Issues
Select Version
(VN)Mahāvaggapāḷi
(VN)Mahāvaggapāḷi

161. Mūlādibhesajjakathā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

မူလေဟိ၊ အမြစ်ဖြစ်သော။ ပေ။

‌

မူလာနိ၊ ဘေသဇ္ဇာနိ၊ တို့ကို။ ဟလိဒ္ဒံ၊ နနွင်းကိုလည်းကောင်း။ သိင်္ဂီဝေရံ၊ ချင်းကိုလည်းကောင်း။ (အဆာမပါသော ချင်းသက်သက်တည်း။) ဝစံ၊ လင်းနေကိုလည်းကောင်း။ ဝတ္တံ၊ ဆိတ်ဖူးကိုလည်းကောင်း။ အတိဝိသံ၊ တိဝုတ်ကိုလည်းကောင်း။ ကဋုကရောဟိဏိံ၊ ကုလားဆောင်မေးခါးကိုလည်းကောင်း။ ဥသီရံ၊ ပန်းရင်းကိုလည်းကောင်း။ ဘဒ္ဒမုတ္တကံ၊ နွားမြေရင်းကိုလည်းကောင်း။ အနုဇာနာမိ၊ ဝါ ပန၊ သည်သာမကသေး။ အညာနိပိ၊ သရုပ်အရ ထုတ်ပြအပ်ပြီးသော ဆေးတို့မှတစ်ပါးလည်း ဖြစ်ကုန်သော။ မူလာနိ၊ ယာနိ ဘေသဇ္ဇာနိ၊ အကြင် ဆေးတို့သည်။ အတ္ထိ၊ ရှိကုန်၏။ (ယာနိ၊ အကြင် အမြစ်ဖြစ်သော ဆေးတို့သည်။) ခါဒနီယေ၊ ခဲဖွယ်၏အရာ၌။ ခါဒနီယတ္တံ၊ ခဲဖွယ်၏ကိစ္စကို။ နေဝ ဖရန္တိ၊ မပြီးစေနိုင်ကုန်။ ဘောဇနီယေ ဘောဇနီယတ္တံ၊ န ဖရန္တိ၊ ကုန်။ တာနိ၊ ထို အမြစ်ဖြစ်သော ဆေးတို့ကို။ ပဋိဂ္ဂဟေတွာ၊ ခံယူ၍။ (အကပ်ခံ၍။) ယာဝဇီဝံ၊ ပရိဟရိတုံ၊ ထက်ဝန်းကျင် ဆောင်ယူခြင်းငှာလည်းကောင်း။ (သွားလေရာရာဆောင်ယူခြင်းငှာလည်းကောင်း။) ပစ္စဘေ၊ ဂေလညအကြောင်းသည်။
သတိ၊ သော်။ ပရိဘုဉ္ဇိတုံ၊ ငှာလည်းကောင်း။ (အနုဇာနာမိ။) ပစ္စယေ၊ သည်။ အသတိ၊ မရှိလသော်။ (မရှိဘဲ။) ပရိဘုဉ္ဇန္တဿ၊ သုံးဆောင်သော ရဟန်း၏။ ဒုက္ခဋဿ၊ ပေ။ (နောက်နောက်ဆေးတို့၌ "ယာနိ ဝါ ပနညာနိ" စသော ဝါကျကို ဤနည်းမှီ၍ ပေးပါ။)
မူလေဟိ၊ ပိဋ္ဌေဟိ၊ ကြိတ်အပ်ကုန်သော။ (အမှုန့်ဖြစ်ကုန်သော။) ဘေသဇ္ဇေဟိ၊ (ပိဋ္ဌေဟီဟိ ပိသိတေဟိ၊ ဋီကာ)။ ပေ။
နိသဒံ၊ ကြိတ်ရာကျောက်ပျဉ်ကိုလည်းကောင်း၊။ (ဆေးကြိတ်စရာ ကျောက်ပျဉ်ကိုလည်းကောင်း။) နိသဒပေါတကံ၊ ကြိတ်ကြောင်းဖြစ်သော ကျောက်တုံးကိုလည်းကောင်း။ (ဆေးကြိတ်ကျောက်တုံးကိုလည်းကောင်း)။ ပေ။
ကသာဝေဟိ၊ အဖန်ဖြစ်ကုန်သော။ (ဖန်ရည်ဖြစ်ကုန်သော။) ကသာဝေဟီတိ တစာဒီနိ၊ (အခေါက်အစရှိသည်တို့ကို။) ဥဒကေ တာပေတွာ ဂဟိတဦသရေဟိ၊ ဝိမတိ၊ (ဤသို့ ဖွင့်သော်လည်း ဖန်ရည်မှ မဟုတ်၊ အဖတ်လည်း အပ်သည်သာ။) ပေ။
နိမ္ဗကသာဝံ၊ တမာအဖန်ကိုလည်းကောင်း။ (ကုဋဇ၊ လက်ထုတ်။ ပဋောလ၊ ဗြူတား။ ဖဂ္ဂဝ၊ ခွေးတောက်။) နတ္တမာလကသာဝံ၊ သင်းဝင်အဖန်ကိုလည်းကောင်း။ ပေ။
ပဏ္ဏေဟိ၊ အရွက်ဖြစ်ကုန်သော။ ပေ။
နိမ္ဗပဏ္ဏံ၊ ရုံးရွက်ကိုလည်းကောင်း။ ပေ။ သူလသိပဏ္ဏံ၊ ရုံးရွက်ကိုလည်းကောင်း။ ကပ္ပါသိကပဏ္ဏံ၊ ဝါရွက်ကိုလည်းကောင်း။ ပေ။
ဖလေဟိ၊ အသီးဖြစ်ကုန်သော။ ပေ။
ဗိလင်္ဂံ၊ အိပ်မွေ့သီးကိုလည်းကောင်း။ (ပိပ္ဖလိ၊ ပိတ်ချင်းသီး။ မရိစ၊ ငရုပ်သီး။ ဟရီတက၊ ဖန်ခါးသီး။ ဝိဘီတက၊ သစ်ဆိပ်သီး။ အာမလက၊ သျှိသျှားသီး။) ဂေါတ္ထဖလံ၊ သမင်စားသီးကိုလည်းကောင်း။ ပေ။
ဇတူဟိ၊ ချိတ်ဖြစ်ကုန်သော။ ပေ။
ဟိင်္ဂုံ၊ ဟိင်္ဂိုအစစ်ကိုလည်းကောင်း။ (ရှိန်းခိုအစစ်ကိုလည်းကောင်း။) ဟိင်္ဂုဇတုံ၊ ဟိန်းဂိုချိတ်ကိုလည်းကောင်း။ (ဟိန်းခိုအစေးကိုလည်းကောင်း။) ဟိင်္ဂုသိပါဋိကံ၊ ဟိန်းခိုလွှာကိုလည်းကောင်း။ တကံ၊ ချိတ်ကိုလည်းကောင်း။ တကပတ္တိံ၊ ချိတ်နှစ်ကိုလည်းကောင်း။ တကပဏ္ဏိံ၊ ချိတ်လွှာကိုလည်းကောင်း။ သဇ္ဇုလသံ၊ ပွဲလျက်ကိုလည်းကောင်း။ အနုဇာနာမိ၊ ပေ။
လောဏေဟိ၊ ဆားဖြစ်ကုန်သော။ ပေ။
သာမုဒ္ဒံ၊ သမုဒ္ဒရာ၌ဖြစ်သောဆားကိုလည်းကောင်း။ ကာလလောဏံ၊ မည်းနက်သော အဆင်းရှိသော ဆားကိုလည်းကောင်း။ (ယခုခေတ်၌ ဆားပုပ်ခဲဟု ခေါ်သည်။ သိန္ဓဝံ၊ သိန္ဓုတောင်၌ ပေါက်သော ဆားကိုလည်းကောင်း။ (သိန္ဓောဆားကိုလည်းကောင်း။) ဥဗ္ဘိဒံ၊ မြေမှပေါက်သောဆားကိုလည်းကောင်း။ (ဆပ်ပြာပေါက်သကဲ့သို့ မြေပေါ်၌ပေါ်ထွက်နေသောဆားဟူလို။) ဗိလံ၊ ချက်ဆားကိုလည်းကောင်း။ ပေ။ (ဤပုဒ်တို့၏ အဖွင့်ကို ဘာသာဋီကာ၌ ပြထားပြီ။)
အာယသ္မတော အာနန္ဒဿ၊ ၏။ ဥပဇ္ဈာယဿ, အာယသ္မတော ဗေလဋ္ဌသီသဿ၊ အရှင်ဗေဋ္ဌသီသ၏။ ထုလ္လကစ္ဆာဗာဓော၊ ဝဲကြီးအနာသည်။ ဟောတိ၊
(ထူလ၊ ထူပြစ်နေသော+ကစ္ဆု- ဝဲ+အာဗာဓ- အနာ။) တဿ၊ ထို ဝဲကြီးနာ၏။ လသိကာယ၊ အ‌စေးဖြင့်။ စီဝရာနိကာယေ၊ လဂ္ဂန္တိ၊ ငြိကပ်ကုန်၏။ တာနိ၊ တို့ကို။ ဘိက္ခူ၊ ဥဒကေန၊ ဖြင့်။ တေမေတွာ တေမေတွာ၊ စိုစေ၍ စိုစေ၍။ (နှူး၍နှူး၍။) အပကဍ္ဎန္တိ၊ ခွာကြကုန်၏။ (**"အပ၊ ဖဲ၍+ ကဍ္ဎန္တိ၊ ငင်ကြကုန်၏"** ဟု သဒ္ဒတ္ထ ဖြစ်၏။) ပေ။ ဣမဿ ဘိက္ခုနော၊ ၏။ အာဗာဓော၊ သည်။ ကိံ၊ အဘယ်နည်း?။ **တစ်နည်း**- ကိံ အာဗာဓော၊ အဘယ်အနာနည်း?။ ပေ။
ယဿ၊ အကြင်ရဟန်း၏။ ကဏ္ဍုဝါ၊ ယားနာသည်မူလည်းဖြစ်သော။ ပိဠကာ ဝါ၊ အိုင်းအနာသည်မူလည်းဖြစ်သော။ (အဖုအလုံးများ ထွက်နေသော အနာသည်မူလည်း ဖြစ်သော။) အဿာဝေါ ဝါ၊ အရိယိုသော အနာသည်မူလည်းဖြစ်သော။ ထုလ္လကစ္ဆု ဝါ၊ ဝဲကြီးမူလည်း ဖြစ်သော။ အာဗာဓော၊ သည်။ (ဟောတိ။) ကာယော ဝါ၊ ကိုယ်သည်မူလည်း။ ဒုဂ္ဂန္ဓော၊ မကောင်းသော အနံ့ရှိ၏။ (တဿ၊ အား။) စုဏ္ဏာနိ၊ အမှုန့်ဖြစ်ကုန်သော။ (ကုက္ကိုခေါက်, ဝတ်ပန်း စသည်တို့၏အမှုန့်, နံ့သာမှုန့် အစရှိကုန်သော။) ဘေသဇ္ဇာနိ အနုဇာနာမိ၊ အဂိလာနဿ၊ အား။ ဆဏကံ၊ နွားချေးကိုလည်းကောင်း။ မတ္တိကံ၊ မြေညက်ကိုလည်းကောင်း။ ရဇနနိပ္ပက္ကံ၊ ကြိုအပ်ပြီးသော ဆိုးရည်ခေါက်ကိုလည်းကောင်း။ (ဆိုးရည်အဖတ်ကိုလည်းကောင်း။)
အနုဇာနာမိ၊ ပေ။ ဥဒုက္ခလံ၊ ဆုံငယ်ကိုလည်းကောင်း။ မုသလံ၊ ကျည်ပွေ့ကို လည်းကောင်း။ အနုဇာနာမိ၊ ပေ။
စာလိတေဟိ၊ လှုပ်စေအပ်ကုန်သော။ (ဆင့်အပ်ကုန်သော။) စုဏ္ဏေဟိ၊ ပေ။
စုဏ္ဏစာလိနိံ၊ ဆင့်အပ်ပြီးသော အမှုန့်ကို။ ပေ။
သဏှေဟိ၊ သိမ်မွေ့ (ညက်ညော) သော အမှုန့်တို့ဖြင့်။ ပေ။
ဒုဿစာလိနိံ၊ အဝတ်၌ ဆင်းအပ်ပြီးသောအမှုန့်ကို။ ပေ။
အညတရဿ၊ ဘိက္ခုနော၊ ၏။ အမနုဿိ ကာဗာဓော၊ ဘီလူးသရဲ ဝင်ပူးခြင်းကြောင့်ဖြစ်သော အနာသည်။ ဟောတိ၊
တံ၊ ထိုရဟန်းကို။ အာစရိယုပဇ္ဈာယော၊ ဥပဋ္ဌဟန္တာ၊ ပြုစုလုပ်ကျွေးကုန်လသော်။ (ပြုစုလုပ်ကျွေးကုန်ပါလျက်။) အ‌ရောဂံ၊ အနာမရှိသူကို။ ကာတုံ၊ နာသက္ခိံသု၊ မစွမ်းနိုင်ကြကုန်။
သော၊ သူကရသူနံ၊ ဝက်သတ်ရာ အရပ်သို့။ (ဝက်သတ်ရုံသို့။) ဂန္တွာ၊ အာမကမံသံ၊ အသားစိမ်းကို။ ခါဒိ၊ ခဲစားပြီ။ အာမက လောဟိတံ၊ သွေးစိမ်းကို။ ပိဝိ၊ သောက်ပြီ။ ပေ။
ပဋိပဿဒ္ဓိ၊ ငြိမ်းအေးပြီ။ (အသားစိမ်း, သွေးစိမ်းကို ရဟန်းမစားမသောက်၊ ဘီလူးသားရဲ စားသောက်သည်)။ ပေ။ အမနုဿိကာဗာဓေ၊ ဘီလူးသားရဲ ပူးဝင်ခြင်းကြောင့်ဖြစ်သော အနာရှိရာအခါ၌။ ပေ။
စက္ခုရောဂါဗာဓော၊ မျက်စိ၌ဖြစ်သော ရောဂါအနာသည်။ (မျက်စိရောဂါသည်။) ဟောတိ၊ ပေ။
ပရိဂ္ဂဟေတွာ၊ ထက်ဝန်းကျင်ဟူ၍။ (ပွေ့ချီ၍။) ဥစ္စာရမ္ပိ၊ ကျင်ကြီးစွန့်ရာ အရပ်သို့လည်းကောင်း။ ပဿာဝမ္ပိ၊ သို့လည်းကောင်း။ နိက္ခာမေန္တိ၊ ထွက်စေကြရကုန်၏။ (လိုက်ပို့ကြရကုန်၏။) ပေ။
အဉ္ဇနံ၊ မျက်စဉ်းကို။ (သာမညကံ။) ကာဠဉ္ဇနံ၊ မည်းနက်သော မျက်စဉ်းကိုလည်းကောင်း။ သောတဉ္ဇနံ၊ မြစ်‌ရေအယဉ်စသည်၌ဖြစ်သော မျက်စဉ်းကိုလည်းကောင်း။ ဂေရုကံ၊ ဂွေ့နီမျက်စဉ်းကိုလည်းကောင်း။ (ဋီကာ၌ "ရွှေအဆင်းရှိသော ဒုက္ကာအဝါမျက်စဉ်း" ဟု မိန့်၏။) ကပလ္လံ၊ မင်မျက်စဉ်းကိုလည်းကောင်း။ (ဆီမီး စသည်တို့မှ ယူအပ်သော မင်တည်း။) အနုဇာနာမိ၊ ပေ။
အဉ္ဇနူပပိသနေဟိ၊ မျက်စဉ်းနှင့်တကွ ကြိတ်ထိုက်သော ဆေးတို့ဖြင့်။ အဉ္ဇနေန သဒ္ဓိံ ဧကတော ပိသိတဗ္ဗေဟိ၊ အဋ္ဌကထာ၊ ရှေးနိဿယ၌ကား **"မျက်စဉ်းကြိတ်စရာ အမှုန့်တို့ဖြင့်"** ဟု ပေး၏။ သာရတ္ထအလိုဟု မှတ်ပါ)။ ပေ။
စန္ဒနံ၊ စန္ဒကူးကိုလည်းကောင်း။ တဂရံ၊ တောင်ဇလပ်လိုလည်းကောင်း။ ကာဠာနုသာရိယံ၊ အကျော်ကိုလည်းကောင်း။ တာလီသံ၊ ကရမက်ကိုလည်းကောင်း။ ဘဒ္ဒမုတ္တကံ၊ နွားမြေရင်းကိုလည်းကောင်း။ ပေ။
ပိဋ္ဌာနိ၊ ကြိတ်အပ်ပြီးကုန်သော။ အဉ္ဇနာနိ၊ မျက်စဉ်းဆေးမှုန့်တို့ကို။ စရုကေသုပိ၊ အိုးငယ်တို့၌လည်းကောင်း။ သရာဝကေသုပိ၊ ခွက်ငယ်တို့၌လည်းကောင်း။ နိက္ခိပန္တိ၊ ထားကြကုန်၏။ တိဏစုဏ္ဏေဟိပိ၊ မျက်စဉ်းမှုန့်တို့သည်လည်းကောင်း။ ပံသုကေဟိပိ၊ မြေမှုန့်တို့သည်လည်းကောင်း။ ဩကိရိယန္တိ၊ ရောပြွန်းအပ်ကုန်၏။
အဉ္ဇနိံ၊ မျက်စဉ်းကျည်တောက်ကို။ (မျက်စဉ်းထည့်စရာ ကျည်တောက်ကို။) ပေ။
ဥစ္စာဝစာ၊ အမြတ်အယုတ် ဖြစ်ကုန်သော။ (အကောင်းအဆိုး ဖြစ်ကုန်သော။) အဉ္ဇနိယော၊ တို့ကို။ သောဝဏ္ဏမယံ၊ ရွှေဖြင့်ပြုအပ်သော မျက်စဉ်းကျည်ကိုလည်းကောင်း။ ရူပိယမယံ၊ ငွေဖြင့် ပြုအပ်သော မျက်စဉ်းကျည်ကိုလည်းကောင်း။ ဓာရေန္တိ၊ ပေ။
အဋ္ဌိမယံ၊ လူ၏အရိုးမှကြွင်းသော အရိုးဖြင့်ပြုအပ်သော မျက်စဉ်းကျည်ကိုလည်းကောင်း။ (ဒန္တံ၊ ဆင်စွယ်စသော အစွယ်။ ဝိသာဏ၊ ဦးချို။ နဠ၊ ကျူ။ ဝေဠု၊ ဝါး။ ကဋ္ဌ၊ သစ်သား။ ဇတု၊ ချိတ်။ ဖလ၊ သစ်သီး။ လောဟ၊ သံ ကြေး။) သင်္ခနာဘိမယံ၊ ခရုသင်းချက်ဖြင့် ပြုအပ်သော မျက်စဉ်းကျည်ကိုလည်းကောင်း။ အနုဇာနာမိ၊ ပေ။
အဉ္ဇနိယော၊ တို့သည်။ အပါရုတာ၊ မပိတ်ပင်အပ်ကုန်သည်။ (အပိတ်မရှိကုန်သည်။) ဟောန္တိ၊
အပိဓာနံ၊ အပိတ်ကို။ ပေ။
နိပတတိ၊ ကျွတ်ကျ၏။
သုတ္တကေန၊ ချည်ငယ်ဖြင့်။ ဗန္ဓိတွာ၊ ဖွဲ့ချည်၍။ အဉ္ဇနိယာ၊ ၌။ ဗန္ဓိတုံ၊ ဖွဲ့ချည်ခြင်းငှာ။ ပေ။
အဉ္ဇနီ၊ သည်။ ဖလတိ၊ ကွဲ၏။
သုတ္တကေန၊ သိဗ္ဗေတုံ၊ ချုပ်ထား (တုပ်ထား) ခြင်းငှာ။) ပေ။
အင်္ဂုလိယာ၊ လက်ချောင်းဖြင့်။ အဉ္ဇန္တိ၊ သုတ်လိမ်းကြကုန်၏။ (မျက်ရေးကွင်းကြကုန်၏။) အဉ္ဇ, မက္ခနေ ဟူသော ဓာတ်။ (မြန်မာလူမျိုးတို့က မျက်စဉ်းကို မျက်စိထဲ၌ အရည်လုပ်၍သာ ခတ်ကြသော်လည်း အိန္ဒိယလူမျိုးတို့ကား မျက်စိအေးအောင် မျက်စိပတ်ပတ်လည်၌ သုတ်လိမ်း၍လည်း ထားကြသည်။) အက္ခီနိ၊ မျက်စိတို့သည်။ ဒုက္ခာနိ၊ ဆင်းရဲကုန်သည်။ ဟောန္တိ၊
အဉ္ဇနိသလာကံ၊ မျက်စဉ်းတံကို။ ပေ။
အဉ္ဇနိသလာကာ၊ သည်။ ဘူမိယံ၊ ၌။ ပတိတာ၊ ကျသည်။ (ဟုတွာ။) ဖရုသာ၊ ကြမ်းသည်။ ဟောတိ၊
သလာကဋ္ဌာနိယံ၊ မျက်စဉ်းတံ၏တည်ရာ အခေါင်းရှိသော တုတ်တံကို။ (အိမ်ငယ်ကို။) (မျက်စဉ်းတံထားစရာ တစ်မျိုးတည်း)။ ပေ။
အဉ္ဇနိမ္ပိ၊ ကိုလည်းကောင်း။ အဉ္ဇနိသလာကမ္ပိ၊ ကိုလည်းကောင်း။ ဟတ္ထေန၊ ဖြင့်။ ပရိဟရန္တိ၊ သွားလေရာရာ ဆောင်ကြကုန်၏။ အဉ္ဇနိတ္ထဝိကံ၊ မျက်စဉ်းကျည် ထည့်စရာအိတ်ငယ်ကို။ ပေ။
အံသဗဒ္ဓကော၊ ဖခုံး၌ ဖွဲ့ချည်ကြောင်းကြိုးသည်။ (ပခုံးလွယ်သည်။) န ဟောတိ၊ ပေ။
အံသဗန္ဓကံ၊ ကိုလည်းကောင်း။ ဗန္ဓနသုတ္တကံ၊ ဖွဲ့ချည်ကြောင်း ကြိုးကိုလည်းကောင်း။ (မျက်စဉ်းကျည်အိတ်ငယ်နှင့် ပခုံးလွယ်ကြိုးကို ဖွဲ့ချည်ကြောင်း ကြိုးကို။) မျက်စိကျည်အိတ်သည် ယခုခေတ် လွယ်အိတ်များကဲ့သို့ လွယ်စရာ မပါသောကြောင့် "အံသဗန္ဓကကို ခွင့်ပြုတော်မူသည်" ၊ ထို "အံသဗန္ဓက" ဟူ သည် ယခုခေတ် လွယ်အိတ်တို့၌ပါသော အဝတ်ပြားကဲ့သို့ လွယ်စရာ တစ်မျိုးတည်း၊ ထိုလွယ်စရာ အဝတ်ပြားနှင့် မျက်စဉ်းကျည်အိတ်ကို ပူးတွဲဥ ချုပ်ဖို့ရာ "ဗန္ဓနသုတ္တ" ကို ခွင့်ပြုတော်မူသည်)။ ပေ။
အာယသ္မတော ပိလိန္ဒဝစ္ဆဿ၊ အရှင်ပိလိန္ဒဝစ္ဆ၏။ သီသာဘိတာပေါ၊ ဦးခေါင်း၏ ပူလောင်ကြောင်း ရောဂါသည်။ ဟောတိ၊ ‌(ရှေးနိဿယ၌ "ဦးရင်းအနာသည်" ဟု ပေး၏။) မုဒ္ဓနိ၊ ဦးထိပ်၌။
တေလကံ၊ ဆီကို။ ပေ။
နိက္ခမနိယာ၊ မအံအပ်, မအံနိုင်သည်။ ဟောတိ၊
နတ္ထုကမ္မံ၊ နှာနှပ်မှုကို။‌ ‌ပေ။
နတ္ထု၊ နှာနှပ်ကြောင်းဆီသည်။ ဂလတိ၊ လျောကျ၏။
နတ္ထုကရဏိံ၊ နှာနှပ်မှုကိုပြုကြောင်း နှာနှပ်တံကို။ ပေ။
နတ္ထုံ၊ နှာနှပ်ကြောင်းဆီကို။ ဝိသမံ၊ မညီမညွတ်။ အာသိဉ္စန္တိ၊ သွန်းကြောင်းကြကုန်၏။
ယမကနတ္ထုကရဏိံ၊ အစုံဖြစ်သော နှာနှပ်တံကို။ ပေ။
ဓူမံ၊ အခိုးကို။ ပါတုံ၊ သောက်ခြင်းငှာ။ ပေ။
တညေဝ ဝဋ္ဋိံ၊ ထို အခိုးလိပ်ကိုပင်။ (ထို ဆေးလိပ်ကိုပင်။) အာလိမ္ပေတွာ၊ မီးလိမ်းကျံ၍။ (မီးညှိ၍။) ပိဝန္တိ၊ သောက်ကြကုန်၏။ (**"ဓူမဝဋ္ဋိ၊ ဆေးလိပ်"** ဟူရာ၌ ယခုခေတ် သောက်နေကြသော ဆေးလိပ်မျိုး မဟုတ်၊ ရောဂါနှင့် သင့်လျော်သောဆေးကို ဖက်စသည်ဖြင့် လိပ်၍ ထားအပ်သော "ဆေးအလိပ်" တည်း၊ ရှေးနိဿယ၌ **"တညေဝ ဝဋ္ဋိံ- ထို ဆေးလုံးကိုပင်"** ဟု ပေး၏။) ကဏ္ဍော၊ လယ်ပင်းသည်။ ဒဟတိ၊ လောင်၏။ (ဒဟဓာတ်သည် သကမ္မကဖြစ်သောကြောင့် ကဏ္ဍောသည် ဒဟတိ၏ ကတ္တားမဖြစ်နိုင်ပါ၊ ထို့ကြောင့် "ကဏ္ဍော ဒယှတိ" ဟု ဖြစ်စေ, "ကဏှံ ဒဟတိ" ဟု ဖြစ်စေ ရှိသင့်ပါသည်၊)
ဓူမနေတ္တံ၊ အခိုးကို ဆောင်ယူကြောင်း ဆေးတံကို။ (ရှေးနိဿယ၌ "အခိုးသောက်စရာ ပန်းတူကို" ပေး၏)။ ပေ။
ပါဏကာ၊ ပိုးကောင်ငယ်တို့သည်။ ပိဝန္တိ၊ ဝင်ကုန်၏။ ပေ။
ဓူမနေတ္တထဝိကံ၊ ဆေးတံထည့်စရာအိတ်ကို။ ပေ။
ဧကတော၊ တစ်ပေါင်းတည်း။ (ထပိတာနိ၊ ထားအပ်ကုန်သည်။ ဟုတွာ။) ဃသိယန္တိ၊ ပွတ်တိုက်အပ်ကုန်၏။ (ဆေးအလိပ်နှင့် ဆေးတံကို အတူထားသောကြောင့် ပွတ်တိုက်မိကြသည်။)
ယမကထဝိတံ၊ အစုံဖြစ်သော အိတ်ငယ်ကို။ ပေ။
ဝါတာဗာဓော၊ လေကြောင့်ဖြစ်သော အနာသည်။ (လေနာသည်။) ဟောတိ၊
ဝေဇ္ဇာ၊ ဆေးဆရာတို့သည်။ တေလံ၊ ကို။ ပစိတဗ္ဗံ၊ ချက်ထိုက်၏။ ဣတိ ဧဝံ၊ သို့။ အာဟံသု၊ ပေ။
တေလပါကံ၊ ဆီကိုချက်ခြင်းကို။ (ချက်အပ်သော ဆီကို။) (ဆီချည်သက်သက် ချက်အပ်သည် မဟုတ်၊ ဆေးထည့်၍ ချက်အပ်သော ဆီတည်း)။ ပေ။
တသ္မိံ တေလပါကေ၊ ၌။ မဇ္ဇံ၊ အရက်သည်။ ဝါ၊ ကို။ ပက္ခိပိတဗ္ဗံ၊ ထည့်လိုက်သည်။ ဟောတိ၊ ပေ။
ဆဗ္ဗဂ္ဂိယာ ဘိက္ခူ၊ အတိပက္ခိတ္တမဇ္ဇာနိ၊ အလွန်ထည့်အပ်သော အရက်ရှိကုန်သော။ (အရက်များစွာ ထည့်ထားအပ်ကုန်သော။) တေလာနိ ပစန္တိ၊ တာနိ၊ တို့ကို။ ပိဝိတွာ၊ မဇ္ဇန္တိ၊ မူးကြကုန်၏။ ပေ။
န ပါတဗ္ဗံ၊ မသောက်ထိုက်။ ပေ။
ယသ္မိံ တေလပါကေ၊ ၌။ မဇ္ဇဿ၊ ၏။ ဝဏ္ဏော၊ အဆင်းသည်။ န ပညယတိ၊ မထင်ရှား။ ဂန္ဓော န (ပညာယတိ။) ရသော၊ အရသာသည်။ န (ပညာယတိ။) ဧဝ ရူပံ၊ သော။ မဇ္ဇပက္ခိတ္တံ၊ အရက်ထည့်အပ်သော။ တေလံ ပါတုံ၊ ပေ။
ဘိက္ခူနံ၊ တို့၏။ ဗဟုံ၊ သော။ အတိပက္ခိတ္တမဇ္ဇ၊ တေလံ၊ သည်။ ပက္ကံ၊ ချက်အပ်ပြီးသည်။ ဟောတိ၊ (ဘုရားရှင်က အတိပက္ခိတ္တမဇ္ဇကို မသောက်ရဟု ပညတ်တော်မမူခင်က ချက်ပြီးသား ရှိနေသည်ဟူလို)။ ပေ။
အဗ္ဘဉ္ဇနံ၊ လိမ်းကျံကြောင်းဆီကို။ ဝါ၊ ဆီဟူ၍။ အဓိဋ္ဌာတုံ၊ အဓိဋ္ဌာန်ခြင်းငှာ။ ပေ။ (ရှေးက "ခြေနယ်ဆီ" ဟု ပေးကြ၏၊ ခြေကိုသာမက တစ်ကိုယ်လုံးကို သုတ်လိမ်းနိုင်ပါသည်။)
တေလဘာဇနံ၊ ဆီထည့်စရာ ခွက်သည်။ (ဆီဗူးသည်။) န ဝိဇ္ဇတိ၊ မရှိ။
တီဏိ၊ သုံးမျိုးကုန်သော။ တုမ္ဗာနိ၊ ဗူးတို့ကို။ လောဟတုမ္ဗံ၊ သံ (ကြေး) ဗူးကိုလည်းကောင်း။ ကဋ္ဌတုမ္ဗံ၊ လည်းကောင်း။ ဖလတုမ္ဗံ၊ လည်းကောင်း။ အနုဇာနာမိ၊ ပေ။
အင်္ဂဝါတော၊ လက်ခြေအင်္ဂါတို့၌ လေသည်။ (လေနာသည်။) ဟောတိ၊
သေဒကမ္မံ၊ နှူးနှပ်မှုကို။ ဝါ၊ ချွေးထုတ်မှုကို။ ပေ။
နက္ခမနိယော၊ မခံအပ်, မခံနိုင်သည်။ (ချွေးမထွက်သဖြင့် ရောဂါတိုးသောကြောင့် မခံနိုင်သည်။) ဟောတိ၊
သမ္ဘာရသေဒံ၊ အမျိုးမျိုးသော သစ်ရွက်အဆောက်အဦးတို့ဖြင့် ချွေးထုတ်မှုကို။ ပေ။
မဟာသေဒံ၊ ကြီးကျယ်သော ချွေးထုတ်မှုကို။ (သမ္ဘာရသေဒ၊ ထွက်ပင်ကြီးကျယ်သော ချွေးထုတ်မှုကို။) (ဤချွေးထုတ်နည်းတို့ကို ဘာသာဋီကာ၌ ပြထားပြီ။) ပေ။
ဘင်္ဂေါဒကံ၊ ချိုးအပ်သော သစ်ရွက်ရေကို။ (ပွက်ပွက်ဆူသော ရေထဲဝယ် မယ်ဇလီရွက်စသော သစ်ရွက်တို့ကို ချိုး၍ထည့်ပြီးလျှင် ထိုသစ်ရွက်တို့ဖြင့် ကိုယ်ကို ပွတ်တိုက်၍လည်းကောင်း, ရေ‌နွေးဖြင့် လောင်း၍လည်းကောင်း ချွေးထုတ်ခြင်းတည်း)။ ပေ။
ဥဒကကောဋ္ဌကံ၊ ရေချိုးအိမ်၌ချွေးထုတ်မှုကို။ (ဥဒကကောဋ္ဌကေ သေဒကမ္မကရဏံ၊ အဋ္ဌကထာ)။ ပေ။
ပဗ္ဗဝါတော၊ လက်ဆစ်ခြေဆစ် စသည်၌ လေသည်။ (လေနာသည်။) ပေ။
လောဟိတံ၊ သွေးကို။ မောစေတုံ၊ လွတ်စေခြင်းငှာ။ (ထုတ်ခြင်းငှာ။) ပေ။
လောဟိတံ မောစေတွာ၊ ဝိသာဏေန၊ ဦးချိုဖြင့်။ ဂါဟေတုံ၊ ယူစေခြင်းငှာ။ (ယခုအခါ "တွင်ခုတ်သည်" ဟု ခေါ်ကြ၏)။ ပေ။
ပါဒါ၊ ဖလိတာ၊ လွန်စွာဖြစ်သော ကွဲခြင်းရှိကုန်သည်။ ဟောန္တိ၊
ပါဒဗ္ဘဉ္ဇနံ၊ ‌ခြေကိုလိမ်းကြောင်းဆီကို။ (ခြေနယ်ဆီကို)။ ပေ။
နက္ခမ္မနီယော၊ မခံအပ်, မခံနိုင်သည်။ (ရောဂါမပျောက်ဘဲ တိုးလာသဖြင့် သည်းမခံနိုင်သည်)။ ပေ။
ပဇ္ဇံ၊ ခြေ၏အစီးအပွားဖြစ်သော ဆေးကို။ အဘိသင်္ခရိတုံ၊ ပြုစုစီမံခြင်းငှာ။ (ဤပုဒ်၏အဖွင့်ကို ဘာသာဋီကာ၌ ပြထားပြီ)။ ပေ။
အညတရဿ၊ ဘိက္ခုနော၊ ၏။ ဂဏ္ဍာဗာဓော၊ အဖုဖြစ်သော အနာသည်။ ဟောတိ၊
သတ္ထကမ္မံ၊ ဓားအမှုကို။ (ဓားခွဲမှုကို)။ ပေ။
ကသာဝေါဒကေန၊ ဖန်ရည်ဖြင့်။ ပေ။
တိလကက္ကေန၊ နှမ်းမှုန့်ဖြင့်။ ပေ။ (ကက္ကသဒ္ဒါ အမှုန့်အနက်ဟော။)
ကဗဠိကာယ၊ ထမင်းဆုတ်နှင့်တူသော မုန့်မှုန့်အဆုပ်ဖြင့်။ (ဤမုန့်မှုန့်အဆုပ်ကား အနာဝ၌ထည့်ဖို့ရာ (အုံထားဖို့ရာတည်း)။ ပေ။
ဝဏဗန္ဓနစောဠေန၊ အနာကို ဖွဲ့ချည်ကြောင်း (ကြပ်စီးကြောင်း) အဝတ်ဖြင့်။ ပေ။
ဝဏော၊ သည်။ ကဏ္ဍဝတိ၊ ယား၏။
သာသပကုဋ္ဋေန၊ မှုန်ညင်းမှုန့်ဖြင့်။ ဖောသိတုံ၊ ဖြူးခြင်းငှာ။ ပေ။
ဝဏော၊ ကိလိဇ္ဇိတ္ထ၊ စိုနေပြီ။ (ကိလိဒဓာတ်+ဒိဝါဒိယပစ္စည်း+အဇ္ဈတ္တနီ (အာ) ဝိဘတ်ကို တ္ထပြု။)
ဓူမံ ကာတုံ၊ (ချောက်သွားအောင် မီးခိုးဖြင့် မှုတ်ပေးခြင်းတည်း)။ ပေ။
ဝဍ္ဎမံသံ၊ တိုးပွားသော အသားသည်။ (အသားပိုသည်။) ဝုဋ္ဌာတိ၊ ပေါ်ထွက်နေ၏။
လောဏသက္ခရိကာယ၊ ဆားပွင့်မှဖြစ်သော အရေဖြင့်။ (ဆားငံရေဖြင့်။) ဆိန္ဒိတုံ၊ ဖြတ်ခြင်းငှာ။ ပေ။ (ဆားငံရေဖြင့် အသားပိုကို တို့၍တို့၍ ပေးသောအခါ စား၍ အသားကြွေကျသွားအောင် ခွင့်ပြုတော်မူခြင်းတည်း၊ ရှေးနိဿယ၌ကား "လောဏသက္ခရိကာယ- သင်ဓုန်းဖြင့်" ဟု ပေး၏။)
ဝဏော၊ န ရုဟတိ၊ မဖြစ်။ (အသားနုမတက်။) (ရုဟ၊ ဇနနေ၊ ဓာတ်နက်။)
ဝဏတေလံ၊ အနာ၌သုတ်လိမ်းကြောင်းဆီကို။ ပေ။
တေလံ၊ ဂလဟိ၊ လျှောကျ၏။ (စီးကျ၏။)
ဝိကာသိကံ၊ စီးကျလာသောဆီကို ပိတ်ဆို့ကြောင်း အဝတ်ကိုလည်းကောင်း။ သဗ္ဗံ၊ သော။ ဝဏပဋိကမ္မံ၊ အနာ၌ အဖန်ဖန်ပြုထိုက်သော အမှုကိုလည်းကောင်း။ အနုဇာနာမိ၊
အညတရော၊ ဘိက္ခု၊ သည်။ ဝါ၊ ကို။ အဟိနာ၊ မြွေသည်။ ဒဋ္ဌော၊ ကိုက်အပ်သည်။ ဟောတိ၊
စတ္တာရိ၊ မဟာဝိကဋာနိ၊ မဟာဝိကဋဆေးတို့ကို။ ဂူထံ၊ ကျင်ကြီးကိုလည်းကောင်း။ မုတ္တံ၊ ကိုလည်းကောင်း။ ဆာရိကံ၊ သစ်စိမ်းပြာကိုလည်းကောင်း။၊ မတ္တိကံ၊ မြေညက်ကိုလည်းကောင်း။ ဒါတုံ၊ ပေးခြင်းငှာ။ ("အဟိ" ဟု ဆိုသော်လည်း အဆိပ်ရှိသောသတ္တဝါတို့ ကိုက်အပ်ရာ၌လည်း အသုံးပြုနိုင်သည်သာ)။ ပေ။ (မဟာဝိကဋာနိ၊ တို့ကို။)
အပ္ပဋိဂ္ဂဟေတဗ္ဗာနိ (နု ခေါ)၊ အကပ်မခံအပ်ကုန်သလော။ ဥဒါဟု၊ ပဋိဂ္ဂဟေတဗ္ဗာနိ (နုခေါ)၊ အကပ်ခံထိုက်ကုန်သလော။ (အကပ်ခံရမလား, အကပ်မခံဘဲအပ်သလောဟူလို။) ဣတိ၊ ဤသို့ အကြံဖြစ်ပြီ။ ကပ္ပိယကာရကေ၊ ကပ္ပိယကာရကသည်။ (အပ်စပ်အောင် ပြုမည့်သူသည်။)
သတိ၊ သော်။ ပဋိဂ္ဂဟာပေတုံ၊ တစ်ဖန်ယူစေခြင်းငှာလည်းကောင်း။ (အကပ်ခံစေခြင်း, အကပ်ခိုင်းခြင်းငှာလည်းကောင်း။) အသတိသာမံ ဂဟေတွာ၊ ပရိဘုဉ္ဇိတုံ၊ ငှာလည်းကောင်း။ ပေ။
ဝိသံ၊ အဆိပ်သည်။ ဝါ၊ ကို။ ပီတံ၊ သောက်အပ်သည်။ (သောက်မိသည်။) ဟောတိ၊
ဂူထံ၊ ကို။ ပါယေတုံ၊ သောက်စေခြင်းငှာ။ (တိုက်ခြင်းငှာ။) ပေ။
အပ္ပဋိဂ္ဂဟိတံ နု ခေါ၊ အကပ်မခံအပ်လေသလော။ ဥဒါဟု၊ ပဋိဂ္ဂဟေတဗ္ဗော (နု ခေါ)၊ အကပ်ခံထိုက်လေသလော။ (စာအုပ်တို့၌ "အပ္ပဋိဂ္ဂဟိတံ နု ခေါ ဥဒါဟု ပဋိဂ္ဂဟေတဗ္ဗာဂ ဟု တွေ့ရ၏၊ ဂူထသဒ္ဒါသည် ပုလ္လိင် နပုလ္လိင်ဖြစ်သောကြောင့် "အပဋိဂ္ဂဟိတော" ဟု ဖြစ်စေ, နှစ်ပုဒ်လုံး "အပ္ပဋိဂ္ဂတံ နု ခေါ ဥဒါဟု ပဋိဂ္ဂဟေတဗ္ဗံ" ဟု နပုလ္လိင်နှင့်ချည်း ဖြစ်စေ ရှိသင့်ပါသည်)။ ပေ။

ယံ၊ အကြင်ကျင်ကြီးကို။ ကရောန္တော၊ ပြုစဉ်။ (စွန့်စဉ်။) ပဋိဂ္ဂဏှာတိ၊ ခံယူ၏။ သွေဝ၊ ထို ခံယူခြင်းသည်ပင်။ ပဋိဂ္ဂဟော၊ အကပ်ခံမှုကို။ ကတော၊ ပြုအပ်ပြီ။ (ပြုအပ်ရာရောက်ပြီ။) ပုန၊ တစ်ဖန်။ န ပဋိဂ္ဂဟေတဗ္ဗော၊ ထိုက်။ (အကပ်ခံဖွယ်မလို။) (ကျင်ကြီးစွန့်နေစဉ် မြေ, သို့မဟုတ် တည်ရာခွက်သို့ မရောက်သေးသော ကျင်ကြီးကို ကိုယ်အင်္ဂါမှ မလွတ်သေးသောကြောင့် အကပ်ခံဖွယ်မလို၊ လက်ဖြင့် ခံယူ၍ သုံးစွဲနိုင်၏ ဟူလို။)

**တစ်နည်း**- သွေဝ ပဋိဂ္ဂဟော၊ ကတော ပန ပဋိဂ္ဂဟေတဗ္ဗောဟု ပါဌ်ရှိသေး၏။ ထိုအလို "ယံ၊ ကို။ ပေ။ ဂဏှာတိ၊ သွေဝ၊ သည်ပင်။ ပဋိဂ္ဂဟော၊ ခြင်းတည်း။ ကတော၊ ပြုအပ်ပြီးသော ကျင်ကြီးသည်။ (စွန့်အပ်ပြီးသော ကျင်ကြီး။) (သမာနော) ပန၊ သော်ကား။ ပဋိဂ္ဂဟေတဗ္ဗော၊ ထိုက်၏" ဟု ပေးပါ။ ကျင်ကြီး စွန့်အပ်ပြီး ဖြစ်လျှင်ကား မြေသို့, သို့မဟုတ် ခွက်သို့‌ရောက်သွားလျှင် အကပ်ခံရမည်ဟူလို။)

ဃရဒိန္နကာဗာဓော၊ အိမ်ရှင်မပေးအပ်သော ပီယဆေးကြောင့်ဖြစ်သော ရောဂါသည်။ ဟောတိ၊
သီတာလောဠိံ၊ ထွန်သွား၌ ကပ်ငြိသော မြေဖြင့် မွှေနှောက်ခြင်းရှိသောရေကို။ (ထွန်းသွား၌ကပ်သော မြေညက်ရေကို။) ပါယေတုံ၊ ပေ။ (ဤပုဒ်တို့၏ အဖွင့်ကို ဘာသာဋီကာ၌ ပြထားပြီ။)
ဒုဋ္ဌဂဟဏီကော၊ ပျက်သောဝမ်း ရှိသည်။ (ပျက်သော အစာအိမ်ရှိသည်။) ဟောတိ၊ (ဝမ်းလျှော မဟုတ်၊ ဓာတ်ချုပ်ခြင်းကို ဆိုသည်။)
အာမိသခါရံ၊ ထမင်းချောက် ပြာငန်ရည်ကို။ ပေ။
ပဏ္ဍုရောဂါဗာဓော၊ အသားဖျော့တော့ဝါဝင်းသော အနာရောဂါသည်။ ဟောတိ၊
မုတ္တဟရီတကံ၊ နွားကျင်ငယ်ဖြင့် ထုံအပ် (စိမ်အပ်) သော သျှိသျှားသီးရေကို။ ပေ။
ဆဝိ ဒေါသာဗာဓော၊ အရေ၏ အပြစ်ကြောင့်ဖြစ်သော အနာသည်။ ဟောတိ၊
ဂန္ဓလေပံ၊ နံ့သာဖြင့် လိမ်းမှုကို။ ပေ။
အဘိသန္နကာယော၊ များသော သလိပ်, သည်းခြေစသော အပြစ်ရှိသော ကိုယ်ရှိသည်။ ဟောတိ၊
ဝိရေစနံ၊ ဝမ်းလျှောဆေးကို။ (ဝမ်းနှုတ်ဆေးကို။) (ဝိရိစ္စတိ ဧတေနာတိ- ဝိရေစနံ၊ သလိပ်, သည်းခြေစသော အပြစ်တို့၏ ကင်းဆိတ်ကြောင်းဆေး)။ ပေ။
အစ္ဆကဉ္စိယာ၊ ကြည်သော ဆန်ဆေးရေဖြင့်။ (‌ရှေးနိဿယ၌ "ရက်သန်းရေကြည်ဖြင့်" ဟု ပေး၍ "ရက်သန်းရည်ဟူသည်ကား ဆန်ဆေးရေဖြင့်တည်သော ပအုံးရေကြည်တည်း" ဟု လည်း မှာထား၏)။ ပေ။
အကဋယူသေန၊ မပြုပြင်အပ်သော ပဲနောက်ရည်ဖြင့်။ (အကဋယူသေနာတိ အနဘိသင်္ခတေန မုဂ္ဂသူပေန၊ ဋီကာ၊ အဋ္ဌကထာအလို "အကဋယူသေန- မပြုပြင်အပ်သဖြင့် မညက်ညောသော ပဲနောက်ရည်ဖြင့်" ဟု ပေးပါ)။ ပေ။
ကဋာကဋေန၊ လှုပ်ရှားမှုကို မပြုအပ်ဘဲ စစ်ယူမှုကို ပြုအပ်သော ပဲနောက်ရည်ဖြင့် (ဋီကာအလိုတည်း၊ အဋ္ဌကထာအလိုကား **"စစ်အပ်သည်ဖြစ်၍ ညက်ညောသော ပဲနောက်ရည်ဖြင့်"** ဟု ပေးပါ)။ ပေ။
ပဋိစ္ဆာဒနီယေန၊ အသားရည်ဖြင့်။ (ဤပုဒ်တို့၏ အဖွင့်ကို ဘာသာဋီကာ၌ ပြထားပြီ။)