ဓါတုကထာပကရဏံ၊ ဓာတုကထာကျမ်းကို။
ဒေသေန္တော၊ ဟောတော်မူသော။
ဘဂဝါ၊ သည်။
ယသ္မိံ သမယေ၊ ၌။
ဒေသေသိ၊ ဟောတော်မူပြီ။
တံ သမယံ၊ ဓာတုကထာကျမ်းကို ဟောတော်မူရာ ထိုအခါ၌။
ဒဿေတုံ၊ ပြတော်မူခြင်းငှါ။
အဋ္ဌာရသဟီတိအာဒိံ၊ အဋ္ဌရသဟိ အစရှိသော စကားရပ်ကို။
(သင်္ဂဟကာရော) အာဟ၊
ဝါ၊ တနည်း။
ဝိဘင်္ဂါနန္တရံ၊ ဝိဘင်းကျမ်း၏ အခြားမဲ့၌။
ဒေသိတဿ၊ ဟောတော်မူအပ်သော။
ပကရဏဿ၊ ကျမ်း၏။
ဓာတုကထာဘာဝံ၊ ဓာတုကထာကျမ်း၏အဖြစ်ကို။
ဒဿေတုံ၊ ငှါ။
(အဋ္ဌရသဟီတိ အာဒိံ သင်္ဂဟ ကာရော အာဟ။)
တတ္ထ၊ ထို အဋ္ဌရသဟိ အစရှိသော စကားရပ်၌။
(အတ္ထော ဧဝံ ဝေဒိတဗ္ဗော၊ )။
ဗလဝိဓမန ဝိသယာတိက္ကမနဝသနေ၊ မာရ်နတ်၏ အစွမ်းသတ္တိကို ပယ်ဖျောက်နှိပ်နယ်ခြင်း, မာရ်နတ်၏ နယ်ပယ်ဖြစ်သော ကာမဓာတ်ကို လွန်မြောက်ခြင်း၏ အစွမ်းဖြင့်။ဗလဝိဓမန (ပေ) ဘဉ္ဇိတတ္တာ။ ။ ဤအဖွင့်၏ အဓိပ္ပါယ်နှင့် တကွ ဆောင် ပုဒ်ကို ကစ္စည်း ဘာသာဋီကာ ဇိနဝစန ယုတ္တံ ဟိ သုတ် အဖွင့်၌ ပြထားပြီ။
ဆောင်ပုဒ်ကား။ ။ ဘုန်းတော်ထိန်းလျှမ်း, ကျွန်းထိပ်ပန်းကား၊ အစွမ်းနှိပ်နင်း၊ နယ်ပယ်တွင်းမှ၊ လွတ်ကင်းထွက်ငြား၊ မာရ်နတ်သားတည်း၊ ထပ်ပွားအသစ်၊ မဖြစ်နိုင်စေ၊ ကိလေ ဘိသင်၊ မာရ်နှစ်အင်လောင်း၊ အကြောင်းသမုဒယ၊ ပယ်ချပိုင်ပိုင်၊ သိနိုင်သမှု၊ ခန်- မစ္စုဟု၊ နှစ်ခုမာရ်နှင်၊ ပေါင်း ငါးအင်ကို၊ ပင်ဗောဓိမင်း၊ အောင်မြေတွင်း၌၊ မကြွင်းကုန်စင်၊ အောင်ပွဲယင်သည်.... မြတ်ရှင်ဌိန ဘွဲတော်ဘုရား။ (ဘဉ္ဇိတ ၌ အဘိန္နဝိသေသန စပ်။) ဒေဝပုတ္တမာရဿ၊ ဒေဝပုတ္တမာရ်၏၎င်း။ ဝါ၊ ကို၎င်း။ (ဘဉ္ဇိတတ္တာ- ၌စပ်)။ အပ္ပဝတ္တိကရဏဝသေန၊ ကိုယ်တော်၏ သန္တာန်၌ နောက်ထပ်မဖြစ်အောင် ပြုခြင်း၏ အစွမ်းဖြင့်။ ကိလေသာဘိသင်္ခါရမာရာနံ၊ ကိလေသမာရ်, အဘိသင်္ခါရမာရ် တို့၏၎င်း။ ဝါ၊ တို့ကို၎င်း။ သမုဒယပဟာနပရိညာဝသေန၊ ခန္ဓမာရ်, မစ္စုမာရ် တို့၏ အကြောင်း သမုဒယကို ပယ်ခြင်း, ပိုင်ပိုင်နိုင်နိုင်ပိုင်းခြား၍ သိခြင်း ၏ အစွမ်းဖြင့်။ ခန္ဓာမာရဿ၊ ခန္ဓမာရ်၏ ၎င်း။ ဝါ၊ ကို၎င်း။ မစ္စုမာရဿ စ၊ မစ္စုမာရ်၏ ၎င်း။ ဝါ၊ ကို၎င်း။ ဗောဓိမူလေ ဧဝ၊ ဗောဓိပင်၏ အနီးအောက်၌ ပင်။ ဘဉ္ဇိတတ္တာ၊ ဖျက်ဆီးတော်မူအပ်ကုန်ပြီး၏ အဖြစ်ကြောင့်။ (မာရဘဉ္ဇနောတိ ထောမိတော- ၌စပ်။) ပရူပနိဿယပရဟိတံ၊ သူတပါးတည်းဟူသော အမှီမှ ကင်းသည်လည်းဖြစ်သော ။ ပရူပ (ပေ) သယံ။ ။ ပရူပနိဿယရ ဟတံ- ဟူသော ဝိသေသနဖြင့် သာဝကတို့၏ မာရဘဉ္စနကို ကန့်သည်။ သာဝကတို့၏ မာရဘဉ္စနမှ မြတ်စွာဘုရားတည်းဟူသော တပါးသော မှီရာရှိသေး၏။ မြတ်စွာဘုရား ၏ မာရဘဉ္ဇနကား တပါးသော မှီရာ မရှီသော့။ နိရတိသယံ- ဟူသော ဝိသေသနဖြင့် သာဝကတို့နှင့် ပစ္စေကဗုဒ္ဓါတို့၏ မာရဘဉ္စနကို ကန့်သည်။ သာဝကတို့နှင့် ပစ္ဏေကဗုဒ္ဓါတို့၏ ဖျက်ဆီးပုံကို မိမိတက်သာလွန်သော မာရဘဉ္ဇန ရှိသေး၏။ မြတ်စွာဘုရား၏ ဖျက်ဆီးပုံမှာ မိမိထက် သာလွန်သော မာရဘဉ္ဇန မရှိတော့။ နိရယိသယံ၊ အသာအလွန်လည်း မရှိသော။ တံ ဘဉ္ဇနံ၊ ထို ဖျက်ဆီးတော်မူခြင်းကို။ ဥပါဒါယ၊ ဉာဏ်ဖြင့် ကပ်ယူ၍။ ဝါ၊ စွဲ၍။ ဘဂဝါ ဧဝံ၊ ကိုသာ။ မာရဘဉ္ဇနောကိ၊ မာရဘဉ္ဇန ဟူ၍။ (သင်္ဂဟကာရေန) ထောမိတော၊ ချီးမွမ်းအပ်ပြီ။ [ဘဂဝါ ဧဝ- ၌ ဧဝ- ဖြင့် ပစ္စေကဗုဒ္ဓါ, သာဝကတို့ကို ကန့်။]

တတ္ထ၊ ထို ဂါထာစကားရပ်၌။
(အတ္ထော ဧဝံ ဝေဒိတဗ္ဗော၊ )။
(ယော ဘဂဝါ) မာရေ၊ ဒေဝ ပုတ္တ စသည်အပြား ငါးပါးသော မာရ်တို့ကို။
အဘဉ္ဇေသိ၊ ဖျက်ဆီးတော်မူပြီ။
ဣတိ၊ ကြောင့်။
(သော ဘဂဝါ) မာရဘဉ္ဇနော၊ မာရဘဉ္ဇန မည်တော်မူ၏။
ဝါ၊ တနည်း။
ဧတဿ၊ ဤ မြတ်စွာဘုရား၏။
မာရဘဉ္ဇနံ၊ ဒေဝ ပုတ္တ စသည်အပြား ငါးပါးသော မာရ်တို့ကို ဖျက်ဆီးခြင်းသည်။
(အတ္ထိ)၊
ပရရာဇာဒိဘဉ္ဇနံ၊ တပါးသော ရန်သူမင်း အစရှိသည်ကို ဖျက်ဆီးခြင်းသည်။
န၊ မရှိ။
(ဣတိ မာရဘဉ္ဇနော၊ မည်တော်မူ၏။)
[န ပရရာဇာဖဒိဘဉ္ဇနံ- သည် မာရဘဉ္ဇနံ- ပုဒ်၏ အညတ္ထာ ပေါဟန နည်းအားဖြင့် ရအပ်သော အနက်တည်း။ အညတ္ထာ ပေါဟန၏ အဓိပ္ပါယ်ို သဒ္ဒတ္ထဘေဒစိန္တာဘာသာဋီကာ သဒ္ဒေါပလက္ခဏာ ဒီဟိ- စသော (၁၀၂) ဂါထာ၌ ရှုပါ။]
(ယော ဘဂဝါ) မဟာဝိက္ကန္တော၊ မကြောက်မရွံ့ နောက်မတွန့်ပဲ ရဲဝံ့ဆက်ဆက် ကြီးစွာ တိုးတက်တော်မူ၏။
မဟာဝိတန္တော။ ။ မဟာဝီရောကို "မဟာဝိက္ကန္တော" ဟု ပဌမဖွင့်၏။ ဝီရနှင့် ဝိက္ကန္တသည် ပရိယာယ်တည်း။ [သူရဝီရာ တု ဝိက္ကန္တော။ အဘိဓာတ်။ (၃၈၀)] ဝိက္ကန္တ- ၌ ဝိ+ကမု၊ တ ပစ္စည်း။ ဝိက္ကမတိ၊ အထူးအားဖြင့် ရှေ့သို တိုးတက်တတ်၏။(ဘယ်အခါမှ နောက်မဆုတ်တတ်)။ ဣတိ ဝိက္ကမန္တာ။ ဤ ဝိဂြိုလ်နှင့် အညီ နောက်မဆုတ်ပဲ ရှေ့သို့သာ တိုးတက်ဝံ့သော ပုဂ္ဂိုလ်ဟူသည် ရဲရင့်သော ပုဂ္ဂိုလ်ပ်တည်း။ "မဟန္တော+ ဝိက္ကန္တော မဟာဝိက္ကန္တော" ဟု ကမ္မဓာရည်းပြု။
မဟာဝီရိတော၊ ကြီးကျယ်များမြတ် ချီးမွမ်းအပ်သော ဝီရိယ ရှိတော်မူ၏။မဟာဝီဥိယော။ ။ ဝီရဿ၊ ရဲရင့်သူ၏။ ဘာဝေါ၊ ဖြစ်ကြောင်း ဖြစ်ရာတည်း။ ဝီရိယံ။ ရာ။ "မဟန္တံ+ ဝီရိယံ ယဿာတိ မဟာဝိရယော" ဟု ဗဟုဗ္ဗီဟိ- ပြု။ ဤ ဝိဂြိုလ်နှင့်အညီ ဝီရိယသည် ဝီရပုဂ္ဂိုလ်၏ ဖြစ်ကြောင်း ဖြစ်ရာတည်း။ ဝီရိယရှိမှ ဝိရ(ရဲရင့်သူ) ဖြစ်နိုင်၏။ ဝိရိယမရှိလျှင် ပျော့ညံ့ညံ့ ပုဂ္ဂိုလ်သာ ဖြစ်သည်။ ထို့ကြောင့် ဝိရ- ကို ဝီရိယ- ဟု ဖွင့်ခြင်းသည် ဝိရသဒ္ဓါ ၏ သဒ္ဒပဝတ္တနိမိတ ဖြစ်သော အကြောင်းကို ဖွင့်ခြင်းတည်း။ ထို့ကြောင့် ဝိက္ကန္တ ဝိရိယ အဖွင့် ၂ မျိုး လုံးပင် ဝီရ၏ ပရိယာယ အဖွင့်နှင့် အကြောင်းကို ဖွင့်ခြင်းဟု မှတ်ပါ။ [ဝိရသဒ္ဓဿ ပရိယာယဉ္စ ဟေတုဉ္စ ဒဿေတုံ မဟာဝိက္ကန္တောတိအာဒိမာဟ။- မဓု]။
ဆက်ဦးအံ့။ ။ ဤ အဖွင့် ၂ မျိုးသည် တမျိုးနှင့်တမျိုး မတူသော်လည်း မဟာဝိရောကို ၂ နည်းဖွင့်ခြင်းမဟုတ်။ ဒုတိယ အဖွင့်သည် ရဲရင့်သူ၏ ဖြစ်ကြောင်းကို ဖွင့်သောကြောင့် ပဌမအဖွင့်၏ အထောက်အတူသာ ဖြစ်၏။ ထို့ကြောင့် စ- သဒ္ဒါ မပါပဲ "မဟာဝိက္ကန္တော မဟာဝီရိယော" ဟု တဆက်တည်း ဖွင့်သည်ဟု မှတ်ပါ။
မဟာဝီရိယ ဖြစ်ရခြင်းမှာလည်း (၁) ပရိပုဏ္ဏဝီရိယ ပါရမိတာယ၊ ဝီရိယပါရမီတော်က ပြည့်နေသည့်အတွက် ဝီရိယတွေ များပြားခြင်းကြောင့်၎င်း, (၂) စတုရဂ်- သမန္နာဂတ ဝိရယာဓိဋ္ဌာနေန, ဘုရားဖြစ်မည့် နေရာဝယ် တင်ပလ္လဘင်ဖွံ ခွေထိုင်နေတောမူရာအခါ၌ (က) အရိုး (ခ) အကြော (ဂ) အရေ ဤ ၃ ထွေသာ ကျန်ပါစေ၊ (ဃ) အသားအသွေးတွေ ခြောက်သွေ့စေကုမူ ဤ တင်မလ္လင်မှမထတော့အံ့- ဟု ဝီရိယမြဲမြံ ဇွဲသနိသန် ဓိဋ္ဌာန်တော်မူခြင်းကြောင်း၎င်း, (၃) အနညသာဓာရဏစတုဗ္ဗိဓ သမ္မပ္ပဓာနသမ္ပတ္တိယာ၊ အခြား ပစ္စေကဗုဒ္ဓါသာဝကတို့ထက် သာလွန်သော သမ္မပ္ပဓာန်လေးပါးနှင့် ပြည့်စုံတော်မူခြင်းကြောင့် ၎င်းတည်း။ - အနဋီကာ။ ဣတိ၊ ကြော့်။ (သော ဘဂဝါ) မဟာဝီရော၊ မဟာဝီရ မည်တော်မူ၏။

ခန္ဓာဒယော၊ ခန္ဓာ အစရှိကုန်သော။
အရဏန္တာ၊ အရဏ အဆုံးရှိကုန်သော။
ဓမ္မာ၊ တရားတို့သည်။
(ဤ ဓာတုကထာ၌ ဟောတော်မူအပ်သော တရားတို့သည်)။
သဘာဝဋ္ဌေန၊ သဘော၏ အဖြစ်ဟူသော အနက်ကြောင့်။
ဓာတုယော၊ ဓာတုတို့ မည်၏။
ဒါ၊ တနည်း။
(ခန္ဓာဒယော အရဧန္တာ ဓမ္မာ) အဘိဓမ္မကထာဓိဋ္ဌာနဋ္ဌေန၊ အဘိဓမ္မထကာ၏ တည်ရာ၏ အဖြစ်ဟူသော အနက်ကြောင့်။
(ဓာတုယော၊ တို့မည်၏)။
ဣတိ ကတွာ၊ ဤ အနက်ကို ပြု၍။
တေသံ၊ ထိုခန္ဓာ အစ အရဏ အဆုံးရှိသော သဘောတရားတို့ကို။
ဝါ၊ တို့ကို။
ကသနတော၊ ဟောတော်မူအပ်ရာ၏ အဖြစ်ကြောင့်။
ဣမဿ ပကရဏဿ၊ ဤကျမ်း၏။
ဓာတုကထာတိ၊ ဓာတု ကထာဟူသော။ဓာတုကထာတိ အဓိဝစနံ။ ။ ဓာတုသဒ္ဒါသည် သဘာဝအနက်ကို ဟော၏။ ထို့ကြောင့်"ဓာတ်သဘော" ဟု တွဲ၍ ပြောလေ့ရှိကြသည်။ "ခန္ဓာ, အာယတန, ဓာတ်, ကုသလ၊ အကုသလ, အဗျာကတမှ စ၍ သရဏာဓမ္မာ အရဏာဓမ္မာ" ဟူ လာသော တရားတို့သည် ပုဂ္ဂိုလ် သတ္တဝါ သူ ငါ မဟုတ်ကြ။ ဓာတ်သဘောတို့မျှသာတည်း။ ဤ ကျမ်းသည် ထို ဓာတ်သဘော တရားတို့ကို ဟောတော်မူရာဖြစ်သောကြောင့် "ဓာတုကထာ" ဟူသော အမည်ကို ရသည်။ [ကထီယန္တိ ဧတ္ထ ဧတာယာတိ ကထာ၊ ဓာတူနံ- ဓာတ်သဘောတို့ကို+ ကထာ ဓာတုကထာ။ (တနည်း) ကထနံ ကထာ (ဟောတော်မူခြင်း)။ ဓာတူနံ+ ကထာ ဧတ္ထာတိ ဓာတုကထာ၊ ဓာတ်သဘောတို့ကို ဟောခြင်းရှိရာကျမ်း။]
တနည်း။ ။ ဓာတု၌ ဓာ- ဓာတ်သည် ဆောင်ခြင်းအနက်ကို ဟော၏။ ခန္ဓာ အစ ရှိသော တရားတို့သည် မိမိတို့ကို အမှီပြု၍ အဘိဓမ္မကထာဖြစ်ရသောကြောင့် မိမိတို့ကို မှီသော အဘိဓမ္မကထာကို ဆောင်ထားရာ ရောက်၏။ ထိုသို့ ဆောင်ထား နိုင်လျှင် အဘိဓမ္မကထာ၏ တည်ရာလည်း ဖြစ်တော့၏။ ထို့ကြောင့် "အဘိဓမ္မ ကထာ ဓိဋ္ဌာနေန ဝါ" ဟု တနည်းဖွင့်သည်။ ဤ နည်း၌လည်း ဝိဂြိုလ်မှ ရှေ့အတိုင်းပင်တည်း။ "ဓာတူနံ၊ အဘိဓမ္မကထာကို ဆောင်ထားနိုင်သော ခန္ဓာ အစရှိသော တရားတို့၏။ ဝါ- တို့ကို၊ ကထာ၊ ဟောရာ ဟောကြောင်း ကျမ်းတည်း။ ဓာတုကထာ၊ ကျမ်း" ဟု အနက်ပေးပါ။ ["ဓာတူနံ+ကထာ ဧတ္ထ" ဟု အခြားလည်းလည်းပြု။] အဓိဝစနံ၊ အမည်သည်။ (ဟောတိ)၊

စ၊ ဆက်။
အညေသု၊ ဤကျမ်းမှ အခြားကုန်သော။
ပကရဏေသု၊ ဓမ္မသင်္ဂဏီ အစရှိသော ကျမ်းတို့၌။
တေ သဘာဝါ၊ ခန္ဓာ အစ အရဏ အဆုံးရှိသော ထို သဘောတရားတို့ကို။
ယဒိပိ ကထိတာ၊ အကယ်၍ မူလည်း ဟောတော်မူအပ်ပါလေကုန်ပြီ။
ယဒိပိ (ပေ) ဧဝံ နာမကံ။ ။ ဓမ္မသင်္ဂဏီ စသော အခြား ကျမ်းတို့၌လည်း သဘာဝဓမ္မ တို့ကို ဟောတော်မူအပ်သည် မဟုတ်ပါလော။ သို့ပါလျက် အဘယ််ကြောင့် ဤကျမ်းသည်သာ ဓာတုကထာ အမည် ရသနည်းဟု မေးဖွယ်ရှိသောကြောင့် "ယဒိိပိ" စသည်ကို မိန့်။ အခြားကျမ်းတို့၌ ဤ သဘာဝဓမ္မတို့ကို ဟောအပ်ပါကုန်သော်လည်း ဤကျမ်း၌ ၁၄ ပါးသော နယ တို့တွင် တပါး တပါးသော နယ်၌ ထိုအလုံးစုံသော သဘာဝဓမ္မတို့ကို ဟောတော်မူအပ်သည့်အတွက် ဟောရာဖြစ်သောကြောင့် အတိသယနည်းအားဖြင့် ဤကျမ်းသည်သာ ဓာတုကထာ အမည်ရနိုင်ပါသည် ဟူလို။
ပန၊ ထိုသို့ပင် အခြားကျမ်းတို့၌ ထို သဘောတရားတို့ကို ဟောတော်မူအပ်ပါကုန်သော်လည်း။
ဧတ္ထ၊ ဤကျမ်း၌။
(သာတိသယံ ကထနံ၊ ၌စပ်)။
သဗ္ဗေသံ၊ အလုံးစုံသော။
တေသံ၊ ထို ခန္ဓာအစ အရဏ အရဏအဆုံးရှိသော သဘောတရားတို့၏။
ဝါ၊ တို့ကို။
(ကထိတတ္တာကထနံ၊ တို့၌စပ်)။
သင်္ဂဟာသင်္ဂဟာဒီသု၊ သင်္ဂဟ အစရှိကုန်သော.
[အာဒိ- ဖြင့် သင်္ဂဟိတေန အသင်္ဂဟိတံ စသည်ကို ယူ။]
စုဒ္ဒသသု၊ ၁၄ ပါးကုန်သော။
နယေသု၊ နယတို့တွင်။
ဧကေကသ္မိံ၊ တပါးတပါးသော နယ၌။
ကတိတတ္တာ၊ ဟောတော်မူအပ်ကုန်သည်၏ အဖြစ်ကြောင့်။
သာတိသယံ၊ အလွန်အကဲနှင့်တကွ ဖြစ်သော။
သာတိသယံ။ ။ သဟ+ အတိသယေန ယံ ဝတ္တတီတိ သာတိသယံ (ကထနံ)။ "အတိသယ" ဟူသည် ဆန့်ကျယ်ခြင်း, လွန်ကဲခြင်းအားဖြင့်၎င်း၊ မကြွင်းမကျန်ခြင်းအားဖြင့် ၎င်း ဒေသနာ၏ ဖြစ်ခြင်းကြောင်း အြခါးဒေသနာတို့တဌက် ထုးခြားခြင်းတည်း။ [သာတိသယန္တိ ဘဝိသေသံ၊ ဝိစိတ္တာတိရေကဝသေန အဝသေသတော စဒေသနာယ ပဝတ္တတ္တာ။- အနုဋီကာ။]
ကထနံ၊ ဟောတော်မူခြင်းသည်။
(ဟောတိ၊ )။
ဣတိ၊ ထို့ကြောင့်။
ဝါ၊ ထိုသို့ အလွန်အကဲနှင့်တကွ ဟောတော်မူခြင်းရှိရာ၏ အဖြစ်ကြောင့်။
ဣဒမေဝ၊ ဤကျမ်းသည်သာ။
ဧဝံနာမကံ၊ ဤသို့ ဓာတုကထာအမည်ရှိသည်။
(ဟောတိ၊ )။
ဟိ၊ မှန်။
အညတ္ထ၊ ဤကျမ်းမှ အခြားသော ကျမ်းတို့၌။
ဧကဒေသကထနမေဝ၊ တစိတ်တဒေသကို ဟောတော်မူခြင်းကိုသာ။
ဧကဒေသ (ပေ) ကတံ။ ။ ဤဝါကျ၌ လွယ်ကူအောင် ဒဠှီဝါကျ ကြံ၍ နိဿယအနက်ပေးလိုက်သည်။ ဤအလို ဣတိကို ပရိသမာပန နိပါတ်ဟု မှတ်ပါ၊ တနည်း - "ကဿ္မာ ဧတ္ထ တေသံ သဗ္ဗေသံ သာတိသယံ ကထနံ ဟောတိ၊ ဤတိ ဝိညာသတိ" ဟု ပုစ္ဆာဝါကျထည့်၍ "ဟိ ယသ္မာ (ပေ) ကတံ၊ ဣတိ တသ္မာ ဧတ္ထ (ပေ) သာတိသယံ ကထနံ ဟောတိ၊ ဣတိ ဝိညာယတိ" ဟုရှေ့ဝါသို့ လှည့်၍ ဝိသဇ္ဇဝကျ ထည့်ပါ။ [နောက်၌လည်း ဤသို့ချည်း ၂ နည်း ပေးနိုင်သည်။]
ဣတိ၊ ဤသို့ မှတ်အပ်၏။
ဝါ၊ တနည်း။
ခန္ဓာယတနဓာတူဟိ၊ ခန္ဓာ အာယတန ဓာတ်တို့ဖြင့်။
ခန္ဓာယတနဓာတူဟိ ဝါ။ ။ ရှေ့နည်း၌ ခန္ဓာ အစ အရဏ အဆုံးရှိသော သဘောတရားတို့ကို၎င်း, အဘိဓမ္မကထာ၏တည်ရာဖြစ်သော ဓာတ်တရားတို့ကို၎င်း ယူရသောကြောင့် ဓမ္မသင်္ဂဏီ စသော အခြား ကျမ်းတို့နှင့် ရောနှော ဆက်ဆံ နေရကား ထိုသို့ မယူပဲ "ဓာတု "အရ အထင် ရုဠှီ အားဖြင့် ထင်ရှားပြီးဖြစ်သော ဓာတ်တရားတို့ကိုသာ ယူရသောနည်းကို ပြလို၍ "ခန္ဓာယတန ဓာတူဟိ ဝါ" ဟု တနည်းမိန့်သည်။ ဤနည်း၌ "စတူဟိ ခန္ဓေဟိ ဒွီဟာယတနေတိ" စသည်ဖြင့်, ခန္ဓာ အာယတန တို့ဖြင့် ဟောတော်မူအပ်ပါသော်လည်း ဓာတ်တို့က မဟာဝိသယ ဖြစ်သောကြောင့် ယေဘုယျနည်းအားဖြင့် "ဓာတုကထာ" ဟု ဟူသော အမည်ကို ဆိုရပါသည်- ဟူလို။
ခန္ဓာဒီနံ၊ ခန္ဓာ အစရှိကုန်သော။
အရဏန္တာနံ၊ အရဏ အဆုံးရှိကုန်သော တရားတို့၏။
သင်္ဂဟာသင်္ဂဟာဒယော၊ သင်္ဂဟ အသင်္ဂဟ အစရှိကုန်သော။
နယာ၊ နယတို့ကို။
ဝုတ္တာ၊ ဟောတော်မူအပ်ကုန်ပြီ။
(ရူပက္ခန္ဓော ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ စာတူဟိ သင်္ဂဟော စသည်ဖြင့် ဟောတော်မူအပ်ကုန်ပြီ။)
ဣတိ၊ ထို့ကြောင့်။
တတ္ထ၊ ထိုခန္ဓာ အာယတနဓာတ်တို့တွင်။
မဟာဝိသယာနံ၊ ကျယ်သော အရာရှိကုန်သော။
မဟာဝိသယဖြစ်ပုံ။ ။ ဓာတ်တို့သည် ပုဒ်အရေအတွက်အားဖြင့် များသောကြောင့် အထူးအပြားရှိတိုင်းသို့ လိုက်နိုင် ပါဝင်နိုင်၏။ ခန္ဓာ, အာယတနတို့က ပုဒ်အရေအတွက် နည်းသောကြောင့် အပြားရှိသလောက် မလိုက်နိုင်။ ထို့ကြောင့် ဓာတ်တို့ကိုသာ "မဟာဝိသယ" ဟု ဆိုရသည်။ [မဟန္တော ပဘေဒါနူဂတော ဝိသယောဧတာသန္တိ မဟာဝီသယာ (ဓာတုယော)။ အနူဋီကာ။]
ဓာတူနံ၊ ဓာတ်တို့၏။
ဝါ၊ တို့၏။
ဝသေန၊ စပ်သဖြင့်။
ဓာတူဟိ၊ ဓာတ်တို့ဖြင့်။
ကထာ၊ ခန္ဓာ အစ အရဏ အဆုံးရှိသော တရားတို့ကို ဟောရာတည်း။
ဓာတုကထာ၊ ရာ။
ဣတိ ဧဝံ၊ ဤသို့။
အဿ၊ ထိုကျမ်း၏။
နာမံ၊ ဓာတုကထာ ဟူသော အမည်ကို။
(သင်္ဂီတိကာရေဟိ) ဝုတ္တံ၊ ပြီ။
ဣတိ၊ ဤသို့။
ဝေဒိတဗ္ဗံ၊ သိထိုက်၏။
ဒွိဓာ၊ သင်္ခတ, အသင်္ခတ အားဖြင့် ၂ ပါးအပြား၎င်း။
(ဣတိ- ၌စပ်။)
တိဓာ၊ ကာမဓာတ် ရူပဓာတ် အရူပဓာတ် အားဖြင့် ၃ ပါး အပြား၎င်း။
ဆဓာ၊ ပထဝီ စသော ဓာတ် ကြီး ၄ ပါး, ဝိညာဏဓာတ်, အာကာသဓာတ်အားဖြင့် ၆ ပါး အပြား၎င်း။
အဋ္ဌရသဓာ၊ စက္ခုဓာတ် စသော တဆယ့်ရှစ်ပါး အပြား၎င်း။
ဣတိ၊ ဤသို့။
အနေကဓာ၊ တပါးမက များသော အပြားအားဖြင့်။
ဓာတုဘေဒံ၊ ဓာတ်အပြားကို။
ပကာသေသိ၊ ထင်ရှားပြတော်မူပြီ။
["ပကာသေတိ၊ ထင်ရှားပြတော်မူ၏" ဟု ဝတ္တမာန်ဖြင့် ရှိလျှင်ကောင်းမည် ထင်သည်။]
ဣတိ၊ ကြောင့်။
ဓာတုဘေဒပ္ပကာသနော၊ ဓာတုဘေဒပ္ပကာသန မည်တော်မူ၏။
ဣတိ၊ ဤသို့ မှတ်အပ်၏။
[ဣတိ မပါလျှင် ကောင်မည် ထင်သည်။]
တဿတ္ထန္တိ၊ ကား။
တဿာ ဓာတုကထာယ၊ ထို ဓာတုကထာ၏။
အတ္ထံ၊ အနက်အဓိပ္ပါယ်ကို။
(ဒီပယိဿာမိ- ၌စပ်)။
အကာရေ၊ အတ္ထံ၌ အ- အက္ခရာကြောင့်။
အာကာရဿ၊ တဿ ၌ အာ- အက္ခရာ၏။
လောပေါ၊ ကို။
ဒဋ္ဌဗ္ဗော၊ ၏။
ဝါ၊ တနည်း။
ယံ ဓာတုကထန္တိ ဧတ္ထ၊ ၌။၏
ပကရဏန္တိ၊ ပကရဏံ ဟူသော။
ဝစနသေသော၊ သဒ္ဒါကြွင်းသည်။
ဝါ၊ ကြွင်းကျန်သော သဒ္ဒါသည်။
(ဟောတိ၊ )။
(ကသ္မာ၊ နည်း။)
သတ္တန္နံ ပကရဏာနံ၊ ၇ ပါးသော ကျမ်းတို့၏။
(ပဝတ္တာ- ၌ စပ်)။
ဝါ၊ တို့ကို။
ကမေန၊ အစဉ်အားဖြင့်။
ဝဏ္ဏနာယ၊ ဖွင့်ကြောင်း ဖွင့်ရာ အဋ္ဌကထာ၏။
ပဝတ္တတ္တာ၊ ဖြစ်သည်၏ အဖြစ်ကြောင့်တည်း။
[အဘိဓမ္မာ ၇ ကျမ်းတို့ကို ဖွင့်ရာဌာမဖြစ်သောကြော့င့် ဌာန အားလျော်စွာ ပကရဏံ ဟူသော ပါဌ်ကို ထည့်နိုင်သည် ဟူလို။]
ဣတိ၊ ကြောင့်။
(ဝါ၊ ဌာနအားလျော်စွာ ပကရဏံ ဟူသော ဝစနသေသကို ထည့်နိုင်သည်၏ အဖြစ်ကြောင့်။)။
တေန၊ ထို ပကရဏသဒ္ဒါနှင့်။
ယောဇနံ၊ ယှဉ်စေခြင်းကို။
ကတွာ၊ ပြု၍။
တဿ ပကရဏဿ၊ ထိုကျမ်း၏။
အတ္ထံ၊ အနက်အဓိပ္ပါယ်ကို။
တဿတ္ထံ၊ ထိုကျမ်း၏ အနက်အဓိပ္ပါယ်ကို။
(ဒီပယိဿာမိ- ၌စပ်။)
ဣတိ၊ သို့။
အကာရလောပေါ ဝါ၊ တဿ- ၌ အ-အက္ခရာ၏ ကျေခြင်းကိုသော်လည်း။
(ဒဋ္ဌဗ္ဗော)၊
တန္တိ၊ တံ ဟူသည်ကား။
တံ ဒီပနံ၊ ထို အနက်အဓိပ္ပါယ်ကို ထင်ရှားပြကြောင်း စကားကို။
သုဏာထ၊ နာယူကြကုန်လော့။
ဝါ၊ တနည်း။
တံ အတ္ထံ၊ ထိုအနက်အဓိပ္ပါယ်ကို။
တံ ဒီပနဝစနသဝနေန၊ ထို အနက်အဓိပ္ပါယ်ကို ပြကြောင်းစကားကို နာယူခြင်းအားဖြင့်။
ဥပဓာရေထ၊ ဆောင်ရွက်မှတ်သားကြကုန်လော့။
ဣတိ အတ္ထော၊ ဤကား အနက်။
သမာဟိတာတိ၊ ကား။
နာနာကိစ္စေဟိ၊ အထူးထူးသော ကိစ္စတို့သည်။
ဝါ၊ တို့ကြောင့်။
အဝိက္ခိတ္တစိတ္တာ၊ အထူးထူး အပြားပြား ပစ်လွှင့်အပ်သော စိတ်မရှိကုန်သည်။
ဝါ၊ မပျံ့လွင့်ကုန်သည်။
(ဟုတွာ သုဏာထ၊ )
ဝါ၊ တနည်း။
အတ္တနော၊ မိမိ၏။
စိတ္တေ၊ စိတ်၌။
အာဟိတာ၊ သွင်းထားကုန်သည်။
(ဟုတွာ သုဏာထ၊ )။
ဣတိ အတ္ထော၊
[ဤအဖွင့်၏ အဓိပ္ပါယ်များကို အဋ္ဌကထာ ဘာသာဋီကာ၌ ပြထားပြီ။]
ဂန္ထာရမ္ဘဝဏ္ဏနာ၊ ဂန္ထာရမ္ဘအဖွင့်သည်။
နိဋ္ဌိတာ၊ ပြီးပြီ။