ဧကံ၊ တပါးသော။
သမယံ၊ အခါ၌။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
မဟတာ၊ အရေအတွက်အားဖြင့် များစွာသော။
ဝါ၊ (အပ္ပိစ္ဆတာ အစရှိသော) ဂုဏ်အားဖြင့် မြင့်မြတ်သော၊
ဘိက္ခုသံဃေန၊ ရဟန်းအပေါင်းနှင့်။
သဒ္ဓိံ၊ အတူတကွ။
ကောသလေသု၊ ကောသလမည်သော ဇနပုဒ်၌။
ဝါ၊ ကောသလတိုင်းနယ်ပယ်၌။
စာရိကံ၊ ခရီးရှည်လျား ကြွသွားတော်မူခြင်းကို။
ဝါ၊ ခ၇ီးရှည်လျား ကြွသွားတော်မူခြင်းဖြင့်။
စရမာနော၊ (ဖြည်းဖြည်းသက်သာ) ကြွသွားတော်မူလသော်။
[**စရမာနော**၊ တနေ့တယူဇနာ, နှစ်ယူဇနာနှုန်းထား၊ ရပ်ကာနား၍ ကြွသွားတော်မူလသော်။
စာရိကံ စရမာနော။ ။ ယံ ပန ဂါမနိဂမပဋိပါဋိယာ ဒေဝသိကံ ယောဇနဒွိယော ဇနဝသေန ပိဏ္ဍပါတစရိယာဒီဟိ လောကံ အနုဂ္ဂဏှန္တဿ ဂမနံ၊ အယံ အတုရိတစာရိကာ နာမ။ သီလက္ခန်အဋ္ဌကထာ၊ ၂၁၅။ (အမ္ဗဋ္ဌသုတ်)။ အင်္ဂုတ္တိုရ် အဋ္ဌကထာ၊ ဒု-၁၆၅။ တိကနိပါတ် စာပိူ်(၆၄) ဝေနာဂပုရသုတ်၌ကား "ယောဇနအဒ္ဓယောဇနဝသေန"ဟုလည်းကောင်း, အောက်ခြေ (သျာ၊ က) စာမူ၌မူ "ယောဇနဝသေန ဒွိယောဇနဝသေန"ဟုလည်းကောင်း ရှိ၏။ အောက်ခြေစာမူသည် သီလက္ခန်အဋ္ဌကထာနှင့် ကိုက်ညီ၏။
ဝါ၊ တနေ့ တယူဇနာ, ယူဇနာဝက်ထား ရပ်ကာနား၍ ကြွသွားတော်မူလသော်"ဟူ၍လည်း အကျယ်တဝင့် အနက်ဆိုနိုင်၏။ အောက်ခြေသာဓကကြည့်]
ယေန (ပဒေသေန)၊ အကြင်အရပ်၌။
ဣစ္ဆာနင်္ဂလံနာမ၊ ဣစ္ဆာနင်္ဂလမည်သော။
ကောသလာနံ၊ ကောသလမင်းသားတို့၏။ [ဗဟုဝုစ်အနက်ဆို]
ဝါ၊ ကောသလတိုင်းနယ်ပင်၏။ [ဧကဝုစ်အနက်ဆို၊ သာဓကကို တိကနိပါတ်စာပိုဒ်(၆၄) ဝေနာဂပုရသုတ်၌ ရေးခဲ့ပြီ]
ဗြာဟ္မဏဂါမော၊ ပုဏ္ဏားရွာသည်။
(အတ္ထိ၊ ရှိ၏)
တံ (ပဒေသံ)၊ ထိုအရပ်သို့။ (ထိုဣစ္ဆာနင်္ဂလပုဏ္ဏားရွာ ရှိရာအရပ်သို့)
အဝသရိ၊ ရောက်တော်မူပြီ။
[တနည်း- ယေန (ဒိသာဘာဂေန)၊ အကြင်အရပ်မျက်နှာဘက်ဖြင့်။
ဣစ္ဆာနင်္ဂလံ နာမ၊ သော။
ကောသလာနံ၊ တို့၏။
ဝါ၊ ၏။
ဗြာဟ္မဏဂါမော၊ သို့။
(အဝသရိတဗ္ဗော၊ ရောက်အပ်ရောက်နိုင်၏။
တံ(တေန ဒိသာဘာဂေန)၊ ထိုအရပ်မျက်နှာဘက်ဖြင့်။
(ဣစ္ဆာနင်္ဂလံ နာမ၊ သော။
ကောသလာနံ၊ တို့၏။
ဝါ၊ ၏။
ဗြာဟ္မဏဂါမံ၊ သို့)
အဝသရိ၊ ရောက်တော်မူပြီ]
ဘဂဝါ၊ မြတ်စွာဘုရားသည်။
တတြ ဣစ္ဆာနင်္ဂလေ၊ ထိုဣစ္ဆာနင်္ဂလရွာ၏ အနီး၌။
ဣစ္ဆာနင်္ဂလဝနသဏ္ဍေ၊ ဣစ္ဆာနင်္ဂလမည်သော တောအုပ်၌။
ဝိဟရတိ၊ သီတင်းသုံးနေတော်မူ၏။
ဣစ္ဆာနင်္ဂလကာ၊ ဣစ္ဆာနင်္ဂလရွာသားဖြစ်ကြကုန်သော။
ဗြာဟ္မဏဂဟပတိကာ၊ ပုဏ္ဏားသူကြွယ်တို့သည်။
အဿောသုံ ခေါ၊ ကြားသိကြရကုန်ပြီးသည်သာ။
(ကိန္တိ၊ အဘယ်သို့။
အဿောသုံ၊ ကြားသိကြရကုန်ပြီးသနည်းဟူမူ)
ဘော၊ အိုအမောင်တို့။
သကျပုတ္တော၊ သာကီဝင် သုဒ္ဓေါဒနမင်း၏ သားတော်ဖြစ်သော။
သကျကုလာ၊ သာကီဝင် မင်းမျိုးမှ။
(နိက္ခမိတွာ၊ ထွက်ခွာ၍)
ပဗ္ဗဇိတော၊ ရဟန်းအဖြစ်သို့ ရောက်သော။
ဝါ၊ ရဟန်းပြုသော။
ဂေါတမော၊ ဂေါတမအနွယ်ဘွား ဖြစ်တော်မူသော။
သမဏော၊ ရဟန်းတော်မြတ်သည်။
ဣစ္ဆာနင်္ဂလံ၊ ဣစ္ဆာနင်္ဂလရွာသို့။
အနုပ္ပတ္တော၊ ကြွရောက်တော်မူလာသည်။
(ဟုတွာ၊ ဖြစ်၍)
ဣစ္ဆာနင်္ဂလေ၊ ဣစ္ဆာနင်္ဂလရွာအနီး၌။ (ဣစ္ဆာနင်္ဂလရွာအနီးက)
ဣစ္ဆာနင်္ဂလဝနသဏ္ဍေ၊ ဣစ္ဆာနင်္ဂလတောအုပ်၌။
ဝိဟရတိ ခလု၊ သီတင်းသုံးနေတော်မူသတဲ့။
တံ ခေါ ပန ဘဝန္တံ ဂေါတမံ၊ ထိုအရှင်ဂေါတမ၏။
ဧဝံ၊ ဤသို့။
ဝါ၊ ဤယခုပြောပြမည့်အတိုင်း။
ကလျာဏော၊ ကောင်းသော။
ကိတ္တိသဒ္ဒေါ၊ ချီးကျူးအံ့ဩပြောဆိုအပ်သော ဂုဏ်သတင်းသည်။
ဝါ၊ ချီးကျူးသောအားဖြင့် ဖြစ်သော ကျော်စောသံသည်။
အဗ္ဘုဂ္ဂတော၊ နတ်နှင့်တကွ လောကအားလုံး လွှမ်းခြုံဖုံးလျက် ပျံ့နှံ့တက်ပြီ။
(ကိန္တိ၊ အဘယ်သို့။
အဗ္ဘုဂ္ဂတော၊ ဟူမူ)
သော ဘဂဝါ၊ သည်။
ဣတိပိ၊ ကြောင့်လည်း။
အရဟံ၊ မူ၏။ပ။ [ဤစာအုပ် စာမျက်နှာ(၂၀) (သတ္တကနိပါတ်စာပိူ်(၄) ဝိတ္ထတဗလသုတန်ကြည့်]
တထာရူပါနံ၊ ထိုအရှင်ဂေါတမကဲ့သို့ သဘောရှိကုန်သော။
အရဟတံ၊ ရဟန္တာအရှင်မြတ်တို့ကို။
ဒဿနံ၊ (ဖူးမြင်ရုံမျှ) ဖူးမြင်ရခြင်းသည်သော်မှလည်း၊ (ရှိခိုးခြင်း,တရားနာခြင်း စသည်ကို မဆိုထားဘိ၊ ဖူးမြင်ရုံမျှ ဖူးမြင်ရခြင်းသည် သော်မှလည်း)
သာဓုခေါပန၊ ကောင်းမြတ်လှပေသည်သာ။ (မျက်မှောက်, တမလွန်၊တဖန်ပရမတ်၊ နိဗ္ဗာန်ဓာတ်တု၊ သုံးရပ်စီးပွား၊ ချမ်းသာများအောင်၊ ဆောင်နိုင်ပေတတ်၊ ကောင်းမြတ်လှပေသည်သာ)
ဟောတိ၊ ၏။
ဣတိ၊ ဤသို့။
(အဇ္ဈာသယံ၊ အလိုဆန္ဒကို၊
ကတွာ၊ ပြု၍) [အဇ္ဈာသယံ ကတွာ- ဟူသော ပါဌသေသကို ဥပသင်္ကမိံသု၌ စပ်၊ ဤနေရာ၌ ရေးသင့်သမျှကို တိကနိပါတ်စာပိုဒ် (၆၄) ဝေနာဂပုရသုတ်၊ ဒုတိယအကြိမ်ရိုက် ပထမတွဲ နိဿယစာမျက်နှာ (၄၁၂)၌ ရေးခဲ့ပြီ]
အထ ခေါ၊ ကြားသိကြပြီးရာ ထိုအခါ၌။
ဣစ္ဆာနင်္ဂလကာ၊ ကုန်သော။
ဗြာဟ္မဏဂဟပတိကာ၊ တို့သည်။
တဿာ ရတ္တိယာ၊ ထိုညဉ့်၏။
အစ္စယေန၊ ကျော်လွန်ရာအခါ၌။
ပဟုတံ၊ များစွာသော။
ခါဒနီယံ၊ ခဲဖွယ်ကိုလည်းကောင်း။
ဘောဇနီယံ၊ ဘောဇဉ်ကိုလည်းကောင်း။
အာဒါယ၊ ယူခဲ့ကြကုန်၍။
ယေန၊ အကြင်အရပ်၌။
ဣစ္ဆာနင်္ဂလဝနသဏ္ဍော၊ ဣစ္ဆာနင်္ဂလတောအုပ်သည်။
(အတ္ထိ၊ ရှိ၏)
တေန၊ ထိုဣစ္ဆာနင်္ဂလတောအုပ်ရှိရာအရပ်၌။
ဝါ၊ သို့။
ဥပသင်္ကမိံသု၊ သွားကြကုန်ပြီ။
ဥပသင်္ကမိတွာ၊ သွားကြပြီး၍။
ဗဟိဒွါရကောဋ္ဌကေ၊ တံခါးမုဒ်မှ အပြင်အပ၌။
ဥစ္စာသဒ္ဒါ၊ မြင့်တက်သောအသံရှိကုန်လျက်။
မဟာသဒ္ဒါ၊ များပြားကျယ်လောင်သောအသံ ရှိကုန်လျက်။
အဋ္ဌံသု၊ ရပ်နေကြကုန်ပြီ။ [ဗဟိဒွါရ ကောဋ္ဌကေတိ ဒွါရကောဋ္ဌကတော ဗဟိ။ စာပိုဒ်(၁၅) ဂေါတမီသုတ် အဋ္ဌကထာ]
တေန ခေါ ပန သမယေန၊ ထိုအခါ၌။ (ပုဏ္ဏားသူကြွယ်တို့ ဣစ္ဆာနင်္ဂလ တောအုပ်သို့သွား၍ တံခါးမုခ်၏ အပြင်ဘက် ရပ်တည်နေကြရာ ထိုအခါ၌)
အာယသ္မာ နာဂိတော၊ အရှင်နာဂိတသည်။
ဘဂဝတော၊ မြတ်စွာဘုရား၏။
ဥပဋ္ဌာကော၊ လုပ်ကျွေးပြုစုသူသည်။
ဟောတိ၊ ဖြစ်၏။
အထ ခေါ၊ ထိုအခါ၌။ (ဥစ္စာသဒ္ဒ မဟာသဒ္ဒဖြစ်ရာ ထိုအခါ၌)
ဘဂဝါ၊ မြတ်စွာဘုရားသည်။
အာယသ္မန္တံ နာဂိတံ၊ အရှင်နာဂိတကို။
အာမန္တေသိ၊ မေးမြန်းတော်မူပြီ။
(ကိန္တိ၊ အဘယ်သို့၊
အာမန္တေသိ၊ မေးမြန်းတော်မူသနည်းဟူမူ)
နာဂိတ၊ နာဂိတ။
မစ္ဆဝိလောပေ၊ ငါးတို့ကို လုယက်သကဲ့သို့ ဝယ်ယူခြင်းကိစ္စ၌။
ဝါ၊ ငါးတို့ကို လုယက်ခြင်း ကိစ္စ၌။
ဝါ၊ ငါးလုရာအရပ်၌။
ကေဝဋ္ဋာ မညေ၊ တံငါသည်တို့ကဲ့သို့။
ဝါ၊ တံငါသည်တို့နှင့်တကွ များစွာသော လူတို့ကဲ့သို့။
ဥစ္စာသဒ္ဒါ၊ မြင့်တက်သော အသံရှိကြကုန်သော။
မဟာသဒ္ဒါ၊ များပြားကျယ်လောင်သောအသံ ရှိကြကုန်သော။
တေ၊ ထိုသူတို့သည်။
ကေ ပန၊ အဘယ်သူတို့နည်း။
ဣတိ၊ ဤသို့။
(အာမန္တေသိ၊ မေးမြန်းတော်မူပြီ)
(တနည်း) နာဂိတ၊ နာဂိတ။
မစ္ဆဝိလောပေ၊ ၌။
ကေဝဋ္ဋာ၊ တံငါသည်တို့သည်။
ဝါ၊ တံငါသည်တို့နှင့် များစွာသော လူတို့သည်။
ဥစ္စာသဒ္ဒါ၊ မြင့်တက်သော အသံရှိကုန်သည်။
မဟာသဒ္ဒါ၊ များပြားကျယ်လောင်သော အသံရှိကုန်သည်။
ဟောန္တိ မညေ၊ ဖြစ်ကုန်သကဲ့သို့။
(တထာ၊ ထို့အတူ)
ဥစ္စာသဒ္ဒါ၊ ကုန်သော။
မဟာသဒ္ဒါ၊ ကုန်သော။
တေ၊ ထိုသူတို့သည်ကား။
ကေပန၊ နည်း။
ဣတိ၊ သို့။
(အာမန္တေသိ၊ မေးမြန်းတော်မူပြီ)
ဘန္တေ၊ အရှင်ဘုရား။
ဧတေ၊ ထိုသူတို့သည်။ (ထိုမြင့်တက်သော အသံ, များပြားကျယ်လောင်သောအသံ ရှိသူတို့သည်)
ဣစ္ဆာနင်္ဂလကာ၊ ဣစ္ဆာနင်္ဂလ ရွာသားဖြစ်ကုန်သော။
ဗြာဟ္မဏဂဟပတိကာ၊ ပုဏ္ဏားသူကြွယ်တို့ပါတည်း။
ဘဂဝန္တံဧဝ၊ မြတ်စွာဘုရားကိုပင်လည်းကောင်း။
ဘိက္ခုသင်္ဃဉ္စ၊ ရဟန်းတော်အပေါင်းကိုလည်းကောင်း။
ဥဒ္ဒိဿ၊ ရည်မှန်းကြကုန်၍။
ပဟူတံ၊ သော။
ခါဒနီယံ၊ လည်းကောင်း။
ဘောဇနီယံ၊ ကောင်း။
အာဒါယ၊ ယူခဲ့ကြကုန်၍။
ဗဟိဒွါရကောဋ္ဌကေ၊ ၌။
ဌိတာ၊ ရပ်တည်နေကြပါကုန်၏။
ဣတိ၊ ဤသို့။
(အဝေါစ၊ လျှောက်ပြီ)
နာဂိတ၊ နာဂိတ။
အဟံ၊ ငါသည်။
ယသေန၊ အခြံအရံ အကျော်အစောနှင့်။
(သဒ္ဓိံ၊ အတူတကွ)
သမာဂမံ၊ ပေါင်းဆုံခြင်းကို။
မာ ပတ္ထေမိ၊ မတောင့်တပါ။
ယသော စ၊ အခြံအရံ အကျော်အစောသည်လည်း။
မယာ၊ ငါနှင့်။
(သဒ္ဓိံ၊ ကွ)
မာ သမာဂဉ္ဆိ၊ မပေါင်းဆုံစေသတည်း။
နာဂိတ၊ တ။ ["ယဿာဟံ"စသည်ကို သွားအံ့]
အဟံ၊ ငါသည်။
ယဿ၊ အကြင်သို့သော။
နေက္ခမ္မသုခဿ၊ နေက္ခမ္မ ချမ်းသာကို လည်းကောင်း။
ဝါ၊ ကာမမှ ထွက်မြောက်သော ချမ်းသာကိုလည်းကောင်း။
ပဝိဝေကသုခဿ၊ ပဝိဝေက ချမ်းသာကိုလည်းကောင်း။
ဝါ၊ အပေါင်းအဖော် ကိလေသာတို့နှင့် ပေါင်းဆုံခြင်းမှ ကင်းရှင်းသော ချမ်းသာကိုလည်းကောင်း။
ဥပသမသုခဿ၊ ကိုလည်းကောင်း။
ဝါ၊ ရာဂစသည်တို့ ကင်းငြိမ်းကြောင်း ချမ်းသာကိုလည်းကောင်း။
သမ္ဗောဓသုခဿ၊ ကောင်း။
ဝါ၊ အရိယမဂ်ကို ဖြစ်စေသော ချမ်းသာကိုလည်းကောင်း။ [ပဉ္စကနိပါတ် စာပိုဒ်(၃၀)၊ နာဂိတသုတ် ဒုတိယအကြိမ်ရိုက် တတိယတွဲ နိဿယစာမျက်နှာ(၅၅)လည်းကြည့်]
နိကာမလာဘီ၊ အလိုရှိတိုင်းရနိုင်ခြင်းရှိသည်။
အကိစ္ဆလာဘီ၊ အခက်အခံမရှိ ရနိုင်ခြင်းရှိသည်။
အကသိရလာဘီ၊ မနည်းမရှား ပေါများစွာ ရနိုင်ခြင်းရှိသည်။
ဟောမိ၊ ဖြစ်၏။ [ထို့နောက် "ယော ခေါ နယိမဿ" စသည်ကို အနက်ပေးတော့အံ့]
ယော၊ အကြင်သူသည်။
ဣမဿ၊ ဤသို့သော။
ဝါ၊ ဤသို့ ငါ့အတွက် အလိုရှိတိုင်း ရနိုင်, အခက်အခဲမရှိ ရနိုင်, များပြားစွာ ရနိုင်သော။
နေက္ခမ္မသုခဿ၊ ကိုလည်းကောင်း။ပ။
သမ္ဗောဓသုခဿ၊ ကောင်း။
နိကာမလာဘီ၊ သည်။
အကိစ္ဆလာဘီ၊ သည်။
အကသိရလာဘီ၊ သည်။
န အဿ၊ မဖြစ်ရာ။
သော၊ ထိုသူသည်သာ။ (ငါ့အတွက်အလိုရှိတိုင်း အခက်အခဲမရှိ များပြားစွာ ရနိုင်သော နေက္ခမ္မသုခစသည်ကို မရသော ထိုသူသည်သာ)
တံ မီဠှသုခံ၊ ထိုမစင်ပမာ ရွံဖွယ်ရာချမ်းသာကိုလည်းကောင်း။
ဝါ၊ ထိုမစင်ပမာ ရွံဖွယ်ရာ ကာယကံနှင့် ကိလေသာကိုမှီ၍ ဖြစ်သော ချမ်းသာကိုလည်းကောင်း။
တံ မိဒ္ဓသုခံ၊ ထို အိပ်ငိုက်ခြင်းကြောင့် ဖြစ်သော ချမ်းသာကိုလည်းကောင်း။
တံ လာဘ+သက္ကာရ+သိလောက+သုခံ၊ ထိုပစ္စည်းလာဘ်+ ရိုသေသမှုကောင်းစွာ ပြုစုခံရခြင်း+ ချီးမွမ်းခ့ရခြင်းကို မှီ၍ဖြစ်သော ချမ်းသာကိုလည်းကောင်း။
သာဒိယေယျ၊ သာယာရာ၏။
ဣတိ၊ သို့။
(အဝေါစ၊ မိန့်)
ဘန္တေ၊ မြတ်စွာဘုရား။
ဒါနိ၊ ယခုအခါ၌။
ဘဂဝါ၊ ဘုန်းတော်ကြီးမား မြတ်စွာဘုရားသည်။
အဓိဝါသေတု၊ သည်းခံတော်မူပါ။
သုဂတော၊ ကောင်းသော စကားမိန့်ကြားတော်မူသော မြတ်စွာဘုရားသည်။
အဓိဝါသေတု၊ ပါ။
ဘန္တေ၊ ရား။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ဒါနိ၊ ယခုအခါ၌။
ယေန ယေနေဝ၊ အကြင်အကြင်အရပ်၌။
ဝါ၊ ရပ်သို့။
ဂမိဿတိ၊ ကြွသွားတော်မူလ္တံ့။
နေဂမာ စေဝ၊ နိဂုံးနေသူလူလည်း ဖြစ်ကြကုန်သော။
ဇာနပဒါ စ၊ နယ်ပယ်ဇနပုဒ်နေသူလူလည်း ဖြစ်ကြကုန်သော။
ဗြာဟ္မဏဂဟပတိကာ၊ ပုဏ္ဏားသူကြွယ်တို့သည်။
ဝါ၊ ပုဏ္ဏားနှင့် အိမ်ရှင်ဖြစ်သောကုန်သည် လယ်သမားလူတန်းစားတို့သည်။
တန္နိန္နာဝ၊ ထိုမြတ်စွာဘုရား ကြွသွားတော်မူရာအရပ်သို့ ညွှတ်ကိုင်းကုန်သည်သာလျှင်။
ဝါ၊ ထိုမြတ်စွာဘုရား ကြွသွားတော်မူရာအရပ်သို့ ရှေ့ရှုဦးတည်ကုန်သည်သာလျှင်။
ဘဝိဿန္တိ၊ ဖြစ်ပါကုန်လတ္တံ့။
ဘန္တေ၊ ရား။
ထုလ္လဖုသိတကေ၊ ကြီးသော မိုးရေမိုးပေါက်ရှိသော။
ဒေဝေ၊ မိုးသည်။
ဝဿန္တေ၊ ရွာလသော်။
ယထာနိန္နံ၊ နိမ့်ရာနိမ့်ရာ အရပ်တိုင်းသို့။
ဥဒကာနိ၊ ရေတို့သည်။
ပဝတ္တန္တိ သေယျထာပိ၊ စီးဆင်းကုန်သကဲ့သို့။
ဘန္တေ၊ ရား။
ဧဝမေဝံ၊ ဤအတူပင်။ပ။
တန္နိန္နာဝ၊ လျှင်။
ဘဝိဿန္တိ၊ တ္တံ့။
တံ၊ ထိုသို့ ညွှတ်ကိုင်းကြခြင်းသည်။
ကိဿ ဟေတု၊ အဘယ့်ကြောင့် နည်းဟူမူ။
ဘန္တေ၊ ရား။
ဟိ (ယသ္မာ)၊ အကြင်ကြောင့်။
ဘဂဝတော၊ မြတ်စွာဘုရား၏။
သီလပညာဏံ၊ သီလနှင့် ဉာဏ်တော်သည်။
တထာ၊ ထိုသို့ ညွတ်ှကိုင်းရလောက်အောင် မြင့်မြတ်လှပါ၏။
ဣတိ၊ ထို့ကြောင့်ပါတည်း။
ဣတိ၊ ဤသို့။
(အဝေါစ၊ လျှောက်ပြီ)။ပ။
["ဒေဝတာပိ ခေါ နာဂိတ။ပ။ ယဿာဟံ နေက္ခမ္မသုခဿ" စသည်ကို အနက်ပြန်ဆိုအံ့]"ဒေဝတာပိခေါ" စသည်၌ ပြင်ဆင်ဖွယ် ပါဠိတော်များ။ ။ "ဒေဝတာပိ ခေါ နာဂိတ"မှ စ၍ အနုယုတ္တာ ဝိဟရန္တိ" တိုင်အောင် ပါဠိတော် စာကြောင့် တဆယ့်တကြောင်း၏ ဆိုလိုရင်း အဓိပ္ပါယ်ကို စဉ်းစားကြည့်လျှင် ထိုအတွင်းရှိ တချို့ပါဠိများ ပျက်စီးချို့ယွင်းနေကြောင်း သိသာ၏။ ထို့ကြောင့် ဆဋ္ဌသင်္ဂါယနာမူ စာအုပ်၌ ဧကစ္စာ ဣမဿ (?)၊ နိကာမလာဘိနိယော အကိစ္ဆလာဘိနိယော (?)၊ တာသမ္ပိ(?)၊ အနုယုတ္တေ ဝိဟရန္တေ ဒိသွာ (?) ဟူ၍ ရှိသင့်မည်ထင်သော ပါဠိကို အောက်ခြေ၌ ပြထားတော်မူကြ၏။ သို့သော် ထိုမျှလောက် ပါဠိပြင်ရုံမျှဖြင့် လုံလောက်မည် မဟုတ်သေးပါ။ "န ဟိ နူနမေ" စသော အာကာရဝါကျအတွင်းရှိ "ယဿာဟံ" စသည်တို့ကိုလည်း "ယဿ မယံ နေက္ခမ္မသုခဿ။ပ။ နိကာမလာဘိနိယော အကိစ္ဆလာဘိနိယော အကသိရလာဘိနိယော" ဟူ၍လည်း ဒေဝတာနှင့် ကိုက်ညီအောင် ပြင်ရဦးမည်ဖြစ်သည်။ ယင်းသို့ ပြင်သင့်သည်ဟု ထင်ရသော ပါဠိတို့ကို ပြင်ဆင်ပြီးပါက ထိုပါဠိတော် တဆယ့်တကြောင်း၏ အကျဉ်းချုပ် ဆိုလိုရင်း မြန်မာပြန်မှာ-
"နာဂိတ... ငါဘုရားမှာ နေက္ခမ္မသုခစသော သုခလေးမျိုးတို့ကို အလိုရှိတိုင်း အခက်အခဲမရှိ ပေါများစွာ ရရှိထားသကဲ့သို့ အချို့နတ်များမှာလည်း ရရှိထားကြပေလိမ့်မည်။ ထိုနတ်တို့သည် အပေါင်းအဖော်တို့နှင့် ရောနှောနေထိုင်ကြသူတို့ကို တွေ့မြင်ရသောအခါ ဤသို့ စဉ်းစားမိမည် ဖြစ်၏။ "ဤအရှင်တို့ကား နေက္ခမ္မသုခစသော သုခလေးမျိုးကို အလိုရှိတိုင်း အခက်အခဲမရှိ ပေါများစွာ ငါတို့ရရှိထားသလို ရရှိထားသူများ မဖြစ်နိုင်။ ထိုသို့ မဖြစ်နိုင်သောကြောင့်ပင် ဤအရှင်တို့သည် အပေါင်းအဖော်တို့နှင့် ရောရောနှောနှော နေထိုင်ကြခြင်းဖြစ်သည်ဟူ၍ ထိုနတ်များ စဉ်းစားမိမည်ဖြစ်၏" ဤသို့ အကျဉ်းချုပ် မြန်မာပြန်ဆိုချက်ဖြင့် ထိုပါဠိဝါကျ (၁၁)ကြောင်း၏ ဆိုလိုရင်း အဓိပ္ပါယ်ကို သိရာ၏။
ပါဠိဝါကျ ပြင်ဆင်ဖြည့်စွက်ခြင်းသော်လည်း ပြုသင့်။ ။ တဖန် ယင်းသို့ အဓိပ္ပါယ်မယူဘဲ ဤနေရာ၌ ပါဠိတော် ဝါကျစာကြောင်းများ ကျကျန်နေသည်ဟုသော်လည်း ဆိုနိုင် ယူဆနိုင်၏။ အကယ်၍ ယင်းသို့ ယူဆလျှင် ပြခဲ့ပြီးနှင့် ပြလတ္တံ့သော အလားတူ ပါဠိတော်ဝါကျတို့ကို နည်းမှီကာ အနီးစပ်ဆုံးဖြစ်အောင် မိမိစွမ်းနိုင်သလောက် စဉ်းစား၍ ပြင်ဆင့်သင့်သမျှ ပုဒ်ပါဌ်တို့ကို ပြင်ဆင်ပြီး ကျကျန်နေရစ်သည်ဟု ထင်ရသော ဝါကျစာကြောင်းတို့ကို ထည့်စွက်ပြရသော်-
ဒေဝတာပိ ခေါ နာဂိတ ဧကစ္စာ နယိမဿ နေက္ခမ္မသုခဿ ပဝိဝေကသုခဿ ဥပသမသုခဿ သမ္ဗောဓသုခဿ နိကာမလာဘိနိယော အဿု အကိစ္ဆလာဘိနိယော အကသိရလာဘိနိယော၊ ယဿာဟံ နေက္ခမ္မသုခဿ ပဝိဝေကသုခဿ ဥပသမသုခဿ သမ္ဗောဓသုခဿ နိကာမလာဘီ အကိစ္ဆလာဘီ အကသိရလာဘီ၊ တာ တံ မိဠှသုခံ မိဒ္ဓသုခံ လာဘသက္ကာရသိလောကသုခံ သာဒိယေယျုံ။ ဣဓာဟံ နာဂိတ ဘိက္ခူ ပဿာမိ သင်္ဂမ္မ သမာဂမ္မ သင်္ဂဏိကဝိဟာရံ အနုယုတ္တေ ဝိဟရန္တေ၊ တဿ မယှံ နာဂိတ ဧဝံ ဟောတိ "နဟိနူနမေ အာယသ္မန္တော ဣမဿ နေက္ခမ္မသုခဿ ပဝိဝေကသုခဿ [ဤသို့ စသည်ဖြင့် "နဟိနူနမေ အစချီသော ဝါကျမှစ၍ ပြင်ဆင်ဖြည့်စွက်မှု မပြုရတော့ဘဲ ယခုပါဠိတော် လက်ရှိစာမူအတိုင်း ထားနိုင်ပြီ]။
ဤသို့ ပြင်ဆင်ဖြည့်စွက်ထားသော ပါဠိတော် ဝါကျများနှင့်တကွ "သင်္ဂဏိတ ဝိဟာရံ အနုယုတ္တာ ဝိဟရန္တိ"တိုင်အောင် ပါဠိတော် ဝါကျတို့၏ ဆိုလိုရင်း အဓိပ္ပါယ်ကို သိသာထင်ရှားအောင် အကျဉ်းချုံး၍ မြန်မာပြန်ဆိုပြရသော်-
နာဂိတ....အလိုရှိတိုင်း အခက်အခဲမရှိ ပေါများစွာ ငါဘုရားရရှိထားသော နေက္ခမ္မသုခစသော သုခလေးမျိုးကို မရရှိနိုင်ကြသော အချို့သော နတ်တို့သည် ထိုမီဠှသုခ, မိဒ္ဓသုခ, လာဘသက္ကာရသိလောကသုခကို အရသာခံယူ သုံးဆောင်ကြရာ၏။ နာဂိတ....အပေါင်းအဖော်များနှင့် ရောနှောနေကြသော ရဟန်းများကို ငါတွေ့မြင်နေရ၏။ ယင်းသို့ တွေ့မြင်ရသော ငါဘုရားမှာ ဆင်ခြင်စဉ်းစား သံဝေဂဖြစ်ပွားမိသည်မှာ- အလိုရှိတိုင်း အခက်အခဲမရှိ ပေါများစွာ ငါဘုရားရရှိထားသော နေက္ခမ္မသုခစသည်ကို ဤအရှင်များ မရရှိကြသည် ဧကန်ပင် ဖြစ်၏။ ယင်းသို့ မရရှိကြသောကြောင့်ပင် ဤအရှင်တို့သည် အပေါင်းအဖော်တို့နှင့် ရောရော အနှောနှော နေထိုင်ကြခြင်း ဖြစ်သည်ဟူ၍ ငါဘုရား ဆင်ခြင်စဉ်းစား သံဝေဂဖြစ်ပွား၏။
ဤသို့အားဖြင့် ကျကျန်နေရစ်သည်ဟု ထင်ရသော ပါဠိဝါကျတို့ကို ဖြည့်စွက်ဖော်ပြ ရပါသော်လည်း တိုက်ဆိုင်ကြည့်ရှုရန် အလားတူ ပါဠိတော် အလုံအလောက် (သို့မဟုတ်) အဖွင့်အဋ္ဌကထာဋီကာ အလုံအလောက် တွေ့ရမှသာ အားရ ကျေနပ်ဖွယ် ကောင်းလောက်အောင် မှန်ကန်ပြည့်စုံသော ပြင်ဆင်ဖြည့်စွက်မှု ဖြစ်နိုင်၏။ ယင်းသို့ မတွေ့ရပါဘဲလျက် ဤအတိုင်းသာ ဆိုလိုရင်း အဓိပ္ပါယ် အမှန်ဟု ယူဆပြီး ကျကျန်နေရစ်သည်, ချွတ်ယွင်းသည်ဟု ထင်ရသော ပါဠိ ဝါကျတို့ကို ဖြည့်စွက်ခြင်း ပုဒ်ပါဌ်ပြင်ဆင်ခြင်းကား "ဤသည်ပင် ဘုရားဟောပါဠိတော် မူမှန်ဖြစ်ပါသည်"ဟု ဆိုနိုင်ရန် အလွန်ခက်ခဲပါသည်။ သို့ဖြစ်ရကား ထိုအတိုင်း ပါဠိပြင်ဆင်ဖြည့်စွက်သင့် မသင့် (သို့မဟုတ်) မည်သို့ ပြင်ဆင်ဖြည့်စွက်သင့်သည် (သို့မဟုတ်) လက်ရှိ ပါဠိတော် စာမူ၏ အဓိပ္ပါယ်မှန်မည်သို့ မည်ပုံ ဖြစ်သင့်သည်တို့ကို ဆက်လက်၍ စဉ်းစားကြပါကုန်။ နာဂိတ၊ နာဂိတ။ အဟံ၊ ငါသည်။ ယဿ၊ သော။ နေက္ခမ္မသုခဿ၊ ကိုလည်းကောင်း။ပ။ အကသိရလာဘီ၊ သည်။ (ဟောမိ၊ ၏)
"နာဂိတ... ငါဘုရားမှာ နေက္ခမ္မသုခစသော သုခလေးမျိုးတို့ကို အလိုရှိတိုင်း အခက်အခဲမရှိ ပေါများစွာ ရရှိထားသကဲ့သို့ အချို့နတ်များမှာလည်း ရရှိထားကြပေလိမ့်မည်။ ထိုနတ်တို့သည် အပေါင်းအဖော်တို့နှင့် ရောနှောနေထိုင်ကြသူတို့ကို တွေ့မြင်ရသောအခါ ဤသို့ စဉ်းစားမိမည် ဖြစ်၏။ "ဤအရှင်တို့ကား နေက္ခမ္မသုခစသော သုခလေးမျိုးကို အလိုရှိတိုင်း အခက်အခဲမရှိ ပေါများစွာ ငါတို့ရရှိထားသလို ရရှိထားသူများ မဖြစ်နိုင်။ ထိုသို့ မဖြစ်နိုင်သောကြောင့်ပင် ဤအရှင်တို့သည် အပေါင်းအဖော်တို့နှင့် ရောရောနှောနှော နေထိုင်ကြခြင်းဖြစ်သည်ဟူ၍ ထိုနတ်များ စဉ်းစားမိမည်ဖြစ်၏" ဤသို့ အကျဉ်းချုပ် မြန်မာပြန်ဆိုချက်ဖြင့် ထိုပါဠိဝါကျ (၁၁)ကြောင်း၏ ဆိုလိုရင်း အဓိပ္ပါယ်ကို သိရာ၏။
ပါဠိဝါကျ ပြင်ဆင်ဖြည့်စွက်ခြင်းသော်လည်း ပြုသင့်။ ။ တဖန် ယင်းသို့ အဓိပ္ပါယ်မယူဘဲ ဤနေရာ၌ ပါဠိတော် ဝါကျစာကြောင်းများ ကျကျန်နေသည်ဟုသော်လည်း ဆိုနိုင် ယူဆနိုင်၏။ အကယ်၍ ယင်းသို့ ယူဆလျှင် ပြခဲ့ပြီးနှင့် ပြလတ္တံ့သော အလားတူ ပါဠိတော်ဝါကျတို့ကို နည်းမှီကာ အနီးစပ်ဆုံးဖြစ်အောင် မိမိစွမ်းနိုင်သလောက် စဉ်းစား၍ ပြင်ဆင့်သင့်သမျှ ပုဒ်ပါဌ်တို့ကို ပြင်ဆင်ပြီး ကျကျန်နေရစ်သည်ဟု ထင်ရသော ဝါကျစာကြောင်းတို့ကို ထည့်စွက်ပြရသော်-
ဒေဝတာပိ ခေါ နာဂိတ ဧကစ္စာ နယိမဿ နေက္ခမ္မသုခဿ ပဝိဝေကသုခဿ ဥပသမသုခဿ သမ္ဗောဓသုခဿ နိကာမလာဘိနိယော အဿု အကိစ္ဆလာဘိနိယော အကသိရလာဘိနိယော၊ ယဿာဟံ နေက္ခမ္မသုခဿ ပဝိဝေကသုခဿ ဥပသမသုခဿ သမ္ဗောဓသုခဿ နိကာမလာဘီ အကိစ္ဆလာဘီ အကသိရလာဘီ၊ တာ တံ မိဠှသုခံ မိဒ္ဓသုခံ လာဘသက္ကာရသိလောကသုခံ သာဒိယေယျုံ။ ဣဓာဟံ နာဂိတ ဘိက္ခူ ပဿာမိ သင်္ဂမ္မ သမာဂမ္မ သင်္ဂဏိကဝိဟာရံ အနုယုတ္တေ ဝိဟရန္တေ၊ တဿ မယှံ နာဂိတ ဧဝံ ဟောတိ "နဟိနူနမေ အာယသ္မန္တော ဣမဿ နေက္ခမ္မသုခဿ ပဝိဝေကသုခဿ [ဤသို့ စသည်ဖြင့် "နဟိနူနမေ အစချီသော ဝါကျမှစ၍ ပြင်ဆင်ဖြည့်စွက်မှု မပြုရတော့ဘဲ ယခုပါဠိတော် လက်ရှိစာမူအတိုင်း ထားနိုင်ပြီ]။
ဤသို့ ပြင်ဆင်ဖြည့်စွက်ထားသော ပါဠိတော် ဝါကျများနှင့်တကွ "သင်္ဂဏိတ ဝိဟာရံ အနုယုတ္တာ ဝိဟရန္တိ"တိုင်အောင် ပါဠိတော် ဝါကျတို့၏ ဆိုလိုရင်း အဓိပ္ပါယ်ကို သိသာထင်ရှားအောင် အကျဉ်းချုံး၍ မြန်မာပြန်ဆိုပြရသော်-
နာဂိတ....အလိုရှိတိုင်း အခက်အခဲမရှိ ပေါများစွာ ငါဘုရားရရှိထားသော နေက္ခမ္မသုခစသော သုခလေးမျိုးကို မရရှိနိုင်ကြသော အချို့သော နတ်တို့သည် ထိုမီဠှသုခ, မိဒ္ဓသုခ, လာဘသက္ကာရသိလောကသုခကို အရသာခံယူ သုံးဆောင်ကြရာ၏။ နာဂိတ....အပေါင်းအဖော်များနှင့် ရောနှောနေကြသော ရဟန်းများကို ငါတွေ့မြင်နေရ၏။ ယင်းသို့ တွေ့မြင်ရသော ငါဘုရားမှာ ဆင်ခြင်စဉ်းစား သံဝေဂဖြစ်ပွားမိသည်မှာ- အလိုရှိတိုင်း အခက်အခဲမရှိ ပေါများစွာ ငါဘုရားရရှိထားသော နေက္ခမ္မသုခစသည်ကို ဤအရှင်များ မရရှိကြသည် ဧကန်ပင် ဖြစ်၏။ ယင်းသို့ မရရှိကြသောကြောင့်ပင် ဤအရှင်တို့သည် အပေါင်းအဖော်တို့နှင့် ရောရော အနှောနှော နေထိုင်ကြခြင်း ဖြစ်သည်ဟူ၍ ငါဘုရား ဆင်ခြင်စဉ်းစား သံဝေဂဖြစ်ပွား၏။
ဤသို့အားဖြင့် ကျကျန်နေရစ်သည်ဟု ထင်ရသော ပါဠိဝါကျတို့ကို ဖြည့်စွက်ဖော်ပြ ရပါသော်လည်း တိုက်ဆိုင်ကြည့်ရှုရန် အလားတူ ပါဠိတော် အလုံအလောက် (သို့မဟုတ်) အဖွင့်အဋ္ဌကထာဋီကာ အလုံအလောက် တွေ့ရမှသာ အားရ ကျေနပ်ဖွယ် ကောင်းလောက်အောင် မှန်ကန်ပြည့်စုံသော ပြင်ဆင်ဖြည့်စွက်မှု ဖြစ်နိုင်၏။ ယင်းသို့ မတွေ့ရပါဘဲလျက် ဤအတိုင်းသာ ဆိုလိုရင်း အဓိပ္ပါယ် အမှန်ဟု ယူဆပြီး ကျကျန်နေရစ်သည်, ချွတ်ယွင်းသည်ဟု ထင်ရသော ပါဠိ ဝါကျတို့ကို ဖြည့်စွက်ခြင်း ပုဒ်ပါဌ်ပြင်ဆင်ခြင်းကား "ဤသည်ပင် ဘုရားဟောပါဠိတော် မူမှန်ဖြစ်ပါသည်"ဟု ဆိုနိုင်ရန် အလွန်ခက်ခဲပါသည်။ သို့ဖြစ်ရကား ထိုအတိုင်း ပါဠိပြင်ဆင်ဖြည့်စွက်သင့် မသင့် (သို့မဟုတ်) မည်သို့ ပြင်ဆင်ဖြည့်စွက်သင့်သည် (သို့မဟုတ်) လက်ရှိ ပါဠိတော် စာမူ၏ အဓိပ္ပါယ်မှန်မည်သို့ မည်ပုံ ဖြစ်သင့်သည်တို့ကို ဆက်လက်၍ စဉ်းစားကြပါကုန်။ နာဂိတ၊ နာဂိတ။ အဟံ၊ ငါသည်။ ယဿ၊ သော။ နေက္ခမ္မသုခဿ၊ ကိုလည်းကောင်း။ပ။ အကသိရလာဘီ၊ သည်။ (ဟောမိ၊ ၏)
ဒေဝတာပိ၊ နတ်တို့သည်လည်း။
ဧကစ္စာ၊ အချို့တို့သည်။
ဣမဿ၊ သော။
ဝါ၊ သော။
နေက္ခမ္မသုခဿ၊ ကောင်း။ပ။
သမ္ဗောဓသုခဿ၊ ကောင်း။
နိကာမလာဘိနိယော၊ ခြင်းရှိကုန်သည်။
အကိစ္ဆလာဘိနိယော၊ ကုန်သည်။
အကသိရလာဘိနိယော၊ ကုန်သည်။
န အဿု၊ မဖြစ်ကုန်ရာ။
နာဂိတ၊ တ။
သင်္ဂမ္မ၊ ပေါင်းဆုံဆိုက်ရောက်ကြကုန်၍။
သမာဂမ္မ၊ တပေါင်းတည်း လာရောက်စုဝေးကြကုန်၍။
သင်္ဂဏိကဝိဟာရံ၊ အပေါင်းအဖော်တို့နှင့် ပေါင်းဆုံသောအားဖြင့် နေထိုင်ခြင်းကို။
အနုယုတ္တာနံ၊ အားထုတ်ကြကုန်လျက်။
ဝိဟရတံ၊ နေထိုင်ကြကုန်သော။
တုမှာကမ္ပိ၊ သင်တို့မှာလည်း။
ဧဝံ၊ ဤသို့ စဉ်းစားမိခြင်းသည်။
ဟောတိ၊ ဖြစ်၏။
(ကိန္တိ၊ သို့။
ဟောတိ၊ ဟူမူ)
အဟံ၊ သည်။
ယဿ၊ သော။
နေက္ခမ္မသုခဿ၊ ကောင်း။ပ။
နိကာမလာဘီ၊ ရှိသည်။ပ။
အကသိရလာဘီ၊ ရှိသည်။
(ဟောမိ၊ ၏။)
ဣမေ အာယသ္မန္တော၊ ဤအရှင်တို့သည်။
ဣမဿ၊ သော။
နေက္ခမ္မသုခဿ၊ ကောင်း။ပ။
အကသိရလာဘိနော၊ ခြင်း ရှိကုန်သည်။
န ဟိ နူန အဿု၊ တကယ်ပင် မဖြစ်ကြပါလေတကား။ ["နူန+ ဣမေ"ဟု ပုဒ်ဖြတ်၊ ဣမေကို အာယသ္မန္တောနှင့် တွဲပေးခဲ့ပြီ]
တထာဟိ၊ ထိုသို့ မဖြစ်ကြသောကြောင့်သာလျှင်။
ဣမေ အာယသ္မန္တော၊ တို့သည်။
[ပန+ဣမေ]။ပ။
အနုယုတ္တာ၊ အားထုတ်ကြကုန်လျက်။
ဝိဟရန္တိ၊ နေကြကုန်၏။
ဣတိ၊ ဤသို့ သံဝေဂပွားစဉ်းစားမိခြင်းသည်။
(ဟောတိ၊ ၏)
နာဂိတ၊ နာဂိတ။
ဣဓ၊ ဤအရပ်၌။
ဘိက္ခူ၊ ရဟန်းတို့ကို။
အညမညံ၊ အချင်းချင်း။
အင်္ဂုလိပတောဒကေန၊ (ချိုင်းကြား စသည်တို့၌) လက်ချောင်းတို့ဖြင့် ထိုးဆွကျီစယ်ခြင်းဖြင့်။
သဉ္ဇဂ္ဃန္တေ၊ ကျယ်လောင်စွာ ရယ်မောကြကုန်လျက်။
သင်္ကီဠန္တေ၊ မြူးထူးပျော်ပါး ကစားနေသည်တို့ကို။
အဟံ၊ ငါသည်။
ပဿာမိ၊ မြင်ရ၏။
နာဂိတ၊ တ။
တဿ မယှံ၊ ထိုငါ့မှာ။
ဧဝံ၊ ဤသို့သံဝေဂပွား စဉ်းစားမိခြင်းသည်။
ဟောတိ၊ ၏။ (ကိန္တိ ဟောတိ)
အဟံ၊ သည်။
ယဿ၊ သော။ပ။
အကသိရလာဘီ၊ သည်။
(ဟောမိ၊ ၏)
ဣမေ အာယသ္မန္တော၊ တို့သည်။
ဣမဿ၊ သော။
နေက္ခမ္မသုခဿ၊ ကိုလည်းကောင်း။ပ။
အကသိရလာဘိနော၊ ကုန်သည်။
နဟိနူန အဿု၊ တကား။
တထာဟိ၊ လျှင်။
ဣမေ အာယသ္မန္တော၊ တို့သည်။ပ။
သဉ္ဇဂ္ဃန္တိ၊ ကျယ်လောင်စွာ ရယ်မောကြကုန်၏။
သင်္ကီဠန္တိ၊ ကစားနေကြကုန်၏။
ဣတိ၊ ဤသို့ သံဝေဂပွား စဉ်းစားမိခြင်းသည်။
(ဟောတိ၊ ၏) [ဤနေရာ၌ ဣတိသဒ္ဒါပါသင့်၏]။
နာဂိတ၊ တ။
ပန၊ ထိုမှတပါး။
ဣဓ၊ ၌။
ဘိက္ခူ၊ တို့ကို။
ယာဝဒတ္ထံ၊ အလိုရှိသလောက်။
ဥဒရာဝဒေဟကံ၊ ဝမ်ဗိုက်ကို ပြည့်စေလျက်။
ဝါ၊ ဝမ်းဗိုက်ပြည့်အောင်။
ဘုဉ္ဇိတွာ၊ စား၍။ [ဥဒရံ အဝဒိဟတိ ဥပစိနောတိ ပူရေတီတိ ဥဒရာဝဒေဟကံ (ဝမ်းဗိုက်ကို ပြည့်စေတတ်သော စားခြင်း) ဘာဝနပုံသကဉ္စေတံ၊ ဥဒရာဝဒေဟကံ ကတွာ ဥဒရံ ပူရေတွာတိ အတ္ထော။ ပဉ္စကနိပါတ်စာပိုဒ် (၁၉၁)သောဏသုတ် ဋီကာ ၊ ၅၆]
သေယျသုခံ၊ အိပ်ရာပေါ်၌ အိပ်ခြင်းကြောင့် ဖြစ်သော ချမ်းသာကို လည်းကောင်း။
ဝါ၊ အိပ်ရာ၏ အအေးငွေ့၊ အနွေးငွေ့ကြောင့် ဖြစ်သော ချမ်းသာကိုလည်းကောင်း။
ပဿသုခံ၊ ဝဲ ယာ နံပါးတို့ကို ပြောင်းလှည့် စောင်းခဲ့ခြင်းကြောင့်ဖြစ်သော ချမ်းသာကိုလည်းကောင်း။
မိဒ္ဓသုခံ၊ အိပ်ခြင်းကြောင့် ဖြစ်သော ချမ်းသာကိုလည်းကောင်း။
အနုယုတ္တေ၊ အထပ်ထပ် အားထုတ်ကြကုန်လျက်။
ဝိဟရန္တေ၊ နေကြသည်တို့ကို။
အဟံ၊ သည်။
ပဿာမိ၊ ၏။ပ။
မိဒ္ဓသုခံ၊ ကိုလည်းကောင်း။
အနုယုတ္တေ၊ ကုန်လျက်။
ဝိဟရန္တေ၊ ၏။
ဣတိ၊ ဤသို့ သံဝေဂပွား စဉ်းစားမိခြင်းသည်။
(ဟောတိ)။
နာဂိတ၊ တ။
ဣဓ၊ ဤသာသနာတော်၌။
ဂါမန္တဝိဟာရိံ၊ ရွာအနီးကျောင်း၌ နေလေ့ရှိသော။
ဘိက္ခုံ၊ ရဟန်းကို။
သမာဟိတံ၊ သမာဓိဖြင့် အာရုံ၌ စိတ်ကို ကောင်းမွန်စွာထားလျက်။ [သမာဓိနာ အာရမ္မဏေ စိတ္တံ သမ္မာ အာဒဟတိ ဌပေတီတိ သမာဟိတော ဘိက္ခု]
ဝါ၊ သမာဓိသို့ ဆိုက်ရောက်ဝင်စားလျက်။
နိသိန္နံ၊ ထိုင်နေသည်ကို။
အဟံ၊ သည်။
ပဿာမိ၊ မြင်တော်မူ၏။
နာဂိတ၊ တ။
တဿ မယှံ၊ မှာ။
ဧဝံ၊ ဤသို့ ထိုရဟန်းရှေ့ရေး မျှော်တွေးစဉ်းစားမိခြင်းသည်။
ဟောတိ၊ ၏။ (ကိန္တိ ဟောတိ)
ဣဒါနိ၊ ယခုအခါ၌။
ဣမံ အာယသ္မန္တံ၊ ဤအရှင်ရဟန်းကို။
အာရာမိကောဝါ၊ အာရာမ်စောင့်သည်သော်လည်းကောင်း။
သမဏုဒ္ဒေသောဝါ၊ သာမဏေသည်သော်လည်းကောင်း။
ဥပဋ္ဌဟိဿတိ၊ ချဉ်းကပ် တည်နေလတ္တံ့။
(ဥပဋ္ဌဟန္တော၊ ချဉ်းကပ်တည်နေလျက်)
တံ၊ ထိုရွာအနီး ကျောင်းနေ ရဟန်းကို။
တမှာ သမာဓိမှာ၊ ထိုသမာဓိမှ။
စာဝေဿတိ၊ ရွေ့လျောစေလတ္တံ့။
ဣတိ၊ ဤသို့ ရှေ့ရေးမျှော်တွေး စဉ်းစားမိခြင်းသည်။
(ဟောတိ၊ ၏)။
နာဂိတ၊ တ။
တေန၊ ထို့ကြောင့်။ (ထိုသို့ သမာဓိမှ ရွေ့လျောစေလိမ့်မည့် အရေးကို မျှော်တွေးစဉ်းစားမိခြင်းကြောင့်။
ဝါ၊ ထိုသို့ အာရာမ်စောင့်နှင့် သာမဏေတို့က သမာဓိပျက်အောင် နှောင်ယှက်ကြလိမ့်မည်ဖြစ်ခြင်းကြောင့်)
အဟံ၊ ငါသည်။
တဿ ဘိက္ခုနော၊ ထိုရဟန်း၏။ (ထိုသို့ သမာဓိသို့ ဆိုက်ရောက်ဝင်စားနေသော ရဟန်း၏)
ဂါမန္တဝိဟာရေန၊ ရွာအနီးကျောင်း၌ နေခြင်းကြောင့်။
န အတ္တမနော၊ မိမိ၏ ပင်ကိုမနော နှစ်သက်သော စိတ်မရှိသည်။
ဝါ၊ စိုးရိမ်စိတ်နှော သဘောမကျသည်။
ဟောမိ၊ ဖြစ်ရ၏။
နာဂိတ၊ တ။
ပန၊ ထိုမှတပါး။
ဣဓ၊ ဤသာသနာတော်၌။
အာရညိကံ၊ တော၌နေလေ့ရှိသော။
အရညေ၊ တော၌။
ပစလာယမာနံ၊ အိပ်ချင်ငိုက်မျဉ်းလျက်။ (သမာဓိကိုမဝင်စားဘဲ အိပ်ငိုက်လျက်)
[အက္ခိဒလာဒီနံ ပစလံ ကရောတီတိ ပစလာယမာနော၊ မျက်လွှာစသည်တို့ကို တလှုပ်လှုပ် ပုတ်ခတ်မှုပြုနေသော (အိပ်ငိုက်နေသော) ရဟန်း]
နိသိန္နံ၊ ထိုင်နေသော။
ဘိက္ခုံ၊ ရဟန်းကို။
အဟံ၊ သည်။
ပဿာမိ၊ ၏။
နာဂိတ၊ တ။
တဿ မယှံ၊ မှာ။
ဧဝံ၊ ဤသို့ ရှေ့ရေးမျှော်တွေးစဉ်းစားမိခြင်းသည်။
ဟောတိ (ကိန္တိ ဟောတိ)။
ဣဒါနိ၊ ယခုအခါ၌။
အယံ အာယသ္မာ၊ ဤတောနေအရှင်သည်။
ဣမံ နိဒ္ဒါကိလမထံ၊ ဤငိုက်မျဉ်းအိပ်ချင် မရွှင်မလန်း ပင်ပန်းထိုင်းမှိုင်းမှုကို။
ပဋိဝိနောဒေတွာ၊ ပယ်ဖျောက်၍။
[နိဒ္ဒါ၊ အိပ်ချင်ငိုက်မျဉ်းခြင်းဟူသော+
ကိလမထ၊ မရွှင်မလန်း ပင်ပန်းထိုင်းမှိုင်းခြင်း။
(တနည်း) နိဒ္ဒါ၊ အိပ်ချင်ငိုက်မျဉ်းကြောင်း ထိနမိဒ္ဓတည်းဟူသော+
ကိလမထ၊ မရွှင်မလန်း ပင်ပန်းထိုင်းမှိုင်းကြောင်းတရား]
ဧကတ္တံ၊ တခုတည်းသော သဘောရှိသော။ (လောဘ, ဒေါသ၊စသည်မနှော၊ တသဘောတည်းသာရှိသော)
အရညသညံယေဝ၊ တောဟူ၍ဖြစ်သော အမှတ်သညာကိုသာလျှင်။
မနသိ၊ စိတ်နှလုံး၌။
ကရိဿတိ၊ သွင်းပိုက်ထားလတ္တံ့။
ဝါ၊ ဖြစ်ပေါ်စေလတ္တံ့။
ဣတိ၊ ဤသို့ရှေ့ရေး မျှော်တွေးစဉ်းစားမိခြင်းသည်။
ဟောတိ၊ ၏။
နာဂိတ၊ တ။
တေန၊ ထို့ကြောင့်။ (ထိုသို့ စဉ်းစားမိခြင်းကြောင့်။
ဝါ၊ ထိုသို့ အရညသညာကိုသာလျှင် စိတ်နှလုံး၌ သွင်းပိုက်ထားလိမ့်မည် ဖြစ်ခြင်းကြောင့်)။
အဟံ၊ ငါသည်။
တဿ ဘိက္ခုနော၊ ထိုအိပ်ငိုက်နေသော ရဟန်း၏။
အရညဝိဟာရေန၊ တော၌ နေခြင်းကြောင့်။
အတ္တမနော၊ မိမိ၏ ပင်ကိုမနော နှစ်သက်သောစိတ်ရှိသည်။
ဝါ၊ စိုးရိမ်မနှော စိတ်သဘောကျသည်။
ဟောမိ၊ ဖြစ်၏။
နာဂိတ၊ တ။
ပန၊ ထိုမှတပါး။
ဝါ၊ နောင်ထပ်ရဟန်းတပါးကား။
ဣဓ၊ ၌။
အာရညိကံ၊ သော။
အရညေ၊ ၌။
အသမာဟိတံ၊ သမာဓိဖြင့် အာရုံ၌ စိတ်ကို ကောင်းမွန်တည်ငြိမ်စွာ မထားဘဲ။
ဝါ၊ သမာဓိကို မဝင်စားဘဲ။
နိသိန္နံ၊ ထိုင်နေသော။
ဘိက္ခုံ၊ ကို။
အဟံ၊ သည်။
ပဿာမိ၊ ၏။ပ။
ဣဒါနိ၊ ၌။
အယံ အာယသ္မာ၊ သည်။
အသမာဟိတံ၊ သမာဓိဖြင့် အာရုံ၌ ကောင်းမွန်တည်ငြိမ်စွာ မထားအပ်သော။ [သမာဓိနော အာရမ္မဏေ သမ္မာ အာဓိယတေ ဌပီယတေတိ သမာဟိတံ၊ န သမာဟိတံ အသမာဟိတံ စိတ္တံ]
စိတ္တံ ဝါ၊ စိတ်ကိုလည်း။
သမာဒဟိဿတိ၊ အာရုံ၌ ကောင်းမွန်တည်ငြိမ်စွားထားလတ္တံ့။
သမာဟိတံ၊ သမာဓိဖြင့် အာရုံ၌ ကောင်းမွန်တည်ငြိမ်စွာ ထားအပ်ပြီးသော။
စိတ္တံ ဝါ၊ စိတ်ကိုလည်း။
အနုရက္ခိဿတိ၊ အစဉ်မပြတ်စောင့်ရှောက်လတ္တံ့။
ဣတိ၊ ဤသို့ မျှော်တွေးစဉ်းစားမိခြင်းသည်။
(ဟောတိ)
နာဂိတ၊ တ။
တေန၊ ထို့ကြောင့်။ (ထိုသို့ မျှော်တွေးစဉ်းစားမိခြင်းကြောင့်။
ဝါ၊ ထိုသို့ အသမာဟိတစိတ်ကို အာရုံ၌ တည်ငြိမ်စွားထားမှု, သမာဟိတစိတ်ကို အစဉ်မပြတ် စောင့်ရှောက်မှု ပြုလိမ့်မည် ဖြစ်ခြင်းကြောင့်)
အဟံ၊ သည်။
တဿ ဘိက္ခုနော၊ ၏။ပ။
ဟောမိ၊ ၏။
နာဂိတ၊ တ။
ပန၊ ပါး။
ဝါ၊ ကား။
ဣဓ၊ ၌။
အာရညိကံ၊ သော။
ဘိက္ခုံ၊ ကို။
အရညေ၊ တော၌။
သမာဟိတံ၊ သမာဓိဖြင့် အာရုံ၌ စိတ်ကို ကောင်းမွန်တည်ငြိမ်စွာ ထားလျက်။
ဝါ၊ သမာဓိသို့ ဆိုက်ရောက်ဝင်စားလျက်။
နိသိန္နံ၊ ထိုင်နေသည်ကို။
အဟံ၊ သည်။
ပဿာမိ၊ ၏။ပ။
ဣဒါနိ၊ ၌။
အယံ အာယသ္မာ၊ ဤအရှင်သည်။
အဝိမုတ္တံ၊ ကိလေသာတို့မှ မလွတ်မြောက်သေးသော။
စိတ္တံ ဝါ၊ ကိုလည်း။
ဝိမောစေဿတိ၊ လွတ်မြောက်စေလတ္တံ့။ (တဒင်္ဂဝိမုတ္တိစသော ငါးမျိုးသော ဝိမုတ္တိတို့ဖြင့် ကိလေသာတို့မှ လွတ်မြောက်စေလတ္တံ့)
ဝိမုတ္တံ၊ ကိလေသာတို့မှ လွတ်မြောက်ပြိးသော။
စိတ္တံ ဝါ၊ လည်း။
အနုရက္ခိဿတိ၊ တ္တံ့။
ဣတိ၊ သည်။ (ဟောတိ)
နာဂိတ၊ တ။
တေန၊ ထို့ကြောင့်။ (ထိုသို့စဉ်းစားမိခြင်းကြောင့်။
ဝါ၊ ထိုသို့ ကိလေသာတို့မှ မလွတ်မြောက်သေးသောစိတ်ကို လွတ်မြောက်စေမှု, လွတ်မြောက်ပြီးသော စိတ်ကို အစဉ်စောင့်ရှောက်မှု ပြုလိမ့်မည် ဖြစ်ခြင်းကြောင့်)။ပ။
နာဂိတ၊ တ။
ပန၊ ကား။
ဣဓ၊ ၌။
ဂါမန္တဝိဟာရိံ၊ ရွာအနီးကျောင်း၌ နေလေ့ရှိ၍။
စီဝရ....က္ခာရာနံ၊ သင်္ကန်း, ဆွမ်း, အိပ်ရာနေရာကျောင်း, လူမမာ၏ ရောဂါအတွက် ဆန့်ကျင်ဘက်ဖြစ်၍ အသက်၏ အကာအကွယ်နှင့် အကြောင်း အဆောက်အဦးဖြစ်သော ဆေးတို့ကို။
လာဘိံ၊ ရခြင်းရှိသော။
ဘိက္ခုံ၊ ကို။
အဟံ၊ ငါသည်။
ပဿာမိ၊ ၏။
သော၊ ထိုရွာအနီးကျောင်းနေရဟန်းသည်။
တံ လာဘ+သက္ကာရ+သိလောကံ၊ ထိုရိုးရိုးပစ္စည်းလာဘ်+ အထူးကောင်းစွာ စီမံပြုလုပ်အပ်သော ပစ္စည်းလာဘ်+ချီးမွမ်း အံ့ဩကျော်စောမှုကို၊
နိကာမယမာနော၊ လိုလားတောင့်တသည်။
(ဟုတွာ၊ ဖြစ်၍)
ပဋိသလ္လာနံ၊ ကမ္မဋ္ဌာန်းဖြင့် တပါးတည်း ကိန်းအောင်းနေထိုင်ခြင်းအကျင့်ကို။
ရိဉ္စတိ၊ ကြဉ်ဖယ်၏။
အရညဝနပတ္ထာနိ၊ အရညကင်ဓုတင်ဖြစ်မြောက်, တောဆိုလောက်၍ လူသူအရောက်နည်းသော တောကျောင်းဖြစ်ကုန်သော။
ပန္တာနိ၊ အလွန်ဝေးကွာခြင်း, အစွန်အဖျားဖြစ်ကုန်သော။
သေနာသနာနိ၊ အိပ်ရာနေရာကျောင်းတို့ကို။
ရိဉ္စတိ၊ စွန့်ခွာ ရှောင်ရှား၏။
ဂါမနိဂမရာဇဓါနိံ၊ ရွာ, နိဂုံး၊ မင်းနေပြည်သို့။
ဩသရိတွာ၊ ချဉ်းကပ်သက်ရောက်၍။
ဝါသံ၊ နေထိုင်ခြင်းကို။
ကပ္ပေတိ၊ ပြု၏။
နာဂိတ၊ တ။
တေန၊ ထို့ကြောင့်။ (ထိုသို့ ပဋိသလ္လာနနှင့် တောကျောင်းတို့ကို စွန့်ခွာ၍ ရွာနိဂုံး မင်းနေပြည်တော်တို့သို့ သွားရောက်နေထိုင်ခြင်းကြောင့်)
အဟံ၊ ငါသည်။
တဿ ဘိက္ခုနော၊ ထိုရဟန်း၏။
ဂါမန္တဝိဟာရေန၊ ရွာအနီး၌ နေခြင်းကြောင့်။
န အတ္တမနော၊ သည်။
ဟောမိ၊ ၏။
နာဂိတ၊ တ။
ပန၊ ကား။
ဣဓ၊ ၌။
အာရညိကံ၊ တော၌နေလေ့ရှိသော။
ဘိက္ခုံ၊ ကို။
စီဝရ....က္ခာရာနံ၊ တို့သို့။
လာဘိံ၊ ရခြင်းရှိသည်ကို။
အဟံ၊ သည်။
ပဿာမိ၊ ၏။
သော၊ ထိုတောနေရဟန်းသည်။
တံ လာဘသက္ကာရ သိလောကံ၊ ကို။
ပဋိပဏာမေတွာ၊ ပယ်စွန့်၍။
ပဋိသလ္လာနံ၊ ကို။
နရိဉ္စတိ၊ မကြဉ်ဖယ်။ပ။
နာဂိတ၊ တ။
တေန၊ ထို့ကြောင့်။ (ထိုသို့ လာဘသက္ကာရ သိလောကကိုသာ ပယ်စွန့်၍ ပဋိသလ္လာနနှင့် တောကျောင်းတို့ကို မစွန့်ခွာခြင်းကြောင့်)။ပ။
နာဂိတ၊ နာဂိတ။
ယသ္မိံ သမယေ၊ အကြင်အခါ၌။
အဟံ၊ ငါသည်။
အဒ္ဓါန မဂ္ဂပ္ပဋိပန္နော၊ အဓွန့်ရှည်လျားသော ခရီးကိုသွားသည်။
(သမာနော၊ ဖြစ်လသော်)။
ပုရတော ဝါ၊ ငါ၏ ရှေ့၌လည်းကောင်း။
ပစ္ဆတော ဝါ၊ ငါ၏နောက်၌လည်းကောင်း။
ကဉ္စိ၊ ပုဂ္ဂိုလ်တဦးတယောက်ကျုမျှ။
န ပဿာမိ၊ မမြင်ရ။
နာဂိတ၊ တ။
တသ္မိံ သမယေ၊ ပုဂ္ဂိုလ်တဦးကိုမျှ မမြင်ရရာ ထိုအခါ၌။
မေ၊ ငါ့မှာ။
ဖာသု၊ ချမ်းသာခြင်းသည်။
ဟောတိ၊ ဖြစ်၏။
အန္တမသော၊ ယုတ်စွာ့အဆုံးအားဖြင့်။
ဥစ္စာရပဿာဝကမ္မာယ၊ ကျင်ကြီး,ကျင်ငယ်စွန့်ခြင်းအမှုကိစ္စ အကျိုးငှာသော်မှပင်။
(ဖာသု၊ သည်။
ဟောတိ၊ ၏)
ဣတိ၊ ဤသို့။
(အဝေါစ၊ မိန့်တော်မူပြီ)။
ဆဋ္ဌံ။