ဗြာဟ္မဏ၊ ဏ္ဏာ။
ဒွိန္နံ၊ ကုန်သော။
ဣမေသံ အင်္ဂါနံ၊ တို့တွင်။
ဧကံ၊ သော။
အင်္ဂံ၊ ကို။
ဌာပယိတွာ၊ ၍။
ဧကေန၊ ၁ ပါးသော။
အင်္ဂေန၊ နှင့်။
သမန္နာဂတံ၊ ကို။
ဗြာဟ္မဏာ၊ တို့သည်။
ဗြာဟ္မဏံ၊ ဟူ၍။
ပညပေတုံ၊ ငှာ။
သက္ကာ၊ ၏လော။ ပေ။
န အာပဇ္ဇေယျ၊ နည်း။
ဣတိ၊ ဤသို့မေးတော်မူပြီ။
ဘော ဂေါတမ၊ မ။
ဣဒံ၊ ဤ ၃ မျိုးသည်။
(အင်္ဂါ ၁ ပါးနှင့် ပြည့်စုံသူကို ဗြာဟ္မဏဟု ပညတ်ခြင်း, ငါဗြာဟ္မဏဟု ပြောဆိုသည် ရှိသော် ကောင်းစွာပြောဆိုရာ ရောက်ခြင်း, မုသားပြောခြင်းသို့ မရောက်ခြင်းသည်။)
နောဟိ၊ မဖြစ်နိုင်ပါ။
ဘော ဂေါတမ၊ မ။
ဟိ၊ မှန်ပါ၏။
ပညာ၊ ကို။
သီလပရိဓောတာ၊ သီလဖြင့် ထက်ဝန်းကျင် ဆေးကြောအပ်ပါ၏။
သီလံ၊ ကို။
ပညာပရိဓောတံ၊ ပညာဖြင့် ထက်ဝန်းကျင် ဆေးကြောအပ်ပါ၏။
ယတ္ထ၊ အကြင်ပုဂ္ဂိုလ်၌။
သီလံ၊ သီလသည်။
(အတ္ထိ။)
တတ္ထ၊ ထိုသီလရှိရာ ပုဂ္ဂိုလ်၌။
ပညာ၊ သည်။
(အတ္ထိ၊ ရှိပါ၏။)
ယတ္ထ၊ ၌။
ပညာ၊ သည်။
(အတ္ထိ။)
တတ္ထ၊ ၌။
သီလံ၊ သည်။
(အတ္ထိ။)
သီလဝတော၊ သီလရှိသော ပုဂ္ဂိုလ်၏။
ဝါ၊ မှာ။
ပညာ၊ သည်။
(အတ္ထိ။)
ပညဝတော၊ ပညာရှိသော ပုဂ္ဂိုလ်၏။
ဝါ၊ မှာ။
သီလံ၊ သည်။
(အတ္တိ။)
လောကသ္မိံ၊ လောက၌။
သီလပညာဏဉ္စ၊ သီလနှင့် ပညာကိုလည်း။
အဂ္ဂံ၊ အမြတ်ဆုံးဟူ၍။
အက္ခာယတိ၊ ဆိုအပ်၏။
ဘော ဂေါတမ၊ မ။
သေယျထာပိ၊ ကား။
ဟတ္ထိန၊ လက်တစ်ဖက်ဖြင့်။
ဟတ္ထံ၊ လက်တစ်ဖက်ကို။
ဓောဝေယျ သေယျထာပိဝါ၊ ဆေးရာ သကဲ့သို့လည်းကောင်း။
ပါဒေန၊ ခြေတစ်ဖက်ဖြင့်။
ပါဒံ၊ ခြေတစ်ဖက်ကို။
ဓောဝေယျ သေယျထာပိဝါ၊ လည်းကောင်း။
ဘော ဂေါတမ၊ မ။
ဧဝမေဝ၊ သာလျှင်။
ပညာ၊ ကို။
သီလပရိဓောတာ၊ ၏။
သီလံ၊ ကို။
ပညာပရိဓောတံ၊ ၏။ ပေ။ အဂ္ဂံ= ဟူ၍။
အက္ခာယတိ၊ ၏။
ဣတိ၊ ဤသို့လျှောက်ပြီ။
ဗြာဟ္မဏ, ဧတံ၊ ဤစကားသည်။ပမာန အင်္ဂါ ၂ ပါး ။ ။ သောဏဒဏ္ဍပုဏ္ဏားသည် "ဗြာဟ္မဏ" ဟု ပညတ်ဖို့ရာ ဂုဏ်အင်္ဂါ ၅ ပါးကို ရှေးဦးစွာ ပြထားသော်လည်း ထို ၅ ပါးတွင် ရုပ်အဆင်းလှမှု, ဝေဒကျမ်းဂန် မန္တန်တတ်မှု, အမျိုးဇာတိ ကောင်းမှုတို့ကို ဖယ်လိုက်သောအခါ သီလနှင့် ပညာ ၂ ပါးသာ ကျန်တော့၏၊ ထို ၂ ပါးတွင်ကား သီလကို ဖယ်၍ မဖြစ်သကဲ့သို့ အသိအလိမ္မာပညာကို ဖယ်၍ မဖြစ်တော့။
သာသနာတော် ။ ။ ထို့အတူပင် ယခုအခါ သာသနာတော်ဝယ် ရဟန်းကောင်းကိုရွေးချယ်ရာ၌ ရုပ်အဆင်းကိုလည်းကောင်း,စာတတ်မှု, စာမေးပွဲအောင်မှုကိုလည်းကောင်း မရွေးချယ်ဘဲ ဝိနည်းသိက္ခာကို ရိုသေစွာ စောင့်ထိန်းမှုဟူသော သီလ, ဝိပဿနာ ဘာဝနာဟု သော ပညာ, ဤ ၂ မျိုးရှိသော ပုဂ္ဂိုလ်ကို ရွေးချယ်မှသာ ဤပါဠိတော်နှင့်ညီသော ရွေးချယ်ခြင်း ဖြစ်ပါသည်၊ ရဟန်းဘဝ ရောက်သောအခါ ဇာတိကုလပုတ္တထက် အာစာရကုလပုတ္တသည်သာ အဖိုးတန်သောကြောင့် လောကီမျိုးရိုးကို ရွေးချယ်ဖို့လည်း မလိုဟု မှတ်ပါ။ ဧဝံ၊ ဤသင်ပြောသည့်အတိုင်း မှန်ပေ၏။ ဗြာဟ္မဏ, ဧတံ၊ သည်။ ဧဝံ၊ ပေ၏။ ဗြာဟ္မဏ, ဟိ၊ မှန်၏။ ပညာ၊ ကို။ သီလပရိဓောတာ၊ ၏။ သီလံ၊ ကို။ ပညာပရိဓောတံ၊ ၏။
သာသနာတော် ။ ။ ထို့အတူပင် ယခုအခါ သာသနာတော်ဝယ် ရဟန်းကောင်းကိုရွေးချယ်ရာ၌ ရုပ်အဆင်းကိုလည်းကောင်း,စာတတ်မှု, စာမေးပွဲအောင်မှုကိုလည်းကောင်း မရွေးချယ်ဘဲ ဝိနည်းသိက္ခာကို ရိုသေစွာ စောင့်ထိန်းမှုဟူသော သီလ, ဝိပဿနာ ဘာဝနာဟု သော ပညာ, ဤ ၂ မျိုးရှိသော ပုဂ္ဂိုလ်ကို ရွေးချယ်မှသာ ဤပါဠိတော်နှင့်ညီသော ရွေးချယ်ခြင်း ဖြစ်ပါသည်၊ ရဟန်းဘဝ ရောက်သောအခါ ဇာတိကုလပုတ္တထက် အာစာရကုလပုတ္တသည်သာ အဖိုးတန်သောကြောင့် လောကီမျိုးရိုးကို ရွေးချယ်ဖို့လည်း မလိုဟု မှတ်ပါ။ ဧဝံ၊ ဤသင်ပြောသည့်အတိုင်း မှန်ပေ၏။ ဗြာဟ္မဏ, ဧတံ၊ သည်။ ဧဝံ၊ ပေ၏။ ဗြာဟ္မဏ, ဟိ၊ မှန်၏။ ပညာ၊ ကို။ သီလပရိဓောတာ၊ ၏။ သီလံ၊ ကို။ ပညာပရိဓောတံ၊ ၏။
ယတ္ထ။ ပေ။ အက္ခာယတိ၊ ၏။
ဗြာဟ္မဏ, တံ သီလံ၊ ထိုသီလဟူသည်။
ကတမံ ပန၊ အဘယ်နည်း။
ပညာ၊ ထိုပညာဟူသည်။
ကတမာ၊ နည်း။
ဣတိ၊ ဤသို့မေးတော်မူပြီ။
ဘော ဂေါတမ၊ မ။
မယံ၊ တို့သည်။
ဧတသ္မိံ အတ္ထေ၊ ဤ "သီလပညာဏံ" ဟူသော အနက်၌။
ဧတ္တကပရမာဝ၊ ဤမျှအတိုင်းအရှည်ရှိသော "သီလပညာဏံ" ဟူသော စကားသာလျှင် အလွန်ဆုံး အပိုင်းအခြား ရှိပါကုန်၏။
သာဓု၊ တောင်းပန်ပါ၏။
ဝတ၊ စင်စစ်။
ဘဝန္တံ ဂေါတမံယေဝ၊ အရှင်ဂေါတမ၏ (ဉာဏ်၌) သာ။
ဧတဿ ဘာသိတဿ၊ ဤပြောဆိုအပ်သော သီလပညာကံဟူသော စကား၏။
အတ္ထော၊ အနက် အဓိပ္ပာယ်သည်။
ပဋိဘာတု၊ ထင်ပါစေ။
ဣတိ၊ ဤသို့လျှောက်ပြီ။
ဗြာဟ္မဏ, တေနဟိ၊ ထိုသို့ဖြစ်လျှင်။
သုဏောဟိ၊ နာလော။
သာဓုကံ၊ ကောင်းမွန်စွာ။
မနသိ၊ စိတ်၌။
ကရောဟိ၊ ပြုလော။
(တစ်နည်း) မနသိကရောဟိ၊ နှလုံးသွင်းလော။
ဘာသိဿာမိ၊ ဟောတော်မူအံ့။
ဣတိ၊ ဤသို့မိန့်တော်မူပြီ။
ဘော၊ အရှင်။
ဧဝံ၊ ကောင်းပါပြီ။
ဣတိ၊ သို့။
သောဏဒဏ္ဍော, ဗြာဟ္မဏော၊ သည်။
ဘဂဝတော၊ မြတ်စွာဘုရားအား။
ပစ္စသောသိ၊ ရှေးရှုနားထောင်ပြီ။
ဘဂဝါ၊ သည်။
ဧတံ၊ ကို။
အဝေါစ၊ ပြီ။
(ကိံ၊ နည်း။)
[ဤမှနောက်၌ "ဣဓ ဗြာဟ္မဏ တထာဂတော လောကေ ဥပ္ပဇ္ဇတိ" စသော စကားရပ်ကို သာမညဖလသုတ်, ပဏီတတရသာမညဖလကထာ၌လည်းကောင်း, စူဠသီလ မဇ္ဈိမသီလ မဟာသီလတို့ကို ဗြဟ္မဇာလသုတ် သီလအခန်း၌လည်းကောင်း, ဈာန် ၄ ပါးကို ဗြဟ္မဇာလသုတ် ဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒ အခန်း၌လည်းကောင်း, ဈာန် ၄ ပါး ဥပမာနှင့် "နာပရံ ဣတ္ထတ္တာယတိ ပဇာနာတိ" တိုင်အောင်သော စကားကို သာမညဖလသုတ်၌လည်းကောင်း အနက်ရေးခဲ့ပါပြီ။ ပါဠိမျှကို ယျာလ ဖော်၍ ဖတ်ပါစေ။ ဤ၌ ထူးရာဝါကျကိုသာ အနက်ရေးပါမည်။]
ဗြာဟ္မဏ, တံ သီလံ၊ ထိုသီလဟူသည်။
ဣဒံ ခေါ၊ ဤစူဠသီလ မဇ္ဈိမသီလ မဟာသီလပင် တည်း။ ပေ။
ဗြာဟ္မဏ, သာ ပညာ၊ ထိုပညာဟူသည်။
အယံ ခေါ၊ ဤဈာန် ၄ ပါးမှ စ၍ အာသဝက္ခယတိုင်အောင်သော ဉာဏ်တည်း။
ဣတိ၊ ဤသို့မိန့်တော်မူပြီ။