ထိုအဖြေသည် သင့်၏၊ သီလ သမာဓိ ပညာ သိက္ခာသုံးပါးကို မမေ့ မလျော့ မပေါ့မဆကျင့်နေသောပုဂ္ဂိုလ်သည် သောတာပန် ပုဂ္ဂိုလ်ကဲ့သို့ အပါယ်မကျနိုင်ရကား သေက္ခပုဂ္ဂိုလ် ခုနှစ်ယောက်တွင် အောက်ခြေက ပါဝင်ပေသည်၊ သိက္ခာသုံးပါးကို ဤနည်းအတိုင်း မဖြည့်ကျင့်လျှင်ကား ခန္ဓာ အာယတန ဓာတ်တွေကို သရုပ်ကွဲနေသော်လည်း ကလျာဏပုထုဇဉ်မဟုတ်ဟု "ဗျတိရေက" အားဖြင့် အဖြေထွက်လာ၏။
သို့ဖြစ်လျှင် ကလျာဏပုထုဇဉ် မဟုတ်သော ထိုပုဂ္ဂိုလ်သည် သီလသိက္ခာ ပေါက်ကြားနေမည်သာ ဖြစ်သောကြောင့် "သမထဝိပဿနာ သမာဓိ ပညာ သိက္ခာတို့မှာ နှုတ်ကမည်မျှပင် ဟောနေပြောနေစေကာမူ အစစ် အမှန်မရနိုင်တော့ရကား ကလျာဏပုထုဇဉ်မဟုတ်တော့ချေ။ သီလကစ၍ မစင်ကြယ်သော ထိုပုဂ္ဂိုလ်သည် "သာပတ္တိကဿ ဘိက္ခဝေနိရယံဝါ ဝဒါမိ တိရစ္ဆာနယောနိံဝါ" ဟူသော ပါဠိတော်နှင့် အညီ သေသောအခါအပါယ်သို့သာ သွားစရာရှိတော့သည်။
မှတ်ချက်။ ။ သမန္နာဂတတ္တာဟု ဖွင့်သောကြောင့် အဿတ္ထိတဒ္ဓိတ် ဟု ထင်မှားမည်စိုးရကား နီလောပဋောကို ဥပမာထုတ်ပြသည်။ [နီလော၊ ညိုသော။ ပဋော= အဝတ်။) ပါရာဇိကဏ် ဘာသာဋီကာ ဝေရဉ္စကဏ္ဍ "သမ္ပသာဒနံ" ပုဒ်အဖွင့်၌ "နီလဝဏ္ဏယောဂတော နီလဝတ္ထံ ဝိယ" ဟု ဥပမာပြထား၏၊ ထို၌လည်း အဓိပ္ပါယ်ရေးခဲ့ပြီ။
တတ္ထ၊ ထိုသမဂ္ဂေန သံဃေနအစရှိသော စကားရပ်၌။ သမဂ္ဂေန သံဃေနာတိ၊ ကား။ သဗ္ဗန္တိမေန၊ အလုံးစုံသော အပိုင်းအခြားတို့၏ အဆုံး၌ဖြစ်သော။ ပရိစ္ဆေဒေန၊ အပိုင်းအခြားအားဖြင့်။ ပဉ္စဝဂ္ဂကရဏီယေ၊ ပဉ္စဝဂ္ဂသံဃာသည် ပြုထိုက်သော။ ကမ္မေ၊ ကံ၌။ ယာဝတိကာ၊ အကြင်မျှလောက် အနည်းဆုံးငါးပါးအတိုင်းအရှည်ရှိကုန်သော။ ဘိက္ခူ၊ ပကတတ်ရဟန်းတို့သည်။ ကမ္မပ္ပတ္တာ၊ ကံအား လျောက်ပတ်ကုန်၏။
[ဤမှ နောက်၌ ပါရာဇိကဋ္ဌကထာနှင့် တူ၏။]
ဘူဝါဒိဖြစ်သောကြောင့် စဉ်းစားပါ။] ဝါ၊ တနည်း။ ပုဂ္ဂလံ၊ ပုဂ္ဂိုလ်ကို။ သံယမေတိ၊ ရှောင်ကြဉ်စေတတ်၏။ ဝီတိက္ကမဝသေန၊ လွန်ကျူးခြင်း၏အစွမ်းဖြင့်။ ကဿ၊ ထိုပုဂ္ဂိုလ်အား။ ဝိပ္ဖန္ဒိတုံ၊ တုန်လှုပ်ခြင်းငှါ။ န ဒေတိ၊ မပေး။ ဣတိ၊ ကြောင့်။ သံယမော၊ မည်၏။
**ဥပေတော**တိအာဒီနိ၊ အစရှိသောပုဒ်တို့သည်။ ဝုတ္တတ္ထာနေဝ၊ သာ။ [သတိပဋ္ဌာနဝိဘင်း၌ ဆိုအပ်ပြီး-ဟူလို။]
**သံဝုတော။** ။
သံဝုတော၏ သဒ္ဒတ္ထမှာ ပိတ်ဆို့အပ်, စောင့်စည်းအပ်, ဟူသော ကမ္မတ္ထသာတည်း၊ ထိုသို့ ကံအနက်ယူလိုက်လျှင် စောင့်စည်းနေသော ပုဂ္ဂိုလ်ကို မရ, ပါဠိတော်ရင်းကလည်း စောင့်စည်းသော ပုဂ္ဂိုလ်ကိုရအောင် ဟောတော်မူထား၏၊ ထို့ကြောင့် "သံဝုတော" အရ စောင့်စည်းအပ်သော ဣန္ဒြေရှိသော ပုဂ္ဂိုလ်တိုင်အောင် ယူစေလိုသောကြောင့် "သံဝုတိန္ဒြိယော" ဟု ပဌမဖွင့်၍, ဣန္ဒြေအရ စက္ခုစသော တံခါးပေါက်ကိုရသောကြောင့် "ပိဟိတိန္ဒြိယော" ဟု သံဝုတကို "ပိဟိတ" ဟုဖွင့်သည်။
**ပါတိမောက္ခသံဝရေန။** ။
ပါတိမောက္ခဖြင့် ဝိနည်းတော်၌လာသော သိက္ခာပုဒ်သီလကို သာယူ၍, သံဝရေန-အရ အခြားသော သုစရိတသီလ, အာဇီဝဋ္ဌမကသီလ စသည်ကိုယူရသည်၊ မှန်၏..ပါဠိတော်၌ "သံဝရောတိ ကာယိကော အဝီတိက္ကမော ဝါစသိကာ အဝီတိက္ကမော ကာယိကဝါစသိကော အဝီတိက္ကမော" ဟု သံဝရအရ အခြားသီလတို့ကို ဖွင့်ထားသည်။
**ပါတိမောက္ခသင်္ခါတေန ဝါ။** ။
ဤနည်း၌ကား "ပါတိမောက္ခနှင့် သံဝရကို အရတူကမ္မဓာရယ်သမာသ်" ဟုဖွင့်ပြသည်၊ ရှေ့နည်း၌ကာယိက ဝါစသိက အဝီတိက္ကမကို ပါတိမောက္ခသီလမှ တမျိုးတခြားဟု ယူထားသော်လည်း စင်စစ်အားဖြင့် ပါဏာတိပါတဝိရတိစသော သုစရိုက်တို့သည် ပါတိမောက်သိက္ခာပုဒ်၌ပင် ပါဝင်ပြီး ဖြစ်၏၊ ထို့ကြောင့် ကာယိကဝါစသိကသီလတို့ကို ပါတိမောက္ခသီလမှ သီးခြား မယူလိုသောကြောင့် အရတူ ကမ္မဓာရယ်သမာသ်ကိုလည်း တနည်းပြရပြန်သည်။
သိင်္ဃာဋကံ ဝိယ ပတိဋ္ဌာ။ ။ လမ်းဆုံ လမ်းခွသည် စီးလာသော ရေအယဉ်၏ တည်ရာဖြစ်သကဲ့သို့, ထို့အတူ သစ္စာလိကဝုတ္တိ ပုဂ္ဂိုလ်သည်လည်း အလိုရှိအပ်, အလိုရှိအပ်သောစကားအယဉ်၏ တည်ရာဖြစ်နိုင်သည်၊ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ, အလိုရှိရာစကားကို ပြောနိုင်သည်ကို ဣစ္ဆိတိစ္ဆိတဓာရာ၏ တည်ရာဖြစ်နိုင်၏ဟု ဆိုလိုသည်၊ ထို့ကြောင့် သိင်္ဃာဋကသည် တည်တတ်သောဌာနီ မဟုတ်, တည်ရာဌာနသာ ဖြစ်သကဲ့သို့, သစ္စာလိကပုဂ္ဂိုလ်သည်လည်း ပြောလိုသော စကားအယဉ်၏ တည်ရာသာ ဖြစ်နိုင်သည်။ ပုဂ္ဂိုလ်က စကားအယဉ်၌ တည်သည်မဟုတ်၊ ထို့ကြောင့် "ပတိဋ္ဌာတိ" ဟု မရှိရ"ပတိဋ္ဌာ" ဟု သာရှိသင့်သည်။
သုလဘဇ္ဈာစာရာ။ ။ သုခေန+လဘိတဗ္ဗောတိ၊သုလဘော+သုလဘော+အဇ္ဈာစာရော ယာသူတိ၊သုလဘဇ္ဈာစာရာ၊ "ရူပူပဇီဝိနိယော" နှင့် အရတူ၊ စာအုပ်တို့၌ သုလဘဇ္ဈာစာရ ဟု ရှိသောကြောင့် တဝါကျ ဟု မယူဆဘဲ နောက်ဝါကျနှင့် တဆက်တည်းအဖြစ်ဖြင့် သုလဘဇ္ဈာစာရတာဟု တွေ့ရ၏၊ ပါဌ်ပျက်တည်း၊ ယောဇနာ၌လည်း ထိုပါဌ်ကိုပင် သိနေဟဝသေနနှင့် တပုဒ်တည်း ကြံ၍ ဝိဂြိုဟ်ပြုလေ၏၊ ထိုယောဇနာအဖွင့်၏ မသင့်ကြောင်းကို "ဝေသိယာတိ အာမိသ ကိဉ္စိက္ခ သမ္ပဒါနာဒိနာ သုလဘဇ္ဈာစာရာ ရူပူပဇီဝိကာ ဣတ္ထိယော" ဟူသော ဝိနယ မဟာဝဂ္ဂ မဟာခန္ဓက အညတိတ္ထိယ ပုဗ္ဗဝတ္ထုကထာကို ထောက်၍ သိပါ။
အက္ကောသက ပရိဘာသကာနီတိ၊ ကား။ အက္ကောသကာနိစေ၀၊ ဆဲလည်း ဆဲတတ်ကုန်သော။ ပရိဘာသကာနိစ၊ ခြိမ်းချောက်လည်း ခြိမ်းချောက်တတ်ကုန်သော။ (ကုလာနိစသည်၌စပ်။)
[ထို အက္ကောသက ပရိဘာသကကို အကျယ်ပြလို၍ စောရောသိ စသည်ကိုမိန့်။] စောရော၊ ခိုးသူသည်။ အသိ၊ ဖြစ်၏။ (တနည်း) စောရောသိ၊ ဟဲ့ သူခိုး။ ဗာလော၊ လူမိုက်သည်။ အသိ၊ ၏။ (တနည်း) ဗာလောသိ၊ ဟဲ့ လူမိုက်။ မူဠှော၊ လူဖျင်းသည်။ အသိ၊ ၏။ (တနည်း) မူဠှောသိ၊ ဟဲ့ လူဖျင်း။ ဩဋ္ဌော၊ ကုလားအုပ်သည်။ အသိ၊ ၏။ (တနည်း) ဩဋ္ဌောသိ၊ ဟဲ့ ကုလားအုပ်။ ဂေါဏော၊ နွားသည်။ အသိ၊ ၏။ ဂဒြဘော၊ မြည်းသည်။ အသိ၊ ၏။ အာပါယိကော၊ အပါယ်၌ဖြစ်လတ္တံ့သူသည်။ အသိ၊ ၏။ နေရယိကော၊ ငရဲ၌ဖြစ်လတ္တံ့ သူသည်။ အသိ၊ ၏။ တိရစ္ဆာနဂတော၊ တိရစ္ဆာန်၌ဖြစ်လတ္တံ့သူသည်။ အသိ၊ ၏။ တုယှံ၊ သင်၏။ ဝါ၊ သင့်မှာ။ သုဂတိ၊ ကောင်းသောဂတိသည်။ နတ္ထိ။ ဒုဂ္ဂတိယေဝ၊ မကောင်းသောဂတိကိုသာ။ ပါဋိကင်္ခါ၊ အလိုရှိအပ်၏။ ဣတိဧဝံ၊ ဤသို့။ ဒသဟိ၊ ဆယ်ပါးကုန်သော။ အက္ကောသဝတ္ထူဟိ၊ ဆဲရေးကြောင်းဝတ္ထုတို့ဖြင့်။ အက္ကောသန္တိ၊ ဆဲရေးကြကုန်၏။ ဟောတု၊ ရှိစေ။ ဣဒါနိ၊ ယခုအခါ၌။ တံ၊ သင့်ကို။ ပဟရိဿာမ၊ ပုတ်ခတ်ကုန်အံ့။ ဗန္ဓိဿာမ၊ နှောင်ဖွဲ့ကုန်အံ့။ ဝဓိဿာမ၊ သတ်ကုန်အံ့။ ဣတိဧဝံ၊ ဤသို့။ ဘယဒဿနေန၊ ဘေးကိုပြခြင်းဖြင့်။ ပရိဘာသန္တိစ၊ ခြိမ်းခြောက်လည်း ခြိမ်းခြောက်ကြကုန်၏။ ဝါ၊ ရေရွတ်လည်း ရေရွတ်ကြကုန်၏။ ဣတိအတ္ထော၊ နက်။
သဒ္ဓါဟာနိ။ ပေ။ ဝဟနတော။ ။ အဿဒ္ဓကုလစသည်တို့ကို ချဉ်းကပ်ခြင်းသည် သဒ္ဓါဟာနိ အာဝဟန-သဒ္ဓါတရား ဆုတ်ယုတ်ခြင်းကို ဆောင်တတ်၏၊ ထိုအဿဒ္ဓအမျိုးတို့က ဆဲရေးတတ်, ခြိမ်းခြောက်တတ်သောကြောင့် စိတ်၏ ထိတ်လန့်ခြင်းကို ဆောင်နိုင်သည်၊ ထို့ကြောင့် "စိတ္တသန္တောသ နေရာဝယ် စိတ္တသန္တာသ" ဟု ရှိစေလိုပါသည်၊ ရှေးနိဿယ၌ကား "စိတ္တသန္တောသာဝဟနတော-စိတ်၏နှစ်သက်ခြင်းကို မဆောင်ခြင်းကြောင့်" ဟု တနည်းကြံလေသည်။
အဏုမတ္တာ။ ။ "တတ္ထ ကတမေ အဏုမတ္တာ ဝဇ္ဇာ" ဟု ပါဠိတော်ရှိသောကြောင့် "အဏုမတ္တာတိ" ဟု သံဝဏ္ဏေတဗ္ဗ ရှိပါစေ, ဝဇ္ဇပုဒ်က နပုံလိန်ဖြစ်သော်လည်း ဤနေရာ၌ လိင်္ဂဝိပလ္လာသကြံ၍ ပုံလိန်လုပ်ဟန် တူသည်၊ ဝဒီယန္တေတိ ဝဇ္ဇာနိ (ပြောဆိုအပ်, ကဲ့ရဲ့အပ်သော အပြစ်တို့။) ဤသို့ ဝစနတ္ထပြုစေလိုသောကြောင့် "ဂရဟိ-တဗ္ဗဋ္ဌေန" ဟု ဖွင့်သည်၊ ပဒဓာတ်+ဏျပစ္စည်း။
ဘိက္ခဝေ၊ တို့။ မိဂရာဇာ၊ သားကောင်တို့၏ မင်းဖြစ်သော။ သီဟော၊ ခြင်္သေ့သည်။ ဒက္ခိဏေန ပဿေန၊ လက်ျာနံပါးဖြင့်။ သေယျံ၊ အိပ်ခြင်းကို။ ကပ္ပေတိ၊ ပြု၏။ ပေ။ အတ္တမနော၊ မိမိစိတ်ရှိသည်။ ဟောတိ၊ ၏။ ဣတိအယံ၊ ဤသေယျာသည်။ သီဟသေယျာ၊ ခြင်္သေ့မင်း၏ အိပ်ပုံ အိပ်နည်းမည်၏။ [အင်္ဂုတ္တိုရ်စတုက္ကပဉ္စမပဏ် အာပတ္တိဘယဝဂ် သေယျာသုတ်။]
ဟိ၊ ချဲ့။ မိဂရာဇာ၊ သော။ သီဟော၊ သည်။ တေဇုဿဒတ္တာ၊ များသောတန်ခိုးရှိသည်၏အဖြစ်ကြောင့်။ ဒွေ၊ နှစ်ချောင်းကုန်သော။ ပုရိမပါဒေ၊ ရှေ့ခြေတို့ကို။ ဧကသ္မိံ ဌာနေ၊ တခုသောအရပ်၌။ ဒွေ၊ ကုန်သော။ ပစ္ဆိမပါဒေ၊ နောက်ခြေတို့ကို။ ဧကသ္မိံ ဌာနေ၊ ၌။ ဌပေတွာ၊ ထား၍။ နင်္ဂုဋ္ဌံ၊ အမြီးကို။ အန္တရသတ္ထိမှိ၊ ပေါင်ကြား၌။ ပက္ခိပိတွာ၊ ထည့်၍။ ပုရိမပါဒ ပစ္ဆိမပါဒနင်္ဂုဋ္ဌာနံ၊ ရှေ့ခြေ နောက်ခြေ အမြီးတို့၏။ ဌိတောကာသံ၊ တည်ရာအရပ်ကို။ သလ္လက္ခေတွာ၊ ကောင်းစွာမှတ်သား၍။ ဒွိန္နံ၊ နှစ်ဖက်ကုန်သော။ ပုရိမပါဒါနံ၊ ရှေ့ခြေတို့၏။ မတ္ထကေ၊ အထက်၌။ သီသံ၊ ဦးခေါင်းကို။ ဌပေတွာ၊ ၍။ သယတိ၊ အိပ်၏။ ဒိဝသမ္ပိ၊ တနေ့ပတ်လုံးလည်း။ သယိတွာ၊ အိပ်ပြီး၍။ ပဗုဇ္ဈမာနော၊ နိုးလသော်။ ဥတ္တသန္တော၊ ထိတ်လန့်လျက်။ န ပဗုဇ္ဈတိ၊ နိုးသည်မဟုတ်။ ပန၊ အဟုတ်ကား။ သီသံ၊ ကို။ ဥက္ခိပိတွာ၊ မြှောက်၍။ (တနည်း) သီသံဥက္ခိပိတွာ၊ ခေါင်းထောင်၍။ ပုရိမပါဒါဒိနံ၊ ရှေ့ခြေ အစရှိသည်တို့၏။ ဌိတောကာသံ၊ တည်ရာ အရပ်ကို။ သလ္လက္ခေတိ၊ မှတ်သား၏။
ကိဉ္စိ၊ စိုးစဉ်းအနည်းငယ်သော။ ဌာနံ၊ တည်ရာအရပ်ကို။ ဝိဇဟိတွာ၊ စွန့်၍။ ဌိတံ၊ တည်သည်။ သစေ ဟောတိ၊ အကယ်၍ဖြစ်အံ့။ (ဧဝံသတိ)။ ဣဒံ၊ ဤတည်ရာအရပ်ကို စွန့်ခြင်းသည်။ တုယှံ၊ သင်၏။ ဇာတိယာ၊ အမျိုးဇာတ်အား။ န (အနုရူပံ)၊ မလျောက်ပတ်။ သူရဘာဝဿ၊ ရဲရင့်သူ၏အဖြစ်အား။ န အနုရူပံ။ ဣတိ၊ ဤသို့ကြံ၍။ အနတ္တမနော၊ မိမိစိတ်မရှိသည်။ ဝါ၊ စိတ်မချမ်းသာသည်။ ဟုတွာ၊ ၍။ တတ္ထေဝ၊ ထိုအရပ်၌ပင်။ သယတိ၊ ထပ်၍အိပ်၏။ ဂေါစရာယ၊ ကျက်စားရာအရပ်သို့။ နပက္ကမတိ၊ မဖဲသွားတော့။ ပန၊ ကား။ အဝိဇဟိတွာ၊ မစွန့်မူ၍။ ဌိကေ၊ သော်။ ဣဒံ၊ ဤတည်ရာအရပ်ကို မစွန့်ခြင်းသည်။ တုယှံ၊ ၏။ ဇာတိယာစ၊ အား၎င်း။ သူရဘာဝဿ စ၊ အား၎င်း။ အနုရူပံ၊ လျောက်ပတ်၏။ ဣတိ၊ ဤသို့ကြံ၍။ ဟဋ္ဌတုဋ္ဌော၊ ရွှင်လန်းနှစ်သက်သည်။ (ဟုတွာ)။ ဥဋ္ဌာယ၊ ထ၍။ သီဟဝိဇမ္ဘိတံ၊ ခြင်္သေ့၏ တင့်တယ်စံပယ်ခြင်းကို။ ဝိဇမ္ဘိတွာ၊ တင့်တယ်စံပယ်ပြီး၍။ ကေသဘာရံ၊ လည်ဆံတည်းဟူသောဝန်ကို။ ဝိဓုနိတွာ၊ လှုပ်ခါ၍။ တိက္ခတ္တုံ၊ ၃-ကြိမ်။ သီဟနာဒံ၊ ခြင်္သေ့၏ဟောက်ခြင်းကို။ နဒိတွာ၊ ဟောက်၍။ ဂေါစရာယ၊ သို့။ ပက္ကမတိ၊ ၏။
မှတ်ချက်။ ။ခြင်္သေ့တို့၏ လည်ပင်း၌ အမွေးအမျှင်များ၏။ ထို အမွေးအမျှင်တွေသည် ဝန်ထုပ်သဖွယ် ကြီးကျယ် များပြားသောကြောင့် "ကေသဘာရ၊ လည်ဆံတည်းဟူသော ဝန်ထုပ်" ဟု ဆိုသည်။ စာအုပ်တို့၌ "ကေသရဘာရ" ဟု ရှိသည်ကားမကောင်း။ ယောဇနာ၌လည်း "ကေသသင်္ခါတဘာရံ" ဟု ကေသဘာရံပုဒ်ကိုပင်ဖွင့်သည်၊ ထို လည်ဆံများသောကြောင့် "ကေသာ+ယဿ+အတ္ထီတိ ကေသရော" ဟု ဝိဂြိုဟ်ပြုရသည်၊ အဿတ္ထိအနက်၌ ရ ပစ္စည်း၊ များသောလည်ဆံရှိသော ခြင်္သေ့။
သာတစ္စံ နေပက္ကံ။ ။ [ရှေးနိဿယ၌ ရှေ့ဝါကျရှိ ယုတ္တောကို ဤ၌သွင်း၍ "ယုတ္တောသာတစ္စံ နေပက္ကန္တိ" ဟု သံဝဏ္ဏေတဗ္ဗ လုပ်ထား၏၊ ပါဠိတော်၌ ဤသို့ မရှိသောကြောင့် မကောင်းပါ။] သတတံ ပဝတ္တယိတဗ္ဗတောဖြင့် "သတတံ ပဝတ္တယိတဗ္ဗန္တိ သာတစ္စံ" ဟု ဝိဂြိုဟ်ပြုဖို့ရန် ပြ၏၊ ပဝတ္တယိတဗ္ဗ အနက်၌ ဏျပစ္စည်း သက်၍ "သာတစ္စံ" ဟု ပြီးသည်၊ ဝီရိယကို အရကောက်ပါ။
အဘိဓာနပဒီပိကာ။ ။ အဘိဓာနပဒီပိကာသုစိ ၌ကား "နိဿေသတော ပါစေတိကုသလဓမ္မေတိ နိပကော-ဉာဏီ ပုဂ္ဂလော" ဟု၎င်း, နိ+ပေဓာတ် သောသနအနက်ဟောဟုကြံ၍ "နိပယတိ ပဋိပက္ခံ ဝိသောသေတိ-ဆန့်ကျင်ဘက် ဟူသမျှကို ခြောက်ခန်းစေတတ်သော" ဉာဏီပုဂ္ဂိုလ်ကို "နိပက" ဟု၎င်း, ပါဓာတ်ဖြင့် "အတ္တာနံ နိပါတိ ရက္ခတီတိ နိပကော" ဟု၎င်း ပြု၍ "နိပကဿ+ဘာဝေါ နေပက္ကံ" ဟု ပြုသည်။
ယုတ္တော အနုယုတ္တော။ ။ ဤ ၂-ပုဒ်ကို ဋီကာမဖွင့်၊ ရှေ့"အာရမ္ဘမာနော" ဟူသောဋီကာသည် ဤယုတ္တော၏ အဖွင့်ဖြစ်၏" ဟု ဆိုအံ့၊ အနုယုတ္တောဟု (အားထုတ်ခြင်းအနက်ဟော) ပုဒ်တခုကို ထပ်၍ ဆိုဖွယ်မလို၊ ရှေ့ အာရမ္ဘမာနောသည် ဤယုတ္တော၏ အဖွင့်မဟုတ်သောကြောင့် "အနုယုတ္တော" ဟု ထပ်၍ဆိုသည်၊ ထို့ပြင်ဋီကာ၌ "သာတစ္စံ နေပက္ကဉ္စ ပဝတ္တယမာနော ဇာဂရိယာနုယောဂံ အနုယုတ္တော ဟောတီတိ သမ္ဗန္ဓံ ဒဿေတိ"ဟုဖွင့်၍ ယုတ္တော အနုယုတ္တော၏ သမ္ဗန္ဓကို မပြသောကြောင့် ရှေး "စာအုပ်များ၌ ယုတ္တောအနုယုတ္တော ၂-ပုဒ်ပါဟန်မတူ" ဟု ကြံမိပါသည်။
ဝိဟရတီတိ အတ္ထော။ ။ ဤပုဒ်သည် "အနုယုတ္တော ဟောတီတိ" ဟု ဖွင့်သော ဋီကာနှင့်မညီရုံသာမက, "ကထဉ္စ ဘိက္ခု။ ပေ။ ဇာဂရိယာနုယောဂ မနုယုတ္တော ဟောတိ" ဟူသောပါဠိတော်နှင့်လည်း မညီပါ၊ ထိုကြောင့် ဝိဟရတိသည် "နောက်ဆရာတို့ စပ်ပုဒ် ရှာမရ၍ထည့်အပ်သော ပါဌ်မှားသာ ဖြစ်၍-"အနုယုတ္တော ဟောတီတိ အတ္ထော"ဟုသာ ပါဌ်မှန်ရှိသင့်ပါသည်။
ဟိ၊ ချဲ့။ သမ္ပဇညံ၊ သမ္ပဇညသည်။ သာတ္ထကသမ္ပဇညံ၊ သာတ္ထကသမ္ပဇည၎င်း။ သပ္ပါယသမ္ပဇညံ၊ သပ္ပါယသမ္ပဇည၎င်း။ ဂေါစရသမ္ပဇညံ၊ ဂေါစရသမ္ပဇည၎င်း။ အသမ္မောဟသမ္ပဇညံ၊ အသမ္မောဟသမ္ပဇည၎င်း။ ဣတိ၊ သို့။ စတုဗ္ဗိဓံ၊ ၄-ပါးအပြား ရှိ၏။
အမှာ။ ။ ဤမှ နောက်၌ သီလက္ခန် အဋ္ဌကထာနှင့် တူသော အဖွင့်များကို သီလက္ခန်သာမညဖလသုတ် ဘာဘာဋီကာ၌ ကြည့်ပါ။ [ဥစ္စာရပဿာဝကမ္မေ၏ အဖွင့်တိုင်အောင် တူနေပါသည်။]
ဟိ၊ ချဲ့။ ယော ဘိက္ခု၊ သည်။ စင်္ကမနံ၊ စင်္ကြံသို့။ ဩတရိတွာ၊ သက်ဆင်း၍။ စင်္ကမနကောဋိယံ၊ စင်္ကြံအစွန်း၌။ ဌိတော၊ ရပ်လျက်။ ပရိဂ္ဂဏှာတိ၊ သိမ်းဆည်း၏။ (ကိံ၊ နည်း။) ပါစီနစင်္ကမနကောဋိယံ၊ အရှေ့စင်္ကြံ အစွန်း၌။ ပဝတ္တာ၊ ဖြစ်ကုန်သော။ ရူပါရူပဓမ္မာ၊ ရုပ်တရား နာမ်တရားတို့သည်။ ပစ္ဆိမစင်္ကမနကောဋိံ၊ အနောက်စင်္ကြံ အစွန်းသို့။ အပ္ပတွာ၊ မရောက်မူ၍။ ဧတ္တေဝ၊ ဤအရှေ့စင်္ကြံအစွန်း၌သာ။ နိရုဒ္ဓါ၊ ချုပ်ကုန်ပြီ။ ပစ္ဆိမစင်္ကမနကောဋိယံ၊ သို့။ ပဝတ္တာ၊ ကုန်သော။ (ရူပါရူပ ဓမ္မာ)ပိ၊ တို့သည်လည်း။ ပါစီနစင်္ကမနကောဋိံ၊ သို့။ အပ္ပတွာ၊ ၍။ ဧတ္ထေဝ၊ ဤအနောက်စင်္ကြံအစွန်း၌သာ။ နိရုဒ္ဓါ၊ ကုန်ပြီ။ စင်္ကမနဝေမဇ္ဈေ၊ စင်္ကြံ၏ အလယ်၌။ ပဝတ္တာ၊ ကုန်သော။ (ရူပါ ရူပဓမ္မာ၊ တို့သည်။) ဥဘော၊ ၂-ဖက်ကုန်သော။ ကောဋိယော၊ တို့သို့။ အပ္ပတွာ၊ ၍။ ဧတ္ထေဝ၊ ဤ စင်္ကြံ၏ အလယ်၌သာ။ နိရုဒ္ဓါ၊ ကုန်ပြီ။
စင်္ကမနေ၊ စင်္ကြံသွားခြင်း၌။ ပဝတ္တာ, ရူပါရူပ ဓမ္မာ။ ဌာနံ၊ ရပ်ခြင်းသို့။ အပ္ပတွာ။ ဧတ္ထေဝ၊ ဤစင်္ကြံသွားခြင်း၌သာ။ နိရုဒ္ဓါ၊ ကုန်ပြီ။ ဌာနေ၊ ရပ်ခြင်း၌။ ပဝတ္တာ။ (ရူပါရူပ ဓမ္မာ) နိသဇ္ဇံ၊ ထိုင်ခြင်းသို့။ အပ္ပတွာ, ဧတ္ထေဝ၊ ဤ ရပ်ခြင်း၌သာ။ နိရုဒ္ဓါ။ နိသဇ္ဇာယ၊ ထိုင်ခြင်း၌။ ပဝတ္တာ။ (ရူပါရူပ ဓမ္မာ) သယနံ၊ လျောင်းခြင်းသို့။ အပ္ပတွာ။ ဧတ္ထေဝ၊ ဤ ထိုင်ခြင်း၌သာ။ နိရုဒ္ဓါ၊ ချုပ်ကုန်ပြီ။ ဣတိဧဝံ၊ သို့။ ပရိဂ္ဂဏှန္တော ပရိဂ္ဂဏှန္တောယေဝ၊ ပိုင်းခြား၍ယူစဉ်, ပိုင်းခြား၍ယူစဉ်သာလျှင်။ ဘဝင်္ဂံ၊ အိပ်သောဘဝင်သို့။ ဩတာရေတိ၊ သက်ရောက်စေ၏။ ဥဋ္ဌဟန္တော၊ အိပ်ရာမှ ထလသော်။ ကမ္မဋ္ဌာနံ၊ ကို။ ဂဟေတွာဝ၊ ယူ၍သာ။ ဥဋ္ဌာတိ၊ ထ၏။ အယံ ဘိက္ခု၊ သည်။ ဂတာဒီသု၊ ဂတ အစရှိသည်တို့၌။ သမ္ပဇာနကာရီနာမ၊ မည်သည်။ ဟောတိ၊ ၏။ ဣတိ၊ ဤသို့ ပြကြကုန်ပြီ။
စ၊ ဆက်။ မုခနိမိတ္တန္တိဧတ္ထ၊ ဟူသော ဤပါဌ်၌။ ဥတ္တရောဋ္ဌဿ၊ အထက်နှုတ်ခမ်း၏။ ဝေမဇ္ဈပ္ပဒေသော၊ အလယ်အရပ်ကို။ ဒဋ္ဌဗ္ဗော၊ မှတ်ထိုက်၏။ ယတ္ထ၊ ယင်းအလယ်အရပ်၌။ နာသိကဝါတော၊ နှာခေါင်းမှ ထွက်သော လေသည်။ ပဋိဟညတိ၊ ထိခိုက်၏။
အထဝါ၊ ကား။ (ဤပါဠိတော်နည်းမှ တနည်းဖြစ်သော ပဋိသမ္ဘိဒါမဂ်နည်းကား။) ပရီတိ၊ ပရိဟူသောသဒ္ဒါသည်။ ပရိဂ္ဂဟဋ္ဌော၊ ထက်ဝန်းကျင် ယူခြင်းအနက်ရှိ၏။ ဝါ၊ သိမ်းဆည်းခြင်းအနက်ရှိ၏။ မုခန္တိ၊ မုခံဟူသော သဒ္ဒါသည်။ နိယျာနဋ္ဌော၊ ထွက်မြောက်ခြင်းအနက်ရှိ၏။ သတီတိ၊ သတိဟူသော သဒ္ဒါသည်။ ဥပဋ္ဌာနဋ္ဌော၊ ကပ်၍တည်ခြင်းအနက်ရှိ၏။ တေန၊ ထို့ကြောင့်။ ပရိမုခံသတိန္တိ၊ ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ဧဝံ၊ သို့။ ပဋိသမ္ဘိဒါယံ၊ ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌။ (ဓမ္မသေနာပတိနာ၊ သည်။) ဝုတ္တနယေနပိ၊ ဟောတော်မူအပ်သော နည်းဖြင့်လည်း။ ဧတ္ထ၊ ဤပရိမုခံသတိံ ဟူသော ပါဌ်၌။ အတ္ထော၊ ကို။ ဒဋ္ဌဗ္ဗော၊ ၏။