Issues
Chọn phiên bản
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Dasakanipātapāḷi
Dasakanipātapāḷi

9. Parikkamanasuttaṃ

Tác giả: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ တို့။ အယံ ဓမ္မော၊ ဤအကုသိုလ်ဒုစ္စရိတ်တရားဆယ်ပါးတည်း။ သပရိက္ကမနော၊ (မိမိသန္တာန်၌ မဖြစ်အောင်) ရှောင်ရှားနိုင်ခြင်းနှင့် တကွဖြစ်၏။ ဝါ၊ ရှောင်ရှားရန် ဖြစ်နိုင်၏။ အယံ ဓမ္မော၊ ဤအကုသိုလ်ဒုစ္စရိတ်တရားဆယ်ပါးသည်။ အပရိက္ကမနော၊ ရှောင်ရှားနိုင်ခြင်းမရှိသည်။ ဝါ၊ ရှောင်ရှားရန်မဖြစ်နိုင်သည်။ န (ဟောတိ)၊ မဟုတ်။
ဘိက္ခဝေ၊ တို့။ ကထဉ္စ၊ အဘယ်သို့ အဘယ်ပုံအားဖြင့်။ အယံ ဓမ္မော၊ သည်။ သပရိက္ကမနော၊ ရှောင်ရှားနိုင်ခြင်းနှင့် တကွဖြစ်သနည်း။ ဝါ၊ ရှောင်ရှားရန် ဖြစ်နိုင်သနည်း။ (ကထဉ္စ၊ အဘယ်သို့ အဘယ်ပုံအားဖြင့်)။ အယံ ဓမ္မော၊ သည်။ အပရိက္ကမနော၊ သည်။ ဝါ၊ သည်။ နဟောတိ၊ မဟုတ်သနည်းဟူမူ။
ဘိက္ခဝေ၊ တို့။ ပါဏာတိပါတိဿ၊ သတ္တဝါ, အသက်ကိုသတ်လေ့ရှိသူ၏။ ပါဏာတိပါတာ၊ သတ္တဝါ, အသက်ကိုသတ်မှု အကိိုသိုလ်စေတနာမှ။ ဝေရမဏီ၊ ရှောင်ကြဉ်မှု ကုသိုလ်သည်။ ပရိက္ကမနံ၊ ရှောင်ရှားခြင်းသဘောမည်သည်။ ဝါ၊ ရှောင်ရှာကြောင်းတရားမည်သည်။ ဟောတိ၊ ၏။
ဘိက္ခဝေ၊ တို့။ အဒိန္နာဒါယိဿ၊ ပိုင်ရှင်မပေးအပ်သော သူတပါးပစ္စည်းဥစ္စာကို ခိုးယူလုယက်သော သူ၏။ အဒိန္နာဒါနာ၊ ပိုင်ရှင်မပေးအပ်သော သူတပါးပစ္စည်းဥစ္စာကို ခိုးယူလုယက်မှု အကုသိုလ်စေတနာမှ။ ဝေရမဏီ၊ ရှောင်ကြဉ်မှု ကုသိုလ်သည်။ ပရိက္ကမနံ၊ ရှောင်ရှားခြင်းသဘောမည်သည်။ ဟောတိ၊ ၏။
ဘိက္ခဝေ၊ တို့။ ကာမေသုမိစ္ဆာစာရိဿ၊ မေထုန်ကာမတို့၌ ယုတ်မာစွာ ကျင့်သော သူ၏။ ကာမေသုမိစ္ဆာစာရာ၊ မေထုန်ကာမတို့၌ ယုတ်မာစွာ ကျင့်မှု အကိိုသိုလ်စေတနာမှ။ ။ပ။၊
မုသာဝါဒိဿ၊ မဟုတ်မမှန်သော စကားကို ပြောဆိုသော သူ၏။ မုသာဝါဒါ၊ မဟုတ်မမှန်သော စကားကို ပြောဆိုမှု အကိုသိုလ်စေတနာမှ။ ။ပ။၊
ဘိက္ခဝေ၊ တို့။ ပိသုဏဝါစဿ၊ ညီညွတ်နေသူတို့ကို စိတ်ဝမ်းကွဲပြားအောင် ပြုတတ်သော ကုန်းတိုက်စကားကို ပြောဆိုကြောင်း အကုသိုလ်စေတနာရှိသော သူ၏။ ပိသုဏာယ၊ ညီညွတ်နေသူတို့ကို စိတ်ဝမ်းကွဲပြားအောင် ပြုတတ်သော။ ဝါစာယ၊ ကုန်းတိုက်စကားမှ။ ဝါ၊ ကုန်းတိုက်စကား၏ အကြောင်းအရင်းအကုသိုလ်စေတနာမှ။ ။ပ။၊
ဘိက္ခဝေ၊ တို့။ ဖရုသဝါစဿ၊ ကြမ်းတမ်းသော စကားကို ပြောဆိုကြောင်း အကိုသိုလ်စေတနာရှိသူ၏။ ဖရုသာယ၊ ကြမ်းတမ်းသော။ ဝါစာယ၊ စကားမှ။ ဝါ၊ စကား၏ အကြောင်းအရင်းအကုသိုလ်စေတနာမှ။ ။ပ။၊
ဘိက္ခဝေ၊ တို့။ သမ္ဖပ္ပလာပိဿ၊ ပြိန်ဖျင်းသော စကားကို ပြောဆိုသော သူ၏။ သမ္ဖပ္ပလာဝါ၊ ပြိန်ဖျင်းသောစကားကို ပြောဆိုကြောင်းအကိုသိုလ်စေတနာမှ။ ။ပ။၊
အဘိဇ္ဈာလုဿ၊ များသော အဘိဇ္ဇာရှိသော သူ၏။ အနဘိဇ္ဈာ၊ အဘိဇ္ဈာဟူသော ဝိသမလောဘ၏ ဆန့်ကျင်ဘက်အလောဘသည်။ ။ပ။၊
ဗျာပန္နစိတ္တဿ၊ ဖောက်ပြန်ခြင်းသို့ ရောက်သော ဒေါသမူစိတ်ရှိသော သူ၏။ အဗျာပါဒေါ၊ ဒေါသ၏ ဆန့်ကျင်ဘက် အဒေါသတည်း။ ။ပ။၊
မိစ္ဆာဒိဋ္ဌိဿ၊ လွဲမှားသော အမြင်အယူရှိသော သူ၏။ သမ္မာဒိဋ္ဌိ၊ မှန်ကန်သော ဉာဏ်အမြင်သည်။ ပရိက္ကမနံ၊ ရှောင်ရှားခြင်းသဘောမည်သည်။ ဝါ၊ ရှောင်ရှားကြောင်းတရားမည်သည်။ ဟောတိ၊ ၏။
ဘိက္ခဝေ၊ တို့။ ဧဝံ၊ ဤသို့ ဤပုံအားဖြင့်။ (ဤသို့ ပါဏာတိပါတမှ ရှောင်ကြဉ်ခြင်းစသည်ဖြင့်)။ ။ပ။၊
နဝမံ၊ ။