္ဂရအရပ်၌ နေလေ့ရှိသော။ ဓမ္မဒိန္နတ္ထေရောနာမ၊ ဓမ္မဒိန္နထေရ်မည်သော။ ဧကော၊ တပါးသော။ ပဘိန္နပဋိသမ္ဘိဒေါ၊ အပြားအားဖြင့် ကွဲပြားသော ပဋိသမ္ဘိဒါဉာဏ်ရှိသော။ မဟာခီဏာသဝေါ၊ ရဟန္တာကြီးသည်။ (ဟုတွာ)။ မဟတော၊ များစွာသော။ ဘိက္ခုသံဃဿ၊ ရဟန်းအပေါင်းအား။ ဩဝါဒဒါယကော၊ ဩဝါဒကိုပေးတတ်သည်။ အဟောသိ၊ ဖြစ်ပြီ။
သော၊ ထိုရဟန္တာကြီးသည်။ ဧကဒိဝသံ၊ ၌။ အတ္တနော၊ ၏။ ဒိဝါဋ္ဌာနေ၊ နေ့နေရာအရပ်၌။ နိသီဒိတွာ၊ ထိုင်၍။ အမှာကံ၊ တို့၏။ အာစရိယဿ၊ ဆရာဖြစ်သော။ ဥစ္စတလင်္ကဝါသိမဟာနာဂတ္ထေရဿ၊ ဥစ္စတလင်္ကအရပ်၌ နေလေ့ရှိသော မဟာနာဂမထေရ်၏။ သမဏကိစ္စံ၊ ရဟန်းကိစ္စသည်။ မတ္ထကံ၊ အပြီးအဆုံးသို့။ ပတ္တော ကိံ နုခေါ၊ ရောက်ပြီးပြီလော။ နော(ပတ္တော ကိံ နုခေါ)၊ မရောက်သေးသလော။ ဣတိ၊ သို့။ အာဝဇ္ဇန္တော၊ ဆင်ခြင်လသော်။ အဿ၊ ထိုဆရာ၏။ ပုထုဇ္ဇနဘာဝမေဝ၊ ပုထုဇဉ်၏အဖြစ်ကိုသာ။ ဒိသွာ၊ မြင်၍။ မယိ၊ ငါသည်။ အဂစ္ဆန္တေ၊ မသွားလသော်။ ပုထုဇ္ဇနကာလင်္ကိရိယမေဝ၊ ပုထုဇဉ်၏ သေချိန်ကိုသာ။ ကရိဿတိ၊ ပြုလတ္တံ့။ ဣတိစ၊ ဤသို့လည်း။ ဉတွာ၊ ၍။ ဣဒ္ဓိယာ၊ တန်ခိုးဖြင့်။ ဝေဟာသံ၊ ကောင်းကင်သို့။ ဥပ္ပတိတွာ၊ ပျံတက်၍။ ဒိဝါဋ္ဌာနေ၊ ၌။ နိသိန္နဿ၊ သော။ ထေရဿ၊ ဆရာဖြစ်သောထေရ်၏။ သမီပေ၊ ၌။ ဩရောဟိတွာ၊ သက်ဆင်း၍။ ဝန္ဒိတွာ၊ ဝပ်ချ၍။ ဝတ္တံ၊ ဝတ်အကျင့်ကို။ ဒဿေတွာ၊ ပြပြီး၍။ ဧကမန္တံ နိသီဒိ။
အာဝုသော ဓမ္မဒိန္န၊ ငါ့ရှင်ဓမ္မဒိန္န။ ကိံ၊ အဘယ်အကျိုးငှါ။ အကာလေ၊ အချိန်မဲ့အခါမဲ့၌။ အာဂတော၊ လာသည်။ အသိ၊ နည်း။ ဣတိစ၊ သို့လည်း။ ဝုတ္တော၊ ပြောဆိုအပ်သည်။ (သမာနော။) ဘန္တေ,ပဉှံ၊ ပြဿနာကို။ ပုစ္ဆိတုံ၊ ငှါ။ အာဂတော၊ လာသည်။ အမှိ၊ ဖြစ်ပါ၏။ ဣတိ အာဟ။
တတော၊ ထိုသို့လျှောက်ခြင်းကြောင့်။ အာဝုသော,ပုစ္ဆ၊ မေးလော့။ ဇာနမာနော၊ သိလသော်။ ကထယိဿာမိ၊ ဖြေဆိုအံ့။ ဣတိ၊ သို့။ ဝုတ္တော၊ ပြောဆိုအပ်သည်။ (သမာနော၊ သော်။) ပဉှာသဟဿံ၊ ပြဿနာတထောင်ကို။ ပုစ္ဆိ၊ မေးပြီ။
ထေရော၊ ထေရ်သည်။ ပုစ္ဆိတ ပုစ္ဆိတံ၊ မေးအပ်တိုင်း မေးအပ်တိုင်းသော။ ပဉှံ၊ ပြဿနာကို။ အသဇ္ဇမာနောဝ၊ မငြိမကပ်သည်သာလျှင်။ (ဟုတွာ။) ကထေသိ၊ ပြီ။
တတော၊ ထိုနောက်၌။ ဘန္တေ,တေ၊ အရှင်ဘုရား၏။ ဉာဏံ၊ သည်။ အတိတိက္ခံ၊ အလွန်ထက်ပါပေ၏။
တုမှေဟိ၊ တို့သည်။ ကဒါ၊ အဘယ်အခါ၌။ အယံဓမ္မော၊ ဤတရားကို။ အဓိဂတော၊ ရအပ်ပါသနည်း။ ဣတိ၊ သို့။ ဝုတ္တော (သမာနော)။ အာဝုသော, ဣတော၊ ဤနေ့မှ။ သဋ္ဌိဝဿကာလေ၊ အနှစ်ခြောက်ဆယ်ရှိရာအခါ၌။ (ဓမ္မော အဓိဂတော။) ဣတိ အာဟ။
ဘန္တေ, သမာဓိမ္ပိ၊ သမာဓိကိုလည်း။ ဝဠဉ္ဇေထ၊ သုံးဆောင်ပါကုန်သလော။ ဣတိ၊ ဤသို့လျှောက်ပြီ။
အာဝုသောဣဒံ၊ ဤသမာဓိကို သုံးဆောင်ခြင်းသည်။ နဘာရိယံ၊ ထမ်းဆောင်ထိုက်သောဝန် မဟုတ်ပါ။ ဝါ၊ ဝန်မလေးပါ။ ဣတိ(အာဟ)။
ဘန္တေ, တေနဟိ၊ ထိုသို့ သမာဓိကိုလည်း သုံးဆောင်ပါလျှင်။ ဧကံ၊ တစီးသော။ ဟတ္ထိံ၊ ဆင်ကို။ မာပေထ၊ ဖန်ဆင်းတော်မူပါကုန်။ ဣတိ၊ ဤသို့ လျှောက်ပြီ။
ထေရော၊ သည်။ သဗ္ဗသေတံ၊ အလုံးစုံဖြူသော။ ဟတ္ထိံ၊ ဆင်ကို။ မာပေတိ၊ ဖန်ဆင်း၏။
ဘန္တေ, ဣဒါနိ၊ ယခုအခါ၌။ ယထာ၊ အကြင်အခြင်းအရာအားဖြင့်ပြုအပ်သော်။ အယံ ဟတ္ထီ၊ ဤဆင်သည်။ အဉ္ဇိတကဏ္ဏော၊ စွင့်အပ်သောနားရွက်ရှိသည်။ ပသာရိတနင်္ဂုဋ္ဌော၊ ဆန့်အပ်သော မြီးထူးရှိသည်။ (ဟုတွာ)။ သောဏ္ဍံ၊ နှာမောင်းကို။ မုခေ၊ ခံတွင်း၌။ ပက္ခိပိတွာ၊ ထည့်၍။ ဘေရဝံ၊ ကြောက်မက်ဘွယ်ကောင်းသော။ ကောဉ္စနာဒံ၊ ကြိုးကြာ၏အသံနှင့်တူသောအသံကို။ ကရောန္တော၊ ပြုလျက်။ တုမှာကံ၊ တို့၏။ အဘိမုခေါ၊ ရှေ့ရှုသည်။ (ဟုတွာ)အာဂစ္ဆတိ၊ လာ၏။ တထာ၊ ထိုအခြင်းအရာအားဖြင့်။ နံ၊ ထိုဆင်ကို။ ကရောထ၊ ပြုပါကုန်။ ဣတိ၊ ဤသို့ လျှောက်ပြီ။
ထေရော၊ သည်။ တထာ၊ ထို လျှောက်အပ်သည့်အတိုင်း။ ကတွာ၊ ပြု၍။ ဝေဂေန၊ အဟုန်ဖြင့်။ အာဂစ္ဆတော၊ မိမိအထံသို့ လာနေသော။ ဟတ္ထိဿ၊ ဆင်၏။ ဘေရဝံ၊ သော။ အာကာရံ၊ အခြင်းအရာကို။ ဒိသွာ၊ မြင်ရ၍။ ဥဋ္ဌာယ၊ ထ၍။ ပလာယိတုံ၊ ပြေးခြင်းငှါ။ အာရဒ္ဓေါ၊ အားထုတ်ပြီ။
တမေနံ၊ ထိုဆရာကို။ ခီဏာသဝတ္ထေရော၊ ရဟန္တာဖြစ်သော ဓမ္မဒိန္နထေရ်သည်။ ဟတ္ထံ၊ ကို။ ပသာရေတွာ၊ ၍။ စီဝရကဏ္ဏေ၊ သင်္ကန်း၏ အနား၌။ ဂဟေတွာ၊ ၍။ ဘန္တေ, ခီဏာသဝဿ၊ အာသဝေါကုန်ခန်း ရဟန္တာ အရှင်၏။ သာရဇ္ဇံ နာမ၊ ကြောက်ရွံ့ခြင်းမည်သည်။ ဟောတိ၊ ဖြစ်ပါသေးသလော။ ဣတိ အာဟ။
သော၊ ထိုဆရာဖြစ်သောထေရ်သည်။ တသ္မိံ ကာလေ၊ ထိုအခါ၌။ အတ္တနော၊ ၏။ ပုထုဇ္ဇနဘာဝံ၊ ပုထုဇဉ်၏အဖြစ်ကို။ ဉတွာ၊ သိ၍။ အာဝုသောဓမ္မဒိန္န၊ ငါ့ရှင် ဓမ္မဒိန္န။ မေ၊ ငါ၏။ အဝဿယော၊ မှီရာသည်။ ဟောဟိ၊ ဖြစ်ပါလော့။ ဣတိ၊ သို့။ ဝတွာ၊ ပြော၍။ ပါဒမူလေ၊ ခြေရင်း၌။ ဥက္ကုဋိကံ၊ ဆောင့်ကြောင့်။ နိသီဒိ၊ ထိုင်ပြီ။
ဘန္တေ, တုမှာကံ၊ တို့၏။ အဝဿယော၊ သည်။ ဘဝိဿာမိ၊ ဖြစ်အံ့။ ဣစ္စေဝ၊ ဤသို့ကြံ၍သာ။ အဟံ၊ တပည့်တော်သည်။ အာဂတော၊ လာခဲ့ပါပြီ။ မာ စိန္တယိတ္ထ၊ တောင်တောင်ဤဤ မကြံစည်ပါကုန်လင့်။ ဣတိ၊ ဤသို့လျှောက်၍။ ကမ္မဋ္ဌာနံ၊ ကို။ ကထေသိ၊ ပြောပြပြီ။
ထေရော, ကမ္မဋ္ဌာနံ၊ ကို။ ဂဟေတွာ၊ ယူ၍။ စင်္ကမံ၊ စင်္ကြံသို့။ အာရုယှ၊ တက်၍။ တတိယေ ပဒဝါရေ၊ သုံးခုမြောက် ခြေလှမ်းအကြိမ်၌။ အဂ္ဂဖလံ၊ မြတ်သော ဖိုလ်ဟူသော။ အရဟတ္တံ၊ အရဟတ္တဖိုလ်သို့။ ပါပုဏိ၊ ရောက်ပြီ။
ထေရော၊ သည်။ ဒေါသစရိတော၊ ဒေါသစရိုက်ရှိသည်။ အဟောသိ ကိရ၊ ဖြစ်သတတ်။
၈၈၃။ အသ္မိမာနနိဒ္ဒေသေ၊ ၌။ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော)။ **ရူပံ အသ္မိမာနော**တိ၊ ကား။ အဟံ၊ ငါသည်။ (ငါဆိုတာ။) ရူပံ၊ ရုပ်တည်း။ ဣတိ၊ ဤသို့။ ဥပ္ပန္နမာနော၊ ဖြစ်သော မှတ်ထင်ခြင်းတည်း။ [အသ္မိကို အဟံ ဟု ဖွင့်သည်။]
**ဆန္ဒော**တိ၊ ကား။ မာနံ၊ မာနသို့။ အနုဂတစ္ဆန္ဒောဝ၊ အစဉ်လိုက်သောဆန္ဒပင်တည်း။
**အနုသယော**၊ သည်။ တထာ၊ ထိုဆန္ဒအတူပင်တည်း။
ဝေဒနာဒီသုပိ၊ အစရှိသည်တို့၌လည်း။ ဧသေဝ နယော၊ တည်း။
၈၈၄။ မိစ္ဆာမာနနိဒ္ဒေသေ။ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော။) **ပါပကေနဝါ**။ ပေ။ အာဒီသု၊ အစရှိသော ပါဠိရပ်တို့၌။ **ပါပကံ**၊ ယုတ်ညံ့သော။ **ကမ္မာယတနံ**နာမ၊ အသက်မွေးခြင်း၏ အကြောင်းဖြစ်သောအလုပ်မည်သည်။ ကေဝဋ္ဋမစ္ဆဗန္ဓနေသာဒါဒီနံ၊ ငါးဖမ်းတတ်သော တံငါ, မုဆိုး အစရှိသူတို့၏။ ကမ္မံ၊ အလုပ်တည်း။
**ပါပကံ**၊ သော။ **သိပ္ပါယတနံ** နာမ၊ အသက်မွေးခြင်း၏တည်ရာအကြောင်းဖြစ်သော လက်မှုအတတ်မည်သည်။ မစ္ဆဇာလခိပန ကုမီနကရဏေသုစေဝ၊ ငါးဖမ်းပိုက်ကွန်ကို ပစ်ချပုံ ပစ်ချနည်း, မြှုံးကိုပြုလုပ်ပုံပြုလုပ်နည်းတို့၌၎င်း။ [မစ္ဆဇာလခိပနဉ္စ ကုမီနကရဏဉ္စ မစ္ဆဇာလခိပနကုမီနကရဏာနိ။-ယောဇနာ။] ပါသဩဍ္ဍိန သူလာရောပနာဒီသု စ၊ ကျော့ကွင်းထောင်မှု, တံကျင်စိုက်မှု အစရှိသည်တို့၌၎င်း။ ဆေကတာ၊ ကျွမ်းကျင်သူ၏အဖြစ်တည်း။
**ပါပကံ**၊ သော။ **ဝိဇ္ဇာဋ္ဌာနံ** နာမ၊ အသက်မွေးခြင်း၏အကြောင်းဖြစ်သော နှုတ်မှုအတတ်မည်သည်။ ယာ ကာစိ၊ အမှတ်မရှိ တစုံတခုသော။ ပရူပဃာတဝိဇ္ဇာ၊ သူတပါးကိုသတ်ဖြတ်ကြောင်းအတတ်တည်း။
**ပါပကံ**၊ သော။ **သုတံ**နာမ၊ ကြားနာအပ်သောသုတ မည်သည်။ ဘာရတ။ ပေ။ ပဋိသံယုတ္တံ၊ ဘာရတမင်းတို့၏ စစ်ထိုးခြင်း, သီတာမိဖုရားကို ဆောင်ယူခြင်း အစရှိသည်နှင့် စပ်ယှဉ်သော သုတတည်း။
**ပါပကံ**၊ သော။ **ပဋိဘာနံ** နာမ၊ ရှေ့ရှုထင်လာသောဉာဏ်မည်သည်။ ဒုဗ္ဘာသိတယုတ္တံ၊ မကောင်းသဖြင့် ပြောဆိုအပ်သောစကားနှင့်စပ်ယှဉ်သော။ ကဗ္ဗနာဋကဝိဠမ္ဗနာဒိပဋိဘာနံ၊ ကဗျာလင်္ကာ, ကချေသည်တို့၏ ကပုံအခြင်းအရာ, မိန်းမယောကျ်ားတို့၏ သွားလာဆက်ဆံပုံစသော ရှက်ဖွယ်အကြောင်းအရာ အစရှိသည်တို့၌ ရှေ့ရှုထင်လာသော ဉာဏ်တည်း။
**ပါပကံ**၊ သော။ **သီလံ** နာမ၊ အလေ့မည်သည်။ အဇသီလံ၊ ဆိတ်တို့၏အလေ့။ ဂေါသီလံ၊ နွားတို့၏အလေ့တည်း။
**ဝတ္တမ္ပိ**၊ အကျင့်သည်လည်း။ အဇဝတ ဂေါဝတမေဝ၊ ဆိတ်တို့၏အကျင့် နွားတို့၏အကျင့်ပင်တည်း။
**ပါပိကာ, ဒိဋ္ဌိ**ပန၊ သည်ကား။ ဒွါသဋ္ဌိယာ၊ သော။ ဒိဋ္ဌိဂတေသု၊ မိစ္ဆာအယူတို့တွင်။ ယာ ကာစိ၊ သော။ ဒိဋ္ဌိ၊ မိစ္ဆာအယူတည်း။
၈၈၅။ ဉာတိဝိတက္ကနိဒ္ဒေသာဒီသု၊ အစရှိသည်တို့၌။ မယှံ၊ ငါ၏။ ဉာတယော၊ ဆွေမျိုးတို့သည်။ သုခဇီဝိနော၊ ချမ်းသာသောအသက်မွေးခြင်းရှိကုန်၏။ သမ္ပတ္တိယုတ္တာ၊ စည်းစိမ်နှင့် ယှဉ်ကုန်၏။ ဣတိဧဝံ၊ သို့။ ပဉ္စကာမဂုဏသန္နိဿိတေန၊ ငါးပါးသော ကာမဂုဏ်တို့၌မှီသော။ ဂေဟဿိတပေမေန၊ ကာမဂုဏ်တည်းဟူသော အိမ်၌မှီသော ချစ်ခြင်းဖြင့်။ ဉာတကေ၊ ဆွေမျိုးတို့ကို။ အာရဗ္ဘ၊ အကြောင်းပြု၍။ ဥပ္ပန္နဝိတက္ကောဝ၊ ဖြစ်သောဝိတက်သည်ပင်။ **ဉာတိဝိတက္ကော**နာမ၊ မည်၏။
(မယှံ ဉာတကာ)ခယံ၊ ကုန်ခြင်းသို့။ ဂတာ၊ ရောက်ကုန်ပြီ။ ဝယံ၊ ပျက်ခြင်းသို့။ ဂတာ။ (မယှံ ဉာတယော)သဒ္ဓါ၊ သဒ္ဓါရှိကုန်၏။ ပသန္နာ၊ ရတနာသုံးပါး၌ ကြည်ညိုကုန်၏။ ဣတိ ဧဝံ၊ သို့။ ပဝတ္တော(ဝိတက္ကော)ပန၊ သည်ကား။ ဉာတိဝိတက္ကော နာမ၊ မည်သည်။ န ဟောတိ။
၈၈၆။ အမှာကံ၊ တို့၏။ ဇနပဒေါ၊ ဇနပုဒ်သည်။ (နယ်ပယ်သည်။) သုဘိက္ခေါ၊ လွယ်ကူစွာရအပ်သောအစာ ရှိ၏။ (သာယာဝပြောအစာပေါ၏။) သမ္ပန္နသဿော၊ ပြည့်စုံသော ကောက်စပါးရှိ၏။ ဣတိ၊ ဤသို့။ တုဋ္ဌမာနဿ၊ နှစ်သက်သောပုဂ္ဂိုလ်၏ သန္တာန်၌။ ဂေဟဿိတပေမဝသေနေဝ၊ ကာမဂုဏ်တည်းဟူသောအိမ်၌မှီသော ချစ်ခြင်း၏အစွမ်းဖြင့်ပင်။ ဥပ္ပန္နဝိတက္ကော၊ ဖြစ်သောဝိတက်သည်။ **ဇနပဒဝိတက္ကော** နာမ၊ မည်၏။
အမှာကံ၊ တို့၏။ ဇနပဒေ၊ ၌။ မနုဿာ၊ တို့သည်။ သဒ္ဓါ ပသန္နာ ခယံ ဂတာ ဝယံဂတာ။ ဣတိ ဧဝံ ပဝတ္တော (ဝိတက္ကော) ပန ဇနပဒဝိတက္ကော နာမ န ဟောတိ။
၈၈၇။ အမရတ္ထာယ၊ မသေနိုင်သော နတ်အဖြစ်အကျိုးငှါ။ ဝိတက္ကော၊ ကြံစည်ခြင်းတည်း။ ဝါ၊ တနည်း။ အမရော၊ အမရမည်သော ငါးငစင်းကဲ့သို့မပြီးမပြတ်နိုင်သော မိစ္ဆာအယူနှင့်ယှဉ်သော။ ဝိတက္ကော၊ တည်း။ ဣတိ၊ ကြောင့်။ **အမရဝိတက္ကော**၊ မည်၏။
တတ္ထ၊ ထိုအမရဝိတက်တို့တွင်။ ဥက္ကုဋိကပ္ပဓာနာဒီဟိ၊ ဆောင့်ကြောင့်ထိုင်၍ ကျင့်ခြင်း အစရှိသည်တို့ဖြင့်။ ဒုက္ခေ၊ သည်။ နိဇ္ဇိဏ္ဏေ၊ အကြွင်းမဲ့ ဆွေးမြည့်လသော်။ဒုက္ခေ နိဇ္ဇိဏ္ဏေ။ ။ သတ္တဝါတယောက်ဝယ် ဒုက္ခဖြစ်ဘို့ရန် ကံလည်းပါ၏၊ သုခဖြစ်ဘို့ရန်ကံလည်းပါ၏၊ ဤဘဝ၌ ဆောင့်ကြောင့်ထိုင်၍ အားထုတ်ခြင်း, ဂေါသီလ ဂေါဝတနွားတို့၏ အလေ့အကျင့်ကို ကျင့်ခြင်း, ခွေးတို့၏ အလေ့အကျင့်ကိုကျင့်ခြင်း အစရှိသည်တို့ဖြင့် ဒုက္ခခံ၍ ကျင့်လိုက်သည်ရှိသော် မကောင်းကျိုး ဟူသမျှ ဒုက္ခတွေသည် ကုန်ခန်းသွားလေတော့၏၊ ထို့ကြောင့် "နောက်ဘဝ၌ ဒုက္ခမရှိတော့, သုခသာရှိတော့သည်" ဟူလို။ ဝါ၊ ကုန်ခန်းလသော်။ သမ္ပရာယေ၊ တမလွန်ဘဝ၌။ အတ္တာ၊ အတ္တသည်။ သုခီ၊ ချမ်းသာခြင်းရှိသည်။ အမရော၊ ပျက်စီးခြင်းမရှိသည်။ ဟောတိ။ ဣတိ၊ ဤသို့ကြံ၍။ ဒုက္ကရကာရိကံ၊ ခဲယဉ်းစွာပြုအပ်သောအကျင့်ကိုပြုကျင့်ခြင်းကို။ ကရောန္တဿ၊ ပြုသောပုဂ္ဂိုလ်၏။ တာယ ဒုက္ကရကာရိကာယ၊ ထိုဒုက္ကရအကျင့်နှင့်။ ပဋိသံယုတ္တော၊ စပ်ယှဉ်သော။ ဝိတက္ကော၊ သည်။ အမရတ္ထာယ၊ မသေနိုင်သော နတ်အဖြစ် အကျိုးငှါ။ (ပဝတ္တော၊ သော။) ဝိတက္ကော နာမ၊ မည်၏။
ဒိဋ္ဌိဂတိကော ပန၊ မိစ္ဆာအယူရှိသော ပုဂ္ဂိုလ်သည်ကား။ သဿတံ၊ မြဲ၏ဟူ၍။ ဝဒေသိ၊ ဆိုသလော။ ဣတိအာဒီနိ၊ ဤသို့ အစရှိသော ပြဿနာတို့ကို။ ပုဋ္ဌော၊ မေးအပ်သည်။ (သမာနော၊ သော်။) ဧဝံတိပိ၊ ဤသို့မြဲ၏ဟူ၍လည်း။ မေ၊ ငါ၏။ (လဒ္ဓိ၊ သည်။) နော၊ မဖြစ်ပါ။ တထာတိပိ၊ ထိုသို့ မမြဲဟူ၍လည်း။ မေ(လဒ္ဓိ)နော။ အညထာတိပိ၊ ထို သဿတ, အသဿတမှ တမျိုးတခြားဟူ၍လည်း။ မေ(လဒ္ဓိ)နော။ နောတိပိ၊ ထို သဿတ အသဿတမှ တမျိုးတခြားမဟုတ်ဟူ၍လည်း။ မေ(လဒ္ဓိ)နော။ နော နောတိပိ၊ ထိုသဿတ အသဿတမှ တမျိုးတခြား မဟုတ်သည် မဟုတ်ဟူ၍လည်း။ မေ (လဒ္ဓိ)နော။ ဣတိ၊ သို့။ ဝိက္ခေပံ၊ အထူးထူး အပြားပြား ပစ်လွှင့်ခြင်းသို့။ အာပဇ္ဇတိ၊ ၏။ တဿ၊ ထိုမိစ္ဆာအယူရှိသော ပုဂ္ဂိုလ်၏။ ဒိဋ္ဌိဂတပဋိသံယုတ္တော၊ မိစ္ဆာအယူနှင့် စပ်ယှဉ်သော။ သော ဝိတက္ကော(ဟောတိ)။
အမရော နာမ၊ ငါးငစင်းမည်သော။ မစ္ဆော၊ ငါးသည်။ ဥဒကေ၊ ရေ၌။ ဂဟေတွာ၊ ဖမ်းယူ၍။ မာရေတုံ၊ သတ်ခြင်းငှါ။ န သက္ကာ၊ မတတ်ကောင်း။ ဣတော စိတော စ၊ ဤမှ ဤမှလည်း။ ဓာဝတိ(ယထာ)၊ ပြေးသွားသကဲ့သို့။ ဂါဟံ၊ ဖမ်းယူအပ်သည်၏အဖြစ်သို့။ န ဂစ္ဆတိ ယထာ၊ မရောက်သကဲ့သို့။
ဧဝမေဝ၊ သာလျှင်။ ဧကသ္မိံ ပက္ခေ၊ တခုသောအဖို့၌။ အသဏ္ဌဟနတော၊ မတည်ခြင်းကြောင့်။ န မရတိ၊ မပြီးပြတ်နိုင်။ ဣတိ၊ ကြောင့်။ အမရော နာမ၊ မည်သည်။ ဟောတိ။
ဒုဝိဓမ္ပိ၊ နှစ်ပါး အပြားရှိသည်လည်းဖြစ်သော။ တံ၊ ထို အမရဝိတက်ကို။ (အမရတ္ထာယ ဝိတက္ကော အမရော ဝါဝိတက္ကော ဟူသော အမရဝိတက် နှစ်ပါးကို။) ဧကတော၊ တပေါင်းတည်း။ ကတွာ၊ ပြု၍။ **အယံ ဝုစ္စတိ အမရဝိတက္ကော**တိ၊ ဟူ၍။ (ဘဂဝတာ)ဝုတ္တံ။
၈၈၈။ **ပရာနုဒ္ဒယတာ ပဋိသံယုတ္တော**တိ၊ ကား။ အနုဒ္ဒယတာ ပတိရူပကေန၊ အဖန်ဖန် စောင့်ရှောက်တတ်သူ၏ အဖြစ်ဟူသော မေတ္တာ ကရုဏာ အတုဖြစ်သော။ ဂေဟဿိတပေမေန၊ ကာမဂုဏ်တည်းဟူသော အိမ်၌မှီသော ချစ်ခြင်းနှင့်။ ပဋိသံယုတ္တော၊ စပ်ယှဉ်သော။ (ဝိတက္ကော ၌စပ်။)
**သဟနန္ဒီ**တိ အာဒီသု၊ အစရှိသော ပါဠိရပ်တို့၌။ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော)။ ဥပဋ္ဌာကေသု၊ အလုပ်အကျွေး ဒါယကာတို့သည်။ နန္ဒန္တေသု၊ နှစ်သက်ကုန်သော်၎င်း။ သောစန္တေသု စ၊ ဝမ်းနည်းကုန်သော်၎င်း။ တေဟိ၊ ထို အလုပ်အကျွေး ဒါယကာတို့နှင့်။ သဒ္ဓိံ၊ အတူ။ ဒိဂုဏံ၊ နှစ်ဆတက်။ နန္ဒတိ၊ နှစ်သက်၏။ ဒိဂုဏံ၊ နှစ်ဆတက်။ သောစတိ၊ ဝမ်းနည်း၏။
တေသု၊ ထို အလုပ်အကျွေး ဒါယကာတို့သည်။ သုခိတေသု၊ ဖြစ်သော သုခရှိကုန်လသော်။ ဒိဂုဏံ၊ နှစ်ဆတက်။ သုခိတော၊ ဖြစ်သောသုခရှိသည်။ ဟောတိ။ ဒုက္ခိတေသု၊ ဖြစ်သောဒုက္ခရှိကုန်လသော်။ ဒိဂုဏံ၊ တက်။ ဒုက္ခိတော၊ ဖြစ်သောဒုက္ခ ရှိသည်။ (ဟောတိ)။
**ဥပ္ပန္နေသု ကိစ္စကရဏီယေသူ**တိ၊ ကား။ တေသု၊ ထို အလုပ်အကျွေး ဒါယကာတို့သည်။ မဟန္တေသု၊ ကြီးကျယ်သည်မူလည်း ဖြစ်ကုန်သော။ ခုဒ္ဒကေသု ဝါ၊ သေးငယ်သည် မူလည်းဖြစ်ကုန်သော။ ကမ္မေသု၊ အလုပ်ကိစ္စတို့သည်။ ဥပ္ပန္နေသု၊ ဖြစ်ကုန်လသော်။
**အတ္တနာဝါ ယောဂံ အာပဇ္ဇတီ**တိ၊ ကား။ တာနိ တာနိ ကိစ္စာနိ၊ ထိုထို ကိစ္စတို့ကို။ သာဓေန္တော၊ ပြီးစေလျက်။ ပညတ္တိံ၊ ပညတ်တော်ကို။ ဝီတိက္ကမတိ၊ လွန်ကျူး၏။ သလ္လေခံ၊ သလ္လေခအကျင့်ကို။ ကောပေတိ၊ ပျက်စေ၏။ ["ယောဂံ၊ အာပဇ္ဇတိ" ၏ အရဖြစ်သော အပြစ်တွေကို ပြသည်။ သဒ္ဒတ္ထမှာ "ယောဂံ၊ အားထုတ်ခြင်းသို့" ဟုဖြစ်၏။]
**ယော တတ္ထာ**တိ၊ ကား။ တသ္မိံ သံသဋ္ဌဝိဟာရေ၊ ထိုလူတို့နှင့် ရောနှော၍ နေခြင်း၌၎င်း။ တသ္မိံ ယောဂါပဇ္ဇနေ ဝါ၊ ထို ကိစ္စကရဏီယတို့၌ အားထုတ်ခြင်းသို့ ရောက်ခြင်း၌၎င်း။ ဂေဟဿိတော၊ သော။ ယော ဝိတက္ကော၊ အကြင် ဝိတက်သည်။ (အတ္ထိ)။ အယံ၊ ဤ ဝိတက်သည်။ ပရာနုဒ္ဒယတာ ပဋိသံယုတ္တော၊ သူတပါးတို့ကို အဖန်ဖန် စောင့်ရှောက်ခြင်းဟူသော မေတ္တာ ကရုဏာအတုနှင့် စပ်ယှဉ်သော။ ဝိတက္ကောနာမ၊ မည်၏။
၈၈၉။ **လာဘ။ ပေ။ ပဋိသံယုတ္တော**တိ၊ ကား။ စီဝရာ ဒိလာဘေန စေဝ၊ သင်္ကန်းအစရှိသော သာမညလာဘ်နှင့်၎င်း။ သက္ကာရေနစ၊ ကောင်းစွာ ပြုအပ်သော ဝိသေသလာဘ်နှင့်၎င်း။ ကိတ္တိသဒ္ဒေနစ၊ ကျော်စောသံနှင့်၎င်း။ သဒ္ဓိံ၊ တကွ။ အာရမ္မဏ ကရဏဝသေန၊ အာရုံပြုခြင်း၏ အစွမ်းဖြင့်။ ပဋိသံယုတ္တော၊ စပ်ယှဉ်သော။ (ဝိတက္ကော၌စပ်။)
၈၉ဝ။ **အနဝညတ္တိ ပဋိသံယုတ္တော**တိ၊ ကား။ မံ၊ ငါ့ကို။ ပရေ၊ တပါးသောပုဂ္ဂိုလ်တို့သည်။ န အဝဇာနေယျုံ၊ အထင်မသေးပါကုန်မူကား။ အဟောဝတ၊ ဪ...ကောင်းလေစွာ့။ ပေါထေတွာ၊ ပုတ်ခတ်၍။ ဝိဟေဌေတွာ၊ ညှဉ်းဆဲ၍။ န ကထေယျုံ၊ မပြောပါကုန်မူကား။ (အဟောဝတ၊ စွာ့။) ဣတိဧဝံ၊ သို့။ အနဝညာတဘာဝပတ္ထနာယ၊ အထင်မသေးအပ်သူ၏ အဖြစ်ကို တောင့်တခြင်းနှင့်။ သဒ္ဓိံ၊ ကွ။ ဥပ္ပဇ္ဇနဝိတက္ကော၊ ဖြစ်သော ဝိတက်တည်း။
**ယော တတ္ထ ဂေဟဿိတော**တိ၊ ကား။ မံ၊ ငါ့ကို။ ပရေ၊ တို့သည်။ မာ အဝဇာနိံ သု၊ အထင်မသေးပါစေကုန်လင့်။ ဣတိ၊ ဤသို့။ ဥပ္ပန္နေ၊ ဖြစ်သော။ တသ္မိံ စိတ္တေ၊ ထိုစိတ်၌။ ပဉ္စ။ ပေ။ ဂေဟနိဿိတော၊ ငါးပါးသော ကာမဂုဏ်ဟု ဆိုအပ်သော အိမ်၌ မှီသည်။ ဟုတွာ၊ ၍။ ယော ဥပ္ပန္နဝိတက္ကော၊ အကြင်ဖြစ်သော ဝိတက်သည်။ (အတ္ထိ)။
သဗ္ဗတ္ထ၊ အလုံးစုံသော ပါဠိရပ်တို့၌။ သေသံ၊ ဖွင့်ဆိုအပ်ပြီးမှ ကြွင်းသောပုဒ်အပေါင်းသည်။ ပါကဋမေဝ၊ သာ။ ဣတိ၊ အပြီးတည်း‌။
ဧကကနိဒ္ဒေသဝဏ္ဏာနာ(နိဋ္ဌိတာ)။
၈၉၁။ ဒုကေသု၊ ဒုကတို့တွင်။ ကောဓနိဒ္ဒေသာဒယော၊ ကောဓနိဒ္ဒေသအစရှိသည်တို့ကို။ ဟေဋ္ဌာ ဝုတ္တနယေနေဝ ဝေဒိတဗ္ဗာ။
ပန၊ ကား။ ဟေဋ္ဌာ၊ ၌။ အနာဂတေသု၊ မလာကုန်သော။ ဥပနာဟနိဒ္ဒေသာဒီသု၊ ဥပနာဟနိဒ္ဒေသ အစရှိသည်တို့၌။ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော။) ပုဗ္ဗကာလံ၊ ရှေးကာလ၌ဖြစ်သော။ ကောဓံ၊ ကောဓကို။ ဥပနယှတိ၊ ကပ်၍ ဖွဲ့တတ်၏။ [ဒိဝါဒိနဟဓာတ် "ဗန္ဓန" အနက်ဟော။] ဣတိ၊ ကြောင့်။ အပရကာလကောဓော၊ နောက်ကာလ၌ဖြစ်သော ကောဓသည်။ **ဥပနာဟော** နာမ၊ မည်၏။
ဥပနယှနာကာရော၊ ကပ်၍ ဖွဲ့ပုံ အခြင်းအရာသည်။ **ဥပနယှနာ**၊ မည်၏။
ဥပနယှိတဿ၊ ကပ်၍ ဖွဲ့တတ်သော ပုဂ္ဂိုလ်၏။ ဘာဝေါ၊ ဖြစ်ကြောင်းဖြစ်ရာတည်း။ **ဥပနယှိတတ္တံ**၊ ရာ။
**အဋ္ဌပနာ**တိ၊ ကား။ ပဌမုပ္ပန္နဿ၊ ပဌမဖြစ်သော ကောဓကို။ အနန္တရဋ္ဌပနာ၊ အခြားမဲ့၌ ထားခြင်းတည်း။ ဝါ၊ တနည်း။ မရိယာဒဋ္ဌပနာ၊ ပဌမဖြစ်ပုံ အပိုင်းအခြားအတိုင်း ထားခြင်းတည်း။အဋ္ဌပနာ။ ။ အနန္တရဋ္ဌပနာအတွက် အ သည် "အနန္တရအနက်" ဟောတည်း၊ တနည်းမရိယာဒအနက်ဟော အာ သဒ္ဒါဖြင့် အာဋ္ဌပနာ ဟု ဆိုလိုလျက် ရဿ ပြု၍ အဋ္ဌပနာ ဟုဖြစ်ရသည်၊ ထို့ကြောင့် အာ အတွက် "မရိယာဒ" ဟုဖွင့်သည်။ [အကာရော အနန္တရတ္ထဝါစကော၊ မရိယာဒဝါစကဿ ဝါ အာကာရဿ ရဿတ္တံ ကတွာ "အဋ္ဌပနာ" တိ ဝုတ္တန္တိ "အနန္တရဋ္ဌပနာ"တိ အာဒိမာဟ။-ဋီကာ။]
**ဌပနာ**တိ၊ ကား။ ပကတိဋ္ဌပနာ၊ ပင်ကိုယ် ရိုးရာအားဖြင့် ထားခြင်းတည်း။ [အ, သံ, အနု စသော ဝိသေသနပုဒ်တို့၏ အနက်မပါဘဲ ထားခြင်းကို "ပကတိဋ္ဌပနာ" ဟု ဆိုသည်။]
**သဏ္ဌပနာ**တိ၊ ကား။ သဗ္ဗတောဘာဂေန၊ အလုံးစုံသော အဖို့အားဖြင့်။ ပုနပ္ပုနံ၊ ထပ်။ [သံကို ဖွင့်သည်။] အာဃာတဋ္ဌပနာ၊ ရန်ငြိုးကို ထားခြင်းတည်း။
**အနုသံသန္ဒနာ**တိ၊ ကား။ ပဌမုပ္ပန္နေန၊ ရှေးဦးစွာဖြစ်သော။ ကောဓေန၊ ကောဓနှင့်။ သဒ္ဓိံ၊ တကွ။ [အနုကို ဖွင့်သည်။] အန္တရံ၊ အကြားကို။ အဒဿေတွာ၊ မပြမူ၍။ [သံကို ဖွင့်သည်။] ဧကီဘာဝကရဏာ၊ တခုတည်းကဲ့သို့သော အဖြစ်ကို ပြုခြင်းတည်း။ [သန္ဒနကို ဖွင့်သည်။ ရှေ့ကောဓနှင့် နောက်ကောဓကို ရောနှောခြင်း ဟူသည် တခုကဲ့သို့ပြုခြင်းတည်း။]
**အနုပ္ပဗန္ဓနာ**တိ၊ ကား။ ပုရိမေန၊ ရှေ့ဖြစ်သော ကောဓနှင့်။ သဒ္ဓိံ။ ပစ္ဆိမဿ၊ နောက်ဖြစ်သော ကောဓကို။ ဃဋနာ၊ စပ်ခြင်းတည်း။
**ဒဠှီကမ္မန္တိ**၊ ကား။ ထိရကရဏံ၊ ခိုင်မြဲအောင် ပြုခြင်းတည်း။
**အယံ ဝုစ္စတီ**တိ၊ ကား။ ဥပနဟနလက္ခဏော၊ ရန်ငြိုးဖွဲ့ခြင်း လက္ခဏာရှိသော။ ဝေရံ၊ ရန်ကို။ အပ္ပဋိနိသဇ္ဇနရသော၊ မစွန့်လွှတ်ခြင်း ကိစ္စရှိသော။ အယံ၊ ဤ ကောဓကို။ ဥပနာဟောတိ၊ ဥပနာဟ ဟူ၍။ ဝုစ္စတိ။
ယေန၊ ယင်း ဥပနာဟနှင့်။ သမန္နာဂတော၊ သော။ ပုဂ္ဂလော၊ သည်။ ဝေရံ၊ ကို။ နိဿဇ္ဇိတုံ၊ စွန့်ခြင်းငှါ။ န သက္ကောတိ၊ မစွမ်းနိုင်။
ဧဝံနာမ၊ ဤမည်သော စကားကို။ မံ၊ ငါ့ကို။ ဧသ (ဧသော)၊ ဤသူသည်။ ဝတ္တုံ၊ ပြောဆိုခြင်းငှါ။ အနနုစ္ဆဝိကော၊ မလျောက်ပတ်။ ဣတိ၊ သို့။ အပရာပရံ၊ အဆင့်ဆင့်။ အနုဗန္ဓတိ၊ အစဉ်လိုက်၏။ ဝါ၊ နှောင်ဖွဲ့၏။
အာဒိတ္တပူတိအလာတံဝိယ၊ မီးလောင်အပ်သော ထင်းပုတ်မီး စသည်ကဲ့သို့။ ဇလတေဝ၊ တောက်မြဲတောက်သည်သာ။
ဓောဝိယမာနံ၊ ဆေးကြောအပ်ပြီးသော။ အစ္ဆစမ္မံ ဝိယ၊ ဝံရေကဲ့သို့၎င်း။ ဝသာတေလမက္ခိတပိလောတိကာ ဝိယ စ၊ သားဆီသည် လူးအပ်သော ပုဆိုးပိုင်းကဲ့သို့၎င်း။ န ပရိသုဇ္ဈတိ၊ မစင်ကြယ်နိုင်။
၈၉၂။ မက္ခနဘာဝဝသေန၊ သူတပါး၏ ဂုဏ်ကို ချေဖျက်ခြင်း ဟူသောသဘော၏ အဖြစ်ဖြင့်။ **မက္ခော**၊ မက္ခ မည်၏။
ဂူထော၊ မစင်သည်။ ဂူထပဟရဏကံ၊ မစင်ဖြင့် သူတပါးကို ပုတ်ခတ်သူကို။ (မစင်ကို ကိုင်၍ သူတပါးကိုပေါက်သူကို။) ပဌမတရံ၊ ရှေးဦးစွာ။ မက္ခေတိ ဝိယ၊ လူးသကဲ့သို့။ ပရဂုဏမက္ခနာယ၊ သူတပါး၏ ဂုဏ်ကို ချေဖျက်ခြင်းအားဖြင့်။ ပဝတ္တန္တောပိ၊ ဖြစ်ပါသော်လည်း။ (ဖြစ်သည်လည်းဖြစ်သော မက္ခသည်။) အတ္တနော၊ မိမိဟူသောမက္ခကို။ ကာရကံ၊ ပြုသော ပုဂ္ဂိုလ်ကို။ (ပဌမတရံ မက္ခေတိ။) ဣတိ အတ္ထော။
တတော၊ ထို မက္ခောဟူသော သဒ္ဒါမှ။ ပရာ၊ နောက်ဖြစ်ကုန်သော။ ဒွေ၊ မက္ခာယနာ မက္ခာယိတတ္တံ ဟူသော နှစ်ပါးသော သဒ္ဒါတို့သည်။ အာကာရဘာဝနိဒ္ဒေသာ၊ အာကာရကို ညွှန်ပြကြောင်း, ဘာဝကို ညွှန်ပြကြောင်း သဒ္ဒါတို့တည်း။ [တံတွေးထွေးခြင်း အနက်ကို ဟောရာ၌ ဓာတ်ကျမ်းတို့ဝယ် နိပုဗ္ဗဌုဘဓာတ်သာ ရှိ၏။ ထို အလို "နိဋ္ဌုဘဘာဝေါ, နိဋ္ဌုဘိယံ" စသည်ဖြင့် ရှိရပေလိမ့်မည်။ သို့သော် ပါဌ်ရှိအတိုင်း အနက်ပေးပါမည်။]
နိဋ္ဌုရဘာဝေါ၊ တံတွေးထွေးတတ်သူ၏ ဖြစ်ကြောင်းဖြစ်ရာသည်။ **နိဋ္ဌုရိယံ**၊ မည်၏။
တံ၊ ထိုသူ့ကို။ နိဿာယ၊ မှီ၍။ ဧတ္ထကမ္ပိ၊ ဤမျှသော အကျိုးသည်လည်း။ နတ္ထိ၊ မရှိ။ ဣတိ၊ ဤသို့ပြော၍။ ခေဠပါတနံ၊ တံတွေးကို ကျစေခြင်းတည်း။ (တံတွေးထွေးခြင်းတည်း။) ဣတိ အတ္ထော။
**နိဋ္ဌုရိယကမ္မန္တိ**၊ ကား။ နိဋ္ဌုရိယကရဏံ၊ တံတွေးထွေးသူ၏ အဖြစ်ကို ပြုခြင်းသည်။ (အတ္ထိ)။
ဟိ၊ ချဲ့။ ဂဟဋ္ဌောဝါ၊ အိမ်၌ တည်သူ လူဝတ်ကြောင်သည်မူလည်း။ ဂဟဋ္ဌံ၊ အိမ်၌ တည်သူ လူဝတ်ကြောင်ကို။ ဘိက္ခု ဝါ၊ ရဟန်းသည်မူလည်း။ ဘိက္ခုံ၊ ရဟန်းကို။ နိဿာယ၊ မှီ၍။ ဝသန္တော၊ နေလသော်။ အပ္ပမတ္တကေနေဝ၊ အနည်းငယ်သော အကြောင်းကြောင့်ပင်။ ကုဇ္ဈိတွာ၊ စိတ်ဆိုး၍။ တံ၊ ထိုဆရာဖြစ်သူကို။ (ဆရာဖြစ်သော ထို လူဝတ်ကြောင်, ထို ဘုန်းကြီး စသူကို။) နိဿာယ ဧတ္တကမ္ပိ နတ္ထိ။ ဣတိ၊ ဤသို့ပြော၍။ ခေဠံ၊ တံတွေးကို။ ပါတေတွာ၊ ကျစေ၍။ (တံတွေးထွေး၍။) ပါဒေန၊ ခြေဖြင့်။ မဒ္ဒန္တော ဝိယ၊ ချေဖျက်သကဲ့သို့။ နိဋ္ဌုရိယံ နာမ၊ တံတွေးထွေးတတ်သူ၏ အဖြစ်မည်သည်ကို။ ကရောတိ၊ ပြုတတ်၏။
တဿ၊ ထို တံတွေးထွေးတတ်သောပုဂ္ဂိုလ်၏။ တံ ကမ္မံ၊ ထိုတံတွေးထွေးခြင်းအမှုကို။ နိဋ္ဌုရိယကမ္မန္တိ၊ ဟူ၍။ ဝုစ္စတိ။
ပန၊ ပဒတ္ထမှတပါး လက္ခဏာဒျတ္ထကား။ လက္ခဏာဒိတော၊ လက္ခဏာ အစရှိသောအားဖြင့်။ ဧသ(ဧသော)မက္ခော၊ ဤမက္ခသည်။ ပရဂုဏမက္ခနလက္ခဏော၊ သူတပါးတို့၏ဂုဏ်ကို ချေဖျက်ခြင်းလက္ခဏာရှိ၏။ တေသံ၊ ထို သူတပါးတို့၏ဂုဏ်ကို။ ဝိနာသနရသော၊ ချေဖျက်ခြင်းကိစ္စရှိ၏။ ပရေန၊ သူတပါးသည်။ သုကတာနံ၊ ကောင်းစွာပြုအပ်ကုန်သော။ ကိရိယာနံ၊ အမူအရာတို့ကို။ အဝစ္ဆာဒနပစ္စုပဋ္ဌာနော၊ ဖုံးတတ်သောတရားဟု ယောဂီတို့ဉာဏ်အား ရှေ့ရှုထင်လာ၏။
ပဠာသတိ၊ ဂုဏ်တုဂုဏ်ပြိုင် ပြုတတ်၏။ ဣတိ၊ ထို့ကြောင့်။ **ပဠာသော**၊ မည်၏။
ပရဿ၊ ၏။ ဂုဏေ၊ ဂုဏ်တို့ကို။ ဒံသိတွာ၊ ကိုက်ဖြတ်၍။ အတ္တနော၊ ၏။ ဂုဏေဟိ၊ တို့နှင့်။ သမံ၊ ညီမျှသည်ကို။ ကရောတိ၊ ပြုတတ်၏။ ဣတိ အတ္ထော။ပရဿ။ ပေ။ သမံ ကရောတိ။ ။ စာအုပ်တို့၌ "ဒဿေတွာ" ဟုရှိသော်လည်း ဋီကာ၌ "ဒန္တေဟိ ဆိန္ဒိတွာ" ဟုဖွင့်သောကြောင့် "ဒံသိတွာ" ဟု ရှိမှ ဒံသဓာတ်၏ ကိုက်ဖြတ်ခြင်းအနက်နှင့် လျော်မည်၊ သူတပါးဂုဏ်က မြင့်သောကြောင့် သူတပါး၏ ပိုနေသောဂုဏ်ကိုကိုက်ဖြတ်၍ မိမိဂုဏ်နှင့် တူအောင်ပြုသည်-ဟူလို။ ထိုကဲ့သို့ ဂုဏ်တု ဂုဏ်ပြိုင် ပြုခြင်းကို "အဖျင်းမူ အင်တူပြုခြင်း" ဟု ဆိုကြ၏၊ "အင်တူ" ဟူရာ၌ ဂုဏ်အင်္ဂါအားဖြင့် တူသည်ကို ဆိုလိုသည်။
ပဠာသဿ၊ ဂုဏ်တုဂုဏ်ပြိုင် ပြုတတ်သူ၏။ အာယနာ၊ ဖြစ်ခြင်းတည်း။ **ပဠာသာယနာ**၊ ဖြစ်ခြင်း။
ပဠာသော စ၊ ဂုဏ်တုဂုဏ်ပြိုင်ပြုတတ်သည်လည်းဟုတ်၏။ သော၊ ထိုဂုဏ်တုဂုဏ်ပြိုင်ပြုတတ်သော အရာဟူသည်။ အတ္တနော၊ ၏။ ဇယာဟရဏတော၊ တူသည်၏အဖြစ်ကို ထားခြင်းဟူသော အောင်ခြင်းကို ဆောင်ခြင်းကြောင့်။ အာဟာရော စ၊ အာဟာရလည်း ဟုတ်၏။ ဣတိ၊ ထို့ကြောင့်။ **ပဠာသာဟာရော**၊ မည်၏။**ဇယာဟရဏတော။** ။ သမဘာဝဒဟနံ၊ တူသည်၏ အဖြစ်ကို ထားခြင်းသည်။ ဇယော၊ မည်၏။ တဿ အာဟရဏတော အာဟာရော။-ဋီကာ။ သူတပါးကို ဂုဏ်တု ဂုဏ်ပြိုင်ပြုသော ပုဂ္ဂိုလ်၏ တူအောင်ပြုနိုင်ခြင်းသည်ပင် အောင်နိုင်ခြင်းတည်း၊ ထို့ကြောင့် "ဇယ" ကို "သမဘာဝဒဟနံ" ဟု အဓိပ္ပါယ် ဖွင့်ဟန်တူသည်။ ထိုအဖွင့်အတိုင်း နိဿယ၌ အနက်ပေးထား၏။ သဒ္ဒတ္ထမှာ "အောင်နိုင်ခြင်း" ပင်တည်း။
**ဝိဝါဒဋ္ဌာနန္တိ**၊ ကား။ ဝိဝါဒကာရဏံ၊ ငြင်းခုံခြင်း၏ အကြောင်းတည်း။
**ယုဂဂ္ဂါဟော**တိ၊ ကား။ သမဓုရဂ္ဂဟဏံ၊ အညီအမျှ ထမ်းပိုးကို ယူခြင်းတည်း။ (အညီအမျှ ထမ်းပိုးကို ယူခြင်းကဲ့သို့ အင်တူအားတူပြုခြင်း ဂုဏ်တုဂုဏ်ပြိုင်ပြုခြင်းတည်း။)
**အပ္ပဋိနိဿဂ္ဂေါ**တိ၊ ကား။ အတ္တနာ၊ သည်။ ဂဟိတဿ၊ ယူအပ်သော အယူကို။ အပ္ပဋိနိဿဇ္ဇနံ၊ မစွန့်ခြင်းတည်း။
ပန၊ ပဒတ္ထမှ တပါး လက္ခဏာဒျတ္ထကား။ လက္ခဏာဒိတော၊ အားဖြင့်။ ဧသ(ဧသော)ပဠာသော၊ သည်။ ယုဂဂ္ဂါဟလက္ခဏော၊ ထမ်းပိုးကို ယူခြင်းကဲ့သို့ အစုံယူခြင်း လက္ခဏာရှိ၏။ (တန်းတူယူခြင်း လက္ခဏာရှိ၏။) ပရဂုဏေဟိ၊ သူတပါး၏ ဂုဏ်တို့နှင့်။ အတ္တနော၊ ၏။ ဂုဏာနံ၊ ဂုဏ်တို့ကို။ သမကရဏရသော၊ အတူပြုခြင်း ကိစ္စရှိ၏။ ပရေသံ၊ သူတပါးတို့၏။ ဂုဏပ္ပမာဏေန၊ ဂုဏ်၏ပမာဏအားဖြင့်။ ဥပဋ္ဌာနပစ္စုပဋ္ဌာနော၊ ကပ်၍တည်ခြင်းဟု ယောဂီပုဂ္ဂိုလ်တို့ဉာဏ်အားရှေ့ရှုထင်လာ၏။ [အပြိုင်ပြုခြင်းဟူသည် သူ့ထက်သာအောင်ပြုခြင်းမဟုတ်, သူနှင့် တန်းတူရုံသာပြုခြင်းဖြစ်သောကြောင့် သူတပါးတို့၏ ဂုဏ်ပမာဏအားဖြင့် ယောဂီတို့၏ ဉာဏ်အားထင်လာသည်။]
ဟိ၊ မှန်။ ပဠာသီ၊ အပြိုင်ပြုခြင်းရှိသော။ ပုဂ္ဂလော၊ သည်။ ဒုတိယဿ၊ နှစ်ယောက်မြောက်ပုဂ္ဂိုလ်အား။ ဓုရံ၊ အကြီးအကဲ၏အဖြစ်ကို။ န ဒေတိ၊ မပေး။ [ဓုရံ န ဒေတီတိ ပါမောက္ခံ န ဒေတိ။-ဋီကာ။] သမံ၊ သူနှင့် ညီမျှအောင်။ ပသာရေတွာ၊ ဆန့်တန်း၍။ တိဋ္ဌတိ၊ တည်၏။ သာကစ္ဆမဏ္ဍလေ၊ ဆွေးနွေးရာတန်ဆောင်းဝန်း၌။ အညေန၊ တပါးသော။ ဘိက္ခုနာ၊ သည်။ ဗဟူသု၊ များစွာကုန်သော။ သုတ္တေသု စ၊ သုတ်တို့ကို၎င်း။ ကာရဏေသုစ၊ အကြောင်းတို့ကို၎င်း။ အာဘတေသုပိ၊ ဆောင်အပ်ပြီးပါကုန်သော်လည်း။ တဝ၊ သင်၏။ ဝါဒေ စ၊ အယူ၌၎င်း။ မမ၊ ငါ၏။ (ဝါဒေ)စ၊ ၌၎င်း။ ကိံ နာမ၊ အဘယ်မည်သော။ နာနာကရဏံ၊ အသီးအခြားပြုကြောင်း အထူးသည်။ (ဟောတိ၊ ဖြစ်သနည်း။)
မဇ္ဈေ၊ အလယ်၌။ ဘိန္နသုဝဏ္ဏံ ဝိယ၊ ခွဲဖြတ်အပ်သော ရွှေကဲ့သို့။ အမှာကံ၊ သင်နှင့်ငါတို့၏။ ဝစနံ၊ စကားသည်။ ဧကသဒိသမေဝ၊ တထပ်တည်း တူသည်သာလျှင်။ (ဟောတိ)နနု၊ ဖြစ်သည်မဟုတ်ပါလော။ ဣတိ ဝဒတိ။
ဣဿာမစ္ဆရိယနိဒ္ဒေသာ၊ တို့သည်။ ဝုတ္တတ္ထာ ဧဝ။
၈၉၄။ မာယာနိဒ္ဒေသေ၊ ၌။ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော။) **ဝါစံ ဘာသတီ**တိ၊ ကား။ ဇာနံ (ဇာနန္တာ) ယေဝ၊ သိကုန်လျက်ပင်။ (ဝီတိက္ကမန္တာ၌စပ်။) ပဏ္ဏတ္တိံ၊ ဝိနည်းပညတ်တော်ကို။ ဝီတိက္ကမန္တာ၊ လွန်ကျူးကုန်သော။ ဘိက္ခူ၊ တို့သည်။ ဘာရိယံ၊ ဝန်လေးသောအမှုကို။ ကရောန္တိ၊ ပြုကုန်၏။ အမှာကံ ပန၊ ငါတို့၏ကား။ ဝီတိက္ကမဋ္ဌာနံနာမ၊ လွန်ကျူးရာဌာန မည်သည်။ နတ္ထိ၊ မရှိပါ။ ဣတိ၊ သို့။ ဥပသန္တော ဝိယ၊ ငြိမ်သက်သော ပုဂ္ဂိုလ်သည်ကဲ့သို့။ ဘာသတိ၊ ပြောဆို၏။
**ကာယေန ပရက္ကမတီ**တိ၊ ကား။ မယာ၊ သည်။ ကတံ၊ ပြုအပ်ပြီးသော။ ဣဒံ ပါပကမ္မံ၊ ဤမကောင်းမှုကို။ ကေစိ၊ မည်သူတို့မျှ။ မာ ဇာနိံ သု၊ မသိပါစေကုန်လင့်။ ဣတိ၊ ဤသို့ကြံ၍။ ကာယေန၊ ကိုယ်ဖြင့်။ ဝတ္တံ၊ စေတီရင်ပြင်စသည်၌ပြုထိုက်သော ဝတ်အကျင့်ကို။ ကရောတိ၊ ပြု၏။
ဝိဇ္ဇမာနဒေါသပဋိစ္ဆာဒနတော၊ ထင်ရှားရှိသော အပြစ်ကို ဖုံးလွှမ်းခြင်းကြောင့်။ စက္ခုမောဟနမာယာ ဝိယ၊ မျက်စိကို တွေဝေစေတတ်သော မျက်လှည့်အတတ်နှင့် တူ၏။ ဣတိ၊ ကြောင့်။ **မာယာ**၊ မည်၏။
မာယာဝိနော၊ လှည့်ပတ်ခြင်းရှိသော ပုဂ္ဂိုလ်၏။ ဘာဝေါ၊ တည်း။ **မာယာဝိတာ**၊ ရာ။
ဧတာယ၊ ဤ မာယာဖြင့်။ သတ္တာ၊ တို့သည်။ ပါပံ၊ မကောင်းမှုကို။ ကတွာ၊ ပြုပြီး၍။ ပုန၊ တဖန်။ ပဋိစ္ဆာဒနတော၊ ဖုံးခြင်းကြောင့်။ အတိစ္စ၊ လွန်ကျူးပြီး၍။ အာသရန္တိ၊ လာတတ်ကုန်၏။ ဝါ၊ ဖုံးလွှမ်းခြင်း၌ ဖြစ်တတ်ကုန်၏။ ဣတိ၊ ကြောင့်။ **အစ္စာသရာ**၊ မည်၏။
ဟိ၊ မှန်။ ကာယဝါစာကိရိယာ၊ ကိုယ်အပြုအမူ, နှုတ်အပြုအမူသည်။ အညထာ၊ ပြုအပ်ပြီးသော အခြင်းအရာမှ တမျိုးတဖုံအားဖြင့်။ ဒဿနတော၊ ပြခြင်းအားဖြင့်။ ဝဉ္စေတိ၊ လှည့်ပတ်တတ်၏။ ဣတိ၊ ကြောင့်။ **ဝဉ္စနာ**၊ မည်၏။
ဧတာယ၊ ဤ သဘောတရားဖြင့်။ သတ္တာ၊ တို့သည်။ နိကရောန္တိ၊ မှားမှားယွင်းယွင်း ပြုတတ်ကုန်၏။ ဝါ၊ စဉ်းလဲ ကောက်ကျစ်တတ်ကုန်၏။ ဣတိ၊ ထိုသို့မှားမှားယွင်းယွင်း ပြုကြောင်း၏အဖြစ်ကြောင့်။ ဝါ၊ စဉ်းလဲ ကောက်ကျစ်၍ပြုကြောင်း၏အဖြစ်ကြောင့်။ **နိကတိ**၊ မည်၏။
မိစ္ဆာ၊ မှားယွင်းသောအားဖြင့်။ ကရောန္တိ၊ ပြုတတ်ကုန်၏။ ဣတိ အတ္ထော။
အဟံ၊ သည်။ ဧဝံ၊ သို့။ န ကရောမိ၊ မပြုပါ။ ဣတိ၊ ဤသို့။ ပါပါနံ၊ မကောင်းမှုတို့ကို။ ဝိက္ခိပနတော၊ ပစ်လွှင့်တတ်သည်၏ အဖြစ်ကြောင့်။ **ဝိကိရဏာ**၊ မည်၏။
အဟံ၊ သည်။ ဧဝံ န ကရောမိ။ ဣတိ၊ ဤသို့။ ပရိဝဇ္ဇနတော၊ ရှောင်လွှဲခြင်းကြောင့်။ **ပရိဟရဏာ**၊ မည်၏။
ကာယာဒီဟိ၊ ကိုယ် အစရှိသည်တို့ဖြင့်။ သံဝရဏတော၊ စောင့်စည်း လျှို့ဝှက်တတ်သည်၏ အဖြစ်ကြောင့်။ **ဂူဟနာ**၊ မည်၏။
သဗ္ဗတောဘာဂေန၊ ဖြင့်။ ဂူဟနာ၊ စောင့်စည်း လျှို့ဝှက်ခြင်းသည်။ **ပရိဂူဟနာ**၊ မည်၏။
တိဏပဏ္ဏေဟိ၊ မြက်သစ်ရွက်တို့ဖြင့်။ ဂူထံ၊ မစင်ကို။ (ဆာဒေတိ)ဝိယ၊ ဖုံးလွှမ်းသကဲ့သို့။ ကာယဝစီကမ္မေဟိ၊ ကာယကံ ဝစီကံတို့ဖြင့်။ ပါပံ၊ ကို။ ဆာဒေတိ၊ ဖုံးလွှမ်းတတ်၏။ ဣတိ၊ ကြောင့်။ **ဆာဒနာ**၊ မည်၏။
သဗ္ဗတော ဘာဂေန၊ ဖြင့်။ ဆာဒနာ၊ ဖုံးလွှမ်းတတ်သော သဘောတရားသည်။ **ပဋိစ္ဆာဒနာ**၊ မည်၏။ ["သဗ္ဗတော ဘာဂေန" ကိုထောက်၍ "ပရိစ္ဆာဒနာ" ဟု မူရင်းပါဌ် ရှိသင့်သည်။ ထိုသို့ရှိမှ "ဂူဟနာ ပရိဂူဟနာ ဆာဒနာ ပရိစ္ဆာဒနာ" ဟု ရှေ့နောက် လျော်သည်။]
ဥတ္တာနံ၊ ပေါ်လွင်သည်ကို။ ကတွာ၊ ၍။ န ဒဿေတိ၊ မပြတတ်။ ဣတိ၊ ကြောင့်။ **အနုတ္တာနီကမ္မံ**၊ မည်၏။
ပါကဋံ၊ ထင်ရှားသည်ကို။ ကတွာ န ဒဿေတိ၊ မပြတတ်။ ဣတိ၊ ကြောင့်။ **အနာဝိကမ္မံ**၊ မည်၏။
သုဋ္ဌု၊ ကောင်းစွာ။ ဆာဒနာ၊ သည်။ **ဝေါစ္ဆာဒနာ**၊ မည်၏။ [ဝိ+အဝ+ဆဒဓာတ် ယုပစ္စည်း။ ဝိ အဝကို "သုဋ္ဌု" ဟု ဖွင့်သည်။]
ကတ ပဋိစ္ဆာဒနဝသေန၊ ပြုအပ်ပြီးသော အပြစ်ကို ဖုံးလွှမ်းခြင်း၏အစွမ်းဖြင့်။ ပုနပိ၊ တဖန်လည်း။ ပါပဿ၊ ကို။ ကရဏတော၊ ပြုခြင်းကြောင့်။ **ပါပကိရိယာ**၊ မည်၏။
**အယံ ဝုစ္စတီ**တိ၊ ကား။ အယံ၊ ဤသဘောကို။ ကတပဋိစ္ဆာဒနလက္ခဏာ၊ ပြုအပ်ပြီးသော အပြစ်ကို ဖုံးလွှမ်းခြင်းလက္ခဏာရှိသော။ မာယာ နာမ၊ မည်၏ဟူ၍။ ဝုစ္စတိ။
ယာယ၊ ယင်းမာယာနှင့်။ သမန္နာဂတော၊ သော။ ပုဂ္ဂလော၊ သည်။ ဘသ္မာပဋိစ္ဆန္နော၊ ပြာဖြင့်ဖုံးအုပ်အပ်သော။ အင်္ဂါရောဝိယ၊ မီးကျီးကဲ့သို့၎င်း။ ဥဒကပဋိစ္ဆန္နော၊ ရေဖြင့်ဖုံးအုပ်အပ်သော။ ခါဏုဝိယ၊ သစ်ငုတ်ကဲ့သို့၎င်း။ ပိလောတိကာပလိဝေဌိတံ၊ အဝတ်ပိုင်းဖြင့် ရစ်ပတ်အပ်သော။ သတ္ထံ ဝိယ စ၊ လက်နက်ကဲ့သို့၎င်း။ ဟောတိ။
သာဌေယျနိဒ္ဒေသေ၊ ၌။ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော။) **သဌော**တိ၊ ကား။ အသန္တဂုဏ ပရိဒီပနတော၊ မိမိ၌ ထင်ရှားမရှိသောဂုဏ်ကို ထင်ရှားပြခြင်းကြောင့်။ သမ္မာ၊ ကောင်းစွာ။ ဝါ၊ မှန်ကန်စွာ။ နဘာသိတာ၊ မပြောဆို။ [ဤကဲ့သို့အမှန်အတိုင်း မပြောဆိုခြင်းကိုပင် "သဌ(ကောက်ကျစ်စဉ်းလဲသူ)" ဟုခေါ်သည်။]
သဗ္ဗတောဘာဂေန၊ ဖြင့်။ သဌော၊ ကောက်ကျစ် စဉ်းလဲသူတည်း။ **ပရိသဌော**၊ ထက်ဝန်းကျင် ကောက်ကျစ်စဉ်းလဲသူ။
**ယံ တတ္ထာ**တိ၊ ကား။ တသ္မိံပုဂ္ဂလေ၊ ၌။ ယံ(သဌံ)၊ အကြင် ကောက်ကျစ်စဉ်းလဲခြင်းသည်။ [ဤသို့ ပါဠိတော်နှင့် တွဲပေးပါ။]
**သဌန္တိ**၊ ကား။ အသန္တဂုဏဒီပနံ၊ ထင်ရှားမရှိသောဂုဏ်ကိုပြခြင်းဟူသော။ ကေရာဋိယံ၊ ကောက်ကျစ်စဉ်းလဲသူ၏ အဖြစ်သည်။ (အတ္ထိ)။
**သဌတာ**တိ၊ ကား။ သဌာကာရော၊ ကောက်ကျစ်စဉ်းလဲခြင်းဟူသော အခြင်းအရာသည်။ (အတ္ထိ)။
**ကက္ကရတာ**တိ၊ ကား။ ပဒုမနာလိဿ၊ ပဒုမ္မာကြာရိုး၏။ အပရာမသနက္ခမော၊ သုံးသပ်ခြင်း၌ မခံ့သော။ (သုံးသပ်၍ မကောင်းသော။) ခရဖရုသဘာဝေါ ဝိယ၊ ခက်ထန် ကြမ်းတမ်းသည်၏အဖြစ်ကဲ့သို့။ (ကြာရိုး၌ ဆူးတွေထနေသကဲ့သို့)။
အပရာမသနက္ခမေဝ၊ သော။ ခရဖရုသဘာဝေါ၊ သည်။ (အတ္ထိ)။ **ကက္ကရိယန္တိ**ပိ၊ ဟူသော ပုဒ်သည်လည်း။ တဿေဝ၊ ထို ကက္ကရတာပုဒ်၏ပင်။ ဝေဝစနံ၊ တည်း။ [တာပစ္စည်းနှင့် ဏျပစ္စည်းသာထူးသည်-ဟူလို။]
**ပရိက္ခတ္တတာ ပါရိက္ခတ္တိယန္တိ** ပဒဒွယေန၊ ဟူသော ပုဒ်နှစ်ပါးအပေါင်းဖြင့်။ နိခဏိတွာ၊ မြေ၌တူးစိုက်၍။ ဌပိတံ ဝိယ၊ ထားအပ်သော အရာဝတ္ထုကဲ့သို့။ ဒဠှကေရာဋိယံ၊ ခိုင်မြဲသော ကောက်ကျစ်စဉ်းလဲသူ၏အဖြစ်ကို။ (ဘဂဝတာ)ဝုတ္တံ။
**ဣဒံ ဝုစ္စတီ**တိ၊ ကား။ ဣဒံ၊ ဤသဘောတရားကို။ အတ္တနော၊ ၏။ အဝိဇ္ဇမာနဂုဏပ္ပကာသနလက္ခဏံ၊ ထင်ရှားမရှိသော ဂုဏ်ကို ထင်ရှားပြခြင်း လက္ခဏာရှိသော။ သာဌေယျံ နာမ၊ ကောက်ကျစ်စဉ်းလဲသူ၏အဖြစ် မည်၏ဟူ၍။ ဝုစ္စတိ၊ ၏။ [မာယာသည် မိမိပြုအပ်ပြီးသော မကောင်းမှုတို့ကို ဖုံးကွယ်ထားခြင်းလက္ခဏာ ရှိ၏။ သာဌေယျကား မိမိ၌ ထင်ရှားမရှိသော ဂုဏ်တို့ကို ထင်ရှားပြခြင်းလက္ခဏာရှိသည်။]
ယေန၊ ယင်း သာဌေယျနှင့်။ သမန္နာဂတဿ၊ သော။ ပုဂ္ဂလဿ၊ ၏။ ကုစ္ဆိဝါ၊ ဝမ်းဗိုက်သည်၎င်း။ ဝါ၊ ကို၎င်း။ ပိဋ္ဌိဝါ၊ ကျောက်ကုန်းသည်၎င်း။ ဝါ၊ ကို၎င်း။ ဇာနိတုံ၊ သိခြင်းငှါ။ န သက္ကာ၊ မတတ်ကောင်း။ [ဂါထာအနက်။]ကုစ္ဆိဝါ။ ပေ။ န သက္ကာ။ ။ ဘီလူး ဝက် ပြိတ္တာကြီးသည် တွေ့ရာ သတ္တဝါနှင့် တူအောင် ပြ၍ စားတတ်သောကြောင့် ထို သတ္တဝါနှင့် အလားတူသော အသန္တဂုဏ်တို့ဖြင့် ထင်စွာပြတတ်သော ပုဂ္ဂိုလ်တို့ကိုလည်း "ကုစ္ဆိဝါ။ ပေ။ န သက္ကာ" ဟု တင်စား၍ဆိုသည်။
ဝါမေန၊ လက်ဝဲဘက်ဖြင့်။ သူကရော၊ ဝက်သည်။ ဟောတိ။ ဒက္ခိဏေန၊ လက်ျာဘက်ဖြင့်။ အဇာမိဂေါ၊ ဆိတ်တည်းဟူသော သားကောင်သည်။ (ဟောတိ)။ [အဇော ဧဝ အဇာမိဂေါ။ ဇ ၌ အ ကို ဒီဃပြု။-ဋီကာ။]
သရေန၊ အသံဖြင့်။ နေလကော၊ နွားကလေးသည်။ ဟောတိ။ ဝိသာဏေန၊ ဦးချိုဖြင့်။ ဇရဂ္ဂဝေါ၊ နွားအိုသည်။ (ဟောတိ)။
ဣတိဧဝံ၊ သို့။ ဝုတ္တယက္ခသူကရသဒိသော၊ ဟောတော်မူအပ်သော ဘီလူး ဝက်နှင့်တူသည်။ ဟောတိ။
**အဝိဇ္ဇာ**ဒိနိဒ္ဒေသာ၊ တို့သည်။ ဝုတ္တတ္ထာ ဧဝ။
၉ဝ၂။ အနဇ္ဇဝနိဒ္ဒေသေ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော)။ **အနဇ္ဇဝေါ**တိ၊ ကား။**အနဇ္ဇဝေါ။** ။ ဥဇုနော+ဘာဝေါ အဇ္ဇဝံ၊ နတ္ထိ+အဇ္ဇဝံ ယဿာတိ အနဇ္ဇဝေါ။ ("ယဿ၊ အကြင် အခြင်းအရာ၏" ဟု ပေး။) ဤသို့ပြုလျှင် "အနုဇုတာ" နှင့် အရတူ၏ ထို့ကြောင့် "အနုဇုတာကာရော" ဟု ဖွင့်သည်-နောက် "အနဇ္ဇဝတာ"၌ကား "နတ္ထိ အဇ္ဇဝံ ယဿာတိ အနဇ္ဇဝေါ" ဟု ပုဂ္ဂိုလ်ရအောင်ပြု၍ "အနဇ္ဇဝဿ+ဘာဝေါ အနဇ္ဇဝတာ" ဟု ပြုပါ။ အနုဇုတာကာရော၊ မဖြောင့်မတ်သူ၏အဖြစ်ဟူသော အခြင်းအရာတည်း။
အနဇ္ဇဝဘာဝေါ၊ ဖြောင့်မတ်ခြင်းမရှိသူ၏ ဖြစ်ကြောင်း ဖြစ်ရာသည်။ **အနဇ္ဇဝတာ**၊ မည်၏။
**ဇိမှတာ**တိ၊ ကား။ စန္ဒဝင်္ကတာ၊ လရေးကောက်ကဲ့သို့ အဖျားနှစ်ဖက် ကောက်သူ၏အဖြစ်တည်း။
**ဝင်္ကတာ**တိ၊ ကား။ ဂေါမုတ္တဝင်္ကတာ၊ နွားကျင်ကောက်ကဲ့သို့ တလျှောက်လုံး ကောက်သူ၏အဖြစ်တည်း။
**ကုဋိလတာ**တိ၊ ကား။ နင်္ဂလကောဋိဝင်္ကတာ၊ ထယ်တုံး၏ အဖျားကောက်ကဲ့သို့ တဖက်၌သာ ကောက်သူ၏အဖြစ်တည်း။
သဗ္ဗေဟိပိ၊ ကုန်သော။ ဣမေဟိ ပဒေဟိ၊ ဤဇိမှတာ အစရှိသောပုဒ်တို့ဖြင့်။ ကာယ ဝစီ စိတ္တ ဝင်္ကတာဝ၊ ကိုယ် နှုတ် စိတ်တို့၏ ကောက်သည်၏အဖြစ်ကိုသာ။ ကထိတာ၊ ပြီ။
အမဒ္ဒဝနိဒ္ဒေသေ(အတ္ထော ဧဝံ ဝေဒိတဗ္ဗော)။ န မုဒုဘာဝေါ၊ မနူးညံ့သည်၏အဖြစ်သည်။ **အမုဒုတာ**၊ မည်၏။
အမဒ္ဒဝါကာရော၊ မနူးညံ့သည်၏အဖြစ်ဟူသော အခြင်းအရာသည်။ **အမဒ္ဒဝတာ**၊ မည်၏။
ကက္ခဠဘာဝေါ၊ ကြမ်းတမ်းသည်၏အဖြစ်သည်။ **ကက္ခဠိယံ**၊ မည်၏။
မဒ္ဒဝကရဿ၊ နူးညံ့သည်၏အဖြစ်ကိုပြုတတ်သော။ သိနေဟဿ၊ အစေး၏။ အဘာဝတော၊ မရှိခြင်းကြောင့်။ ဖရုသဘာဝေါ၊ ကြမ်းတမ်းသည်၏အဖြစ်သည်။ **ဖာရုသိယံ**၊ မည်၏။
အနီစဝုတ္တိတာယ၊ နိမ့်ကျသော ဖြစ်ခြင်းမရှိသည်၏ အဖြစ်ကြောင့်။ ဥဇုကမေဝ၊ ဖြောင့်ဖြောင့်သာလျှင်။ ဝါ၊ မတ်မတ်သာလျှင်။ ဌိတစိတ္တဘာဝေါ၊ တည်သောစိတ်ရှိသူ၏အဖြစ်သည်။ **ဥဇုစိတ္တတာ**၊ မည်၏။
ပုန၊ တဖန်။ အမုဒုတာဂဟဏံ၊ အမုဒုတာသဒ္ဒါသည်။ အမုဒုတာသင်္ခါတာ၊ မနူးညံ့သည်၏ အဖြစ်ဟု ဆိုအပ်သော။ ဥဇုစိတ္တတာ၊ ဖြောင့်သောစိတ် ရှိသူ၏အဖြစ်တည်း။ အဇ္ဇဝသင်္ခါတာ၊ ဖြောင့်မတ်သည်၏အဖြစ်ဟု ဆိုအပ်သော။ ဥဇုစိတ္တတာ၊ သည်။ န ဟောတိ၊ မဟုတ်။ ဣတိ၊ သို့။ တဿာ၊ ထို ဥဇုစိတ္တတာကို။ ဝိသေသနတ္ထံ၊ အထူးပြုရခြင်းအကျိုးရှိ၏။
၉ဝ၃။ **အက္ခန္တိ**နိဒ္ဒေသာဒယော၊ အက္ခန္တိအစရှိသော နိဒ္ဒေသတို့ကို။ ခန္တိနိဒ္ဒေသာဒိ ပဋိပက္ခတော၊ ခန္တိနိဒ္ဒေသ အစရှိသည်တို့၏ ဆန့်ကျင်ဘက်အားဖြင့်။ ဝေဒိတဗ္ဗာ။
၉ဝ၈။ သံယောဇနနိဒ္ဒေသေ(အတ္ထော ဧဝံ ဝေဒိတဗ္ဗော)။ **အဇ္ဈတ္တန္တိ**၊ ကား။ ကာမဘဝေါ၊ ကာမဘဝတည်း။
**ဗဟိဒ္ဓါ**တိ၊ ကား။ ရူပါရူပဘဝေါ၊ ရူပဘဝ, အရူပဘဝတည်း။
ဟိ၊ ချဲ့။ သတ္တာ၊ တို့သည်။ ကာမဘဝေ၊ ၌။ အပ္ပံ၊ အနည်းငယ်သော။ ကာလံ၊ ကာလမျှ။ ဝါ၊ ကာလ၌။ ကိဉ္စာပိ ဝသန္တိ၊ အကယ်၍ကား နေကြရပါပေကုန်၏။ ကပ္ပဿ၊ ကမ္ဘာ၏။ စတုတ္ထမေဝ၊ လေးခုမြောက်သာလျှင်ဖြစ်သော။ ကောဋ္ဌာသံ၊ အဖို့အစုပတ်လုံး။ ဝါ၊ အဖို့အစု၌။ (ကိဉ္စာပိဝသန္တိ)။ ဣတရေသု၊ လေးခုမြောက် ကောဋ္ဌာသမှ တပါးကုန်သော။ တီသု၊ ကုန်သော။ ကောဋ္ဌာသေသု၊ တို့၌။ ကာမဘဝေါ၊ ကာမဘုံသည်။ သုညော၊ သတ္တဝါတို့မှ ကင်းဆိတ်သည်။ တုစ္ဆော၊ အချည်းနှီးသည်။ ဟောတိ။ ရူပါရူပဘဝေ၊ ရူပဘဝ အရူပဘဝ၌။ ဗဟုံ၊ များစွာသော။ ကာလံ၊ ကာလပတ်လုံး။ (ကိဉ္စာပိ)ဝသန္တိ။ တထာပိ၊ ထိုသို့ နေရပါကုန်သော်လည်း။ နေသံ၊ ထိုသတ္တဝါတို့၏။ ယသ္မာ၊ ကြောင့်။ ကာမဘဝေ၊ ၌။ စုတိ ပဋိသန္ဓိယော၊ စုတိပဋိသန္ဓေတို့သည်။ ဗဟုကာ၊ များကုန်သည်။ ဟောန္တိ။ ရူပါရူပဘဝေသု၊ ရူပဘဝ အရူပဘဝတို့၌။ (စုတိ ပဋိသန္ဓိယော) အပ္ပါ(ဟောန္တိ)။ စ၊ ဆက်။ ယတ္ထ၊ အကြင်ကာမဘုံ၌။ စုတိ ပဋိသန္ဓိယော ဗဟုကာ(ဟောန္တိ)။ တတ္ထ၊ ထိုကာမဘုံ၌။ အာလယောပိ၊ တွယ်တာခြင်းသည်၎င်း။ ပတ္ထနာပိ၊ တောင့်တခြင်းသည်၎င်း။ အဘိလာသောပိ၊ အလိုဆန္ဒသည်၎င်း။ ဗဟု၊ များသည်။ ဟောတိ။ ယတ္ထ၊ အကြင်ရူပဘုံ အရူပဘုံတို့၌။ (စုတိ ပဋိသန္ဓိယော)အပ္ပါ(ဟောန္တိ)။ တတ္ထ၊ ထိုရူပဘုံ အရူပဘုံတို့၌။ (အာလယောပိ ပတ္ထနာပိ အဘိလာသောပိ) အပ္ပေါ(ဟောတိ)။ တသ္မာ၊ ကြောင့်။ ကာမဘဝေါ၊ သည်။ အဇ္ဈတ္တံ နာမ၊ အဇ္ဈတ္တ မည်သည်။ ဝါ၊ အတွင်းကျသောဘဝ မည်သည်။ ဇာတော၊ ဖြစ်ပြီ။ ရူပါရူပဘဝါ၊ ရူပဘဝ အရူပဘဝတို့သည်။ ဗဟိဒ္ဓါ နာမ၊ ဗဟိဒ္ဓတို့ မည်သည်။ ဝါ၊ အပြင်ကျသောဘဝတို့မည်သည်။ (ဇာတာ၊ ကုန်ပြီ။)
ဣတိ၊ ဤသို့လျှင်။ အဇ္ဈတ္တသင်္ခါတေ၊ အဇ္ဈတ္တဟု ဆိုအပ်သော။ ကာမဘဝေ၊ ကာမဘဝ၌။ ဗန္ဓနံ၊ နှောင်ဖွဲ့တတ်သောသံယောဇဉ်သည်။ **အဇ္ဈတ္တသံယောဇနံ** နာမ၊ မည်၏။ ဗဟိဒ္ဓါသင်္ခါတေသု၊ ဗဟိဒ္ဓဟု ဆိုအပ်ကုန်သော။ ရူပါရူပဘဝေသု၊ ရူပဘဝ အရူပဘဝတို့၌။ ဗန္ဓနံ၊ နှောင်ဖွဲ့တတ်သော သံယောဇဉ်သည်။ **ဗဟိဒ္ဓါသံယောဇနံ** နာမ၊ မည်၏။အဇ္ဈတ္တ ဗဟိဒ္ဓ။ ။ တကမ္ဘာ၌ "သံဝဋ္ဋကပ် သံဝဋ္ဋဋ္ဌာယီကပ် ဝိဝဋ္ဋကပ် ဝိဝဋ္ဋဋ္ဌာယီကပ်" ဟု ကပ် လေးကပ်ရှိ၏။ သံဝဋ္ဋကပ်သည် ပျက်ဆဲ ကမ္ဘာဖြစ်၍ သတ္တဝါတို့ မနေနိုင်၊ သံဝဋ္ဋဋ္ဌာယီကလည်း ကမ္ဘာပျက်ပြီးသည့်အတိုင်း တည်နေသောကြောင့် မနေနိုင်၊ ဝိဝဋ္ဋကပ်သည် ကမ္ဘာတည်တုန်းဖြစ်သောကြောင့် သတ္တဝါတို့ မနေနိုင်၊ ထိုသုံးဌာနတို့၌ အောက်ပိုင်း ကာမဘုံဝယ် သတ္တဝါတို့ မနေရသေး၊ ဝိဝဋ္ဋဋ္ဌာယီ တကပ်၌သာ သတ္တဝါတို့နေနိုင်သည်။
ထို့ကြောင့် "ကပ္ပဿ စတုတ္ထမေဝ ကောဋ္ဌာသံ ဝသန္တိ" ဟု၎င်း "တီသု ကောဋ္ဌာသေသုကာမဘဝေါ သုညော ဟောတိ" ဟု၎င်း ဆိုသည်၊ ဤသို့ နေရာကာလက လေးပုံ တပုံသာရှိသော်လည်း ထပ်၍ ထပ်၍ ဖြစ်ခြင်း သေခြင်းအားဖြင့် ကာမဘုံ၌သာ စုတိပဋိသန္ဓေ အဖြစ်များသည်၊ ထို့ကြောင့် ကာမဘုံ၌ သေသောသတ္တဝါတို့သည် စုတိပဋိသန္ဓေများရာ ကာမဘုံ၌သာ တွယ်တာမှု ရှိသောကြောင့် ကာမဘုံ၌ဖြစ်သော သံယောဇဉ်ကို "အဇ္ဈတ္တသံယောဇဉ်" ဟု၎င်း, ရူပ အရူပဘုံ၌ဖြစ်သော သံယောဇဉ်ကို "ဗဟိဒ္ဓသံယောဇဉ်" ဟု၎င်း ခေါ်ရသည်။
တတ္ထ၊ ထိုနှစ်ပါးသော သံယောဇဉ်တို့တွင်။ ဧကေကံ၊ တပါးတပါးသော သံယောဇဉ်သည်။ ပဉ္စ ပဉ္စဝိဓံ၊ ငါးပါး ငါးပါး အပြားရှိသည်။ ဟောတိ၊ ၏။
တေန၊ ထို့ကြောင့်။ ပဉ္စောရမ္ဘာဂိယာနိ ပဉ္စုဒ္ဓမ္ဘာဂိယာနီတိ၊ ဟူ၍။ ဝုတ္တံ။
တတြ၊ ထိုနှစ်ပါးသော ဩရမ္ဘာဂိယ ဥဒ္ဓံဘာဂိယတို့၌။ အယံ၊ ကား။ ဝစနတ္ထော၊ တည်း။ ကာမဓာတု၊ ကို။ ဩရံ၊ ဩရံဟူ၍။ ဝုစ္စတိ။ တတ္ထ၊ ထိုကာမဓာတ်၌။ ဝါ၊ ဤဘက်၌။ ဥပပတ္တိနိပ္ဖါဒနတော၊ ပဋိသန္ဓေကို ပြီးစီးစေခြင်းကြောင့်။ တံ ဩရံ၊ ထို ကာမဓာတ်တည်းဟူသော ဤမှာဘက်သို့။ ဘဇန္တိ၊ ကပ်ဝင်တတ်ကုန်၏။ ဣတိ၊ ကြောင့်။ ဩရမ္ဘာဂိယာနိ၊ တို့မည်၏။ [ဤပုဒ်၏ အဓိပ္ပါယ်ကို သီလက္ခန်ဘာသာဋီကာ မဟာလိသုတ် စတုအရိယဖလ အဖွင့်၌ပြထားသည်။]
ရူပါရူပဓာတု၊ ရူပဓာတ် အရူပဓာတ်ကို။ ဥဒ္ဓံ၊ ဥဒ္ဓံဟူ၍။ ဝုစ္စတိ။ တတ္ထ၊ ထိုရူပဓာတ် အရူပဓာတ်တို့၌။ ဥပပတ္တိနိပ္ဖါဒနတော၊ ကြောင့်။ တံ ဥဒ္ဓံ၊ ထိုအထက်ဖြစ်သော ရူပဓာတ် အရူပဓာတ်သို့။ ဘဇန္တိ၊ ကပ်ဝင်တတ်ကုန်၏။ ဣတိ၊ ကြောင့်။ ဥဒ္ဓမ္ဘာဂီယာနိ၊ တို့မည်၏။ ဣတိ (အယံ)၊ သည်ကား။ (ဝစနတ္ထော၊ တည်း။)
ဒုကနိဒ္ဒေသဝဏ္ဏနာ (နိဋ္ဌိတာ)။