Issues
Chọn phiên bản
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Dasakanipātapāḷi
Dasakanipātapāḷi

6. Kāḷīsuttaṃ

Tác giả: sāsanāre-သာသနာရေး @ IAPT

ဧကံ၊ တပါးသော။ သမယံ၊ အခါ၌။ အာယသ္မာ မဟာကစ္စာနော၊ အရှင်မဟာကစ္စာနသည်။ အဝန္တီသု၊ အဝန္တိတိုင်းနိုင်ငံ၌။ [ဇနပဒဝါစီ ဖြစ်သောကြောင့် ဧကဝုစ်အနက်ပြန်ဆိုရသည်။] ကုရရဃရေ၊ ကုရရဃရမည်သော မြို့အနီး၌။ ပဝတ္တေ၊ ပဝတ္တမည်သော။ ပဗ္ဗတေ၊ တောင်၌။ ဝိဟရတိ၊ သီတင်းသုံးနေတော်မူ၏။
အထ ခေါ၊ ၌။ ကုရရဃရိကာ၊ ကုရရဃရမြို့နေသူဖြစ်သော။ ကာဠီ၊ ကာဠီမည်သော။ ဥပါသိကာ၊ သီတင်းသည် ဒါယိကာမသည်။ (ရတနာသုံးရပ်ကို ဆည်းကပ်သော သီတင်းသည် ဒါယိကာမသည်။) ယေန၊ အကြင်အရပ်၌။ အာယသ္မာ မဟာကစ္စာနော၊ သည်။ (အတ္ထိ၊ ရှိတော်မူ၏။) ။ပ။၊
အာယသ္မန္တံ မဟာကစ္စာနံ၊ အရှင်မဟာကစ္စာနကို။ ။ပ။၊ [စာပိုဒ် (၁) ကိမတ္ထိယသုတ်လည်းကြည့်။]
ဘန္တေ၊ အရှင်ဘုရား။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ကုမာရိပဉှေသု၊ မာရ်နတ်သ္မီးတို့၏ အမေးပုစ္ဆာတို့၌။
"အတ္ထဿ ပတ္ထိံ ။ပ။ ကေနစိ မေတိ၊ အတ္တဿ ပတ္တိံ ။ပ။ ကေနစိ မေ" ဟူသော။ ဣဒံ၊ ဤအဖြေစကားတော်ကို။ ဝုတ္တံ၊ မိန့်ကြားတော်မူအပ်ပြီ။ [သဂါထာဝဂ္ဂသံယုတ်ပါဠိတော်၊ မာရသံယုတ်၊ တတိယဝဂ်, မာရဓိတုသုတ် (၁၂ရ) ၌ မိန့်ကြားတော်မူအပ်ပြီ။] ဂါထာအနက်ကား- အဟံ၊ ငါသည်။ ပိယသာတရူပံ၊ ပိယရုပ်, သာတရုပ်မည်သော။ (ချစ်ဖွယ်သာယာဖွယ် အာရုံအကြောင်း ဝတ္ထုတို့၌ အာရုံပြုလျက် ဖြစ်တတ်သည်အဖြစ်ကြောင့် ပိယရုပ် သာတရုပ်မည်သော။) သေနံ၊ ကိလေသာရန်,မာရ်စစ်သည်ကို။သေနံ ဝိယသာတရူပံ ။ ။ "သေနန္တိ ရာဂါဒိကိလေသသေနံ" ဟု အဋ္ဌကထာဖွင့်၏၊ ထိုအဖွင့်အတိုင်း ရာဂအစရှိသော ကလေသာတို့ကို "သေနာ- စစ်သည်" ဟု ခေါ်ဆိုရမည်ဖြစ်၏၊ ထို့နောက်" ပိယသာတရူပန္တိ ပိယာဇာတိကေသု စ သာတဇာတိကေသု စ ဝတ္ထူသု ဥပ္ပဇ္ဇနတော ဧဝံ လဒ္ဓနာမံ" ဟု ဖွင့်၏၊ ချစ်ဖွယ်သာယာဖွယ်သဘောရှိသော လောကီရုပ်နာမ်ခန္ဓာဟူသော အာရုံအကြောင်းဝတ္ထုတို့ကို ပိယရူပ, သာတရု (ပိယရုပ်, သာတရုပ်) ဟု ခေါ်၏၊ (သစ္စဝိဘင်းပါဠိတော်၊ ၁၀၆၊ ၁၀၇) သို့သော်ဤနေရာ၌မူ ပိယာသာတရူပံပုဒ်သည် သေနံပုဒ်၏ ဝိသေသနဖြစ်သော ကြောင့် ထိုပီယရုပ် သာတရုပ်ဟူသော အာရုံအကြောင်းဝတ္ထုတို့၌ အာရုံ ပြုလျက်ဖြစ်ပွားနေသော ရာဂအစရှိသော ကိလေသာစစ်သည်ကို ကာရဏူပစာရအားဖြင့် ပိယာသာတရူပခေါ်သည်ဟု ထိုအဋ္ဌထကာအဖွင့်အရ သိသာပါ၏။
ဋီကာအဖွင့် ။ ။ မဟာနိဒ္ဒေသပါဠိတော် (၇၃) သုတ္တနိပါတ်ပါဠိတော် (၃၄၂) တို့၌ "ကာ မာ တေ ပဌမာ သေနာ၊ ဒုတိယာ အရတိ ဝုစ္စတိ" စသည်ဖြင့် မာရ်စစ်သည်ဆယ်မျိုးဟောတော်မူ၏၊ ထိုဆယ်မျိုးတို့တွင် ဝတ္ထုကိလေသာနှစ်ဖြာသော ကာမသည် ပဌမစစ်သည်မည်၏၊ ပြခဲ့သော မာရဓိတုသုတ် သံယုတ်ဋီကာ (၂၂၀) ၌ "ကိလေသသေနန္တိ ကာမဂုဏ သင်္ခါတံ ပဌမံ ကိလေသသေနံ (ကာမဂုဏ်ဟု ဆိုအပ်သော ရှေးဦးစွာသော ကိလေသာစစ်သည်) " ဟု ဖွင့်ဆိုထားသည်မှာ ထိုမာရ်စစ်သည် ဆယ်ပါးထဲက ရှေးဦးအစ ကာမစစ်သည်ကို ဆိုလိုသည်မှာ ယူဆ၏၊ သို့သော် ကာမဂုဏ်ကို ကိလေသသေနာ (ကိလေသာစစ်သည်) ဟု ဖွင့်ဆိုထားခြင်းကြောင့် ထိုအဖွင့်သည် "ရာဂါဒိကိလေသသေနံ" ဟူ၍ "ရာဂါဒိ" ဟူသော ဝိသေသနပုဒ်ပါသော ဤသုတ်အင်္ဂုတ္တိုရ်အဋ္ဌကထာအဖွင့်နှင့်မတူထူးခြားကွဲပြားသော အဖွင့်ဟု ဆိုရမည်ကဲ့သို့ ဖြစ်နေ၏။
သို့သော် ဆက်လက်၍ စဉ်းစားဖွယ်ရှိသည်ကား- ထိိုဋီကာ၌ "ကိလေသသေနာ- ကိလေသာတည်းဟူသော စစ်သည်" ဟူ၍ ကမ္မဓာရယသမာသ်အနက်သာဖြစ်နိုင်၍ "ကိလေသာ၏ စစ်သည်" ဟူ၍ ဆဋ္ဌီတပ္ပုရိသ် သမာသ်အနက် မဖြစ်နိုင်၊ အကယ်၍ ဆဋ္ဌီတပ္ပုရိသ်သမာသ်အနက်ယူလိုက်လျှင် "ကိလေသာ၏ စစ်သည်ဖြစ်သော ကာမဂုဏ်" ဟူ၍ အနက် အဓိပ္ပါယ်သက်ရောက်နေသောကြောင့် ရူပါရုံအစရှိသော ကာမဂုဏ်ကို ကလေသာ၏ စစ်သည်ဟု ခေါ်ဆိုရပေတော့မည်၊ ယင်းကဲ့သို့ မဆိုသင့်သော ကြောင့် ဆဋ္ဌီတပ္ပုရိသ်သမာသ်အနက်မဖြစ်နိုင်ဟု ဆိုလိုပါသည်။ ထိုကြောင့် ရူပါရုံအစရှိသော ကာမဂုဏ်ကို "ကိလေသသေနာ- ကိလေသာတည်း ဟူသော စစ်သည်" ဟု ဖွင့်ဆိုထားသော ထိုသံယုတ်ဋီကာစကားကို ကာရဏူပ စာရဟုကြံရပေလိမ့်မည်၊ အာရုံအကြောင်းဖြစ်သော ရူပါရုံစသည်တို့၏ ကာမဂုဏ်ဟူသော နာမည်ကို အာရမ္မဏိက အကျုံးဖြစ်သော ကိလေသသေနာ၌ တင်စား၍ ဆိုအပ်သော ကရဏူပစာရစကားဟု ဆိုလိုပါသည်။
ယင်းသို့ ကာရဏူပစာရကြံလျှင် ထိုသံယုတ်ဋီကာအဖွင့်သည် ဤသုတ်အင်္ဂုတ္တိုရ်အဋ္ဌကထာအဖွင့်နှင့် ဆိုလိုရင်းအဓိပ္ပါယ်တူသည်ဟု ဆိုနိုင်ပါ၏၊ ဤသုတ် အင်္ဂုတ္တိုရ်ဋီကာသည် ဤသုတ်အဋ္ဌကထာကိုဖွင့်သည် မဟုတ်ဘဲ သံယုတ်ဋီကာအဖွင့်ဝါကျများကို ယူပြထား၏။ သို့သော် ထိုဋီကာအဖွင့်သည် ဤသုတ်အဋ္ဌကထာမှ အလွတ်သီးခြား တနည်းအဖွင့်ဟု ဆိုရန် မဖြစ်နိုင်သောကြောင့် ထိုဋီကာအဖွင့်များကို အင်္ဂုတ္တိုရ်အဋ္ဌကထာအဖွင့်နှင့် ထပ်တူ ညီမျှဖြစ်အောင် သင့်လျော်သလို ကြံစည်ရခြင်းဖြစ်၏၊ ဆက်လက်၍ ကြံစည်သင့်ပါသေးသည်။
ဇေတွာန၊ အောင်မြင်ပြီး၍။ ဧကော၊ အဖော်မမှီး တဦးတည်းသာလျှင်။ (အခြွေအရံ သတ္တဝါ, ကိလေသာဟု၊ နှစ်ဖြာတူပျော်၊အဖော်မမှီးတဦးတည်းသာလျှင်။) ဈာယံ (ဈာယန္တော)၊ လက္ခဏာသုံးပါး, ကြံရှုပွားသည်။ (ဟုတွာ၊ ဖြစ်၍။) အတ္တဿ၊ အကျိုးစီးပွား၏။ ပတ္တိံ၊ ဆိုက်ရောက်လာခြင်းသဘောဖြစ်သော။ ဟဒယဿ၊ စိတ်နှလုံး၏။ သန္တိံ၊ လွန်မြတ်သော ငြိမ်းအေးခြင်းသဘောလည်းဖြစ်သော။ သုခံ၊ အရဟတ္တဖိုလ်ချမ်းသာကို။ အနုဗောဓိံ၊ (မဂ်လေးပါးယာဉ်, ဆက်ကာစဉ်သဖြင့်) သိမြင်ထွင်းဖောက် မျက်မှောက်ပြုတော်မူပြီ။ တသ္မာ၊ ထို့ကြောင့်။ (ထိုသို့ အရဟတ္တဖိုလ်ချမ်းသာဟူသော ဝိဝေကသုခကို သိမြင်ရရောက် မျက်မှောက်ပြုတော်မူသည်အဖြစ်ကြောင့်။) အဟံ၊ ငါသည်။ ဇနေန၊ သတ္တဝါတဦးတယောက်နှင့်မျှ။ (သဒ္ဓိံ၊ အတူတကွ။) သခိံ၊ မိတ်ဆွေ၏ အဖြစ်ကို။ သက္ခိံ, သဓိံဟူသော ပါဌ်နှစ်မျိုး ။ ။ စာအုပ်များ၌ ပဌမဒုတိယအက္ခရာနှစ်လုံးဆင့်လျက် "သက္ခိံ" ဟု သသံယောဂပါဌ်ရှိနေ၏၊ သဂါထာဝဂ္ဂသံသုတ်အဋ္ဌကထာ၌ သက္ခိန္တိ မိတ္တဘာဝံ (သတ္တဝဿာနုဗန္ဓသုတ်၊ ၁၇၀) မိတ္တသန္ထဝံ (မာရဓိတုသုတ်၊ ၁၇၂) ဟု ဖွင့်၏၊ သက္ခိံ ဟူသော သသံယောဂပါဌ်သည် ထိုအဖွင့်များနှင့် လိုက်လျောမှုမရှိပါ၊ ပါဠိတော် စာအုပ်အောက်ခြေ၌ "သခိံ" ဟု သုံယုတ်မဲ့ပါဌ်ပြထား၏၊ ရှေးနိဿယ၌လည်း ထိုသုတ်ယုတ်မဲ့ပါဌ်သာရှိ၏၊ ဝိသုဒ္ဓါရုံစည်ရှင် ပိဋကအဘိဓာန်၌လည်း သက္ခိံ ဟူသော သံယောဂပါဌ်ကို ပါဌ်ပျက်သည်ဟု မိန့်ဆို၏၊ ထို့ကြောင့် မိတ်ဆွေမနက်ဟော "သခိ" ဟူသော ဣရဿပါဌ်ကို အတည်းပြုပြီးလျှင မိတ္တဘာဝံ- ဟူသော အဖွင့်အတိုင်း သခိပုဒ်ကို ဘာဝပ္ပဓာန (သို့မဟုတ်) ဘာဝလောပကြံရမည်ဖြစ်၏ ဝါ၊ မိတ်ဆွေနှီးရင်း ဆက်ဆံခြင်းကို။ နကရောမ်၊ မပြုလုပ်။ (တေနေဝ၊ ထိုသို့ မပြုလုပ်ခြင်းကြောင့်ပင်။) ကေနစိ၊ တစုံတယောက်နှင့်မျှ။ (သဒ္ဓိံ၊ အတူတကွ။) မေ၊ ငါဘုရာ၏။ သခီ၊ မိတ်ဆွေ၏ အဖြစ်သည်။ ဝါ၊ မိတ်ဆွေအရင်းပြု ဆက်ဆံမှုသည်။ န သမ္ပဇ္ဇတိ၊ မဖြစ်။
ဘန္တေ၊ အရှင်ဘုရား။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ သံခိတ္တေန၊ အကျဉ်းချုပ်အားဖြင့်။ ဘာသိတဿ၊ ဟောတော်မူအပ်သော။ ဣမဿ၊ ဤတရားစကားတော်၏။ ဝိတ္တာရေန၊ အကျယ်တဝင့်အားဖြင့်။ အတ္ထော၊ အနက်ဓိပ္ပါယ်ကို။ ကထံ၊ အဘယ်သို့။ ဒဋ္ဌဗ္ဗော၊ မှတ်သားရပါမည်နည်း။ ဣတိ၊ ဤသို့။ (အဝေါစ၊ မေးလျှောက်ပြီ။)
ဘဂိနိ၊ နှမ။ ဧကေ၊ အချို့ကုန်သော။ သာမဏဗြဟ္မဏာ၊ သမဏဗြာဟ္မဏမည်သူတို့သည်။ [အဘိနိဗ္ဗတ္တေသုံ- ၌စပ်။] ပထဝီသိဏသမာပတ္တိ၊ ပထဝီသိဏဈာန်သမာပတ်သည်။ ဝါ၊ ပထဝီကသိုဏ်းကို အာရုံပြု၍ ဝင်စားအပ်သော ဈာန်သည်။ ပရမာ၊ မြတ်သော။ [သမာပတ္တိပုဒ်နှင့် လိင်တူ "ပရမာ" ဟု ဣတ္ထိလိင်ဖြင့်ရှိသည်။] အတ္ထော၊ အကျိုုးစီးပွားတည်း။ ဣတိ၊ ဤသို့ မှတ်ယူကြပြီး၍။ (တံ၊ ထိုပထဝီကသိဏဈာန်သမာပတ်ကို)။ အဘိနိဗ္ဗတ္တေသုံ၊ ဖြစ်စေကြကုန်ပြီ။
ဘဂိနိ၊ နှမ။ ပထဝီသိဏသမာပတ္တိပရမတာ၊ ပထဝီကသိဏဈာန်သမာပတ်၏ မြတ်သော အပိုင်းအခြားသည်။ [တာ ပစ္စည်းအနက်မဲ့ကြံသည်။] ယဝတာ (ယတ္တကာ)၊ အကြင်မျှလောက် အတိုင်းအတာပမာဏရှိ၏။ တံ၊ ထိုမျှလောက် ပမာဏရှိသော အပိုင်းအခြားကို။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အဘိညာတိ၊ ထူးကဲသော ပညာဖြင့် သိတော်မူပြီ။
ဘဂဝါ၊ သည်။ တံ၊ ထိုမျှလောက်ပမာဏရှိသော အပိုင်းအခြားကို။ အဘိညာယ၊ ထူးကဲသော ပညာဖြင့် သိတော်မူ၍။ အဿာဒံ၊ (ထိုဈာန်သမာပတ်၌) သာယာတတ်သော တဏှာသမုဒယသစ္စာကို။ အဒ္ဒသ၊ မြင်တော်မူပြီ။ အာဒီနဝံ၊ (ထိုဈာန်သမာပတ်၏) ဒုက္ခသစ္စာဟူသော အပြစ်ကို။ အဒ္ဒသ၊ ပြီ။ နိဿရဏံ၊ (ထိုဒုက္ခသမုဒယမှ) ထွက်မြောက်သော နိရောဓသစ္စာကို။ အဒ္ဒသ၊ ပြီ။ မဂ္ဂါမဂ္ဂဉာဏဒဿနံ၊ (ထိုနိရောဓသစ္စာသို့ ရောက်ကြောင်း) လမ်းမှန်ဟုတ်သည်, လမ်းမှန်မဟုတ်သည်ကို သိမြင်သော မဂ္ဂသစ္စာကို။ အဒ္ဒသ၊ ပြီ။
တဿ၊ ထိုမြတ်စွာဘုရား၏။ [ဒဿနဟေတု တို့၌စပ်။] ဝါ၊ ထိုမြတ်စွာဘုရားသည်။ [ဝိဒိတာ- ၌စပ်။] အဿဒ ဒဿနဟေတု၊ သာယာတတ်သော သမုဒယသစ္စာကို မြင်ခြင်းဟူသော အကြောင်းကြောင့်။ အာဒီနဝဒဿနဟေတု၊ ဒုက္ခသစ္စာဟူသော အပြစ်ကို မြင်ခြင်းဟူသော အကြောင်းကြောင့်။ နိဿရဏဒဿနဟေတု၊ (ထိုဒုက္ခသမုဒယမှ) ထွက်မြောက်သော နိရောဓသစ္စာကို မြင်ခြင်းဟူသော အကြောင်းကြောင့်။ မဂ္ဂါမဂ္ဂဉာဏဒဿနဟေတု၊ (နိရောဓသစ္စာသို့ရောက်ကြောင်း) လမ်းမှန်ဟုတ်သည်, လမ်းမှန်မဟုတ်သည်ကိုသိသော မဂ္ဂသစ္စာကို မြင်ခြင်းဟူသော အကြောင်းကြောင့်။ အတ္ထဿ၊ အရဟတ္တဖိုလ်ဟူသော အကျိုးစီးပွား၏။ ပတ္တိ၊ ရခြင်းရောက်ခြင်းကို။ ဝါ၊ ခြင်းသည်။ ဟဒယဿ၊ စိတ်နှလုံး၏။ သန္တိ၊ ငြိမ်းအေးခြင်းကို။ ဝါ၊ သည်။ ဝိဒိတာ၊ ထင်ရှားစွာ သိမြင်တော်မူ အပ်ပြီးသည်။ ဟောတိ၊ ဖြစ်၏။
ဘဂိနိ၊ နှမ။ ဧကေ၊ အချို့ကုန်သော။ သမဏဗြာဟ္မဏာ၊ တို့သည်။ အာပေါကသိဏသမာပတ္တိ၊ အာပေါကသိဏဈာန်သမာပတ်သည်။ ဝါ၊ သည်။ ပရမာ၊ မြတ်သော။ အတ္ထော၊ အကျိုးစီးပွားတည်း။ ဣတိ၊ ဤသို့ မှတ်ယူကြပြီး၍။ (တံ၊ ထိုအာပေါကသိဏဈာန်သမာပတ်ကို) ။ အဘိနိဗ္ဗတ္တေသုံ၊ ဖြစ်စေကြကုန်ပြီ။ ။ပ။ ဝိဒိတာ၊ သည်။ ဟောတိ၊ ၏။ ဘဂိနိ၊ နှမ။ ဧကေ၊ ကုန်သော။ သမဏဗြဟ္မဏာ၊ တို့သည်။ တေဇောကသိဏသမာပတ္တိ၊ သည်။ ။ပ။ ဝိညာဏကသိသမာပတ္တိ၊ သည်။ ပရမာ၊ သော။ အတ္ထော၊ တည်း။ ဣတိ၊ ၍။ (တံ၊ ထိုဝိညာဏကသိဏဈာန်သမာပတ်ကို)။ အဘိနိဗ္ဗတ္တေသုံ၊ ကုန်ပြီ။ ။ပ။၊
ဝိဒိတာ၊ သည်။ ဟောတိ၊ ၏။
ဘဂိနိ၊ နှမ။ ဣတိ၊ ဤသို့။ ဘဂဝတာ၊ သည်။ ကုမာရိပဉှေသု၊ တို့၌။
"အတ္ထဿ ပတ္တိံ။ ပ။ ကေနစိမေတိ၊ အတ္ထဿ ပတ္တိံ ။ပ။ ကေနစိ မေ" ဟူသော။ ယံ တံ၊ အကြင်စကားတော်ကို။ ဝုတ္တံ၊ မိန့်ဆိုတော်မူအပ်ပြီ။
ဘဂိနိ၊ နှမ။ ဘဂဝတာ၊ သည်။ သံခိတ္တေန၊ ဖြင့်။ ဘာသိတဿ၊ သော။ ဣမဿ၊ ဤတရားစကား၏။ ဧဝံ၊ ဤငါမိန့်ဆိုအပ်ခဲ့သည့်အတိုင်း။ ဝိတ္ထာရေန၊ ဖြင့်။ အတ္ထော၊ အနက်အဓိပ္ပာယ်ကို။ (အဿာဒ, အာဒီနဝ, နိဿရဏ, မဂ္ဂါမဂ္ဂဉာဏဒဿန ဟူသော သစ္စာလေးပါးကို သိမြင်ခြင်းကြောင့် အရဟတ္တဖိုလ်ဟူသော အကျိုးစီးပွားသို့ ရောက်ခြင်း ဟူသော အနက်အဓိပ္ပါယ်ကို။) ဒဋ္ဌဗ္ဗော၊ မှတ်ထိုက်၏။ ဝါ၊ မှတ်ထားရမည်။ ဣတိ၊ ဤသို့။ (အဝေါစ၊ မိန့်ဆိုပြီ။)
ဆဋ္ဌံ၊