ယသ္မာ စ ဒုကတိကေသူတိ (ဧတ္ထ)၊ ဤပါဌ်၌။
(စောဒနာသောဓနာနယော ဧဝံ ဝေဒိတဗ္ဗော၊ )။
[ဧကက ၌လည်း ဝိသဇ္ဇနတူသည် မဟုတ်ပါလော။ အဘယ်ကြောင့် ဒုက္ခ, သမုဒယ, မဂ္ဂတို့၏ ဒုက, တိကတို့၌သာ ဝိသဇ္ဇနတူသည်၏ အဖြစ်ကို အကြောင်းဖြစ်ဖြင့် ဆိုရပါသနည်းဟု မေးဖွယ် ရှိသောကြောင့်ယဒိပိ စသည်ကို မိန့်။]
ဧကကေပိ၊ ဧကက၌လည်း။
သဒိသံ၊ တူသော။
ဝိသဇ္ဇနံ၊ အဖြေသည်။
ယဒိပိ ဟောတိ၊ အကယ်၍ မူလည်း ဖြစ်ပါပေ၏။
ပန၊ ထို သို့ပင် ဖြစ်ပါသော်လည်း။
ဧကကေ ပန (ပေ) ဝိသဇ္ဇနံ ဒိဋ္ဌံ။ ။ ဧကက၌လည်း သမုဒယနှင့် မဂ္ဂသစ္စာတို့အတွက် သဒိသဝိသဇ္ဇနဖြစ်ပါ၏။ သို့သော် ဣန္ဒြိယပဒဝယ် စက္ခန္ဒြေ, သောတိန္ဒြေ, သုခိန္ဒြေတို့အတွက် ဧကက၌ ဝိသဇ္ဇန တူသော်လည်း ဒုက စသည်တို့ကို ရောက်သောအခါ ဝိသဇ္ဇန မတူသည်ကို တွေ့ရ၏။ [ထို ပါဠိတော်ကို ကြည့်ပါ။]
ဧကကေ၊ ဧကက၌။
သဒိသဝိသဇ္ဇနာနံ၊ တူသော ဝိသဇ္ဇန ရှိကုန်သော။
စက္ခုန္ဒြိယ သောတိန္ဒြိယ သုခိန္ဒြိယာဒီနံ၊ စက္ခုန္ဒြေ,သောတိန္ဒြေ, သုခိန္ဒြေ အစရှိသည်တို့၏။
(အာဒိ- ဖြင့် ဒုက္ခိန္ဒြေစသော ဣန္ဒြေအားလုံးကို ယူပါ။)
ဒုကာဒီသု၊ ဒုက အစရှိသည် တို့၌။
အသဒိသတိသဇ္ဇနံ၊ မတူသော ဝိသဇ္ဇနကို။
ဒိဋ္ဌံ၊ တွေ့မြင်အပ်ပြီ။
ဟိ၊ မှန်။
ဧတ္ထ၊ ဤ ဣန္ဒြိယနိဒ္ဒေသ၌။
စက္ခုသောတစက္ခုသုခိန္ဒြိယဒုကာနံ၊ စက္ခုသောတာဒုက်, စက္ခုသုခိန္ဒြိယဒုက်တို့၏။
ဝါ၊ အတွက်။
အညမညသဒိသဝိသဇ္ဇနံ၊ အချင်းချင်းတူသော ဝိသဇ္ဇနကို။
န ဒိဋ္ဌံ၊ မတွေ့ မမြင်အပ်။
ဒုကေဟိပိ၊ ဒုက်တို့နှင့်လည်း။
တိကဿ၊ တိက်၏။
(အညမညသဒိသဝိသဇ္ဇနံ ဒိဋ္ဌံ၊ )။
ပန၊ အနွယကား။
ဣဓပန (ပေ) ကာရဏံ ဝဒတိ။ ။ ဤ သစ္စပဒ၌ကား သမုဒယနှင့် မဂ္ဂသစ္စာတို့အတွက် ဒုက၌၎င်း, တိကဍ၎င်း ဝိသဇ္ဇန တူ၏။ အသို့ ဣန္ဒြိယနိဒ္ဒေသဝယ် စက္ခုသောတ သုခိန္ဒြေ စသည်တို့ အတွက် ဧကကဉှ ဝိသဇ္ဇန တူပါလျက် ဒုကတိက တို့သို့ရောက်သေအခါ ဝိသဇ္ဇန မတူမှုကို တွေ့ရသောကြောင့် ဤ သစ္စပဒနိဒ္ဒေသ၌ သမုဒယသစ္စာ၏ အခြားမဲ၌ မဂ္ဂသစ္စာ်ကို ဟောတော်မူရာဝယ် ဧကက၌ ဝိသဇ္ဇန တူပုံကို ဣန္ဒြိယနိဒ္ဒေသထက်မထူးခြားသောကြောင့် အကြောင်းမပြပဲ ဒုကတိက တို့၌ ဝိသဇ္ဇန တူပုံကိုသာ ဣန္ဒြိယနိဒ္ဒေသထက်ထူးခြားသော အကြောင်းပြထားသည်။
ဣဓ၊ ဤသစ္စနိဒ္ဒေသ၌။
ဒုက္ခသမုဒယဒုက္ခမဂ္ဂဒုကာနံ၊ ဒုက္ခသမုဒယဒုက်, ဒုက္ခမဂ္ဂဒုတ်တို့၏။
အညမညံ၊ အချင်းချင်း၎င်း။
တိကေနစ၊ တိက်နှင်၎င်း။
သဒိသံ၊ တူသော။
ဝိသဇ္ဇနံ၊ အဖြေကို။
ဒိဋ္ဌံ၊ တွေ့မြင်အပ်၏။
ဣတိ၊ ကြောင့်။
ဒုကတိကေသွေဝ၊ ဒုကတိကတို့၌သာ။
သဒိသဝိသဇ္ဇနတံ၊ တူသော ဝိသဇ္ဇန ရှိကုန်သည်၏ အဖြစ်ကို။
(ဝဒတိ- ၌စပ်)။
သမုဒယာနန္တရံ၊ သမုဒယ သစ္စာ၏ အခြားမဲ့၌။
မဂ္ဓသစ္စဿ၊ မဂ္ဂသစ္စာကို။
ဝစနေ၊ ဟောတော်မူခြင်း၌။
ကာရဏံ၊ အကြောင်းဟူ၍။
(သင်္ဂဟကာရော) ဝဒတိ၊