သုနိဓဝဿကာရာ၊ သုနိဓ, ဝဿကာရတို့မည်သော။
မဂဓမဟာမတ္တာ၊ မဂဓမင်း၏ အမတ်ကြီးတို့သည်။
ဝဇ္ဇီနံ၊ ဝဇ္ဇီမင်းတို့၏။
(အာယမုခံ၊ ဝင်လာသော အခွန်အတုတ်၏အဝကို။)
ပဋိဗာဟာယ၊ တားမြစ်ခြင်းငှာ။
ပါဋလိဂါမေ၊ ပါဋလိရွာ၌။
နဂရံ၊ ကို။
မာပေန္တိ၊ တည်ထောင်ဖန်ဆင်းကြကုန်၏။
(ပါဋလိရွာငယ်ကို ယခုမြို့ဖြစ်အောင် တည်ထောင်ကြသည်ဟု သာရတ္ထ၌ မိန့်၏၊ ဝိမတိ၌ကား "ပါဋလိရွာ၏အနီးဖြစ်သော တောအရပ်၌မြို့ကို တည်ထောင်သည်" ဟု မိန့်သည်)။
ပေ။
စက္ခုနာ၊ ဖြင့်။
သမ္ဗဟုလာ၊ ကုန်သော။
ဒေဝတာယော၊ တို့ကို။
ဝတ္ထူနိ၊ အိမ်ရာတို့ကို။
(အိမ်နေရာတို့ကို။)
ပရိဂ္ဂဏှန္တိယော၊ သိမ်းယူနေသည်တို့ကို။
အဒ္ဒသာ၊
("ဒိဗ္ဗေန စက္ခုနာ" စသည်တို့၏အနက်ကို မဟာခန္ဓကပုဒ်စဉ် ၁ဝ-၌ ရေးခဲ့ပြီ။)
ယသ္မိံ ပဒေသေ၊ အကြင် အရပ်၌။
မဟေသက္ခာ၊ တန်ခိုးကြီးကုန်သော။
ဒေဝတာ၊ တို့သည်။
ဝတ္ထူနိ ပဋိဂ္ဂဏှန္တိ၊
တတ္ထ၊ ထိုအရပ်၌။
မဟေသက္ခာနံ၊ ကုန်သော။
ရာဇူနံ၊ တို့၏လည်းကောင်း။
(မင်းမျိုးတို့၏လည်းကောင်း။)
ရာဇမဟာမတ္တာ၊ မင်း၏အမတ်ကြီးတို့၏လည်းကောင်း။
နိဝေသနာနိ၊ အိမ်တော်တို့ကို။
မာပေတုံ၊ တည်ထောင်ဖန်ဆင်ခြင်းငှာ။
စိတ္တာနိ၊ တို့သည်။
နမန္တိ၊ ကိုင်းညွတ်ကုန်၏။
(နောက်၌
"မဇ္ဈိမာ၊ တန်ကိုးအားဖြင့် အလယ်အလတ်၌ဖြစ်ကုန်သော။
နီစာ၊ တန်ခိုးအားဖြင့် နိမ့်ကျကုန်သော" ဟု ပေးပါ။
"မဟေ သက္ခာ" ပုဒ်၏အဖွင့်ကို ပါစိတ်ဘာသာဋီကာ၌ ပြထားပြီ။
"မဟေသက္ခာ- ကြီးသော အစိုးရခြင်းရှိသူတို့ဟု ဆိုအပ်ကုန်သော" ဟု သဒ္ဒတ္ထ ပေးပါ)။
ပေ။
အာနန္ဒ...။
(ယေ၊ အကြင် သူတို့သည်။
ပေ။
မာပေန္တိ၊ ကုန်၏။)
တေ၊ ထို သူတို့သည်။
ကေ နု ခေါ၊ အဘယ်သူတို့နည်း?။
ဣတိ၊ ပြီ။
ပေ။
တာဝတိံသေဟိ၊ တာဝတိံသာဘုံ၌ နေကုန်သော။
ဒေဝေဟိ၊ တို့နှင့်။
သဒ္ဓိံ၊ အတူ။
မန္တေတွာ၊ တိုင်ပင်၍။
(မာပေန္တိ) သေယျထာပိ၊ တည်ထောင်ဖန်ဆင်းကုန်သကဲ့သို့။
အာနန္ဒ...။
ဧဝမေဝ၊ ပင်။
ပေ။
မာပေန္တိ၊
(ဤဝါကျနှင့်စပ်၍ မှတ်ဖွယ်ကို ဋီကာ၌ ကြည့်ပါ)။
ပေ။
အာနန္ဒ...။
ယာဝတာ၊ အကြင်မျှအတိုင်းအရှည်ရှိသော။
အရိယာယတနံ၊ အရိယာဒေသ၌ နေကြကုန်သောလူတို့၏ သက်ရောက်ရာအရပ်သည်။
(အတ္ထိ။)
ယာဝတာ၊ သော။
ဝိဏိပ္ပထော၊ ကုန်သည်တို့ ရောင်းဝယ်အပ်သော ဘဏ္ဍာ၏ရောင်းဝယ်ရာ အရပ်သည်။
**တစ်နည်း**- ဝဏိပ္ပထော၊ ကုန်သည်တို့၏ နေရာ အရပ်သည်။
(အတ္ထိ။)
ဣဒံ ပါဋလိပုတ္တံ၊ ဤ ပိဋလိပုတ်မြို့သည်။
(တေသံ၊ ထိုအရီယာယတန, ဝဏိပ္ပထတို့၏။
(ဝါ)၊ တို့တွင်။)
အဂ္ဂနဂရံ၊ အမြတ်ဆုံးမြို့သည်။
ပုဋဘေဒံ၊ ကုန်ထုပ်ကို ဖြေရာမြို့သည်။
ဘဝိဿတိ၊ လိမ့်မည်။
("အရိယံ+အာယတနံ" ဟု ဝါကျတွေ့ရ၏၊ "အရိယာယတနံ" ဟု သမာသ် ရှိသင့်ကြောင်းကို ဘာသာဋီကာ၌ ပြထားပြီ။)
အာနန္ဒ...၊
ပါဋလိပုတ္တဿ၊ ၏။
အဂ္ဂိတော ဝါ၊ မီးကြောင့်လည်းကောင်း။
ဥဒကတော ဝါ၊ ရေကြောင့်လည်းကောင်း။
အဗ္ဘန္တရတော၊ အတွင်း၌ ဖြစ်သော။
မိထုဘေဒါဝါ၊ အချင်းချင်း ခွဲခြင်းကြောင့်လည်းကောင်း။
(အချင်းချင်း ကုန်းတိုက်ခြင်းကြောင့်လည်းကောင်း။)
တယော၊ သုံးမျိုးကုန်သော။
အန္တရာယာ၊ တို့သည်။
ဘဝိဿန္တိ၊
ဣတိ၊ ပြီ။
(အဂ္ဂိတော ဝါတိအာဒီသု စကာရတ္တော ဝါ သဒ္ဒေါ၊ ဋီကာ)။
ပေ။
အဇ္ဇတနာယ၊ ယနေ့၌ ဖြစ်လတ္တံ့သော ကောင်းမှု, ပီတိပါမောဇ္ဇအကျိုးငှာ။
ပေ။
ယေန၊ ၌။
ပရိဝေသနာ၊ ဆွမ်းလုပ်ကျွေးရာ အရပ်သည်။
(အတ္ထိ)။
ပေ။
အနုမောဒိ၊ အဖန်ဖန် ဝမ်းမြောက်တော်မူပြီ။
(အနုမောဒနာ ပြုတော်မူပြီ၊ ကိံ။)
ယသ္မိံ ပဒေသေ၊
ပေ။
ပဿတီတိ၊ ဟူ၍။
(အနုမောဒိ။)
ယသ္မိံ ပဒေသေ၊ အကြင် အရပ်၌။
ပဏ္ဍိတဇာတိယော၊ ပညာရှိအမျိုး၌ ဖြစ်သူသည်။
(ပဏ္ဍိတဇာတိယံ+ဇာတော၊ ပဏ္ဍိတဇာတိယော၊ ဣယပစ္စည်း။)
**တစ်နည်း**- ပဏ္ဍိတဇာတိယော၊ ပညာရှိသူ၏ အဖြစ်ဟူသော သဘောရှိသူသည်။
(ပဏ္ဍိတော ဇာတိ ယဿာတိ၊ ပဏ္ဍိတဇာတိယော၊ သမသန္တ က ပစ္စည်းသက်၍ က ကို ယပြု။)
ဝါသံ၊ နေခြင်းကို။
ကပ္ပေတိ၊ ပြု၏။
ဧတ္တ၊ ဤအရပ်၌။
(ဤ အိမ်သစ်, ရပ်ကွက်သစ်၌။)
သညတေ၊ စောင့်စည်းအပ်သော ကိုယ်, နှုတ်, စိတ် ရှိကုန်သော။
(ကာယဝါစာ စိတ္တေဟိ သညတေ၊ ဋီကာ။)
ဗြဟ္မစာရိနော၊ မြတ်သောအကျင့်ကို ကျင့်လေ့ရှိကုန်သော။
သီလဝန္တေ၊ သီလရှိသော ပုဂ္ဂိုလ်တို့ကို။
ဘောဇေတွာ၊ ရှေးဦးစွာ ဆွမ်းကျွေးပြီး၍။
တတ္ထ၊ ထို အရပ်၌။
(ထို အိမ်၌သစ်, ရပ်ကွက်သစ်၌။)
ယာဒေဝတာ၊ တို့သည်။
အာသုံ၊ ရှိကြကုန်ပြီ။
တာသံ၊ ထို နတ်တို့အား။
ဒက္ခိဏံ၊ မိမိပြုအပ်သော အလှူကို။
အာဒိသေ၊ ညွှန်ပြရာ၏။
ဝါ၊ အမျှပေးဝေရာ၏။
ပူဇိတာ၊ အိမ့်ရှင်သည် (အမျှပေးဝေသောအားဖြင့်) ပူဇော်အပ်ကုန်သော။
တာ၊ ထို နတ်တို့သည်။
နံ၊ ထို အိမ့်ရှင်ကို။
ပူဇယန္တိ၊ အတုံ့ပြန်၍ ပူဇော်ကြကုန်၏။
(ဘေးရန် မဖြစ်အောင်စောင့်ရှောက်ကြကုန်၏။)
မာနိတာ၊ အိမ့်ရှင်သည်။
(ပ သမှု ဗလိကမ္မကို ပြုသောအားဖြင့်) မြတ်နိုးအပ်ကုန်သော။
တာ၊ တို့သည်။
နံ၊ ကို။
မာနယန္တိ၊ အတုံ့ပြန်၍ မြတ်နိုးကြကုန်၏။
(ဖြစ်ပေါ်လာသော ဘေးရန်ကို ပယ်ရှားကြကုန်၏။)
တတော၊ ထိုသို့ (အိမ့်ရှင်က) ပူဇော်မြတ်နိုးခြင်းကြောင့်။
မာတာ၊ အမိသည်။
ဩရသံ၊ ရင်၌ဖြစ်သော။
ပုတ္တံ၊ သားကို။
(အနုကမ္ပတိ) ဣဝ၊ စီးပွားဖြင့် စောင့်ရှောက်သကဲ့သို့။
(တထာ၊ တူ။)
နံ၊ ထို အိမ့်ရှင်ကို။
အနုကမ္ပန္တိ၊ စီးပွားဖြင့် စောင့်ရှောက်ကြကုန်၏။
ဒေဝတာနုကမ္ပိတော၊ နတ်တို့သည် စောင့်ရှောက်အပ်သော။
ပေါသော၊ အိမ့်ရှင်ယောကျ်ားသည်။
(အိမ့်ရှင်မိန်းမသည်။)
သဒါ၊ အခါခပ်သိမ်း။
ဘဒြာနိ၊ ကောင်းကျိုးချမ်းသာ မင်္ဂလာတို့ကို။
ပဿတိ၊ တွေ့မြင်ရ၏။
(ဤ ဂါထာ၏အဖွင့်ကို ဋီကာ၌ကြည့်ပါ)။
ပေ။
အနုမောဒိတွာ၊ အဖန်ဖန် ဝမ်းမြောက်တော်မူပြီး၍။
(အနုမောဒနာပြုတော်မူပြီး၍။)
(တေဟိ၊ ထို သုနိဓ, ဝဿာကာရတို့သည်။)
တဒါပသုတပုညဿ၊
(ဖြစ်စေအပ်သော ကောင်းမှုကို။
အနုမောဒနဝသေန တေသံ ဓမ္မကထံ ကတွာ၊ ဋီကာ)။
ပေ။
အနုဗန္ဓာ ဟောန္တိ၊
(ကိံ၊ အဘယ်သို့ ကြံ၍ လိုက်ကုန်သနည်း?။)
ယေန ဒွါရေန၊ အကြင် တံခါးဖြင့်။
အဇ္ဇ၊ ယနေ့။
သမဏော ဂေါတမော၊ သည်။
နိက္ခမိဿတိ၊ ထွက်တော်မူလိမ့်မည်။
တံ၊ ထို တံခါးသည်။
ဂေါတမဒွါရံ နာမ၊ ဂေါတမတံခါးမည်သည်။
ဘဝိဿတိ၊ လိမ့်မည်။
ယေန တိတ္ထေန၊ အကြင် ဆိပ်ဖြင့်။
ဂင်္ဂံ၊ ဂင်္ဂါမည်သော။
နဒိံ၊ ကို။
ဥတ္တရိဿတိ၊ ကူးတော်မူမည်။
တံ၊ ထို ဆိပ်သည်။
ဂေါတမတိတ္ထံ နာမ ဘဝိဿတိ၊
ဣတိ၊ ဤသို့ ကြံ၍ လိုက်ကြကုန်၏။
ပေ။
(မြတ်စွာဘုရား ထွက်တော်မူရာ တံခါးသည် "ဂေါတမတံခါး" မည်၏၊ ဂင်္ဂါမြစ်ကိုကား ဆိပ်ကမ်းဖြင့် ကူးတော်မမူဘဲ တန်ခိုးဖြင့် ဖြတ်ကျော်တော်မူသောကြောင့် "ဂေါတမတိတ္ထ" အမည် မရတော့။)
ဂင်္ဂါနဒီ၊
ပူရာ၊ ရေဖြင့်ပြည့်သည်။
သမတိတ္တိကာ၊ ကမ်းနှင့်ညီမျှသော ရေရှိသည်။
ကာယပေယျာ၊ ကျီးသောက်ထိုက်သော ရေရှိသည်။
(ကမ်း၌ တည်သော ကျီးသည် သောက်နိုင်သော ရေရှိသည်။)
ဟောတိ၊
မနုဿာ၊ တို့သည်။
ဩရာ၊ ဤ ဘက်ကမ်းမှာ။
ပါရံ၊ ဘက်ကမ်းသို့။
ဂန္တုကာမာ၊ သွားခြင်းငှာ အလိုရှိကုန်သည်။
(ဟုတွာ။)
အညေ၊ အချို့သူတို့သည်။
နာဝံ၊ လှေကို။
ပရိယေသန္တိ၊ ရှာကြကုန်၏။
အညေ၊ တို့သည်။
ဥဠုမ္ပံ၊ သစ်ဖောင်ကို။
ပေ။
အညေ၊
ကုလ္လံ၊ ကျူဖောင်ကို။
ပရိယေသန္တိ၊
ပေ။
(ဥဠုမ္ပနှင့် ကုလ္လအထူးကို ဘာသာဋီကာ၌ ပြထားပြီ။)
ဩရိမတီရေ၊ ဤဘက်ကမ်း၌။
အန္တရဟိတော (ဟုတွာ။)
ပါရိမတီရေ၊ ဟို ဘက်ကမ်း၌။
ဘိက္ခုသံဃေန, သဒ္ဓိံ ပစ္စုဋ္ဌာသိ၊ တည်တော်မူပြီ။
ပေ။
ဥဒါနေသိ၊
ယေ၊ အကြင် အရိယာပုဂ္ဂိုလ်တို့သည်။
အဏ္ဏဝံ၊ အစောက်လည်းနက်, အပြန့်လည်းကျယ်သော ရေရှိသော။
သရံ၊ တဏှာတည်းဟူသော မြစ်ကို။
တရန္တိ၊ ကူးကြကုန်၏။
(တေ၊ ထိုအရိယာပုဂ္ဂိုလ်တို့သည်။)
သေတုံ၊ အရိယာမဂ်တည်းဟူသော တံတားကို။
ကတွာန၊ ပြု၍။
ပလ္လလာနိ၊ ရွှံညွန်တို့ကို။
ဝိသဇ္ဇ၊ စွ့န်လွှတ်၍။
(တရန္တိ။)
ဇနော၊ လူအပေါင်းသည်။
(အပ္ပမတ္တကံ၊ နည်းသောအတိုင်းအရှည်ရှိသော။)
ဣမံ ဥဒကံ၊ ဤ ဂင်္ဂါမြစ်ရေကို။
ဥတ္တရိတုကာမော၊ ကူးမြောက်လိုသည်။
(ဟုတွာ ပိ၊ ဖြစ်၍လည်း။)
ကုလ္လံ၊ ကျူဖောင်ကို။
(ဝါးဖောင်ကို။)
ဗန္ဓတိ၊ ဖွဲ့တုတ်နေရ၏။
(ကုလ္လံ ဟိ၊ ၌။
ဟိကား နိပါတ်မျှသာ။)
မေဓာဝိနော၊ မဂ္ဂလေးဖြာ, ပညာရှိအစစ်, ဖြစ်တော်မူကြကုန်သော။
ဇနာ၊ ဗုဒ္ဓ, ဗုဒ္ဓသာဝကဖြစ်သူ လူတို့သည်။
(ကုလ္လေန၊ နှင့်။
ဝိနာ ဧဝ၊ ကင်း၍သာလျှင်။)
တိဏ္ဏာ၊ တဏှာရေယာဉ်ကို လွန်မြောက်တော်မူကုန်ပြီ။
ဣတိ ဣမံ ဥဒါနံ ဥဒါနေသိ၊
(ဤဂါထာ၏အဖွင့်ကို အဋ္ဌကထာ၌ကြည့်ပါ။)