Issues
Select Version
PTS
English
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Yamakappakaraṇa-aṭṭhakathā
Yamakappakaraṇa-aṭṭhakathā

1. Paṇṇattiniddesavāravaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ပန၊ ကား။ နိဒ္ဒေသဝါရေ၊ ၌။ ဟေဋ္ဌာ၊ ၌။ ဝါ၊ အောက်ဖြစ်သော။ ခန္ဓယမကဿ၊ ၏။ ပဏ္ဏတ္တိဝါရနိဒ္ဒေသေ၊ ၌။ ဝုတ္တနယေနေဝ၊ လျှင်။
ဝိသေသာ၊ ပုဒ်အထူးကို။ အညတြ၊ ကြဉ်၍။ အတ္ထော ဝေဒိတဗ္ဗော။
တတြ၊ ထိုအညတြဝိသေသာ ဟူသောပါဌ်၌။ [ရှေးနိဿယဝယ် "တတြ၊ ထိုသိခြင်း၌။ (တနည်း) ထိုပဏ္ဏတ္တိဝါရနိဒ္ဒေသ၌" ဟု စွဲလေ၏။] အယံ၊ ဤဆိုအပ်လတံ့ကား။ ဝိသေသော၊ တည်း။ **ဒိဗ္ဗစက္ခူ**တိ၊ ဟူသည်။ ဒုတိယဝိဇ္ဇာဉာဏံ၊ ဒုတိယဝိဇ္ဇာဉာဏ်တည်း။ [ပု, ဒိ, အာ ဟူသော ဝိဇ္ဇာ ၃-ပါးတွင် ဒိဗ္ဗစက္ခုတည်း။]
**ပညာစက္ခူ**တိ၊ ဟူသည်။ တတိယဝိဇ္ဇာဉာဏံ၊ တတိယဝိဇ္ဇာဉာဏ်တည်း။
**ဒိဗ္ဗသောတန္တိ**၊ ဟူသည်။ ဒုတိယအဘိညာဉာဏံ၊ ဒုတိယအဘိညာဉ်ဉာဏ်တည်း။ [ဣဒ္ဓိဝိဓံ ဒိဗ္ဗသောတံ စသော ၆-ပါးတွင် ဒုတိယအဘိညာဉ်ဉာဏ်တည်း။]
**တဏှာသောတန္တိ**၊ ဟူသည်။ တဏှာဝ၊ တဏှာပင်တည်း။ [တဏှာမှတပါး အခြား အရကောက်မရှိဟူလို။ "တဏှာဧဝ+သောတံ တဏှာသောတံ"ဟုပြု။]
**အဝသေသော ကာယော**တိ၊ ဟူသည်။ နာမကာယော၊ နာမ်အပေါင်း၎င်း။ ရူပကာယော၊ ရုပ်အပေါင်း၎င်း။ ဟတ္ထိကာယော၊ ဆင်အပေါင်း၎င်း။ အဿကာယော၊ မြင်းအပေါင်း၎င်း။ ဣတိဧဝမာဒိ၊ ဤသို့ အစရှိသည်တည်း။
**အဝသေသံ ရူပန္တိ**၊ ဟူသည်။ ရူပါယတနတော၊ မှ။ သေသံ၊ ကြွင်းသော။ ဘူတုပါဒါယရူပဉ္စေဝ၊ ဘူတရုပ် ဥပါဒါရုပ်၎င်း။ ပိယရူပသာတရူပဉ္စ၊ ပိယရုပ်သာတရုပ် ၎င်းတည်း။
**သီလဂန္ဓော**တိအာဒီနိ၊ အစရှိသောအမည်တို့သည်။ ဝါယနဋ္ဌေန ၁။ ဝါယနဋ္ဌေန။ ။ ဝါဓာတ်သည် ဂတိ, ဗန္ဓန, ဂန္ဓအနက်တို့ကို ဟော၏။ ထိုတွင် ဂတိအနက်ကို ရည်ရွယ်၍ "ပသာရဏဋ္ဌေန' ဟု၎င်း, ဂန္ဓအနက်ကို ရည်ရွယ်၍ "ပါကဋသာဝဋ္ဌေန ဝါ" ဟု၎င်း ဋီကာဖွင့်သည်။ [ယသ္မာ ပနသဝိသယဗျာပနံ၊ (မိမိဆိုင်ရာအရပ်၌ ပြန့်နှံ့ခြင်းသည်။) တတ္ထ၊ (ထိုမိမိအရာ၌။) ပသဋဘာဝေါ၊ ပြန့်နှံ့သည်၏အဖြစ်သည်။ ပါကဋဘာဝေါ ဝါ၊ (တနည်း)ထင်ရှားသည်၏အဖြစ်သည်။ ဟောတိ။ တသ္မာ ပသာရဏဋ္ဌေန ပါကဋဘာဝဋ္ဌေန ဝါတိဝုတ္တံ-အနု။]။ ၊ ပြန့်နှံ့တတ်သည်အဖြစ် ဟူသော အနက်ကြောင့်။ ဝါ၊ ထင်ရှားပြတတ်သည်၏ အဖြစ်ဟူသော အနက်ကြောင့်။ သီလာဒီနံယေဝ၊ သီလအစရှိသည်တို့၏ပင်။ နာမာနိ၊ အမည်တို့တည်း။ [သီလာဒိနံ၌ အာဒိဖြင့် ပါဠိတော်၌လာသော သမာဓိ ပညာတို့ကိုယူ။]
**အတ္ထရသော**တိအာဒီနိပိ၊ အစရှိသော အမည်တို့သည်လည်း။ သာဓုမဓုရဋ္ဌေန၊ သာယာအပ်သည်၏အဖြစ် ဟူသော အနက် ချိုမြိန် ကောင်းမြတ်သော အရသာနှင့်တူသည်၏အဖြစ် ဟူသောအနက်ကြောင့်။ အတ္ထာဒီနညေဝ၊ အတ္ထအစရှိသည်တို့၏ပင်။ နာမာနိ၊ တို့တည်း။ [အတ္ထာဒီနံ၌ အာဒိဖြင့် ပါဠိတော်၌ လာသော ဓမ္မ, ဝိမုတ္တိတို့ကိုယူ။]
**အဝသေသော ဓမ္မော**တိ၊ ဟူသည်ကား။ ပရိယတ္တိဓမ္မာဒိအနေကပ္ပဘေဒေါ၊ ပရိယတ္တိဓမ္မအစရှိသော အပြားရှိသော တပါးမက များသော အပြားရှိသော ဓမ္မတည်း။ ဣတိအယံ၊ ဤဆိုအပ်ပြီးကား။ ဧတ္ထ၊ ဤအာယတနပဏ္ဏတ္တိဝါရ၌။ ဝိသေသော၊ တည်း။
ပဏ္ဏတ္တိနိဒ္ဒေသဝါရဝဏ္ဏနာ(နိဋ္ဌိတာ)။