Issues
Select Version
元亨寺·CBETA
中文
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
my-tipitaka
မြန်မာဘာသာ
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

2. Omasavādasikkhāpadaṃ

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

**၁၂။** ဆဗ္ဗဂ္ဂိယာ၊ ခြောက်ယောက်အစု၌ ဖြစ်ကုန်သော။ (ခြောက်ယောက် အစုတွင် ပါဝင်ကုန်သော။) ဘိက္ခူ ပေသလေဟိ (၁) ပေသလေဟိ ။ ။ပါရာဇိကဏ်ဘာသာဋီ ၂၊ ၂၆၅။ ၊ ချစ်တပ်သော သီလရှိကုန် သော ဝါ သီလကို ချစ်မြတ်နိုးကုန်သော။ ဘိက္ခူဟိ၊ တို့နှင့်။ သဒ္ဓိံ။ ဘဏ္ဍန္တာ၊ ငြင်းခုန်ကုန်လတ်သော်။ ဝါ၊ ခိုက်ရန်ဖြစ်ကုန်လတ်သော်။ ပေသလေ, ဘိက္ခူ၊ တို့ကို။ ဩမသန္တိ (၂) သြမသန္တိ စသည် ။ ။ဝါစိတ်ဘာသာဋီကာ ၁၊ ၁၃။ ၊ နှုတ်လှံထိုးကြကုန်၏။ (နှုတ်တည်းဟူသော လှံဖြင့် ထိုးကြကုန်၏။) ဇာတိယာပိ၊ အမျိုးဇာတ်အားဖြင့်လည်းကောင် ။ [နာမ၊ နာမည်။ ဂေါတ္တ၊ အနွယ်။ ကမ္မ၊ အလုပ်။ သိပ္ပ၊ အတတ်ပညာ။ အာဗာဓအနာရောဂါ။ လိင်္ဂ၊ အသွင်သဏ္ဌာန် ကိလေသ ကိလေသာ အာပတ္တိ အာပတ်။]
ဟီနေန၊ ယုတ်ညံ့သော။ အက္ကော သေနပိ၊ ဆဲရေးခြင်းဖြင့်လည်းကောင်း။ (ဆဲရေးကြောင်း စကားဖြင်လည်းကောင်း။) ခုသေန္တိ၊ ဆဲရေးကြကုန်၏။ ဝမ္ဘေန္တိ၊ ရှုတ်ချကြကုန်၏ ။
ပေ။ ဩမသိဿန္တိနာမ၊ နှုတ် လှံထိုးကြကုန်သနည်း။ (နှုတ်လှံထိုးကြပါလိမ့်)။
ပေ၊ ခုံသေဿန္တိနာမ၊ ဆဲရေးကြ ကုန်သနည်း။ ဝမ္ဘေဿန္တိနာမ၊ ရှုတ်ချကြကုန်သနည်း ။
ပေ။ ဓမ္မ၊ တရားရှိသော။ ကထံ၊ စကားကို။ ကတွာ၊ ပြုတော်မူပြီး၍။ ဘိက္ခူ၊ တို့ကို။ အာမန္တေသိ၊ မိန့်တော်မူပြီ။ (ကိံ၊ အဘယ်သို့ မိန့်တော်မူသနည်း။)
**၁၃။** ဘိက္ခဝေ၊ ရဟန်းတို့။ ဘူတပုဗ္ဗံ (၃)ဘူတပုဗ္ဗံ ။ပါစိတ်ဘာသာဋီ ၁၊ ၁၃။ [ဘူတပုဗ္ဗအရ ဝတ္ထု၏ ဝတ္ထုသဒ္ဒါ သည် အကြောင်းအရာ ကာရဏအနက်ကို ဟော၍ “ရှေး၌ ဖြစ်ဖူးသော အကြောင်းကား”ဟု ပေးနိုင်၏။ ၊ ရေ ၌ ဖြစ်ဖူးသော ဝတ္ထုကာ ။ (ရှေး၌ ဖြစ်ဖူးသော အကြောင်းကား။) တက္ကသိလာယ၊ တက္ကသိုလ်ပြည်၌။ အညတရဿ၊ နာမည်အနွယ်အားဖြင့်မထင်ရှားသော။ ဝါ၊ ထစ်ထောက်သော။ ဗြာဟ္မဏဿ၊ ပုဏ္ဏား၏။ ဝါ၊ မှာ။ နန္ဒိဝိသာလောနာမ၊ နန္ဒိဝိသာလမည်သော။ (နှစ်သက်ဖွယ်ရှိ၍ ပြန်ကားသော ဦးချိုရှိသောကြောင့် နန္ဒီဝိသာလမည်သော။) ဗလီဗဒ္ဒေါ၊ နွားလား သည်။ အဟောသိ၊ ရှိပြီ ။
ပေ၊အဝေါစ၊ (ကိံ) ။
ဗြာဟ္မ ဗြာဟ္မဏ။ တွံ၊ သင်သည်။ ဂစ္ဆ၊ သွားပါ။ သေဋ္ဌိနာ၊ ဂေါဝိန္နကသူဌေနှင့်။ သဒ္ဓိံ၊ အတူ။ သဟဿန၊ (အသပြာ) တစ်ထောင်ဖြင့်။ အမ္ဘာတံ၊ အလောင်းအစားကို။ ကရောဟိ၊ ပြုချေပါ။ (ကိံ၊ အဘယ် သို့ ပြော၍ ပြုရမည်နည်။) မယှံ၊ ကျွန်ုပ်၏။ ဗလီဗဒ္ဒေါ၊ သည်။ အတိဗဒ္ဓံ၊ တစ်ဆက် တည်း ဖွဲ တုပ်အပ်သော။ သကဋသတံ၊ လှည် ပေါင်တစ်ရာကို။ ပဝဋ္ဋေဿဏတိ၊ လိမ့်စေနိုင်ပါလိမ့်မည်။ (လိမ့်အောင် ရုန်းနိုင်ပါလိမ့်မည်။) ဣတိ၊ ဤသို့ပြော၍ပြုချေပါ။ ဣတိ၊ ဤသို့ပြောပြီ။ [အဝေါစ ကရောဟိ ကြိယာနှစ်ပုဒ် ရှိ၍ ဣတိတစ်လုံ အကျေကြံသည်။]
အထခေါ၊ (နန္ဒီဝိသာလနွားလားကြီးက ပြောဆိုရာ) ထိုအခါ၌။ သော ဗြာဟ္မ ဏော ။ပေ။ အကာသိ၊ ပြုပြီ။ (ကိံ၊ အဘယ်သို့ ပြော၍ ပြုသနည်း)။ ပေ။ ပဝေဋ္ဋေဿတိ။ ဣတိ၊ ဤသို့ပြော၍ ပြုပြီ။
ပေ။ သကဋသတ၊ ကို။ အတိဗန္ဓိတွာ၊ တစ်ဆက်တည်းဖွဲထုပ်၍။ နန္ဒီဝိသာလ ဗလိဗဒ္ဓံ၊ ကို။ ယုဉ္ဇိတွာ၊ ကပ်ယှဉ်၍။ ဧတံ၊ ဤစကားကို။ အဝေါစ၊ ပြောပြီ။ (ကိံ၊ အဘယ်သို့ ပြောသနည်း။)
တူဋ၊ ကောက်ကျစ်စဉ်းလဲသော နွား(မရိုးမသားလိမ်ညာသော နွား)။ ဂစ္ဆ၊ သွား။ ကူဋ ဝဟဿု၊ ရုန်း။ ဣတိ၊ ဤသို့ပြောပြီ။
ဘိက္ခဝေ၊ တို့။ အထခေါ၊ ပြောဆိုရာ ထိုအခါ၌ ။ ပေ။ တတ္ထေဝ၊ ကပ်ယှဉ်ရာ ထိုအရပ်၌ပင်။ အဋ္ဌာသိ၊ ရပ်နေပြီ ။
ပေ။ သဟဿေန၊ တစ်ထောင်ပြင်။ ပရာဇိတေ (၁) ပရာဇိတော ။ [ပရာ+ ဒိ+ ကရိတ်ကျေ+ကဟော တ။] ဗရာဇိတော၏ သဒ္ဓတ္ထမှာ “ရှုံးစေအပ်" ဟု ဖြစ်၏၊ ဤပုဒ်၏ ကတ္တာ က နန္ဒီဝိသာလေန ဗလီဗဒွေနတည်း။ ၊ ရှုံးစေအပ်သည် (ဖြစ်၍။) ဝါ၊ ရှုံးသည်ဖြစ်၍။ ပဇ္ဈာယိ၊ ကြံမှိုင်နေပြီ။
ပေ။ ဗြာဟ္မဏ, ကိဿ၊ အဘယ်ကြောင့်။ တွ, ဝဇ္ဈာယသိ၊ ကြံမှိုင်နေသနည်း။ ဣတိ၊ ဤသို့ပြောပြီ။ ဘော အို နွားလာ။
ဟိ၊ အကြင်ကြောင့်။ အဟ၊ ငါ့ကို။ တယာ၊ သင်သည်။ သဟဿေန၊ ဖြင့်။ ပရာဇိတော၊ ရှူစေအပ်ပြီ။ (ရှုးအောင်လုပ်အပ်ပြီ)။
တထာ (၂) အထာဟိ ။ တထာသည် တသ္မာအနက်ဟော နိပါတ်၊ ဟိသည် ယသ္မာ အနက်ဟော နိပါတ်၊ ဤသို့ယူဆ၍ ပဌမနည်း ပေးသည်၊ (တစ်နည်း) ယထာသည် တတောနှင့် အနက်တူသော နိယမဟိတ်အနက်ဟော နိပါတ်၊ ဟိသည်ဧဝ အနက်ဟော နိပါတ်၊ “ယသ္မာ" ဟု အနိယမ ထည့်ပါ၊ တသာဟိ၏ စပ်ရာကိုလည်း ရှေးဝါကျရှိ ပုဒ်များကို ထည့်ပါ၊ ပဌမနည်း သည် “တထာဟိမှာ ဉာပကာ ရခါ ချဲ့မြဲစွာ" ဟူသော နိယာမ်အရ ဉာပကတေတု အနက်ပေး ပနှင့် လျော်၏ ဒုတိယနည်းကား အာစရိယဝါဒတည်း၊ “တထာဟိ ပန- ဖြစ်သမျှအကြောင်းကို ဖြစ်ထိင်းဆိုအံ့” ဟု ဘုရားကြီးဆရာတော် နိဿယ၌ ပေးတော်မူ၏။ [ပါရာဇိကဏ်ဘာသာဋီ ၃၊ ၆၃၂၊ ပါရာဇိကဏ် ပါဠိတော်နိဿယ ၁၆၀၊ ပါစိတ်ပါဠိတော်နိဿယ ၆။] ၊ ထို့ကြောင့်တည်း။ တစ်နည်း။ ။ဘော, အဟ ကို။ တယာ၊ သည်။ သဟဿေန၊ ဖြင့်။ ပရာဇိ ထော၊ အပ်ပြီ။ တထာဟိ (တတောဧဝ)၊ ထို့ကြောင်ပင်။ ပဇ္ဈာယာမိ၊ ကြံပိုင်နေပါ၏။ ဣတိ၊ ဤသို့ပြောပြီ။ ဗြာဟ္မဏ, ကိဿ၊ ကြောင့်။ တွံ၊ သည်။ မံ၊ ငါကို။ အကူဋံ၊ မကောက်ကျစ် မစဉ်း လဲပါဘဲ။ ကူဋဝါဒေန၊ ကောက်ကျစ်စဉ်းလဲသူဟု ပြောဆိုကြောင် စကားဖြင့်။ (ကူဋ ဟူသော စကားဖြင့်။) ပါပေသိ၊ ရောက်စေရသနည်း။ (ယုတ်ညံ့သူအဖြစ်သို့ ရောက် စေသနည်း။)
ပေ။ မာစ၊ ငါ့ကိုလည်း။ အကူဋံ၊ ဘဲ။ မာ ပါပေသိ၊ မရောက်စေပါလင့်။ ဣတိ၊ ဤသို့ပြောပြီ ။
ပေ၊ ဘဒြ၊ ကောင်းသော နွားလား။ ဂစ္ဆ၊ သွားလိုက်စမ်းပါ။ ဘဒြ, ဝဟဿု၊ ရုန်းလိုက်စမ်းပါ။ (ကြိုစားလိုက်စမ်းပါ။)
ပေ။ ပဝဋ္ဋေသိ၊ လိမ့်စေပြီ။ (လိမ်အောင် ရုန်းပြီ။)
ဂါထာအနက်။ ။ မနာပမေဝ၊ မြတ်နိုးဖွယ်စကားကိုသာ။ ဘာသေယျ၊ ပြော ဆိုရာ၏။ အမနာပံ၊ မမြတ်နိုးဖွယ်စကားကို။ ကုဒါစန၊ တစ်ရတစ်ခါမျှ။ (ဘယ်သော အခါမှ)။ န ဘာသေယျ၊ မပြောဆိုရာ။
မနာပံ၊ ကို။ ဘာသမာနဿ၊ ပြောဆိုသော ပုဏ္ဏား၏။ ဂရုံ၊ လေးသော။ ဘာရံ၊ ဝန်ကို။ (လှည်းပေါင်း တစ်ရာဟူသော ဝန်ကို။) ဥဒဗ္ဗဟိ (၁) ဥဒဗ္ဗဟိ ။ ။[ဥ+ဝဟ+ဤ။] ဓာတ်၏ အစ၌ အလား ဒ်လာ၊ ဝဒွေဘော်လာဝနှစ်လုံကို ဗနှစ်လုံးပြု၊ ဤကို ရဿပြု၊ ဤသို့ရှေးနိဿယ၌ ရုပ်ပြီးစေ၏၊ တစ်နည်း အဗ္ဗဟိဝတ မေ သလ္လံ (ဝိမာန ၁၁၄) စသည်၌ အဗ္ဗဟီကဲ့သို့ ဥ+အာ+ဝဟ+ဤ ဟု ကြံလျှင်လည်းသင့်လျော်၏။ [တိပိ အဘိဓာန် အတွဲ ၁ ၈၃၆။] ၊ ထုတ်ဆောင်ပြီ။ (နွားလားကြီးက ထုတ်ဆောင်ပြီ။)
ဓနဉ္စ၊ ဥစ္စာကိုလည် ။ န၊ ထိုပုဏ္ဏားကို။ အလာဘေသိ၊ ရစေပြီ။ တေနစ (၂)‌တေနစ‌ ။ ။တေနဖြင့် “နေစ အလာဘေသိ" တို့ ကြည့်၍ မနလာဘကို ခွဲပါ၊ “စ” ကား အဝုတ္ထသမ္မစ္စည်း ထို “စ” ဖြင့် အတ္တနော ကမ္မေနကို ဆည်းပါ ထိုအတိုင်း အနက်ပေးလိုမှု “တေန-ထိုပုဏ္ဏား၏ ဥစ္စာကို ရခြင်းကြောင့်လည်းကောင်း၊အတ္တနော- ၏ ကမ္မေနစ- အလုပ်ကြောင်လည်းကောင်း၊ အတ္တမနော အဟ၊ [ဥဒဗ္ဗဟိ အလာဘေသိ အဟု ဤသုံ-ပုဒ်၏ ကတ္တာ မှာ နန္ဒိဝိဘာလန္ဒာ-လားတည်း၊ ပါစိတ်ဘာသာရှိ ၁ ၁၅။] ၊ ထိုသို့ရခြင်းကြောင့်လည်း။ အတ္တမနော၊ မိမိစိတ်ရှိသူသည်။ ဝါ၊ နှစ်သက်ဝမ်းမြောက်သူသည် အဟု ဖြစ်ပြီ။ ဣတိ၊ ဤသို့မိန့်တော်မူပြီ။
တဒါဟိ၊ တိရစ္ဆာန်ဖြစ်ရာ ထိုအခါ၌သော်မှလည်း။ မေ၊ သည်။ ခုသနာ၊ ဆဲရေး ခြင်းကို။ ဝမ္ဘနာ၊ ရှုတ်ချခြင် ကို။ အမနာပါ၊ မမြတ်နိုးအပ်။
ဧတရဟိ၊ ယခုအခါ၌။ ကိမင်္ဂံ (၃) ကိမင်္ဂံ ။ ။ပါရာဇိကဏ် ဘာသာဋီ၄၊ ၁၄၊ ၄၄၄ ၄၅၅၊ စာသွား မတူသည်ကိုသတိပြုပါ။ ၊ အဘယ်အကြောင်းကြောင့်။ ခုံသနာ၊ သည်။ ဝါ၊ ကို။ ဝမ္ဘနာ၊ သည်။ ဝါ၊ ကို။ မနာပါ၊ မြတ်နိုးအပ်သည်။ ဘဝိဿတိ၊ ဖြစ်လိမ့်မည်နည်း။ (တစ်နည်း) ရဟိ၊ ၌။ ခုံသနာ၊ သည်။ ဝါ၊ ကို။ ဝမ္ဘနာ၊ သည်။ ဝါ၊ ကို။ မနာပါ , ဘဝိဿတိ၊ လိမ့်မည် နည်း။ ဣတိ၊ ဤသို့ ကိမင်္ဂံ အကြောင်းဆိုဖွယ် ဘယ်မှာ ရှိအံ့နည်း။
၁၅။ ဩမသဝါဒေါနာမ၊ မည်သည်။ ဒသဟိ, အာကာရေဟိ၊ အကြောင်းအင်္ဂါ တို့ဖြင့်။ ဝါ၊ အခြင်းအရာတို့ဖြင့်။ [ထိုဒသသရုပ် ဖော်လို၍ ဇာတိယာပိ စသည်ကို မိန့်တော်မူသည်။] ဇာတိယာပိ၊ ဇာတ်အားဖြင့်လည်းကောင်း ။ ပေ။ အက္ကောသေနပိ၊ ဆဲရေးကြောင်းဖြစ်သော စကားဖြင့်လည်းကောင်း။ ဩမသတိ၊ ၏။ [ဇာတိနာမ စသော ဆယ်မျို ကို အက္ကောသဝတ္ထုဟု ခေါ်၏။]
ဇာတိနာမ၊ ဇာတိမည်သည်။ ဇာတိယော၊ အမျိုး ဇာတ်တို့သည်။ ဒွေ၊ ၂ မျို တို့ တည်း။ ဟီနာ၊ ယုတ်ညံ့သော။ (အောက်တန်းကျသော။) ဇာတိစ၊ အမျိုးဇာတ်လည်း ကောင်း။ ဥက္ကဋ္ဌာ၊ မြင့်မြတ်သော။ (အထက်တန်းကျသော။) ဇာတိစ၊ လည်းကောင်း တည်း။
ဟီနာ၊ သော။ ဇာတိနာမ၊ မည်သည်။ စဏ္ဍာလဇာတိ၊ ဒွန်းစဏ္ဍားတို့၏ အမျိုးဇာတ်လည်းကောင်း။ ဝေနဇာတိ (၁) ဝေနဇာတိ စသည် ။ ၊ပါစိတ်ဘာသာဋီ ၁၊ ၁၅။ ၊ လက်သမားတို့၏ အမျိုးဇာတ်လည်းကောင်း။ ဝါ၊ နှီး ရွှေသမားတို့၏ အမျိုးဇာတ်လည်းကောင်း။ (နေသာဒ မုဆိုးတငါ၊ ရထကာရ ရထားလုပ်သမား။ ဝါ၊ သားရေနယ်သမား)။ ပုက္ကုသဇာတိ၊ ပန် မှိုက်သွန် မစင်ကျုံးသမားတို့၏ အမျိုး ဇာတ်လည်းကောင်းတည်း။
ဧသာ၊ ဤအမျိုးဇာတ်သည်။ ဟီနာ၊ သော။ ဇာတိနာမ၊ မည်၏။
ဥက္ကဋ္ဌာ၊ သော။ ဇာတိနာမ၊ မည်သည်။ ခတ္တိယဇာတိ၊ မင်းတို့၏ အမျိုးဇာတ်လည် ကောင်း။ (မင်းမျိုးလည်းကောင်း)။ ဗြာဟ္မဏဇာတိ၊ ဗြာဟ္မဏတို့၏ အမျိုးဇာတ်လည်းကောင်း။ (ပုဏ္ဏားမျိုးလည်းကောင်း) တည်း။
သော၊ သည်။ ဥက္ကဋ္ဌာ၊ သော။ ဇာတိနာမ၊ မည်၏။
ဟီနံ၊ သော။ နာမနာမ၊ မည်သည်။ အဝကဏ္ဏကံ၊ အဝကဏ္ဏကအမည်လည်းကောင်း။ ဇဝကဏ္ဏကံ၊ ဇဝကဏ္ဏကအမည်လည်းကောင်း။ ဓနိဋ္ဌကံ၊ လည်းကောင်း။ သပိဋ္ဌကံ၊ လည်းကောင်း။ ကုလဝဍ္ဎကံ၊ ကုလဝဍ္ဎကအမည်လည်းကောင်းတည်း။ (အဝကဏ္ဏကစသည်ကား ကျွန်များ၏နာမည်တည်း။) ဝါ ပန၊ သည်သာ မကသေး။ တေသု တေသု ဇနပဒေသု၊ ထိုထိုဇနပုဒ်တို့၌။ ဩညာတံ (၂) ဩညာတံ စသည် ။ ပါစိတ်ဘာသာဋီ ၁၊ ၆။ ၊ အယုတ်အညံ့ဟု အသိ အမှတ်ပြုအပ်သော။ အဝညာတံ၊ ရှုတ်ချ၍ သိအပ်သော။ ဝါ၊ အောက်ချ၍ သိအပ် သော။ ဟီဠိတံ၊ စက်ဆုပ်အပ်သော။ ပရိုဘူတံ၊ လွှမ်းမို အပ်သော။ အစိတ္တီကတံ၊ မိမိစိတ်ကဲ့သို့ မပြုအပ်သော။ ဝါ၊ အလေးအမြတ် မပြုအပ်သော အမည်တည်း။
ဥက္ကဋ္ဌံ၊ သော။ နာမံနာမ၊ မည်သည်။ ဗုဒ္ဓပဋိသံယုတ္ထံ၊ ဘုရားနှင့် စပ်ယှဉ်သော။ ဓမ္မပဋိသံယုတ္ထံ၊ သော။ သဃပဋိသံယုတ္တံ၊ သဃာနှင့် စပ်ယှဉ်သော အမည်တည်း။ (ဗုဒ္ဓဝံသ, ဇိနောရသ စသော အမည်များတည်း)။ ဝါ ပန သေ ။ တေသု တေသု ဇနပဒေသု၊ တို့၌။ အနောညာတံ၊ အယုတ်အညံ့ဟု အသိအမှတ် မပြုအပ်သော။ အနုဝညာတံ၊ ရှုတ်ချ၍ မသိအပ်သော။ ဝါ၊ အောက်ချ၍ မသိအပ်သော။ အဟီဠိ၊ မစက်ဆုပ်အပ်သော။ အပရိဘူတ၊ မလွှမ်းမိုးအပ်သော။ စိတ္တီကတံ၊ စိတ်ကဲ့သို့ ပြုအပ်သော။ ဝါ၊ အလေးအမြတ် ပြုအပ်သော အမည်တည်း။ အမှာ ။ ။နောက်နောက်ဝါကျများ၌ ဂေါတ္တစသည်ကို ကြည့်၍ ဤသို့ အပြည့်အစုံ အနက်ပေးပါ။
ကောသိယဂေါတ္တံ၊ ကောသိယအနွယ်။ ဂေါတမဂေါတ္တံ၊ ဂေါတမအနွယ်။
ကောဋ္ဌကကမ္နံ၊ လက်သမားတို့၏ အလုပ်။ ဝါ၊ ကျောက်ဆစ်သမားတို့၏ အလုပ်။ ပုပ္ဖဆဍ္ဍကကမ္မံ (၁) ပုပ္ဖဆဍ္ဍက ။ ။ ပါစိတ်ဘာသာဋီ ၁၊ ၁၆။ ၊ (ပုပ္ဖဆဋ္ဋကကမ္မ) ပန်းမှိုက်သွန် မစင်ကျုံးသမားတို့၏ အလုပ်။
ကသိ၊ လယ်ယာလုပ်ခြင်း။ ဝဏိဇ္ဇာ၊ ကုန်ရောင်း ကုန်ဝယ်ခြင်း။ ဂေါရက္ခာ၊ နွားတို့ကို စောင့်ရှောက် မွေးမြူခြင်း။
နဠကာရသိပ္ပံ၊ ကျူထရသည်တို့၏ အတတ်ပညာ။ ကုမ္ဘ ကာရ၊ အို.လုပ်သမား။ ပေသကာရ၊ ရက်ကန်းသည်။ စမ္မကာရ၊ သာ ရေနယ်သမား။ (ဖိနပ်ချုပ်သမား) ။ နုဟာပိတ၊ ဆတ္တာသည်။ (ရေချိုးပေးရသူ။)
မုဒ္ဒါ (၂) မုဒ္ဒါစသည် ။ ။ဓုမေဟော၊ ပါစိတ်ဘာသာဋီ ၁ ၊၁၆။ ၊ လက်ချောင်း ချို၍ ရေတွက်ကြောင်းအတတ်။ ဂဏနာ။ အစ္ဆိန္နက၊ စသော ဂဏန်းအတတ်။ လေခါ၊ စားရေးအတတ်။
သဗ္ဗေပိ၊ အလေးစုံလည်းဖြစ်ကုန်သော။ အာဗာဓာ၊ အနာရောဂါတို့သည်။ ဟီနာ၊ ယုတ်ညံကုန်၏။ အပိစ၊ စင်စစ်ကား။ မဓုမေဟော၊ ဆီးချိုရောဂါဖြစ်သော။ အာဗာဓော၊ သည်။ ဥက္ကဋ္ဌော ။
ပေ။ အတိဒိဃံ၊ အလွန်ရည်သော (အလွန်မြင်သော) ပုံသဏ္ဌာန်။ အတတိရဿံ၊ အလွန်ပုတ်သော (အလွန်နိမ့်သော) ပုံသဏ္ဌာန်။ အတိ ကဏှံ၊ အလွန်မည်းနက်သော အဆင်။ အစ္စောဒါတံ၊ အလွန်ဖြူသော အဆင်း။
နာတိဒီဃံ၊ အလွန်မရှည်သော ။
သောတာပတ္တိ၊ သောတာပတ္တိသည်လည်းကောင်း။ သမာပတ္တိ၊ သမာပတ္တိသည်လည်းကောင်း။ ဥက္ကဋ္ဌာ။ (ပါရာဇိကာပတ္တိ စသည်၌ အာပတ္တိအားလုံး တီနဖြစ်သော်လည်း သောတာပတ္တိ, သမာပတ္တိ၌ အာပတ္ထိကား ဥက္ကဋ္ဌဖြစ်သည်-ဟူလို။)
အက္ကောသောနာမ၊ မည်သည်။ အက္ကောသာ၊ ဆဲရေးခြင်းတို့သည်။ ဝါ၊ ဆဲရေး ကြောင်း စကားတို့သည်။ ဒွေ၊ တို့တည်း။ ဟီနော၊ သော။ အက္ကောသောစ၊ ဆဲရေး ခြင်းလည်းကောင်း။ ဝါ၊ ဆဲရေးကြောင်းစကားလည်းကောင်။ ဥက္ကဋ္ဌာ၊ သော။ အက္ကောသောစ၊ လည်းကောင်းတည်း။
ဟီနော၊ သော။ အက္ကောသောနာမ၊ မည် သည်။ (တွံ။) ဩဋ္ဌော၊ ကုလားအုပ်သည်။ အသိ၊ ဖြစ်၏။ (မဏ္ဍော၊ ဆိတ်။ ဂေါဏော၊ နွား။ ဂဒြဘော၊ မြည်း။ တိရစ္ဆာနဂတော၊ တိရစ္ဆာန်။ နေရယိကော၊ ငရဲ၌ဖြစ်လာသူ။ (ငရဲကောင်။)
တုယှံ၊ သင်၏။ ဝါ၊ မှာ။ သုဂတိ၊ ကောင်းသော ဂတိသည်။ နတ္ထိ။ တုယှံ၊ သည်။ ဒုဂ္ဂတိယေဝ၊ မကောင်းသော ဂတိကိုသာ။ ပါဋိကင်္ခါ (၁) ပါဋိကင်္ခါ ။ ၊ အလိုရှိထိုက်၏။ (မျှော်လင့်ထိုက်၏။) ဣတိ၊ ဤသို့ဆဲရေးခြင်းတည်း။ ယကာရေနဝါ (၂) ယကာရေနဝါ ။ ။ပါစိတ်ဘာသာဋီ ၁၊ ၁၇။ ၊ ယအက္ခရာဖြင်သော်လည်းကောင်း။ ဘကာရေနဝါ၊ ဘအက္ခရာဖြင့်သော်လည်းကောင်း။ ကာဋကောဋစိကာယဒါ၊ ယောက်ျားအင်္ဂါဇာတ်, မိန်းမအင်္ဂါဇာတ်ဖြစ်သော်လည်းကောင်း။ ယော အက္ကောသော၊ အကြင်ဆဲရေးခြင်း သည်။ အတ္ထိ။ ဧသော၊ ဤဆဲရေးခြင်းသည်။ ဟီနော၊ သော။ အက္ကောသောနာမ၊ မည်၏။
(ပဏ္ဍိတော၊ ပညာရှိ။ ဗျတ္တော၊ ထက်မြက်ကျွမ်းကျင်သူ။ မေဓာပိ၊ တစ်ခဏ ချင်း ဖြစ်ပေါ်လာသော ပညာရှိသူ။ ဗဟုဿုတော၊ ဗဟုဿုတ ရှိသူ။ ဓမ္မကထိ ကော၊ ဓမ္မကထိက။)
**၁၆ ။** ဥပသမ္ပန္နော၊ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်သူသည်။ ဥပသမ္ပန္နံ၊ ကို။ ခုံသေတူကာမော၊ ဆဲရေးခြင်းငှာ အလိုရှိသည်ဖြစ်၍။ (ဆဲရေးလိုသည်ဖြစ်၍။ ဝမ္ဘေတုကာမော၊ ရှုတ်ချခြင်းငှာ အလိုရှိသည်ဖြစ်၍။ (ရှုတ်ချလိုသည်ဖြစ်၍။) မင်္ကုကတ္တုကာမော၊ အရှိန်အဝါ မရှိသူ၏ အဖြစ်ကို ပြုလိုသည်ဖြစ်၍။ (အရှိန်အဝါ မရှိအောင် ပြုလိုသည်ဖြစ်၍။) ဟီနေန ဟီနေန ဟီနံ ။ ။ဟီနေနအရ စကားရ၏၊ ဇာတိကို တိုက်ရိုက် မရ၊ သို့သော် ဇာတ် ဖြင့် နှုတ်လှံ တီးပုံကို ပြသော ဝါရဖြစ်၍ “ယုတ်ညံ့သော ဇာတ်တို ပြောဆိုကြောင်း စကား" ဟု အနက်ဆိုရသည်၊ ဟီနံလည်း အဿတ္တိ မဟုတ် ဂုဏူပစာတည်း နောက်နောက်ဝါရများ နည်းမှီ သိပါ။ ၊ ယုတ်ညံ့သော စကားဖြင့်။ (ယုတ်ညံသော ဇာတ်ကို ပြောဆိုကြောင်း စကားဖြင့်။) ဟီနံ၊ ယုတ်ညံ့သော ရဟန်းကို။ (ယုတ်ညံ့သော ဇာတ်ရှိသော ရဟန်းကို)။ ဝဒေတိ၊ ပြောအံ့။ စဏ္ဍာလံ၊ ဒွန် ,စဏ္ဍာ ကို။ ဝေနံ၊ နို့ ရွှေသမားကို ။
ပေ။ စဏ္ဍာလော၊ သည်။ အသိ ။ပေ။ ဣတိ၊ ဤသို့။ ဘဏတိ၊ ပြောအံ့။ ဝါစာယ၊ ဝါစာယ စကားခွန်းတိုင်း စကားခွန်းတိုင်း၌။ ပါစိတ္တိ ယဿာ၊ သို့။
အာပတ္တိ၊ သည်။ ဟောတိ။ ဟီနေန၊ ဖြင့်။ ဥက္ကဋ္ဌံ၊ မြတ်သော ရဟန်းကို။
**၁၉။** ကဿက၊ လယ်သမားကို။ ဝါဏိဇ္ဇံ၊ ကုန်သည်ပွဲစားကို။ ဂေါရက္ခ၊ နွားကို စောင့်ရှောက်မွေးမြူသူကို။ (ဥပသမ္ပန္နံကို ကြည့်၍ အားလုံးရဟန်းဟု သိပါ။)
**၂၀။** မုဒ္ဒိက၊ လက်ချောင်းချိုး၍ ရေတွက်ကြောင်း အတတ်ရှိသူကို။ ဂဏကံ၊ အစ္ဆိန္နကစသော အတတ်ဖြင့် ရေတွက်တတ်သူကို။ လေခက၊ စာရေးကို။
ကုဋ္ဌိကံ၊ နူနာရှိသူကို။ ဂဏ္ဍိကံ၊ မြင်းဖုအနာအိုင် အမာရှိသူကို။ ကိလာသိကံ၊ ပွေးညင်းတင်း တိတ်ရှိသူကို။ သောသိကံ၊ ချောင်းဆိုးသွေးပါ မြစ်ချောက်နာရိသူကို။ အပမာရိ ကံ၊ အရူးရောဂါရှိသူကို။
မဓုမေဟိကံ၊ ဆီးချိုရောဂါရှိသူကို။
၂၃။ ရာဂပရိယုဋ္ဌိတံ (၁) ရာဂပရိယုဋ္ဌိတံ ။ ပရိ+ဥ+ဌာတ၊ ပရိယုဋ္ဌာနသဒ္ဒါ အဘိဘဝနအနက်၊ ဂတဏ အနက် နှစ်မျိုး ဟောနိုင်၏၊ အဘိ.ဋ္ဌ- ၁၊ ၂၉၆ ၃၉၈၊ မူလသဒ္ဒါနက်အတိုင်း “ဖရိယုဋ္ဌာန ထကြွသောင်းကျန်း" ဟုလည်း အနက်ပေးတော်မူကြ၏။ ၊ ရာဂသည် ထက်ဝန်းကျင် လယူအပ်သော စိတ်ရှိ သူကို။ ဝါ၊ ရာဂလွှမ်းမိုး နှိပ်စက်အပ်သူကို ။
ပေ။ ဝီတရာဂံ၊ ကင်းသော ရာဂရှိသူကို။
၂၄။ ပါရာဇိကံ၊ ပါရာဇိကံအာပတ်။ အဇ္ဈာပန္နံ၊ လွှမ်းမိုး၍ ရောက်သူကို။ ဝါ၊ လွန်ကျူးသူကို။
သောတာပန္နံ၊ သောတာပန်ကို။
**၂၆** ။ ဣဓေ၊ ဤလောက၌။ ဧကစ္စေ၊ အချို့ ကုန်သော။ စဏ္ဍာလာ၊ ဒွန်း စဏ္ဍာ တို့သည်။ ဝေနာ၊ တို့သည်။ သန္တိ၊ ရှိကုန်၏။
**၂၉။** ယေ၊ အကြင်သူတို့သည်။ (သန္တိ။ တေ၊ ထိုသူတို့သည်။) နူန၊ စင်စစ်။ စဏ္ဍာလာ၊ တို့တည်း။
**၃၀။** မယံ၊ ငါတို့သည်။ စဏ္ဍာလာ၊ တို့သည်။ န၊ မဟုတ်ကုန်။ [မယံ၊ တို့သည်။ န စဏ္ဍာလာ၊ စဏ္ဍာလ မဟုတ်ကုန်။ ဤသိုလည်းပေါင်းပေးနိုင်၏။]
**၃၁။** ဥပသမ္ပန္နော၊ သည်။ အနုပသမ္ပန္နံ (၂) အနုပသမ္ပန္နံ ။ ။ပါစိတ်ဘာသာဋီ ၁၊ ၂၁။ ၊ ရဟန်းမဟုတ်သူကို။ (ရဟန်းမှ အခြားသော ဘိက္ခုနီ သာမဏေ သာမဏေမ သိက္ခမာန် လူ နတ် တိရစ္ဆာန်အားလုံး ကို။)
**၃၂။** ဥပသမ္ပန္နော၊ သည်။ ဥပသမ္မန္နံ၊ ကို။ န ခုံသေတုကာမော၊ ဆဲရေးခြင်းငှာ အလိုမရှိသည်ဖြစ်၍။ န ဝမ္ဘေတုကာမော၊ ရှုတ်ချခြင်းငှာ အလိုမရှိသည်ဖြစ်၍။ န မင်္ကုကတ္တုကာမော၊ အရှိန်အစော် မရှိအောင် ပြုခြင်းငှာ အလိုမရှိသည်ဖြစ်၍။ ဒဝကမျတာ (၃) ဒဝကမျတာ ။ ဒဝကမျတာယဟု ဆိုလိုလျက် “ယ” ကျေနေသည်၊ ဟိတ်အနက်ဖြစ်စေ, ကရိုဏ်းအနက်ဖြစ်စေနိုင်၏။ [ပါစိတ်ဘာဋီ ၁၊ ၁၉၊ ကင်္ခါဘာဋီ ၂၊ ၅။] ၊ ရယ်မြူခြင်းကို အလိုရှိသူ၏ အဖြစ်ကြောင့်။ (ပျက်ရယ်ပြုလိုပြောင်လှောင်လိုခြင်းကြောင်။) ဟီနေန၊ ဟီန ဝဒေတိ။
ဝါစာယ ဝါစာယ (၄)ဝါစာယ ဝါစာယ ။ပါစိတ်ဘာဋီ ၁ ၊ ၁၈။ ဒုဗ္ဗာသိတ ပါစိတ်ဘာဋီ ၁၊ ၁၉။ ကင်္ခါဘာဋီ ၂၊ ၅။ ၊ စကားခွန်းတိုင်း စကားခွန်းတိုင်း၌။ ဒုဗ္ဘာသိတဿ၊ ဒုဗ္ဘာသိတအာပတ်သို့။ အာပတ္တိ (ဟောတိ။)
၃၅။ အတ္ထပုရေက္ခာရဿ (၁) အတ္ထပုရေက္ခာရဿ စသည် ။ ။ပါစိတ်ဘာသာဋီ ၁၊၂၀။ ၊ အနက်အဓိပ္ပာယ်ကို ရှေးရှူပြုသော ရဟန်း၏ လည်း ကောင်း။ ဓမ္မပုရေက္ခာရဿ၊ ပါဠိကို ရှေးရှုပြုသော ရဟန်း၏လည်းကောင်း။ (တရားကို ရေးရှုပြုသော ရဟန်း၏လည်းကောင်း)။ အနုသာသနိပုရေက္ခာရဿ၊ အဆုံးအမကို ရှေးရှူပြုသော ရဟန်း၏လည်းကောင်း။ ဥမ္မတ္တကဿ၊ ရှုသော ရဟန်း၏လည်းကောင်း။ ခိတ္တစိတ္တဿ၊ ပြန့်လွင်သော စိတ်ရှိသော ရဟန်း၏လည်းကောင်း။ ဝေဒနာဋ္ဋဿ၊ ဒုက္ခဝေဒနာ လွန်စွာနှိပ်စက်အပ်သော ရဟန်း၏လည်း ကောင်း။ အာဒိကမ္မိကဿ၊ အစအဦးလွန်ကျူးမှု၌ ယှဉ်သော ရဟန်း၏လည်း ကောင်း။ အနာပတ္တိ၊ အနာပတ်သည် (အာပတ် မထုတ်သည်)။ ဟောတိ။
ဩမသဝါဒသိက္ခာပဒံ နိဋ္ဌိတံ၊ ဒုတိယံ။