ဝေရဉ္ဇကဏ္ဍ
၁။
တေန သမယေန၊ ထိုအခါ၌။
ဘဂဝါ၊ ဘုန်းတော်ကြီးသော။
ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။
ဝေရဉ္ဇာယံ၊ ဝေရဉ္ဇာပြည်၌။
နဠေရုပုစိမန္ဒမူလေ၊ နဠေရုဘီလူးသည် စောင့်အပ်သော တမာပင်၏ အနီး၌။
မဟတာ၊ များစွာသော။
ဘိက္ခုသံဃေန၊ ရဟန်းတို့၏ အပေါင်းနှင့်။
ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ၊ ငါးရာ အတိုင်းအရှည် ရှိကုန်သော ရဟန်းတို့နှင့်။
သဒ္ဓိံ၊ တကွ။
ဝိဟရတိ၊ နေတော်မူ၏။
ဝေရေဉ္ဇာ၊ ဝေရဉ္ဇာပြည်၌ ဖွားသော။
ဗြဟ္မဏော၊ ဥဒပပုဏ္ဏားသည်။
ဗြဟ္မဏော၊ ဥဒပပုဏ္ဏားသည်။
အဿောသိ ခေါ၊ ကြားသည်သာလျှင်တည်း။
ကိံ အဿောသိ၊ အဘယ်သို့ ကြားသနည်း။
“ဘော၊ အချင်းတို့။
ခလု၊ တစ်ဆင့်စကား ကြားရသည်ကား။
သကျပုတ္တော၊ သာကီဝင်မင်းသား ဖြစ်တော်မူသော။
သကျကုလာ၊ သာကီဝင်မင်းမျိုးမှ။
နိက္ခမိတွာ၊ ထွက်၍။
ပဗ္ဗဇိတော၊ ရဟန်းပြုသော။
သမဏော ဂေါတမော၊ ရဟန်းဂေါတမသည်။
ဝေရဉ္ဇာယံ၊ ဝေရဉ္ဇာပြည်၌။
နဠေရုပုစိမန္ဒမူလေ၊ နဠေရုဘီလူးသည် စောင့်အပ်သော တမာပင်၏ အနီး၌။
မဟတာ၊ များစွာသော။
ဘိက္ခုသံဃေန၊ ရဟန်းတို့၏ အပေါင်းနှင့်။
ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ၊ ငါးရာ အတိုင်းအရှည် ရှိကုန်သော ရဟန်းတို့နှင့်။
သဒ္ဓိံ၊ တကွ။
ဝိဟရတိ၊ နေတော်မူ၏။
တံ ခေါ ပန ဘဝန္တံ ဂေါတမံ တဿ ခေါ ပန ဘောတော ဂေါတမဿ၊ ထိုအရှင်ဂေါတမ၏။
ဧဝံ၊ ဤသို့။
ကလျာဏော၊ ကောင်းသော။
ကိတ္တိသဒ္ဒေါ၊ ချီးမွမ်းအံ့ဩ ကျော်ဇောသံသည်။
အဗ္ဘုဂ္ဂတော၊ မဆန့်ဘဝဂ် ပျံ့နှံ့၍ တက်၏။
ကိံ အဗ္ဘုဂ္ဂတော၊ အဘယ်ကဲ့သို့ မဆန့်ဘဝဂ် ပျံ့နှံ့၍ တက်သနည်း။
‘သော ဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။
ဣတိပိ ဣမိနာ စ ကာရဏေန၊ ဤသို့ ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း။
အရဟံ၊ အရဟ မည်တော်မူ၏။
ဣတိပိ ဣမိနာ စ ကာရဏေန၊ ဤသို့ မဖောက်မပြန် ကိုယ်တော်တိုင် သိတော်မူတတ်သော အကြောင်းကြောင့်လည်း။
သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏။
ဣတိပိ ဣမိနာ စ ကာရဏေန၊ ဤသို့ ဝိဇ္ဇာသုံးပါး, ဝိဇ္ဇာရှစ်ပါး, စရဏ တစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း။
ဝိဇ္ဇာစရဏသမ္ပန္နော၊ ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏။
ဣတိပိ ဣမိနာ စ ကာရဏေန၊ ဤသို့ ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း။
သုဂတော၊ သုဂတ မည်တော်မူ၏။
ဣတိပိ ဣမိနာ စ ကာရဏေန၊ ဤသို့ လောကသုံးပါးကို သိတော်မူတတ်သော အကြောင်းကြောင့်လည်း။
လောကဝိဒူ၊ လောကဝိဒူ မည်တော်မူ၏။
ဣတိပိ ဣမိနာ စ ကာရဏေန၊ ဤသို့ မယဉ်ကျေးသေးသော လူယောကျ်ား, နတ်ယောကျ်ား, တိရစ္ဆာန်ယောကျ်ားတို့ကို အတုမရှိ ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော အကြာင်းကြောင့်လည်း။
အနုတ္တရော ပုရိသဒမ္မသာရထိ၊ အနုတ္တရော ပုရိသဒမ္မသာရထိ မည်တော်မူ၏။
ဣတိပိ ဣမိနာ စ ကာရဏေန၊ ဤသို့ နတ် လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း။
သတ္ထာ ဒေဝမနုဿာနံ၊ သတ္ထာ ဒေဝမနုဿာန မည်တော်မူ၏။
ဣတိပိ ဣမိနာ စ ကာရဏေန၊ ဤသို့ သစ္စာလေးပါး တရားတို့ကို သိတော်မူတတ်သော အကြောင်းကြောင့်လည်း။
ဗုဒ္ဓေါ၊ ဗုဒ္ဓ မည်တော်မူ၏။
ဣတိပိ ဣမိနာ စ ကာရဏေန၊ ဤသို့ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း။
ဘဂဝါ၊ ဘဂဝါ မည်တော်မူ၏။
’ ဣတိ၊ ဤသို့။
အဗ္ဘုဂ္ဂတော၊ မဆန့်ဘဝဂ် ပျံ့နှံ့၍ တက်၏
သော ဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။
သဒေဝကံ၊ ကာမာဝစရနတ်ပြည်ငါးထပ်နှင့် တကွသော။
သမာရကံ၊ ဝသ၀တ္တီနတ်ပြည်နှင့် တကွသော။
သဗြဟ္မကံ၊ ဗြဟ္မာ့ပြည်နှစ်ဆယ်နှင့် တကွသော။
ဣမံ လောကံ၊ ဤဩကာသလောကကိုလည်းကောင်း။
သဿမဏဗြာဟ္မဏိံ၊ ရဟန်း ပုဏ္ဏားနှင့် တကွသော။
သဒေဝမနုဿံ၊ သမ္မုတိနတ်တည်းဟူသော မင်း, ကြွင်းသော လူနှင့် တကွသော။
ဣမံ ပဇံ၊ ဤသတ္တလောကကိုလည်းကောင်း။
သယံ၊ ကိုယ်တော်တိုင်။
အဘိညာ အဘိညာယ၊ လွန်ကဲသော သဗ္ဗညုတဉာဏ်ဖြင့် သိတော်မူ၍။
သစ္ဆိကတွာ၊ မျက်မှောက် ပြုတော်မူ၍။
ပဝေဒေတိ၊ သိစေတော်မူ၏။
သော ဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။
အာဒိကလျာဏံ၊ အစ၌ ကောင်းခြင်း ရှိသော။
မဇ္ဈေကလျာဏံ၊ အလယ်၌ ကောင်းခြင်း ရှိသော။
ပရိယောသာနကလျာဏံ၊ အဆုံး၌ ကောင်းခြင်း ရှိသော။
သာတ္ထံ၊ အနက်နှင့် ပြည့်စုံသော။
သဗျဉ္ဇနံ၊ သဒ္ဒါနှင့် ပြည့်စုံသော။
ကေဝလပရိပုဏ္ဏံ၊ အလုံးစုံအားဖြင့် ပြည့်စုံသော။
ပရိသုဒ္ဓံ၊ ထက်ဝန်းကျင်မှ စင်ကြယ်သော။
ဓမ္မံ၊ တရားတော်ကို။
ဒေသေတိ၊ ဟောတော်မူ၏။
ဗြဟ္မစရိယံ၊ မြတ်သော အကျင့်ကို။
ပကာသေတိ၊ ပြတော်မူ၏။
တထာရူပါနံ၊ ထိုသို့သဘော ရှိကုန်သော။
အရဟတံ၊ ရဟန္တာပုဂ္ဂိုလ်တို့အား။
ဒဿနံ၊ ဖူးမြင်ရခြင်းသည်။
သာဓု ခေါ ပန၊ ကောင်းသည်သာလျှင်။
ဟောတိ၊ ဖြစ်၏။”
ဣတိ၊ ဤသို့ မြတ်သော အလိုရှိသည်ကို ပြု၍။
အဿောသိ ခေါ၊ ကြားသည်သာလျှင်တည်း။
၂။
အထ ခေါ၊ ထိုအခါ၌။
ဝေရေဉ္ဇာ၊ ဝေရဉ္ဇာပြည်၌ ဖွားသော။
ဗြာဟ္မဏော၊ ဥဒယပုဏ္ဏားသည်။
ယေန၊ အကြင်အရပ်၌။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
အတ္ထိ၊ ရှိတော်မူ၏။
တေန၊ ထိုမြတ်စွာဘုရားရှိတော်မူရာ အရပ်သို့။
။ဥပသင်္ကမိ၊ ကပ်လေ၏။
ဥပသင်္ကမိတွာ၊ ကပ်လေပြီး၍။
ဘဂဝတာ၊ မြတ်စွာဘုရားနှင့်။
သဒ္ဓိံ၊ တကွ။
သမ္မောဒိ၊ ဝမ်းမြောက်ဝမ်းသာ ပြောဟော၏။
သမ္မောဒနီယံ၊ ဝမ်းမြောက်ခြင်းကို ဖြစ်စေတတ်သော။
သာရဏီယံ၊ အသက်ထက်ဆုံး အောက်မေ့အပ်သော။
ကထံ၊ စကားကို။
ဝီတိသာရေတွာ၊ ပြီးဆုံးစေ၍။
ဧကမန္တံ၊ သင့်တင့် လျောက်ပတ်သော အရပ်၌။
နိသီဒိ၊ ထိုင်နေ၏။
ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သော အရပ်၌။
နိသိန္နော ခေါ၊ ထိုင်နေပြီးသော။
ဝေရေဉ္ဇာ၊ ဝေရဉ္ဇာပြည်၌ ဖွားသော။
ဗြာဟ္မဏော၊ ဥဒယပုဏ္ဏားသည်။
ဘဂဝန္တံ၊ မြတ်စွာဘုရားကို။
ဧတံ ဝစနံ၊ ဤစကားကို။
အဝေါစ၊ လျှောက်၏။
မေ မယာ၊ အကျွန်ုပ်သည်။
သုတံ၊ ကြားဖူး၏။
ဘော ဂေါတမ၊ အရှင်ဂေါတမ။
ဂေါတမော၊ ရဟန်းဂေါတမသည်။
ဇိဏ္ဏေ၊ အိုမင်းကုန်သော။
ဝုဍ္ဎေ၊ ကြီးရင့်ကုန်သော။
မဟလ္လကေ၊ ဇာတ်အားဖြင့် မြတ်သည်၏ အဖြစ်နှင့် ပြည့်စုံကုန်သော။
အဒ္ဓဂတေ၊ ရှည်သော အဓွန့်သို့ ရောက်ကုန်သော။
ဝယောအနုပ္ပတ္တေ၊ ပစ္ဆိမအရွယ်သို့ ရောက်ကုန်သော။
ဗြာဟ္မဏေ၊ ပုဏ္ဏားတို့ကို။
န အဘိဝါဒေတိ ဝါ၊ ရှိမူလည်း မခိုး။
န ပစ္စုဋ္ဌေတိ ဝါ၊ ခရီးဦးမူလည်း မကြိုဆို။
အာသနေန၊ နေရာဖြင့်။
န နိမန္တေတိ ဝါ၊ ဖိတ်မူလည်း မဖိတ်။
’ ဣတိ၊ ဤသို့။
ဘော ဂေါတမ၊ အရှင်ဂေါတမ။
တယိဒံ တံ ဣဒံ ဝစနံ၊ ထိုကြားဖူးသော စကားသည်။
တထေဝ၊ ထိုကြားဖူးတိုင်းသာလျှင်။
ဘဝံ ဂေါတမော၊ အရှင်ဂေါတမသည်။
ဇိဏ္ဏေ၊ အိုမင်းကုန်သော။
ဝုဍ္ဎေ၊ ကြီးရင့်ကုန်သော။
မဟလ္လကေ၊ ဇာတ်အားဖြင့် မြတ်သည်၏ အဖြစ်နှင့် ပြည့်စုံကုန်သော။
အဒ္ဓဂတေ၊ ရှည်သော အဓွန့်သို့ ရောက်ကုန်သော။
ဝယောအနုပ္ပတ္တေ၊ ပစ္ဆိမအရွယ်သို့ ရောက်ကုန်သော။
ဗြာဟ္မဏေ၊ ပုဏ္ဏားတို့ကို။
န အဘိဝါဒေတိ ဝါ၊ ရှိမူလည်း မခိုး။
န ပစ္စုဋ္ဌေတိ ဝါ၊ ခရီးဦးမူလည်း မကြိုဆို။
အာသနေန၊ နေရာဖြင့်။
န နိမန္တေတိ ဝါ၊ ဖိတ်မူလည်း မဖိတ်။
တယိဒံ တံ ဣဒံ ဝစနံ၊ ထိုကြားဖူးသော စကားသည်။
တထေဝ၊ ကြားဖူးတိုင်းသာလျှင်။
ဟောတိ၊ ဖြစ်၏။
ဘော ဂေါတမ၊ အရှင်ဂေါတမ။
တယိဒံ တံ ဣဒံ အဘိဝါဒနာဒိအကရဏံ၊ ထိုရှိခိုးခြင်း စသည်ကို မပြုခြင်းသည်။
န သမ္ပန္နမေဝ၊ ချီးမွမ်းဖွယ်ဂုဏ်နှင့် မပြည့်စုံသည်သာတည်း၊”
ဣတိ၊ ဤသို့။
။“ဗြာဟ္မဏ၊ ပုဏ္ဏား။
သဒေဝကေ၊ ကာမာဝစရနတ်ပြည်ငါးထပ်နှင့် တကွသော။
သမာရကေ၊ ဝသ၀တ္တီနတ်ပြည်နှင့် တကွသော။
သဗြဟ္မကေ၊ ဗြဟ္မာ့ပြည်နှစ်ဆယ်နှင့် တကွသော။
လောကေ၊ ဩကာသလောက၌လည်းကောင်း။
သဿမဏဗြာဟ္မဏိယာ၊ ရဟန်း, ပုဏ္ဏားနှင့် တကွသော။
သဒေဝမနုဿာယ၊ သမ္မုတိနတ်တည်းဟူသော မင်း, ကြွင်းသော လူနှင့် တကွသော။
ပဇာယ၊ သတ္တလောက၌လည်းကောင်း။
ယံ၊ အကြင်ပုဂ္ဂိုလ်ကို။
အဟံ၊ ငါဘုရားသည်။
အဘိဝါဒေယျံ ဝါ၊ ရှိမူလည်း ခိုးရာ၏။
ပစ္စုဋ္ဌေယျံ ဝါ၊ ခရီးဦး ကြိုဆိုမူလည်း ကြိုဆိုရာ၏။
အာသနေန၊ နေရာဖြင့်။
နိမန္တေယျံ ဝါ၊ ဖိတ်မူလည်း ဖိတ်ရာ၏။
တံ၊ ထိုပုဂ္ဂိုလ်ကို။
အဟံ၊ ငါဘုရားသည်။
န ပဿာမိ၊ မြင်တော်မမူ။
ဗြာဟ္မဏ၊ ပုဏ္ဏား။
ဟိ သစ္စံ၊ ထိုစကားသည် မှန်၏။
ယံ၊ အကြင်ပုဂ္ဂိုလ်ကို။
တထာဂတော၊ ငါဘုရားသည်။
အဘိဝါဒေယျ ဝါ၊ ရှိမူလည်း ခိုးငြားအံ့။
ပစ္စုဋ္ဌေယျ ဝါ၊ ခရီးဦး ကြိုဆိုမူလည်း ကြိုဆိုငြားအံ့။
အာသနေန၊ နေရာဖြင့်။
နိမန္တေယျ ဝါ၊ ဖိတ်မူလည်း ဖိတ်ငြားအံ့။
တဿ၊ ထိုပုဂ္ဂိုလ်၏။
မုဒ္ဓါပိ၊ ဦးခေါင်းသည်လည်း။
ဝိပတေယျ၊ ထောင်းထောင်း ပြတ်ကြွေ မြေ၌ ကျရာ၏။
ဣတိ၊ ဤသို့။
အဝေါစ၊ မိန့်တော်မူ၏”။
၃။
“ဘဝံ ဂေါတမော၊ အရှင်ဂေါတမသည်။
အရသရူပေါ၊ သာမဂ္ဂီဟု ဆိုအပ်သော ဝုဍ္ဎာပစာယနဓမ္မကို သာယာခြင်းသဘော မရှိ၊”
ဣတိ၊ ဤသို့။
အဝေါစ၊ လျှောက်၏။
“ဗြာဟ္မဏ၊ ပုဏ္ဏား။
ယေန ပရိယာယေန၊ အကြင်ရူပါရုံ စသည်၌ သာယာခြင်းသဘော မရှိသော အကြောင်းဖြင့်။ဝဒမာနော= ဆိုသော သူသည်။
သမ္မာ၊ ကောင်းစွာ။
ဝဒေယျ၊ ဆိုရာ၏။
ဧသ ဧသော ပရိယာယော၊ ဤရူပါရုံ စသည်၌ သာယာခြင်းသဘော မရှိသော အကြောင်းသည်။
အမှာကံ၊ ငါဘုရားတို့အား။
အတ္ထိ ခေါ၊ ရှိသည်သာလျှင်တည်း။
‘သမဏော ဂေါတမော၊ ရဟန်းဂေါတမသည်။
အရသရူပေါ၊ ရူပါရုံ စသည်၌ သာယာခြင်း သဘောမရှိ။
’ ဣတိ၊ ဤသို့။
ဗြာဟ္မဏ၊ ပုဏ္ဏား။
ယေ တေ ရူပရသာ၊ အကြင်ရူပါရုံ၌ သာယာခြင်းတို့သည်လည်းကောင်း။
ယေ တေ သဒ္ဒရသာ၊ အကြင်သဒ္ဒါရုံ၌ သာယာခြင်းတို့သည်လည်းကောင်း။
ယေ တေ ဂန္ဓရသာ၊ အကြင်ဂန္ဓာရုံ၌ သာယာခြင်းတို့သည်လည်းကောင်း။
ယေ တေ ရသရသာ၊ အကြင်ရသာရုံ၌ သာယာခြင်းတို့သည်လည်းကောင်း။
ယေ တေ ဖောဋ္ဌဗ္ဗရသာ၊ အကြင်ဖောဋ္ဌဗ္ဗာရုံ၌ သာယာခြင်းတို့သည်လည်းကောင်း။
သန္တိ၊ ရှိကုန်၏။
တေ၊ ထိုအာရုံ ငါးပါး၌ သာယာခြင်းတို့ကို။
တထာဂတဿ၊ ငါဘုရားအား။
ပဟီနာ၊ ပယ်အပ်ကုန်ပြီ။
ဥစ္ဆိန္နမူလာ၊ အမြစ်အရင်းကို အကြွင်းမဲ့ ဖြတ်အပ်ကုန်ပြီ။
တာလာဝတ္ထုကတာ၊ ထန်းပင်၏တည်ရာကဲ့သို့ ပြုအပ်ကုန်ပြီ။
အနဘာဝံကတာ၊ တစ်ဖန် မဖြစ်ခြင်းကို ပြုအပ်ကုန်ပြီ။
အာယတိံ၊ နောင်အခါ၌။
အနုပ္ပါဒဓမ္မာ၊ မဖြစ်ခြင်းသဘော ရှိကုန်၏။
ဗြာဟ္မဏ၊ ပုဏ္ဏား။
ယေန ပရိယာယေန၊ အကြင်ရူပါရုံ စသည်၌ သာယာခြင်းသဘော မရှိသော အကြောင်းဖြင့်။
မံ၊ ငါဘုရားကို။ဝဒမာနော= ဆိုသော သူသည်။
သမ္မာ၊ ကောင်းစွာ။
ဝဒေယျ၊ ဆိုရာ၏။
‘သမဏော ဂေါတမော၊ ရဟန်းဂေါတမသည်။
အရသရူပေါ၊ ရူပါရုံ စသည်၌ သာယာခြင်း သဘော မရှိ။သန္ဓာယ= ရည်၍။
တွံ၊ သင်ပုဏ္ဏားသည်။
ဝဒေသိ၊ ဆို၏။
သော ပရိယာယော၊ ထိုအကြောင်းသည်။
နော စ ခေါ ဟောတိ၊ မဖြစ်သည်သာလျှင်တည်း၊”
ဣတိ၊ ဤသို့။
အဝေါစ၊ မိန့်တော်မူ၏။
၄။
“ဘဝံ ဂေါတမော၊ အရှင်ဂေါတမသည်။
နိဗ္ဘောဂေါ၊ သာမဂ္ဂီဟု ဆိုအပ်သော ဇေဋ္ဌာပစာယနဓမ္မကို ခံစားခြင်း မရှိ၊”
ဣတိ၊ ဤသို့။
အဝေါစ၊ လျှောက်၏။
“ဗြာဟ္မဏ၊ ပုဏ္ဏား။
ယေန ပရိယာယေန၊ အကြင်ရူပါရုံ စသည်ကို ခံစားခြင်း မရှိသော အကြောင်းဖြင့်။
မံ၊ ငါဘုရားကို။ဝဒမာနော= ဆိုသော သူသည်။
သမ္မာ၊ ကောင်းစွာ။
ဝဒေယျ၊ ဆိုရာ၏။
ဧသ ဧသော ပရိယာယော၊ ဤရူပါရုံ စသည်ကို ခံစားခြင်း မရှိသော အကြောင်းသည်။
အမှာကံ၊ ငါဘုရားတို့အား။
အတ္ထိ ခေါ၊ ရှိသည်သာလျှင်တည်း။
‘သမဏော ဂေါတမော၊ ရဟန်းဂေါတမသည်။
နိဗ္ဘောဂေါ၊ ရူပါရုံ စသည်ကို ခံစားခြင်း မရှိ။
’ ဣတိ၊ ဤသို့။
ဗြာဟ္မဏ၊ ပုဏ္ဏား။
ယေ တေ ရူပဘောဂါ၊ အကြင်ရူပါရုံကို ခံစားခြင်းတို့သည်လည်းကောင်း။
ယေ တေ သဒ္ဒဘောဂါ၊ အကြင်သဒ္ဒါရုံကို ခံစားခြင်းတို့သည်လည်းကောင်း။
ယေ တေ ဂန္ဓဘောဂါ၊ အကြင်ဂန္ဓာရုံကို ခံစားခြင်းတို့သည်လည်းကောင်း။
ယေ တေ ရသဘောဂါ၊ အကြင်ရသာရုံကို ခံစားခြင်းတို့သည်လည်းကောင်း။
ယေ တေ ဖောဋ္ဌဗ္ဗဘောဂါ၊ အကြင်ဖောဋ္ဌဗ္ဗာရုံကို ခံစားခြင်းတို့သည်လည်းကောင်း။
သန္တိ၊ ရှိကုန်၏။
တေ၊ ထိုအာရုံငါးပါးကို ခံစားခြင်းတို့ကို။
တထာဂတဿ၊ ငါဘုရားအား။
ပဟီနာ၊ ပယ်အပ်ကုန်ပြီ။
ဥစ္ဆိန္နမူလာ၊ အမြစ်အရင်းကို အကြွင်းမဲ့ ဖြတ်အပ်ကုန်ပြီ။
တာလာဝတ္ထုကတာ၊ ထန်းပင်၏တည်ရာကဲ့သို့ ပြုအပ်ကုန်ပြီ။
အနဘာဝံကတာ၊ တစ်ဖန် မဖြစ်ခြင်းကို ပြုအပ်ကုန်ပြီ။
အာယတိံ၊ နောင်အခါ၌။
အနုပ္ပါဒဓမ္မာ၊ မဖြစ်ခြင်းသဘော ရှိကုန်၏။
ဗြာဟ္မဏ၊ ပုဏ္ဏား။
ယေန ပရိယာယေန၊ အကြင်ရူပါရုံ စသည်ကို ခံစားခြင်း မရှိသော အကြောင်းဖြင့်။
မံ၊ ငါဘုရားကို။ဝဒမာနော= ဆိုသောသူသည်။
သမ္မာ၊ ကောင်းစွာ။
ဝဒေယျ၊ ဆိုရာ၏။
အယံ ပရိယာယော၊ ဤရူပါရုံ စသည်ကို ခံစားခြင်း မရှိသော အကြောင်းသည်။
‘သမဏော ဂေါတမော၊ ရဟန်းဂေါတမသည်။
နိဗ္ဘောဂေါ၊ ရူပါရုံ စသည်ကို ခံစားခြင်း မရှိ။
’ ဣတိ၊ ဤသို့။သန္ဓာယ= ရည်၍။
တွံ၊ သင်ပုဏ္ဏားသည်။နော စ ခေါ ဟောတိ= မဖြစ်သည်သာလျှင်တည်း၊”
ဣတိ၊ ဤသို့။
အဝေါစ၊ မိန့်တော်မူ၏။
ဝဒေသိ၊ ဆို၏။
၅။
“ဘဝံ ဂေါတမော၊ အရှင်ဂေါတမသည်။
အကိရိယဝါဒေါ၊ ဇေဋ္ဌာပစာယနဓမ္မကို မပြုအပ်ဟု အယူရှိ၏၊”
ဣတိ၊ ဤသို့။
အဝေါစ၊ လျှောက်၏။
“ဗြာဟ္မဏ၊ ပုဏ္ဏား။
ယေန ပရိယာယေန၊ အကြင်ကာယဒုစရိုက် စသည်ကို မပြုအပ်ဟု အယူရှိသော အကြောင်းဖြင့်။
မံ၊ ငါဘုရားကို။ဝဒမာနော= ဆိုသော သူသည်။သမ္မာ= ကောင်းစွာ။
ဝဒေယျ၊ ဆိုရာ၏။
ဧသ ဧသော ပရိယာယော၊ ဤကာယဒုရိုက် စသည်ကို မပြုအပ်ဟု အယူရှိသော အကြောင်းသည်။
အမှာကံ၊ ငါဘုရားတို့အား။
အတ္ထိ ခေါ၊ ရှိသည်သာလျှင်တည်း။
‘သမဏော ဂေါတမော၊ ရဟန်းဂေါတမသည်။
အကိရိယဝါဒေါ၊ ကာယဒုရိုက် စသည်ကို မပြုအပ်ဟု အယူရှိ၏။
’ ဣတိ၊ ဤသို့။
ဗြာဟ္မဏ၊ ပုဏ္ဏား။
ဟိ သစ္စံ၊ ထိုစကားသည် မှန်၏။ကာယဒုစ္စရိတဿ= ကာယဒုစရိုက်ကိုလည်းကောင်း။
ဝစီဒုစ္စရိတဿ၊ ဝစီဒုစရိုက်ကိုလည်းကောင်း။
မနောဒုစ္စရိတဿ၊ မနောဒုစရိုက်ကိုလည်းကောင်း။
အကိရိယံ၊ မပြုအပ်သည်ကို။
ဝဒါမိ၊ ဟောတော်မူ၏။
အနေကဝိဟိတာနံ၊ များသော အပြားရှိကုန်သော။
ပါပကာနံ၊ ယုတ်မာကုန်သော။
အကုသလာနံ၊ အကုသိုလ် ဖြစ်ကုန်သော။
ဓမ္မာနံ၊ တရားတို့ကို။
အကိရိယံ၊ မပြုအပ်သည်ကို။
ဝဒါမိ၊ ဟောတော်မူ၏။
ဗြာဟ္မဏ၊ ပုဏ္ဏား။
ယေန ပရိယာယေန၊ အကြင်ကာယဒုစရိုက် စသည်ကို မပြုအပ်ဟု အယူရှိသော အကြောင်းဖြင့်။
မံ၊ ငါဘုရားကို။ဝဒမာနော= ဆိုသော သူသည်။
သမ္မာ၊ ကောင်းစွာ။
ဝဒေယျ၊ ဆိုရာ၏။
အယံ ခေါ ပရိယာယော၊ ဤကာယဒုစရိုက် စသည်ကို မပြုအပ်ဟု အယူရှိသော အကြောင်းသည်။
‘သမဏော ဂေါတမော၊ ရဟန်းဂေါတမသည်။
အကိရိယဝါဒေါ၊ ကာယဒုစရိုက် စသည်ကို မပြုအပ်ဟု အယူရှိ၏။
’ ဣတိ၊ ဤသို့။နော စ ခေါ ဟောတိ= မဖြစ်သည်သာလျှင်တည်း၊”
သန္ဓာယ၊ ရည်၍။
တွံ၊ သင်ပုဏ္ဏားသည်။ဣတိ= ဤသို့။
အဝေါစ၊ မိန့်တော်မူ၏။
ဝဒေသိ၊ ဆို၏။
၆။
“ဘဝံ ဂေါတမော၊ အရှင်ဂေါတမသည်။
ဥစ္ဆေဒဝါဒေါ၊ ဇေဋ္ဌာပစာယနဓမ္မကို ဖြတ်အပ်၏ဟု အယူရှိ၏၊”
ဣတိ၊ ဤသို့။
အဝေါစ၊ လျှောက်၏။
“ဗြာဟ္မဏ၊ ပုဏ္ဏား။
ယေန ပရိယာယေန၊ အကြင်ရာဂ စသည်ကို ဖြတ်အပ်၏ဟု အယူရှိသော အကြောင်းဖြင့်။
မံ၊ ငါဘုရားကို။ဝဒမာနော= ဆိုသော သူသည်။
သမ္မာ၊ ကောင်းစွာ။
ဝဒေယျ၊ ဆိုရာ၏။
ဧသ ဧသော ပရိယာယော၊ ဤရာဂ စသည်ကို ဖြတ်အပ်၏ဟု အယူရှိသော အကြောင်းသည်။
အမှာကံ၊ ငါဘုရားတို့အား။
အတ္ထိ ခေါ၊ ရှိသည်သာလျှင်တည်း။
‘သမဏော ဂေါတမော၊ ရဟန်းဂေါတမသည်။
ဥစ္ဆေဒဝါဒေါ၊ ရာဂ စသည်ကို ဖြတ်အပ်၏ဟု အယူရှိ၏။
’ ဣတိ၊ ဤသို့။
ဗြာဟ္မဏ၊ ပုဏ္ဏား။
ဟိ သစ္စံ၊ ထိုစကားသည် မှန်၏။
အဟံ၊ ငါဘုရားသည်။
ရာဂဿ၊ ရာဂကိုလည်းကောင်း။
ဒေါသဿ၊ ဒေါသကိုလည်းကောင်း။
မောဟဿ၊ မောဟကိုလည်းကောင်း။
ဥစ္ဆေဒံ၊ အကြွင်းမဲ့ ဖြတ်အပ်သည်ကို။
ဝဒါမိ၊ ဟောတော်မူ၏။
အနေကဝိဟိတာနံ၊ များသော အပြားရှိကုန်သော။
ပါပကာနံ၊ ယုတ်မာကုန်သော။
အကုသလာနံ၊ အကုသိုလ် ဖြစ်ကုန်သော။
ဓမ္မာနံ၊ တရားတို့ကို။
ဥစ္ဆေဒံ၊ အကြွင်းမဲ့ ဖြတ်အပ်သည်ကို။
ဝဒါမိ၊ ဟောတော်မူ၏။
ဗြာဟ္မဏ၊ ပုဏ္ဏား။
ယေန ပရိယာယေန၊ အကြင်ရာဂ စသည်ကို ဖြတ်အပ်၏ဟု အယူရှိသော အကြောင်းဖြင့်။
မံ၊ ငါဘုရားကို။အယံ ခေါ ပရိယာယော= ဤရာဂ စသည်ကို ဖြတ်အပ်၏ဟု အယူရှိသော အကြောင်းသည်။ဝဒမာနော= ဆိုသော သူသည်။
သမ္မာ၊ ကောင်းစွာ။
ဝဒေယျ၊ ဆိုရာ၏။
‘သမဏော ဂေါတမော၊ ရဟန်းဂေါတမသည်။
ဥစ္ဆေဒဝါဒေါ၊ ရာဂ စသည်ကို ဖြတ်အပ်၏ဟု အယူရှိ၏။
’ ဣတိ၊ ဤသို့။သန္ဓာယ= ရည်၍။
တွံ၊ သင်ပုဏ္ဏားသည်။
ဝဒေသိ၊ ဆို၏။
သော ပရိယာယော၊ ထိုအကြောင်းသည်။
နော စ ခေါ ဟောတိ၊ မဖြစ်သည်သာတည်း၊”
ဣတိ၊ ဤသို့။
အဝေါစ၊ မိန့်တော်မူ၏။
၇။
“ဘဝံ ဂေါတမော၊ အရှင်ဂေါတမသည်။
ဇေဂုစ္ဆီ၊ ဇေဋ္ဌာပစာယနဓမ္မကို စက်ဆုပ်ခြင်းသဘော ရှိ၏၊”
ဣတိ၊ ဤသို့။
အဝေါစ၊ လျှောက်၏။
“ဗြာဟ္မဏ၊ ပုဏ္ဏား။
ယေန ပရိယာယေန၊ အကြင်ကာယဒုစရိုက် စသည်ကို စက်ဆုပ်ခြင်း ဟူသော အကြောင်းဖြင့်။
မံ၊ ငါဘုရားကို။ဝဒမာနော= ဆိုသော သူသည်။
သမ္မာ၊ ကောင်းစွာ။
ဝဒေယျ၊ ဆိုရာ၏။
ဧသ ဧသော ပရိယာယော၊ ဤကာယဒုစရိုက် စသည်ကို စက်ဆုပ်ခြင်း ဟူသော အကြောင်းသည်။
အမှာကံ၊ ငါဘုရားတို့အား။
အတ္ထိ ခေါ၊ ရှိသည်သာလျှင်တည်း။
‘သမဏော ဂေါတမော၊ ရဟန်းဂေါတမသည်။
ဇေဂုစ္ဆီ၊ ကာယဒုစရိုက် စသည်ကို စက်ဆုပ်ခြင်းသဘော ရှိ၏။
’ ဣတိ၊ ဤသို့။
ဗြာဟ္မဏ၊ ပုဏ္ဏား။
ဟိ သစ္စံ၊ ထိုစကားသည် မှန်၏။
အဟံ၊ ငါဘုရားသည်။
ကာယဒုစ္စရိတေန၊ ကာယဒုစရိုက်ကိုလည်းကောင်း။
ဝစီဒုစ္စရိတေန၊ ဝစီဒုစရိုက်ကိုလည်းကောင်း။
မနောဒုစ္စရိတေန၊ မနောဒုစရိုက်ကိုလည်းကောင်း။ဇိဂုစ္ဆာမိ= စက်ဆုပ်၏။
အနေကဝိဟိတာနံ၊ များသော အပြားရှိကုန်သော။
ပါပကာနံ၊ ယုတ်မာကုန်သော။
အကုသလာနံ၊ အကုသိုလ် ဖြစ်ကုန်သော။
ဓမ္မာနံ၊ တရားတို့သို့။
သမာပတ္တိယာ၊ ရောက်ခြင်းကို။
ဇိဂုစ္ဆာမိ၊ စက်ဆုပ်တော်မူ၏။
ဗြာဟ္မဏ၊ ပုဏ္ဏား။
ယေန ပရိယာယေန၊ အကြင်ကာယဒုစရိုက် စသည်ကို စက်ဆုပ်ခြင်းဟူသော အကြောင်းဖြင့်။
မံ၊ ငါဘုရားကို။ဝဒမာနော= ဆိုသော သူသည်။
သမ္မာ၊ ကောင်းစွာ။
ဝဒေယျ၊ ဆိုရာ၏။
အယံ ခေါ ပရိယာယော၊ ဤကာယဒုစရိုက် စသည်ကို စက်ဆုပ်ခြင်းသဘော ရှိ၏ဟူသော အကြောင်းသည်။
‘သမဏော ဂေါတမော၊ ရဟန်းဂေါတမသည်။
ဇေဂုစ္ဆီ၊ ကာယဒုစရိုက် စသည်ကို စက်ဆုပ်ခြင်းသဘော ရှိ၏။
’ ဣတိ၊ ဤသို့။သန္ဓာယ= ရည်၍။
တွံ၊ သင်ပုဏ္ဏားသည်။
ဝဒေသိ၊ ဆို၏။
သော ပရိယာယော၊ ထိုအကြောင်းသည်။
နော စ ခေါ ဟောတိ၊ မဖြစ်သည်သာလျှင်တည်း၊”
ဣတိ၊ ဤသို့။
အဝေါစ၊ မိန့်တော်မူ၏။
။၈။
“ဘဝံ ဂေါတမော၊ အရှင်ဂေါတမသည်။
ဝေနယိကော၊ ဇေဋ္ဌာပစာယနဓမ္မကို ဖျောက်တတ် ဖျက်ဆီးတတ်၏၊”
ဣတိ၊ ဤသို့။အဝေါစ= လျှောက်၏။
“ဗြာဟ္မဏ၊ ပုဏ္ဏား။
ယေန ပရိယာယေန၊ အကြင်ရာဂ စသည်ကို ပယ်ဖျောက်ခြင်းငှာ တရားဟောတတ်သော အကြောင်းဖြင့်။
မံ၊ ငါဘုရားကို။ဝဒမာ။နော= ဆိုသော သူသည်။
သမ္မာ၊ ကောင်းစွာ။
ဝဒေယျ၊ ဆိုရာ၏အတ္ထိ ခေါ= ရှိသည်သာလျှင်တည်း။
‘သမဏော ဂေါတမော၊ ရဟန်းဂေါတမသည်။
ဝေနယိကော၊ ရာဂစသည်ကို ပယ်ဖျောက်ခြင်းငှာ တရားကို ဟောတော်မူတတ်၏။
’ ဣတိ၊ ဤသို့။
ဗြာဟ္မဏ၊ ပုဏ္ဏား။
ဟိ သစ္စံ၊ ထိုစကားသည် မှန်၏။
ရာဂဿ၊ ရာဂကိုလည်းကောင်း။
ဒေါသဿ၊ ဒေါသကိုလည်းကောင်း။
မောဟဿ၊ မောဟကိုလည်းကောင်း။
ဝိနယာယ၊ ပယ်ဖျောက်ခြင်းငှာ။
ဓမ္မံ၊ တရားကို။
ဒေသေမိ၊ ဟောတော်မူ၏။
အနေကဝိဟိတာနံ၊ များသော အပြားရှိကုန်သော။
ပါပကာနံ၊ ယုတ်မာကုန်သော။
အကုသလာနံ၊ အကုသိုလ်ဖြစ်ကုန်သော။
ဓမ္မာနံ၊ တရားတို့ကို။
ဝိနယာယ၊ ပယ်ဖျောက်ခြင်းငှာ။
ဓမ္မံ၊ တရားကို။
ဒေသေမိ၊ ဟောတော်မူ၏။
ဗြာဟ္မဏ၊ ပုဏ္ဏား။
ယေန ပရိယာယေန၊ အကြင်ရာဂ စသည်ကို ပယ်ဖျောက်ခြင်းငှာ တရားဟောတတ်သော အကြောင်းဖြင့်။
မံ၊ ငါဘုရားကို။ဝဒမာနော= ဆိုသော သူသည်။
သမ္မာ၊ ကောင်းစွာ။
ဝဒေယျ၊ ဆိုရာ၏။
အယံ ခေါ ပရိယာယော၊ ဤရာဂစသည်ကို ပယ်ဖျောက်ခြင်းငှာ တရားဟောတတ်သော အကြောင်းသည်။
‘သမဏော ဂေါတမော၊ ရဟန်းဂေါတမသည်။
ဝေနယိကော၊ ရာဂစသည်ကို ပယ်ဖျောက်ခြင်းငှာ တရားကို ဟောတော်မူတတ်၏။
’ ဣတိ၊ ဤသို့။သန္ဓာယ= ရည်၍။
တွံ၊ သင်သည်။
ဝဒေသိ၊ ဆို၏။
သော ပရိယာယော၊ ထိုအကြောင်းသည်။
နော စ ခေါ ဟောတိ၊ မဖြစ်သည်သာတည်း၊”
ဣတိ၊ ဤသို့။
အဝေါစ၊ မိန့်တော်မူ၏။
၉။
“ဘဝံ ဂေါတမော၊ အရှင်ဂေါတမသည်။
တပဿီ၊ ကြီးသော သူတို့ကို မရိုမသေ ပူလောင်စေတတ်သော သဘော ရှိ၏၊”
ဣတိ၊ ဤသို့။
“ဗြာဟ္မဏ၊ ပုဏ္ဏား။
ယေန ပရိယာယေန၊ အကြင်ယုတ်မာသော အကုသိုလ်တရားတို့ကို ပူလောင်စေတတ်သော သဘောရှိသော အကြောင်းဖြင့်။
မံ၊ ငါဘုရားကို။ဝဒမာနော= ဆိုသော သူသည်။
သမ္မာ၊ ကောင်းစွာ။
ဝဒေယျ၊ ဆိုရာ၏။
ဧသ ဧသော ပရိယာယော၊ ဤယုတ်မာသော အကု သိုလ်တရားတို့ကို ပူလောင်စေတတ်သော အကြောင်းသည်။
အမှာကံ၊ ငါဘုရားတို့အား။
အတ္ထိ ခေါ၊ ရှိသည်သာလျှင်တည်း။
ဂေါတမော၊ ရဟန်းဂေါတမသည်။
တပဿီ၊ အကုသိုလ်တရားတို့ကို ပူလောင်စေတတ်သော သဘော ရှိ၏။
’ ဣတိ၊ ဤသို့။
ဗြာဟ္မဏ၊ ပုဏ္ဏား။
အဟံ၊ ငါဘုရားသည်။
ပါပကေ၊ ယုတ်မာကုန်သော။
အကုသလေ၊ အကုသိုလ်ဖြစ်ကုန်သော။
ဓမ္မေ၊ တရားတို့ကို။
ကာယဒုစ္စရိတံ၊ ကာယဒုစရိုက်ကိုလည်းကောင်း။
ဝစီဒုစ္စရိတံ၊ ဝစီဒုစရိုက်ကိုလည်းကောင်း။
မနောဒုစ္စရိတံ၊ မနောဒုစရိုက်ကိုလည်းကောင်း။
တပနီယံ၊ ပစ္စုပ္ပန် တမလွန် ဤနှစ်တန်၌ ပူပန်စေတတ်၏ ဟူ၍။
ဝဒါမိ၊ ဟောတော်မူ၏။
ဗြာဟ္မဏ၊ ပုဏ္ဏား။
ခေါ၊ စင်စစ်။
ယဿ၊ အကြင်သူအား။
တပနီယံ၊ ပစ္စုပ္ပန် တမလွန် ဤနှစ်တန်၌ ပူပန်စေတတ်ကုန်သော။
ပါပကာ၊ ယုတ်မာကုန်သော။
အကုသလာ၊ အကုသိုလ် ဖြစ်ကုန်သော။
ဓမ္မာ၊ တရားတို့ကို။
ပဟီနာ၊ ပယ်အပ်ကုန်ပြီ။
ဥစ္ဆိန္နမူလာ၊ အမြစ်အရင်းကို အကြွင်းမဲ့ ဖြတ်အပ်ကုန်ပြီ။
တာလာဝတ္ထုကတာ၊ ထန်းပင်ရာကဲ့သို့ ပြုအပ်ကုန်ပြီ။
အနဘာဝံကတာ၊ တစ်ဖန် မဖြစ်ခြင်းကို ပြုအပ်ကုန်ပြီ။
အာယတိံ၊ နောင်အခါ၌။
အနုပ္ပါဒဓမ္မာ၊ မဖြစ်ခြင်းသဘော ရှိကုန်၏။
တံ၊ ထိုသူ့ကို။
အဟံ၊ ငါဘုရားသည်။
တပဿီတိ၊ အကုသိုလ်တရားတို့ကို ပူလောင်စေတတ်သော သဘော ရှိ၏ ဟူ၍။
ဝဒါမိ၊ ဟောတော်မူ၏။
ဗြာဟ္မဏ၊ ပုဏ္ဏား။
ခေါ၊ စင်စစ်။
တထာဂတဿ၊ ငါဘုရားအား။
တပနီယာ၊ ပူပန်စေတတ်ကုန်သော။
ပါပကာ၊ ယုတ်မာကုန်သော။
အကုသလာ၊ အကုသိုလ် ဖြစ်ကုန်သော။
ဓမ္မာ၊ တရားတို့ကို။
ပဟီနာ၊ ပယ်အပ်ကုန်ပြီ။
ဥစ္ဆိန္နမူလာ၊ အမြစ်အရင်းကို အကြွင်းမဲ့ ဖြတ်အပ်ကုန်ပြီ။
တာလာဝတ္ထုကတာ၊ ထန်းပင်ရာကဲ့သို့ ပြုအပ်ကုန်ပြီ။
အနဘာဝံကတာ၊ တစ်ဖန် မဖြစ်ခြင်းကို ပြုအပ်ကုန်ပြီ။
အာယတိံ၊ နောင်အခါ၌။
အနုပ္ပါဒဓမ္မာ၊ မဖြစ်ခြင်းသဘော ရှိကုန်၏။
ဗြာဟ္မဏ၊ ပုဏ္ဏား။
ယေန ပရိယာယေန၊ အကြင်အကုသိုလ်တရားတို့ကို ပူလောင်စေတတ်သော သဘောရှိသော အကြောင်းဖြင့်။
မံ၊ ငါဘုရားကို။ဝဒမာနော= ဆိုသော သူသည်။
သမ္မာ၊ ကောင်းစွာ။
ဝဒေယျ၊ ဆိုရာ၏။
အယံ ခေါ ပရိယာယော၊ ဤယုတ်မာသော အကုသိုလ်တရားတို့ကို ပူလောင်စေတတ်သော သဘောရှိသော အကြောင်းသည်။
အမှာကံ၊ ငါဘုရားတို့အား။
အတ္ထိ၊ ရှိ၏။
ယံ ပရိယာယံ၊ အကြင်ကြီးသော သူတို့ကို မရိုမသေ ပူလောင်စေတတ်သော သဘောရှိသော အကြောင်းကို။
‘သမဏော ဂေါတမော၊ ရဟန်းဂေါတမသည်။
တပဿီ၊ အကုသိုလ်တို့ကို ပူလောင်စေတတ်သော သဘောရှိ၏။
’ ဣတိ၊ ဤသို့သန္ဓာယ= ရည်၍။
တွံ၊ သင်ပုဏ္ဏားသည်။
ဝဒေသိ၊ ဆို၏။
သော ပရိယာယော၊ ထိုအကြောင်းသည်။
နော စ ခေါ ဟောတိ၊ မဖြစ်သည်သာတည်း၊”
ဣတိ၊ ဤသို့။
အဝေါစ၊ မိန့်တော်မူ၏။။
၁၀။
“ဘဝံ ဂေါတမော၊ အရှင်ဂေါတမသည်။
အပဂဗ္ဘော၊ ဇေဋ္ဌာပစာယနဓမ္မ၌ မတည်ရကား နတ်ပြည်ပဋိန္ဓေနေခြင်းမှ ကင်း၏၊”
ဣတိ၊ သို့။
“ဗြာဟ္မဏ၊ ပုဏ္ဏား။
ယေန ပရိယာယေန၊ အကြင် နောင်အခါ၌ ပဋိသန္ဓေနေခြင်းမှ ကင်းသော အကြောင်းဖြင့်။
မံ၊ ငါဘုရားကို။ဝဒမာနော= ဆိုသော သူသည်။
သမ္မာ၊ ကောင်းစွာ။
ဝဒေယျ၊ ဆိုရာ၏။
ဧသ ဧသော ပရိယာယော၊ ဤနောင်အခါ၌ ပဋိသန္ဓေနေခြင်းမှ ကင်းသော အကြောင်းသည်။
အမှာကံ၊ ငါဘုရားတို့အား။
အတ္ထိ ခေါ၊ ရှိသည်သာလျှင်တည်း။
‘သမဏော ဂေါတမော၊ ရဟန်းဂေါတမသည်။
အပဂဗ္ဘော၊ နောင်အခါ ပဋိသန္ဓေနေခြင်းမှ ကင်း၏။
’ ဣတိ၊ ဤသို့။
ဗြာဟ္မဏ၊ ပုဏ္ဏား။
ခေါ၊ စင်စစ်။
ယဿ၊ အကြင်သူအား။
အာယတိံ၊ နောင်အခါ၌။
ဂဗ္ဘသေယျာ၊ အမိဝမ်းတိုက်၌ ပဋိသန္ဓေနေခြင်းကို။
ပုနဗ္ဘဝါဘိနိဗ္ဗတ္တိ၊ တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်းကို။
ပဟီနာ၊ ပယ်အပ်ပြီ။
ဥစ္ဆိန္နမူလာ၊ အမြစ်အရင်းကို အကြွင်းမဲ့ ဖြတ်အပ်ပြီ။
တာလာဝတ္ထုကတာ၊ ထန်းပင်ရာကဲ့သို့ ပြုအပ်ပြီ။
အနဘာဝံကတာ၊ တစ်ဖန် မဖြစ်ခြင်းကို ပြုအပ်ပြီ။
အာယတိံ၊ နောင်အခါ၌။
အနုပ္ပါဒဓမ္မာ၊ မဖြစ်ခြင်းသဘော ရှိ၏။
တံ၊ ထိုသူကို။
အဟံ၊ ငါဘုရားသည်။
အပဂဗ္ဘောတိ၊ ပဋိသန္ဓေနေခြင်းကင်းသော သဘောရှိ၏ ဟူ၍။
ဝဒါမိ၊ ဟောတော်မူ၏။
ဗြာဟ္မဏ၊ ပုဏ္ဏား။
ခေါ၊ စင်စစ်။
ယဿ၊ အကြင်သူအား။
အာယတိံ၊ နောင်အခါ၌။
ဂဗ္ဘသေယျာ၊ အမိဝမ်းတိုက်၌ ပဋိသန္ဓေနေခြင်းကို။
ပုနဗ္ဘဝါဘိနိဗ္ဗတ္တိ၊ တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်းကို။
ပဟီနာ၊ ပယ်အပ်ပြီ။
ဥစ္ဆိန္နမူလာ၊ အမြစ်အရင်းကို အကြွင်းမဲ့ ဖြတ်အပ်ပြီ။
တာလာဝတ္ထုကတာ၊ ထန်းပင်ရာကဲ့သို့ ပြုအပ်ပြီ။
အနဘာဝံကတာ၊ တစ်ဖန် မဖြစ်ခြင်းကို ပြုအပ်ပြီ။
အာယတိံ၊ နောင်အခါ၌။
အနုပ္ပါဒဓမ္မာ၊ မဖြစ်ခြင်းသဘော ရှိ၏။
ဗြာဟ္မဏ၊ ပုဏ္ဏား။
ယေန ပရိယာယေန၊ အကြင် နောင်အခါ၌ ပဋိသန္ဓေနေခြင်းကင်းသော အကြောင်းဖြင့်။ဝဒမာနော= ဆိုသော သူသည်။
သမ္မာ၊ ကောင်းစွာ။
ဝဒေယျ၊ ဆိုရာ၏။
အယံ ခေါ ပရိယာယော၊ ဤနောင်အခါ၌ ပဋိသန္ဓေနေခြင်း မရှိသော အကြောင်းသည်။
အမှာကံ၊ ငါဘုရားတို့အား။
အတ္ထိ၊ ရှိ၏၊ ။ယံ ပရိယာယံ\- အကြင်ဇေဋ္ဌာပစာယနဓမ္မ၌ မတည်ရကား နတ်ပြည်၌ ပဋိသန္ဓေနေခြင်း ကင်းသော အကြောင်းကို။
‘သမဏော ဂေါတမော၊ ရဟန်းဂေါတမသည်။
အပဂဗ္ဘော၊ ပဋိသန္ဓေနေခြင်းမှ ကင်း၏။
’ ဣတိ၊ ဤသို့။သန္ဓာယ= ရည်၍။
တွံ၊ သင်ပုဏ္ဏားသည်။
ဝဒေသိ၊ ဆို၏။
သော ပရိယာယော၊ ထိုအကြောင်းသည်။
နော စ ခေါ ဟောတိ၊ မဖြစ်သည်သာတည်း၊”
ဣတိ၊ ဤသို့။
အဝေါစ၊ မိန့်တော်မူ၏။
၁၁။
“ဗြာဟ္မဏ၊ ပုဏ္ဏား။
သေယျထာပိ၊ ဥပမာမည်သည်ကား။
ကုက္ကုဋိယာ၊ ကြက်မ၏။
အဋ္ဌ ဝါ၊ ရှစ်လုံးလည်း ဖြစ်ကုန်သော။
ဒသ ဝါ၊ ဆယ်လုံးလည်း ဖြစ်ကုန်သော။
ဒွါဒသ ဝါ၊ တစ်ဆယ့်နှစ်လုံးလည်း ဖြစ်ကုန်သော။
တာနိ အဏ္ဍာနိ၊ ထိုဥတို့သည်။
ကုက္ကုဋိယာ၊ ကြက်မသည်။
သမ္မာ၊ ကောင်းစွာ။
အဓိသယိတာနိ၊ အပသို့ မထွက်စေဘဲ အထက်၌ လုံခြုံစွာ ဝပ်အပ်ကုန်သည်။
သမ္မာ၊ ကောင်းစွာ။
ပရိသေဒိတာနိ၊ ထက်ဝန်းကျင်မှ ကြက်တို့၏ အငွေ့ကို တွေ့စေအပ်ကုန်သည်။
သမ္မာ၊ ကောင်းစွာ။
ပရိဘာဝိတာနိ၊ ထက်ဝန်းကျင်မှ ကြက်ဥကို ပျံ့နှံ့ထုံစေအပ်ကုန်သည်။
အဿု၊ ဖြစ်ကုန်ရာ၏။
တေသံ ကုက္ကုဋစ္ဆာပကာနံ၊ ထိုကြက်ငယ် အပေါင်းတို့တွင်။
ယော ကုက္ကုဋစ္ဆာပကော၊ အကြင်ကြက်ငယ်သည်။
ပဌမတရံ၊ ရှေးဦးစွာ။
ပါဒနခသိခါယ ဝါ၊ ခြေသည်းဖျားဖြင့်လည်းကောင်း။
မုခတုဏ္ဍကေန ဝါ၊ နှုတ်သီးဖျားဖြင့်လည်းကောင်း။
အဏ္ဍကောသံ၊ ဥခွံကို။
ပဒါလေတွာ၊ ဖောက်ခွဲ၍။
သောတ္ထိနာ၊ ချမ်းသာသဖြင့်။
အဘိနိဗ္ဘိဇ္ဇေယျ၊ ပေါက်ရာ၏။
သော ကုက္ကုဋစ္ဆာပကော၊ ထိုကြက်ငယ်သည်။
ကိန္တိ ကိံ ဧဝ၊ အဘယ်သို့လျှင်။
ဝစနီယော၊ ဆိုအပ်သည်။
အဿ နု ခေါ၊ ဖြစ်ရာသနည်း။
ဇေဋ္ဌော ဝါ၊ အကြီးဟူ၍လည်းကောင်း။
ကနိဋ္ဌော ဝါ၊ အငယ်ဟူ၍လည်းကောင်း။
ဝစနီယော၊ ဆိုအပ်သည်။
အဿ နု ခေါ၊ ဖြစ်ရာသနည်း၊”
ဣတိ၊ ဤသို့။
“ဘော ဂေါတမ၊ အရှင်ဂေါတမ။
ဇေဋ္ဌောတိ၊ အကြီးဟူ၍။
ဝစနီယော၊ ဆိုအပ်သည်။
အဿ၊ ဖြစ်ရာ၏။
ဟိ သစ္စံ၊ ထိုစကားသည် မှန်၏။
နေသံ၊ ထိုကြက်ငယ်အပေါင်းတို့တွင်။
သော ကုက္ကုဋစ္ဆာပကော၊ ထိုကြက်ငယ်သည်။
ဇေဋ္ဌော၊ အကြီးသည်။
ဟောတိ၊ ဖြစ်၏၊”
ဣတိ၊ ဤသို့။
အဝေါစ၊ လျှောက်၏။
ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။
ဗြာဟ္မဏ၊ ပုဏ္ဏား။
ဧဝမေဝ ခေါ၊ ဤအတူသာလျှင်။
အဟံ၊ ငါဘုရားသည်။
အဝိဇ္ဇာဂတာယ၊ အဝိဇ္ဇာ၌ ဖြစ်သော။
အဏ္ဍဘူတာယ၊ အဝိဇ္ဇာတည်းဟူသော အဥ၌ ဖြစ်၍ ဖြစ်သော။
ပရိယောနဒ္ဓါယ၊ အဝိဇ္ဇာတည်းဟူသော ဥခွံဖြင့် ထက်ဝန်းကျင်မှ မြှေးရှက်အပ်သော။
ပဇာယ၊ သတ္တဝါအပေါင်း၌။
အဝိဇ္ဇဏ္ဍကောသံ၊ အဝိဇ္ဇာတည်းဟူသော ဥခွံကို။
ပဒါလေတွာ၊ ဖောက်ခွဲ၍။
ဧကောဝ၊ ငါတစ်ယောက်တည်းသာလျှင်။
လောကေ၊ လောက၌။
အနုတ္တရံ၊ အတုမရှိ မြတ်သော။
သမ္မာသမ္ဗောဓိံ၊ အရဟတ္တမဂ်ဉာဏ်ကို။
အဘိသမ္ဗုဒ္ဓေါ၊ ထိုးထွင်း၍ သိတော်မူပြီ။
ဗြာဟ္မဏ၊ ပုဏ္ဏား။
သွာဟံ သော အဟံ၊ ထိုငါဘုရားသည်။
လောကဿ၊ သတ္တလောကထက်။
ဇေဋ္ဌော၊ ကြီး၏။
သေဋ္ဌော၊ မြတ်၏။
ဗြာဟ္မဏ၊ ပုဏ္ဏား။
ခေါ ပန၊ စင်စစ်။
မေ မယာ၊ ငါဘုရားသည်။
ဝီရိယံ၊ လေးပါးသော ဝီရိယသည်။
အာရဒ္ဓံ၊ အားထုတ်အပ်သည်။
အသလ္လီနံ၊ တွန့်တိုခြင်း မရှိသည်။
အဟောသိ၊ ဖြစ်ပြီ။
မေ၊ ငါဘုရား၏။
သတိ၊ သတိသည်။
ဥပဋ္ဌိတာ၊ ထင်သည်။
အသမ္မုဋ္ဌာ၊ မေ့လျော့ခြင်း မရှိသည်။
အဟောသိ၊ ဖြစ်ပြီ။
မေ၊ ငါဘုရား၏။
ကာယော၊ နာမကာယ, ရူပကာယသည်။
ပဿဒ္ဓေါ၊ ပူပန်မလိမ်း ငြိမ်းခြင်းသည်။
အသာရဒ္ဓေါ၊ ပူပန်ခြင်း မရှိသည်။
အဟောသိ၊ ဖြစ်ပြီ။
မေ၊ ငါဘုရား၏။
စိတ္တံ၊ စိတ်သည်။
သမာဟိတံ၊ တည်ကြည်သည်။
ဧကဂ္ဂံ၊ တစ်ခုတည်းသော အာရုံဟု ဆိုအပ်သော အဖို့ရှိသည်။
အဟောသိ၊ ဖြစ်ပြီ။
ဗြာဟ္မဏ၊ ပုဏ္ဏား။
သော ခေါ အဟံ၊ ထိုငါဘုရားသည်။
ကာမေဟိ၊ ဝတ္ထုကာမ ကိလေသာကာမတို့မှ။
ဝိဝိစ္စေဝ၊ ဆိတ်၍သာလျှင်။
အကုသလေဟိ၊ အကုသိုလ် ဖြစ်ကုန်သော။
ဓမ္မေဟိ၊ တရားတို့မှ။
ဝိဝိစ္စေဝ၊ ဆိတ်၍သာလျှင်။
သဝိတက္ကံ၊ ဝိတက်နှင့် တကွဖြစ်သော။
သဝိစာရံ၊ ဝိစာရနှင့် တကွဖြစ်သော။
ဝိဝေကဇံ၊ နီဝရဏတို့မှ ဆိတ်ခြင်းကြောင့် ဖြစ်သော။
ပီတိသုခံ၊ ပီတိသုခရှိသော။
ပဌမံ ဈာနံ၊ ပဌမဈာန်သို့။
ဥပသမ္ပဇ္ဇ၊ ကပ်၍။
ဝိဟာသိံ၊ နေပြီ။
ဝိတက္ကဝိစာရာနံ၊ ဝိတက် ဝိစာရတို့၏။
ဝူပသမာ၊ ငြိမ်းခြင်းကြောင့်။
အဇ္ဈတ္တံ၊ နိယကဇ္ဈတ္တသန္တာန်၌။
စေတသော၊ စိတ်ကို။
သမ္ပသာဒနံ၊ ကြည်စေတတ်သော။
ဧကောဒိဘာဝံ၊ မြတ်သော တည်ကြည်ခြင်းကို ပွားစေတတ်သော။
အဝိတက္ကံ၊ ဝိတက်လည်း မရှိသော။
အဝိစာရံ၊ ဝိစာရလည်း မရှိသော။
သမာဓိဇံ၊ ပဌမဈာန်သမာဓိကြောင့်ဖြစ်သော။
ပီတိသုခံ၊ ပီတိသုခရှိသော။
ဒုတိယံ ဈာနံ၊ ဒုတိယဈာန်သို့။
ဥပသမ္ပဇ္ဇ၊ ကပ်၍။
ဝိဟာသိံ၊ နေပြီ။
ပီတိယာ စ၊ ပီတိကိုလည်း။
ဝိရာဂါ၊ လွန်မြောက်ခြင
တံ တတိယံ ဈာနံ၊ ထိုတတိယဈာန်သို့။်းကြောင့်။
ဥပေက္ခကော စ၊ လျစ်လျူရှုခြင်းနှင့် ပြည့်စုံသည် ဖြစ်၍လည်း။
ဝိဟာသိံ၊ နေပြီ။
သတော စ၊ သတိနှင့် ပြည့်စုံသည် ဖြစ်၍လည်းကောင်း။
သမ္ပဇာနော စ၊ ပညာအဆင်အခြင်နှင့် ပြည့်စုံသည် ဖြစ်၍လည်းကောင်း။
သုခဉ္စ၊ တတိယဈာန်ချမ်းသာကိုလည်း။
ကာယေန၊ နာမကာယ ရူပကာယဖြင့်။
ပဋိသံဝေဒေသိံ၊ ခံစားပြီ။
ယံ တတိယဇ္ဈာနဟေတု၊ အကြင်တတိယဈာန်ဟူသော အကြောင်းကြောင့်။
တံ ပုဂ္ဂလံ၊ ထိုတတိယဈာန်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို။
အရိယာ၊ ဘုရား အစရှိသော သူတော်ကောင်းတို့သည်။
‘ဥပေက္ခကောတိ၊ လျစ်လျူရှုခြင်းနှင့် ပြည့်စုံ၏ ဟူ၍။
သတိမာတိ၊ သတိနှင့် ပြည့်စုံ၏ ဟူ၍။
သုခဝိဟာရီတိ၊ ချမ်းသာစွာ နေလေ့ရှိ၏ ဟူ၍။
’ အာစိက္ခန္တိ၊ ချီးမွမ်းစကား ပြောကြားကုန်၏။
‘ဥပေက္ခကောတိ၊ လျစ်လျူရှုခြင်းနှင့် ပြည့်စုံ၏ ဟူ၍။
သတိမာတိ၊ သတိနှင့် ပြည့်စုံ၏ ဟူ၍။
သုခဝိဟာရီတိ၊ ချမ်းသာစွာ နေလေ့ရှိ၏ ဟူ၍။တံ တတိယံ ဈာနံ= ထိုတတိယဈာန်သို့။်းကြောင့်။ဥပသမ္ပဇ္ဇ= ကပ်၍။
ဝိဟာသိံိံ၊ နေပြီ။
သုခဿ စ၊ ချမ်းသာကိုလည်း။
ပဟာနာ၊ ပယ်ခြင်းကြောင့်။
ဒုက္ခဿ စ၊ ဆင်းရဲကိုလည်း။
ပဟာနာ၊ ပယ်ခြင်းကြောင့်။
ပုဗ္ဗေဝ၊ ရှေးဈာန်၏ ဥပစာရ၌သာလျှင်။
သောမနဿဒေါမနဿာနံ၊ သောမနဿ ဒေါမနဿတို့၏။
အတ္ထင်္ဂမာ၊ ချုပ်ခြင်းကြောင့်။
အဒုက္ခမသုခံ၊ ဒုက္ခလည်း မဟုတ်, သုခလည်း မဟုတ်သော။
ဥပေက္ခာသတိပါရိသုဒ္ဓိံ၊ ဥပေက္ခာသည် ဖြစ်စေအပ်သော သတိ၏ ထက်ဝန်းကျင်မှ စင်ကြယ်ခြင်း ရှိသော။
စတုတ္ထံ ဈာနံ၊ စတုတ္ထဈာန်သို့။
ဥပသမ္ပဇ္ဇ၊ ကပ်၍။
ဝိဟာသိံိံ၊ နေပြီ။
၁၂။
သော အဟံ၊ ထိုငါဘုရားသည်။
ဧဝံ၊ ဤသို့ ဆိုအပ်ပြီးသော အစဉ်ဖြင့်။
ပရိသုဒ္ဓေ၊ ထက်ဝန်းကျင်မှ စင်ကြယ်သော။
ပရိယောဒါတေ၊ ထက်ဝန်းကျင်မှ ပြိုးပြိုးပြက် ရှိသော။
အနင်္ဂဏေ၊ ကိလေသာ မရှိသော။
ဝိဂတူပက္ကိလေသေ၊ ကင်းပြီးသော ညစ်ညူးခြင်း ရှိသော။
မုဒုဘူတေ၊ နူးညံ့စွာ ဖြစ်၍ ဖြစ်သော။
ကမ္မနိယေ၊ အမှု၌ ခံ့သော။
ဌိတေ၊ တည်သော။
အာနေဉ္ဇပ္ပတ္တေ၊ မတုန်လှုပ်ခြင်းသို့ ရောက်သော။
စိတ္တေ၊ စိတ်သည်။
သမာဟိတေ၊ စတုတ္ထဈာန်သမာဓိဖြင့် တည်ကြည်သည်ရှိသော်။
ပုဗ္ဗေနိဝါသာနုဿတိဉာဏာယ၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၏ အကျိုးငှာ။
စိတ္တံ၊ စိတ်ကို။
အဘိနိန္နာမေသိံ၊ ရှေးရှုညွတ်စေပြီ။
သော အဟံ၊ ထိုငါဘုရားသည်။
အနေကဝိဟိတံ၊ များသော အပြားရှိသော။
ပုဗ္ဗေနိဝါသံ၊ ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို။
အနုဿရာမိ၊ အစဉ်လျှောက်၍ အောက်မေ့၏။
“ဣဒံ အယံ ပုဗ္ဗေနိဝါသော၊ ဤရှေး၌ နေဖူးသော ခန္ဓာအစဉ်သည်။
သေယျထာ ကတမော၊ အဘယ်နည်း။
ဧကမ္ပိ ဇာတိံ၊ တစ်ခုသော ဘဝကိုလည်းကောင်း။
ဒွေပိ ဇာတိယော၊ နှစ်ခုသော ဘဝတို့ကိုလည်းကောင်း။
တိဿောပိ ဇာတိယော၊ သုံးခုသော ဘဝတို့ကိုလည်းကောင်း။
စတဿောပိ ဇာတိယော၊ လေးခုသော ဘဝတို့ကိုလည်းကောင်း။
ပဉ္စပိ ဇာတိယော၊ ငါးခုသော ဘဝတို့ကိုလည်းကောင်း။
ဒသပိ ဇာတိယော၊ ဆယ်ခုသော ဘဝတို့ကိုလည်းကောင်း။
ဝီသမ္ပိ ဇာတိယော၊ နှစ်ဆယ်သော ဘဝတို့ကိုလည်းကောင်း။
တိံသမ္ပိ ဇာတိယော၊ သုံးဆယ်သော ဘဝတို့ကိုလည်းကောင်း။
စတ္တာလီသမ္ပိ ဇာတိယော၊ လေးဆယ်သော ဘဝတို့ကိုလည်းကောင်း။
ပညာသမ္ပိ ဇာတိယော၊ ငါးဆယ်သော ဘဝတို့ကိုလည်းကောင်း။
ဇာတိသတမ္ပိ၊ ဘဝတစ်ရာကိုလည်းကောင်း။
ဇာတိသဟဿမ္ပိ၊ ဘဝတစ်ထောင်ကိုလည်းကောင်း။
ဇာတိသတသဟဿမ္ပိ၊ ဘဝတစ်သိန်းကိုလည်းကောင်း။
အနေကေပိ သံဝဋ္ဋကပ္ပေ၊ များစွာသော သံဝဋ္ဋကပ်တို့ကိုလည်းကောင်း။
အနေကေပိ ဝိဝဋ္ဋကပ္ပေ၊ များစွာသော ဝိဝဋ္ဋကပ်တို့ကိုလည်းကောင်း။
အနေကေပိ သံဝဋ္ဋဝိဝဋ္ဋကပ္ပေ၊ များစွာသော သံဝဋ္ဋဝိဝဋ္ဋကပ်တို့ကိုလည်းကောင်း။
အနုဿရာမိ၊ အစဉ်လျှောက်၍ အောက်မေ့၏။
ကိံ အနုဿရာမိ၊ အဘယ်သို့ အစဉ်လျှောက်၍ အောက်မေ့သနည်း။
အမုတြ၊ ဤမည်သော ကပ်,ဘ၀ စသည်၌။
ဧဝံ နာမော၊ ဤသို့ အမည်ရှိသည်။
ဧဝံ ဂေါတ္တော၊ ဤသို့ အနွယ်ရှိသည်။
ဧဝံ ဝဏ္ဏော၊ ဤသို့ အဆင်းရှိသည်။
ဧဝမာဟာရော၊ ဤသို့ အစာအာဟာရရှိသည်။
ဧဝံ သုခဒုက္ခပ္ပဋိသံဝေဒီ၊ ဤသို့ ချမ်းသာ ဆင်းရဲကို ခံစားလေ့ရှိသည်။
ဧဝမာယုပရိယန္တော၊ ဤသို့ အသက်အပိုင်းအခြား ရှိသည်။
အာသိံ၊ ဖြစ်ပြီ။
သော အဟံ၊ ထိုငါဘုရားသည်။
တတော၊ ထိုကပ် ဘ၀ စသည်မှ။
စုတော၊ စုတေခဲ့သည်ရှိသော်။
အမုတြ၊ ဤမည်သော ကပ် ဘ၀ စသည်၌။
ဥဒပါဒိံ၊ ထင်ရှားဖြစ်ပြီ။
တတြာပိ၊ ထိုကပ် ဘ၀ စသည်၌လည်း။
ဧဝံ နာမော၊ ဤသို့ အမည်ရှိသည်။
ဧဝံ ဂေါတ္တော၊ ဤသို့ အနွယ်ရှိသည်။
ဧဝံ ဝဏ္ဏော၊ ဤသို့ အဆင်းရှိသည်။
ဧဝမာဟာရော၊ ဤသို့ အစာ အဟာရရှိသည်။
ဧဝံ သုခဒုက္ခပ္ပဋိသံဝေဒီ၊ ဤသို့ ချမ်းသာ ဆင်းရဲကို ခံစားလေ့ရှိသည်။
ဧဝမာယုပရိယန္တော၊ ဤသို့ အသက်အပိုင်းအခြား ရှိသည်။
အာသိံ၊ ဖြစ်ပြီ။
သော အဟံ၊ ထိုငါဘုရားသည်။
တတော၊ ထိုကပ် ဘ၀ စသည်မှ။
စုတော၊ စုတေခဲ့သည်ရှိသော်။
ဣဓ၊ ဤကပ် ဘ၀ စသည်၌။
ဥပပန္နော၊ ဖြစ်၏၊”
ဣတိ၊ ဤသို့။
အနုဿရာမိ၊ အစဉ်လျှောက်၍ အောက်မေ့၏။
ဣတိ၊ ဤသို့။
သာကာရံ၊ အခြင်းအရာနှင့် တကွဖြစ်သော။
သဥဒ္ဒေသံ၊ ညွှန်ပြခြင်းနှင့် တကွဖြစ်သော။
အနေကဝိဟိတံ၊ များသော အပြားရှိသော။
ပုဗ္ဗေနိဝါသံ၊ ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို။
အနုဿရာမိ၊ အစဉ်လျှောက်၍ အောက်မေ့၏။
အာတာပိနော၊ ကိလေသာကို လွန်စွာ ပူပန်စေတတ်သော လုံ့လရှိသည်ဖြစ်၍။
ပဟိတတ္တဿ၊ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍။
ဝိဟရတော၊ နေသော သူအား။
အဝိဇ္ဇာ၊ အဝိဇ္ဇာသည်။
ဝိဟတာ ယထာ၊ ပျောက်သကဲ့သို့။
ဝိဇ္ဇာ၊ ဝိဇ္ဇာသည်။
ဥပ္ပန္နာ ယထာ၊ ဖြစ်သကဲ့သို့။
တမော၊ အမိုက်သည်။
ဝိဟတော ယထာ၊ ပျောက်သကဲ့သို့။
အာလောကော၊ အလင်းသည်။
ဥပ္ပန္နော ယထာ၊ ဖြစ်သကဲ့သို့။
တထာ၊ ထို့အတူ။
ဗြာဟ္မဏ၊ ပုဏ္ဏား။
မေ မယာ၊ ငါဘုရားသည်။
ရတ္တိယာ၊ ညဉ့်၏။
ဗြာဟ္မဏ၊ ပုဏ္ဏား။
ကုက္ကုဋစ္ဆာပကဿ၊ ကြက်ငယ်၏။
အဏ္ဍကောသမှာ၊ ဥခွံတွင်းမှ။
ပဌမာ၊ ရှေးဦးစွာသော။
အဘိနိဗ္ဘိဒါ၊ ပေါက်ခြင်းသည်။
အဟောသိ ဣဝ၊ ဖြစ်သကဲ့သို့။
တထာ၊ ထို့အတူ။
မေ၊ ငါဘုရား၏။
အဏ္ဍကောသမှာ၊ အဝိဇ္ဇာတည်းဟူသော ဥခွံတွင်းမှ။
ပဌမာ၊ ရှေးဦးစွာသော။
အယံ ခေါ အဘိနိဗ္ဘိဒါ၊ ဤပေါက်ခြင်းသည်။
အဟောသိ၊ ဖြစ်ပြီ။
၁၃။
သော အဟံ၊ ထိုငါဘုရားသည်။
ဧဝံ၊ ဤသို့။
ပရိသုဒ္ဓေ၊ ထက်ဝန်းကျင်မှ စင်ကြယ်သော။
ပရိယောဒါတေ၊ ထက်ဝန်းကျင်မှ ပြိုးပြိုးပြက်ရှိသော။
အနင်္ဂဏေ၊ ကိလေသာ မရှိသော။ခြင်း ရှိသော။
မုဒုဘူတေ၊ နူးညံ့စွာ ဖြစ်၍ ဖြစ်သော။
ကမ္မနိယေ၊ အမှု၌ ခံ့သော။
ဌိတေ၊ တည်သော။
အာနေဉ္ဇပ္ပတ္တေ၊ မတုန်လှုပ်ခြင်းသို့ ရောက်သော။
စိတ္တေ၊ စိတ်သည်။
သမာဟိတေ၊ တည်ကြည်သည်ရှိသော်။
သတ္တာနံ၊ သတ္တဝါတို့၏။
စုတူပပါတဉာဏာယ၊ စုတိပဋိသန္ဓေကို သိသော ဒိဗ္ဗစက္ခုအဘိညာဉ်ဟူသော ဉာဏ်၏ အကျိုးငှာ။
စိတ္တံ၊ စိတ်ကို။
အဘိနိန္နာမေသိံ၊ ရှေးရှု ညွတ်စေပြီ။
ဝိဂတူပက္ကိလေသေ၊ ကင်းပြီးသော ညစ်ညူး
သော အဟံ၊ ထိုငါဘုရားသည်။
ဝိသုဒ္ဓေန၊ အထူးသဖြင့် စင်ကြယ်သော။
အတိက္ကန္တမာနုသကေန၊ လူတို့၏ မျက်စိအမြင်ကို လွန်သော။
ဒိဗ္ဗေန စက္ခုနာ၊ ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်။
စဝမာနေ၊ စုတေဆဲဖြစ်ကုန်သော။
ဥပပဇ္ဇမာနေ၊ ပဋိသန္ဓေ နေဆဲဖြစ်ကုန်သော။
ဟီနေ၊ ယုတ်ကုန်သော၊ပဏီတေ= မြတ်ကုန်သော။
သုဝဏ္ဏေ၊ အဆင်း လှကုန်သော။
ဒုဗ္ဗဏ္ဏေ၊ အဆင်းမလှကုန်သော။သုဂတေ= ကောင်းသော အလားရှိကုန်သော။
ဒုဂ္ဂတေ၊ မကောင်းသော အလားရှိကုန်သော။
သတ္တေ၊ သတ္တဝါတို့ကို။
ပဿာမိ၊ မြင်တော်မူ၏။
သုဂတေ၊ ကောင်းသော အလားရှိကုန်သော။
ဒုဂ္ဂတေ၊ မကောင်းသော အလားရှိကုန်သော။
သတ္တေ၊ သတ္တဝါတို့ကို။
ပဿာမိ၊ မြင်တော်မူ၏။
“ဘောန္တော၊ အိုအချင်းတို့။
ဝတ၊ စင်စစ်။ကံ အားလျော်စွာ ဘုံဘဝသို့ ကပ်၍ ဖြစ်ကုန်သော။
သတ္တေ၊ သတ္တဝါတို့ကို။
ပဇာနာမိ၊ အပြားအားဖြင့် သိတော်မူ၏။
ဣမေ သတ္တာ၊ ဤသတ္တဝါတို့သည်။
ကာယဒုစ္စရိတေန၊ ကာယဒုစရိုက်နှင့်။
သမန္နာဂတာ၊ ပြည့်စုံကုန်၏။
ဝစီဒုစ္စရိတေန၊ ဝစီဒုစရိုက်နှင့်။
သမန္နာဂတာ၊ ပြည့်စုံကုန်၏။
မနောဒုစ္စရိတေန၊ မနောဒုစရိုက်နှင့်။
သမန္နာဂတာ၊ ပြည့်စုံကုန်၏။
အရိယာနံ၊ ဘုရား အစရှိကုန်သော အရိယာပုဂ္ဂိုလ်တို့ကို။
ဥပဝါဒကာ၊ စွပ်စွဲတတ်ကုန်၏။
မိစ္ဆာဒိဋ္ဌိကာ၊ မှားသော အယူ ရှိကုန်၏။
မိစ္ဆာဒိဋ္ဌိကမ္မသမာဒါနာ၊ မှားသော အယူ၏ အစွမ်းဖြင့် ဆောက်တည်အပ်သော ကံရှိကုန်၏။
တေ သတ္တာ၊ ထိုသတ္တဝါတို့သည်။
ကာယဿ၊ ဥပါဒိန္နကခန္ဓာကိုယ်၏။
ဘေဒါ၊ ပျက်ခြင်းကြောင့်။
မရဏာ၊ စုတိပျက်ကြွေ သေသည်မှ။
ပရံ၊ နောက်ကာလ၌။
အပါယံ၊ ချမ်းသာကင်းသော။
ဒုဂ္ဂတိံ၊ မကောင်းမှုကို ပြုသော သူတို့၏ လားရာဖြစ်သော။
ဝိနိပါတံ၊ ပျက်စီး၍ ကျရာဖြစ်သော။
နိရယံ၊ ငရဲ၌။
ဥပပန္နာ၊ ဖြစ်ကုန်၏။
ဘောန္တော၊ အိုအချင်းတို့။
ဝါ ပန၊ ထိုမှတစ်ပါး။
ဣမေ သတ္တာ၊ ဤသတ္တဝါတို့သည်။
ကာယသုစရိတေန၊ ကာယသုစရိုက်နှင့်။
သမန္နာဂတာ၊ ပြည့်စုံကုန်၏။
ဝစီသုစရိတေန၊ ဝစီသုစရိုက်နှင့်။
သမန္နာဂတာ၊ ပြည့်စုံကုန်၏။
မနောသုစရိတေန၊ မနောသုစရိုက်နှင့်။
သမန္နာဂတာ၊ ပြည့်စုံကုန်၏။
အရိယာနံ၊ ဘုရား အစရှိကုန်သော အရိယာပုဂ္ဂိုလ်တို့ကို။
အနုပဝါဒကာ၊ မစွပ်စွဲတတ်ကုန်။
သမ္မာဒိဋ္ဌိကာ၊ မဖောက်မပြန် မှန်သော အယူ ရှိကုန်၏။
သမ္မာဒိဋ္ဌိကမ္မသမာဒါနာ၊ မဖောက်မပြန် မှန်သော အယူ၏ အစွမ်းဖြင့် ဆောက်တည်အပ်သော ကံရှိကုန်၏။
တေ သတ္တာ၊ ထိုသတ္တဝါတို့သည်။
ကာယဿ၊ ဥပါဒိန္နကခန္ဓာကိုယ်၏။
ဘေဒါ၊ ပျက်ခြင်းကြောင့်။
မရဏာ၊ စုတိပျက်ကြွေ သေသည်မှ။
ပရံ၊ နောက်ကာလ၌။
သုဂတိံ၊ ကောင်းမှုကို ပြုသော သူတို့၏ လားရာဖြစ်သော။
သဂ္ဂံ၊ မြတ်သော ရူပါရုံ စသည်တို့၏ တည်ရာဖြစ်သော။
လောကံ၊ နတ်ပြည်၌။
ဥပပန္နာ၊ ဖြစ်ကုန်၏၊”
ဣတိ၊ ဤသို့။
ဣတိ၊ ဤသို့။
ပဿာမိ၊ မြင်တော်မူ၏။
ဝိသုဒ္ဓေန၊ အထူးသဖြင့် စင်ကြယ်သော။
အတိက္ကန္တမာနုသကေန၊ လူတို့၏ မျက်စိအမြင်ကို လွန်သော။
ဒိဗ္ဗေန စက္ခုနာ၊ ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့်။
စဝမာနေ၊ စုတေဆဲ ဖြစ်ကုန်သော။
ဥပပဇ္ဇမာနေ၊ ပဋိသန္ဓေနေဆဲ ဖြစ်ကုန်သော။
ဟီနေ၊ ယုတ်ကုန်သော။
ပဏီတေ၊ မြတ်ကုန်သော။
သုဝဏ္ဏေ၊ အဆင်းလှကုန်သော။
ဒုဗ္ဗဏ္ဏေ၊ အဆင်းမလှကုန်သော။
သုဂတေ၊ ကောင်းသော အလားရှိကုန်သော။
ဒုဂ္ဂတေ၊ မကောင်းသော အလားရှိကုန်သော။
သတ္တေ၊ သတ္တဝါတို့ကို။
ပဿာမိ၊ မြင်တော်မူ၏။
ယထာကမ္မူပဂေ၊ ကုသိုလ် အကုသိုလ်ကံ အားလျော်စွာ ဘုံဘဝသို့ ကပ်၍ ဖြစ်ကုန်သော။
အပ္ပမတ္တဿ၊ မမေ့မလျော့သည်ဖြစ်၍။
အာတာပိနော၊ ကိလေသာကို လွန်စွာ ပူပန်စေတတ်သော လုံ့လရှိသည်ဖြစ်၍။
ပဟိတတ္တဿ၊ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍။
ဝိဟရတော၊ နေသော သူအား။
အဝိဇ္ဇာ၊ အဝိဇ္ဇာသည်။
ဝိဟတာ ယထာ၊ ပျောက်သကဲ့သို့။
ဝိဇ္ဇာ၊ ဝိဇ္ဇာသည်။
ဥပ္ပန္နာ ယထာ၊ ဖြစ်သကဲ့သို့။
တမော၊ အမိုက်သည်။
ဝိဟတော ယထာ၊ ပျောက်သကဲ့သို့။
အာလောကော၊ အလင်းသည်။
ဥပ္ပန္နော ယထာ၊ ဖြစ်သကဲ့သို့။
တထာ၊ ထို့အတူ။
ဗြာဟ္မဏ၊ ပုဏ္ဏား။
မေ မယာ၊ ငါဘုရားသည်။
ရတ္တိယာ၊ ညဉ့်၏။
မဇ္ဈိမေ ယာမေ၊ မဇ္ဈိမယံ၌။
ဒုတိယာ၊ နှစ်ခုမြောက်သော။
အယံ ခေါ ဝိဇ္ဇာ၊ ဤဒိဗ္ဗစက္ခုဝိဇ္ဇာကို။
အဓိဂတာ၊ ရအပ် သိအပ်ပြီ။
မေ၊ ငါဘုရားအား။
အယံ အဝိဇ္ဇာ၊ ဤအဝိဇ္ဇာသည်။
ဝိဟတာ၊ ပျောက်ပြီ။
မေ၊ ငါဘုရားအား။
အယံ ဝိဇ္ဇာ၊ ဤဝိဇ္ဇာသည်။
ဥပ္ပန္နာ၊ ဖြစ်ပြီ။
မေ၊ ငါဘုရားအား။
အယံ တမော၊ ဤအမိုက်သည်။
ဝိဟတော၊ ပျောက်ပြီ။
မေ၊ ငါဘုရားအား။
အယံ အာလောကော၊ ဤအလင်းသည်။
ဥပ္ပန္နော၊ ဖြစ်ပြီ။
ဗြာဟ္မဏ၊ ပုဏ္ဏား။
ကုက္ကုဋစ္ဆာပကဿ၊ ကြက်ငယ်၏။
အဏ္ဍကောသမှာ၊ ဥခွံတွင်းမှ။
အဘိနိဗ္ဘိဒါ၊ ပေါက်ခြင်းသည်။
အဟောသိ ဣဝ၊ ဖြစ်သကဲ့သို့။
တထာ၊ ထို့အတူ။
မေ၊ ငါဘုရား၏။
အဏ္ဍကောသမှာ၊ အဝိဇ္ဇာတည်းဟူသော ဥခွံတွင်းမှ။
ဒုတိယာ၊ နှစ်ခုမြောက်သော။
အယံ ခေါ အဘိနိဗ္ဘိဒါ၊ ဤပေါက်ခြင်းသည်။
အဟောသိ၊ ဖြစ်ပြီ။
၁၄။
သော အဟံ၊ ထိုငါဘုရားသည်။
ဧဝံ၊ ဤသို့။
ပရိသုဒ္ဓေ၊ ထက်ဝန်းကျင်မှ စင်ကြယ်သော။
ပရိယောဒါတေ၊ ထက်ဝန်းကျင်မှ ပြိုးပြိုးပြက်ရှိသော။
အနင်္ဂဏေ၊ ကိလေသာ မရှိသော။
ဝိဂတူပက္ကိလေသေ၊ ကင်းပြီးသော ညစ်ညူးခြင်း ရှိသော။
မုဒုဘူတေ၊ နူးညံ့စွာ ဖြစ်၍ ဖြစ်သော။
ကမ္မနိယေ၊ အမှု၌ ခံ့သော။
ဌိတေ၊ တည်သော။
အာနေဉ္ဇပ္ပတ္တေ၊ မတုန်လှုပ်ခြင်းသို့ ရောက်သော။
စိတ္တေ၊ စိတ်သည်။
သမာဟိတေ၊ တည်ကြည်သည်ရှိသော်။
အာသဝါနံ၊ အာသဝေါတရားတို့၏။
ခယဉာဏာယ၊ ကုန်ရာကုန်ကြောင်း ဖြစ်သော အရဟတ္တမဂ်ဉာဏ်၏ အကျိုးငှာ။
စိတ္တံ၊ စိတ်ကို။
အဘိနိန္နာမေသိံ၊ ရှေးရှု ညွတ်စေပြီ။
သော အဟံ၊ ထိုငါဘုရားသည်။
‘ဣဒံ၊ ဤတဏှာကြဉ်သော တေဘူမကတရားအပေါင်းသည်။
ဒုက္ခံ၊ ဒုက္ခ မည်၏။
’ ဣတိ၊ ဤသို့။
ယထာဘူတံ၊ မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း။
အဗ္ဘညာသိံ၊ ထူးသော မဂ်ဉာဏ်ဖြင့် သိပြီ။
‘အယံ၊ ဤတဏှာသည်။
ဒုက္ခသမုဒယော၊ ဒုက္ခ၏အကြောင်း ဖြစ်၏။
’ ဣတိ၊ ဤသို့။
ယထာဘူတံ၊ မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း။
အဗ္ဘညာသိံ၊ ထူးသော မဂ်ဉာဏ်ဖြင့် သိပြီ။
‘အယံ၊ ဤနိဗ္ဗာန်သည်။
ဒုက္ခနိရောဓော၊ ဒုက္ခ၏ချုပ်ရာ မည်၏။
’ ဣတိ၊ ဤသို့။
ယထာဘူတံ၊ မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း။
အဗ္ဘညာသိံ၊ ထူးသော မဂ်ဉာဏ်ဖြင့် သိပြီ။
‘အယံ၊ ဤမဂ္ဂင်ရှစ်ပါးသည်။
ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ၊ ဒုက္ခ၏ ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော အကျင့် မည်၏။
’ ဣတိ၊ ဤသို့။
ယထာဘူတံ၊ မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း။
အဗ္ဘညာသိံ၊ ထူးသော မဂ်ဉာဏ်ဖြင့် သိပြီ။
‘ဣမေ၊ ဤကာမ စသော တရားတို့သည်။
အာသဝါ၊ အာသ၀ မည်ကုန်၏။
’ ဣတိ၊ ဤသို့။
ယထာဘူတံ၊ မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း။
အဗ္ဘညာသိံ၊ ထူးသော မဂ်ဉာဏ်ဖြင့် သိပြီ။
‘အယံ၊ ဤဇရာမရဏသည်။
အာသဝသမုဒယော၊ အာသဝ၏ဖြစ်ကြောင်း မည်၏။
ဣတိ၊ ဤသို့။
ယထာဘူတံ၊ မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း။
အဗ္ဘညာသိံ၊ ထူးသော မဂ်ဉာဏ်ဖြင့် သိပြီ။
‘အယံ၊ ဤနိဗ္ဗာန်သည်။
အာသဝနိရောဓော၊ အာသဝ၏ ချုပ်ရာ မည်၏။
’ ဣတိ၊ ဤသို့။
ယထာဘူတံ၊ မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း။
အဗ္ဘညာသိံ၊ ထူးသော မဂ်ဉာဏ်ဖြင့် သိပြီ။
‘အယံ၊ ဤမဂ္ဂင်တရား ရှစ်ပါးသည်။
အာသဝနိရောဓဂါမိနီ ပဋိပဒါ၊ အာသဝ၏ ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော အကျင့် မည်၏။
’ ဣတိ၊ ဤသို့။
ယထာဘူတံ၊ မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း။
အဗ္ဘညာသိံ၊ ထူးသော မဂ်ဉာဏ်ဖြင့် သိပြီ။
ဧဝံ၊ ဤသို့။
ဇာနတော၊ သိတော်မူသော။
ဧဝံ၊ ဤသို့။
ပဿတော၊ မြင်တော်မူသော။
တဿ မေ၊ ထိုငါဘုရား၏။
စိတ္တံ၊ စိတ်တော်သည်။
ကာမာသဝါပိ၊ ကာမာသဝမှလည်း။
ဝိမုစ္စိတ္ထ၊ လွတ်ပြီ။
ဘဝါသဝါပိ၊ ဘဝါသဝမှလည်း။
စိတ္တံ၊ စိတ်သည်။
ဝိမုစ္စိတ္ထ၊ လွတ်ပြီ။
အဝိဇ္ဇာသဝါပိ၊ အဝိဇ္ဇာသဝမှလည်း။
စိတ္တံ၊ စိတ်သည်။
ဝိမုစ္စိတ္ထ၊ လွတ်ပြီ။
ဝိမုတ္တသ္မိံ၊ အာသဝမှ လွတ်ပြီးသော အရဟတ္တဖိုလ်၌။
အဟံ၊ ငါဘုရားသည်။
ဝိမုတ္တော၊ အာသဝမှ လွတ်သည်။
အမှိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။
ဉာဏံ၊ ပစ္စဝေက္ခဏာဉာဏ်သည်။
အဟောသိ၊ ဖြစ်ပြီ။
မေ၊ ငါဘုရားအား။
ဇာတိ၊ ပဋိသန္ဓေနေခြင်းသည်။
ခီဏာ၊ ကုန်ပြီ။
ဗြဟ္မစရိယံ၊ မဂ်တည်းဟူသော မြတ်သော အကျင့်ကို။
ဝုသိတံ၊ သုံးအပ်ပြီ။
ကရဏီယံ၊ ပြုဖွယ်ဖြစ်သော မဂ်ကိစ္စကို။
ကတံ၊ ပြုအပ်ပြီ။
အပရံ ဣတ္ထတ္တာယ၊ ဤတစ်ဆယ့်ခြောက်ပါးသော မဂ်ကိစ္စအကျိုးငှာ။
အပရံ၊ တစ်ပါးသော ပြုဖွယ်ကိစ္စသည်။
န၊ မရှိ။
ဣတိ၊ ဤသို့။
အဗ္ဘညာသိံ၊ ထူးသော မဂ်ဉာဏ်ဖြင့် သိပြီ။
အပ္ပမတ္တဿ၊ မမေ့မလျော့သည် ဖြစ်၍။
အာတာပိနော၊ ကိလေသာကို လွန်စွာ ပူပန်စေတတ်သော လုံ့လရှိသည်ဖြစ်၍။
ပဟိတတ္တဿ၊ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍။
ဝိဟရတော၊ နေသော သူအား။
အယံ အဝိဇ္ဇာ၊ ဤအဝိဇ္ဇာသည်။
ဝိဟတာ ယထာ၊ ပျောက်သကဲ့သို့။
အယံ ဝိဇ္ဇာ၊ ဤဝိဇ္ဇာသည်။
ဥပ္ပန္နာ ယထာ၊ ဖြစ်သကဲ့သို့။
အယံ တမော၊ ဤအမိုက်သည်။
ဝိဟတော ယထာ၊ ပျောက်သကဲ့သို့။
အယံ အာလောကော၊ ဤအလင်းသည်။
ဥပ္ပန္နော ယထာ၊ ဖြစ်သကဲ့သို့။
တထာ၊ ထို့အတူ။
ဗြာဟ္မဏ၊ ပုဏ္ဏား။
မေ မယာ၊ ငါဘုရားသည်။
ရတ္တိယာ၊ ညဉ့်၏။
ပစ္ဆိမေ ယာမေ၊ ပစ္ဆိမယံ၌။
တတိယာ၊ သုံးခုမြောက်သော။
အယံ ခေါ ဝိဇ္ဇာ၊ ဤဝိဇ္ဇာကို။
အဓိဂတာ၊ ရအပ်, သိအပ်ပြီ။
မေ၊ ငါဘုရားအား။
အယံ အဝိဇ္ဇာ၊ ဤအဝိဇ္ဇာသည်။
ဝိဟတာ၊ ပျောက်ပြီ။
မေ၊ ငါဘုရားအား။
အယံ ဝိဇ္ဇာ၊ ဤဝိဇ္ဇာသည်။
ဥပ္ပန္နာ၊ ဖြစ်ပြီ။
ဗြာဟ္မဏ၊ ပုဏ္ဏား။
ကုက္ကုဋစ္ဆာပကဿ၊ ကြက်ငယ်၏။
အဏ္ဍကောသမှာ၊ ဥခွံတွင်းမှ။
အဘိနိဗ္ဘိဒါ၊ ပေါက်ခြင်းသည်။
အဟောသိ ဣဝ၊ ဖြစ်သကဲ့သို့။
တထာ၊ ထို့အတူ။
မေ၊ ငါဘုရား၏။
အဏ္ဍကောသမှာ၊ အဝိဇ္ဇာတည်းဟူသော ဥခွံတွင်းမှ။
တတိယာ၊ သုံးခုမြောက်သော။
အဘိနိဗ္ဘိဒါ၊ ပေါက်ခြင်းသည်။
အဟောသိ၊ ဖြစ်ပြီ၊”
ဣတိ၊ ဤသို့။
အဝေါစ၊ မိန့်တော်မူ၏။
၁၅။
ဧဝံ၊ ဤသို့။
ဝုတ္တေ၊ မိန့်တော်မူအပ်သည်ရှိသော်။
ဝေရေဉ္ဇာ၊ ဝေရဉ္ဇာပြည်၌ ဖွားသော။
ဗြာဟ္မဏော၊ ဥဒယပုဏ္ဏားသည်။
ဘဂဝန္တံ၊ မြတ်စွာဘုရားကို။
ဧတံ ဝစနံ၊ ဤစကားကို။
အဝေါစ၊ လျှောက်၏။
ကိံ အဝေါစ၊ အဘယ်သို့ လျှောက်သနည်း။
“ဘဝံ ဂေါတမော၊ အရှင်ဂေါတမသည်။
ဇေဋ္ဌော၊ ကြီးပါပေ၏။
ဘဝံ ဂေါတမော၊ အရှင်ဂေါတမသည်။
သေဋ္ဌော၊ မြတ်ပါပေ၏။
ဘော ဂေါတမ၊ အရှင်ဂေါတမ။
အဘိက္ကန္တံ၊ အလွန်နှစ်သက်ဖွယ် ရှိပေစွ။
ဘော ဂေါတမ၊ အရှင်ဂေါတမ။
အဘိက္ကန္တံ၊ အလွန်ဝမ်းမြောက်ဖွယ် ရှိပေစွ။
ဘော ဂေါတမ၊ အရှင်ဂေါတမ။
သေယျထာပိ၊ ဥပမာမည်သည်ကား။
နိက္ကုဇ္ဇိတံ ဝါ၊ မှောက်၍ ထားအပ်သော ဝတ္ထုကိုလည်း။
ဥက္ကုဇ္ဇေယျ သေယျထာပိ၊ လှန်ရာသကဲ့သို့။
ပဋိစ္ဆန္နံ ဝါ၊ ဖုံးလွှမ်းအပ်သော ဝတ္ထုကိုလည်း။
ဝိဝရေယျ သေယျထာပိ၊ ဖွင့်လှစ်ရာသကဲ့သို့။
မုဠှဿ၊ ခရီး၌ တွေဝေသော သူအား။
မဂ္ဂံ ဝါ၊ လမ်းခရီးကိုလည်း။
အာစိက္ခေယျ သေယျထာပိ၊ ပြောရာသကဲ့သို့။
‘စက္ခုမန္တော၊ မျက်စိအမြင်ရှိသော သူတို့သည်။
ရူပါနိ၊ ရူပါရုံတို့ကို။
ဒက္ခန္တိ၊ မြင်ကုန်လတ္တံ့။
’ ဣတိ မနသိ ကရိတွာ၊ ဤသို့ နှလုံးပိုက်၍။
အန္ဓကာရေ၊ အမိုက်တိုက်၌။
တေလပဇ္ဇောတံ ဝါ၊ ဆီမီးတန်ဆောင်ကိုလည်း။
ဓာရေယျ သေယျထာပိ၊ ညှိထွန်းပြောင်ပြောင် ဆောင်ရာသကဲ့သို့။
ဧဝမေဝ၊ ဤအတူသာလျှင်။
ဘောတာ ဂေါတမေန၊ အရှင်ဂေါတမသည်။
အနေကပရိယာယေန၊ များစွာသော အကြောင်းဖြင့်။
ဓမ္မော၊ ဝိဇ္ဇာသုံးပါးတရားကို။
ပကာသိတော၊ ထင်ရှားပြတော်မူအပ်ပေပြီ။
ဧသာဟံ ဧသော အဟံ၊ ထိုအကျွန်ုပ်သည်။
ဘဝန္တံ ဂေါတမံ၊ အရှင်ဂေါတမကို။
သရဏံ သရဏံ ဣတိ၊ ကိုးကွယ်ရာ ဟူ၍။
ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏။
ဓမ္မဉ္စ၊ တရားတော်မြတ်ကိုလည်း။
သရဏံ သရဏံ ဣတိ၊ ကိုးကွယ်ရာ ဟူ၍။
ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏။
ဘိက္ခုသံဃဉ္စ၊ ရဟန်းသံဃာကိုလည်း။
သရဏံ သရဏံ ဣတိ၊ ကိုးကွယ်ရာ ဟူ၍။၏။
ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏။
ဘဝံ ဂေါတမော၊ အရှင်ဂေါတမသည်။
အဇ္ဇတဂ္ဂေ၊ ယနေ့ကို အစပြု၍။
ပါဏုပေတံ၊ အသက်နှင့် ပြည့်စုံသမျှ ကာလပတ်လုံး။
သရဏံ သရဏံ ဣတိ၊ ကိုးကွယ်ရာ ဟူ၍။
ဂတံ၊ ဆည်းကပ်သော။
မံ၊ တပည့်တော်ကို။
ဥပါသကံ၊ ဥပါသကာ ဟူ၍။
ဓာရေတု၊ မှတ်တော်မူပါလော့။
သဒ္ဓိံ၊ တကွ။
မေ၊ တပည့်တော်၏။
ဝေရဉ္ဇာယံ၊ ဝေရဉ္ဇာပြည်၌။
ဝဿာဝါသံ၊ မိုးလပတ်လုံး နေခြင်းကို။
အဓိဝါသေတု စ၊ သာလည်း သာယာတော်မူပါလော့၊”
ဣတိ၊ ဤသို့။
အဝေါစ၊ လျှောက်၏။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
တုဏှီဘာဝေန၊ ဆိတ်ဆိတ်နေသဖြင့်။
အဓိဝါသေသိ၊ သာယာတော်မူ၏။
အထ ခေါ၊ ထိုသို့ တောင်းပန်လျှောက်ထားပြီးသည်မှ နောက်ကာလ၌။
ဝေရေဉ္ဇာ၊ ဝေရဉ္ဇ အမည်ရှိသော။
ဗြာဟ္မဏော၊ ဥဒယပုဏ္ဏားသည်။
ဘဂဝတော၊ မြတ်စွာဘုရား၏။
အဓိဝါသနံ၊ သာယာတော်မူခြင်းကို။
ဝိဒိတွာ၊ သိ၍။
အာသနာ၊ နေရာမှ။
ဥဋ္ဌာယ၊ ထ၍။
ဘဂဝန္တံ၊ မြတ်စွာဘုရားကို။
အဘိဝါဒေတွာ၊ ရိုသေစွာ ရှိခိုး၍။
ပဒက္ခိဏံ၊ လက်ယာရစ်လည်သည်ကို။
ကတွာ၊ ပြု၍။
ပက္ကာမိ၊ ဖဲလေ၏။
၁၆။
တေန ခေါ ပန သမယေန၊ ထိုအခါ၌။
ဝေရဉ္ဇာ၊ ဝေရဉ္ဇာပြည်သည်။
ဒုဗ္ဘိက္ခာ၊ ရခဲသော ထမင်းရှိသည်။
ဒွီဟိတိကာ၊ နှလုံးနှစ်ခွ ဖြစ်ခြင်း ရှိသည်။
သေတဋ္ဌိကာ၊ ဖွေးဖွေးဖြူသော အရိုး ရှိသည်။
သလာကာဝုတ္တာ၊ စာရေးတံဖြင့် အသက်မွေးရသည်။
ဟောတိ၊ ဖြစ်၏။
ဥေဉ္ဆန ပဂ္ဂဟေန၊ သပိတ်လက်၌ စွဲပိုက်၍ ဆွမ်းခံသဖြင့်။
ယာပေတုံ၊ မျှခြင်းငှာ။
န သုကရာ၊ မလွယ်။
တေန ခေါ ပန သမယေန၊ ထိုအခါ၌။
ဥတ္တရာပထကာ၊ ဥတ္တရပထတိုင်းသား ဖြစ်ကုန်သော။
အဿဝါဏိဇာ၊ မြင်းကုန်သည်တို့သည်။
ပဉ္စမတ္တေဟိ အဿသတေဟိ၊ ငါးရာအတိုင်းအရှည် ရှိကုန်သော မြင်းတို့နှင့် တကွ။
ဝေရဉ္ဇံ၊ ဝေရဉ္ဇာပြည်သို့။
ဝဿာဝါသံ၊ မိုးလပတ်လုံး နေခြင်းကို။
ဥပဂတာ၊ ကပ်ကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
တေဟိ၊ ထိုမြင်းကုန်သည်တို့သည်။
အဿမဏ္ဍလိကာသု၊ ဝန်းဝိုင်းသော အခြင်းအရာဖြင့် ပြုအပ်သော မြင်းတင်းကုပ်တို့၌။
ဘိက္ခူနံ၊ ရဟန်းတို့အား။
ပတ္ထပတ္ထပုလကံ၊ တစ်ကွမ်းစား တစ်ကွမ်းစားသော ရိက္ခာမုယောဆန်ကို။
ပညတ္တံ၊ အမြဲမပြတ် ဝတ်တည်အပ်သည်။
ဟောတိ၊ ဖြစ်၏။
ဘိက္ခူ၊ ရဟန်းတို့သည်။
ပုဗ္ဗဏှသမယံ၊ နံနက်အခါ၌။
နိဝါသေတွာ၊ သင်းပိုင်ကို ပြင်ဝတ်၍။
ပတ္တစီဝရံ၊ သပိတ်သင်္ကန်းကို။
အာဒါယ၊ ယူ၍။
ဝေရဉ္ဇံ၊ ဝေရဉ္ဇာပြည်သို့။
ပိဏ္ဍာယ၊ ဆွမ်းအလို့ငှာ။
ပဝိသိတွာ၊ ဝင်၍။
ပိဏ္ဍံ၊ ဆွမ်းကို။
အလဘမာနာ၊ မရကုန်သည်ရှိသော်။
အဿမဏ္ဍလိကာသု၊ ဝန်းဝိုင်းသော အခြင်းအရာဖြင့် ပြုအပ်သော မြင်းတင်းကုပ်တို့၌။
ပိဏ္ဍာယ၊ ဆွမ်းအလို့ငှာ။
စရိတွာ၊ လှည့်လည်၍။
ပတ္ထပတ္ထပုလကံ၊ တစ်ကွမ်းစား တစ်ကွမ်းစားသော ရိက္ခာမုယောဆန်ကို။
အာရာမံ၊ အရံသို့။
အာဟရိတွာ၊ ဆောင်၍။
ဥဒုက္ခလေ၊ ဆုံ၌။
ကောဋ္ဋေတွာ ကောဋ္ဋေတွာ၊ ထောင်း၍ ထောင်း၍။
ပရိဘုဉ္ဇန္တိ၊ သုံးဆောင်ကြကုန်၏။
အာယသ္မာ အာနန္ဒော ပန၊ အရှင်အာနန္ဒာမထေရ်သည်ကား။
ပတ္ထပုလကံ၊ တစ်ကွမ်းစားသော ရိက္ခာမုယောဆန်ကို။
သိလာယံ၊ ကျောက်ပျဉ်၌။
ပိသိတွာ၊ ကြိတ်၍။
ဘဂဝတော၊ မြတ်စွာဘုရားအား။
ဥပနာမေတိ၊ ကပ်လေ၏။
တံ၊ ထိုရိက္ခာမုယောဆန်မှုန့်ကို။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ပရိဘုဉ္ဇတိ၊ သုံးဆောင်တော်မူ၏။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ဥဒုက္ခလသဒ္ဒံ၊ ဆုံသံကို။
အဿောသိ ခေါ၊ ကြားတော်မူသည်သာလျှင်တည်း။
တထာဂတာ၊ မြတ်စွာဘုရားတို့သည်။
ဇာနန္တာပိ၊ အကြောင်းအကျိုးကို သိတော်မူကုန်လျက်လည်း။
ပုစ္ဆန္တိ၊ မေးတော်မူကုန်၏။
ဇာနန္တာပိ၊ အကြောင်းအကျိုးကို သိတော်မူကုန်လျက်လည်း။
န ပုစ္ဆန္တိ၊ မေးတော်မမူကုန်။
ကာလံ၊ လျောက်ပတ်သော အခါကာလကို။
ဝိဒိတွာ၊ သိတော်မူ၍။
ပုစ္ဆန္တိ၊ မေးတော်မူကုန်၏။
ကာလံ၊ လျောက်ပတ်သော အခါကာလကို။
ဝိဒိတွာ၊ သိတော်မူ၍။
န ပုစ္ဆန္တိ၊ မေးတော် မမူကုန်။
အတ္ထသံဟိတံ၊ အကျိုးအကြောင်းနှင့် စပ်သော စကားကို။
တထာဂတာ၊ မြတ်စွာဘုရားတို့သည်။
ပုစ္ဆန္တိ၊ မေးတော်မူကုန်၏။
အနတ္ထသံဟိတံ၊ အကျိုးအကြောင်းနှင့် မစပ်သော စကားကို။
နော ပုစ္ဆန္တိ၊ မေးတော်မမူကုန်။
အနတ္ထသံဟိတေ၊ အကျိုးအကြောင်းနှင့် မစပ်သော စကား၌။
တထာဂတာနံ၊ မြတ်စွာဘုရားတို့သည်။
သေတုဃာတော၊ မဂ်ဖြင့် သတ်အပ်၏။
“ဓမ္မံ ဝါ၊ တရားကိုမူလည်း။
ဒေသေဿာမ၊ ဟောကုန်အံ့။
သာဝကာနံ၊ တပည့်သားတို့အား။
သိက္ခာပဒံ ဝါ၊ သိက္ခာပုဒ်ကိုလည်း။
ပညပေဿာမ၊ ပညတ်ကုန်အံ့၊”
ဣတိ၊ ဤသို့။
ဒွီဟိ၊ နှစ်ပါးကုန်သော။
အာကာရေဟိ၊ အကြောင်းတို့ဖြင့်။
ဘဂဝန္တော၊ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူကုန်သော။
ဗုဒ္ဓါ၊ မြတ်စွာဘုရားတို့သည်။
ပဋိပုစ္ဆန္တိ၊ စိစစ်မေးမြန်းတော်မူကုန်၏။
အထ ခေါ၊ ထိုအခါ၌။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
အာယသ္မန္တံ အာနန္ဒံ၊ အရှင်အာနန္ဒာကို။
အာမန္တေသိ၊ မိန့်တော်မူ၏။
ကိံ အာမန္တေသိ၊ အဘယ်သို့ မိန့်တော်မူသနည်း။
“အာနန္ဒ၊ အာနန္ဒာ။
သော ဥဒုက္ခလသဒ္ဒေါ၊ ထိုဆုံသံသည်။
ကိံ နု ခေါ၊ အဘယ်ပြုသော အသံနည်း၊”
ဣတိ၊ ဤသို့။
အာမန္တေသိ၊ မိန့်တော်မူ၏။
အထ ခေါ၊ ထိုအခါ၌။
အာယသ္မာ အာနန္ဒော၊ အရှင်အာနန္ဒာသည်။
ဘဂဝတော၊ မြတ်စွာဘုရားအား။
ဧတမတ္ထံ၊ ဤအကြောင်းကို။
အာရာစေသိ၊ ကြားလျှောက်၏။
အာနန္ဒ၊ အာနန္ဒာ။
သာဓု သာဓု၊ ကောင်းစွ ကောင်းစွ။
။
အာနန္ဒ၊ အာနန္ဒာ။
သပ္ပုရိသေဟိ၊ သူတော်ကောင်း ဖြစ်ကုန်သော။
တုမှေဟိ၊ သင်တို့သည်။
ဝိဇိတံ၊ ဒုဗ္ဘိက္ခ လောဘ ဣစ္ဆာစာရတရား သုံးပါးကို အောင်အပ်ပြီ
ပစ္ဆိမာ ဇနတာ၊ နောင်လာသူ လူအပေါင်းသည်။
သာလိမံသောဒနံ၊ သလေးနှင့် ရောသော သားပြွမ်းထမင်းကို။
အတိမညိဿတိ၊ မရိုမသေ မထေမဲ့မြင် မှတ်ထင်လတ္တံ့။
ဣတိ၊ ဤသို့။
အဝေါစ၊ မိန့်တော်မူ၏
၁၇။အထ ခေါ၊ ထိုအခါ၌။
အာယသ္မာ မဟာမောဂ္ဂလ္လာနော၊ အရှင်မဟာမောဂ္ဂလာန်သည်။
ယေန၊ အကြင်အရပ်၌။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
အတ္ထိ၊ ရှိတော်မူ၏။
တေန၊ ထိုမြတ်စွာဘုရားရှိတော်မူရာ အရပ်သို့။
ဥပသင်္ကမိ၊ ကပ်လေ၏။
ဥပသင်္ကမိတွာ၊ ကပ်လေပြီး၍။
ဘဂဝန္တံ၊ မြတ်စွာဘုရားကို။
အဘိဝါဒေတွာ၊ ရိုသေစွာ ရှိခိုးပြီး၍။
ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သော အရပ်၌။
နိသီဒိ၊ ထိုင်နေ၏။
ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သော အရပ်၌။
နိသိန္နော ခေါ၊ ထိုင်နေပြီးသော။
အာယသ္မာ မဟာမောဂ္ဂလ္လာနော၊ အရှင်မဟာမောဂ္ဂလာန်သည်။
ဘဂဝန္တံ၊ မြတ်စွာဘုရားကို။
ဧတံ ဝစနံ၊ ဤစကားကို။
အဝေါစ၊ လျှောက်၏။
ကိံ အဝေါစ၊ အဘယ်သို့ လျှောက်သနည်း။
“ဘန္တေ၊ မြတ်စွာဘုရား။
ဧတရဟိ၊ ယခုအခါ၌။
ဝေရဉ္ဇာ၊ ဝေရဉ္ဇာပြည်သည်။
ဒုဗ္ဘိက္ခာ၊ ရခဲသော ထမင်းရှိ၏။
ဒွီဟိတိကာ၊ နှလုံးနှစ်ခွ ဖြစ်ခြင်း ရှိ၏။
သေတဋ္ဌိကာ၊ ဖွေးဖွေးဖြူသော အရိုး ရှိ၏။
သလာကာဝုတ္တာ၊ စာရေးတံဖြင့် အသက်မွေးရ၏။
ဥေဉ္ဆန ပဂ္ဂဟေန၊ သပိတ်လက်၌ စွဲပိုက်၍ ဆွမ်းခံသဖြင့်။
ယာပေတုံ၊ မျှခြင်းငှာ။
န သုကရာ၊ မလွယ်။
ဘန္တေ၊ မြတ်စွာဘုရား။
ဣမိဿာ မဟာပထဝိယာ၊ ဤမြေကြီး၏။
ဟေဋ္ဌိမတလံ၊ အောက်အပြင်သည်။
သမ္ပန္နံ၊ ချိုသော အရသာရှိ၏။
အနီလကံ၊ ပျားကောင် ပျားဥ မရှိသော။
ခုဒ္ဒမဓုံ၊ ပျားငယ်သည် ပြုအပ်သော ပျားရည်သည်။
အဿာဒံ သေယျထာပိ၊ သာယာအပ်သကဲ့သို့။
ဧဝံ တထာ၊ ထို့အတူ။
အဿာဒံ၊ သာယာအပ်၏။
ဘန္တေ၊ မြတ်စွာဘုရား။
သာဓု အာယာစာမိ၊ တောင်းပန်ပါ၏။
အဟံ၊ တပည့်တော်သည်။
ပထဝိံ၊ မြေကို။
ပရိဝတ္တေယျံ၊ လှန်ပါအံ့။
ဘိက္ခူ၊ ရဟန်းတို့သည်။
ပပ္ပဋကောဇံ၊ မြေဆီ မြေလွှာ မြေဩဇာကို။
ပရိဘုဉ္ဇိဿန္တိ၊ သုံးဆောင်ကုန်လတ္တံ့၊”
ဣတိ၊ ဤသို့။
အဝေါစ၊ လျှောက်၏။
“မောဂ္ဂလ္လာန၊ မောဂ္ဂလာန်။
ပထဝိနိဿိတာ၊ မြေ၌ မှီကုန်သော။
ယေ တေ ပါဏာ၊ အကြင်သတ္တဝါတို့သည်။
သန္တိ၊ ရှိကုန်၏။
တေ ပါဏေ၊ ထိုသတ္တဝါတို့ကို။
ကထံ၊ အဘယ်သို့လျှင်။
တွံ၊ သင်သည်။
ကရိဿသိ ပန၊ ပြုလတ္တံ့နည်း၊”
ဣတိ၊ ဤသို့။
ပုစ္ဆိ၊ မေးတော်မူ၏။
“ဘန္တေ၊ မြတ်စွာဘုရား။
အဟံ၊ တပည့်တော်သည်။
ဧကံ၊ တစ်ဖက်သော။
ပါဏိံ၊ လက်ကို။
သေယျထာပိ မဟာပထဝီ၊ မြေကြီးသဏ္ဌာန်ကဲ့သို့။
အဘိနိမ္မိနိဿာမိ၊ ဖန်ဆင်းပါအံ့။
ပထဝိနိဿိတာ၊ မြေ၌ မှီကုန်သော။
ယေ ပါဏာ၊ အကြင်သတ္တဝါတို့သည်။
သန္တိ၊ ရှိကုန်၏။
တေ ပါဏေ၊ ထိုသတ္တဝါတို့ကို။
တတ္ထ၊ ထိုဖန်ဆင်းသော လက်၌။
သင်္ကာမေဿာမိ၊ ပြောင်းရွှေ့ပါအံ့။
ဧကေန၊ တစ်ဖက်သော။
ဟတ္ထေန၊ လက်ဖြင့်။
ပထဝိံ၊ မြေကို။
ပရိဝတ္တေဿာမိ၊ လှန်ပါအံ့၊”
ဣတိ၊ ဤသို့။
အဝေါစ၊ လျှောက်၏။
“မောဂ္ဂလ္လာန၊ မောဂ္ဂလာန်။
အလံ၊ မသင့်။
တေ တယာ၊ သင်သည်။
ပထဝိံ၊ မြေကို။
ပရိဝတ္တေတုံ၊ လှန်ခြင်းငှာ။
မာ ရုစ္စိ၊ မနှစ်သက်အပ်လင့်။
သတ္တာ၊ သတ္တဝါတို့သည်။
ဝိပလ္လာသမ္ပိ၊ ဖောက်ပြန်ခြင်းကိုလည်း။
ပဋိလဘေယျုံ၊ ရကုန်ရာ၏၊”
ဣတိ၊ ဤသို့။
အဝေါစ၊ မိန့်တော်မူ၏။
“ဘန္တေ၊ မြတ်စွာဘုရား။
သာဓု အာယာစာမိ၊ တောင်းပန်ပါ၏။
သဗ္ဗော၊ အလုံးစုံသော။
ဘိက္ခုသံဃော၊ ရဟန်းအပေါင်းသည်။
ဥတ္တရကုရုံ၊ မြောက်ကျွန်းသို့။
ပိဏ္ဍာယ၊ ဆွမ်းအလို့ငှာ။
ဂစ္ဆေယျ၊ သွားပါစေလော့၊”
ဣတိ၊ ဤသို့။
အဝေါစ၊ လျှောက်၏
“မောဂ္ဂလ္လာန၊ မောဂ္ဂလာန်။
အလံ၊ မသင့်။
တေ တယာ၊ သင်သည်။
သဗ္ဗဿ၊ အလုံးစုံသော။
ဘိက္ခုသံဃဿ၊ ရဟန်းအပေါင်း၏။
ဥတ္တရကုရုံ၊ မြောက်ကျွန်းသို့။
ပိဏ္ဍာယ၊ ဆွမ်းအလို့ငှာ။
ဂမနံ၊ သွားခြင်းကို။
မာ ရုစ္စိ၊ မနှစ်သက်အပ်လင့်၊”
ဣတိ၊ ဤသို့။
အဝေါစ၊ မိန့်တော်မူ၏။
၁၈။
အထ ခေါ၊ ထိုအခါ၌။
အာယသ္မတော သာရိပုတ္တဿ၊ အရှင်သာရိပုတ္တရာသည်။
ရဟောဂတဿ၊ ဆိတ်ငြိမ်ရာ အရပ်သို့ ကပ်စဉ်။
ပဋိသလ္လီနဿ၊ တစ်ယောက်ထီးတည်း ကျိန်းစက်စဉ်။
ဧဝံ၊ ဤသို့။
စေတသော၊ စိတ်၏။
ပရိဝိတက္ကော၊ အကြံသည်။
ဥဒပါဒိ၊ ထင်ရှားဖြစ်၏။
ကိံ ဥဒပါဒိ၊ အဘယ်သို့ ထင်ရှားဖြစ်သနည်း။
“ဘဂဝန္တာနံ၊ ဘုန်းတော်ကြီးကုန်သော။
ကတမေသာနံ ခေါ ဗုဒ္ဓါနံ၊ အဘယ်ဘုရားရှင်တို့၏။
ဗြဟ္မစရိယံ၊ သာသနာတော်သည်။
န စိရဋ္ဌိတိကံ၊ ကြာမြင့်စွာ တည်ခြင်း မရှိသည်။
အဟောသိ၊ ဖြစ်သနည်း။
ဘဂဝန္တာနံ၊ ဘုန်းတော်ကြီးကုန်သော။
ကတမေသာနံ ဗုဒ္ဓါနံ၊ အဘယ်ဘုရားရှင်တို့၏။
ဗြဟ္မစရိယံ၊ သာသနာတော်သည်။
စိရဋ္ဌိတိကံ၊ ကြာမြင့်စွာ တည်ခြင်း ရှိသည်။
အဟောသိ၊ ဖြစ်သနည်း၊”
ဣတိ ဧဝံ၊ ဤသို့။
အထ ခေါ၊ ထိုအခါ၌။
အာယသ္မာ သာရိပုတ္တော၊ အရှင်သာရိပုတ္တရာသည်။
သာယနှသမယံ၊ ညနေချမ်းအခါ၌။
ပဋိသလ္လာနာ၊ ကျိန်းစက်ရာမှ။
ဝုဋ္ဌိတော၊ ထပြီးသည်ရှိသော်။
ယေန၊ အကြင်အရပ်၌။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
အတ္ထိ၊ ရှိတော်မူ၏။
တေန၊ ထိုမြတ်စွာဘုရားရှိတော်မူရာ အရပ်သို့။
ဥပသင်္ကမိ၊ ကပ်လေ၏။
ဥပသင်္ကမိတွာ၊ ကပ်လေပြီး၍။
ဘဂဝန္တံ၊ မြတ်စွာဘုရားကို။
အဘိဝါဒေတွာ၊ ရိုသေစွာ ရှိခိုးပြီး၍။
ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သော အရပ်၌။
နိသီဒိ၊ ထိုင်နေ၏။
ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သော အရပ်၌။
နိသိန္နော ခေါ၊ ထိုင်နေပြီးသော။
အာယသ္မာ သာရိပုတ္တော၊ အရှင်သာရိပုတ္တရာသည်။
ဘဂဝန္တံ၊ မြတ်စွာဘုရားကို။
ဧတံ ဝစနံ၊ ဤစကားကို။
အဝေါစ၊ လျှောက်၏။
ကိံ အဝေါစ၊ အဘယ်သို့ လျှောက်သနည်း။
ဣဓ၊ ဤအရပ်၌။
မယှံ၊ တပည့်တော်သည်။
ရဟောဂတဿ၊ ဆိတ်ငြိမ်ရာ အရပ်သို့ ကပ်စဉ်။
ပဋိသလ္လီနဿ၊ တစ်ယောက်ထီးတည်း ကျိန်းစက်စဉ်။
ဧဝံ၊ ဤသို့။
စေတသော၊ စိတ်၏။
ပရိဝိတက္ကော၊ အကြံသည်။
ဥဒပါဒိ၊ ထင်ရှားဖြစ်၏။
ကိံ ဥဒပါဒိ၊ အဘယ်သို့ ထင်ရှားဖြစ်သနည်း။
‘ဘဂဝန္တာနံ၊ ဘုန်းတော်ကြီးကုန်သော။
ကတမေသာနံ ခေါ ဗုဒ္ဓါနံ၊ အဘယ်ဘုရားရှင်တို့၏။
ဗြဟ္မစရိယံ၊ သာသနာတော်သည်။
န စိရဋ္ဌိတိကံ၊ ကြာမြင့်စွာ တည်ခြင်း မရှိသည်။
အဟောသိ၊ ဖြစ်သနည်း။
ဘဂဝန္တာနံ၊ ဘုန်းတော်ကြီးကုန်သော။
ကတမေသာနံ ဗုဒ္ဓါနံ၊ အဘယ်ဘုရားရှင်တို့၏။
ဗြဟ္မစရိယံ၊ သာသနာတော်သည်။
စိရဋ္ဌိတိကံ၊ ကြာမြင့်စွာ တည်ခြင်း ရှိသည်။
အဟောသိ၊ ဖြစ်သနည်း။
’ ဣတိ ဧဝံ၊ ဤသို့။
စေတသော၊ စိတ်၏။
ပရိဝိတက္ကော၊ အကြံသည်။
ဥဒပါဒိ၊ ထင်ရှားဖြစ်၏။
ဘန္တေ၊ မြတ်စွာဘုရား။
ဘဂဝန္တာနံ၊ ဘုန်းတော်ကြီးကုန်သော။
ကတမေသာနံ ခေါ ဗုဒ္ဓါနံ၊ အဘယ်ဘုရားရှင်တို့၏။
ဗြဟ္မစရိယံ၊ သာသနာတော်သည်။
န စိရဋ္ဌိတိကံ၊ ကြာမြင့်စွာ တည်ခြင်း မရှိသည်။
အဟောသိ နု ခေါ၊ ဖြစ်သနည်း။
ဘဂဝန္တာနံ၊ ဘုန်းတော်ကြီးကုန်သော။
ကတမေသာနံ ဗုဒ္ဓါနံ၊ အဘယ်ဘုရားရှင်တို့၏။
ဗြဟ္မစရိယံ၊ သာသနာတော်သည်။
စိရဋ္ဌိတိကံ၊ ကြာမြင့်စွာ တည်ခြင်း ရှိသည်။
အဟောသိ နု ခေါ၊ ဖြစ်သနည်း၊”
ဣတိ၊ ဤသို့။
အဝေါစ၊ လျှောက်၏။
“သာရိပုတ္တ၊ သာရိပုတ္တရာ။
ဝိပဿိဿ၊ ဝိပဿီအမည်တော်ရှိသော။
ဘဂဝတော စ၊ မြတ်စွာဘုရား၏လည်းကောင်း။
သိခိဿ၊ သိခီအမည်တော်ရှိသော။
ဘဂဝတော စ၊ မြတ်စွာဘုရား၏လည်းကောင်း။
ဝေဿဘုဿ၊ ဝေဿဘူအမည်တော်ရှိသော။
ဘဂဝတော စ၊ မြတ်စွာဘုရား၏လည်းကောင်း။
ဗြဟ္မစရိယံ၊ သာသနာတော်သည်။
န စိရဋ္ဌိတိကံ၊ ကြာမြင့်စွာ တည်ခြင်း မရှိသည်။
အဟောသိ၊ ဖြစ်၏။
သာရိပုတ္တ၊ သာရိပုတ္တရာ။
ကကုသန္ဓဿ၊ ကကုသန်အမည်တော်ရှိသော။
ဘဂဝတော စ၊ မြတ်စွာဘုရား၏လည်းကောင်း။
ကောဏာဂမနဿ၊ ကောဏာဂုံအမည်တော်ရှိသော။
ဘဂဝတော စ၊ မြတ်စွာဘုရား၏လည်းကောင်း။
ကဿပဿ၊ ကဿပအမည်တော်ရှိသော။
ဘဂဝတော စ၊ မြတ်စွာဘုရား၏လည်းကောင်း။
ဗြဟ္မစရိယံ၊ သာသနာတော်သည်။
စိရဋ္ဌိတိကံ၊ ကြာမြင့်စွာ တည်ခြင်း ရှိသည်။
အဟောသိ၊ ဖြစ်၏၊”
ဣတိ၊ ဤသို့။
အဝေါစ၊ မိန့်တော်မူ၏။
၁၉။ဘန္တေ၊ မြတ်စွာဘုရား။
ယေန ဟေတုနာ၊ အကြင် အကြောင်းကြောင့်။
ယေန ပစ္စယေန၊ အကြင်အထောက်အပံ့ကြောင့်။
ဝိပဿိဿ၊ ဝိပဿီအမည်တော်ရှိသော။
ဘဂဝတော စ၊ မြတ်စွာဘုရား၏လည်းကောင်း။
သိခိဿ၊ သိခီအမည်တော်ရှိသော။
ဘဂဝတော စ၊ မြတ်စွာဘုရား၏လည်းကောင်း။
ဝေဿဘုဿ၊ ဝေဿဘူအမည်တော်ရှိသော။
ဘဂဝတော စ၊ မြတ်စွာဘုရား၏လည်းကောင်း။
ဗြဟ္မစရိယံ၊ သာသနာတော်သည်။
န စိရဋ္ဌိတိကံ၊ ကြာမြင့်စွာ တည်ခြင်း မရှိသည်။
အဟောသိ၊ ဖြစ်ပြီ။
သော ဟေတု၊ ထိုအကြောင်းသည်။
ကော နု ခေါ၊ အဘယ်နည်း။
သော ပစ္စယော၊ ထိုအထောက်အပံ့သည်။
ကော နု ခေါ၊ အဘယ်နည်း၊”
ဣတိ၊ ဤသို့။
အဝေါစ၊ လျှောက်၏။
သာရိပုတ္တ၊ သာရိပုတ္တရာ။
ဝိပဿီ၊ ဝိပဿီအမည်တော်ရှိသော။
ဘဂဝါ စ၊ မြတ်စွာဘုရားသည်လည်းကောင်း။
သိခီ၊ သိခီအမည်တော်ရှိသော။
ဘဂဝါ စ၊ မြတ်စွာဘုရားသည်လည်းကောင်း။
ဝေဿဘူ၊ ဝေဿဘူအမည်တော်ရှိသော။
ဘဂဝါ စ၊ မြတ်စွာဘုရားသည်လည်းကောင်း။
သာဝကာနံ၊ တပည့်သားတော်တို့အား။
ဝိတ္ထာရေန၊ အကျယ်အားဖြင့်။
ဓမ္မံ၊ တရားတော်ကို။
ဒေသေတုံ၊ ဟောခြင်းငှာ။
ကိလာသုနော၊ အားမထုတ်ကုန်သည်။
အဟေသုံ၊ ဖြစ်ကုန်ပြီ။
နေသံ၊ ထိုသုံးဆူကုန်သော ဘုရားရှင်တို့၏။
သုတ္တံ၊ သုတ်သည်လည်းကောင်း။
ဂေယျံ၊ ဂေယျသည်လည်းကောင်း။
ဝေယျာကရဏံ၊ ဗျာကရုဏ်းသည်လည်းကောင်း။
ဂါထာ၊ ဂါထာသည်လည်းကောင်း။
ဥဒါနံ၊ ဥဒါန်းသည်လည်းကောင်း။
ဣတိဝုတ္တကံ၊ ဣတိဝုတ်သည်လည်းကောင်း။
ဇာတကံ၊ ဇာတ်သည်လည်းကောင်း။
အဗ္ဘုတဓမ္မံ၊ အဗ္ဘုတဓမ္မသည်လည်းကောင်း။
ဝေဒလ္လံ၊ ဝေဒလ္လသည်လည်းကောင်း။
အပ္ပကဉ္စ အပ္ပကံ ဧဝ၊ နည်းသည်သာလျှင်။
အဟောသိ၊ ဖြစ်ပြီ။
သာဝကာနံ၊ တပည့်သားတော်တို့အား။
သိက္ခာပဒံ၊ သိက္ခာပုဒ်ကို။
အပညတ္တံ၊ မပညတ်အပ်သည်။
အဟောသိ၊ ဖြစ်ပြီ။
ပါတိမောက္ခံ၊ အာဏာပါတိမောက်ကို။
အနုဒ္ဒိဋ္ဌံ၊ မပြအပ်သည်။
အဟောသိ၊ ဖြစ်ပြီ။
ဘဂဝန္တာနံ၊ ဘုန်းတော်ကြီးကုန်သော။
တေသံ ဗုဒ္ဓါနံ၊ ထိုသုံးဆူကုန်သော ဘုရားရှင်တို့၏။
အန္တရဓာနေန၊ ပရိနိဗ္ဗာန်ပြု၍ ကွယ်တော်မူသဖြင့်။
ဗုဒ္ဓါနုဗုဒ္ဓါနံ၊ ဘုရားသို့ အစဉ်လိုက်၍ သစ္စာလေးပါးကို သိကုန်သော။
သာဝကာနံ၊ တပည့်သားတော်တို့၏။
အန္တရဓာနေန၊ ပရိနိဗ္ဗာန်ပြု၍ ကွယ်သဖြင့်။
ပစ္ဆိမာ၊ နောက်၌ ဖြစ်ကုန်သော။
နာနာနာမာ၊ အထူးထူးသော အမည် ရှိကုန်သော။
နာနာဂေါတ္တာ၊ အထူးထူးသော အနွယ် ရှိကုန်သော။
နာနာဇစ္စာ၊ အထူးထူးသော ဇာတ် ရှိကုန်သော။
နာနာကုလာ၊ အထူးထူးသော အမျိုးမှ။
နိက္ခမိတွာ၊ ထွက်၍။
ပဗ္ဗဇိတာ၊ ရဟန်းပြုကုန်သော။
ယေ တေ သာဝကာ၊ အကြင်တပည့်သားတော်တို့သည်။
သန္တိ၊ ရှိကုန်၏။
တေ သာဝကာ၊ ထိုတပည့်သားတော်တို့သည်။
တံ ဗြဟ္မစရိယံ၊ ထိုသာသနာတော်ကို။
ခိပ္ပညေဝ၊ လျှင်စွာသာလျှင်။
အန္တရဓာပေသုံ၊ ကွယ်ပျောက်စေကုန်၏။
သာရိပုတ္တ၊ သာရိပုတ္တရာ။
သေယျထာပိ၊ ဥပမာမည်သည်ကား။
ဖလကေ၊ ပျဉ်ချပ်၌။
နိက္ခိတ္တာနိ၊ ထားအပ်ကုန်သော။
သုတ္တေန၊ သီတံချည်ကြိုးဖြင့်။
အသင်္ဂဟိတာနိ၊ မသီ မကုံးအပ်ကုန်သော။
နာနာပုပ္ဖာနိ၊ အထူးထူးသော ပန်းတို့သည်။
သန္တိ၊ ရှိကုန်၏။
တာနိ၊ ထိုပန်းတို့ကို။
ဝါတော၊ လေသည်။
ဝိကိရတိ၊ ဖရို ဖရဲကြဲ၏။
ဝိဓမတိ၊ မှုတ်လွှင့်၏။
ဝိဒ္ဓံသေတိ၊ ဖျက်ဆီး၏။
တံ၊ ထိုသို့ ဖရိုဖရဲကြဲ၍ ဖျက်ဆီးခြင်းသည်။
ကိဿ ဟေတု၊ အဘယ် အကြောင်းကြောင့်နည်း။
ယထာ၊ အကြင် အခြင်းအရာဖြင့်။
အသင်္ဂဟိယမာနေ၊ မသီမကုံးအပ်သည်ရှိသော်။
ဝါတော၊ လေသည်။
ဝိကိရတိ၊ ဖရိုဖရဲကြဲ၏။
ဝိဓမတိ၊ မှုတ်လွှင့်၏။
ဝိဒ္ဓံသေတိ၊ ဖျက်ဆီး၏။
တထာ၊ ထိုအခြင်းအရာဖြင့်။
သုတ္တေန၊ သီတံချည်ကြိုးဖြင့်။
ပုပ္ဖာနံ၊ ပန်းတို့၏။
အသင်္ဂဟိတတ္တာ၊ မသီမကုံးအပ်သည်၏ အဖြစ်ကြောင့်တည်း။
သာရိပုတ္တ၊ သာရိပုတ္တရာ။
ဧဝမေဝ ခေါ၊ ဤအတူသာလျှင်။
ဘဂဝန္တာနံ၊ ဘုန်းတော်ကြီးကုန်သော။
တေသံ ဗုဒ္ဓါနံ၊ ထိုဘုရားရှင်တို့၏။
အန္တရဓာနေန၊ ပရိနိဗ္ဗာန်ပြု၍ ကွယ်သဖြင့်။
ဗုဒ္ဓါနုဗုဒ္ဓါနံ၊ ဘုရားသို့ အစဉ်လိုက်၍ သစ္စာလေးပါးကို သိကုန်သော။
သာဝကာနံ၊ တပည့်သားတော်တို့၏။
အန္တရဓာနေန၊ ပရိနိဗ္ဗာန်ပြု၍ ကွယ်သဖြင့်။
ပစ္ဆိမာ၊ နောက်၌ ဖြစ်ကုန်သော။
နာနာနာမာ၊ အထူးထူးသော အမည် ရှိကုန်သော။
နာနာဂေါတ္တာ၊ အထူးထူးသော အနွယ် ရှိကုန်သော။
နာနာဇစ္စာ၊ အထူးထူးသော ဇာတ် ရှိကုန်သော။
နာနာကုလာ၊ အထူးထူးသော အမျိုးမှ။
နိက္ခမိတွာ၊ ထွက်၍။
ပဗ္ဗဇိတာ၊ ရဟန်းပြုကုန်သော။
ယေ တေ သာဝကာ၊ အကြင် တပည့်သားတော်တို့သည်။
သန္တိ၊ ရှိကုန်၏။
တေ သာဝကာ၊ ထိုတပည့်သားတော်တို့သည်။
တံ ဗြဟ္မစရိယံ၊ ထိုသာသနာတော်ကို။
ခိပ္ပညေဝ၊ လျှင်စွာသာလျှင်။
အန္တရဓာပေသုံ၊ ကွယ်ပျောက်စေကုန်၏။
ဘဂဝန္တော၊ ဘုန်းတော်ကြီးကုန်သော။
တေ၊ ထိုသုံးဆူကုန်သော ဘုရားရှင်တို့သည်။
သာဝကေ၊ တပည့်သားတော်တို့ကို။
စေတသာ၊ ကိုယ်တော်၏ စိတ်ဖြင့်။
စေတော၊ တပည့်သားတော်တို့၏ စိတ်ကို။
ပရိစ္စ၊ ပိုင်းခြား၍။
ဩဝဒိတုံ၊ ဆုံးမခြင်းငှာ။
အကိလာသုနော စ၊ အားထုတ်ကုန်သည်လည်း။
အဟေသုံ၊ ဖြစ်ကုန်ပြီ။
သာရိပုတ္တ၊ သာရိပုတ္တရာ။
ဘူတပုဗ္ဗံ၊ ရှေး၌ ဖြစ်ဖူးသည်ကား။
အရဟံ၊ ပူဇော်အထူးကို ခံတော်မူထိုက်ထသော။
သမ္မာသမ္ဗုဒ္ဓေါ၊ မဖောက်မပြန် ကိုယ်တော်တိုင် သိတော်မူထသော။
ဝေဿဘူ၊ ဝေဿဘူအမည်တော်ရှိထသော။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
အညတရသ္မိံ၊ အမှတ်မရှိသော။
ဘိံသနကေ၊ ကြောက်မက်ဖွယ်ရှိသော။
ဝနသဏ္ဍေ၊ တောအုပ်၌။
သဟဿံ၊ တစ်ထောင်သော။
ဘိက္ခုသံဃံ၊ ရဟန်းအပေါင်းကို။
စေတသာ၊ ကိုယ်တော်၏ စိတ်ဖြင့်။
စေတော၊ တပည့်သားတော်တို့၏ စိတ်ကို။
ပရိစ္စ၊ ပိုင်းခြား၍။
ဩဝဒတိ၊ ဆုံးမတော်မူ၏။
အနုသာသတိ၊ ကံမြစ်တော်မူ၏။
ကိံ ဩဝဒတိ၊ အဘယ်သို့ ဆုံးမတော်မူသနည်း။
ကိံ အနုသာသတိ၊ အဘယ်သို့ ကံမြစ်တော်မူသနည်း။
“ဧဝံ၊ ဤသို့။
ဝိတက္ကေထ၊ ကုသလဝိတက်သုံးပါးကို ကြံကုန်လော့။
ဧဝံ၊ ဤသို့။
မာ ဝိတက္ကယိတ္ထ၊ အကုသလဝိတက်သုံးပါးကို မကြံကုန်လင့်။
ဧဝံ၊ ဤသို့။
မနသိကရောထ၊ အနိစ္စ ဒုက္ခ အနတ္တ အသုဘဟု နှလုံးသွင်းကုန်လော့။
ဧဝံ၊ ဤသို့။
မာ မနာသာကတ္ထ၊ နိစ္စ သုခ အတ္တ သုဘဟု နှလုံးမသွင်းကုန်လင့်။
ဣဒံ၊ ဤအကုသိုလ်တရားကို။
ပဇဟထ၊ ပယ်ကုန်လော့။
ဣဒံ၊ ဤကုသိုလ်တရားကို။
ဥပသမ္ပဇ္ဇ၊ ပြည့်စုံစေ၍။
ဝိဟရထ၊ နေကုန်လော့၊”
ဣတိ၊ ဤသို့။
ဩဝဒတိ၊ ဆုံးမတော်မူ၏။
အနုသာသတိ၊ ကံမြစ်တော်မူ၏။
သာရိပုတ္တ၊ သာရိပုတ္တရာ။
အထ ခေါ၊ ထိုသို့ ဆုံးမ ကံမြစ်သော အခါ၌။
တဿ ဘိက္ခုသဟဿဿ၊ ထိုရဟန်းတစ်ထောင်၏။
အရဟတာ၊ ပူဇော်အထူးကို ခံတော်မူထိုက်ထသော။
သမ္မာသမ္ဗုဒ္ဓေန၊ မဖောက်မပြန် ကိုယ်တော်တိုင် သိတော်မူထသော။
ဝေဿဘုနာ၊ ဝေဿဘူအမည်တော်ရှိထသော။
ဘဂဝတာ၊ မြတ်စွာဘုရားသည်။
ဧဝံ၊ ဤသို့။
ဩဝဒိယမာနာနံ၊ ဆုံးမအပ်ကုန်သည်ရှိသော်။
ဧဝံ၊ ဤသို့။
အနုသာသိယမာနာနံ၊ ကံမြစ်အပ်ကုန်သည်ရှိသော်။
အနုပါဒါယ၊ တဏှာ ဒိဋ္ဌိတို့ဖြင့် တစ်စုံတစ်ခုသော အာရုံကို မစွဲလမ်းမူ၍။
အာသဝေဟိ၊ အာသဝေါတရားတို့မှ။
စိတ္တာနိ၊ စိတ်တို့သည်။
ဝိမုစ္စိံသု၊ လွတ်ကုန်ပြီ။
သာရိပုတ္တ၊ သာရိပုတ္တရာ။
တတြ ဝစနံ၊ ထိုစကား၌။
ဘိံသနကဿ၊ ကြောက်မက်ဖွယ်ကို ဖြစ်စေတတ်သော။
ဝနသဏ္ဍဿ၊ တောအုပ်၏။
ဣဒံ ဘိံသနကတသ္မိံ အယံ ဘိံသနကဘာဝေါ၊ ဤကြောက်မက်ဖွယ်ကို ဖြစ်စေတတ်သော အဖြစ်သည်။
ဟောတိ၊ ဖြစ်၏။
ကောစိ၊ တစ်စုံတစ်ယောက်သော။
အဝီတရာဂေါ၊ မကင်းသော ရာဂရှိသော။
ယော၊ အကြင်သူသည်။
တံ ဝနသဏ္ဍံ၊ ထိုတောအုပ်သို့။
ပဝိသတိ၊ ဝင်၏။
ယေဘုယျေန၊ များသောအားဖြင့်။
လောမာနိ၊ အမွေးတို့သည်။
ဟံ သန္တိ၊ ရွှင်ကုန်၏။
သာရိပုတ္တ၊ သာရိပုတ္တရာ။
ယေန ဟေတုနာ၊ အကြင် အကြောင်းကြောင့်။
ယေန ပစ္စယေန၊ အကြင်အထောက်အပံ့ကြောင့်။
ဝိပဿိဿ၊ ဝိပဿီအမည်တော်ရှိသော။
ဘဂဝတော စ၊ မြတ်စွာဘုရား၏လည်းကောင်း။
သိခိဿ၊ သိခီအမည်တော်ရှိသော။
ဘဂဝတော စ၊ မြတ်စွာဘုရား၏လည်းကောင်း။
ဝေဿဘုဿ၊ ဝေဿဘူအမည်တော်ရှိသော။
ဘဂဝတော စ၊ မြတ်စွာဘုရား၏လည်းကောင်း။
ဗြဟ္မစရိယံ၊ သာသနာတော်သည်။
န စိရဋ္ဌိတိကံ၊ ကြာမြင့်စွာ တည်ခြင်း မရှိသည်။
အဟောသိ၊ ဖြစ်ပြီ။
သော ဟေတု၊ ထိုအကြောင်းသည်။
အယံ ခေါ၊ ဤသည်သာလျှင်တည်း။
သော ပစ္စယော၊ ထိုအထောက်အပံ့သည်။
အယံ ခေါ၊ ဤသည်သာလျှင်တည်း။
ဣတိ၊ ဤသို့။
အဝေါစ၊ မိန့်တော်မူ၏။
၂၀။ဘန္တေ၊ မြတ်စွာဘုရား။
ယေန ဟေတုနာ၊ အကြင်အကြောင်းကြောင့်။
ယေန ပစ္စယေန၊ အကြင်အထောက်အပံ့ကြောင့်။
ကကုသန္ဓဿ၊ ကကုသန်အမည်တော်ရှိသော။
ဘဂဝတော စ၊ မြတ်စွာဘုရား၏လည်းကောင်း။
ကောဏာဂမနဿ၊ ကောဏာဂုံအမည်တော်ရှိသော။
ဘဂဝတော စ၊ မြတ်စွာဘုရား၏လည်းကောင်း။
ကဿပဿ၊ ကဿပအမည်တော်ရှိသော။
ဘဂဝတော စ၊ မြတ်စွာဘုရား၏လည်းကောင်း။
ဗြဟ္မစရိယံ၊ သာသနာတော်သည်။
စိရဋ္ဌိတိကံ၊ ကြာမြင့်စွာ တည်ခြင်း ရှိသည်။
အဟောသိ၊ ဖြစ်ပြီ။
သော ဟေတု၊ ထိုအကြောင်းသည်။
ကော ပန၊ အဘယ်နည်း။
သော ပစ္စယော၊ ထိုအထောက်အပံ့သည်။
ကော ပန၊ အဘယ်နည်း၊”
ဣတိ၊ ဤသို့။
အဝေါစ၊ လျှောက်၏။
သာရိပုတ္တ၊ သာရိပုတ္တရာ။
ကကုသန္ဓော၊ ကကုသန်အမည်တော်ရှိသော။
ဘဂဝါ စ၊ မြတ်စွာဘုရားသည်လည်းကောင်း။
ကောဏာဂမနော၊ ကောဏာဂုံအမည်တော်ရှိသော။
ဘဂဝါစ၊ မြတ်စွာဘုရားသည်လည်းကောင်း။
ကဿပေါ၊ ကဿပအမည်တော်ရှိသော။
ဘဂဝါ စ၊ မြတ်စွာဘုရားသည်လည်းကောင်း။
သာဝကာနံ၊ တပည့်သားတော်တို့အား။
ဝိတ္ထာရေန၊ အကျယ်အားဖြင့်။
ဓမ္မံ၊ တရားတော်ကို။
ဒေသေတုံ၊ ဟောခြင်းငှာ။
အကိလာသုနော၊ အားထုတ်ကုန်သည်။
အဟေသုံ၊ ဖြစ်ကုန်ပြီ။
နေသံ၊ ထိုဘုရားရှင်တို့၏။
သုတ္တံ၊ သုတ်သည်လည်းကောင်း။
ဂေယျံ၊ ဂေယျသည်လည်းကောင်း။
ဝေယျာကရဏံ၊ ဗျာကရုဏ်းသည်လည်းကောင်း။
ဂါထာ၊ ဂါထာသည်လည်းကောင်း။
ဥဒါနံ၊ ဥဒါန်းသည်လည်းကောင်း။
ဣတိဝုတ္တကံ၊ ဣတိဝုတ်သည်လည်းကောင်း။
ဇာတကံ၊ ဇာတ်သည်လည်းကောင်း။
အဗ္ဘုတဓမ္မံ၊ အဗ္ဘုတဓမ္မသည်လည်းကောင်း။
ဝေဒလ္လံ၊ ဝေဒလ္လသည်လည်းကောင်း။
ဗဟုဉ္စ ဗဟုံ ဧဝ၊ များသည်သာလျှင်။
အဟောသိ၊ ဖြစ်ပြီ။
သာဝကာနံ၊ တပည့်သားတော်တို့အား။
သိက္ခာပဒံ၊ သိက္ခာပုဒ်ကို။
ပညတ္တံ၊ ပညတ်အပ်သည်။
အဟောသိ၊ ဖြစ်ပြီ။
ပါတိမောက္ခံ၊ အာဏာပါတိမောက်ကို။
ဥဒ္ဒိဋ္ဌံ၊ ပြအပ်သည်။
အဟောသိ၊ ဖြစ်ပြီ။
ဘဂဝန္တာနံ၊ ဘုန်းတော်ကြီးကုန်သော။
တေသံ ဗုဒ္ဓါနံ၊ ထိုသုံးဆူကုန်သော ဘုရားရှင်တို့၏။
အန္တရဓာနေန၊ ပရိနိဗ္ဗာန်ပြု၍ ကွယ်သဖြင့်။
ဗုဒ္ဓါနုဗုဒ္ဓါနံ၊ ဘုရားသို့ အစဉ်လိုက်၍ သစ္စာလေးပါးကို သိကုန်သော။
သာဝကာနံ၊ တပည့်သားတော်တို့၏။
အန္တရဓာနေန၊ ပရိနိဗ္ဗာန်ပြု၍ ကွယ်သဖြင့်။
ပစ္ဆိမာ၊ နောက်၌ ဖြစ်ကုန်သော။
နာနာနာမာ၊ အထူးထူးသော အမည် ရှိကုန်သော။
နာနာဂေါတ္တာ၊ အထူးထူးသော အနွယ် ရှိကုန်သော။
နာနာဇစ္စာ၊ အထူးထူးသော ဇာတ် ရှိကုန်သော။
နာနာကုလာ၊ အထူးထူးသော အမျိုးမှ။
နိက္ခိမိတွာ၊ ထွက်၍။
ပဗ္ဗဇိတာ၊ ရဟန်းပြုကုန်သော။
ယေ တေ သာဝကာ၊ အကြင် တပည့်သားတော်တို့သည်။
သန္တိ၊ ရှိကုန်၏။
တေ သာဝကာ၊ ထိုတပည့်သားတော်တို့သည်။
တံ ဗြဟ္မစရိယံ၊ ထိုသာသနာတော်ကို။
စိရံ၊ ကြာမြင့်စွာ။
ဒီဃံ၊ ရှည်စွာသော။
အဒ္ဓါနံ၊ ကာလပတ်လုံး။
ဌပေသုံ၊ ထားကုန်၏။
သာရိပုတ္တ၊ သာရိပုတ္တရာ။
သေယျထာပိ၊ ဥပမာမည်သည်ကား။
ဖလကေ၊ ပျဉ်ချပ်၌။
နိက္ခိတ္တာနိ၊ ထားအပ်ကုန်သော။
သုတ္တေန၊ သီတံချည်ကြိုးဖြင့်။
သုသင်္ဂဟိတာနိ၊ ကောင်းစွာ သီကုံးအပ်ကုန်သော။
နာနာပုပ္ဖာနိ၊ အထူးထူးသော ပန်းတို့သည်။
သန္တိ၊ ရှိကုန်၏။
တာနိ၊ ထိုပန်းတို့ကို။
ဝါတော၊ လေသည်။
န ဝိကိရတိ၊ ဖရိုဖရဲ မကြဲ။
န ဝိဓမတိ၊ မမှုတ်လွှင့်။
န ဝိဒ္ဓံသေတိ၊ မဖျက်ဆီး။
တံ၊ ထိုသို့ မဖျက်ဆီးခြင်းသည်။
ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်နည်း။
ယထာ၊ အကြင်အခြင်းအရာဖြင့်။
သုသင်္ဂဟိတမာနေ၊ ကောင်းစွာ သီကုံးအပ်သည်ရှိသော်။
ဝါတော၊ လေသည်။
န ဝိကိရတိ၊ ဖရိုဖရဲ မကြဲ။
န ဝိဓမတိ၊ မမှုတ်လွှင့်။
န ဝိဒ္ဓံသေတိ၊ မဖျက်ဆီး။
တထာ၊ ထိုအခြင်းအရာဖြင့်။
သုတ္တေန၊ သီတံ ချည်ကြိုးဖြင့်။
ပုပ္ဖာနံ၊ ပန်းတို့၏။
သုသင်္ဂဟိတတ္တာ၊ ကောင်းစွာ သီကုံးအပ်သည်၏ အဖြစ်ကြောင့်တည်း။
သာရိပုတ္တ၊ သာရိပုတ္တရာ။
ဧဝမေဝ ခေါ၊ ဤအတူသာလျှင်။
ဘဂဝန္တာနံ၊ ဘုန်းတော်ကြီးကုန်သော။
တေသံ ဗုဒ္ဓါနံ၊ ထိုသုံးဆူကုန်သော ဘုရားရှင်တို့၏။
အန္တရဓာနေန၊ ပရိနိဗ္ဗာန်ပြု၍ ကွယ်သဖြင့်။
ဗုဒ္ဓါနုဗုဒ္ဓါနံ၊ မြတ်စွာဘုရားသို့ အစဉ်လိုက်၍ သစ္စာလေးပါးကို သိကုန်သော။
သာဝကာနံ၊ တပည့်သားတော်တို့၏။
အန္တရဓာနေန၊ ပရိနိဗ္ဗာန်ပြု၍ ကွယ်သဖြင့်။
ပစ္ဆိမာ၊ နောက်၌ ဖြစ်ကုန်သော။
နာနာနာမာ၊ အထူးထူးသော အမည် ရှိကုန်သော။
နာနာဂေါတ္တာ၊ အထူးထူးသော အနွယ် ရှိကုန်သော။
နာနာဇစ္စာ၊ အထူးထူးသော ဇာတ် ရှိကုန်သော။
နာနာကုလာ၊ အထူးထူးသော အမျိုးမှ။
နိက္ခမိတွာ၊ ထွက်၍။
ပဗ္ဗဇိတာ၊ ရဟန်းပြုကုန်သော။
ယေ တေ သာဝကာ၊ အကြင် တပည့်သားတော်တို့သည်။
သန္တိ၊ ရှိကုန်၏။
တေ သာဝကာ၊ ထိုတပည့်သားတော်တို့သည်။
တံ ဗြဟ္မစရိယံ၊ ထိုသာသနာတော်ကို။
စိရံ၊ ကြာမြင့်စွာ။
ဒီဃံ၊ ရှည်စွာသော။
အဒ္ဓါနံ၊ ကာလပတ်လုံး။
ဌပေသုံ၊ ထားကုန်၏။
သာရိပုတ္တ၊ သာရိပုတ္တရာ။
ယေန ဟေတုနာ၊ အကြင်အကြောင်းကြောင့်။
ယေန ပစ္စယေန၊ အကြင် အထောက်အပံ့ကြောင့်။
ကကုသန္ဓဿ၊ ကကုသန်အမည်တော်ရှိသော။
ဘဂဝတော စ၊ မြတ်စွာဘုရား၏လည်းကောင်း။
ကောဏာမဂနဿ၊ ကောဏာဂုံအမည်တော်ရှိသော။
ဘဂဝတော စ၊ မြတ်စွာဘုရား၏လည်းကောင်း။
ကဿပဿ၊ ကဿပအမည်တော်ရှိသော။
ဘဂဝတော စ၊ မြတ်စွာဘုရား၏လည်းကောင်း။
ဗြဟ္မစရိယံ၊ သာသနာတော်သည်။
စိရဋ္ဌိတိကံ၊ ကြာမြင့်စွာ တည်ခြင်း ရှိသည်။
အဟောသိ၊ ဖြစ်ပြီ။
သော ဟေတု၊ ထိုအကြောင်းသည်။
အယံ ခေါ၊ ဤသည်သာလျှင်တည်း။
သော ပစ္စယော၊ ထိုအထောက်အပံ့သည်။
အယံ ခေါ၊ ဤသည်သာလျှင်တည်း။
ဣတိ၊ ဤသို့။
အဝေါစ၊ မိန့်တော်မူ၏။
၂၁။
အထ ခေါ၊ ထိုအခါ၌။
အာယသ္မာ သာရိပုတ္တော၊ အရှင်သာရိပုတ္တရာသည်။
အာသနာ၊ နေရာမှ။
ဥဋ္ဌာယ၊ ထ၍။
ဧကံသံ ဧကသ္မိံ အံသေ၊ လက်ဝဲတစ်ဖက် ပခုံးထက်၌။
ဥတ္တရာသင်္ဂံ၊ ကိုယ်ဝတ် စမ္ပယ်တင်သည်ကို။
ကရိတွာ၊ ပြု၍။
ယေန၊ အကြင်အရပ်၌။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
အတ္ထိ၊ ရှိတော်မူ၏။
တေန၊ ထိုအရပ်သို့။
အဉ္ဇလိံ၊ လက်အုပ်ကို။
ပဏာမေတွာ၊ ညွတ်စေ၍။
ဘဂဝန္တံ၊ မြတ်စွာဘုရားကို။
ဧတံ ဝစနံ၊ ဤစကားကို။
အဝေါစ၊ လျှောက်၏။
ကိံ အဝေါစ၊ အဘယ်သို့ လျှောက်သနည်း။
ဘဂဝါ၊ မြတ်စွာဘုရား။
ဧတဿ၊ ဤသိက္ခာပုဒ်ကို ပညတ်တော်မူခြင်း၏။
ကာလော၊ အခါတန်ပြီ။
သုဂတ၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား။
ဧတဿ၊ ဤအာဏာပါတိမောက်ကို ပြတော်မူခြင်း၏။
ကာလော၊ အခါတန်ပြီ၊”
ကိံ အဝေါစ၊ အဘယ်သို့ လျှောက်သနည်း။
“ယထာ၊ အကြင်အခြင်းအရာဖြင့်။
ပညပိယမာနေ၊ ပညတ်အပ်သည်ရှိသော်။
ဥဒ္ဒိသိယမာနေ၊ ပြအပ်သည်ရှိသော်။
ဗြဟ္မစရိယံ၊ ဤသာသနာတော်သည်။
အဒ္ဓနိယံ၊ အရှည်ခံ့သည်။
စိရဋ္ဌိတိကံ၊ ကြာမြင့်စွာ တည်ခြင်း ရှိသည်။
အဿ၊ ဖြစ်ရာ၏။
တထာ၊ ထိုအခြင်းအရာဖြင့်။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
သာဝကာနံ၊ တပည့်သားတော်တို့အား။
သိက္ခာပဒံ၊ သိက္ခာပုဒ်ကို။
ယံ ပညပေယျ၊ အကြင်ပညတ်ရာ၏။
ပါတိမောက္ခံ၊ အာဏာပါတိမောက်ကို။
ယံ ဥဒ္ဒိသေယျ၊ အကြင်ပြရာ၏။
ဘဂဝါ၊ မြတ်စွာဘုရား။
ဣတိ၊ ဤသို့။
အဝေါစ၊ လျှောက်၏။
သာရိပုတ္တ၊ သာရိပုတ္တရာ။
တွံ၊ သင်သည်။
အာဂမေဟိ၊ ဆိုင်းလင့်ပါဦး
သာရိပုတ္တ၊ သာရိပုတ္တရာ။
တွံ၊ သင်သည်။
အာဂမေဟိ၊ ဆိုင်းလင့်ပါဦး။
တထာဂတောဝ၊ ငါဘုရားသည်သာလျှင်။
တတ္ထ၊ ထိုသိက္ခာပုဒ်ကို ပညတ်ခြင်း, ပါတိမောက်ကို ပြခြင်း၌။
ကာလံ၊ အခါကို။
ဇာနိဿတိ၊ သိတော်မူလတ္တံ့။
သာရိပုတ္တ၊ သာရိပုတ္တရာ။
ယာဝ၊ အကြင်မျှလောက်။
ဣဓ၊ ဤသာသနာတော်၌။
ဧကစ္စေ၊ အချို့ကုန်သော။
အာသဝဋ္ဌာနီယာ၊ ဘေးရန်တို့၏ တည်ရာဖြစ်ကုန်သော။
ဓမ္မာ၊ တရားတို့သည်။
သံဃေ၊ သံဃာ၌။
န ပါတုဘဝန္တိ၊ ထင်ရှား မဖြစ်ကုန်သေး။
တာဝ၊ ထိုမျှလောက်။
သတ္ထာ၊ သင်တို့ဆရာ ငါဘုရားသည်။
သာဝကာနံ၊ တပည့်သားတော်တို့အား။
သိက္ခာပဒံ၊ သိက္ခာပုဒ်ကို။
န ပညပေတိ၊ ပညတ်တော်မမူ။
ပါတိမောက္ခံ၊ အာဏာပါတိမောက်ကို။
န ဥဒ္ဒိသတိ၊ ပြတော်မမူ။
သာရိပုတ္တ၊ သာရိပုတ္တရာ။
ခေါ၊ စင်စစ်။
ယတော စ၊ အကြင်အခါ၌လည်း။
ဣဓ၊ ဤသာသနာတော်၌။
ဧကစ္စေ၊ အချို့ကုန်သော။
အာသဝဋ္ဌာနီယာ၊ ဘေးရန်တို့၏ တည်ရာဖြစ်ကုန်သော။
ဓမ္မာ၊ တရားတို့သည်။
သံဃေ၊ သံဃာ၌။
ပါတုဘဝန္တိ၊ ထင်ရှားဖြစ်ကုန်၏။
အထ၊ ထင်ရှားဖြစ်ရာ ထိုအခါ၌။
သတ္ထာ၊ သင်တို့ဆရာ ငါဘုရားသည်။
အာသဝဋ္ဌာနီယာနံ၊ ဘေးရန်တို့၏ တည်ရာဖြစ်ကုန်သော။
တေသံ ယေဝ ဓမ္မာနံ၊ ထိုတရားတို့ကိုသာလျှင်။
ပဋိဃာတာယ၊ ပယ်ဖျောက်ခြင်းငှာ။
သာဝကာနံ၊ တပည့်သားတော်တို့အား။
သိက္ခာပဒံ၊ သိက္ခာပုဒ်ကို။
ပညပေတိ၊ ပညတ်တော်မူအံ့။
ပါတိမောက္ခံ၊ အာဏာပါတိမောက်ကို။
ဥဒ္ဒိသတိ၊ ပြတော်မူအံ့။
သာရိပုတ္တ၊ သာရိပုတ္တရာ။
ယာဝ၊ အကြင်မျှလောက်။
သံဃော၊ သံဃာတော်သည်။
ရတ္တညုမဟတ္တံ၊ ညဉ့်အပိုင်းအခြားကို သိသော ရဟန်းတို့ဖြင့် များသည်၏ အဖြစ်သို့။
ပတ္တော၊ ရောက်သည်။
န ဟောတိ၊ မဖြစ်သေး။
တာဝ၊ ထိုမျှလောက်။
ဣဓ၊ ဤသာသနာတော်၌။
ဧကစ္စေ၊ အချို့ကုန်သော၊
အာသဝဋ္ဌာနီယာ၊ ဘေးရန်တို့၏ တည်ရာဖြစ်ကုန်သော။
ဓမ္မာ၊ တရားတို့သည်။
သံဃေ၊ သံဃာ၌။
န ပါတုဘဝန္တိ၊ ထင်ရှားမဖြစ်ကုန်သေး။
သာရိပုတ္တ၊ သာရိပုတ္တရာ။
ခေါ၊ စင်စစ်။
ယတော စ၊ အကြင်အခါ၌လည်း။
သံဃော၊ သံဃာတော်သည်။
ရတ္တညုမဟတ္တံ၊ ညဉ့်အပိုင်းအခြားကို သိသော ရဟန်းတို့ဖြင့် များသည်၏ အဖြစ်သို့။
ပတ္တော၊ ရောက်သည်။
ဟောတိ၊ ဖြစ်၏။
အထ၊ ထိုအခါ၌။
ဣဓ၊ ဤသာသနာတော်၌။
ဧကစ္စေ၊ အချို့ကုန်သော။
အာသဝဋ္ဌာနီယာ၊ ဘေးရန်တို့၏ တည်ရာဖြစ်ကုန်သော။
ဓမ္မာ၊ တရားတို့သည်။
သံဃေ၊ သံဃာ၌။
ပါတုဘဝန္တိ၊ ထင်ရှားဖြစ်ကုန်၏။
အထ၊ ထိုထင်ရှားဖြစ်သော အခါ၌။
သတ္ထာ၊ သင်တို့ဆရာ ငါဘုရားသည်။
အာသဝဋ္ဌာနီယာနံ၊ ဘေးရန်တို့၏ တည်ရာဖြစ်ကုန်သော။
တေသံ ယေဝ ဓမ္မာနံ၊ ထိုတရားတို့ကိုသာလျှင်။
ပဋိဃာတာယ၊ ပယ်ဖျောက်ခြင်းငှာ။
သာဝကာနံ၊ တပည့်သားတော်တို့အား။
သိက္ခာပဒံ၊ သိက္ခာပုဒ်ကို။
ပညပေတိ၊ ပညတ်တော်မူအံ့။
ပါတိမောက္ခံ၊ အာဏာပါတိမောက်ကို။
ဥဒ္ဒိသတိ၊ ပြတော်မူအံ့။
သာရိပုတ္တ၊ သာရိပုတ္တရာ။
ယာဝ၊ အကြင်မျှလောက်။
သံဃော၊ သံဃာသည်။
ဝေပုလ္လမဟတ္တံ၊ ပြန့်ပြောသည်၏အဖြစ်ဖြင့် များသည်၏အဖြစ်သို့။
ပတ္တော၊ ရောက်သည်။
န ဟောတိ၊ မဖြစ်သေး။
တာဝ၊ ထိုမျှလောက်။
ဣဓ၊ ဤသာသနာတော်၌။
ဧကစ္စေ၊ အချို့ကုန်သော။
အာသဝဋ္ဌာနီယာ၊ ဘေးရန်တို့၏ တည်ရာဖြစ်ကုန်သော။
ဓမ္မာ၊ တရားတို့သည်။
သံဃေ၊ သံဃာ၌။
န ပါတုဘဝန္တိ၊ ထင်ရှား မဖြစ်ကုန်သေး။
ပတ္တော၊ ရောက်သည်။
ဟောတိ၊ ဖြစ်၏။
သာရိပုတ္တ၊ သာရိပုတ္တရာ။
ခေါ၊ စင်စစ်။
ယတော စ၊ အကြင်အခါ၌လည်း။
သံဃော၊ သံဃာတော်သည်။
ဝေပုလ္လမဟတ္တံ၊ ပြန့်ပြောသည်၏အဖြစ်ဖြင့် များသည်၏ အဖြစ်သို့။
ပတ္တော၊ ရောက်သည်။
ဟောတိ၊ ဖြစ်၏။
အထ၊ ထိုအခါ၌။
ဣဓ၊ ဤသာသနာတော်၌။
ဧကစ္စေ၊ အချို့ကုန်သော။
အာသဝဋ္ဌာနီယာ၊ ဘေးရန်တို့၏ တည်ရာဖြစ်ကုန်သော။
ဓမ္မာ၊ တရားတို့သည်။
သံဃေ၊ သံဃာ၌။
ပါတုဘဝန္တိ၊ ထင်ရှားဖြစ်ကုန်၏။
အထ၊ ထိုထင်ရှား ဖြစ်သောအခါ၌။
သတ္ထာ၊ သင်တို့ဆရာ ငါဘုရားသည်။
အာသဝဋ္ဌာနီယာနံ၊ ဘေးရန်တို့၏ တည်ရာဖြစ်ကုန်သော။
တေသံ ယေဝ ဓမ္မာနံ၊ ထိုတရားတို့ကိုသာလျှင်။
ပဋိဃာတာယ၊ ပယ်ဖျောက်ခြင်းငှာ။
သာဝကာနံ၊ တပည့်သားတော်တို့အား။
သိက္ခာပဒံ၊ သိက္ခာပုဒ်ကို။
ပညပေတိ၊ ပညတ်တော်မူအံ့။
ပါတိမောက္ခံ၊ အာဏာပါတိမောက်ကို။
ဥဒ္ဒိသတိ၊ ပြတော်မူအံ့။
သာရိပုတ္တ၊ သာရိပုတ္တရာ။
ယာဝ၊ အကြင်မျှလောက်။
သံဃော၊ သံဃာသည်။
လာဘဂ္ဂမဟတ္တံ၊ လာဘ်ဖြင့် မြတ်များသည်၏ အဖြစ်သို့။
ပတ္တော၊ ရောက်သည်။
န ဟောတိ၊ မဖြစ်သေး။
တာဝ၊ ထိုမျှလောက်။
ဣဓ၊ ဤသာသနာတော်၌။
ဧကစ္စေ၊ အချို့ကုန်သော။
အာသဝဋ္ဌာနီယာ၊ ဘေးရန်တို့၏ တည်ရာဖြစ်ကုန်သော။
ဓမ္မာ၊ တရားတို့သည်။
သံဃေ၊ သံဃာ၌။
န ပါတုဘဝန္တိ၊ ထင်ရှား မဖြစ်ကုန်သေး။
သာရိပုတ္တ၊ သာရိပုတ္တရာ။
ခေါ၊ စင်စစ်။
ယတော စ၊ အကြင်အခါ၌လည်း။
သံဃော၊ သံဃာတော်သည်။
လာဘဂ္ဂမဟတ္တံ၊ လာဘ်ဖြင့် မြတ်များသည်၏ အဖြစ်သို့။
ပတ္တော၊ ရောက်သည်။
ဟောတိ၊ ဖြစ်၏။
အထ၊ ထိုအခါ၌။
ဣဓ၊ ဤသာသနာတော်၌။
ဧကစ္စေ၊ အချို့ကုန်သော။
အာသဝဋ္ဌာနီယာ၊ ဘေးရန်တို့၏ တည်ရာဖြစ်ကုန်သော။
ဓမ္မာ၊ တရားတို့သည်။
သံဃေ၊ သံဃာ၌။
ပါတုဘဝန္တိ၊ ထင်ရှားဖြစ်ကုန်၏။
အထ၊ ထိုသို့ ထင်ရှားဖြစ်သော အခါ၌။
သတ္ထာ၊ သင်တို့ဆရာ ငါဘုရားသည်။
အာသဝဋ္ဌာနီယာနံ၊ ဘေးရန်တို့၏ တည်ရာဖြစ်ကုန်သော။
တေသံ ယေဝ ဓမ္မာနံ၊ ထိုတရားတို့ကိုသာလျှင်။
ပဋိဃာတာယ၊ ပယ်ဖျောက်ခြင်းငှာ။
သာဝကာနံ၊ တပည့်သားတော်တို့အား။
သိက္ခာပဒံ၊ သိက္ခာပုဒ်ကို။
ပညပေတိ၊ ပညတ်တော်မူအံ့။
ပါတိမောက္ခံ၊ အာဏာပါတိမောက်ကို။
ဥဒ္ဒိသတိ၊ ပြတော်မူအံ့။
သာရိပုတ္တ၊ သာရိပုတ္တရာ။
ယာဝ၊ အကြင်မျှလောက်။
သံဃော၊ သံဃာသည်။
ဗာဟုသစ္စမဟတ္တံ၊ များသော အကြားအမြင်ရှိသော ရဟန်းတို့ဖြင့် များသည်၏ အဖြစ်သို့။
ပတ္တော၊ ရောက်သည်။
န ဟောတိ၊ မဖြစ်သေး။
တာဝ၊ ထိုမျှလောက်။
ဣဓ၊ ဤသာသနာတော်၌။
ဧကစ္စေ၊ အချို့ကုန်သော။
အာသဝဋ္ဌာနီယာ၊ ဘေးရန်တို့၏ တည်ရာဖြစ်ကုန်သော။
ဓမ္မာ၊ တရားတို့သည်။
သံဃေ၊ သံဃာ၌။
န ပါတုဘဝန္တိ၊ ထင်ရှား မဖြစ်ကုန်သေး။
သာရိပုတ္တ၊ သာရိပုတ္တရာ။
ခေါ၊ စင်စစ်။
ယတော စ၊ အကြင်အခါ၌လည်း။
သံဃော၊ သံဃာတော်သည်။
ဗာဟုသစ္စမဟတ္တံ၊ များသော အကြားအမြင်ရှိသော ရဟန်းတို့ဖြင့် များသည်၏ အဖြစ်သို့။
ပတ္တော၊ ရောက်သည်။
ဟောတိ၊ ဖြစ်၏။
အထ၊ ထိုအခါ၌။
ဣဓ၊ ဤသာသနာတော်၌။
ဧကစ္စေ၊ အချို့ကုန်သော။
အာသဝဋ္ဌာနီယာ၊ ဘေးရန်တို့၏ တည်ရာဖြစ်ကုန်သော။
ဓမ္မာ၊ တရားတို့သည်။
သံဃေ၊ သံဃာ၌။
ပါတုဘဝန္တိ၊ ထင်ရှားဖြစ်ကုန်၏။
အထ၊ ထိုသို့ ထင်ရှားဖြစ်သော အခါ၌။
သတ္ထာ၊ သင်တို့ဆရာ ငါဘုရားသည်။
အာသဝဋ္ဌာနီယာနံ၊ ဘေးရန်တို့၏ တည်ရာဖြစ်ကုန်သော။
တေသံ ယေဝ ဓမ္မာနံ၊ ထိုတရားတို့ကိုသာလျှင်။
ပဋိဃာတာယ၊ ပယ်ဖျောက်ခြင်းငှာ။
သာဝကာနံ၊ တပည့်သားတော်တို့အား။
သိက္ခာပဒံ၊ သိက္ခာပုဒ်ကို။
ပညပေတိ၊ ပညတ်တော်မူအံ့။
ပါတိမောက္ခံ၊ အာဏာပါတိမောက်ကို။
ဥဒ္ဒိသတိ၊ ပြတော်မူအံ့။
သာရိပုတ္တ၊ သာရိပုတ္တရာ။
ဟိ သစ္စံ၊ ထိုစကားသည် မှန်၏။
ဘိက္ခုသံဃော၊ ရဟန်းအပေါင်းသည်။
နိရဗ္ဗုဒေါ၊ ခိုးသူအမြှုပ် ဒုဿီလမှ ကင်း၏။
နိရာဒီနဝေါ၊ ဒုဿီလအပြစ်မှ ကင်း၏။
အပဂတကာဠကော၊ ဒုဿီလဟူသော မည်းခြင်းမှ ကင်း၏။
သုဒ္ဓေါ၊ စင်ကြယ်၏။
သာရေ၊ သီလဂုဏ် စသော အနှစ်၌။
ပတိဋ္ဌိတော၊ တည်၏။
သာရိပုတ္တ၊ သာရိပုတ္တရာ။
ဟိ သစ္စံ၊ ထိုစကားသည် မှန်၏။
ဣမေသံ ပဉ္စန္နံ ဘိက္ခုသတာနံ၊ ဤငါးရာသော ရဟန်းတို့တွင်။
ယော ဘိက္ခု၊ အကြင်ရဟန်းသည်။
ပစ္ဆိမကော၊ ဂုဏ်အားဖြင့် ယုတ်၏။
သော ဘိက္ခု၊ ထိုရဟန်းသည်။
သောတာပန္နော၊ သောတာပန်သာတည်း။
အဝိနိပါတဓမ္မော၊ အပါယ်လားခြင်းသဘော မရှိ။
နိယတော၊ မဂ်ဟု ဆိုအပ်သော သမ္မတ္တနိယာမအားဖြင့် မြဲ၏။
သမ္ဗောဓိပရာယဏော၊ အထက်မဂ်သုံးပါးလျှင် လဲလျောင်းရာ ရှိ၏။
ဣတိ၊ ဤသို့။
အဝေါစ၊ မိန့်တော်မူ၏။
၂၂။
အထ ခေါ၊ ထိုအခါ၌။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
အာယသ္မန္တံ အာနန္ဒံ၊ အရှင်အာနန္ဒာကို။
“အာနန္ဒ၊ အာနန္ဒာ။
အာမန္တေသိ၊ မိန့်တော်မူ၏။
ယေဟိ၊ အကြင်ဒါယကာတို့သည်။
နိမန္တိတာ၊ ပင့်ဖိတ်အပ်ကုန်သည်ဖြစ်၍။
ဝဿံ၊ ဝါတွင်းသုံးလပတ်လုံး။
ဝသန္တိ၊ နေကုန်၏။
တေ၊ ထိုဒါယကာတို့ကို။
အနပလောကေတွာ၊ မပန်မကြားကုန်ဘဲ။
တထာဂတာ၊ မြတ်စွာဘုရားတို့သည်။
ဇနပဒစာရိကံ၊ ဇနပုဒ်၌ သွားလာလှည့်လည်ခြင်းကို။
န ပက္ကမန္တိ၊ ဖဲကြွတော်မမူကုန်။
ဧတံ၊ ဤသို့ မပန်ကြားဘဲ မဖဲသွားခြင်းသည်။
တထာဂတာနံ၊ မြတ်စွာဘုရားတို့၏။
အာစိဏ္ဏံ ခေါ ပန၊ အလေ့အကျက်တော်သာတည်း။
အာနန္ဒ၊ အာနန္ဒာ။
အာနန္ဒ၊ အာနန္ဒာ။
အာယာမ၊ သွားကုန်အံ့။
ဝေရဉ္ဇံ၊ ဝေရဉ္ဇာပြည်၌ ဖွားသော။
ဗြာဟ္မဏံ၊ ဥဒယပုဏ္ဏားကို။
အပလောကေဿာမ၊ ပန်ကြားကုန်အံ့၊”
ဣတိ၊ ဤသို့။
“ဘန္တေ၊ မြတ်စွာဘုရား။
ဧဝံ သာဓု၊ ကောင်းပါပြီ၊”
ဣတိ ခေါ၊ ဤသို့လျှင်။
အာယသ္မာ အာနန္ဒော၊ အရှင်အာနန္ဒာသည်။
ဘဂဝတော၊ မြတ်စွာဘုရားအား။
ပစ္စဿောသိ၊ ဝန်ခံ၏။
အထ ခေါ၊ ထိုအခါ၌။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
နိဝါသေတွာ၊ သင်းပိုင်ကို ပြင်ဝတ်တော်မူ၍။
ပတ္တစီဝရံ၊ သပိတ်သင်္ကန်းကို။
အာဒါယ၊ ယူ၍။
အာယသ္မတာ အာနန္ဒေန၊ အရှင်အာနန္ဒာသည်။
ပစ္ဆာသမဏေန၊ နောက်လိုက်ရဟန်းသည်။
ဟုတွာ၊ ဖြစ်၍။
ယေန၊ အကြင်အရပ်၌။
ဝေရဉ္ဇဿ၊ ဝေရဉ္ဇာပြည်၌ ဖွားသော။
ဗြာဟ္မဏဿ၊ ဥဒယပုဏ္ဏား၏။
နိဝေသနံ၊ အိမ်သည်။
အတ္ထိ၊ ရှိ၏။
တေန၊ ထိုအရပ်သို့။
ဥပသင်္ကမိ၊ ကပ်တော်မူလေ၏။
ဥပသင်္ကမိတွာ၊ ကပ်တော်မူလေပြီး၍။
ပညတ္တေ၊ ခင်းထားအပ်သော။
အာသနေ၊ နေရာ၌။
နိသီဒိ၊ ထိုင်နေတော်မူ၏။
အထ ခေါ၊ ထိုအခါ၌၊
ဝေရေဉ္ဇာ၊ ဝေရဉ္ဇာပြည်၌ ဖွားသော။
ဗြာဟ္မဏော၊ ဥဒယပုဏ္ဏားသည်။
ယေန၊ အကြင်အရပ်၌။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
အတ္ထိ၊ ရှိတော်မူ၏။
တေန၊ ထိုမြတ်စွာဘုရားရှိတော်မူရာ အရပ်သို့။
ဥပသင်္ကမိ၊ ကပ်လေပြီ။
ဥပသင်္ကမိတွာ၊ ကပ်လေပြီး၍။
ဘဂဝန္တံ၊ မြတ်စွာဘုရားကို။
အဘိဝါဒေတွာ၊ ရိုသေစွာ ရှိခိုးပြီး၍။
ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သော အရပ်၌။
နိသီဒိ၊ ထိုင်နေ၏။
ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သော အရပ်၌။
နိသိန္နံ ခေါ၊ ထိုင်နေပြီးသော။
ဝေရဉ္ဇံ၊ ဝေရဉ္ဇာပြည်၌ ဖွားသော။
ဗြာဟ္မဏံ၊ ဥဒယပုဏ္ဏားကို။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ဧတံ ဝစနံ၊ ဤစကားကို။
အဝေါစ၊ မိန့်တော်မူ၏။
ကိံ အဝေါစ၊ အဘယ်သို့ မိန့်တော်မူသနည်း။
“ဗြာဟ္မဏ၊ ပုဏ္ဏား။
တယာ၊ သင်သည်။
နိမန္တိတာ၊ ပင့်ဖိတ်အပ်ကုန်သည်ဖြစ်၍။
ဝဿံဝုဋ္ဌာ၊ ဝါကျွတ်ကုန်သည်။
အမှာ၊ ဖြစ်ကုန်၏။
တံ၊ သင့်ကို။
အပလောကေမ၊ ပန်ကြားပါကုန်၏။
မယံ၊ ငါတို့သည်။
ဇနပဒစာရိကံ၊ ဇနပုဒ်၌ သွားလာလှည့်လည်ခြင်းကို။
ပက္ကမိတုံ၊ ဖဲသွားခြင်းငှာ။
ဣစ္ဆာမ၊ အလိုရှိကုန်၏၊”
ဣတိ၊ ဤသို့။
အဝေါစ၊ မိန့်တော်မူ၏။
“ဘော ဂေါတမ၊ အရှင်ဂေါတမ။
သစ္စံ၊ မှန်ပေ၏။
မယာ၊ အကျွန်ုပ်သည်။
နိမန္တိတာ၊ ပင့်ဖိတ်အပ်ကုန်သည်ဖြစ်၍။
ဝဿံဝုဋ္ဌာ၊ ဝါကျွတ်ကုန်သည်။
အတ္ထ၊ ဖြစ်ကုန်၏။
အပိ စ၊ စင်စစ်သော်ကား။
ယော ဒေယျဓမ္မော၊ အကြင် ပေးအပ်လှူဒါန်းအပ်သော ဒါနဝတ္ထုသည်။
အတ္ထိ၊ ရှိ၏။
သော၊ ထိုပေအပ်လှူဒါန်းအပ်သော ဒါနဝတ္ထုကို။
န ဒိန္နော၊ အရှင်အား မလှူဒါန်းရသေး။
တဉ္စ ခေါ ဒေယျဓမ္မံ သော စ ခေါ ဒေယျဓမ္မော၊ ထိုပေးအပ်လှူဒါန်းအပ်သော ဒါနဝတ္ထုသည်လည်း။
နော၊ အကျွန်ုပ်တို့အား။
အသန္တံ အသန္တော၊ ထင်ရှားမရှိသည်။
နော၊ မဟုတ်ပါ။
နော၊ အကျွန်ုပ်တို့၏။
အဒါတုကမျတာပိ၊ လှူဒါန်းပေးကမ်းခြင်းငှာ အလိုမရှိသည်၏ အဖြစ်သည်လည်း။
နော၊ မဟုတ်ပါ။
ဧတ္ထ၊ ဤအိမ်ရာတည်ထောင် လူတို့ဘောင်၌။
တံ၊ ထိုဝတ္ထုသဒ္ဓါ ရှိတုံပါလျက် ပေးရာ အခွင့်ကို။
ကုတော လဗ္ဘာ၊ အဘယ်မှာ ရအံ့နည်း။
ဃရာဝါသာ၊ အိမ်ရာတည်ထောင် လူတို့ဘောင်၌ နေသော သူတို့သည်။
ဗဟုကိစ္စာ၊ များသော ကိစ္စ ရှိကုန်၏။
ဗဟုကရဏီယာ၊ များသော ပြုဖွယ် ရှိကုန်၏။
ဘဝံ ဂေါတမော၊ အရှင်ဂေါတမသည်။
သွာတနာယ၊ နက်ဖြန်ဖြစ်လတ္တံ့သော ကုသိုလ်ကောင်းမှုအကျိုးငှာ။
မေ၊ အကျွန်ုပ်၏။
ဘတ္တံ၊ ဆွမ်းကို။
ဘိက္ခုသံဃေန၊ ရဟန်းအပေါင်းနှင့်။
သဒ္ဓိံ၊ တကွ။
အဓိဝါသေတု၊ သာယာတော်မူပါဦးလော့။
ဣတိ၊ ဤသို့။
အဝေါစ၊ လျှောက်၏။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
တုဏှီဘာဝေန၊ ဆိတ်ဆိတ်နေသဖြင့်။
အဓိဝါသေတိ၊ သာယာတော်မူ၏။
အထ ခေါ၊ ထိုအခါ၌။
ဝေရဉ္ဇံ၊ ဝေရဉ္ဇာပြည်၌ ဖွားသော။
ဗြာဟ္မဏံ၊ ဥဒယပုဏ္ဏားကို။
ဓမ္မိယာ ကထာယ၊ ထိုခဏအားလျော်သော တရားစကားဖြင့်။
သန္ဒဿေတွာ၊ မျက်မှောက် တမလွန်ကျိုးကို ကောင်းစွာ ပြတော်မူ၍။
သမာဒပေတွာ၊ ကုသိုလ်တရား၌ ဆောက်တည်စေ၍။
သမုတ္တေဇေတွာ၊ ကုသိုလ်တရား၌ အားထုတ်ခြင်း ရှိသည်ကို ပြု၍။
သမ္ပဟံသေတွာ၊ ကောင်းစွာ အပြားအားဖြင့် ရွှင်စေ၍။
အာသနာ၊ နေရာမှ။
ဥဋ္ဌာယ၊ ထတော်မူ၍။
ပက္ကာမိ၊ ဖဲကြွတော်မူ၏။
အထ ခေါ၊ ထိုအခါ၌။
ဝေရေဉ္ဇာ၊ ဝေရဉ္ဇာပြည်၌ ဖွားသော။
ဗြာဟ္မဏော၊ ဥဒယပုဏ္ဏားသည်။
တဿာ ရတ္တိယာ၊ ထိုဆွမ်းဖိတ်သော ညဉ့်၏။
အစ္စယေန၊ လွန်သောအခါ၌။
သကေ နိဝေသနေ၊ မိမိအိမ်၌။
ပဏီတံ၊ မွန်မြတ်သော။
ခါဒနီယံ၊ ခဲဖွယ်ကိုလည်းကောင်း။
ဘောဇနီယံ၊ ဘောဇဉ်ကိုလည်းကောင်း။
ပဋိယာဒါပေတွာ၊ စီရင်စေ၍။
ဘဂဝတော၊ မြတ်စွာဘုရားအား။
ကာလံ၊ ဆွမ်းစားချိန်ကာလကို။
အာရောစာပေသိ၊ ကြားလျှောက်စေ၏။
ကိံ အာရောစာပေသိ၊ အဘယ်သို့ ကြားလျှောက်စေသနည်း။
“ဘော ဂေါတမ၊ အရှင်ဂေါတမ။
ကာလော၊ ဆွမ်းစားချိန် တန်ပါပြီ။
ဘတ္တံ၊ ဆွမ်းသည်။
နိဋ္ဌိတံ၊ ပြင်ဆင်၍ ပြီးပြီ၊”
ဣတိ၊ ဤသို့။
အရောစာပေသိ၊ ကြားလျှောက်စေ၏။
၂၃။
အထ ခေါ၊ ထိုအခါ၌။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ပုဗ္ဗဏှသမယံ၊ နံနက်အခါ၌်။
နိဝါသေတွာ၊ သင်းပိုင်ကို ပြင်ဝတ်တော်မူ၍။
ပတ္တစီဝရံ၊ သပိတ်သင်္ကန်းကို။
အာဒါယ၊ ယူ၍။
ယေန၊ အကြင်အရပ်၌။
ဝေရဉ္ဇဿ၊ ဝေရဉ္ဇာပြည်၌ ဖွားသော။
ဗြာဟ္မဏဿ၊ ဥဒယပုဏ္ဏား၏။
နိဝေသနံ၊ အိမ်သည်။
အတ္ထိ၊ ရှိ၏။
တေန၊ ထိုအရပ်သို့။
ဥပသင်္ကမိ၊ ကပ်တော်မူလေ၏။
ဥပသင်္ကမိတွာ၊ ကပ်တော်မူပြီး၍။
ပညတ္တေ၊ ခင်းထားအပ်သော။
အာသနေ၊ နေရာ၌။
ဘိက္ခုသံဃေန၊ ရဟန်းအပေါင်းနှင့်။
သဒ္ဓိံ၊ တကွ။
နိသီဒိ၊ ထိုင်နေတော်မူ၏။
နိသီဒိ၊ ထိုင်နေတော်မူ၏။
အထ ခေါ၊ ထိုအခါ၌။
ဝေရေဉ္ဇာ၊ ဝေရဉ္ဇာပြည်၌ ဖွားသော။
ဗြာဟ္မဏော၊ ဥဒယပုဏ္ဏားသည်။
ဗုဒ္ဓပ္ပမုခံ၊ ဘုရားအမှူးရှိသော။
ဘိက္ခုသံဃံ၊ ရဟန်းအပေါင်းကို။
ပဏီတေန၊ မွန်မြတ်သော။
ခါဒနီယေန၊ ခဲဖွယ်ဖြင့်လည်းကောင်း။
ဘောဇနီယေန၊ ဘောဇဉ်ဖြင့်လည်းကောင်း။
သဟတ္ထာ၊ မိမိလက်ဖြင့်။
သန္တပ္ပေတွာ၊ ကောင်းစွာ ရောင့်ရဲစေ၍။
သမ္ပဝါရေတွာ၊ ကောင်းစွာ တန်ပြီဟု မြစ်စေ၍။
ဘုတ္တာဝိံ၊ ဆွမ်းစားပြီးသော။
ဩနီတပတ္တပါဏိံ၊ သပိတ်တော်မှ ဖဲအပ်ပြီးသော လက်တော်ရှိသော။
ဘဂဝန္တံ၊ မြတ်စွာဘုရားကို။
တိစီဝရေန၊ သုံးထည်သော သင်္ကန်းဖြင့်။
အစ္ဆာဒေသိ၊ ဖုံးလွှမ်း၏။
ဧကမေကံ၊ တစ်ပါး တစ်ပါးသော။
ဘိက္ခုဉ္စ၊ ရဟန်းကိုလည်း။
ဧကမေကေန၊ တစ်ခု တစ်ခုသော။
ဒုဿယုဂေန၊ ပုဆိုးအစုံဖြင့်။
အစ္ဆာဒေသိ၊ ဖုံးလွှမ်း၏။
အထ ခေါ၊ ထိုအခါ၌။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ဝေရဉ္ဇံ၊ ဝေရဉ္ဇာပြည်၌ ဖွားသော။
ဗြာဟ္မဏံ၊ ဥဒယပုဏ္ဏားကို။
ဓမ္မိယာ ကထာယ၊ ထိုခဏအားလျော်သော တရားစကားဖြင့်။
သန္ဒဿေတွာ၊ ကောင်းစွာ ပြတော်မူ၍။
သမာဒပေတွာ၊ ကုသိုလ်တရား၌ ဆောက်တည်စေ၍။
သမုတ္တေဇေတွာ၊ ကုသိုလ်တရား၌ ကောင်းစွာ အားထုတ်ခြင်း ရှိသည်ကို ပြု၍။
သမ္ပဟံသေတွာ၊ ကောင်းစွာ အပြားအားဖြင့် ရွှင်စေ၍။
အာသနာ၊ နေရာမှ။
ဥဋ္ဌာယ၊ ထ၍။
ပက္ကာမိ၊ ဖဲကြွတော်မူ၏။
အထ ခေါ၊ ထိုအခါ၌။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ဝေရဉ္ဇာယံ၊ ဝေရဉ္ဇာပြည်၌။
ယထာဘိရန္တံ၊ အလိုရှိတော်မူသမျှ ကာလပတ်လုံး။
ဝိဟရိတွာ၊ နေတော်မူပြီး၍။
သောရေယျံ၊ သောရေယျပြည်သို့လည်းကောင်း။
သင်္ကဿံ၊ သင်္ကဿပြည်သို့လည်းကောင်း။
ကဏ္ဏကုဇ္ဇံ၊ ကဏ္ဏကုဇ္ဇအရပ်သို့လည်းကောင်း။
အနုပဂမ္မ၊ မဝင် မကပ်မူ၍။
ယေန၊ အကြင်အရပ်၌။
ပယာဂပတိဋ္ဌာနံ၊ ပယာဂရွာဆိပ်သည်။
အတ္ထိ၊ ရှိ၏။
တေန၊ ထိုအရပ်သို့။
ဥပသင်္ကမိ၊ ကပ်တော်မူလေ၏။
ဥပသင်္ကမိတွာ၊ ကပ်တော်မူလေပြီး၍။
ပယာဂပတိဋ္ဌာနေ၊ ပယာဂရွာဆိပ်၌။
ဂင်္ဂံ နဒိံ၊ ဂင်္ဂါမြစ်ကို။
ဥတ္တရိတွာ၊ ကူးတော်မူ၍။
ယေန၊ အကြင်အရပ်၌။
ဗာရာဏသီ၊ ဗာရာဏသီပြည်သည်။
အတ္ထိ၊ ရှိ၏။
တံ၊ ဗာရာဏသီပြည်ရှိရာ ထိုအရပ်သို့။
အဝသရိ၊ ရောက်တော်မူ၏။
အထ ခေါ၊ ထိုအခါ၌။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ဗာရာဏသိယံ၊ ဗာရာဏသီပြည်၌။
ယထာဘိရန္တံ၊ အလိုရှိတော်မူသမျှ ကာလပတ်လုံး။
ဝိဟရိတွာ၊ နေတော်မူ၍။
ယေန၊ အကြင်အရပ်၌။
ဝေသာလီ၊ ဝေသာလီပြည်သည်။
အတ္ထိ၊ ရှိ၏။
တေန၊ ထိုအရပ်သို့။
စာရိကံ၊ ဒေသစာရီကို။
ပက္ကာမိ၊ ဖဲကြွတော်မူ၏။
အနုပုဗ္ဗေန၊ အစဉ်သဖြင့်။
စာရိကံ၊ ဒေသစာရီကို။
စရမာနော၊ ကြွတော်မူသည်ရှိသော်။
ယေန၊ အကြင်အရပ်၌။
ဝေသာလီ၊ ဝေသာလီပြည်သည်။
အတ္ထိ၊ ရှိ၏။
တံ၊ ထိုဝေသာလီပြည်ရှိရာ အရပ်သို့။
အဝသရိ၊ ရောက်တော်မူ၏။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
တတြ တိဿံ ဝေသာလိယံ၊ ထိုဝေသာလီပြည်၌။
မဟာဝနေ၊ မဟာဝုန်တော၌။
ကူဋာဂါရသာလာယံ၊ စုလစ်မွန်းချွန် အထွတ်တပ်သော ဇရပ်ကျောင်း၌။
ဝိဟရတိ၊ နေတော်မူ၏
ဝေရဉ္ဇဘာဏဝါရော၊ ဝေရဉ္ဇဘာဏဝါရသည်။
နိဋ္ဌိတော၊ ပြီးပြီ။