[စာပိုဒ်(၁၂) သီဟသုတ်၊ ဤစာအုပ်စာမျက်နှာ (၃၈၁)လည်းကြည့်]
အထ ခေါ၊ ထိုအခါ၌။
ဘဂဝါ၊ သည်။
ပုဗ္ဗဏှသမယံ၊ နံနက်အခါ၌။
နိဝါသေတွာ၊ သင်းပိုင်ကို ကောင်းမွန်စွာ ဝတ်၍။
ပတ္တစီဝရံ၊ သပိတ်သင်္ကန်းကို။
အာဒါယ၊ ယူ၍။
ဝါ၊ ကိုင်ဆောင်ခြုံရုံ၍။
ဝေသာလိံ၊ ဝေသာလီမြို့သို့။
ပိဏ္ဍာယ၊ ဆွမ်းအကျိုးငှာ။
ပါဝိသိ၊ ဝင်တော်မူပြီ။
ဝေသာလိယံ၊ ဝေသာလီမြို့၌။
ပိဏ္ဍာယ၊ ငှာ။
စရိတွာ၊ လှည့်လည်တော်မူပြီး၍။
ပစ္ဆာဘတ္တံ၊ ဆွမ်းဘုဉ်းပေးပြီးရာကာလမှ နောက်၌။
ပိဏ္ဍပါတပဋိက္ကန္တော၊ ဆွမ်းခံရာအရပ်မှ ဖဲခွာတော်မူပြီးသည်။
ဝါ၊ ဆွမ်းဘုဉ်းပေးရာဌာနမှ ဖဲခွာတော်မူပြီးသည်။
(သမာနော၊ ဖြစ်လသော်)
အာယသ္မန္တံ အာနန္ဒံ၊ အရှင်အာနန္ဒာကို။
အာမန္တေသိ၊ အမိန့်ရှိသိစေတော်မူပြီ။
(ကိန္တိ၊ အဘယ်သို့။
အာမန္တေသိ၊ နည်းဟူမူ)
အာနန္ဒ၊ အာနန္ဒာ။
နိသီဒနံ၊ နိသီဒိုင်အခင်းကို။
ဝါ၊ သားရေပိုင်း နေရာထိုင်ခင်းကို။
ဂဏှာဟိ၊ ယူခဲ့လော။
ယေန၊ အကြင်အရပ်၌။
စာပါလံ၊ စာပါလမည်သော။ (စာပါလမည်သော နတ်ဘီလူးအုပ်စိုးတည်နေရာဌာန၏ အဖြစ်ကြောင့် စာပါလမည်သော)
စေတိယံ၊ စေတီဘုံနန်းနတ်ကွန်းသည်။ (လူတို့ လေးမြတ်ပူဇော်အပ်သဖြင့် ခေါ်မှတ်နာမည် စေတီဘုံနန်းနတ်ကွန်းသည်)
ဝါ၊ စေတီဘုံနန်းနတ်ကွန်းဝယ် ဆောက်လုပ်အပ်သောကျောင်းသည်။
(အတ္ထိ၊ ရှိ၏)
တေန၊ ထိုအရပ်၌။
ဝါ၊ သို့။
ဒိဝါဝိဟာရာယ၊ နေ့အခါသီးသန့်နေခြင်းငှာ။
ဥပသင်္ကမိဿာမ၊ သွားကြကုန်အံ့။
ဣတိ၊ ဤသို့။
(အာမန္တေသိ၊ မူပြီ)
ဧဝံ ဘန္တေ၊ ကောင်းပါပြီဘုရား။
ဣတိ ခေါ၊ ဤသို့ပင်။
အာယသ္မာ အာနန္ဒော၊ သည်။
ဘဂဝတော၊ မြတ်စွာဘုရားအား။
ပဋိဿုတွာ၊ စကားတုံ့ပြန် နာခံပြီး၍။
နိသီဒနံ၊ ကို။
အာဒါယ၊ ယူ၍။
ဘဂဝန္တံ၊ မြတ်စွာဘုရားသို့။
ပိဋ္ဌိတော ပိဋ္ဌိတော၊ နောက်ကနောက်က။
အနုဗန္ဓိ၊ အစဉ်လိုက်သွားပြီ။
အထ ခေါ၊ ၌။ပ။
ဥပသင်္ကမိ၊ ကြွသွားတော်မူပြီ။
ဥပသင်္ကမိတွာ၊ ကြွသွားတော်မူပြီး၍။
ပညတ္တေ၊ ခင်းထားအပ်သော။
အာသနေ၊ နေရာထိုင်ခင်း၌။
နိသီဒိ၊ ထိုင်နေတော်မူပြီ။
ဘဂဝါ၊ သည်။
နိသဇ္ဇ၊ ထိုင်နေတော်မူပြီး၍။
အာယသ္မန္တံ အာနန္ဒံ၊ ကို။
အာမန္တေသိ၊ ပြီ။
(ကိန္တိ၊ သို့။
အာမန္တေသိ၊ ဟူမူ)
အာနန္ဒ၊ အာနန္ဒာ။
ဝေသာလီ၊ ဝေသာလီမြို့သည်။
ရမဏီယာ၊ ပျော်မွေ့ဖွယ်ကောင်း၏။
ဥဒေနံ၊ ဥဒေနမည်သော။ (ဥဒေနမည်သော နတ်ဘီလူးသည် အုပ်စိုးတည်နေအပ်သည်အဖြစ်ကြောင့် ဥဒေနမည်သော)
စေတိယံ၊ စေတီဘုံနန်းနတ်ကွန်းသည်။ (လူတို့ လေးမြတ်ပူဇော်အပ်သဖြင့် ခေါ်မှတ်နာမည် စေတီဘုံနန်းနတ်ကွန်းသည်)
ဝါ၊ သည်။
ရမဏီယံ၊ ၏။
ဂေါတမကံ၊ ဂေါတမကမည်သော။ (ဂေါတမကမည်သော နတ်ဘီလူးသည် အုပ်စိုးတည်နေအပ်သည် အဖြစ်ကြောင့် ဂေါတမကမည်သော)
စေတိယံ၊ သည်။
ရမဏီယံ၊ ၏။
**သတ္တမ္ဗံ**၊ သတ္တမ္မမည်သော။ (ဘုရင့်သမီးတော် ခုနစ်ဦးတို့ တရားအားထုတ်ရာဌာန၏အဖြစ်ကြောင့် သတ္တမ္မမည်သော)သတ္တဗ္ဗံ စေတိယံ။ ။ [ဤ၌ စာပါလေ, ဥဒေန, ဂေါတမကပုဒ်တို့သည် သာရန္ဒဒပုဒ်နှင့် သဘောတူ၏။ သတ္တကနိပါတ်စာပိုဒ်(၂၁) သာရန္ဒဒသုတ်၌ သာရန္ဒဒနှင့် စေတိယပုဒ်အနက်အဖွင့်ရေးခဲ့ပြီ၊ ဤစာအုပ် စာမျက်နှာ (၅၃)ကြည့် ] ကဿပမြတ်စွာဘုရားလက်ထက်တော်အခါ၌ ကိကီမင်းကြီး၏ သမီးပျို(၇)ဦးတို့ သံဝေဂ ဖြစ်ပွားသဖြင့် ဖခမည်းတော် ဘုရင်၏နန်းတော်မှ ထွက်ခွာ၍ ကမ္မဋ္ဌာန်းတရား အားထုတ်ရာဌာနကို "သတ္တမ္ဗ စေတိယ"ဟု အဆိုရှိကြောင်းကို ဥဒါန်းအဋ္ဌကထာ၌ ဝဒန္တိဝါဒ ပြလျက် ဖွင့်ထား၏။ ထိုအလိုကြံရသော်-
ရှေးဦးစွာ "သတ္တ+အမ္ဗာ"ဟု ပုဒ်ဖြတ်ဦ အမ္ဗာသဒ္ဒါသည် "ဇိတမှ ဝတ ဘောအမ္ဗကာယ"ဟူသော ဒီ, မဟာဝဂ္ဂ မဟာပရိနိဗ္ဗာနသုတ် (၈၂)၌ကဲ့သို့ မိန်းမအနက်ဟောတည်း၊ သတ္တ အမ္ဗာယော သတ္တမ္ဗံ (ခုနစ်ဦးသောအမျိုးသမီး)ဟု သမာဟာရ ဒိဂုသမာသ် တွဲပြီးနောက် "သတ္တမ္ဗဿ ပဒဟနဋ္ဌာနံ သတ္တမ္ဗံ၊ သတ္တမ္ဗံ ဝါ ပဒဟတိ ဧတ္ထာတိ သတ္တမ္ဗံ- အမျိုးသမီးပျို(၇)ဦး၏ တရားအားထုတ်ရာဌာန"ဟု တဒ္ဓိတ်ဝစနတ္ထပြုသင့်၏။
သတ္တမ္ဗန္တိ ကိကိဿ ကိရ ကာသိရညော ဓီတရော သတ္တ ကုမာရိယော သံဝေဂ ဇာတာ ရာဇဂေဟတော နိက္ခမိတွာ ယတ္ထ ပဓာနံ ပဒဟိံသု၊ တံ ဌာနံ "သတ္တမ္ဗံ စေတိယ"န္တိ ဝဒန္တိ။ ဥဒါန်းအဋ္ဌကထာ (၂၉၃)နှင့် ဤသုတ်ဋီကာ။ စေတိယံ၊ သည်။ ရမဏီယံ၊ ၏။ **ဗဟုပုတ္တကံ**၊ ဗဟုပုတ္တကမည်သော။ (ညောင်ပင်စောင်နတ်အထံ၌ လူအများတို့ သားရလိုကြောင်း တောင့်တရာ ပညောင်ပင်၏ အဖြစ်ကြောင့် ဗဟုပုတ္တက မည်သော)။ပ။ဗဟုပုတ္တကံ စေတိယံ။ ။ ဗဟုပုတ္Fတကပုဒ်ကိုလည်း ပြလတ္တံံအဖွင့်များကို ရှု၍ "ပုတ္တေ ပတ္ထေန္တိ ဧတ္ထာတိ ပုတ္တကံ- သားတို့ကို တောင့်တရာ, ဆုတောင်းရာ ညောင်ပင်။ (တဒ္ဓိတ်ကပစ္စည်း)၊ ဗဟူနံ ပုတ္တကံ ဗဟုပုတ္တကံ- (ညောင်ပင်စောင့် နတ်အထံ၌) များစွာသော လူတို့က သားရလိုကြောင်း ဆုတောင်းရာညောင်ပင်"ဟု ဝစနတ္ထပြုသင့်၏။ ဤဗဟုပုတ္တကပုဒ်၌သာ "ညောင်ပင်"ဟု အနက်ဖွင့်သည်ကို တွေ့ရ၏။ အခြားသော စာပါလ, ဥဒေနစသောပုဒ်တို့၌ ညောင်ပင် (သို့မဟုတ်) အခြားသစ်ပင်တပင်ပင် ဟူသော အနက်ဖွင့်ဆိုသည်ကို မတွေ့ရ။
ဗဟုပုတ္တကန္တိ စ ဗဟုပါရောဟော ဧကော နိဂြောဓရုက္ခာ၊ တသ်မိံ အဓိဝတ္ထံ ဒေဝတံ ဗဟူ မနုဿ ပုတ္တေ ပတ္ထေန္တိ၊ တဒုပါဒါယ တံ ဌာနံ "ဗဟုပုတ္တကံ စေတိယ"န္တိ ပညာယိတ္ထ။ ၎င်းဋ္ဌဋီ။ [သာရန္ဒဒကို စာမျက်နှာ(၅၃) သတ္တကနိပါတ်စာပိုဒ်(၂၁) သာရန္ဒဒသုတ်ကြည့်]

ယဿ ကဿစိ၊ အမှတ်မထား တပါးပါးသော ပုဂ္ဂိုလ်သည်။
စတ္တာရော၊ လေးပါးကုန်သော။
ဣဒ္ဓိပါဒါ၊ ဣဒ္ဓိပါဒ်တရားတို့ကို။
ဝါ၊ ပြီးစီးထမြောက် အထွတ်အထိပ်သို့ရောက်သော ဆန္ဒအစရှိသောတရားအဖို့အစုတို့ကို။
ဘာဝိတာ၊ အပြည့်အစုံဖြစ်ပွားစေအပ်ပြီးကုန်အံ့။
ဗဟုလီကတာ၊ ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်ပြီးကုန်အံ့။
ယာနီကတာ၊ အာဇာနည်မြင်း ကအပ်သော ယာဉ်နှင့်တူစွာ (အလိုရှိတိုင်း ဝင်စားနိုင်အောင်) ပြုအပ်ပြီးကုန်အံ့။
ဝတ္ထုကတာ၊ တည်ရာမှီရာဌာနကဲ့သို့ ပြုအပ်ပြီးကုန်အံ့။ [ဤအဋ္ဌကနိပါတ်စာပိုဒ် (၁) မေတ္တာသုတ် စာမျက်နှာ(၂၉၃)လည်းကြည့်]
ဝါ၊ ကောင်းစွာသုတ်သင်ပြီးသော ဘေးရန်ရှိသော တည်နေရာကဲ့သို့ ပြုအပ်ပြီးကုန်အံ့။
အနုဋ္ဌိတာ၊ မပြတ်မလပ် အထပ်ထပ်ဖြစ်စေအပ်ပြီးကုန်အံ့။
ဝါ၊ ထိုထိုအဓိဋ္ဌာန်ကိစ္စအား သင့်လျော်အောင် စွဲမြဲစွာ တည်ရှိစေအပ်ပြီးကုန်အံ့။
ပရိစိတာ၊ ဝန်းကျင်ဥဿုံ အပြည့်အစုံဆည်းပူးအပ်ပြီးကုန်အံ့။
သုသမာရဒ္ဓါ၊ (ထိပ်ဆုံးသို့ရောက် ကျွမ်းကျင်လောက်အောင်) ကောင်းစွာ အားထုတ်အပ်ပြီးကုန်အံ့။
အာနန္ဒ၊ အာနန္ဒာ။
သော၊ ထိုပုဂ္ဂိုလ်သည်။ (ဣဒ္ဓိပါဒ်လေးပါး အပြည့်အစုံဖြစ်ပွားစေပြီးသော ထိုပုဂ္ဂိုလ်သည်)
အာကင်္ခမာနော၊ အလိုရှိလသော်။
ကပ္ပံ ဝါ၊ အာယုကပ် တကပ်ပတ်လုံးသော် လည်းကောင်း။ (ထိုထိုကာလ တည်ရှိကြသော လူတို့ သက်တမ်းအပြည့်အဝပတ်လုံးသော်လည်းကောင်း)
ကပ္ပါဝသေသံ ဝါ၊ ထိုအာယုကပ်ထက် အနည်းငယ်ပိုလွန်သော နှစ်အရေအတွက်ပတ်လုံးသော်လည်းကောင်း။
ဝါ၊ အာယုကပ်တကပ် ကျော်ကျော်သော်လည်း'ကောင်း။
တိဋ္ဌေယျ၊ တည်နေနိုင်၏။
အာနန္ဒ၊ အာနန္ဒာ။
တထာဂတဿ၊ မြတ်စွာဘုရားသည်။
စတ္တာရော၊ ကုန်သော။
ဣဒ္ဓိပါဒါ၊ တို့ကို။
ဘာဝိတာ၊ အပြည့်အစုံ ဖြစ်ပွားစေအပ်ပြီးကုန်ပြီ။
ဗဟုလီကတာ၊ ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်ပြီးကုန်ပြီ။
ယာနီကတာ၊ ပြီးကုန်ပြီ။ပ။
သုသမာရဒ္ဓါ၊ ပြီးကုန်ပြီ။
အာနန္ဒ၊ န္ဒဦ။
တထာဂတော၊ မြတ်စွာဘုရားသည်။
အာကင်္ခမာနော၊ (သက်တော်ရှည်ရှည် တည်နေခြင်းငှာ) အလိုရှိတော်မူလသော်။
ကပ္ပံ ဝါ၊ အနှစ်တရာဟူသော အာယုကပ်ပတ်လုံးသော် လည်းကောင်း။
ကပ္ပါဝသေသံ ဝါ၊ အနှစ်တရာ အာယုကပ်ထက် အနည်းငယ်ပိုလွန်သော နှစ်ပတ်လုံးသော်လည်းကောင်း (အနှစ်တရာထက် အနည်းငယ်ပိုလွန်သော- ၂၀၊ ၃၀၊ ၄၀၊ ၅၀၊ ၆၀- သော နှစ်ပတ်လုံးသော်လည်းကောင်း)
ဝါ၊ အာယုကပ် တကပ်ကျော်ကျော်သော်လည်းကောင်း။
တိဋ္ဌေယျ၊ တည်နေတော်မူနိုင်၏။
ဣတိ၊ ဤသို့။
(အာမန္တေသိ၊ မိန့်တော်မူပြီ)
ဧဝံ၊ ဤသို့ပင်။
ဘဂဝတာ၊ မြတ်စွာဘုရားသည်။
**ဩဠာရိကေ**၊ ပေါ်လွင်ထင်ရှားသော။ဩဠာရိက နိမိတ္တနှင့် ဩဘာသ။ ။ ပါဠိတော်၌ "ဩဠာရိကေ နိမိတ္တေ။ပ။ ဩဘာသေ ကယိရမာနေ"ဟူ၍ ဟောတော်မူရာ၌ ပုဒ်နက်ရှင်းလင်းချက်နှင့်တကွ နိမိတ္တနှင့် ဩဘာသတို့၏ ထူးခြားချက်ကို သိထားသင့်၏-
"ဩဠာရိကေ နိမိတ္တေတိ ထူလေ သညုပ္ပါဒနေ"ဟူ၍ ဥဒါန်းအဋ္ဌကထာ (၂၉၅)နှင့် ဤသုတ်ဋီကာဖွင့်၏။ ဩဠာရိက (ထူလ)- ကြီးမားသော။ ဝါ၊ ပေါ်လွင်ထင်ရှားသော။ နိမိတ္တ- အရိပ်နိမိတ်စကား။ သညုပ္ပါဒန- အမှတ်သညာ (အရိပ်အခြည်)ကို ဖြစ်စေသောစကား။ အရိပ်အခြည်ကို ဖော်ပြသောစကား၊ အရိပ်နိမိတ်ပြသည့် အနေဖြင့် သွယ်ဝိုက်ပြောဆိုအပ်သော ပရိယာယ်စကား။ ဤအတိုင်း နိမိတ္တပုဒ်အနက်ကို သိရာ၏။ ထို့နောက်-
"ဩဘာသေတိ ပါကဋဝစနေ"ဟု ဖွင့်၏။ ထို့ကြောင့် ဩဘာသဟူသည် ပါကဋဝစန- အတိအလင်း ဘွင်းဘွင်းပြောဆိုအပ်သော စကားဖြစ်၏။ နိမိတ္တ ကဲ့သို့ အရိပ်နိမိတ်ပြရုံ, သွယ်ကာ ဝိုက်ကာ ပရိယာယ်ပြောရုံမျှ မကတော့ဘဲ မသွယ်မဝိုက် တိုက်ရိုက်ပြောဆိုအပ်သော စကားဖြစ်၏။ ပါဠိတော်နှင့် ဆက်စပ်၍်အကျယ်တဝင့် ရှင်းလင်းပြရသော်-
မြတ်စွာဘုရားသည် ဣဒ္ဓိပါဒ်လေးပါး ပွားများအားထုတ်ထားသည် ဖြစ်ရကား ယင်းသို့ ပွားများမှု (ဣဒ္ဓိပါဒဘာဝနာ)၏ အစွမ်းတန်ခိုးကြောင့် အသက်တရာဟူသော အာယုကပ်တကပ် အပြည့်အဝ (သို့မဟုတ်) အာယုကပ်တကပ်ထက် ကျော်လွန်သည်အထိ ပရိနိဗ္ဗာန် စံတော်မမူသေးဘဲ သက်တော်ရှည်ရှည်တည်နေတော်မူနိုင်၏။ ယင်းသို့ တည်နေတော်မူနိုင်ခြင်းကြောင့် "တိဋ္ဌတု ဘန္တေ ဘဂဝါ ကပ္ပံ- ဘုနါးတော်ကြီးမား မြတ်စွာဘုရား...အာယုကပ်ပတ်လုံး သက်တော်ရှည်ရှည် တည်နေတော်မူပါဦး၊ ပရိနိဗ္ဗာန်စံတော်မမူပါနဲ့ဦး"ဟူ၍ အရှင်အာနန္ဒာထေရ်မြတ် လျှောက်ထားတောင်းပန် နိုင်ရန်အကျိုးငှာ အာယုကပ်ပတ်လုံး သက်တော်ရှည်ရှည် တည်နေတော်မူနိုင်သည် ဟူသော အဓိပ္ပါယ်ကို အရှင်အာနန္ဒာအား (၁) အရိပ်နိမိတ်ပြသည့်အနေဖြင့်လည်း မြတ်စွာဘုရား မိန့်ကြားတော်မူ၏။ (၂) အရိပ်နိမိတ်ပြရုံမျှမက အတိအလင်း ဘွင်းဘွင်း (ဩဘာသအားဖြင့်)လည်း မိန့်ကြားတော်မူ၏။ ထိုသို့ မိန့်ကြားတော်မူရာ၌-
(၁) "ယဿ ကဿစိ အာနန္ဒ စတ္တာရော ဣဒ္ဓိပါဒါ ဘာဝိတာ။ပ။ အာကင်္ခမာနော အာနန္ဒ ကပ္ပံ ဝါ တိဋ္ဌေယျ ကပ္ပါဝသေသံ ဝါ"ဟူသော စကားတော်သည် မည်သည့် ပုဂ္ဂိုလ်ဟု နာမည်မတပ် မသတ်မှတ်ဘဲ ယဿ ကဿစ (အမှတ်မထားပုဂ္ဂိုလ်တပါးပါး)ဟူ၍ အညာပဒေအားဖြင့် မိန့်ကြားတော်မူအပ်သော စကားတော်ဖြစ်၏။ [အည- (မြတ်စွာဘုရားမှတပါး) အခြားပုဂ္ဂိုလ်တဦးဦး+ အပဒေသ- (ယဿ ကဿစိ-စသည်ဖြင့်) ညွှန်ပြခြင်း၊ ဣဒ္ဓိပါဒ်လေးပါး ပွားများအားထုတ်ထားသော အခြားပုဂ္ဂိုလ်တဦးဦးကို အာယုကပ်ပတ်လုံး တည်နေနိုင်သူအဖြစ်ဖြင့် ညွှန်ပြခြင်း၊ ယင်းသို့ ညွှန်ပြခြင်းအားဖြင့် မြတ်စွာဘုရားကိုယ်တော်မြတ်လည်း ထိုပုဂ္ဂိုလ်ကဲ့သို့ပင် တည်နေတော်မူနိုင်ကြောင်းကို မိန့်ကြားရာရောက်ခြင်း] ယင်းသို့ အညာပဒေသအားဖြင့် မိန့်ကြားတော်မူအပ်သော "ယဿ ကဿစိ အာနန္ဒ"အစရှိသော ထို(၁) စကားဝါကျကို နိမိတ္တ (အရိပ်နိမိတ်ပြစကား)ဟု ခေါ်၏။ ပရိနိဗ္ဗာန်မစံသေးရန် အရှင်အာနန္ဒာလျှောက်ထားတောင်းပန်ဖို့အတွက် အရိပ်နိမိတ်ပြသောစကားဟု ဆိုလို၏။ ထို့နောက်-
(၂) တထာဂတဿ ခေါ အာနန္ဒ စတ္တာရော ဣဒ္ဓိပါဒါ ဘာဝိတာ။ပ။ အာကင်္ခမာနော အာနန္ဒ တထာဂတော ကပ္ပံ ဝါ တိဋ္ဌေယျ ကပ္ပါဝသေသံ ဝါ"ဟူသော စကားတော်သည်ကား အရိပ်နိမိတ်ပြရုံမျှ (သွယ်ဝိုက်၍ ပရိယာယ်ပြောရုံမျှ) မကတော့ဘဲ မသွယ်မဝိုက်ကိုယ်တော်မြတ်ကိုပင် တိုက်ရိုက် "တထာဂတဿ"ဟူ၍ ညါှန်ပြမိန့်ကြားတော်မူအပ်သော စကားဝါကျတော်ဖြစ်၏။ ထို့ကြောင့် "တထာဂတဿ ခေါ အာနန္ဒ" အစရှိသော ထို (၂) စကားတါကျကို ဩဘာသဟု ခေါ်၏။ ဩဘာသတိ ဒိဗ္ဗတိ ပါကဋံ ဟောတီတိ ဩဘာသော- ပွင့်လင်းထင်ရှားစကား။ အာနန္ဒာ......တထာဂတ (ငါဘုရား)သည် ဣဒ္ဓိပါဒ်လေးပါးပွားများစေအပ်ပြီးဖြစ်သောကြောင့် အလိုရှိတော်မူပါလျှင် အာယုကပ်တကပ်, တကပ်ကျော်ကျော် သက်တော်ရှည်ရှည် တည်နေနိုင်သည်ဟူ၍ တထာဂတဟူသော အသုံးအနှုန်းဖြင့် ပွင့်လင်းစွာ မိန့်ကြားအပ်သောစကား၊ ပရိနိဗ္ဗာန်ပြုတော်မမူသေးရန် အရှင်အာနန္ဒာလျှောက်ထားတောင်းပန်ဖို့အတွက် တိုက်ရီုက်ရှင်းရှင်း ပွင့်လင်းစွာ မိန့်ကြားအပ်သော စကားဟူလို။
ရှေးနိဿယနှင့် မြန်မာပြန်။ ။ ဤနေရာ၌ ဩဘာသပုဒ်ကို "အရိပ်အယောင်၊ အရိပ်အမြွက်"ဟူ၍ အနက်ပြန်ဆိုတော်မူကြ၏။ ထိုအနက်သည် နိမိတ္တပုဒ်၏ အနက်နှင့် ဘာမျှ ထူးခြားမှု မရှိသည်သာမက "ပါဋက ဝစနေ"ဟူသော အဖွင့်နှင့်လည်း ဆန့်ကျင်နေသည်ဟု ယူဆ၏။ နိမိတ္တေ၊ ပရိယာယ်အရိပ်နိမိတ်စကားကို။ (အာယုကပ်ပတ်လုံး ပရိနိဗ္ဗာန်မစံသေးဘဲ တည်နေတော်မူပါရန် တောင်းပန်လျှောက်ထားဘို့အတွက် သွယ်ဝိုက် ချိတ်ရိပ် ပရိယာယ်အရိပ် နိမိတ်ပြစကားကို) ကယိရမာနေ၊ ပြုအပ်ပါသော်လည်း။ ဝါ၊ ပြောဆိုအပ်ပါသော်လည်း။ ("ယဿ ကဿစိ အာနန္ဒ" စသည်ဖြင့် မိန့်ဆိုအပ်ပါသော်လည်း) ["ဧဝမ္ပိ"၌ ပိသဒ္ဒါကို ကယိရမာနေပုဒ်၏ နောက်၌ယူ၍ အနက်ဆိုသည်] ဩဠာရိကေ၊ သော။ ဩဘာသေ၊ (မသွယ်မဝိုက်) တိုက်ရိုက်ရှင်းရှင်း ပွင့်လင်းသောစကားကို။ ကယိရမာနေ၊ လည်း။ ("တထာဂတဿ ခေါ အာနန္ဒ"စသည်ဖြင့် မိန့်ဆိုတော်မူအပ်ပါသော်လည်း) အာယသ္မာ အာနန္ဒာ၊ အရှင်အာနန္ဒာသည်။ ပဋိဝိဇ္ဈိတုံ၊ (ထိုနိမိတ္တ, ဩဘာသစကားအဓိပ္ပါယ်ကို) သဘောပေါက်နားလည်ခြင်းငှာ။ နာသက္ခိ၊ မစွမ်းနိုင်ခဲ့ပြီ။

ဘဂဝန္တံ၊ ကို။
နယာစိ၊ မတောင်းပန်မိခဲ့လေပြီ။
(ကိန္တိ၊ သို့။
နယာစိ၊ နည်းဟူမူ)
ဘန္တေ၊ မြတ်စွာဘုရား။
ဘဂဝါ၊ ဘုန်းတော်ကြီးမား မြတ်စွာဘုရားသည်။
ကပ္ပံ၊ သက်တော်တရာ အာယုကပ်ပတ်လုံး။
တိဋ္ဌတု၊ (ပရိနိဗ္ဗာန် မဝင်စံသေးဘဲ) တည်နေတော်မူပါဦး။
ဗဟုဇနဟိတာယ၊ များစွာသော သတ္တဝါအပေါင်း၏ စီးပွားအလို့ငှာ။
ဗဟုဇနသုခါယ၊ များစွာသော သတ္တဝါအပေါင်း၏ ချမ်းသာခြင်းငှာ။
လောကာနုကမ္ပာယ၊ (ဒေသနာတော်ကို သိနားလည်နိုင်သော) သတ္တဝါအပေါင်းကို ငဲ့ညှာထောက်ထား သနားခြင်းငှာ။
ဒေဝမနုဿာနံ၊ နတ်,လူတို့၏။
အတ္ထာယ၊ ယခုဘဝ ကြီးပွား ပြည့်စုံခြင်းငှာ။
ဟိတာယ၊ နောင်တမလွန်ဘဝ ကြီးပွားကြောင်း စီးပွားအလို့ငှာ။
သုခါယ၊ နိဗ္ဗာန်ချမ်းသာ အလို့ငှာ။ [ဥဒါန်းအဋ္ဌကထာ၊ ၂၉၅]
သုဂတော၊ မြတ်စွာဘုရားသည်။ (ကောင်းသောစကား မိန့်ကြားတော်မူသော မြတ်စွာဘုရားသည်)
ကပ္ပံ၊ လုံး။
တိဋ္ဌတု၊ ဦး။
ဣတိ၊ သို့။
(န ယာစိ၊ မတောင်းပန်မိခဲ့)။
မာရေန၊ မာရ်နတ်သည်။
ပရိယုဋ္ဌိတ စိတ္တော၊ ထက်ဝန်းကျင်မှ အုပ်စီးတည်နေအပ်သော စိတ်ရှိသော။
အညော၊ အခြားသောပုဂ္ဂိုလ်တဦးဦးသည်။
ပဋိဝိဇ္ဈိတုံ၊ သူတပါးစကားကို သဘောပေါက်နားလည်ခြင်းငှာ။
န သက္ကုဏေယျ ယထာ၊ မစွမ်းနိုင်သကဲ့သို့။
တထာ၊ ထို့အတူ။
အာယသ္မာ အာနန္ဒေါ၊ သည်။
ပဋိဝိဇ္ဈိတုံ၊ နိမိတ္တ ဩဘာသကို သဘောပေါက်နားလည်ခြင်းငှာ။
နာသက္ခိ၊ မစွမ်းနိုင်ခဲ့လေပြီ။ပ။
အထခေါ၊ ထိုအခါ၌။ (သုံးကြိမ်တိုင်တိုင် နိမိတ္တဩဘာသစကား မိန့်ကြားတော်မူပြီးရာ ထိုအခါ၌)
ဘဂဝါ၊ မြတ်စွာဘုရားသည်။
အာယသ္မန္တံ အာနန္ဒံ၊ ကို။
အာမန္တေသိ၊ မိန့်ကြားတော်မူပြီ။
(ကိန္တိ၊ သို့။
အာမန္တေသိ၊ ဟူမူ)
အာနန္ဒ၊ န္ဒာ။
တွံ၊ သင်သည်။
ဂစ္ဆ၊ သွားတော့လော။
ယဿ(ဂမနဿ)၊ အကြင်သွားခြင်း၏။
ကာလံ၊ အချိန်ကို။
(တွံ၊ သင်သည်)
မညသိ၊ သိ၏။
(တံ ဂမနံ၊ ထိုသွားခြင်းကို။
တွံ၊ သည်။
ကရောဟိ၊ ပြုသော)
ဣတိ၊ ဤသို့။
(အာမန္တေသိ၊ မူပြီ)။ပ။
အာသနာ၊ ထိုင်နေရာမှ။
ဥဋ္ဌာယ၊ ထ၍။
ဘဂဝန္တံ၊ မြတ်စွာဘုရားကို။
အဘိဝါဒေတွာ၊ ရိုသေစွာ ရှိခိုးပြီး၍။
ပဒက္ခိဏံ၊ အရိုအသေကို။။
ကတွာ၊ ပြု၍။
ဘဂဝတော၊ မြတ်စွာဘုရား၏။
အဝိဒူရေ၊ အနီး၌။
အညတရသ္မိံ၊ တပင်သော။
ရုက္ခမူလေ၊ သစ်ပင်၏အနီး၌။
ဝါ၊ သစ်ပင်အောက်၌။
နိသီဒိ၊ ထိုင်နေပြီ။
အထခေါ၊ ထိုအခါ၌။
ပါပိမာ၊ မကောင်းမှုအကုသိုလ်ရှိသော။ (အကုသိုလ်ပါပ, အပြည့်အဝ အလွန်အကဲရှိသော)
မာရော၊ မာရ်နတ်သည်။ (သတ္တဝါတို့ကို အကျိုးမဲ့၌ ယှဉ်စေလျက် ဂုဏ်သေအောင် သတ်တတ်သော နတ်ယုတ်မာသည်)
အာယသ္မန္တေ အာနန္ဒေ၊ အရှင်အာနန္ဒာသည်။
အစိရပက္ကန္တေ၊ ဖဲခွာသွားပြီး၍ မကြာမြင့်မီပင်၊
ဘဂဝန္တံ၊ ကို။
ဧတံ၊ ဤစကားကို။
အဝေါစ၊ လျှောက်ပြီ။
(ကိန္တိ အဝေါစ) [မာရော ပါပိမာပုဒ်တို့၏အဖွင့်ကို စာမျက်နှာ (၂၂၉) သတ္တကနိပါတ်စာပိုဒ် (၆၇) နဂရောပမသုတ်၌ ရေးခဲ့ပြီ။]
ဘန္တေ၊ ရား။
ဒါနိ၊ ယခုအခါ၌။
ဘဂဝါ၊ သည်။
ပရိနိဗ္ဗာတု၊ ပရိနိဗ္ဗာန်ပြုတော်မူပါ။
ဝါ၊ ခန္ဓာဇာတ်သိမ်း ချုပ်ငြိမ်းတော်မူပါ။
သုဂတော၊ သည်။
ပရိနိဗ္ဗာတု၊ ပါ။
ဘန္တေ၊ ရား။
ဒါနိ၊ ယခုအခါ၌။
ဝါ၊ ယခုအခါသည်။
ဘဂဝတော၊ မြတ်စွာဘုရား၏။
ပရိနိဗ္ဗာနကာလော၊ ပရိနိဗ္ဗာန်ပြုရာ အခါပါတည်း။
ဘန္တေ၊ ရား။
ပန၊ ပရိနိဗ္ဗာန်ပြုရန် အချိန်တန်ပုံကို လျှောက်ရသော်ကား။
ဘဂဝတာ၊ မြတ်စွာဘုရားသည်။
ဧသာ ဝါစာ၊ ဤစကားကို။
ဘာသိတာ ခေါ၊ မိန့်ကြားတော်မူအပ်ဖူးသည်သာ။
(ကိန္တိ၊ သို့။
ဘာသိတာ၊ ဖူးသနည်းဟူမူ)။
ပါပိမ၊ မာရ်နတ်။
မေ၊ ငါ၏။
ဘိက္ခူ၊ ရဟန်းတို့သည်။
ယာဝ၊ အကြင်မျှလောက် ကာလပတ်လုံး။
**ဝိယတ္တာ**၊ အရိယမဂ်ဖြင့် ထက်မြက် ကျွမ်းကျင်ပညာရှင် ဖြစ်ကုန်သော။
**ဝိနီတာ**၊ အရိယမဂ်ဖြင့် ကိလေသာတို့က်ု အကြွင်းမဲ့ ပယ်သတ်ပြီးကုန်သော။
**ဝိသာရဒါ**၊ ကြောက်ရွံ့ကြောင်း ဒိဋ္ဌိ ဝိစိကိစ္ဆာ အစရှိသော အကုသိုလ်ကင်းကုန်သော။ဝိယတ္တာ ဝိနီတာ ဝိသာရဒါ။ ။ "ဝိယတ္တာတိ မဂ္ဂဝသေန ဗျတ္တာ"ဟု ဖွင့်၏။ ဝိယတ္တပုဒ်ကို ချုံးလိုက်လျှင် ဗျတ္တဟု ဖြစ်၏။ ဝိပုဗ္ဗ အဉ္ဇဓာတ် တပစ္စည်း ကြံ၍ ဗျဉ္ဇယန္တိ ပကာသေန္တီတိ ဝိယတ္တာ ဗျတ္တာ- ထင်ရှားပြတတ်သူများ ထက်မြက်ကျွမ်းကျင်ပညာရှင်များ၊ ဝိပုဗ္ဗ အာပဓာတ်လည်း ကြံတော်မူကြ၏။ "ဗျာပေန္တိ- ပျံ့နှံ့ကုန်၏။ ဣတိ- ထို့ကြောင့်။ ဝိယတ္တာ ဗျတ္တာ- နှံစပ် ကျွမ်းကျင် ပညာရှင်များ"ဟု ဝစနတ္ထပြုရာ၏။
ထိုဝိယတ္တပုဒ်နောင် ဘာဝတဒ္ဓိတ် ဏျပစ္စည်းဆင့်လျှင် "ဝိယတ္တဿ (ဗျတ္တဿ) ဘာဝေါ ဝေယျတ္တိယံ- ထက်မြက် ကျွမ်းကျင်သူ၏ ဖြစ်ကြောင်း ဉာဏ်ပညာ"ဟု အနက်ဖြစ်၏။ ထိုဉာဏ်ပညာဟူသည်လည်း ဤနေရာ၌ သစ္စာလေးပါးကို ထိုးထွင်းသိတတ်သော မဂ်ပညာတည်း။ ထို့ကြောင့် "သစ္စသမ္ပဋိဝေဓဝေယျတ္တိယေန ဗျတ္တာ"ဟု ဋီကာဖွင့်သည်။
ဝိနီတ၌ နီဓာတ်သည် ရာဂဝိနယစသည်၌ကဲ့သို့ ပယ်ဖျောက်ဖျက်ဆီးခြင်းဟူသော အနက်ကို ဟော၏။ ဝိနယိံသူတိ ဝိနီတာ။ ဝိသာရဒပုဒ်၌ "သာရဇ္ဇကရာနံ ဒိဋ္ဌိဝိစိကိစ္ဆာဒိ ပါပဓမ္မာနံ ဝိဂမေန ဝိသာရဒဘာဝံ ပတ္တာ"ဟူသော ဋီကာနှင့်အညီ "သာရဇ္ဇတိ ဇတေဟီတိ သာရဒါ- ကြောက်ရွံ့ကြောင်း ဒိဋ္ဌိဝိစိကိစ္ဆာ အစရှိသော အကုသိုလ်များ။ ဝိဂတာ သာရဒါ ယေသံ ဘိက္ခူနန္တိ ဝိသာရဒါ- ကင်းသောကြောက်ရွံ့ကြောင်းကုသိုလ်ရှိသော ရဟန်းများဟု ကြံပါ။ ဝါ၊ ကြောက်ရွံ့အောင်ပြု, အကုသိုလ်ကင်း, ရဲတင်းရွှင်ပျကုန်သော။ **ပတ္တယောဂက္ခေမာ**၊ ရောက်အပ်ပြီးသော ယောဂလေးဖြာ ဘေးကုန်ရာ အရဟတ္တဖိုလ်ရှိကုန်သော။ ပတ္တယောဂက္ခေမာ။ ။ ဤပုဒ်ကို ဤသုတ် အဋ္ထကထာ ဋီကာတို့၌ ဖွင့်ထားသည်ကို မတွေ့ရ။ ပတ္တယောဂက္ခေမာတိ စတူဟိ ယောဂေဟိ ခေမတ္တာ အရဟတ္တံ ဣဓ ယောဂက္ခေမံ နာမ၊ တံ ပတ္တာတိ အတ္ထော။ ဒီ, ပါထိကဝဂ်၊ ပါသာဒိကသုတ် အဋ္ဌကထာ (၉၄)။ ယောဂေတိ ခေမံ ယောဂက္ခေမံ၊ ပတ္တံ ယောဂက္ခေမံ ယေဟိ (ယေသံ ဝါ)တိ ပတ္တယောဂက္ခေမာ။ ဝါ၊ ယောဂလေးဖြာ ဘေးကုန်ရာ အရဟတ္တဖိုလ်သို့ ရောက်ပြီးကုန်သော။ ဗဟုဿုတာ၊ များစွာကြားနာသင်မှတ်ထားအပ်ပြီးသော သုံးဖြာ ပိဋကတ် ပရိယတ်ရှိကုန်သော။ ဝါ၊ များစွာကြားနာ မြင်သိ ပရိယတ္တိ ပဋိဝေဓ တရားရှိကုန်သော။ ဓမ္မဓရာ၊ သုံးဖြာပဋိကတ် ပရိယတ်တရားကို မေ့ပျောက်မသွားအောင် ဆောင်ထားနိုင်ကုန်သော။ ဝါ၊ ပရိယတ္တိ ပဋိဝေဓတရားကို ဆောင်ထားနိုင်ကုန်သော။ ဓမ္မာနုဓမ္မပ္ပဋိပန္နာ၊ အရိယမဂ်ဖိုလ်တရားအားလျော်သော ဝိပဿနာတရားကို ကျင့်ကုန်သော။ [ဓမ္မ၊ အရိယမဂ်ဖိုလ်တရားအား+ အနု၊ လျော်သော+ ဓမ္မ၊ ဝိပဿနာတရား] ဝါ၊ လောကုတ္တရာတရား ကိုးပါးအားလျော်သော ဝိပဿနာတရားကို ကျင့်ကုန်သော။ သာမီစိပ္ပဋိပန္နာ၊ လောကုတ္တရာတရား ကိုးပါးအားလျော်သော ဝိပဿနာအကျင့်ကို ကျင့်ကုန်သော။ ဝါ၊ ဉာဏဒဿန ဝိသုဒ္ဓိ အားလျော်သော ဝိသုဒ္ဓိအဆင့်ဆင့် အကျင့်ခြောက်ပါးကို ကျင့်ကုန်သော။ **အနုဓမ္မစာရိနော**၊ ဝိပဿနာအကျင့်အားလျော်သော ကိလေဿာအညစ် ခွာခြစ်ပယ်ရှားတတ်သော အပ္ပိစ္ဆတာအစရှိသော တရားကို ခံယူကျင့်သုံးလေ့ရှိကုန်သော။အနုဓမ္မစာရိနော။ ။ အနုရူပါ ဓမ္မော အနုဓမ္မာ- လျော်သောတရား။ ဝိပဿနာအကျင့်အား လျော်သောတရား။ ဝါ- သီလဝိသုဒ္ဓိ အစရှိသော အဆင့်ဆင့်သော ဝိသုဒ္ဓိအကျင့်အား လျော်သောတရား။ ထို လျော်သော တရားဟူသည် ကိလေသာတို့ကို ခြစ်ခွာပယ်ရှားတတ်သော အပ္ပိစ္ဆတာ အစရှိသော တရားများတည်း။
(တနည်း) အနုရူပါ ဓဂ္ဂဖလဓမ္မော ဧတိဿဦတိ အနုဓမ္မာ (သင့်လျော်ကောင်းမြတ်သော မဂ် ဖိုလ် တရားရှိသော ဝုဋ္ဌာနဂါမိနိဝိပဿနာ)။ အနုဓမ္မံ စရန္တိ သီလေနာတိ အနုဓမ္မာစာရိနော။ အာစရိယဿ ဣဒံ အာစရိယကံ- ဆရာဖြစ်တော်မူသော မြတ်စွာဘုရား ဥစ္စာဖြစ်သော အယူဝါဒ (သစ္စာလေးပါးတရားဒေသနာ)။ ဝါ၊ ဝိသုဒ္ဓိအဆင့်ဆင့် အကျင့်တရားအားလျော်သော ကိလေသာ အညစ် ခွာခြစ်ပယ်ရှားတတ်သော အပ္ပိစ္ဆတာ အစရှိသောတရားကို ခံယူကျင့်သုံး လေ့ရှိကုန်သော။ ဝါ၊ လျော်သော မဂ်ဖိုလ်တရားရှိသော ငုဋ္ဌာနဂါမိနီဝိပဿနာကို ကျင့်လေ့ရှိကုန်သော။ သာဝကာ၊ တပည့်တို့သည်။ န ဘဝိဿန္တိ၊ မဖြစ်ကြကုန်သေး။ သကံ၊ မိမိကိုယ်ပိုင် ဥစ္စာဖြစ်သော။ အာစရိယကံ၊ ဗုဒ္ဓမြတ်စွာ မြတ်ဆရာ၏ သစ္စာလေးပါး ဝါဒတရားကို။ ဥဂ္ဂဟေတွာ၊ သင်ယူကြကုန်၍။ န အာစိက္ခိဿန္တိ၊ ဦးစွာပဌမ မဟောပြနိုင်ကြကုန်သေး။ (မိမိ သင်ယူခဲ့သော နည်းအတိုင်း သူတပါးကို ဦးစွာပဌမ မသင်ပြ မဟောကြားနိုင်ကြကုန်သေး) န ဒေသေဿန္တိ၊ ပါဠိကျု ကောင်းစွာ မပို့ချနိုင်ကြကုန်သေး။ န ပညပေဿန္တိ၊ (အမျိုးမျိုး အစားစား) အပြားအားဖြင့် မသိစေနိုင်ကြကုန်သေး။ န ပဋ္ဌပေဿန္တိ၊ အထူးထူး အပြားပြားသော နည်းတို့ဖြင့် ထင်ရှားစွာ မထားနိုင်ကြကုန်သေး။ န ဝိဝရိဿန္တိ၊ ပေါ်လွင်အောင် မဖွင့်ဆိုနိုင်ကြကုန်သေး။ န ဝိဘဇိဿန္တိ၊ မခွဲခြား မဝေဖန်နိုင်ကြကုန်သေး။ န ဥတ္တာနီကရိဿန္တိ၊ (တိမ်မြုပ်နက်နဲ အခက်ခဲကို) သဲကွဲပေါ်လွင်အောင် မပြုနိုင်ကြကုန်သေး။ ဥပ္ပန္နံ၊ ဖြစ်ပေါ်လာသော။ ပရပ္ပဝါဒံ၊ (ဗုဒ္ဓဝါဒမှ) တပါး တခြားသော မိစ္ဆာအယူဝါဒကို။ သဟဓမ္မေန၊ အကြောင်းယုတ္တိနှင့်တကွဖြစ်သော စကားဖြင့်။ သုနိဂ္ဂဟိတံ၊ ကောင်းစွာ နှိပ်ကွက်အပ်ပြီး ဖြစ်အောင်။ နိဂ္ဂဟေတွာ၊ နှိပ်ကွပ်၍။ **သပ္ပါဋိဟာရိယံ**၊ ဝဋ်ဆင်းရဲမှ ဆွဲထုတ်၍ နိဗ္ဗာန်သို့ ပို့ဆောင်ခြင်းနှင့်တကွဖြစ်အောင်။သပ္ပါဋိဟာရိယံ။ ။ ဤသုတ်အဋ္ဌကထာ၌ သပ္ပါဋိဟာရိယံပုဒ်ကို "နိယျာ နိကံ ကတွာ"ဟု ဖွင့်၍ ဋီကာ၌ "သနိဿရဏံ" စသည်ဖြင့် ဖွင့်၏။ တိကနိပါတ် စာပိုဒ် (၁၂၆) ဂေါတမကစေတိယသုတ် အဋ္ဌကထာ (နှာ- ၂၃၇)၌မူ "သပ္ပါဋိဟာရိယန္တိ ပစ္စနီကပဋိဟရဏေန သပ္ပါဋိဟာရိယမေဝ ကတွာ ကထေမိ"ဟု ဖွင့်ခဲ့၏။ ထို ဂေါတမစေတိယသုတ် ပါဠိကိုပင် မဟာနိဒ္ဒေသ အဋ္ဌကထာ ကလဟဝိဝါဒသုတ် (၃၁၂)၌ "သပ္ပါဋိဟာရိယန္တိ နိယျာနိကံ ကတွာ"ဟုလည်းကောင်း, မူလပဏ္ဏာသဋီကာ (ပ-၁၁၈)၌ "သပ္ပါဋိဟာရိယန္တိ သနိဿရဏံ သပ္ပဋိဟရဏံ၊ ပစ္စနီကပဋိဟရဏေန သပ္ပါဋိဟာရိယ မေဝ ကတွာ ဒေသေမီတိ အတ္ထော"ဟုလည်းကောင်း ဖွင့်၏။ သီလက္ခန်အဋ္ဌကထာပေါဋ္ဌ ပါဒသုတ် (၃၁၃၊ ၃၁၄)၌လည်း အပ္ပါဋိဟီရကတ, သပ္ပါဋိဟီရကတပုဒ်တို့ကို သပ္ပါဋိဟာရိယပုဒ်ကဲ့သို့ပင် ဖွင့်၏။ ထို့ကြောင့် "နိယျာနိကံ ကတွာ"နှင့် သနိဿရဏံ စသော အဖွင့်တို့သည် ဖွင့်ရိုးဖွင့်စဉ် အဖွင့်များသာ ဖြစ်၏။ ပြခဲ့သော ထိုအဖွင့်များနှင့်တကွ ပြလတ္တံ့သော သပ္ပါဋိဟီရကတပုဒ် အဖွင့် သာဓကဝါကျတို့ကို နည်းမှီ၍ ပါဋိဟာရိယပုဒ်ကို ပတိပုဗ္ဗ ဟရဓာတ် ဏျပစ္စည်းဖြင့်-
ပဋိပက္ခာနံ ရာဂါဒီနံ ဟရဏံ ပဋိဟာရိယံ- ဆန့်ကျင်ဘက်ရာဂ စသည်တို့ကို ပယ်ရှားခြင်း၊ ပဋိဟာရိယမေဝ ပါဋိဟာရိယံ၊ သဟ ပါဋိဟာရိယေန ယော ဓမ္မော ဝတ္တတီတိ သပ္ပါဋိဟာရိယော- ဆန့်ကျင်ဘက်ရာဂ စသည်တို့ကို ပယ်ရှားတားမြစ်နိုင်ခြင်းနှင့်တကွ ဖြစ်သောတရားတော်။ ဝါ- ဆန့်ကျင်ဘက်ရာဂ စသည်တို့ကို ပယ်ရှားတားမြစ်နိုင်သော အစွမ်းတန်းခိုးနှင့် ပြည့်စုံသောတရားတော်။ ဤနည်းကို ယခင် တိကနိပါတ် ဂေါတမစေတိယသုတ်၌လည်း ရေးခဲ့ပြီ ဖြစ်၏။ နောက်တနည်းကား-
ဝဋ္ဋဒုက္ခတော ပဋိဟရဏံ နိဗ္ဗာနပါပနံ ပဋိဟာရိယံ၊ တဒေဝ ပါဋိဟာရိယံ- ဝဋ်ဆင်းရဲမှ ထုတ်ဆောင်ခြင်း၊ နိဗ္ဗာန်သို့ ရောက်စေခြင်း၊ သဟ ပါဋိဟာရိယေန ယောဝတ္တတီတိ သပ္ပါဋိဟာရိယော- ဝဋ်ဆင်းရဲမှ ဆွဲထုတ်၍ နိဗ္ဗာန်သို့ ဆောင်ပို့ခြင်းနှင့် တကွဖြစ်သော တရားတော်။ ဝါ- ....သို့ ဆောင်ပို့နိုင်သော တရားတော်။ ဤဒုတိယ ဝစနတ္ထသည် ပြလတ္တံ့သော သာဓကဝါကျမှ နိယျာနိကပုဒ် ဝစနတ္ထနှင့် သဘောတူ၏။
သာဓကများ။ ။ သပ္ပါဋိဟီရကတန္တိ နိယျာနိကံ။ ပါထိကဝဂ် ပါသာဒိကသုတ် ဋီကာ။ ၉၃။ ထိုပါသာဒိကသုတ်ပါဠိတော် (၁၀၂)၌လည်း ဤဘူမိစာလသုတ်အတိုင်း "သပ္ပါဋိဟာရိယံ ဓမ္မံ"ဟု ရှိသေးသည်ပင် ဖြစ်ပြီး သပ္ပါဋိဟီရကတပုဒ်နှင့် အဓိပ္ပါယ် အတူတူဖြစ်၏။ ထို့နောက် အဖွင့်များကား-
ရာဂါဒိပဋိပက္ခဟရဏံ, ယထာနုသိဋ္ဌံ ဝါ ပဋိပဇ္ဇမာနာနံ ဝဋ္ဋဒုက္ခတော ပဋိဟရဏံ နိဗ္ဗာနပါပနံ ပဋိဟာရော၊ သော ဧဝ အာကာရဿ ဣကာရံ ကတွာ ပဋိဟိရော၊ ပဋီဟိရော ဧဝ ပါဋိဟိရော၊ သဟ ပါဋိဟိရေနာတိ သပ္ပါဋိဟိရံ၊ တထာသုပ္ပဝေဒိတတာယ သပ္ပါဋိဟိရံ ကတန္တိ သပ္ပါဋိဟိရကတံ၊ တာဒိသံ ပန ဝဋ္ဋတော နိယျာနေ နိယုတ္တံ၊ နိယျာနပ္ပယောဇနဉ္စ ဟောတီတိ အာဟ" နိယျာနိက"န္တိ။ ၎င်းပါသာဒိကသုတ်ဋီကာ၊ ၉၀။
သာဓကဋီကာပါဌ် စိစစ်ချက်။ ။ ဤဋီကာ၌ ယခုပြခဲ့သည့်အတိုင်း "အာကာရဿ ဣကာရံ"ဟု ပါဌ်ရှိပြီး "ပါဋိဟိရံ"ဟူ၍ ဟ၌ ဣရဿဖြင့် ရုပ်ပြီးထားသည်ကို တွေ့ရ၏။ ဋီကာဆရာ၏ လက်ထက်က ယင်းသို့ ဣရဿဖြင့် တွေ့ရသောပါဌ် အတိုင်းပင် ရုပ်စီရင်ထားလေသလောဟု တွေးတောမိ၏။ သို့သော် ပါဠိတော်နှင့် အဋ္ဌကထာတို့၌ "ပါဋိဟီရံ"ဟုချည်း ဒီဃဖြင့်ရှိသော ပါဌ်အတိုင်းဆိုလျှင် အာဒီဃမှ ဣရဿသို့ ပြောင်းလဲခြင်းထက် ဒီဃသရတခုနှင့် ဒီဃသရတခုကို ဖလှယ်သည့် အနေဖြင့် အာဒီဃမှ ဤဒီဃသို့ ပြောငးလဲခြင်းသာ သင့်လျော်၏။ ယင်းသို့ ဒီဃသရ အချင်းချင်းလဲလှယ်ခြင်းသည်သာလျှင် သဒ္ဒနီတိ (၁၃၀၃)သုတ်နှင့် ပဋိတော ဟိဿ ဟေရဏ် ဟီရဏ်" ဟူသော ကစ္စည်းသဒ္ဒါကြီးသုတ်တို့၏ ဤဒီဃဖြင့် ရုပ်ပြီးထားပုံနှင့် တထပ်တည်း တူညီနိုင်မည်ဖြစ်၏။ တနည်းဆိုရသော် "ဣကာရံ ကတွာ"ဟူသော ယင်းဋီကာပါဌ်မှာ ကာလကြာမြင့်၍ ချွတ်ယွင်းသွားသော ပါဌ်ဖြစ်နိုင်သောကြောင့် ယင်းပါဌ်ကို "ဤကာရံကတွာ"ဟု ဤဒိဃဖြင့် ပြင်လိုက်လျှင်လည်း ပါဠိတော် အဋ္ဌကကထာနှင့် သဒ္ဒါကျမ်းတို့၌ကဲ့သို့ ဋီကာ၌လည်း ဤဒီဃဖြင့် "ပါဋိဟီရံ"ဟုသာ ရှိရမည်ဖြစ်၏။
ဤသုတ် အင်္ဂုတ္တိုရ်ဋီကာ အဖွင့်။ ။ ဋီကာ၌ "ယထာ ပရဝါဒံ ဘဉ္ဇိတွာ သဘဝါဒေါ ပတိဋ္ဌဟတိ၊ ဧဝံ ဟေတုဒါဟရဏေဟိ ယထာဓိဂတမတ္ထံ သမ္ပာဒေတွာ ဓမ္မံ ကထေဿန္တိ၊ တေနာဟ "နိယျာနိကံ ကတွာ ဓမ္မံ ဒေသေဿန္တီ"တိ ဟူ၍ ဖွင့်ထား၏။ ထိုအဖွင့်သည် သပ္ပါဋိဟာရိယဓမ္မ၏ ဂုဏ်ဝိသေသနကို ပြသောအဖွင့်ဖြစ်၏။ ပရဝါဒကို ဖျက်ဆီး၍ သကဝါဒ တည်မြဲအောင် အကြောင်းယုတ္တိဥဒါဟရုဏ်တို့ဖြင့် ရနိုင်သမျှ အနက်အဓိပ္ပါယ်ကို ပြည့်စုံစွာ ဟောကြားအပ်သော တရားသည် သပ္ပါဋိဟာရိယဓမ္မ ဖြစ်သည်ဟူ၍ သပ္ပါဋိဟာရိယဓမ္မ၏ ဂုဏ်ကို ပြသည်ဟူလို။ ဝါ၊ ဝဋ်ဆင်းရဲမှ ဆွဲထုတ်၍ နိဗ္ဗာန်သို့ ပို့ဆောင်နိုင်သော အစွမ်းတန်ခိုး ရရှိအောင်။ ဓမ္မံ၊ လောကုတ္တရာကိုးပါး တရားတော်ကို။ န ဒေသေဿန္တိ၊ မဟောကြားနိုင်ကြကုန်သေး။ တာဝ၊ ထိုမျှလောက် ကာလပတ်လုံး။ အဟံ၊ ငါသည်။ န ပရိနိဗ္ဗာယိဿာမိ၊ ပရိနိဗ္ဗာန်ပြုတော်မမူသေး။ ဣတိ၊ ဤသို့။ ဝါ၊ ဤသို့သော စကားကို။ (ဘာသိတာ၊ မိန့်ကြားတော်မူအပ်ဖူးပါပြီ) [ဘုရားဖြစ်ပြီးနောက် အဋ္ဌမသတ္တာဟဝယ် ဗောဓိမဏ္ဍိုင်၌ သီတင်းသုံးနေတော်မူစဉ်ကပင် ထိုစကားကို မိန့်ကြားတော်မူအပ်ခဲ့ဖူးပါပြီ]

ဧတရဟိ၊ ယခုအခါ၌။
ဘဂဝတော၊ မြတ်စွာဘုရား၏။
သာဝကာ၊ တပည့်ဖြစ်ကုန်သော။
ဘိက္ခူ၊ ရဟန်းတို့သည်။
ဝိယတ္တာ၊ အရိယမဂ်အစွမ်းဖြင့် ထက်မြက်ကျွမ်းကျင် ပညာရှင်ဖြစ်ပါကုန်၏။
ဝိနီတာ၊ ....သတ်ပြီးပါကုန်၏။
ဝိသာရဒါ၊ .....ကင်းပါကုန်၏။
ဝါ၊ .....ပျပါကုန်၏။
ပတ္တယောဂက္ခေမာ၊ ရှိပါကုန်၏။
ဝါ၊ သို့ရောက်ပါကုန်၏။
ဗဟုဿုတာ၊ ရှိပါကုန်၏။
ဓမ္မဓရာ၊ ထားနိုင်ပါကုန်၏။
ဓမ္မာနုဓမ္မပ္ပဋိပန္နာ၊ ကိုကျင့်ပါကုန်၏။
သာမီစိပ္ပဋိပန္နာ၊ ကိုကျင့်ကြပါကုန်၏။
အနုဓမ္မစာရိနော၊ လေ့ရှိကြပါကုန်၏။
သကံ၊ သော။
အာစရိယကံ၊ ကို။
ဥဂ္ဂဟေတွာ၊ ၍။
အာစိက္ခန္တိ၊ ဦးစွာပထမဟောကြားနိုင်ကြပါကုန်၏။
ဒေသေန္တိ၊ ပါဠိကို ကောင်းစွာ ပို့ချနိုင်ပါကုန်၏။ပ။
ဓမ္မံ၊ ကို။
ဒေသေန္တိ၊ ဟောကြားနိုင်ကြပါကုန်၏။ပ။
ယာဝ၊ လုံး။
မေ၊ ငါ၏။
ဘိက္ခုနိယော၊ ရဟန်းမတို့သည်။ပ။
ဥပါသကာ၊ သီတင်းသည်တို့သည်။
ဝါ၊ ရတနာသုံးရပ်ကို ဆည်းကပ်ကိုးကွယ်သော ဒါယကာတို့သည်။ပ။
ဥပါသိကာ၊ သီတင်းသည်မတို့သည်။ပ။
ပါပိမ၊ မာရ်နတ်။
ယာဝ၊ လုံး။
မေ၊ ၏။
ဣဒံ ဗြဟ္မစရိယံ၊ ဤမြတ်သော အကျင့်သည်။ (သိက္ခာသုံးရပ်ဖြင့် သွင်းယူအပ်သော အားလုံးသော) သာသနာဟူသော ဤမြတ်သောအကျင့်သည်)။
ဣဒ္ဓဉ္စေဝ၊ ပြည့်စုံသည်လည်းကောင်း။ (သာယာဖွယ် ဈာန်ချမ်းသာအနေအားဖြင့် ပြည့်စုံသည်လည်းကောင်း)။ [ဟောကြားသည့်အတိုင်း လိုက်နာကျင့်ကြံ အားထုတ်ကြခြင်းကြောင့် သာယာဖွယ် ဈာန်ချမ်းသာဟူသော အကျိုးထူးကို ရရှိကြ၏။ ထိုရရှိထားအပ်သော ဈာန်ချမ်းသာ အကျိုးတရားဘက်က ကြည့်လျှင်လည်း ပြည့်စုံသော ဗြဟ္မစရိယဖြစ်သည်လည်းကောင်း ဟူလို]။
ဖီတဉ္စ၊ စည်ပင်ပွင့်လင်းသည်လည်းကောင်း။ (ဝန်းကျင်ဥဿုံ အားလုံးစုံ ပင်လုံးကျွတ် ပွင့်သကဲ့သို့ အဘိညာဉ်နှင့် ပြည့်စုံခြင်းအားဖြင့် စည်ပင်ပွင့်လင်းသည်လည်းကောင်း)။
ဝိတ္ထာရိကံ စ၊ ကျယ်ပြန့်ခြင်းရှိသည်လည်းကောင်း။ (ထိုထိုအရပ်မျက်နှာဘက်၌ တည်ရှိသောအားဖြင့် ကျယ်ပြန့်ခြင်းရှိသည်လည်းကောင်း)။
ဗာဟုဇညံ စ၊ (ထိုးထွင်းသိသောအားဖြင့်) များစွာသော သတ္တဝါအပေါင်း၏ စီးပွားဖြစ်သည်လည်းကောင်း။
ပုထုဘူတံ စ၊ ကျယ်ပြန့်သည်ဖြစ်၍ ဖြစ်သည်လည်းကောင်း။ (အနည်းငယ်မျှ မကျန်ရအောင် လုံးဝဥဿုံ ဘက်ပေါင်းစုံနည်းအားဖြင့် ကျယ်ပြန့်စွာ ဖြစ်သည်လည်းကောင်း)။
ဝါ၊ ကျယ်ပြန့်သည်အဖြစ်သို့ ရောက်သည်လည်းကောင်း။
ယာဝ ဒေဝမနုဿေဟိ၊ ပညာရှိနတ်လူတို့ တိုင်အောင်။
သုပ္ပကာသိတံ စ၊ (အာဒိကလျာဏ စသည်အဖြစ်အားဖြင့်) ကောင်းစွာ ထင်ရှားပြအပ်သည်လည်းကောင်း။ န ဘဝိဿတိ= မဖြစ်လတ္တံ့သေး။
တာဝ၊ ထိုမျှကာလပတ်လုံး။
အဟံ၊ ငါသည်။
န ပရိနိဗ္ဗာယိဿာမိ၊ ပရိနိဗ္ဗာန်ဝင်စံတော်မမူသေး။
ဣတိ၊ သို့။
(ဘာသိတာ၊ ဖူးပါပြီ)။
ဘန္တေ၊ ရား။
ဧတရဟိ၊ ၌။
ဘဂဝတော၊ ၏။
ဗြဟ္မစရိယံ၊ သည်။
ဣဒ္ဓဉ္စေဝ၊ လည်းကောင်း။ပ။
သုပ္ပကာသိတံ စ၊ ကောင်း။
(ဟောတိ၊ ဖြစ်နေပါ၏)။
ဘန္တေ၊ ရား။
ဒါနိ၊ ယခုအခါ၌။
ဘဂဝါ၊ သည်။
ပရိနိဗ္ဗာတု၊ ပါ။ပ။
ပရိနိဗ္ဗာနကာလော၊ တည်း။
ဣတိ၊ သို့။
(အဝေါစ၊ လျှောက်ပြီ)။
ပါပိမ၊ မာရ်နတ်။
တွံ၊ သင်သည်။
အပ္ပေါဿုက္ကော၊ (ငါဘုရား ပရိနိဗ္ဗာန်ပြုရန်) လုံ့လကြောင့်ကြ စိုက်ထုတ်မှု မရှိသည်။
ဝါ၊ ကြောင့်ကြမဲ့နေသည်။
ဟောဟိ၊ ဖြစ်လော။
နစိရံ၊ မကြာမြင့်မီ။
တထာဂတဿ၊ မြတ်စွာဘုရား၏။
ပရိနိဗ္ဗာနံ၊ ပရိနိဗ္ဗာန်ပြုခြင်းသည်။
ဘဝိဿတိ၊ ဖြစ်လတ္တံ့။
ဣတော၊ ဤနေ့မှ။
တိဏ္ဏံ မာသာနံ၊ သုံးလတို့၏။
အစ္စယေန၊ ကျော်လွန်ရာအခါ၌။
တထာဂတော၊ မြတ်စွာဘုရားသည်။
ပရိနိဗ္ဗာယိဿတိ၊ ပရိနိဗ္ဗာန်ပြုတော်မူလတ္တံ့။
ဣတိ၊ သို့။
(အဝေါစ၊ မိန့်တော်မူပြီ)။
အထ ခေါ၊ ထိုအခါ၌။ (ဤနေ့မှ သုံးလကျော်လွန်ချိန်၌ ပရိနိဗ္ဗာန်ပြုတော်မူမည့်အကြောင်းကို မာရ်နတ်အား မြတ်စွာဘုရားမိန့်ကြားတော်မူပြီးရာ ထိုအခါ၌)
ဘဂဝါ၊ မြတ်စွာဘုရားသည်။
စာပါလေ၊ သော။
စေတိယေ၊ ၌။
သတော၊ သတိစွဲကပ်အမှတ်ရတော်မူသည်။ (ကာယ, ဝေဒနာ, စိတ္တ, ဓမ္မဟူသော အာရုံ၌ သတိလေးဖြာ မြဲစွာစွဲကပ် အမှတ်ရတော်မူသည်)
သမ္ပဇာနော၊ ဉာဏ်ဖြင့်ပိုင်းဖြတ်သိမြင်တော်မူသည်။ (ဗုဒ္ဓဝေနေယျသတ္တဝါတို့ကို တရားဓမ္မဟောပြမှုကိစ္စ ပြီးဆုံးချိန်ဖြစ်သော ပရိနိဗ္ဗာန် စံဝင်ရာကာလကို ဉာဏ်ဖြင့် ပိုင်းခြားသိမြင်တော်မူသည်)
ဟုတွာ၊ ဖြစ်၍။
**အာယုသင်္ခါရံ**၊ သက်တော်ရှည်ရန် ပြုစီမံတတ်သော ဖလသမာပတ်ကို။ (အသက်ဇီဝိတိန္ဒြေကို ကြာရှည် တည်တံ့အောင် ပြုလုပ်စီမံတတ်သော ဖလသမာပတ်ကို)အာယုသင်္ခါရလွှတ်ဟူသည်။ ။ "သင်္ခရောတီတိ သင်္ခါရော- အာယုံ သင်္ခါရော အာယုသင်္ခါရော- အသက်ခေါ် ဇိဝိတိန္ဒြေကို ပြုပြင်စီမံတတ်သော ဖလသမာပတ်"ဟု ဝစနတ္ထပြု။ ရောဂါကင်းကွာ ကျန်းမာစွာဖြင့် အသက်တော်ကို ကြာရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်တတ်သော ဖလသမာပတ်တရား"ဟု ဆိုလို၏။ မြတ်စွာဘုရားသည် အကယ်၍ အာယုကပ် တကပ်, တကပ်ကျော်ကျော် အသက်ရှည်စေတော်မူလိုလျှင် ဖလသမာပတ်ကို ဆက်လက်ဝင်စားတော်မူရမည်။ အာယုဝဍ္ဎနဆေး ဘုဉ်းပေးသကဲ့သို့ ဖလသမာပတ်ဝင်စား၍ အသက်တော်ကို ကြာရှည်တည်တံ့အောင် ကျန်းမာအောင် စောင့်ရှောက်ပြုပြင်တော်မူရမည်ဖြစ်၏။ ထို့ကြောင့် ယင်းသို့ အသက်တော်ကို ပြုပြင်တတ်သော ဖလသမာပတ်ကို အာယုသင်္ခါရဟု ခေါ်၏။ ငါသည် ဤနေ့မှစ၍ သုံလမျှသာ ဖလသမာပတ်ဝင်စားတော့မည်။ သုံးလကျော်လျှင် ရောဂါကင်းကွာ သက်ရှည်ကြာစေသော ဖလသမာပတ်ကို ဆက်လက်ဝင်စားမှု မပြုတော့အံ့ဟု စိတ်ဆုံးဖြတ်တော်မူသည်ကို အာယုသင်္ခါရစွန့်လွှတ်သည်ဟု ခေါ်၏။
နောက်တနည်းအဖွင့်။ ။ သင်္ခရီယတေတိ သင်္ခါရော- ဖလသမာပတ်သည် ပြုစီမံအပ်သော (ဖလသမာပတ်၏ ပြပြင်ပေးမှုကို ခံယူရသော)၊ အာယု- အသက်ဇီဝိတိန္ဒြေ။ အာယု စ တံ သင်္ခါရောစာတိ အာယုသင်္ခါရော၊ ဤဝစနတ္ထအလို အသက်ဇီဝိတိန္ဒြေကို အာယုသင်္ခါရဟု ခေါ်၏။ ဖလသမာပတ်ကို အာယုသင်္ခါရဟု ခေါ်သည်မဟုတ်၊ ထို့ပြင် အာယုသင်္ခါရစွန့်လွှတ်သည်ဟု ဆိုရာ၌လည်း ပဌမနည်းတုန်းကကဲ့သို့ ဖလသမာပတ်ကို စွန့်လွှတ်သည်ဟု တိုက်ရိုက်အဓိပ္ပါယ်မထွက်၊ အသက်ဇီဝိတိန္ဒြေကို စွန့်လွှတ်သည်ဟု အဓိပ္ပါယ်ထွက်၏။ ထို့ကြောင့် ဖလသမာပတ်ဝင်စားခြင်းကြောင့် ရောဂါကင်းကွာ ရှည်ကြာစွာ တည်တံ့မည်ဖြစ်သော အသက်တော်ကို ဖလသမာပတ်ဖြင့် ဆက်လက် ထိန်းသိမ်းစောင့်ရှောက်မှုမပြုတော့အံ့ဟု စိတ်ဆုံးဖြတ်တော်မူသည်ကို အာယုသင်္ခါရလွတ် တော်မူသည်ဟု ခေါ်သည်။ ဝစနတ္ထနှစ်မျိုးနှင့် ဆီလျော်အောင် အဓိပ္ပါယ်နှစ်နည်း ရှင်းလင်းရေးပြနေရသော်လည်း မူရင်းအဓိပ္ပါယ် အနှစ်သာရ မထူးခြားလှပါ။
အာယုသင်္ခါရလွှတ်တော်မူခြင်း၏ မူရင်းအကြောင်း။ ။ ပရိနိဗ္ဗာန်ပြုတော်မူပါဟု မာရ်နတ်က တောင်းပန်ခြင်းကြောင့် မြတ်စွာဘုရား အာယုသင်္ခါရ လွှတ်တော်မူသည်ဆိုသော်လည်း အမှန်တကယ်အားဖြင့်ကား။ မာရ်နတ်က တောင်းပန်ခြင်းကြောင့် အာယုသင်္ခါရ လွှတ်တော်မူသည်မဟုတ်၊ အကယ်၍ နိမိတ္တဩဘာသပြုသည်နှင့် တပြိုင်နက် "တိဋ္ဌတု ဘန္တေ ဘဂဝါ ကပ္ပံ"ဟု အရှင်အာနန္ဒာက အချိန်မီ တောင်းပန်နိုင်ခဲ့လျှင်လည်း အာယုသင်္ခါရ မလွှတ်ဘဲ နေတော်မူမည်မဟုတ်၊ လွှတ်မည် ဧကန်သာဖြစ်၏။ အဘယ်ကြောင့်နည်းဟု မူရင်းအကြောင်းကို ဖော်ပြရသော်- မြတ်စွာဘုရားရှင်တို့သည် သတ္တဝါတို့ကို တရာဓမ္မ ဟောပြဆုံးမခြင်းငှာသာလျှင် လူ့ပြည်လူ့လောက၌ အသက်ခန္ဓာ ဆက်ကာ ကြာရှည် တည်နေတော်မူကြခြင်းဖြစ်၏။ ယင်းသို့ တည်နေတော်မူကြရာ၌လည်း မြတ်စွာဘုရားကိုယ်တော်တိုင် ဟောပြဆုံးမမှုပြုထိုက်သော သတ္တဝါ (ဗုဒ္ဓဝေနေယျ သတ္တဝါ)ရှိမှသာ တည်နေတော်မူမည်၊ မရှိလျှင် တည်နေတော်မူမည်မဟုတ်၊ ထိုဗုဒ္ဓဝေနေယျသတ္တဝါတို့ကလည်း ထိုနေ့မှ စ၍ သုံးလကျော်လွန်လျှင် တဦးတယောက်မျှမရှိတော့။ သို့ဖြစ်လျှင် မြတ်စွာဘုရား၏ လုပ်ငန်းကိစ္စ (ဗုဒ္ဓကိစ္စ)မရှိတော့ပြီ။ ယင်းသို့ ဗုဒ္ဓဝေနေယျသတ္တဝါ မရှိတော့၍ ဗုဒ္ဓကိစ္စအားလုံး ပြီးဆုံးပြီဖြစ်သောကြောင့်သာလျှင် အာယုသင်္ခါရ လွှတ်တော်မူခြင်းဖြစ်သည်။
နိမိတ္တဩဘာသပြုတော်မူခြင်း၏ မူရင်းအကြောင်း။ ။ ထို့အပြင် "တိဋ္ဌတု ဘန္တေ ဘဂဝါ ကပ္ပံ"ဟု အရှင်အာနန္ဒာက တောင်းပန်မှုပြုရန် ရည်သန်၍ နိမိတ္တဩဘာသပြုတော်မူသည်ဟု ဆိုခဲ့သော်လည်း ထိုရည်သန်ချက်သည် နိမိတ္တဩဘာသပြုတော်မူခြင်း၏ မူရင်းအကြောင်းမဟုတ်၊ တကယ် မူရင်းအကြောင်းကား "သောကတနုကရဏတ္ထံ"နှင့်အညီ အရှင်အာနန္ဒာကို သောကနည်းပါးစေလိုတော်မူခြင်း (စိတ်သက်သာရာရစေတော်မူလိုခြင်း) ဟူသော အကြောင်းသာတည်း။ ဥဒါန်းအဋ္ဌကထာ၊ ၂၉၈။ ဩဿဇ္ဇိ၊ (မဝင်စားတော့အံ့ဟု) စွန့်လွှတ်တော်မူပြီ။ (တနည်း) အာယုသင်္ခါရံ၊ ဖလသမာသတ်သည် ပြုလုပ်စီမံအပ်သော အသက်ဇီဝိတိန္ဒြေကို။ ဩဿဇ္ဇိ၊ စွန့်လွှတ်တော်မူပြီ။ (ဖလသမာသတ်ဖြင့် တည်တံ့စေမှု မပြုတော့အံ့ဟု စိတ်ဆုံးဖြတ်တော်မူပြီ)။

စ၊ ထူးဆန်းအံ့ဩဖွယ်ဖြစ်ရပ်ကား။
ဘဂဝတာ၊ မြတ်စွာဘုရားသည်။
အာယုသင်္ခါရေ၊ အာယုသင်္ခါရကို။
ဩဿဋ္ဌေ၊ စွန့်လွှတ်တော်မူအပ်ပြီးလသော်။
ဘိံသနကော၊ (ရာဂမကင်းသူတို့ကို) ကြောက်လန့်စေနိုင်သော။
[ဘိသိ+ဏေ+ယု+က။ အဝီတရာဂေ ဘိံသေတီတိ ဘိံသနော။ သော ဧဝ ဘိံသနကော]
သလောမဟံသော၊ အမွေးရွှင်ပျ, ကြက်သီးထခြင်းနှင့်တကွဖြစ်သော။
ဝါ၊ ကြက်သီးမွှေးညင်းထစေနိုင်လောက်သော။
မဟာဘူမိစာလော၊ ကြီးစွာသော မြေတုန်လှုပ်ခြင်းသည်။ (ဇာတိခေတ်ဖြစ်သော တသောင်းသော လောကဓာတ်အရပ်ဌာန အကျယ်အဝန်းအားဖြင့် ကြီးစွာသော မြေတုန်လှုပ်ခြင်းသည်)
အဟောသိ၊ ဖြစ်လေပြီ။
ဒေဝဒုန္ဒုဘိယော၊ မိုးစည်ကြီးတို့သည်လည်း။
ဝါ၊ မိုးတိမ်ကင်းပျောက်, အခြောက်တိုက် မိုးခြိမ်းသံတို့သည်လည်း။
ဖလိံသု၊ ထစ်ချုန်းမြည်ဟီးကုန်ပြီ။
အထ ခေါ၊ ထိုအခါ၌။ (အာယုသင်္ခါရ လွှတ်တော်မူပြီးရာ ထိုအခါ၌)
ဘဂဝါ၊ သည်။
**ဧတမတ္ထံ**၊ ဤအနက်သဘောကို။ (ဤသင်္ခါရနှင့် ဝိသင်္ခါရတို့၏ ထူးခြားချက်အနက်သဘောကို)
ဧတမတ္ထံ ဝိဒိတွာ။ ။ ဧတမတ္ထံ ဝိဒိတွာတိ ဧတံ သင်္ခါရဝိသင်္ခါရာနံ ဝိသေသသင်္ခါတံ အတ္ထံ သဗ္ဗာကာရတော ဝိဒိတွာ။ ၎င်း-၂၉၈။
ဝိဒိတွာ၊ အကြွင်းမဲ့သိမြင်တော်မူ၍။
တာယံ ဝေလာယံ၊ (အာယုသင်္ခါရ လွှတ်တော်မူပြီးရာ) ထိုအခါ၌။
ဣမံ ဥဒါနံ၊ ပီတိအဟုန်တွက်, ပေါ်ထွက်ရွှင်လန်း, ဤဥဒါန်းဂါထာကို။ (ကြွင်းမဲ့ဥသုံ အားလုံးစံဒသော သင်္ခါရတို့ကို စွန့်လွှတ်တော်မူ၍ သင်္ခါရကင်းရာ နိဗ္ဗာန်သို့ ကိုယ်တော်မြတ် ကြွသွားတော်မူခြင်းကို ဖော်ပြသော ဤဥဒါန်းဂါထာကို)
**ဥဒါနေသိ**၊ ကျူးရင့်တော်မူပြီ။
ဣမံ ဥဒါနံ ဥဒါနေသိ။ ။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် ကိုယ်တော်တိုင် ဆုံးမရမည်ဖြစ်သော ဝေနေယျသတ္တဝါတို့ကို ဟောပြဆုံးမမှု ဗုဒ္ဓကိစ္စအားလုံး ပြီးဆုံးရန် သုံးလမျှသာ လိုတော့သော ဤနေ့၌ "ငါဘုရားသည် ဘဝသံသရာ ကြာမြင့်စွာ ထမ်းရွက်လာခဲ့သော ဤခန္ဓာကိုယ် အတ္တဘောတည်းဟူသော ဒုက္ခဝန်ထုပ် ဝန်ပိုးကြီးကို မကြာမီ ပစ်ချထားခဲ့တော့မည်"ဟူ၍ ကောင်းစွာ ဆင်ခြင် သိမြင်တော်မူသော မြတ်စွာဘုရားမှာ ထိုခန္ဓာဒုက္ခဝန်ထုပ်ကြီးမရှိရာ နိဗ္ဗာန်ချမ်းသာ၏ ဂုဏ်ကို အထပ်ထပ် ဆင်ခြင်စဉ်းစားတော်မူသောအခါ အလွန်မွန်မြတ်သော နှစ်သက်ရွှင်လန်းဝမ်းမြောက်မှု ပီတိသောမနဿများ ဖြစ်ပွားလာ၏။ ယင်းသို့ ဖြစ်ပွားလာသော ပီတိသောမနဿ အရှိန်အဟုန်ကြောင့် "တုလမတုလဉ္စ"အစရှိသော ဥဒါန်းဂါထာကို ကျူးရင့်တော်မူသည်။ ဣမံ ဥဒါနန္တိ အနဝသေသသင်္ခါရေ ဝိဿဇ္ဇေတွာ အတ္တနော ဝိသင်္ခါရဂမနဒီပကံ ဥဒါနံ ဥဒါနေသိ၊ ကသ္မာ ဥဒါနေသိ။ပ။ တေန ပီတိဝေဂေန ဥဒါနေသိ။ ဥဒါန်း အဋ္ဌကထာနည်း။
(ကိန္တိ၊ အဘယ်သို့။
ဥဒါနေသိ၊ ကျူးရင့်တော်မူသနည်းဟူမူ)။
မုနိ၊ သိဖွယ်အားလုံး,စဆုံးမကျန်, အမှန်သိမြင် ဘုရားရှင်သည်။
သမ္ဘဝံ၊ အကျိုးဝိပါက် ဖြစ်ပေါ်လာရာ ဖြစ်သော။
ဘဝသင်္ခါရံ၊ ဘဝအသစ် စီမံပြုလုပ်တတ်သော။
တုလံ စ၊ နှိုင်းချိန် သတ်မှတ် ပိုင်းဖြတ်အပ်သော ကာမာဝစရကံကိုလည်းကောင်း။ (အစွမ်း, အာနုဘော်နည်းပါးခြင်းကြောင့် တိုင်းတာ သတ်မှတ်ပိုင်းဖြတ်၍ ရစကောင်းသော ကာမာဝစရကံကိုလည်းကောင်း)
**အတုလံ စ**၊ မပိုင်းဖြတ်အပ်သော မဟဂ္ဂုတ်ကံကိုလည်းကောင်း။တုလ အတုလမည်သော ကံများ။ ။ သဗ္ဗေသံ သောဏသိင်္ဂါလာဒီနမ္ပိ ပစ္စက္ခဘာဝတော တုလိကံ ပရိစ္ဆိန္နန္တိ တုလံ- ကာမာဝစရကံသည် အိမ်ခွေး တောခွေးများပါမကျန် အားလုံးသော ပုဂ္ဂိုလ်များပင် ကိုယ်တွေ့မျက်မြင် ပစ္စက္ခဖြစ်သောကြောင့် ပိုင်းဖြတ်အပ်သောတရားဖြစ်၏။ ထို့ကြောင့် ကာမာဝစရကံကို တုလခေါ်သည်ဟု အဋ္ဌကထာဖွင့်၏။ ထိုအဖွင့်၌ အိမ်ခွေး, တောခွေးများမှာပင် ပစ္စက္ခဖြစ်သည်ဟူသော စကား၏ဆိုလိုရင်းမှာ ထိုခွေးများသည်ပင် ကာမာဝစရကံ အကောင်းအဆိုးကို ခွဲခြားသိနိုင်သည်။ (သို့မဟုတ်) ထိုခွေးများမှာပင် ကာမာဝစရကံ ဖြစ်နိုင်သည်။ ထို့ကြောင့် မဟဂ္ဂုတ်ကံများနှင့် နှိုင်းယှဉ်လျှင် ကာမာဝစရကံသည် ဂုဏ်အရည်အချင်းအားဖြင့် နိမ့်ကျသေးငယ်၍ တိုင်းတာပိုင်းဖြတ်အပ် ပိုင်းဖြတ်နိုင်သည်ဟူ၍ ဆိုလိုရင်း စဉ်းစားမိ၏။ ဋီကာ၌ "အပ္ပါနုဘာဝတာယ ပရိစ္ဆိန္နံ"ဟု ဖွင့်၏။ ထိုအဖွင့်၏ ဆိုလိုရင်းမှာ-
ကာမာဝစရကံသည် တန်ခိုးအရှိန်အဝါ အာနုဘော် အစွမ်းနည်းပါး၏။ မဟဂ္ဂုတ်ကံများကဲ့သို့ အစွမ်းမထက်မြက်။ မဟဂ္ဂုတ် ဈာန်ဇောအစဉ်များလောက် အချိန်ကြာရှည်စွာ မဖြစ်နိုင်။ ကြာရှည်စွာလည်း အကျိုးမ ပေးနိုင်။ ထို့ကြောင့် ကာမာဝစရကံသည် သေးငယ်သော ပစ္စည်းဝတ္ထုကဲ့သို့ တိုင်းတာအပ်, ပိုင်းဖြတ်အပ်သည်။ တိုင်းတာပိုင်းဖြတ်၍ ရစကောင်းသည်ဟု ဆိုလို၏။ တုလီယတီတိ တုလံ- ပိုင်းဖြတ်အပ်သော ကံ (ကာမာဝစရ ကံ)။
မဟဂ္ဂုတ်ကံများကား ဆန့်ကျင်ဘက် နီဝရဏတို့ကို ပယ်ခွာနိုင်၏။ ဈာန်ဇောအစဉ် အနေအားဖြင့်လည်း အချိန်ကြာရှည်စွာ ဖြစ်နိုင်၏။ မဟာကပ်ပေါင်းများစွာ ရှည်မြင့်ကြာအောင် ကျယ်ပြန့်ကြီးမားသော အကျိုးကိုလည်း ပေးနိုင်၏။ ထို့ကြောင့် န တုလံ အတုလံ- မပိုင်းဖြတ်အပ်သော ကံ။ (ဂုဏ်အရည်အချင်းအားဖြင့် ကာမာဝစရကံများနှင့် နှိုင်းချိန်တိုင်းတာမှု ပိုင်းဖြတ်မှု မပြုအပ်သောကံ)ဟု ဝစနတ္ထပြု။ တနည်းအားဖြင့် နတ္ထိ တုလံ သဒိသံ ယဿာတိ အတုလံ- နှိုင်းချိန်တိုင်းတာဖွယ်ရာ အလားတူ အခြားသော လောကီကံမရှိသောကံ (မဟဂ္ဂုတ်ကံ)။ အခြားသော တုလကံ, အတုလကံ နှစ်မျိုးခွဲခြား အရကောက်ပုံအမျိုးမျိုး နိဿယခန်း အနက်ပေးနည်းများအတိုင်း သိလေ။
"သမ္ဘဝတိ ဧတသ္မာတိ သမ္ဘဝေါ- အကျိုးတရား ဖြစ်ပေါ်လာရာ ကံတရား"ဟု ဋီကာ ဝစနတ္ထပြု၏။ အဋ္ဌကထာ၌ ထိုပုဒ်ကို "ရာသိကာရဥံ ပီဏ္ဍကာရကံ- အကျိုးတရားအစုအဝေးကို ပြုလုပ်တတ်သော ကံ"ဟူ၍ ဖွင့်သည်။ အဋ္ဌကထာ၌ နောက်ထပ် ဂါထာအနက် တနည်းဖွင့်ထားသေး၏။ ထိုအဖွင့်အနက်မှာ-
နောက်တနည်း ဂါထာအနက်။ ။ မုနိ- မြတ်စွာဘုရားသည်။ အတုလဉ္စ- တန်းတူရည်တူ တရားမရှိသော နိဗ္ဗာန်ကိုလည်းကောင်း။ သမ္ဘဝဉ္စ- ဘဝဟု ခေါ်ဝေါ်အပ်သော ခန္ဓာငါးပါးကို လည်းကောင်း။ တုလံ (တုလေန္တော)- စူးစမ်းဆင်ခြင်တော်မူလျက်။ (ခန္ဓာငါးပါးကား အနိစ္စ၊ ခန္ဓာချုပ်ရာ နိဗ္ဗာန်ကား နိစ္စဟူ၍ နိဗ္ဗာန်၏အကျိုး, ခန္ဓာ၏အပြစ်ကို စိစစ်သောအားဖြင့် စူးစမ်းဆင်ခြင်တော်မူလျက်။ ဝါ- ခန္ဓာဖြစ်လာခြင်းကား ဘယ။ ခန္ဓာမဖြစ်ခြင်းကား ခေမဟူ၍ အကျိုးအပြစ်ကို စိစစ်သောအားဖြင့် စူးစမ်း ဆင်ခြင်တော်မူလျက်) ဘဝေ- ဘဝခန္ဓာ၌။ အာဒီနဝံစ- အပြစ်ကိုလည်းကောင်း။ နိဗ္ဗာနေ- နိဗ္ဗာန်၌။ အာနိသံသံ- ဘဝခန္ဓာကို စီမံပြုလုပ်တတ်သော ကုသိုလ်, အကုသိုလ်ကံကို။ အဝဿဇိ- (ထိုကံကုန်စေတတ်သော အရိယမဂ်ဖြင့်) ပယ်စွန့်တော်မူပြီ။ (ကထံ- အဘယ်သို့။ အဝဿဇိ- ပယ်စွန့်တော်မူသနည်းဟူမူ)
(သင်္ဂါမသီသေ- ရှေ့တန်း စစ်မြေပြင်စခန်း၌၊ မဟာယောဓော- စစ်ဗိုလ်ကြီးသည်) ကဝစံ- ခန္ဓာကိုယ်ကို ရစ်ပတ်ဝတ်ထားသော ချပ်ဝတ်တန်ဆာကို။ ဘိန္ဒတိ ဣဝ- ဆုတ်ဖြတ်ဖျက်ဆီးပစ်သကဲ့သို့။ တထာ- ထို့အတူ၊ မုနိ- မြတ်စွာဘုရားသည်။ အဇ္ဈတ္တရတော- မိမိခန္ဓာအစဉ်၌ ဝိပဿနာရှုသောအားဖြင့် ပျော်မွေ့တော်မူသည်။ သမာဟိတော- သမထဖြင့် တည်ကြည်တော်မူသည်။ ဝါ- သမထဖြင့် စိတ်ကို အာရုံ၌ ကောင်းမွန်တည်ငြိမ်စွာ ထားတော်မူသည်။ (ဟုတွာ- ဖြစ်၍) အတ္တသမ္ဘဝံ- မိမိသန္တာန်၌ ဖြစ်သော ကိလေသာပိုက်ကွန်ကိုလည်း။ အဘိန္ဒိ- ဖောက်ဖြတ်ဖျက်ဆီးတော်မူပြီ။ဣတိ- ဤသို့၊။ (ဥဒါနေသိ- ကျူးရင့် မိန့်မြွက်တော်မူပြီ) ဝါ၊ နှိုင်းချိန်ပိုင်းဖြတ်ဖွယ်ရာ အလားတူ အခြားသော လောကီကံမရှိသော မဟဂ္ဂုတ်ကံကိုလည်းကောင်း။ အဝဿဇိ၊ အရိယမဂ်ဖြင့် စွန့်လွှတ်တော်မူပြီ။ (တနည်း) တုလံ စ၊ နှိုင်းချိန် ပိုင်းဖြတ်အပ်သော ကာမာဝစရ, ရူပါဝစရကံကိုလည်းကောင်း။ အတုလံ စ၊ မနှိုင်းချိန် မပိုင်းဖြတ်အပ်သော အရူပါဝစရကံကိုလည်းကောင်း။ (တနည်း) တုလံ စ၊ ဤရွေ့ ဤမျှဟု နှိုင်းချိန်ပိုင်းဖြတ်နိုင်၍ နည်းသော အကျိုးရှိသော ကာမာဝစရ, ရူပါဝစရ, အရူပါဝစရကံကို လည်းကောင်း။ အတုလံ စ၊ ဤရွေ့ ဤမျှဟု မနှိုင်းချိန် မပိုင်းဖြတ်နိုင်အောင်များသော အကျိုးရှိသော ကာမာဝစရ,ရူပါဝစရ, အရူပါဝစရကံကိုလည်းကောင်း။ အဝဿဇိ၊ အရိယမဂ်ဖြင့် စွန့်လွှတ်တော်မူပြီ။

(သင်္ဂါမသီသေ၊ ရှေ့တန်းစစ်မြေပြင်စခန်း၌၊
မဟာယောဓော၊ စစ်ဗိုလ်ကြီးသည်)
ကဝစံ၊ ချပ်ဝတ်တန်ဆာကို။
ဘိန္ဒတိ ဣဝ၊ ဆုတ်ဖြတ်ဖျက်ဆီးပစ် သကဲ့သို့။
တထာ၊ ထို့အတူ။
မုနိ၊ မြတ်စွာဘုရားသည်။
အဇ္ဈတ္တရတော၊ မိမိခန္ဓာအစဉ်တရားတို့၌ ပျော်မွေ့တော်မူသည်။ (မိမိခန္ဓာအစဉ်တရားတို့၌ ဝိပဿနာရှူသောအားဖြင့် လည်းကောင်း၊ အာရုံပြုဆင်ခြင် စဉ်းစားသောအားဖြင့် လည်းကောင်း ပျော်မွေ့တော်မူသည်)
သမာဟိတော၊ (ဥပစာရ, အပ္ပနာ၊ နှစ်ဖြာသော သမာဓိဖြင့်) စိတ်ကို အာရုံ၌ ကောင်းမွန်တည်ငြိမ်စွာ ထားတော်မူသည်။
ဝါ၊ တည်ကြည်တော်မူသည်။
(ဟုတွာ၊ ဖြစ်၍)
အတ္တသမ္ဘဝံ၊ မိမိသန္တာန်၌ ဖြစ်သော ကိလေသာကိုလည်း၊
အဘိန္ဒိ၊ ဖြိုခွဲဖျက်ဆီးတော်မူပြီ။
ဣတိ၊ ဤသို့။
(ဥဒါနေသိ၊ ကျူးရင့်မိန့်မြွက်တော်မူပြီ)
[နောက်တနည်း ဂါထာအနက်ကို အောက်ခြေအဓိပ္ပါယ်ခန်း၌ ရေးထားပြီ]
အထခေါ၊ မဟာဘူမိစာလဖြစ်ရာ ထိုအခါ၌။
အာယသ္မတော အာနန္ဒဿ၊ အရှင်အာနန္ဒာမှာ။
ဧတံ၊ ဤသို့ လွန်စွာအံ့ဩ, သိလိုသော ဆန္ဒသည်။
အဟောသိ၊ ဖြစ်ပြီ။
(ကိန္တိ၊ သို့။
အဟောသိ၊ နည်းဟူမူ)
အယံ ဘူမိစာလော၊ ဤမြေတုန်လှုပ်ခြင်းသည်။
မဟာ ဝတ၊ ကြီးမားလှပါပေစွာ့တကား။
အယံ ဘူမိစာလော၊ သည်။
ဘိံသနကော၊ ကြောက်လန့်စေနိုင်သည်။
သလောမဟံသော၊ အမွေးရွင်ပျ ကြက်သီးထခြင်းနှင့်တကွ ဖြစ်သည်။
ဝါ၊ ကြက်သီးမွေးညင်း ထစေနိုင်လောက်သည်။
(ဟုတွာ၊ ဖြစ်၍)
သုမဟာ ဝတ၊ အလွန်ကြီးမားလှပါပေစွာ့တကား။
ဒေဝဒုန္ဒုဘိယော စ၊ လည်း။
ဖလိံသု၊ ကုန်ပြီ။
မဟတော၊ ကြီးမားလှစွာသော။
ဘူမိစာလဿ၊ မြေတုန်လှုပ်ခြင်း၏။
ပါတုဘာဝါယ၊ ထင်ရှားဖြစ်ခြင်းငှာ။
ဟေတု၊ အကြောင်းဟိတ်ကား။
ကော နုခေါ၊ အဘယ်နည်း။
ပစ္စယော၊ အကြောင်းပစ္စည်းကား။
ကော နုခေါ၊ နည်း။
ဣတိ၊ ဤသို့။
ဝါ၊ ဤသို့လွန်စွာအံ့ဩ, သိလိုသော ဆန္ဒသည်။
(အဟောသိ၊ ပြီ)
အထခေါ၊ (လွန်စွာအံ့ဩ, သိလိုသောဆန္ဒဖြစ်ရာ) ထိုအခါ၌။
အာယသ္မာ အာနန္ဒော၊ သည်။ပ။
ဘန္တေ၊ ရား။
အယံ ဘူမိစာလော၊ သည်။ပ။
ပစ္စယော၊ သည်။
ကော နုခေါ၊ နည်း။
ဣတိ၊ သို့။
(အဝေါစ၊ မေးလျှောက်ပြီ)။
အာနန္ဒ၊ အာနန္ဒာ။
မဟတော၊ သော။
ဘူမိစာလဿ၊ ၏။
ပါတုဘာဝါယ၊ ငှာ။
ဟေတူ၊ အကြောင်းဟိတ်တို့သည်။
ဣမေ အဋ္ဌ၊ ဤရှစ်မျိုးတို့ပေတည်း။
ပစ္စယာ၊ တို့သည်။
ဣမေ အဋ္ဌ၊ တည်း။
အဋ္ဌ၊ ရှစ်မျိုးတို့ဟူသည်။
ကတမေ၊ အဘယ်တို့နည်းဟူမူ။
အာနန္ဒ၊ န္ဒာ။
အယံ မဟာပထဝီ၊ ဤမြေကြီးသည်။ (ယူဇနာ နှစ်သိန်းလေးသောင်း ထုတည်ရှိသော ဤမြေကြီးသည်)
ဥဒကေ၊ (ယူဇနာ လေးသိန်း ရှစ်သောင်းထုထည်ရှိသော) ရေပြင်၌။
ပတိဋ္ဌိတာ၊ တည်၏။
ဥဒကံ၊ (ယူဇနာလေးသိန်းရှစ်သောင်းထုထည် ရှိသော) ရေသည်။
ဝါတေ၊ လေထု၌။ (ယူဇာနာ ကိုးသိန်းခြောက်သောင်း ထုထည်ရှိသော လေ၌)
ပတိဋ္ဌိတံ၊ တည်၏။
ဝါတော၊ လေထုသည်။
အာကာသဋ္ဌော၊ ဟင်းလင်းပြင်၌ တည်သည်။
ဟောတိ၊ ဖြစ်၏။
အာနန္ဒ၊ န္ဒာ။
ယံ(ယသ္မိံ သမယေ)၊ အကြင်အခါ၌။
[တနည်း- ယံ ယေန သမယေန၊ အကြင်အခါဖြင့်]
မဟာဝါတာ၊ (ဥက္ခေပကမည်သော) ကြီးမားပြင်းထန်သော လေတို့သည်။ (ရေထုကို ဆောင်ထားသော လေထုကို ဖောက်ဖြတ်၍ ထိုလေထုကို တည်နေရာဌာနမှ ပစ်လွှင့် ဖယ်ရှားတတ်သော ကြီးမားပြင်းထန်သော လေတို့သည်။)
ဝါယန္တိ၊ တိုက်ခတ်ကုန်၏။
[ဥက္ခေပက၊ လေထုကို တည်ရာဌာနမှ ပစ်လွှင့်ဖယ်ရှားတတ်သောလေ]
မဟာဝါတာ၊ (ဥက္ခေပကမည်သော) ကြီးမားပြင်းထန်သောလေတို့သည်။
ဝါယန္တာ၊ တိုက်ခတ်ကုန်လသော်။
ဥဒကံ၊ ရေထုကို။
ကမ္ပေန္တိ၊ လှုပ်ရှားစေကုန်၏။
ဥဒကံ၊ ရေထုသည်။
ကမ္ပိတံ၊ (လေထုက) လှုပ်ရှားစေအပ်သည်။
ဝါ- (လေထုကြောင့်) လှုပ်ရှားသည်။
(သမာနံ၊ ဖြစ်လသော်)
[တနည်း- ကမ္ပိတံ၊ လေထုက လှုပ်ရှားစေအပ်သော၊
ဝါ၊ လေထုကြောင့် လှုပ်ရှားသော။
ဥဒကံ၊ ရေထုသည်။]
ပထဝိံ၊ မြေထုကို။
ကမ္ပေတိ၊ တုန်လှုပ်စေ၏။
သော သမယော၊ ထိုအခါသည်။ (ဥက္ခေပကမည်သော ပြင်းထန်သောလေတို့ တိုက်ခတ်ခြင်းကြောင့် ရေထုလှုပ်ရှားသဖြင့် မြေထုတုန်လှုပ်ရာ ထိုအခါသည်)
ဟောတိ၊ တရံတခါ ဖြစ်တတ်ပေ၏။
အာနန္ဒ၊ န္ဒာ။
အယံ၊ ဤအကြောင်းသည်။ (ဥက္ခေပကမည်သော လေပြင်းတိုက်ခတ်ခြင်းကြောင့် ရေထုတုန်လှုပ်ရွေ့လျားခြင်းဟူသော ဤအကြောင်းသည်။
ဝါ၊ ဥက္ခေပကမည်သော ဝါယောဓာတ် ဖောက်ပြန်ခြင်းဟူသော ဤအကြောင်းသည်) [အဋ္ဌကထာ၌ ထိုအကြောင်းကို "ပဌမော ဓာတုကောပေန"ဟု ဖွင့်သည်]
မဟတော၊ သော။
ဘူမိစာလဿ၊ ၏။
ပါတုဘာဝါယ၊ ငှာ။
ပဌမော၊ ရှေးဦးစွာသော။
ဟေတု၊ အကြောင်းဟိတ်တည်း။
ပဌမော၊ သော။
ပစ္စယော၊ အကြောင်းပစ္စည်းတည်း။
အာနန္ဒ၊ န္ဒာ။
ပုနစပရံ၊ နောက်ထပ်အခြားသော အကြောင်းတမျိုးကား။
[တနည်း- အာနန္ဒ၊ န္ဒာ။
ပုန၊ နောက်ထပ်တဖန်။
အပရံစ၊ အခြားသောအကြောင်းကိုလည်း။
အဟံ၊ ငါသည်။
ဘာသိဿာမိ၊ ဟောတော်မူအံ့]
ဣဒ္ဓိမာ၊ ကြီးသောတန်ခိုးရှိသော။
စေတောဝသိပ္ပတ္တော၊ စိတ်၏ဝသီဘော်သို့ရောက်သော။
ဝါ၊ စိတ်၏ လိုတိုင်းပြီးမြောက် သိဒ္ဓိပေါက်သည်အဖြစ်သို့ ရောက်သော။ [ပုဒ်နက်ရှင်းလင်းချက်ကို ဒုတိယအကြိမ်ရိုက် ဒုတိယတွဲ နိဿယ စာမျက်နှာ(၁၄)စတုက္ကနိပါတ်စာပိုဒ် (၅) အနုသောတသုတ်ကြည့်]
သမဏော ဝါ၊ ရဟန်းသည်သော်လည်းကောင်း။
ဗြာဟ္မဏော ဝါ၊ ဗြာဟ္မဏ သူတော်ကောင်းသည် သော်လည်းကောင်း။
မဟိဒ္ဓိကာ၊ ကြီးသော တန်ခိုးရှိသော။ (အလိုရှိအပ်သော အကျိုး၏ အကြီးအကျယ် ပြီးစီးထမြောက်မှုရှိသော)
မဟာနုဘာဝါ၊ ကြီးသော အာနုဘော်ရှိသော။ (ကြီးမာများပြားသော ခံစားဖွယ် ဣဿရိယသမ္ပတ္တိ စသည်ရှိသော)
ဒေဝတာ ဝါ၊ နတ်သည်သော်လည်းကောင်း။
ဟောတိ၊ ရှိတတ်၏။
တဿ၊ ထိုပုဂ္ဂိုလ်သည်။
ဝါ၊ ထိုပုဂ္ဂိုလ်မှာ။ (ထိုတန်ခိုးကြီးသော သမဏဗြာဟ္မဏ ဒေဝတာပုဂ္ဂိုလ်သည်။
ဝါ၊ မှာ)။
ပရိတ္တာ၊ အားနည်းသော။ (ရပြီးခါစမျှဖြစ်၍ အလွန်ကောင်းမွန်ကြေညက်စွာ မပွားစေအပ် မလေ့ကျက်အပ်သေး၍ အားနည်းသော)
ပထဝီသညာ၊ မြေဟူ၍ရှုမှတ်သော သညာသည်။
ဝါ၊ ပထဝီကသိုဏ်းပဋိဘာဂနိမိတ်ကို အာရုံပြု ရှုမှတ်ပွားများအပ်သော သညာအမှူးပြုသော ဘာဝနာသည်။
ဝါ၊ အတိုင်းအဆပမာဏမရှိအောင် အဖန်ဖန်ကြေညက်စွာ လေ့ကျက်ဖြစ်ပွားစေအပ်သည်ဖြစ်၍ အားကောင်းသော။
အာပေါသညာ၊ ရေဟူ၍ ရှုမှတ်သော သညာကို။
ဝါ၊ အာပေါကသိုဏ်းပဋိဘာဂနိမိတ်ကို အာရုံပြုရှုမှတ်ပွားများသော သညာအမှူးပြုသော ဘာဝနာသည်။
ဘာဝိတာ၊ သည်။
ဟောတိ၊ ၏။
သော၊ ထိုပုဂ္ဂိုလ်သည်။
ဣမံ ပထဝိံ၊ ဤမြေကြီးကို။
ကမ္ပေတိ၊ တုန်လှုပ်စေ၏။
သင်္ကမ္ပေတိ၊ ဝန်းကျင်ပတ်လည်တုန်လှုပ်စေ၏။
သမ္ပကမ္ပေတိ၊ ဝန်းကျင်ပတ်လည် အမျိုးမျိုးတုန်လှုပ်စေ၏။
သမ္ပဝေဓေတိ၊ ဝန်းကျင်ပတ်လည် အမျိုးမျိုးလှုပ်ခါ၏။ [သင်္ကမ္ပေတိ-စသည်တို့မှာ ဝေဝုစ်ပရိယာယ် စကားလှယ်များဖြစ်သည်ဟု အဋ္ဌကထာဖွင့်သည်။ ထို့ကြောင့် တပုဒ်နှင့်တပုဒ် အလွန်ထူးခြားအောင် အနက်ပြန်ဆိုဖွယ် မလိုတော့ပေ]။
အာနန္ဒ၊ န္ဒာ။
အယံ၊ ဤအကြောင်းသည်။ (တန်ခိုးအာနုဘော်ကြီးမားသော သမဏ ဗြာဟ္မဏ နတ်ဗြဟ္မာ၏။ ပရိတ္တာ ပထဝီသညာနှင့် အပ္ပမာဏာ အာပေါသညာ ဖြစ်ပွားစေခြင်းဟူသော ဤအကြောင်းသည်။
ဝါ၊ ဤဉာဏိဒ္ဓိ, ကမ္မဝိပါကဇိဒ္ဓိ၏ အစွမ်းအာနုဘော်ဟူသော အကြောင်းသည်)။ပ။
**ဒုတိယော**၊ သော။
အယံ ဒုတိယော ဟေတု။ ။ အဋ္ဌကထာ၌ "ဒုတိယော ဝဒ္ဓါနုဘာဝေန"ဟုဖွင့်၍ ဋီကာ၌ "ဣဒ္ဓါဘာဝေနာတိ ဉာဏိဒ္ဓိယာ ကမ္မဝိပါကဇိဒ္ဓိယာ ပဘာဝေန တေဇေနာတိ အတ္ထော"ဟု ဖွင့်၏။ ထို၌ ဉာဏိဒ္ဓိဟူသည် "သမဏော ဝါ ဗြာဟ္မဏော ဝါ ဣဒ္ဓိမာ စေတောဝသိပ္ပတ္တော"ဟူသော ပါဠိတော်နှင့်အညီ သမာဗြာဟ္မဏတို့၏ အဘိညာဉ်တန်ခိုးတည်း။ ကမ္မဝိပါကဇိဒ္ဓိဟူသည် "ဒေဝတာ ဝါ မဟိဒ္ဓိကာ မဟာနုဘာဝါ"ဟူသော ပါဠိတော်နှင့် အညီ နတ်၏ကမ္မဝိပါကအနေအားဖြင့် ဖြစ်သော တန်ခိုးတည်း။
ဟေတု။ပ။ ပစ္စယော။
အာနန္ဒ၊ န္ဒာ။
ပုနစပရံ၊ ကား။
ယဒါ၊ အကြင်အခါ၌။
ဗောဓိသတ္တော၊ ဘုရားအလောင်းတော်သည်။
တုသိတာ၊ တုသိတာမည်သော။
ကာယာ၊ နတ်အပေါင်းမှ။
ဝါ၊ နတ်ပြည်မှ။
စဝိတွာ၊ စုတေ၍။
ဝါ၊ ကွယ်လွန်ခဲ့၍။
သတော၊ သတိမလပ်အမှတ်ရလျက်။ (စုတေသည်, ပဋိသန္ဓေနေသည်ကို သတိမလပ် အမှတ်ရလျက်)
**သမ္ပဇာနော**၊ ဉာဏ်ဖြင့် ခွဲခြားသိလျက်။ (စုတေသည်, ပဋိသန္ဓေနေသည်ကိုခွဲခြားတတ်သောဉာဏ်ဖြင့် ခွဲခြားသိလျက်)သတော သမ္ပဇာနော။ ။ ဘုရားအလောင်းတော်သည် စုတိစိိတ်မဖြစ်မီ အနည်းငယ်သော စိတ်ဝါရ (စိတ်အလှည့်အကြိမ်- စိတ်အသိုင်းအဝိုင်း)မှ စ၍ "ငါစုတေခါနီပြီ။ ငါစုတေနေသည်"ဟုသိ၏။ အမှတ်သတိရ၏။ (အခြားသာမာန်နတ်တို့ကဲ့သို့ ကြောက်လန့်ပြီး သတိလက်လွတ်ဖြစ်သွားသည် မဟုတ်)။ မယ်တော်ဝမ်းတိုက်၌ ပဋိသန္ဓေနေပြီးလျှင်လည်း "ငါသည် မယ်တော်ဝမ်းတိုက်၌ ပဋိသန္ဓေနေပြီ"ဟု သိ၏။ အမှတ်သတိရ၏။ ယင်းသို့ စုတေမှန်း, ပဋိသန္ဓေနေမှန်းသိသည်, သတိရသည်ကို "သတောသမ္ပဇာနော"ဟု ဆိုလို၏။ အတိအကျဆိုရသော်-
စုတိစိတ် ပဋိသန္ဓေစိတ်ဖြစ်နေတုန်း အချိန်၌ကား "ငါ့မှာ စုတိစိတ် ပဋိသန္ဓေစိတ်ဖြစ်နေသည်ဟု ချက်ချင်းမသိနိုင်၊ မသိစကောင်း။ စိတ်ဖြစ်ပုံက အလွန်တိုတောင်းသောကြောင့် မသိနိုင်ခြင်းဖြစ်၏။ ထို့ပြင် ထိုစုတိစိတ် ပဋိသန္ဓေစိတ်ဖြင့်ပင် ထိုစုတိစိတ် ပဋိသန္ဓေစိတ်ကို ပြန်၍ သိနိုင်ရိုးထုံးစံမရှိသည်သာမက စုတူပပါတဉာဏ်ဖြင့်ပင် ထိုစုတိပဋိသနေ်ဓစိတ်ကို မသိစကောင်း၊ သိနိုင်သော အရာမဟုတ်၊ ထို့ကြောင့် မရဏာသန္နဝီထိမဖြစ်မီ အနီးကပ်ဆုံးဖြစ်သော ကာမဇောမနောဒွါရဝီထိ တခုခု၌ပါသော သတိဉာဏ်ဖြင့် "ငါ စုတေသေလွန်နေသည်"ဟု အမှတ်သတိရခြင်း သိခြင်းဖြစ်၏။
ထို့အတူ ပဋိသန္ဓေဝီထိဖြစ်တုန်းအချိန်နှင့် ဘဝနိကန္တိကဝီတိ ဖြစ်တုန်းမှာလည်း အဝိသယဖြစ်၍ (သိလို့ဖြစ်နိုင်သောအရာမဟုတ်၍) ပဋိသန္ဓေနေမှန်း မသိနိုင်သေး။ ထိုဝီထိများဖြစ်ပြီး၍ အနီးကပ်ဆုံးဖြစ်သော ကာမဇောမနောဒွါရဝီထိ တခုခု၌ပါသော သတိဉာဏ်ဖြင့် "ငါသည် မယ်တော်ဝမ်းတိုက်၌ ပဋိသန္ဓေနေပြီ"ဟု သိ၏။ အမှတ်သတိဖြစ်လာ၏။ ယင်းသို့ သတိဉာဏ်ဖြစ်သည်ကို "သတော သမ္ပဇာနော"ဟု ဟောတော်မူသည်ဟု အတိအကျဆိုရာ၏။ သာဓကပါဠိကား-
စုတော စ စဝါမီတိ ဇာနာတိ၊ စုတိစိတ္တံ န ဇာနာတိ၊ ပဋိသန္ဓိံ ဂဟေတွာပိ ဇာနာတိ၊ ပဋိသန္ဓိစိတ္တမေဝ န ဇာနာတိ၊ ဣမသ္မိံ မေ ဌာနေ ၌ဋိသန္ဓိ ဂဟိတာတိ ဧဝံ ပန ဇာနာတိ။ပ။ စုတိက္ခဏေပိ စဝါမီတိ ဇာနာတိ။ ဒီ, မဟာဝဂ်၊ မဟာပဒါနသုတ် အဋ္ဌကထာ၊ ၂၃။
စဝါမီတိ ဇာနာတိ၊ စုတိအာသန္နဇဝနေဟိ ဉာဏ သဟိတေဟိ စုတိယာ ဥပဋ္ဌိတ ဘာဝဿ ပဋိသံဝိဒိတတ္တာ၊ စုတိစိတ္တံ န ဇာနာတိ စုတိစိတ္တက္ခဏဿ ဣတ္တရဘာဝတော၊ တထာ ဟိ တံ စုတူပပါတဉာဏဿပိ အဝိသယော၊ ပဋိသန္ဓိစိတ္တေပိ ဧသေဝ နယော။ပ။ နိကန္တိယာ ဥပ္ပတ္တိတော ပရတော "အသုကသ္မိံ မေ ဌာနေ ပဋိသန္ဓိ ဂဟိတာ"တိ ဇာနာတိ။ ၎င်းးမဟာပဒါနသုတ် ဋီကာ။ ၂၄။ မာတုကုစ္ဆိံ၊ မယ်တော်ဝမ်းတိုက်သို့။ ဩက္ကမတိ၊ သက်ရောက်တော်မူ၏။ တဒါ၊ ထိုအခါ၌။ (မယ်တော်ဝမ်းတိုက်၌ ပဋိသန္ဓေတည်နေသက်ရောက်ရာ ထိုအခါ၌) အယံ ပထဝီ၊ ဤမြေကြီးသည်။ ကမ္ပတိ၊ ၏။ပ။

အယံ၊ ဤအကြောင်းသည်။ (မယ်တော်ဝမ်းတိုက်၌ ဘုရားအလောင်းတော် ပဋိသန္ဓေ တည်နေခြင်းဟူသော ဤအကြောင်းသည်၊
ဝါ၊ မယ်တော်ဝမ်းတိုက်၌ ပဋိသန္ဓေတည်နေသော ဘုရားအလောင်းတော်၏ ကောင်းမှုကုသိုလ်၏ တန်ခိုးရှိန်စော် အာနုဘော်ဟူသော ဤအကြောင်းသည်)။ [၎င်းကို ပုညတေဇေန- ဟု အဋ္ဌကထာဖွင့်သည်]
မဟတော၊ သော။
ဘူမိစာလဿ၊ ၏။
ပါတုဘာဝါယ၊ ငှာ။
တတိယော၊ သော။
ဟေတု၊ အကြောင်းပေတည်း။ပ။
အာနန္ဒ၊ န္ဒာ။
ပုနစပရံ၊ ကား။
ယဒါ၊ အကြင်အခါ၌။
ဗောဓိသတ္တော၊ သည်။
သတော၊ သတိမလပ် အမှတ်ရသည်။ (မယ်တော်ဝမ်းတိုက်မှ ဖွားမြင် နေသည်ကို သတိမလပ် အမှတ်ရသည်)
သမ္ပဇာနော၊ (ဖွားမြင်နေသည်ကို) ကောင်းစွာသိသည်။
ဟုတွာ၊ ဖြစ်၍။
မာတုကုစ္ဆိသ္မာ၊ မယ်တော် ဝမ်းတိုက်မှ။
နိက္ခမတိ၊ ထွက်တော်မူ၏။
ဝါ၊ မီးရှူးသန့်စင် ဖွားမြင်တော်မူ၏။
တဒါ၊ (ဘုရားအလောင်းတော် မီးရှူးသန့်စင် ဖွားမြင်တော်မူရာ) ထိုအခါ၌။
အယံ ပထဝီ၊ သည်။ပ။
အာနန္ဒ၊ န္ဒာ။
အယံ၊ ဤအကြောင်းသည်။ (မယ်တော်ဝမ်းတိုက်မှ ဘုရားအလာင်းတော် ဖွားမြင်တော်မူခြင်းဟူသော ဤအကြောင်းသည်။
ဝါ၊ မယ်တော်ဝမ်းတိုက်မှ မီးရှူးသန့်စင် ဖွားမြင်တော်မူသော ဘုရားအလောင်းတော်၏ ကောင်းမှုအကုသိုလ်၏ တန်ခိုးအာနုဘော်ဟူသော ဤအကြောင်းသည်)။ပ။
အာနန္ဒ၊ န္ဒာ။
ပုနစပရံ၊ ကား။
ယဒါ၊ ၌။
တထာဂတော၊ မြတ်စွာဘုရားသည်။
အနုတ္တရံ၊ သူ့ထက် သာလွန်မွန်မြတ်သော တရားမရှိသော။
ဝါ၊ သာလွန်မွန်မြတ်ဆုံး တရားဖြစ်သော။
သမ္မာသမ္ဗောဓိံ၊ (မမှားဧကန် အမှန် ကိုယ်တိုင် သိမြင်နိုင်သော) အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတဉာဏ်တော်ကို။
အဘိသမ္ဗုဇ္ဈတိ၊ ထိုးထွင်းသိတော်မူ၏။
ဝါ၊ ရရှိတော်မူ၏။
တဒါ၊ ထိုအခါ၌။ (အနုတ္တရသမ္မာ သမ္ဗောဓိကို ထိုးထွင်းမြင်သိ၇ရှိတော်မူရာ ထိုအခါ၌)။
အယံ မဟာပထဝီ၊ သည်။ပ။
အာနန္ဒ၊ န္ဒာ။
အယံ၊ ဤအကြောင်းသည်။ (အနုတ္တရသမ္မာသမ္ဗောဓိ ဉာဏ်၏ တန်ခိုးတေဇော် အာနုဘော်ဟူသော ဤအကြောင်းသည်)။
မဟတော။ပ။
ပဉ္စမော၊ သော။
ပစ္စယော၊ တည်း။
အာနန္ဒ၊ န္ဒာ။
ပုနစပရံ၊ ကား။
ယဒါ၊ ၌။
တထာဂတော၊ သည်။
အနုတ္တရံ၊ သော။
ဓမ္မစက္ကံ၊ ဓမ္မစကြာကို။
ဝါ၊ ပဋိဝေဓဉာဏ်, ဒေသနာဉာဏ်တည်းဟူသော တရားစက်ဝန်းကို။
ပဝတ္တေတိ၊ လည်စေတော်မူ၏။
တဒါ၊ ဓမ္မစကြာကို လည်စေတော်မူရာ ထိုအခါ၌။ပ။
အာနန္ဒ၊ န္ဒာ။
အယံ၊ ဤအကြောင်းသည်။ (အနုတ္တရဓမ္မစက်ကို လည်စေတော်မူခြင်းဟူသော ဤအကြောင်းသည်။
ဝါ၊ မဟာပထဝီမြေကြီး၏ ကောင်းချီးနုမော် သာဓုခေါ်ရေး ဩဘာပေးခြင်းဟူသော ဤအကြောင်းသည်)
[ဆဋ္ဌော သာဓုကာရဒါနဝသေန- ဟု အဋ္ဌကထာဖွင့်သည်]။ပ။
အာနန္ဒ၊ န္ဒာ။
ပုနစပရံ၊ ကား။
ယဒါ၊ ၌။
တထာဂတော၊ သည်။ပ။
ဩဿဇ္ဇတိ၊ စွန့်လွှတ်တော်မူ၏။ [စာပါလေ စေတိယေ သတော သမ္ပဇာနော အာယုသင်္ခါရံ ဩဿဇိ-ဟူသော ရှေးယခင် ဝါကျအတိုင်း "သတော သမ္ပဇာနော"ကို အနက်ပြန်ဆိုပါ]။
တဒါ၊ အာယုသင်္ခါရလွှတ်တော်မူရာ ထိုအခါ၌။
အယံ ပထဝီ၊ သည်။ပ။
အာနန္ဒ၊ န္ဒာ။
အယံ၊ ဤအကြောင်းသည်။ (အာယုသင်္ခါရ လွှတ်တော်မူခြင်း ဟူသော ဤအကြောင်းသည်။
ဝါ၊ အာယုသင်္ခါရလွှတ် ခြင်းကြောင့် မဟာပထဝီမြေကြီးက သနားကြင်နာသကဲ့သို့ ဖြစ်ခြင်းဟူသော ဤအကြောင်းသည်)
[သတ္တမော ကာရုညဘာဝေန၊ အဋ္ဌကထာ]။ပ။
သတ္တမော၊ (၇)ခုမြောက်သော။
ပစ္စယော။
အာနန္ဒ၊ န္ဒာ။
ပုနစပရံ၊ ကား။
ယဒါ၊ ၌။
တထာဂတော၊ သည်။
**အနုပါဒိသေသာယ**၊ (ကံကိလေသာတို့သည် ပြင်းထန်မြဲမြံစွာ စွဲလမ်းဖမ်းယူအပ်သော) ဝိပါက်နာမက္ခန္ဓာကဋတ္တာရုပ် အကြွင်းအကျန်မရှိသော။အနုပါဒိသေသာယ နိဗ္ဗာနဓာတုယာ။ ။ အနုပါဒိသေသပုဒ်ကို "န+ဥပါဒိ+သေသ"ဟု ပုဒ်ဖြတ်၊ ထိုတွင် ဝိပါက်နာမက္ခန္ဓာနှင့် ကဋတ္တာရုပ်ဟူသော အကျိုးခန္ဓာတို့ကို ဥပါဒိဟု ခေါ်၏။ ကမ္မကိလေသေဟိ ဥပါဒီယတီတိ ဥပါဒိ (ကံကိလေသာတို့က "ငါ့ဟာ, ငါ့ဥစ္စာ, ငါ့အကျိုးတရားများ"ဟူ၍ ပြင်းထန်စွာ စွဲလမ်းဖမ်းယူအပ်သော ထိုအကျိုးခန္ဓာတရား)။ အကျယ်တဝင့် ရှင်းလင်းပြရသော်-
မြတ်စွာဘုရားသည် ကုသိုလ်ကံ, အကုသိုလ်ကံဟူသော အဘိသင်္ခါရမာရ်နှင့် ကိလေသမာရ်ဟူသော မာရ်နှစ်မျိုးကို ချေမှုန်းဖျက်ဆီး၍ အရဟတ္တမဂ်ဉာဏ်ကို ရတော်မူသောအခါ ထိုကံနှင့် ကိလေသာဟူသော မာရ်နှစ်မျိုးကား ချုပ်ပျောက်ပျက်စီးသွား၏။ သို့သော် ၎င်းတို့၏ ထိုအကျိုးခန္ဓာများကား ကျန်ရစ်နေခဲ့သေး၏။ ထိုကျန်ရစ်ခဲ့သော ဝိပါက်နာမက္ခန္ဓာ ကဋတ္တာရုပ် ဟူသော အကျိုးခန္ဓာတို့ကိုပင် သေသ(အကြွင်းအကျန်)ဟုခေါ်၏။ [သေသ- (ကံကိလေသမာရ် နှစ်မျိုးတို့မှ) ကြွင်းကျန်ရစ်ခဲ့သော အကျိုးခန္ဓာတရား။ ဝါ- ကံကိလေသာတို့က ခွဲခွာချန်ထားခဲ့သော အကျိုးခန္ဓာတရား]ဥပါဒိ စ သော သေသော စာတိ ဥပါဒိသေသော (ကံကိလေသာတို့မှ ကြွင်းကျန်ခဲ့သော ဝိပါက်နာမက္ခန္ဓာ ကဋတ္တာရုပ်တရား)။
တဖန် ထိုမြတ်စွာဘုရားသည် ခန္ဓမာရ်နှင့် မစ္စုမာရ်တို့ကို ချေမှုန်းဖျက်ဆီး၍ အနုပါဒိသေသပရိနိဗ္ဗာန်ဝင်စံတော်မူသောအခါ၌ကား ဥပါဒိသေသဟုခေါ်သော ထိုအကျိုးခန္ဓာများပင် မကျန်ရစ်အောင် ချုပ်ပျောက်ပျက်စီးသွား၏။ ယင်းသို့ ချုပ်ပျောက်ပျက်စီးသွားသောကြောင့် ဥပါဒိသေသခေါ် ထိုအကျိုးခန္ဓာများပင် မရှိတော့သော နိဗ္ဗာနဓာတ်ကို "အနုပါဒိသေသနိဗ္ဗာန်"ဟု ခေါ်၏။ ထို့ကြောင့် "နတ္ထိ ဥပါဒိသေသော ဧတိဿာ နိဗ္ဗာနဓာတုယာတိ အနုပါဒိသေသာ- ထိပါက်နာမက္ခန္ဓာကဋတ္တာရုပ်ဟူသော အကြွင်းအကျန်မရှိသော နိဗ္ဗာနဓာတ် (အနုပါဒိ သေသနိဗ္ဗာန်)ဟု ဝစနတ္ထပြု။ သာရတ္ထဋီကာ (ပ-၂၈)နှင့် ဝိမတီဋကာ (ပ-၁၀)ကို နည်းမှီး၍ ရေးသည်။ နိဗ္ဗာနဓာတုယာ၊ ခန္ဓာဇာတ်သိမ်း ချုပ်ငြိမ်းခြင်းဓာတ်သဘောဖြင့်။ ပရိနိဗ္ဗာယတိ၊ ချုပ်ငြိမ်းတော်မူ၏။ ဝါ၊ ပရိနိဗ္ဗာန်ပြုတော်မူ၏။ တဒါ၊ ပရိနိဗ္ဗာန်ပြုတော်မူရာ ထိုအခါ၌။ပ။

အယံ၊ ဤအကြောင်းသည်။ (မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူခြင်းဟူသော ဤအကြောင်းသည်။
ဝါ၊ ပရိနိဗ္ဗာန်ပြုတော်မူခြင်းကြောင့် မဟာပထဝီမြေကြီး၏ ငိုကြွေးသကဲံသို့ ဖြစ်ခြင်းဟူသော ဤအကြောင်းသည်။
အဋ္ဌမော အာရောဒနေန-ဟု ဖွင့်သည်)။
မဟတော၊ သော။
ဘူမိစာလဿ၊ ၏။
ပါတုဘာဝါယ၊ ငှာ။
အဋ္ဌမော၊ ရှစ်ခုမြောက်သော။
ဟေတု၊ အကြောင်းဟိတ်တည်း။
အဋ္ဌမော၊ သော။
ပစ္စယော၊ တည်း။
အာနန္ဒ၊ န္ဒာ။
မဟတော၊ သော။
ဘူမိစာလဿ၊ ၏။
ပါတုဘာဝါယ၊ ငှာ။
အဋ္ဌ၊ ရှစ်မျိုးကုန်သော။
ဟေတူ၊ အကြောင်းဟိတ်တို့ဟူသည်။
ဣမေ၊ ဤသည်တို့ပင်တည်း။
အဋ္ဌ၊ ကုန်သော။
ပစ္စယာ၊ ဟူသည်။
ဣမေ၊ ပင်တည်း။
ဣတိ၊ ဤသို့။
(အဝေါစ၊ မိန့်တော်မူပြီ)၊
ဒသမံ။
ဒုတိယော၊ နှစ်ခုမြောက်သော။
ဘူမိစာလဝဂ္ဂေါ၊ ဘူမိစာလဝဂ်တည်း။