Issues
Chọn phiên bản
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Aṭṭhakanipātapāḷi
Aṭṭhakanipātapāḷi

(11). Rāgapeyyālaṃ

Tác giả: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ တို့။ ရာဂဿ၊ ရာဂကို။ အဘိညာယ၊ ထူးသောဉာဏ်ဖြင့် သိခြင်းငှာ။ အဋ္ဌ၊ ရှစ်ပါးကုန်သော။ ဓမ္မာ၊ တရားတို့ကို။ ဘာဝေတဗ္ဗာ၊ ဖြစ်ပွားစေထိုက်ကုန်၏။
ကတမေ၊ အဘယ်မည်ကုန်သော။ အဋ္ဌ၊ ရှစ်ပါးကုန်သော။ ဓမ္မာ၊ တို့ကို။ ဘာဝေတဗ္ဗာ၊ ဖြစ်ပွားစေထိုက်ကုန်သနည်းဟူမူ။
သမ္မာဒိဋ္ဌိ၊ မှန်ကန်သော ဉာဏ်အမြင်ကိုလည်းကောင်း။ သမ္မာသင်္ကပ္ပေါ၊ မှန်ကန်သော အကြံအစည်ကို လည်းကောင်း။ သမ္မာဝါစာ၊ မှန်ကန်စွာပြောဆိုကြောင်း သဘောတရားကိုလည်းကောင်း။ သမ္မာကမ္မန္တော၊ မှန်ကန်စွာပြုလုပ်ကြောင်း သဘောတရားကိုလည်းကောင်း။ သမ္မာအာဇီဝေါ၊ မှန်ကန်စွာ အသက်မွေးကြောင်း ဘဘောတရားကိုလည်းကောင်း။ သမ္မာဝါယာမော၊ မှန်ကန်စွာ အားထုတ်တတ်သော ဝီရိယကိုလည်းကောင်း။ သမ္မာသတိ၊ မှန်ကန်စွာ အောက်မေ့အမှတ်ရခြင်း သဘောကိုလည်းကောင်း။ သမ္မာသမာဓိ၊ မှန်ကန်စွာစိတ်ကို အာရုံ၌ တည်တံ့အောင် ထားတတ်သော သဘောတရားကို လည်းကောင်း။ (ဘာဝေတဗ္ဗာ၊ ဖြစ်ပွားစေထိုက်ကုန်၏)။ ဘိက္ခဝေ၊ တို့။ ရာဂဿ၊ ကို။ အဘိညာယ၊ ငှာ။ အဋ္ဌ၊ ကုန်သော။ ဣမေ ဓမ္မာ၊ ဤတရားတို့ကို။ ဘာဝေတဗ္ဗာ၊ ကုန်၏။ ဣတိ(အဝေါစ)။ [ထို့နောက် စာပိုဒ် (၁၁၈၊ ၁၁၉) သုတ်တို့ကို စာပိုဒ်(၆၅) အဘိဘာယ တနသုတ်နှင့် စာပိုဒ် (၆၆) ဝိမောက္ခသုတ်တို့အတိုင်း အနက်ဆို၊ စာပိုဒ်(၁၂၀-၁၄၆) သုတ်တို့ကို သတ္တကနိပါတ်အဆုံးမှ ရာဂပေယျာလကို ကြည့်၍ အနက်ဆိုလေ။]
အဋ္ဌကနိပါတပါဠိ၊ အဋ္ဌကနိပါတ်ပါဠိတော်သည်။ ဝါ၊ တရားရှစ်မျိုး ရှစ်မျိုးတို့၏ အပေါင်းအစုကို ထည့်သွင်းဖော်ပြရာ အပိုင်းပါဠိတော်သည်။ နိဋ္ဌိတာ၊ ပြီးဆုံးခြင်းသို့ ရောက်ပြီ။