Issues
Chọn phiên bản
胜嗣Jinadāyāda
中文
Bhikkhu Bodhi
English
中文翻译1
中文
sāsanāre-သာသနာရေး
မြန်မာဘာသာ
Dasakanipātapāḷi
Dasakanipātapāḷi

10. Cundasuttaṃ

Tác giả: sāsanāre-သာသနာရေး @ IAPT

(ဘန္တေ၊ အရှင်ဘုရား။ ဣဒံ၊ ဤစုန္ဒသုတ်ကို)။ ဧဝံ၊ ဤယခုလျှောက်ထားမည့်အတိုင်း။ မေ၊ တပည့်တော်သည်။ သုတံ၊ မြတ်စွာဘုရားအထံမှ နာယူမှတ်သားထားအပ်ပါပြီ။ ဧက၊ တပါးသော။ သမယံ၊ အခါ၌။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ပါဝါယံ၊ ပါဝါမြို့၏ အနီး၌. စုန္ဒဿ၊ စုန္ဒမည်သော။ ကမ္မာရပုတ္တဿ၊ ရွှေပန်းထိမ်သည် သား၏။ အမ္ဗဝနေ၊ သရက်ဥယျာဉ်တော၌။ ဝိဟရတိ၊ သီတင်းသုံးနေတော်မူ၏။
အထ ခေါ၊ ၌။ စုန္ဒေါ၊ စုန္ဒမည်သော။ ကမ္မာရပုတ္တော၊ သည်။ ။ပ။၊
စုန္ဒ၊ စုန္ဒ။ တွံ၊ သင်သည်။ ကဿ၊ အဘယ်ပုဂ္ဂိုလ်၏။ သောစေယျာနိ၊ စင်ကြယ်သူ၏ အဖြစ်ဟူသော အကျင့်တို့ကို။ (စင်ကြယ်သူဖြစ်ကြောင်း အကျင့်တို့ကို)။ ရောစေသိ နော၊ ကြိုက်နှစ်သက်ပါသနည်း။ ဣတိ၊ ဤသို့။ (အဝေါစ၊ မေးတော်မူပြီ)။
ဘန္တေ၊ မြတ်စွာဘုရား။ မစ္ဆာဘူမကာ၊ အနောက်ဘက် နယ်စွန်ရပ်ဖျားဇနပုဒ်၌ နေကြကုန်သော။ [ပစ္ဆာဘူမိယံ အပရဒိသာယံ နိဝဋ္ဌဇနပဒေါ ပစ္ဆာဘူတံ။ သံယုတ်ဋီကာ၊ ဒု ၂၀၈။ ခန္ဓဝဂ္ဂသံယုတ်၊ ဒေဝဒဟသုတ်။ ပစ္ဆာဘူမိဝါသိနောတိ ပစ္စန္တဒေသဝါသိနော။ ဤသုတ်ဋီကာ]။ ကမဏ္ဍလုကာ၊ ရေကရားကို ဆောင်ယူကုန်သော။ သေဝါလမာလိလာ၊ မှော်ပန်းကို ပန်ဆင်ကြကုန်သော။ အဂ္ဂိပရိစာရိကာ၊ မီးကို ပြုစုလုပ်ကျွေးကြ, ပူဇော်ကြကုန်သော။ ဥဒကောရောတကာ၊ (နံနက်, နေ, လယ်, ညနေအားဖြင့်တနေ့လျှင် သုံးကြိမ်တိတိ) ရေသို့ သက်ဆင်းကြကုန်သော။ ဗြာဟ္မဏာ၊ ပုဏ္ဏားတို့သည်။ သေစေယျာနိ၊ တို့ကို။ ပညပေန္တိ၊ ထုတ်ဖော်သတ်မှတ်ပညတ်ကြပါကုန်၏။
အဟံ၊ တပည့်တော်သည်။ တေသံ၊ ထိုပုဏ္ဏားတို့၏။ သောစေယျာနိ၊ တို့ကို။ ရောစေမိ၊ ကြိုက်နှစ်သက်ပါ၏။ ဣတိ၊ ဤသို့။ (အဝေါစ၊ ဖြေကားလျှောက် ထားပြီ)။
ဘိန္ဒ၊ စုန္ဒ။ ကထံ၊ အဘယ်နည်း အဘယ်ပုံအားဖြင့်။ ပစ္ဆာဘူမကာ၊ ကုန်သော။ ။ပ။ ဥဒကောရောဟကာ၊ ကုန်သော။ ဗြာဟ္မဏာ၊ တို့သည်။ သောစေယျာနိ၊ တို့ကို။ ပညပေန္တိ၊ ပညတ်ကြပါကုန်သနည်း။ ဣတိ၊ ဤသို့။ (အဝေါစ၊ မေးတော်မူပြီ)။
ဘန္တေ၊ ရား။ ဣဓ၊ ဤလောက၌။ [ဣဓပုဒ်သည် ဤနေရာ၌ ဝါကျအစခံ ပဒပူရဏသာဖြစ်သင့်၏၊ ထို့ကြောင့် အနက်မပြန်ဆိုဘဲချန်ထားနိုင်၏]။ ပစ္ဆဘာမကာ၊ ကုန်သော။ ။ပ။ ဥဒကောရောဟကာ၊ ကုန်သော။ ဗြာဟ္မဏာ၊ တို့သည်။ (ဟောန္တိ၊ ရှိပါကုန်၏)။
တေ၊ ထိုပုဏ္ဏားတို့သည်။ သာဝကံ၊ မိမိတို့တပည့်ကို။ ဧဝံ၊ ဤသို့။ သမာဒပေန္တိ၊ လက်ခံကျင့်သုံးစေကြကုန်၏။ (ကိန္တိ၊ အဘယ်သို့။ သမာဒပေန္တိ၊ လက်ခံကျင့်သုံးစေကြကုန်သနည်းဟူမူ)။
အမ္ဘော ပုရိသ၊ အမောင်ယောင်္ကျား။ ဧဟိ၊ လာပါသော။ တွံ၊ သင်သည်။ ကာလဿေဝ၊ နံနက်စောစော၌သာလျှင်။ သယနမှာ၊ အိပ်ရာမှ။ ဥဋ္ဌဟန္တောဝ၊ ထလသော်သာလျှင်။ ဝါ၊ ထလျှင် ထချင်းသာလျှင်။ ပထဝိံ၊ မြေကို။ အာမသေယျာသိ၊ လက်ဖြင့် သုံးသပ်ကိုင်တွယ်ပါလော။
(တွံ၊ သင်သည်)။ ပထဝိံ၊ မြေကို။ နော စေ အာမသေယျာသိ၊ အကယ်၍ မသုံးသပ်ငြားအံ့။ (ဧဝံ သတိ၊ ဤသို့ မသုံးသပ်သည့်ဖြစ်လသော်)။ အလ္လာနိ၊ စိုကုန်သော။ ဂေါမယာနိ၊ တို့ကို။ နော စေ အမသေယျာသိ၊ အံ့။ (ဧဝံ သတိ၊ သော်)။ ဟရိတာနိ၊ စိမ်းလန်းကုန်သော။ တိဏာနိ၊ မြက်တို့ကို။ အာမသေယျာသိ၊ လော။ ။ပ။၊
အဂ္ဂိံ၊ မီးကို။ ပရိစရေယျာသိ၊ ပြုစုလုပ်ကျွေးလော။ ။ပ။၊
ပဉ္စလိကော၊ ချီမြှောက်အပ်သော လက်အုပ်ရှိသည်။ (ဟုတွာ) အာဒိစ္စံ၊ နေကို။ နမဿေယျာသိ၊ ရှိခိုးပါလော။ ။ပ။၊
နော စေ နာမဿေယျာသိ၊ အကယ်၍ ရှိမခိုးငြားအံ့။ (ဧဝံ သတိ၊ ဤသို့ ရှိမခိုးသည်ဖြစ်လသော်)။ သာယတတိယကံ၊ ညနေချမ်းဟူသော သုံးကြိမ်မြောက်ရှိအောင်။ ဝါ၊ နံနက်, နေ့လယ်, ညနေအားဖြင့် သုံးကြိမ်တိတိ ပြည့်အောင်။ ဥဒကံ၊ ရေထဲသို့။ ဩရောဟေယျာသိ၊ သက်ဆင်းလော။ ဣတိ၊ သို့။ (သမာဒပေန္တိ၊ ကုန်၏)။
ဘန္တေ၊ ရား။ ဧဝံ၊ ဤသို့ ဤပုံအားဖြင့်။ ပစ္ဆာဘူမကာ၊ ကုန်သော။ ။ပ။၊
ရောစေမိ၊ ၏။ ဣတိ (အဝေါစ)၊
စုန္ဒ၊ စုန္ဒ။ အညထာ၊ (အရိယဝိနယ၌ သောစေယျ ဖြစ်ပုံမှ) တမျိုးကွဲပြားထူးခြားသော အားဖြင့်။ ။ပ။ ဥဒကောရောဟကာ၊ ကုန်သော။ ဗြဟ္မဏာ၊ တို့သည်။ သော စေယျာနိ၊ တို့ကို။ ပညပေန္တိ၊ ကုန်၏။ စ၊ ထို့အပြင်။ အညထာ၊ (ဗြဟ္မဏတို့ သောစေယျပညတ်ပုံမှ) တမျိုးကွဲပြား ထူးခြားသော အားဖြင့်။ အရိယဿ၊ ဗုဒ္ဓမြတ်စွာ အရိယာသူတော်ကောင်း၏။ ဝိနယေ၊ အဆုံးအမတရားရတနာ သာသနာတော်၌။ ဝါ၊ တော်က။ သောစေယျံ၊ စင်ကြယ်သူ၏ ဖြစ်ကြောင်းအကျင့်သည်။ ဟောတိ၊ ၏။ ဣတိ၊ သို့။ (အဝေါစ၊ မိန့်တော်မူပြီ)။
ဘန္တေ၊ ရား။ ကထံ၊ အဘယ်သို့ အဘယ်ပုံအားဖြင့်။ အရိယဿ၊ ၏။ ဝိနယေ၊ ၌။ သောစေယျံ၊ သည်။ ဟောတိ၊ ဖြစ်ပါသနည်း။
ဘန္တေ၊ ရား။ သာဓု၊ တောင်းပန်ပါ၏။ ယထာ၊ အကြင်အခြင်းအရာအားဖြင့်။ အရိယဿ၊ ၏။ ဝိနယေ၊ ၌။ သောစေယျံ၊ သည်။ ဟောတိ၊ ဖြစ်၏။ တထာ၊ ထိုအခြင်းအရာအားဖြင့်။ (အရိယဝိနယ၌ သောစေယျဖြစ်ခြင်းဟူသော အခြင်းအရာအားဖြင့်)။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ မေ၊ တပည့်တော်အား။ ဓမ္မံ၊ တရားကို။ ဒေသေတု၊ ဟောတော်မူပါ။ ဣတိ၊ သို့။ (အဝေါစ၊ လျှောက်ပြီ)။ [တေနဟိ- စသည်ကို စာပိုဒ် (၁၁၉၀ ပဌမပစ္စောရောဟဏီသုတ် ကြည့်ပါလေ။]
စုန္ဒ၊ စုန္ဒ။ ကာယေန၊ ကာယဒွါရဖြင့်။ အသောစေယျံ၊ မစင်ကြယ်သူ၏ အဖြစ်ဟူသော အကျင့်သည်။ ဝါ၊ မစင်ကြယ်သူ၏ ဖြစ်ကြောင်း အကျင့်သည်။ တိဝိဓံ၊ သုံးပါးအပြားရှိသည်။ ဟောတိ၊ ဖြစ်၏။
ဝါစာယ၊ ဝစီဒွါရဖြင့်။ အသောစေယျံ၊ သည်။ စတုဗ္ဗိစံ၊ လေးပါးအပြားရှိသည်။ ဟောတိ၊ ၏။
မနသာ၊ မနောဒွါရဖြင့်။ အသောစေယျံ၊ သည်။ တိဝိဓံ၊ သုံးပါးအပြားရှိသည်။ ဟောတိ၊ ၏။
စုန္ဒ၊ စုန္ဒ။ ကထဉ္စ၊ အဘယ်သို့သော် အခြင်းအရာအားဖြင့်။ ကာယေန၊ ဖြင့်။ အဿောစေယျံ၊ သည်။ တိဝိဓံ၊ သည်။ ဟောတိ၊ ဖြစ်သနည်းဟူမူ။
စုန္ဒ၊ စုန္ဒ။ ဣဓ၊ ဤလောက၌။ ဧကစ္စော၊ အချို့သောသူသည်။ ပါဏာတိပါတီ၊ သတ္တဝါ, အသက်ကို သတ်လေ့ရှိသည်။ လုဒ္ဒေါ၊ ရက်စက်ကြမ်းကြုတ်သည်။ လောဟိတပါဏိ၊ သွေးလူးကပ်အပ်သော လက်ရှိသည်။ ဟတပဟတေ၊ သူတပါးကို ရိုက်နှက်ပုတ်ခတ်ခြင်း, အသေသတ်ခြင်း၌။ ဟတပဟတေ နိဝိဋ္ဌော။ ။ ဟတပဟတေ နိဝိဋ္ဌောတိ ဟတေစ ပရဿ ပဟာရဒါနေ,ပဟတေစ ပရမာရဏော နိဝိဋ္ဌော။ မူလပဏ္ဏာသအဋ္ဌကထာ၊ ဒု- ၂၂၉ (သာလေယျကသုတ်အဖွင့်)။ တဖန် ထို၏ ဋီကာ (၂၄၈) ၌ "ပဟရဏံ ပဟာရဒါနမတ္တံ ဟတံ- (အသေသတ်သည်မဟုတ်ဘဲ) ရိုက်နှက်ရုံမျှ ရိုက်နှက်ပုတ်ခတ်ခြင်းသည် ဟတမည်၏၊ ပဟတ၌ ပသဒ္ဒါသည် ပဝုဒ္ဓ အနက်ကိုဟော၏၊ ပ (ပဝုဒ္ဓ)- အားကြီးသော၊ ပြင်းထန်သော၊ ဟတ- ညှင်းဆဲခြင်း၊ ပဟတ- အသေသတ်ခြင်း၊ ပဝုဒ္ဓံ ပဟရဏံ ပရဿ မာရဏံ ပဟတံ၊ ဤအဖွင့်အတိုင်း အသေသတ်ခြင်းကို ပဟတဟုခေါ်၏။ နိဝိဋ္ဌော၊ စိတ်ဓာတ်အစဉ် သက်ဝင်တည်နေသည်။ သဗ္ဗပါဏဘူတေသု၊ အားလုံးသော သတ္တဝါဖြစ်သူမှန်သမျှတို့၌။ အဒယာပန္နော၊ သနားခြင်းမရှိသူ၏အဖြစ်သို့ ရောက်သည်။ ဟောတိ၊ ဖြစ်၏။
အဒိန္နာဒါယီ၊ (ကိုယ်နှုတ်နှစ်ပါး တပါးပါးဖြင့်) ပိုင်ရှင်က မပေးအပ်သော သူတပါးပစ္စည်းဥစ္စာကို ခိုးယူလုယက်လေ့ရှိသည်။ ဟောတိ၊ ၏။
ပရဿ၊ သူတပါး၏။ ဂါမဂတံ ဝါ၊ ရွာထဲ၌ ရောက်ရှိနေသည်လည်းဖြစ်သော။ အရညဂတံ ဝါ၊ တောထဲ၌ ရောက်ရှိနေသည်လည်းဖြစ်သော။ ယံ တံ(သန္တကံ)၊ အကြင်ပစ္စည်းဥစ္စာသည်။ ပရဝိတ္တူပကရဏံ၊ အခြားသော သူ၏ နှစ်သက်ခြင်းအကြောင်းအဆောက်အဦးသည်။ပရဿ ပရဝိတ္တူပကရဏံ ။ ။ ဝိတ္တိယာ တုဋ္ဌိယာ ဥပကရဏံ ဝိတ္တူပကရဏံ- နှစ်သက်ခြင်း၏ အကြောင်းအဆောက်အဦးဖြစ်သော ပစ္စည်းဥစ္စာ၊ ပရဿ ဝိတ္တူပကရဏံ ပရဝိတ္တူပကရဏံ- သူတပါး၏ နှစ်သက် ခြင်း၏ အကြောင်းဖြစ်သော ပစ္စည်းဥစ္စာ၊ ဝါ- သူတပါး နှစ်သက်စွဲလမ်းမှုကိုဖြစ်စေတတ်သော ပစ္စည်းဥစ္စာ၊ ဤနေရာ၌ ပရဝိတ္တူပကရဏံ၌ ပရ(သူတပါး) ဟူသည် သာမာန်ရိုးရိုးသူတပါးဖြစ်၏၊ ပစ္စည်းဥစ္စာမှန်သမျှ အားလုံးပင် သူတပါးနှစ်သက်စွဲလမ်းမှုကို ဖြစ်စေတတ်ရကား သူတပါးပိုင်သော ပစ္စည်းဥစ္စာကိုသာမက မိမိ၏ ပစ္စည်းဥစ္စာကိုလည်း "ပရဝိတ္တူ ပကရဏ" ဟု ခေါ်နိုင်သည်ပင်ဖြစ်၏၊ ထို့ကြောင့် "ပရဝိတ္တူပကရဏံ- သူတပါး နှစ်သက်စွဲလမ်းမှုကို ဖြစ်စေသော ပစ္စည်းဥစ္စာ "ဟု ဆိုထားရုံမျှဖြင့် သူတပါး၏ ပစ္စည်းဥစ္စာဖြစ်ကြောင်း (သူတပါးပိုင်ဆိုင်ကြောင်း) ခိုင်လုံတိကျမှု မရှိသေး၊ သို့ဖြစ်၍ သူတပါးပိုင်ဆိုင်သော သူတပါးပစ္စည်းဥစ္စာ ဖြစ်ကြောင်း သိသာအောင်သေချာအောင် "ပရဿ" ဟူ၍ သာမီဝိဘတ်ဖြင့် ပရတပုဒ်အစခံ၍ ပြဆိုထားသည်။ တနည်းအားဖြင့်မူ-
"ပရဿပရဝိတ္တူပကရဏံ" ဟူသော ပုဒ်သည် ဝိဘတ်မကျေသော သမာသ်ပုဒ်တပုဒ်ဖြစ်၏၊ ပရဿ ဝိတ္တူပကရဏံ ပရဝိတ္တူပကရဏံ- အခြားသောသူ၏ နှစ်သက်ခြင်း၏ အကြောင်းဖြစ်သော ပစ္စည်းဥစ္စာ၊ ဝါ- အခြားသော သူများနှစ်သက်စွဲလမ်းမှုကို ဖြစ်စေတတ်သော ပစ္စည်းဥစ္စာ၊ ပရဿ အညဿ ပရဝိတ္တူပကရဏံ ပရဿပရဝိတ္တူပကရဏံ- သူတပါး၏ အခြားသောသူများ၏ နှစ်သက်စွဲလမ်းမှုကို ဖြစ်စေတတ်သော ပစ္စည်းဥစ္စာ၊ ဝါ- အခြားသော သူများ နှစ်သက်စွဲလမ်းမှုကို ဖြစ်စေတတ်သော သူတပါး ပစ္စည်းဥစ္စာ။ ဆိုလိုသည်မှာ သူတပါး၏ပစ္စည်းဥစ္စာမှန်သမျှသည် အထူးအားဖြင့် အခြားသောသူများ နှစ်သက်စွဲလမ်းမှုကို ဖြစ်စေတတ်သော ပစ္စည်းဥစ္စာဖြစ်သည်ဟူလို။
ယံ တံ ပရဿာတိ ယံ တံ ပရဿ သန္တကံ၊ ပရဝိတ္တူပကရဏန္တိ တဿေဝ ပရဿ ဝိတ္တူပကရဏံ တုဋ္ဌိဇနနံ ပရိက္ခာရဘဏ္ဍကံ (ယခင်မူလပဏ္ဏဇယ အဋ္ဌကထာ)။ ယဿ ပသေန ပရဿာတိ သာမိနိဒ္ဒေသော၊ တံ သာပတေယျံ၊ ယံ ဟိ သာမညတော ဂဟိတံ၊ တံ တေနေဝ သာမိနိဒ္ဒေသေန ပကာသိတန္တိ အာဟ ပရဿ သန္တကန္တိ။ ပရဿပရဝိတ္တူပကရဏန္တိ ဝါ ဧကမေဝေတံ သမာသမဒံ၊ ယံကိဉ္စိ ပရသန္တကံ ဝိသေသတော ပရဿ ဝိတ္တူပကရဏံ ဝါတိ အတ္ထော။ ၎င်းဋီကာ၊ ၂၄၈။
(ဟောတိ၊ ဖြစ်၏)။ [တနည်း- အဒိန္နာဒါယီ၊ သည်။ ဟောတိ၊ ၏။ ဂါမဂတံ ဝါ၊ သော။ အရညဂတ ဝါ၊ သော။ ယံ တံ ပရဿပရဝိတ္တူပကရဏံ၊ အကြင်သူတပါး၏ အခြားသော သူများ နှစ်သက်ခြင်း၏ အကြောင်းဖြစ်သော ပစ္စည်းဥစ္စာသည်။ ဝါ၊ အခြားသော သူများ၏ နှစ်သက်မှုကို ဖြစ်စေတတ်သော သူတပါးပိုင် ပစ္စည်းဥစ္စာသည်။ အတ္ထိ၊ ရှိ၏။] တံ၊ ထိုသူတပါးပစ္စည်းဥစ္စာကို။ အဒိန္နံ၊ (ကိုယ်နှုတ်နှစ်ပါး တပါးပါးဖြင့်) ပိုင်ရှင်က မပေးအပ်ပါဘဲ။ ထေယျသင်္ခါတံ၊ ခိုးယူသူ၏ ဖြစ်ကြောင့် စိတ်အဖို့ဖြင့်။ ဝါ၊ ခိုးယူလိုသော စိတ်အဖို့ဖြင့်။ အာဒါတာ၊ ခိုးယူလုယက်တတ်သည်။ ဟောတိ၊ ဖြစ်၏။
ကာမေသုမိစ္ဆာစာရီ၊ မေထုန်ကာမအကျင့်တို့၌ ယုတ်မာစွာ ကျင့်လေ့ရှိသည်။ ဟောတိ၊ ၏။
ယာတာ၊ အကြင်မိန်းမတို့သည်။ မာတုရက္ခိတာ၊ အမိ စောင့်ရှောက်အပ်သော မိန်းမသည်လည်းကောင်း။ ပိတုရက္ခိတာ၊ အဘစောင့်ရှောက်အပ်သော မိန်းမသည်လည်းကောင်း။ မာတာပိတုရက္ခိတာ၊ အမိအဘနှစ်ဦး စောင့်ရှောက်အပ်သော မိန်းမသည်လည်းကောင်း။ ဘာတု ရက္ခိတာ၊ မောင် စောင့်ရှောက်အပ်သော မိန်းမသည်လည်းကောင်း။ ဘဂိနိရက္ခိတာ၊ အမ, ညီမ စောင့်ရှောက်အပ်သော မိန်းမသည်လည်းကောင်း။ ဉာတိရက္ခိတာ၊ ဆွေမျိုး စောင့်ရှောက်အပ်သော မိန်းမသည်လည်းကောင်း။ ဂေါတ္တရက္ခိတာ၊ အနွယ်တူသူတို့စောင့်ရှောက်အပ်သော မိန်းမသည်လည်းကောင်း။ ဓမ္မရက္ခိတာ၊ တရားကျင့်ဘက် သီတင်းသုံးဖော်စောင့်ရှောက်အပ်သော မိန်းမသည်လည်းကောင်း။ သသာမိကာ၊ ပိုင်ရှင်လင်ရှိသော မိန်းမသည်လည်းကောင်း။ သပရိဒဏ္ဍာ၊ (ကျူးလွန်သူတို့အတွက်) သတ်မှတ်ထားအပ်သော မိန်းမသည်လည်းကောင်း။ (ဤမိန်းမကို ကျူးလွန်သော ယောင်္ကျားအား ဤမျှသော ပြစ်ဒဏ်ကျခံစေရမည်ဟု သတ်မှတ်ထားအပ်သော ပြစ်ဒဏ်ရှိသော မိန်းမသည်လည်းကောင်း)။ ဟောန္တိ၊ ဖြစ်ကုန်၏။ အန္တ မသော၊ အောက်ထစ်ဆုံးအားဖြင့်။ မာလာဂုဠ ပရိက္ခိတ္တာပိ၊ ပန်းဆုပန်းကုံးဖြင့် ပစ်ချစွပ်တပ်အပ်သော မိန်းမသည်သော်မျှလည်း။ ဟောတိ၊ ဖြစ်၏။ တထာရူပါသု၊ ထိုသို့ သဘောရှိသော မိန်းမတို့၌။ စာရိတ္တံ၊ သွားရောက်ကျူးလွန်သူ၏အဖြစ်သို့။ ဝါ၊ သွားရောက်ကျူးလွန်ခြင်းသို့။ အာပဇ္ဇိတာ၊ ရောက်သည်။ ဟောတိ၊ ၏။
စုန္ဒ၊ စုန္ဒ။ ဧဝံ၊ ဤသို့ ကာယကံသုံးပါးကို ကျူးလွန်ခြင်းအားဖြင့်။ ကာယေန၊ ကာယဒွါရဖြင့်။ အသောစေယျံ၊ သည်။ တိဝိဓံ၊ သည်။ ဟောတိ၊ ၏။
စုန္ဒ၊ စုန္ဒ။ ကထဉ္စ၊ ဖြင့်။ ဝါစာယ၊ ဝစီဒွါရဖြင့်။ အသောစေယျံ၊ သည်။ စတုဗ္ဗိဓံ၊ သည်။ ဟောတိ၊ ဟူမူ။
စုန္ဒ၊ စုန္ဒ။ ဣဓ၊ ဤလောက၌။ ဧကစော၊ သည်။ မုသာဝါဒိ၊ မဟုတ်မမှန်သော စကားကို ပြောဆိုလေ့ရှိသည်။ မုသာဝါဒီ။ ။ မုသာ ဝဒတီတိ မုသာဝါဒီ၊ ပရေသံ အတ္ထဘဉ္စနကံတုစ္ဆ အလိကံ ဝါစံ ဘာသိတာတိ အတ္ထော- ဟူသော မူလပဏ္ဏာသ အဋ္ဌကထာ။ ပ-၁၉၂(သလ္လေခသုတ်အဖွင့်) အတိုင်း "မုသာဝါဒီ- သူတပါးအကျိုးစီးပွားကို ဖျက်ဆီးတတ်သော လွဲမှားသော စကားကို ပြောဆိုတတ်သည်( ပြောဆိုတတ်သောသူ) ဟူ၍ အပြည့်အစုံ အနက်ဆိုနိုင်၏။ ဟောတိ၊ ၏။
သဘဂ္ဂတော ဝါ၊ အစည်းအဝေး၌ရောက်နေသည်သော်လည်းကောင်း။ ပရိသက္ကတော ဝါ၊ ရွာသားပရိသတ် အလယ်၌ ရောက်ရှိနေသည်သော်လည်းကောင်း။ ဉာတိမဇ္ဈဂတော ဝါ၊ ဆွေမျိုးတို့ အလယ်၌ ရောက်နေသည်သော်လည်းကောင်း။ ပူဂမဇ္ဈဂတော ဝါ၊ အသင်းအဖွဲ့အလယ်၌ ရောက်နေသည်သော်လည်းကောင်း။ ရာဇကုလမဇ္ဈဂတော ဝါ၊ မင်းမျိုးအလယ် ဝိနိစ္ဆယခုံရုံကြီး၌ ရောက်နေသည်သော်လည်းကောင်း။ (ဟုတွာ၊ ဖြစ်၍)။
အမ္ဘော ပုရိသ၊ အမောင်ယောင်္ကျား။ ဧဟိ၊ လာပါလော။ ယံ၊ အကြင်အကြောင်းအရာကို။ ဇာနာသိ၊ အသင်သိ၏။ တံ၊ ထိုအသင်သိအပ်ပြီးသော အကြောင်းအရာကို။ ဝဒေဟိ၊ ပြောပါလော။ ဣတိ၊ ဤသို့။ အဘိနီတော၊ မေးစစ်ခြင်းငှါ ခေါ်ဆောင်အပ်သည်။ သက္ခိပုဋ္ဌော၊ သက်သေပြု၍ မေးစစ်အပ်သည်။ (သမာနာ၊ ဖြစ်လသော်)။ သော၊ ထိုသူသည်။ အဇာနံ (အဇာနန္တော) ဝါ၊ မသိဘဲလျက်လည်း။ ဇာနာမီတိ၊ ကျွန်ုပ်သိပါ၏ ဟူ၍။ အာဟ၊ ပြော၏။ ဇာနံ (ဇာနန္တော) ဝါ၊ သိပါလျက်လည်း။ နဇာနာမီတိ၊ မသိပါဟူ၍။ အာဟ၊ ပြော၏။
အပဿံ (အပဿန္တော) ဝါ၊ မမြင်ဘဲလျက်လည်း။ ပဿာမီတိ၊ မြင်ပါ၏ဟူ၍။ အာဟ၊ ၏။ ပဿံ(ပဿန္တော) ဝါ၊ မြင်ပါလျက်လည်း။ န ပဿာမီတိ၊ မမြင်ပါဟူ၍။ အာဟ၊ ၏။
ဣတိ၊ ဤသို့။ အတ္တဟေတု ဝါ၊ မိမိ၏ အကြောင်းတခုခုကြောင့်သော်လည်းကောင်း။ (မိမိ၏ လက်ခြေစသည် အဖြတ်ခံရခြင်းနှင့် ပစ္စည်းဥစ္စာရရှိခြင်း ဆုံးရှုံးပျက်စီးခြင်းဟူသော အကြောင်း ကြောင့်သော်လည်းကောင်း)။ ပရဟေတု ဝါ၊ (ဆွေမျိုးမိတ်ဆွေစသော) သူတပါး၏ အကြောင်းတခုခုကြောင့်သော်လည်းကောင်း။ (သူတပါး၏ လက်ခြေစသည်အဖြတ်ခံရခြင်းနှ်င့ ပစ္စည်းဥစ္စာရခြင်း ပျက်စီးခြင်းကြောင့် သော်လည်းကောင်း)။ အာမိသကိဉ္စိက္ခဟေတု ဝါ၊ အနည်းငယ်မျသော တံစိုးလက်ဆောင်ဟူသော အကြောင်းကြောင့် သော်လည်းကောင်း။ သမ္ပဇာနံ (သမ္ပဇာနန္တော)၊ မှားယွင်းနေမှန်းသိပါလျက်။ [နိဂ္ဂဟိတ်ကို ချေထားသောကြောင့် "သမ္ပဇာန" ဟုရှိသည်]။ မုသာ၊ မှားယွင်းသော စကားကို။ ဘာသိတာ၊ ပြောဆိုသည်။ ဟောတိ၊ ၏။ [ကိဉ္စိက္ခ၊ အနည်းငယ်မျှသော+ အာမိသ၊ မျက်နှာလို မျက်နှာရ ပေးစရာတံစိုးလက်ဆောင်ပစ္စည်း။]
ပိသုဏဝါစော၊ (ညီညွတ်တေသူတို့ကို စိတ်ဝမ်းကွဲပြားအောင် ပြုတတ်သော) ကုန်းတိုက်စကားရှိသည်။ ပိသုဏဝါစော။ ။။ ပိသတီတိ ပိသုဏာ၊ သမဂ္ဂေ သတ္တေ အဝယ ဝဘူတေ ဝဂ္ဂေ ဘိန္နေ ကရောတီတိ အတ္ထော- ညီညွတ်နေသူတို့ကို စိတ်ဝမ်းကွဲပြားအောင် ပြုတတ်သော စကား (ကုန်းတိုက်စကား)၊ ပိသုဏာဝါစာ ဧတဿာတိ ပိသုဏဝါစာ- ကုန်းတိုုက်စကားရှိသောသူ၊ (တနည်း) ပိသုဏံ ဝစတိ ဝဒတိ ဧတာယာတိ ပိသုဏဝါစာ- ကုန်းတိုက်စကားကိုပြောဆိုကြောင်းစေတနာ၊ ပိသုဏဝါစာ ယဿ အတ္ထီတိ ပိသုဏဝါစော- ကုန်းတိုက်စကားကိုပြောဆိုကြောင်း အကုသိုလ်စေတနာရှိသောသူ၊ ပိယသုညကရဏပုဒ်မှ ပိသုဏဖြစ်ပုံစသည်ကို တိကနိပါတ်စာပိုဒ် (၁၁၈) ဝိပတ္တိသမ္ပဒါသုတ်၌ ရေးခဲ့ပြီ။ ဝါ၊ ကုန်းတိုက်စကားကို ပြောဆိုကြောင်း အကုသိုလ်စေတနာရှိသည်။ ဟောတိ၊ ဖြစ်၏။
ဣတော၊ ဤသူနှစ်ဦးတို့ထံ၌။ ဝါ၊ ထံက။ သုတွာ၊ ၍။ [စာပိုဒ် (၉၉) ဥပါလိသုတ်ကြည့်။] ဣမေသံ၊ တို့၏။ ဘေဒါယ၊ ငှါ။ အမုတြ၊ ထိုသူတို့ထံ၌။ အက္ခာတာ၊ ပြောဆိုတတ်၏။ ။ပ။၊
ဣတိ၊ ထို့ကြောင့်ပင်။ (ထိုသို့ စိတ်ဝမ်းကွဲပြားအောင် ပြောဆိုတတ်သည်အဖြစ်ကြောင့်ပင်)။ သမဂ္ဂါနံ ဝါ၊ ညီညွတ်နေသူမိတ်ဆွေနှစ်ဦးတို့ကိုလည်း။ ဘေတ္တာ၊ စိတ်ဝမ်းကွဲအောင်ခွဲတတ်သည်။ ဘိန္နာနံ ဝါ၊ စိတ်ဝမ်းကွဲနေသူတို့ကိုလည်း။ အနုပ္ပဒါတာ၊ ဆက်လက်ကွဲရန် ထောက်ခံအားပေးတတ်သည်။ (ပြန်လည်သင့်မြတ်စည်းလုံးညီညွတ်မှုမဖြစ်ဘဲ ဆက်လက်ကွဲအောင် ထောက်ခံအားပေးတတ်သည်)။ ဝဂ္ဂါရာမော၊ ဖရိုဖရဲသင်းကွဲအုပ်စု ဟူသော ပျော်မွေ့ရာဌာနရှိသည်။ ဝဂ္ဂရတော၊ ဖရိုဖရဲသင်းကွဲအုပ်စု၌ ပျော်မွေ့တတ်သည်။ ဝဂ္ဂနန္ဒီ၊ ဖရိုဖရဲသင်းကွဲအုပ်စုတို့ကို တွေ့မြင်ကြားသိရသော် နှစ်သက်တတ်သည်။ ဝဂ္ဂကရဏိံ၊ ဖရိုဖရဲ သင်းကွဲအုပ်စုဖြစ်အောင်ပြုတတ်သော။ ဝါစံ၊ စကားကို။ ဘာသိတာ၊ ပြောဆိုတတ်သည်။ ဟောတိ၊ ။
ဖရုသဝါစော၊ ကြမ်းတမ်းသော စကားရှိသည်။ ဝါ၊ ကြမ်းတမ်းသော စကားကို ပြောဆိုကြောင်း အကုသိုလ်စေတနာရှိသည်။ ဟောတိ၊ ၏။
ယာသာ ဝါစာ၊ အကြင်စကားသည်။ အဏ္ဍကာ၊ အဖုအထစ်အပြစ်ရှိနေ၏။ (အမျက်အပြစ်ရှိသော သစ်ပင်၌ အုနှင့်တူသော အဖုအထစ်များပေါ် ကြွထနေသကဲ့သို့ ဆဲရေးရှုတ်ချ အပြစ်ပြစကားတို့ဖြင့် အဖုအထစ်ဖြစ်ပေါ်နေ၏။) ကက္ကသာ၊ ဘုကျဘောက်လွှမ်းဖွာကြမ်းဆွေးမြေ့နေ၏။ (နားခံခက်ငြား, အမျက်ပွားစေ၍ အမှုန်အမွှားထွက်ကျသော သစ်ပင်ဆွေးကဲ့သို့ ဘုကျဘောက်လွှမ်းဖွာကြမ်းဆွေးမြေ့နေ၏)။ ပရကဋုကာ၊ အခြားသူများဒေါသပွားစေ၍ ခါးသီးသော အနိဋ္ဌာရုံဖြစ်၏။ ပရာဘိသဇ္ဇနီ၊ (ကောက်သော ဆူးခက်ကဲ့သို့) သူတပါးတို့ကို ဆွဲချိပ်ငြိတွယ်နေတတ်၏။ (နာကြည်းစရာ အပြစ်အနာတို့၌ တိုင်းထွာ ထိုးနှက် ပြောဆိုခြင်းကြောင့် ကောက်သော ဆူးခက်ကဲ့သို့ ခွဲခွာသွားခွင့်မရအောင် သူတပါးတို့ကိုဆွဲချိပ် ငြိတွယ်တတ်၏)။ ကောဓသာမန္တာ၊ ဒေါသအမျက်၊ တဆက်တည်းစပ် နီးကပ်နေ၏။ အသမာဓိသံ ဝတ္တနိကာ၊ (ဥပစာရ, အပ္ပနာ၊ နှစ်ဖြာသော) သမာဓိကို မဖြစ်စေတတ်။ တထာရူပိံ၊ ထိုသို့ သဘောရှိသော။ ဝါစံ၊ စကားကို။ ဘာသိတာ၊ ပြောဆိုတတ်သည်။ ဟောတိ၊ ၏။
သမ္ဖပ္ပလာပီ၊ ပြိန်ဖျင်းသော စကားကို ပြောဆိုတတ်သည်။ ဟောတိ၊ ၏။ အကာလဝါဒီ၊ မပြောသင့်ရာ အချိန်အခါ၌ ပြောဆိုတတ်သည်။ အဘူတဝါဒီ၊ အဖြစ်မှန်သဘောမဟုတ်သော အကြောင်းအရာကိုပြောဆိုသည်။ အနတ္ထဝါဒီ၊ အကြောင်းကင်းဘိ, အကျိုးမရှိသော စကားကို ပြောဆိုသည်။ အဓမ္မဝါဒီ၊ သဘောမှန်မဟုတ်သည်ကို ပြောဆိုသည်။ ဝါ၊ သဘောမှန်ကင်း, အမှားအယွင်းကို ပြောဆိုသည်။ အဝိနယဝါဒီ၊ သံဝရဝိနည်းနှင့် မစပ်သော အကြောင်းအရာကို ပြောဆိုသည်။ (ပါတိမောက္ခသံဝရ, သတိသံဝရ, ဉာဏသံဝရ, ခန္တိသံဝရ, ဝီရိယ သံဝရဟူသော သံဝရဝိနည်းနှင့်မစပ်သော အကြောင်းအရာကို ပြောဆိုသည်)။
အနိဓာနဝတိံ၊ သိုမှီးသိမ်းဆည်းထားရာ စိတ်နှလုံးတည်းဟူသော ဘဏ္ဍာတိုက်မရှိသော။ ဝါ၊ စိတ်နှလုံးတည်းဟူသော ဘဏ္ဍာတိုက်၌ သိုမှီးသိမ်းဆည်းမထားထိုက်သော။ [နိဓေတိ သန္နိဓာနံ ကရောတိ ဧတ္ထာတိ နိဓာနံ၊ သိုမှီးသိမ်းဆည်းထားရာ စိတ်နှလုံးဟူသော ဘဏ္ဍာတိုက်၊ သေတ္တာ]။ အနပဒေသံ၊ (ဘုရာဟောပါဠိတော်ဟူသော) ညွှန်ပြပြောဆိုအပ်သော အာဂုံသာဓက အကြောင်းပြမပါရှိသော။ [အပဒိသိတဗ္ဗောတိ အပဒေသော၊ ညွှန်ပြအပ်သော အာဂုံသာဓကအကြောင်း၊ ဘုရားဟောပါဠိ၊ နတ္ထိ အပဒေသော ဧတိဿာ ဝါစာယာတိ အနပဒေသာ]။ အပရိယန္တဝတိံ၊ အပိုင်းအခြားအကန့်အသတ်မရှိသော။ အနတ္ထသံဟိတံ၊ မိမိသူတပါး အကျိုးစီးပွားနှင့် မစပ်သော။ ဝါစံ၊ စကားကို။ အကာလေန၊ မပြောဆိုသင့်ရာအခါ၌။ ဘာသိတာ၊ ပြောဆိုသည်။ ဟောတိ၊ ၏။
စုန္ဒ၊ စုန္ဒ။ ဧဝံ၊ ဤသို့ မုသာဝါဒစသော ဝစီကံလေးပါးကို ကျူးလွန်ခြင်းအားဖြင့်။ ဝါစာယ၊ ဝစိဒွါရဖြင့်။ အသောစေယျံ၊ မစင်ကြယ်သူ၏ ဖြစ်ကြောင်းအကျင့်သည်။ စတုဗ္ဗိဓံ၊ သည်။ ဟောတိ၊ ၏။
စုန္ဒ၊ စုန္ဒ။ ကထဉ္စ၊ ဖြင့်။ မနသာ၊ မနောဒွါရဖြင့်။ အသောစေယျံ၊ သည်။ ဟောတိ၊ မူ။
စုန္ဒ၊ စုန္ဒ။ ဣဓ၊ ၌။ ဧကစ္စော၊ သည်။ အဘိဇ္ဈာလု၊ များသော အဘိဇ္ဈာရှိသည်။ ဟောတိ၊ ၏။
ပရဿ၊ သူတပါး၏။ ယံ တံ ပရဝိတ္တူပကရဏံ၊ အကြင်အခြားသော သူ၏ နှစ်သက်ခြင်း၏ အကြောင်းဖြစ်သောပစ္စည်းဥစ္စာသည်။ ဝါ၊ အကြင်အခြာသော သူ၏ နှစ်သက်မှုကို ဖြစ်စေတတ်သော ပစ္စည်းဥစ္စာသည်။ (အတ္ထိ၊ ရှိ၏)။ တံ၊ ထိုသူတပါးပစ္စည်းဥစ္စာကို။ အဘိဇ္ဈာယိတာ၊ လောဘဖြင့် ရှေ့ရှုကြံစည်သည်။ ဟောတိ၊ ဖြစ်၏။ (ကိန္တိ၊ အဘယ်သို့။ အဘိဇ္ဈာယိတာ၊ သည်။ ဟောတိ၊ ဖြစ်သနည်းဟူမူ)။
ပရဿ၊ သူတပါး၏။ ယံ (သန္တကံ)၊ အကြင်ဥစ္စာသည်။ (အတ္ထ၊ ရှိ၏)။ တံ(သန္တကံ)၊ ထိုဥစ္စာသည်။ မမ၊ ငါ၏။ (သန္တကံ၊ ဥစ္စာသည်)။ အဿ၊ ဖြစ်ပါမူကား။ အဟော ဝတ၊ ကောင်းလေစွာ့။ ဣတိ၊ ဤသို့။ (အဘိဇ္ဈာယိတာ၊ စည်သည်။ ဟောတိ၊ ၏။)
ဣမေ သတ္တာ၊ ဤသတ္တဝါတို့ကို။ ဟညန္တု၊ သတ်အပ်စေကုန်သတည်း။ ဝါ၊ အသတ်ခံရပါစေကုန်သတည်း။ ဣတိ ဝါ၊ ဤသို့ သော်လည်းကောင်း။ ဣမေ သတ္တာ၊ တို့ကို။ ဗဇ္ဈန္တု၊ ချုပ်နှောင်အပ်ပါစေကုန်သတည်း။ ဝါ၊ ချုပ်နှောင်ခံရပါစေကုန်သတည်း။ ဣတိ ဝါ၊ ဤသို့ သော်လည်းကောင်း။ ဣမေ သတ္တာ၊ ဤသတ္တဝါတို့သည်။ ဝိနဿန္တု၊ ပျက်စီးစေကုန်သတည်း။ ဣတိ ဝါ၊ ကောင်း။ ဣမေ သတ္တာ၊ တို့သည်။ မာ အဟေသုံ၊ ကောင်းကျိုးမှန်က ဘာတခုမျှ မဖြစ်ပါစေကုန်သတည်း။ ဣတိ ဝါ၊ ကောင်း။ ဗျာပန္နစိတ္တော၊ ဖောက်ပြန်ခြင်းသို့ ရောက်သော စိတ်ရှိသည်။ ပဒုဋ္ဌမနသင်္ကပ္ပေါ၊ ဒေါသသည် ဖျက်ဆီးအပ်သော အကြံရှိသည်။ ဟောတိ၊ ၏။
မိစ္ဆာဒိဋ္ဌိကော၊ လွဲမှားသော အယူရှိသည်။ ဝိပရီတဒဿနော၊ ဖောက်ပြန်သော အမြင်ရှိသည်။ ဟောတိ၊ ၏။ (ကိန္တိ၊ အဘယ်သို့။ ဟောတိ၊ ဖြစ်သနည်းဟူမူ)။
ဒိန္နံ၊ လှူဖွယ်ဝတ္ထုပေးလှူရခြင်း၏ အကျိုးသည်။ ဝါ၊ ပေးလှူကြောင်း ဒါနစေတနာ၏ အကျိုးသည်။ နတ္ထိ၊ မရှိ။ ယိဋ္ဌံ၊ ပူဇော်ဖွယ် ပစ္စည်းဝတ္ထုကို အကြီးအကျယ် ပေးလှူပူဇော်ခြင်း၏ အကျိုးသည်။ ဝါ၊ အကြီးအကျယ်ပေးလှူပူဇော်ကြောင်း စေတနာ၏ အကျိုးသည်။ နတ္ထိ၊ မရှိ။ ဟုတံ၊ ဧည့်သည်တို့အား ကောင်းနိုးရာရာပစ္စည်းဝတ္ထု ပေးကမ်းပြုစုရခြင်း၏ အကျိုးသည်။ နတ္ထိ၊ မရှိ။ သုကဋဒုက္ကဋာနံ၊ ကောင်းစွာ ပြုအပ်, မကောင်းသဖြင့် ပြုအပ်ကုန်သော။ ကမ္မာနံ၊ ကုသိုလ်ကံ, အကုသိုလ်ကံတို့၏။ ဖလံ၊ ထပ်ဆင့်တိုးတက် အကျိုးဆက်သည်လည်းကောင်း။ ဝိပါကော၊ ကံတူမူရင်းအကျိုးသည်လည်းကောင်း။ နတ္ထိ၊ မရှိ။ အယံ လောကော၊ ဤယခုပစ္စုပ္ပန်လောကသည်။ (ကံတရားဖြင့် ဟိုဘက်ဘဝမှ သေပြီး ပြောင်းရွေ့လာရောက်အပ်သော ဤဘက်ဘဝဟူသည်ဲ)။ နတ္ထိ၊ မရှိ။ ပရော လောကော၊ ဟိုဘက်တမလွန်လောကသည်။ (ဤဘက်ဘဝမှ သေပြီး ပြောင်းရွေ့သွားရမည့် ဟိုဘက်ဘဝဟူသည်)။ နတ္ထိ၊ မရှိ။ မာတာ၊ အမိ၌ ရိုသေစွာ ပြုစုခြင်း, ရိုင်းစိုင်းစွာ ပြုမူခြင်း၏ ကောင်းးကျိုးဆိုးကျိုးသည်။ နတ္ထိ၊ ပိတာ၊ အဘ၌ရိုသေ, မရိုသေ ပြုကျင့်ရခြင်း၏ ကောင်းကျိုးဆိုးကျိုးသည်။ နတ္ထိ၊ ဩပပါတိကာ၊ သေပြီးမှနောက် ကပ်ရောက်ဖြစ်ပေါ်လာကုန်သော။ သတ္တာ၊ သတ္တဝါတို့သည်။ နတ္ထိ၊ မရှိကုန်။ [တိကနိပါတ် စာပိုဒ် (၁၁၈) ဝိပတ္တိသမ္ပဒါသုတ်လည်းကြည့်။] ယေ(သမဏဗြာဟ္မစာ)၊ အကြင်ရဟန်းသူတော်ကောင်းတို့သည်။ ဣမဉ္စ လောကံ၊ ဤယခုမျက်မြင်လောကကိုလည်းကောင်း။ ပရဉ္စ လောကံ၊ အခြားသော မျက်ကွယ်လောကကို လည်းကောင်း။ သယံ၊ ကိုယ်တိုင်။ အဘိညာ၊ ထူးခြားသော သဗ္ဗညုတဉာဏ်ဖြင့် သိတော်မူကြ၍။ သစ္ဆိကတွာ၊ မျက်မှောက်ပြုတော်မူကြကုန်၍။ ဝါ၊ ကိုယ်တွ့မျက်မြင်သိတော်မူကြကုန်၍။ ပဝေဒေန္တိ၊ ဟောပြောသိစေတော်မူကြကုန်၏။ သမ္မဂ္ဂတာ၊ သီလစသော နိဗ္ဗာန်လမ်းကြောင်းသို့ ဖြောင့်မှန်စွာ ကြွသွားတော်မူကြကုန်သော။ သမ္မာပဋိပန္နာ၊ သီလစသော အကျင့်ကို ကောင်းစွာကျင့်တော်မူကြကုန်သော။ တေ သမဏဗြဟ္မဏာ၊ ထိုရဟန်းသူတော်ကောင်းတို့သည်။ လောဓက၊ လောက၌။ နတ္ထိ၊ မရှိပါကုန်။ ဣတိ၊ ဤသို့။ (ဝိဒရီတဒဿနော၊ ရှိသည်။ ဟောတိ၊ ၏)။
စုန္ဒ၊ စုန္ဒ။ ဧဝံ၊ ဤသို့ အဘိဇ္ဈာအစရှိသသော မနောကံသုံးပါးကို လွန်ကျူးခြင်းအားဖြင့်။ မနသာ၊ ဖြင့်။ အသောစေယျံ တိဝိဓံ ဟောတိ၊ ။
စုန္ဒ၊ စုန္ဒ။ ဣမေ ဒသ၊ ဤဆယ်ပါးတို့သည်။ (ပါဏာတိပါတ, အဒိန္နာဒါနမှ စ၍ မိစ္ဆာဒိဋ္ဌိတိုင်အောင်သော ဆယ်ပါးတို့သည်)။ အကုသလကမ္မပထာ၊ အကုသိုလ်ဟူသော ဒုဂ္ဂတိဘဝကံလမ်းကြောင်းတို့မည်၏။
စုန္ဒ၊ စုန္ဒ။ ဒသဟိ၊ ဆယ်ပါးကုန်သော။ အကုသလေဟိ၊ အကုသိုလ် ဖြစ်ကုန်သော။ ဣမေဟိ ကမ္မပထေဟိ၊ ဤကံလမ်းကြောင်းတို့နှင့်။ (ဤဒုဂ္ဂတိဘဝ၏ လမ်းကြောင်းဖြစ်သော ကံတို့နှင့်)။ သမန္နာဂတော၊ ပြည့်စုံသောသူသည်။ ကာလဿေဝ၊ နံနက်စောစော၌သာလျှင်။ သယနမှာ၊ အိပ်ရာမှ။ ဥဋ္ဌဟန္တောဝ၊ ထလသော်သာလျှင်။ ဝါ၊ ထလျှင် ထချင်းသာလျှင်။ ပထဝိံ၊ မြေကို။ စေ အာမသတိ၊ အကယ်၍ လက်ဖြင့် သုံးသပ်ငြားအံ့။ (ဧဝံ သတိပိ၊ ဤသို့ သုံးသပ်သည်ဖြစ်လျှင်လည်း)။ အသုစိယေဝ၊ မစင်ကြယ်သည်သာလျှင်။ ဟောတိ၊ ၏။
ပထဝိံ၊ ကို။ နော စေ အာမသတိ၊ အကယ်၍ မသုံးသပ်အံ့။ (ဧဝံ သတိပိ၊ ဤသို့ မသုံးသပ်သည်ဖြစ်လျှင်လည်း)။ အသုစိယေဝ၊ လျှင်။ ဟောတိ၊ ၏။
အလ္လာနိ၊ စိုကုန်သော။ ဂေါမယာနိ၊ တို့ကို။ စေအာမသတိ၊ အံ့။ (ဧဝံ သတိပိ၊ လည်း။) အသုစိယေဝ၊ လျှင်။ ဟောတိ၊ ၏။
အလ္လာနိ၊ ကုန်သော။ ဂေါမယာနိ၊ တို့ကို။ နော စေ အာမသတိ၊ အံ့။ (ဧဝံ သတိပိ၊ လည်း)။ အသုစိယေဝ၊ လျှင်။ ဟောတိ၊ ၏။ ။ပ။၊
အဂ္ဂိံ၊ မီးကို။ စေ ပရိစရတိ၊ အကယ်၍ ပြုစုလုပ်ကျွေးငြားအံ့။ (ဧဝံသတိပိ၊ ဤသို့ ပြုစုလုပ်ကျွေးသည်ဖြစ်လျှင်လည်း)။ အသုစိယေဝ၊ လျှင်။ ‌ဟောတိ၊ ၏။ အဂ္ဂိံ၊ ကို။ နော စေ ပရိစရတိ၊ အကယ်၍ မပြုစုမလုပ်ကျွေးငြားအံ့။ (ဧဝံ သတိပိ၊ ဤသို့ မပြုစုမလုပ်ကျွေးသည်ဖြစ်လျှင်လည်း)။ ။ပ။၊
ပဉ္စလိကော၊ ရှိသည်။ (ဟုတွာ၊ ဖြစ်၍)။ အာဒိစ္စံ၊ နေကို။ စေ နမဿတိ၊ အကယ်၍ ရှိခိုးငြားအံ့။ (ဧဝံ သတိပိ၊ ဤသို့ ရှိခိုးသည်ဖြစ်လျှင်လည်း)။ ။ပ။၊
သာယတတိယကံ၊ အောင်။ ဥဒကံ၊ ရေကို။ စေ ဩရောဟတိ၊ အကယ်၍ သက်ဆင်းငြားအံ့။ (ဧဝံ သတိပိ၊ ဤသို့ သက်ဆင်းသည်ဖြစ်လျင်လည်း)။ ။ပ။၊
သာယတတိယကံ၊ အောင်။ ဥဒကံ၊ သို့။ နော စေ ဩရောဟတိ၊ အကယ်၍ မသက်ဆင်းငြားအံ့။ (ဧဝံ သတိပိ၊ ဤသို့ မသက်ဆင်းသည်ဖြစ်လျှင်လည်း)။ အသုစိယေဝ၊ လျှင်။ ဟောတိ၊ ၏။
တံ၊ ထိုသို့ မစင်ကြယ်သည်သာဖြစ်ခြင်းသည်။ ကိဿ ဟေတု၊ အဘယ်အကြောင်းကြေင့်နည်းဟူမူ။
စုန္ဒ၊ စုန္ဒ။ ဒသ၊ ကုန်သော။ ဣမေ အကုသလကမ္မပထာ၊ တို့သည်။ အသုစီယေဝ၊ မစင်ကြယ်ကုန်သည်သာလျှင်တည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ အသုစိကာရဏာ စ၊ မစင်ကြယ်သော အကျိုးတရားတို့သည် အကြောင်းတို့သည်လည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ (ဣတိ၊ ထို့ကြောင့် ပေတည်း။)
စုန္ဒ၊ စုန္ဒ။ ပန၊ အကုသလဓမ္မပထတို့၏ မကောင်းကျိုးများကား။ ဒသန္နံ၊ ဆယ်မျိုးကုန်သော။ အကုသလာနံ၊ အကုသိုလ်ဖြစ်သော။ ဣမေသံ ကမ္မပထာနံ၊ ဤကံဟူသောလမ်းကြောင်းတို့၏။ သမန္နာဂမဟေတု၊ ပြည့်စုံခြင်းဟူသော အကြောင်းကြောင့်။ နိရယော၊ ငရဲဘုံဘဝသည်။ ပညာယတိ၊ ထင်ရှားဖြစ်လာ၏။ တိရစ္ဆာနယောနိ၊ တိရစ္ဆာန်ဘဝသည်။ ပညာယတိ၊ ၏။ ပေတ္တိဝိသယော၊ ပြိတ္တာဘဝသည်။ ပညာယတိ၊ ၏။ ဝါ၊ ထို့အပြင်။ အညာ၊ အခြားကုန်သော။ ယာ ကာစိ၊ ကြွင်းမဲ့ဥဿုံ အားလုံးစုံကန်သော။ ဒုဂ္ဂတိယော၊ မကောင်းဆိုးဝါးသော လားရာဘဝတို့သည်။ (သန္တိ၊ ရှိကုန်၏)။ တာ သဗ္ဗာပိ ဒုဂ္ဂတိယော၊ ထိုအားလုံးသော မကောင်းဆိုးဝါးသော လားရာဘဝတို့သည်လည်း။ ပညာယန္တိ၊ ထင်ရှားဖြစ်လာကုန်၏။
စုန္ဒ၊ စုန္ဒ။ ကာယေန၊ ကာယဒွါရဖြင့်။ သောစေယျံ၊ စင်ကြယ်သူဖြစ်ကြောင်းအကျင့်သည်။ တိဝိဓံ၊ သုံးပါးအပြားရှိသည်။ ဟောတိ၊ ၏။ ။ပ။၊
စုန္ဒ၊ စုန္ဒ။ ဣဓ၊ ဤလောက၌။ ဧကစ္စော၊ သည်။ ပါဏာတိပါတံ၊ ကို။ ပဟာယ၊ ၍။ [စာပိုဒ် (၉၉) ဥပါလိသုတ်ကြည့်။] ။ပ။၊
ပရဿ၊ ၏။ ဂါမဂတံ ဝါ၊ သော။ ။ပ။ တံ၊ ထိုသူတပါးပစ္စည်ဥစ္စာကို။ အဒိန္နံ၊ ဘဲ။ ထေယျသင်္ခါတံ၊ ဖြင့်။ အာဒါတာ၊ သည်။ နဟောတိ၊ မဖြစ်။
ကာမေသုမိစ္ဆာစာရံ၊ မေထုန်ကာမအကျင့်တို့၌ ယုတ်မာစွာကျင့်မှု အကုသိုလ်စေတနာကို. ပဟာယ၊ ၍။ ကာမေသုမိစ္ဆာစာရာ၊ စေတနာမှ။ ပဋိဝိရတော၊ သည်။ ဟောတိ၊ ၏။ ။ပ။ တထာရူပါသု၊ တို့၌။ စာရိတ္တံ၊ သို့။ အာပဇ္ဇိတာ၊ သည်။ န ဟောတိ၊ မဖြစ်။
စုန္ဒ၊ စုန္ဒ။ ဧဝံ၊ ဤသို့ ပါဏာတိပါတစသော ကာယကံသုံးပါးမှ ရှောင်ကြဉ်သောအားဖြင့်။ ကာယေန၊ ဖြင့်။ သောစေယျံ၊ သည်။ တိဝိဓံ၊ သည်။ ဟောတိ၊ ၏။ ။ပ။၊
စုန္ဒ၊ စုန္ဒ။ ဧဝံ၊ ဤသို့ မုသာဝါဒစသော ဝစီကံလေးပါးတို့မှ ရှောင်ကြဉ်ခြင်းအားဖြင့်။ ဝါစာယ၊ ဖြင့်။ သောစေယျံ၊ သည်။ စတုဗ္ဗိဓံ၊ သည်။ ဟောတိ၊ ၏။ ။ပ။၊
စုန္ဒ၊ စုန္ဒ။ ဣဓ၊ ၌။ ဧကစ္စော၊ သည်။ အနဘိဇ္ဈာလု၊ များသော အဘိဇ္ဈာရှိသူ မဟုတ်သည်။ ‌ဟောတိ၊ ၏။ ။ပ။၊
တံ၊ ကို။ အနဘိဇ္ဈာယိတာ၊ လောဘဖြင့် ရှေ့ရှုမကြံစည်တတ်သည်။ ဟောတိ၊ ။ပ။၊
ဣမေ သတ္တာ၊ ဤသတ္တဝါတို့သည်။ အဝေရာ၊ ခိုက်ရန်ဒေါသ အာဃာတမရှိကြကုန်သည်။ ‌ဟောန္တု၊ ဖြစ်ပါစေကုန်သနည်း။ အဗျာပဇ္ဈာ၊ စိတ်ဆင်းရဲခြင်းမရှိကြကုန်သည်။ ဟောန္တု၊ တည်း။ အနီဃာ၊ ကိုယ်ဆင်းရဲမရှိကုန်သည်။ ဟောန္တု၊ တည်း။ သုခီ၊ ကိုယ်စိတ်နှစ်ဖြာချမ်းသာရှိကြကုန်သည်။ (ဟုတွာ၊ ဖြစ်ကြ၍)။ အတ္တာနံ၊ မိမိကိုယ်ကို။ ပရိဟရန္တု၊ ပြုစုစောင့်ရှောက်မွေးမြူနိုင်ကြပါစေကုန်သတည်း။ပရိဟရန္တုပုဒ်၏ ဋ္ဌဋီအဖွင့် ။ ။ အဋ္ဌကထာ ၌ ပရိဟရတိပုဒ်ကို "ဇဂ္ဂတိ ပေါသေတိ ‌ဂေါပေတိ- မွေးမြူ၏၊ ပြုစုစောင့်ရှောက်၏" ဟု ဖွင့်၏၊ အတ္တာနံ ပရိဟရတီတိ နိဂ္ဂုဏံ အတ္တာနံ ဂေါပယတိ။ အင်္ဂုတ္တိုရ်အဋ္ဌကထာ၊ ဒု-၅၉ (ဒုကနိပါတ်စာပိုဒ် _ ၁၃၅- သုတ်အဖွင့်)။ ကာယပရိဟာရိက- ခန္ဓာကိုယ်ကို မွေးမြူတတ်သော သင်္ကန်းသပိတ်စသော ပရိက္ခရာ၊ ကုစ္ဆိပရိဟာရိက- ဝမ်းကို မွေးမြူတတ်သော ပရိက္ခရာ။
ဤပါဠိများကို နည်းမှီး၍ "သုခီ အတ္တာနံ ပရိဟရန္တု" ဟူသော ဤမေတ္တာပို့ ဝါကျ၌လည်း ထို့အတိုင်း မြန်မာပြန်လျှင် အဋ္ဌကထာ အဖွင့်နှင့် တထပ်တည်းတူညီ၏၊ သတ္တဝါတို့သည် နေ့စဉ် နေ့စဉ် အချိန်မရွေးခန္ဓာကိုယ်၏ အလိုလိုက်ပြီး မိမိတို့ခန္ဓာကိုယ်ကို ကျွေးမွေးစောင့်ရှောက်ပြုစုနေကြရ၏၊ ယင်းသို့ ပြုစုနေကြရာ၌ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် ကျွေးမွေးပြုစုစောင့်ရှောက်နိုင်ကြပါစေဟု မေတ္တာပို့ ပါဠိဆိုလိုသောကြောင့် အဓိပ္ပာယ်လည်းကောင်း၏။
ယခုအခါ၌မူ "ပရိဟရန္တု- ရွက်ဆောင်နိုင်ကြပါစေကုန်သတည်း" ဟု မြန်မာပြန်ရိုးထုံးစံ ဖြစ်နေ၏။ ယင်းသို့ မြန်မာပြန်ရာ၌ "မိမိခန္ဓာကိုယ်ဟူသော ဝန်ထုပ်ဝန်ပိုးကို ရွက်ဆောင်သည် (သို့မဟုတ်) ခန္ဓာကိုယ်တာဝန်ကို ထားဆောင်သည်" ဟုအဓိပ္ပာယ်ယူသင့်၏။ ကျန်းမာရေးချို့တဲ့၍ အားနည်းနေသောသူများသည်မိမိတို့ ခန္ဓာကိုယ် ဝန်ထုပ်ကို ပေါ့ပေါ့ပါးပါး ချမ်းချမ်းသာသာ ရွက်ဆောင်နိုင်ကြသည်မဟုတ်၊ ရောဂါအသည်းအသန်ဖြစ်နေ၍ အိပ်ရာထဲက မထနိုင်အောင် တုံးလုံးလဲ နေသူသူမှာမူ မိမိ ခန္ဓာကိုယ်တာဝန်ကို ကိုယ်တိုင်ထမ်းဆောင်နိုင်တော့သည် မဟုတ်သော ကြောင့် အခြားသူများက ဝိုင်းဝန်းကူညီထမ်းဆောင်ပေးကြရ, ပြုစုစောင့် ရှောက်ကြရ၏၊ ထို့ကြောင့် သတ္တဝါအားလုံးတို့ ယင်းသို့ မဖြစ်ကြရအောင် "သုခီ အတ္တာနံ ပရိဟရန္တု- ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိတို့ ခန္ဓာကိုယ်တာဝန်အရပ်ရပ်ကို ရွက်ဆောင်နိုင် ထမ်းဆောင်နိုင်ကြပါစေ" ဟု ဆိုလိုသောကြောင့် "ရွက်ဆောင်" ဟူသော မြန်မာပြန်သည်လည်း အဓိပ္ပာယ်ကောင်းသည်ပင်ဖြစ်၏။
တနည်းဆိူရသော် ခန္ဓာကိုယ် ကို ရွက်ဆောင်၏ ဟူသည် ခန္ဓာကိုယ်ကို ကျွေးမွေးပြုစုစောင့်ရှောက်ခြင်းပင် ဖြစ်သောကြောင့် ရွက်ဆောင်ခြင်းအနက်ကို ပရဓာတ်၏ မူရင်းအနက် (သဒ္ဒတ္ထ) ဟု ဆို၍ အဋ္ဌကထာ၏ ဇဂ္ဂန,ပေါသန,ဂေါသန (ကျွေးမွေးပြုစု စောင့်ရှောက်ခြင်း) အနက်ကိုမူ အဓိပ္ပာယ်အနက်ဟု ဆိုလိုက ဆိုနိုင်ပါ၏။
တိစိဝရံ တာဝ နိဝါသေတွာ စ ပါရုပိတွာ စ ဝိစရဏကာလော ကာယံ ပရိဟရတိ ပေါသေတီတိ ကာယပရိဟာရိကံ ဟောတိ၊ စီဝရကဏ္ဏေနဥဒကံ ပရိဿာဝေတွာ ပိဝနကာလေ ခါဒိတဗ္ဗလာဖလဂဟဏကာလေစ ကုစ္ဆိံ ပရိဟရတိ ပေါသေတီတိ ကုစ္ဆိပရိဟာရိကံ ဟောတိ။ စတုက္ကနိပါတ်စာပိုဒ် (၁၉၈) အတ္တန္တ ပသုတ်အဋ္ဌကထာ (နှာ- ၃၈၀)၊ သီလက္ခန်အဋ္ဌကထာ (၁၈၄- ၅)၊ ကာယံ ပရိဟရန္တိ ပေါသေန္တီတိ ကာယပရိဟာရိကာ၊ တထာ ကုစ္ဆိပရိဟာရိကာ ဝေဒိတဗ္ဗာ။ သီလက္ခန်ဋီကာ။ ၂၅၅။
ဝါ၊ ဆောင်ရွက်နိုင်ကြပါစေကုန်သတည်း။ ဣတိ၊ ဤသို့။ အဗျာပန္နစိတ္တော၊ ဖောက်ပြန်ခြင်းသို့ ရောက်သော ဒေါသမူစိတ်မရှိသည်။ အပ္ပဒုဋ္ဌမနသင်္ကပ္ပေါ၊ ဒေါသသည် ဖျက်ဆီးအပ်သော စိတ်အကြံမရှိသည်။ ဟောတိ၊ ၏။
သမ္မာဒိဋ္ဌိကော၊ မှန်ကန်သော ဉာဏ်အမြင်ရှိသည်။ အဝိပရီတဒဿနော၊ မဖောက်မပြန်မှန်ကန်သော ဉာဏ်အမြင်ရှိသည်။ ဟောတိ၊ ၏။ (ကိန္တိ၊ သို့။ ဟောတိ၊ ဟူမူ)။
ဒိန္နံ၊ လှူဖွယ်ဝတ္ထုပေးလှူရခြင်း၏ အကျိုးသည်။ ဝါ၊ သည်။ အတ္ထိ၊ ရှိ၏။ ဟုတံ၊ သည်။ အတ္ထိ၊ ၏။ ။ပ။၊ သစ္ဆိကတွာ၊ ၍။ ပဝေဒေန္တိ၊ ကုန်၏။ သမ္မဂ္ဂတာ၊ ကုန်သော။ သမ္မာပဋိပန္နာ၊ ကုန်သော။ ‌တေ သမဏဗြာဟ္မဏာ၊ တို့သည်။ လောကေ၊ ၌။ အတ္ထိ၊ ရှိကုန်၏။ ဣတိ၊ သို့။ (အဝိပရီတဒဿနော၊ သည်။ ဟောတိ၊ ၏။)
စုန္ဒ၊ စုန္ဒ။ ဧဝံ၊ ဤသို့ အဘိဇ္ဈာအစရှိသော မနောကံသုံးပါးကို မကျူးလွန်ခြင်းအားဖြင့်။ မနသာ၊ ဖြင့်။ သောစေယျံ၊ သည်။ ဟောတိ၊ ၏။
စုန္ဒ၊ စုန္ဒ။ ဣမေ ဒသ၊ တို့သည်။ (ပါဏာတိပါတဝိရတိမှ စ၍ သမ္မာဒိဋ္ဌိတိုင်အောင်သော ဤဆယ်ပါးတို့သည်)။ ကုသလကမ္မပထာ၊ ကုသိုလ်ဟူသော သုဂတိဘဝကံလမ်းကြောင်းတို့မည်၏။
စုန္ဒ၊ စုန္ဒ။ ဒသဟိ၊ ကုန်သော။ ကုသလေဟိ၊ ကိုသိုလ်ဖြစ်သော။ ဣမေဟိ ကမ္မပထေဟိ၊ ဤကံဟူသော လမ်းကြောင်တို့နှင့်။ ဝါ၊ ဤသုဂတိဘဝ၏ လမ်းကြောင်းဖြစ်သော ကံတို့နှင့်။ သမန္နာဂတော၊ ပြည့်စုံသောသူသည်။ ။ပ။ သုစိယေဝ၊ စင်ကြယ်သည်သာလျှင်။ ဟောတိ၊ ၏။ ။ပ။၊
တံ၊ ထိုသို့ စင်ကြယ်သည်သာ ဖြစ်ခြင်းသည်။ ကိဿ ဟေတု၊ ဟူမူ။
စုန္ဒ၊ စုန္ဒ။ ဒသ၊ ကုန်သော။ ဣမေ ကုသလကမ္မပထာ၊ တို့သည်။ သုစီယေဝ၊ စင်ကြယ်ကုန်သည်သာလျှင်လည်း။ ဟောန္တိ၊ ၏။ သုစီကာရဏာ စ၊ စင်ကြယ်သော အကျိုးတရားတို့၏ အကြောင်းတို့သည်လည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ (ဣတိ၊ ထို့ကြောင့်ပေတည်း)။
စုန္ဒ၊ စုန္ဒ။ ပန၊ ကုသလကမ္မပထတို့၏ ကောင်းကျိုးများကား။ ဒသန္နံ၊ ကုန်သော။ ကုသလာနံ၊ ကုန်သော။ ဣမေသံ ကမ္မပထာနံ၊ တို့၏။ သမန္နာဂမဟေတု၊ ပြည့်စုံခြင်းဟူသော အကြောင်းကြောင့်။ ဒေဝါ၊ နတ်တို့သည်။ ပညာယန္တိ၊ ကုန်၏။ မနုဿာ၊ လူတို့သည်။ ပညာယန္တိ၊ ၏။ ဝါ၊ ထို့အပြင်။ အညာ၊ အခြားကုန်သော။ ယာ ကာစိ၊ ကုန်သော။ သုဂတိယော၊ ကောင်းသောလားရာဘဝတို့သည်။ (သန္တိ၊ ရှိကုန်၏)။ တာ သဗ္ဗာပိ သုဂတိယော၊ ထိုအားလုံးသော ကောင်းသော လားရာဘဝတို့သည်လည်း။ ပညာယန္တိ၊ ထင်ရှားဖြစ်လာကုန်၏။ ဣတိ၊ ဤသို့။ (အဝေါစ၊ မိန့်တော်မူပြီ)။
ဧဝံ၊ ဤသို့။ ဝုတ္တေ၊ မြတ်စွာဘုရားမိန့်တော်မူအပ်လသော်။ ["အဘိက္ကန္တံ စသည်ကို စာပိုဒ် (၁၁၉) ပဌမပစ္စောရောဟဏီသုတ်ကြည့်။] ။ပ။၊
ဒသမံ၊ ။