အထခေါ၊ ထိုအခါ၌။
အနာထပိဏ္ဍိကော၊ အနာထပိဏ်မည်သော။
ဂဟပတိ၊ အိမ်ရှင်သူကြွယ်သည်။
ယေန၊ ၌။
။ပ။၊
ဂဟပတိံ၊ ကို။
ဘဂဝါ၊ သည်။
ဧတံ၊ ဤစကားကို။
အဝေါစ၊ မိန့်တော််မူပြီ။
(ကိန္တိ အဝေါစ၊ ။)
ဂဟပတိ၊ အိမ့်ရှင်ဒါယကာ။
တေ၊ သင်၏။
ကုလေ၊ နေအိမ်၌။
ဒါနံ၊ အလှူကို။
(လှူဖွယ်ပစ္စည်းဝတ္ထုဟူသော အလှူကို။)
ဒီယတိ အပိနု၊ ပေးလှူအပ်ပါ၏လော။
ဣတိ၊ သို့။
(အဝေါစ၊ )
ဘန္တေ၊ မြတ်စွာဘုရား။
မေ၊ တပည့်တော်၏။
ကုလေ၊ နေအိမ်၌။
ဒါနံ၊ ကို။
ဒီယတိ၊ ပေးလှူအပ်ပါ၏။
စ၊ သို့သော်လည်း။
တံ၊ ထိုအလှူကို။
လူခံ၊ အညံ့စားဖြစ်သော။
ဗိဠင်္ဂဒုတိယံ၊ နှစ်ခုမြောက် ဆန်ပုံးရည်ဟင်းသာပါရှိသော။
ဝါ၊ ဆန်ပုံးရည် ဟင်းတခွက်သာ တွဲဖက်ပါသော။
ကဏာဇကံ၊ ဆန်ကွဲထမင်းကို။ကဏာဇကံ ။ ။ ကဏာဇကန္တိ သကုဏ္ဍကဘတ္တံ- ဆန်ကွဲနှင့်တကွဖြစ်သာ ထမင်းကို။ သကုဏ္ဍကေဟိပိ ကဏိကတဏ္ဍုလေဟေဝပက္ကံ- ဆန်ကွဲနှင့်တကွဖြစ်သော အနည်းငယ်သာ ဆန်တို့ဖြင့်သာ ချက်အပ်သော ထမင်း (အဋ္ဌကထာ)။ သကုဏ္ဍကဘတ္တန္တိ သကုဏ္ဍကံ ဥတ္တဏ္ဍုလဘတ္တံ- သကုဏ္ဍကဘတ္တဟူသည် ဆန်ကွဲပါသော စိမ်းဆက်ဆက် ထမင်း၊ ပရိတ္တေဟိ သကုဏ္ဍကေဟိ တဏ္ဍုလေဟိပိ သဒ္ဓိံ ဝိပက္ကဘတ္တံ (မကျက်သောထမင်း, အကျက်မညီသောထမင်း) ဥတ္တဏ္ဍုလမေဝ ဟောတိ၊ ဋီကာ။
ထိုအဖွင့်ဝါကျများတွင် အဋ္ဌကထာ၌ "ကဏိကတဏ္ဍုလေဟိ" ဟူသော စကားနှင့် ဋီကာ၌ "ပရိတ္တေဟိ တဏ္ဍုလေဟိ" ဟူသော စကားသည်အတူတူဖြစ်၏၊ ကဏိကပုဒ်၌ ကဏသဒ္ဓါသည် (သိုမဟုတ် ကဏိကသဒ္ဒါတခုလုံးသည်) ပရိတ္တအနက်ကို ဟောသည်ဟု ဆိုလို၏၊ ထို့ကြောင့် အဋ္ဌကထာဋီကာအဖွင့်များအတိုင်း ပြဆိုရလျှင် "ဆန်ကွဲနှင့် တကွ ဖြစ်သော အနည်းငယ်သော ဆန်တို့ဖြင့် ချက်အပ်သည်ဖြစ်၍ အကျက်မညီ မနပ်သောထမင်း, စိတ်းဆတ်ဆတ်ထမင်းကို ကဏာဇကခေါ်သည်" ဟု ဆိုရမည် ဖြစ်၏။ (ဒီယတိ၊ ပါ၏။) ဣတိ၊ (အဝေါစ၊ လျှောက်ပြီ။)
ထိုအဖွင့်ဝါကျများတွင် အဋ္ဌကထာ၌ "ကဏိကတဏ္ဍုလေဟိ" ဟူသော စကားနှင့် ဋီကာ၌ "ပရိတ္တေဟိ တဏ္ဍုလေဟိ" ဟူသော စကားသည်အတူတူဖြစ်၏၊ ကဏိကပုဒ်၌ ကဏသဒ္ဓါသည် (သိုမဟုတ် ကဏိကသဒ္ဒါတခုလုံးသည်) ပရိတ္တအနက်ကို ဟောသည်ဟု ဆိုလို၏၊ ထို့ကြောင့် အဋ္ဌကထာဋီကာအဖွင့်များအတိုင်း ပြဆိုရလျှင် "ဆန်ကွဲနှင့် တကွ ဖြစ်သော အနည်းငယ်သော ဆန်တို့ဖြင့် ချက်အပ်သည်ဖြစ်၍ အကျက်မညီ မနပ်သောထမင်း, စိတ်းဆတ်ဆတ်ထမင်းကို ကဏာဇကခေါ်သည်" ဟု ဆိုရမည် ဖြစ်၏။ (ဒီယတိ၊ ပါ၏။) ဣတိ၊ (အဝေါစ၊ လျှောက်ပြီ။)
ဂဟပတိ၊ အိမ်ရှင်ဒါယကာ။
လူခံ၊ အညံ့စားဖြစ်သော။
ဒါနံဝါ၊ အလူကိုသော်လည်း။
စေပိ ဒေတိ၊ အကယ်၍မူလည်း ပေးလှူသည်ဖြစ်စေ။
ပဏီတံ၊ အကောင်းစားဖြစ်သော။
ဒါနံ ဝါ၊ လည်း။
စေပိ ဒေတိ၊ စေ။
စ၊ ယင်းသို့ ပေးလှူလသော်။
တံ၊ ထိုအလှူဒါနကို။
အသက္ကစ္စံ၊ လှူဖွယ်ဝတ္ထုတို့ကို ကောင်းမွန်သန့်ရှင်း အပြစ်ကင်းအောင် မပြုလုပ်မူ၍။
ဝါ၊ အလှူခံပုဂ္ဂိုလ်ကို ရိုသေသမှု ကောင်းစွာ မပြုစုမူ၍။
ဒေတိ၊ ပေးလှူအံ့။
အစီတ္တီကတွာ၊ (လှူဖွယ်ဝတ္ထုနှင့် အလှူခံပုဂ္ဂိုလ်တို့၌) လေးစားသမှု စိတ်၌မပြုမူ၍။
ဒေတိ၊ အံ့။
[အကျယ်ဖွင့်အနက်နှင့် ရှင်းလင်းချက် ကို ပဉ္စကနိပါတ် စာပိုဒ်(၁၄၇) အသပ္ပူရိသဒါနသုတ်၌ ရေးခဲ့ပြီ။]
အစိတ္တီကတွာ၊ ချီးမွမ်းအံ့ဖွယ် ဆန်းကြယ်အောင် မပြုလုပ်မူ၍။
ဒေတိ၊ အံ့။
[ဤနည်း၌ စိတ္တသဒ္ဒါသည် ဆန်းဆန်းကြယ်ကြယ် အံ့ဩဖွယ် ဟူသော ဝိစိတ္တ အစ္ဆရိယအနက်ဟောတည်း။]
အသဟတ္ထာ၊ မိမိ၏ လက်မဟုတ်ဘဲ သူတပါးလက်ဖြင့်။
ဝါ၊ ကိုယ်တိုင်မဟုတ်ဘဲ သူတပါးကို စေခိုင်းခြင်းဖြင့်။
ဒေတိ၊ အံ့။
အပဝိဒ္ဒံ၊ ပြတ်တောင်းပြတ်တောင်း။
(အဆက်မပြတ် တသမတ်တည်း မဟုတ်ဘဲ ပြတ်တောင်းပြတ်တောင်း။)
ဝါ၊ စွန့်ပစ်လိုသကဲ့သို့။
ဒေတိ၊ အံ့။
[တနည်း- အပဝိဒ္ဒံ၊ စားကြွင်းစားကျမ်ပမာ စွန့်ပစ်စရာ ပစ္စည်းဝတ္ထုကို။
ကတွာ၊ ပြု၍။
ဒေတိ၊ အံ့။]
အနာဂမနဒိဋ္ဌိကော၊ ဒါန၏ အကျိုးတရားရောက်လာလိမ့်မည်ဟု သိမြင်ယုံကြည်သော အမြင်မှန်ဉာဏ်မရှိဘဲ။
[ကံနှင့်ကံအကျိုးကို ယုံကြည်သော ကမ္မဿကာဒိဋ္ဌိ မရှိဘဲ ဟူလို။]
ဒေတိ၊ အံ့။
ယတ္ထ ယတ္ထ၊ အကြင်အကြင်ဘဝ၌။
တဿ တဿ ဒါနဿ၊ ထိုထိုပေးလှူကြောင်း ကုသိုလ်စေတနာ၏။
ဝိပါကော၊ အကျိုးသည်။
နိဗ္ဗတ္တတိ၊ ဖြစ်၏။
(တတ္ထ တတ္ထ၊ ထိုထိုဘဝ၌။)
ဥဠာရာယ၊ မွန်မြတ်သော။
ဘတ္တဘောဂါယ၊ ထမင်း အသုံးအဆောင်အကျိုးငှာ။
ဝါ၊ ထမင်းအသုံးအဆောင်ကို စားခြင်းငှာ။
စိတ္တံ၊ စိတ်သည်။
န နမတိ၊ မညွတ်။
ဥဠာရောယ၊ သော။
ဝတ္ထဘောဂါယ၊ အဝတ် အသုံးအဆောင်အကျိုးငှာ။
ဝါ၊ အဝတ်အသုံးအဆောင်ကို ဝတ်ဆင်ခြင်းငှာ။
စိတ္တံ၊ သည်။
န နမတိ၊ မညွတ်။
ဥဠာရောယ၊ သော။
ယာနဘောဂါယ၊ ယာဉ်အသုံးအဆောင်အကျိုးငှာ။
ဝါ၊ ယာဉ်အသုံးအဆောင်ကို သုံးစွဲခြင်းငှာ။
စိတ္တံ၊ သည်။
န နမတိ၊ မညတ်။
ဥဠာရေသု၊ မွန်မြတ်ကုန်သော။
ပဉ္စသု၊ (ရူပါရုံအစထား) ငါးပါးကုန်သော။
ကာမဂုဏေသု၊ ကာမဂုဏ်တို့၌။
ဝါ၊ ဝတ္ထုကာမအစုအဝေးတို့၌။
ဝါ၊ ဝတ္ထုကာမအနှောင်အဖွဲ့တို့၌။
ဘောဂါယ၊ ခံစားသုံးဆောင်ခြင်းငှာ။
စိတ္တံ၊ သည်း။
န နမတိ၊ မညွတ်။
အပိ၊ ထိုမျှမကသေး။
အဿ၊ ထိုသူ၏။
(ထိုအသက္ကစ္စဒါနစသည်ပြုလုပ်ခဲ့သူ၏။)
ပုတ္တာတိ ဝါ၊ သားသ္မီးတို့ ဟူသည်လည်း ဖြစ်ကုန်သော။
ဒါရာတိ ဝါ၊ မယားတို့ ဟူသည်လည်း ဖြစ်ကုန်သော။
ဒါသာတိ ဝါ၊ ကျွန်တို့ဟူသည်လည်း ဖြစ်ကုန်သော။
ပေဿာတိ ဝါ၊ အစေခံတို့ဟူသည်လည်း ဖြစ်ကုန်သော။
ကမ္မကရောတိ ဝါ၊ အလုပ်သမားတို့ဟူသည်လည်း ဖြစ်ကုန်သော။
ယေတေ၊ အကြင် အခြွေအရံဖြစ်သူ လူတို့သည်။
ဟောန္တိ၊ ရှိကုန်၏။
တေပိ၊ ထိုအခြွေအရံဖြစ်သူတို့သည်လည်း။
န သုဿူသန္တိ၊ စကားကို မနာယူလိုကြကုန်။
သောတံ၊ နားကို။
န ဩဒဟန္တိ၊ စွင့်ထောင် မထားကြကုန်။
အညာ (အညာယ)၊ သိခြင်းငှာ။
စိတ္တံ၊ စိတ်ကို။
န ဥပဋ္ဌပေန္တိ၊ မဖြစ်စေကြကုန်။
ကိဿ ဟေတု၊ အဘယ်ကြောင်းကြောင့်။
တံ၊ ထိုသို့ဖြစ်ရခြင်းသည်။
(ထိုသို့ ဥဠာရဘတ္တဘောဂ အကျိုးငှာ စိတ်မညွတ်ခြင်း စသည် ဖြစ်ရခြင်းသည်။)
ဟောတိ၊ ဖြစ်သနည်းဟူမူ။
ပဟဂတိ၊ အိမ်ရှင်ဒါယကာ။
ဟိ၊ အကြင့်ကြောင့်။
ဧဝံ၊ ဤသို့ဟောတော်မူအပ်ပြီးသည့်အတိုင်း။
ဧတံ၊ ဤသို့ ဖြစ်ရခြင်းသည်။
(ဤသို့ ဥဠာရဘတ္တဘောဂအကျိုးငှာ စိတ်မညွတ်ခြင်း စသည်ဖြစ်ရခြင်းသည်။)
အသက္ကစ္စံ၊ မရိုမသေ မလေးမစား။
ကတာနံ၊ ပြုလုပ်အပ်ပြီးကုန်သော။
သမ္မာနံ၊ ကုသိုလ်ကံတို့၏။
ဝိပါကော၊ အကျိုးဝိဘတ်သည်။
ဟောတိ၊ ဖြစ်၏။
ဣတိ၊ ထို့ကြောင့်။
(ထိုသို့မလေးမစား ပြုလုပ်အပ်ခဲ့သော ကုသိုလ်ကံတို့၏ အကျိုးဝိပါတ်ဖြစ်ခြင်းကြောင့်။)
တံ၊ ထိုသို့ဖြစ်ရခြင်းသည်။
ဟောတိ၊ ၏။
။ပ။၊
စ၊ ယင်းသို့ပေးလှူလသော်။
တံ၊ ထိုအလှူဒါနကို။
သက္ကစ္စံ၊ လှူဖွယ်ဝတ္ထုကို ကောင်းမွန်သန့်ရှင်း အပြစ်ကင်းအောင် ပြုလုပ်၍။
ဝါ၊ အလှူခံပုဂ္ဂိုလ်ကို ရိုသေသမှု ကောင်းစွာ ပြုစု၍။
ဒေတိ၊ ပေးလှူအံ့။
စိတ္တီကတွာ၊ (လှူဖွယ်ဝတ္ထုနှင့် အလှူခံပုဂ္ဂိုလ်တို့၌) လေးစားသမှု စိတ်၌ပြု၍။
ဝါ၊ ချီးမွမ်းအံ့ဖွယ် ဆန်းကြယ်အောင် ပြုလုပ်၍။
ဒေတိ၊ အံ့။
သဟတ္ထာ၊ မိမိလက်ဖြင့်။
ဝါ၊ ကိုယ်တိုင်။
ဒေတိ၊ အံ့။
အနပဝိဒ္ဓံ၊ အဆက်မပြတ် တသမတ်တည်း။
ဝါ၊ စားကြွင်းစားကျန်ပမာ စွန့်ပစ်စရာပစ္စည်းဝတ္ထု မပြုလုပ်မူ၍။
ဝါ၊ စွန့်ပစ်လိုသကဲ့သို့ မဟုတ်ဘဲ ရိုသေလေးစားစွာ။
ဒေတိ၊ အံ့။
အာဂမနဒိဋ္ဌိကော၊ ဒါန၏အကျိုးတရားရောက်လာလိမ့်မည်ဟု သိမြင်ယုံကြည်သော အမြင်မှန်ဉာဏ်ရှိသည်။
(ဟုတွာ၊ ဖြစ်၍။)
ဒေတိ၊ ပေးလှူအံ့။
။ပ။
နမတိ၊ ညွတ်ကိုင်း၏။
။ပ။၊
သုဿူသန္တိ၊ စကားကို နာယူလိုကြကုန်၏။
သောတံ၊ ကို။
ဩဒဟန္တိ၊ စွင့်ထောင်ထားကြကုန်၏။
။ပ။၊
ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်။
တံ၊ ထိုသို့ ဖြစ်ခြင်းသည်။
(ထိုသို့ ဥဠာရဘတ္တဘောဂအကျိုးငှာ စိတ်ညွတ်ကိုင်းမှု စသည်ဖြင့်ခြင်းသည်။)
ဟောတိ၊ ဖြစ်သနည်း ဟူမူ။
ဂဟပတိ၊ ကာ။
ဟိ၊ အကြင့်ကြောင့်။
ဧဝံ၊ ဤသို့ ဟောတော်မူခဲ့ပြီးသည့်အတိုင်း။
ဧတံ၊ ဤသို့ ဖြစ်ခြင်းသည်။
(ဤသို့ ဥဠာရဘတ္တဘောဂအကျိုးငှာ စိတ်ညွတ်ကိုင်းမှု စသည်ဖြစ်ခြင်းသည်။)
သက္ကစံ၊ ရိုသေလေးစားစွာ။
ကတာနံ၊ ပြုလုပ်အပ်ခဲ့ကုန်သော။
ကမ္မာနံ၊ ကုသိုလ်ကံတို့၏။
ဝိပါကော၊ အကျိုးသည်။
(ဟောတိ၊ ၏။)
ဣတိ၊ ထို့ကြောင်။
(ထိုသို့ ရိုသေလေးစားစွာ ပြုလုပ်အပ်ခဲ့သော ကုသိုလ်ကံတို့၏ အကျိုးဖြစ်ခြင်းကြောင့်။)
တံ၊ ထိုသို့ ဖြစ်ခြင်းသည်။
ဟောတိ၊ ။
ဂဟပတိ၊ ကာ။
ဘူတပုဗ္ဗံ၊ ရှေး၌ဖြစ်ခဲ့ဖူးသော အကြောင်းအရာကား။
[တနည်း- ဂဟပတိ၊ ကာ။
ဘူတပုဗ္ဗံ၊ ရှေး၌ဖြစ်ခဲ့ဖူးသော အကြောင်းအရာကို။
အဟံ၊ ငါသည်။
ဘာသိဿာမိ၊ ဟောတော်မူအံ့။]
ဝေလာမော၊ ဝေလာမ မည်သော။ဝေလာမပုဒ်၏ ဋ္ဌဋီဝစနတ္ထ ။ ။ ဝေလာသဒ္ဒါသည် မရိယာဒါ (စည်းကမ်းအပိုင်းအခြား) အနက်ကိုဟော၏။ မာသဒ္ဒါသည် ပဋိသေဓ အနက်ကိုဟော၏ (ဇာတိဂေါတ္တရူပဘောဂသဒ္ဓါ ပညာဒိဂုဏာနံ) ဝေလာမရိယာဒါ နတ္ထိ ဧတသ္မိန္တိ ဝေလာမော- (အမျိုးအနွယ် ရုပ်အဆင်း စီးပွား ဥစ္စာ သဒ္ဒါပညာ အစရှိသော ဂုဏ်တို့၏ စည်းကမ်းဘောင်အပိုင်းအခြားမရှိရာဖြစ်သော ပုဏ္ဏား၊ ဝါ- စည်းကမ်းဘောင်ကို ကျော်လွန်အောင် ထို ဂုဏ်တို့နှင့် ပြည့်စုံသော ပုဏ္ဏား။
(တနည်း) ဝေလာသဒ္ဒူပပဒ အမဓာတ် အပစ္စည်း၊ ယထာဝုတ္တဂုဏာနံ ဝေလာ မရိယာဒါ အမတိ ဩသာနံ ဂစ္ဆတိ ဧတသ္မိန္တိ ဝေလာမော- ဆိုအပ်ပြီးသော ဂုဏ်တို့၏ စည်းကမ်းအပိုင်းအခြားအဆုံးသို့ ရောက်ရာပုဏ္ဏား၊ (တနည်း) ဝေလံ မရိယာဒံ အပတိ ဂစ္ဆတိ အတိက္ကမတီတိဝေလာမော- စည်းကမ်းအပိုင်းအခြားကို ကျော်လွန်သော ပုဏ္ဏား။ ဗြဟ္မဏော၊ ပုဏ္ဏားသည်။ အဟောသိ၊ ဖြစ်ခဲ့ဖူးပြီ။
(တနည်း) ဝေလာသဒ္ဒူပပဒ အမဓာတ် အပစ္စည်း၊ ယထာဝုတ္တဂုဏာနံ ဝေလာ မရိယာဒါ အမတိ ဩသာနံ ဂစ္ဆတိ ဧတသ္မိန္တိ ဝေလာမော- ဆိုအပ်ပြီးသော ဂုဏ်တို့၏ စည်းကမ်းအပိုင်းအခြားအဆုံးသို့ ရောက်ရာပုဏ္ဏား၊ (တနည်း) ဝေလံ မရိယာဒံ အပတိ ဂစ္ဆတိ အတိက္ကမတီတိဝေလာမော- စည်းကမ်းအပိုင်းအခြားကို ကျော်လွန်သော ပုဏ္ဏား။ ဗြဟ္မဏော၊ ပုဏ္ဏားသည်။ အဟောသိ၊ ဖြစ်ခဲ့ဖူးပြီ။
သော၊ ထိုဝေလာမပုဏ္ဏားသည်။
ဧဝရူပံ၊ ဤသို့ သဘောရှိသော။
ဒါနံ၊ အလှူဒါနတည်းဟူသော
မဟာဒါနံ၊ ကြီးကျယ်သောအလှူဒါနကို။
အဒါသိ၊ ပေးလှူခဲ့ပြီ။
ရူပိယပူရာနိ၊ ငွေတို့ဖြင့်ပြည့်ကုန်သော။
ရူပီယပူရာနိ ။ ။ "ရူပိယပူရာနီတိ ရဇတတဋ္ဋိ (ငွေခွက်ငယ်) ရဇတဖာလ (ငွေထွန်သွားထယ်သွား) ရဇတမာသကေဟိ (ငွေပဲပိုက်ဆံတို့ဖြင့်) ပူရာမိ။ အဋ္ဌကထာ ယခုစာမူအတိုင်း အနက်ပြန်ဆိုသည်၊ ရဇတတဋ္ဋိပုဒ်၏ နေရာပ "ရဇတကဋ္ဌိ (ရဇတက+အဋ္ဌိ)- ငွေစေ့" ဟူ၍လည်း စာမူရှိသေး၏။
(ငွေခွက်ငယ်, ငွေထွန်သွား, ငွေပဲပိုက်ဆံတို့ဖြင့် ပြည့်နေကုန်သော။)
စတုရာသီတိသုဝဏ္ဏပါတိသဟဿာနိ၊ ရှစ်သောင်းလေးထောင်သော ရွှေခွက်ကြီးတို့ကို။
အဒါသိ၊ ပေးလှူခဲ့ပြီ။
[ရွှေခွက်ကြီး၏ အရွယ်ပမာဏကို အဋ္ဌကထာ၌ကြည့်ကြကုန်]။
သုဝဏ္ဏပူရာနိိ၊ ရွှေတို့ဖြင့် ပြည့်ကုန်သော။
(ရွှေခွက်ငယ်,ရွှေထွန်သွား, ရွှေပဲပိုက်ဆံတို့ဖြင့် ပြည့်နေကုန်သော။)
စတုရာသီတိရူပိယပါတိသဟဿာနိ၊ ရှစ်သောင်းလေးထောင်သော ငွေခွက်ကြီးတို့ကိုလည်း။
အဒါသိ၊ ပြီ။
ဟိရညပူရာနိ၊ ရတနာ (၇)ပါးတို့ဖြင့် ပြည့်နေကုန်သော။
ဟိရညပူရာနိ ။ ။ "ဟိရညပူရာနီတိ သတ္တဝိဓရတနပူရာနိ" ဟု အဋ္ဌကထာဖွင့်၏၊ ဟိရညသဒ္ဒါသည် သုဝဏ္ဏ(ရွှေ)ဟူသော အနက်ကို ဟောသော်လည်း ဤနေရာ၌ကား ရွှေကိုသာမက ရတနာ (၇) ပါးလုံးကိုပင် ဟိရညဟုခေါ်ရ၏၊ ရွှေရတနာတပါးတည်းကိုကား သုဝဏ္ဏပါတိ သုဝဏ္ဏရပုဒ်တို့ဖြင့် သီးသန့်ယူထားပြီး ဖြစ်သောကြောင့် ဤနေရာ၌ ရတနာ (၇)ပါးလုံးကို ဟိရညဟု ခေါ်ဆိုရခြင်းဖြစ်သည်ဟု စဉ်းစားမိသည်။
စတုရာသီတိ ကံသပါတိ သဟဿာနိ၊ ရှစ်သောင်းလေးထောင်သော ကြေးခွက်ကြီးတို့ကိုလည်း။
အဒါသိ၊ ပြီ။
သောဝဏ္ဏာလင်္ကာရာနိ၊ ရွှေအတိပြီးသော တန်ဆာလည်းရှိကုန်သော။
သောဝဏ္ဏဓဇာနိ၊ ရွှေအတိပြီးသော အလံတံခွန်လည်းရှိကုန်သော။
ဟေမဇာလပဋိစ္ဆန္နာနိ၊ ရွှေကွန်ရက်ဖြင့် ဖုံးအုပ်ကုန်သော။
စတုရာသီတိဟတ္တိသဟဿာနိ၊ ရှစ်သောင်းလေးထောင်သော ဆင်တို့ကိုလည်း။
အဒါသိ၊ ပြီ။
သီဟဓမ္မပရိဝါရာနိ၊ ခြင်္သေ့အရ အကာအရံ ရှိသည်လည်းဖြစ်ကုန်သော။
ဝါ၊ ခြင်္သေ့အရေဖြင့် ကာရံထားအပ်သည်လည်း ဖြစ်ကုန်သော။
ဗျဂ္ဃဓမ္မပရိဝါရာနိ၊ ကျားအရေ အကာအရံရှိသည်လည်း ဖြစ်ကုန်သော။
ဝါ၊ သော။
ဒီပိဓမ္မပရိဝါရာနိ၊ ကျားသစ်အရေ အကာအရံရှိသည်လည်း ဖြစ်ကုန်သော။
ပဏ္ဍုကမ္ဗလ ပရိဝါရာနိ၊ နီမြန်းသော သားမွေးကမ္ဇလာ အကာအရံရှိသည်လည်း ဖြစ်ကုန်သော။
[ပဏ္ဍုကမ္ဗလေ နိက္ခိတ္တန္တိ ........ရတ္တကမ္ဗလေ ဌပိတံ။ တိကနိပါတ် စာပိုဒ်(၆၄) ဝေနာဂပုရသုတ် အဋ္ဌကထာ၊ ၁၇၁။]
သောဝဏ္ဏာလင်္ကာရာနိ၊ ကုန်သော။
သေဝဏ္ဏဓဇာနိ၊ ကုန်သော။
ဟေမဇာလပဋိစ္ဆန္နာနိ၊ ကုန်သော။
စတုရာသီတိရထ သဟဿာနိ၊ ရှစ်သောင်းလေးထောင်သော ရထားတို့ကို။
အဒါသိ၊ ပြီ။
ဒုကူလသန္ဒနာနိ၊ နို့ရည်စစ် ဘွဲဖြူ အဝတ်၌ နို့ရည်စီးသွားခြင်းရှိကုန်သော။
ဒုကူလသန္ဒနာနိ ။ ။ ရဇနဘာဇနာဒိနိဿိတေ ဒုကူလေ ခိရဿ သန္ဒနံ ဧတေသန္တိ ဒုကူလသန္ဒနာနိ- ငွေခွက်စသည်၌ မှီတည်နေသော နို့ရည်စစ်ဘွဲ့ဖြူအဝတ်၌ နို့ရည်စီးသွားခြင်း ရှိကုန်သော (နို့စားနွားမ ရှစ်သောင်းလေးထောင်တို့) ဟူ၍ ဋီကာ ဝစနတ္ထ ပြုသည်။ ဤနေရာ၌ မူကွဲပါဌ် အမျိုးမျိုးရှိနေ၏။
ကံသူပဓာ ရဏာနိ၊ ငွေဖြင့်ပြီးသော နို့ရည်ခံခွက် (နို့ရည်ညှစ်ခွက်) ရှိကုန်သော။
ကံသူပဓာနဏာနိ ။ ။ ကံသူပဓာရဏာနီတိ ရဧတမယခီရပဋိစ္ဆကာနိ (အဋ္ဌကထာ)။ ဤ၌ ဥပဓာရဏသဒ္ဒါကို ခီရပဋိစ္ဆက (နို့ရည်ခံခွက်) ဟု ဖွင့်သည်။ ထိုခီရပဋိစ္ဆကပုဒ်ကို ရဇတမယဒေါယဘာဇန (ငွေဖြင့် ပြီးသော နို့ရည်ညှစ်ခွက်) ဟု ဋီကာဖွင့်သည်၊ ကံသပုဒ်ကို ရဇန (ငွေ) ဟု ဖွင့်သည်။
စတုရာသီတိဓေနုသဟဿာနိ၊ ရှစ်သောင်းလေးထောင်သော နိ့စားနွားမတို့ကို။
အဒါသိ၊ ပြီ။
အာမုတ္တမဏိကုဏ္ဍလာယော၊ ဝတ်ဆင်ထားအပ်သောပတ္တမြားနားဍောင်းရှိကုန်သော။
[သုသပစသကတော က္ခက္ကာစ- သုတ်အစီအရင်ဖြင့် "အာမုက္က" ဟု ရှိလျှင် ကောင်း၏။]
စတုရာသီတိကညာသဟဿာနိ၊ ရှစ်သောင်းလေးထောင်သော အပျိုတို့ကို။
အဒါသိ၊ ။
ဂေါန ကတ္ထတာနိ၊ လက်သေးသစ်ထက်ရှည်သော အမွေးရှိသော ကော်ဇောနက်ကြီးဖြင့် ခင်းထားးအပ်သည်လည်း ဖြစ်ကုန်သော။
ပဋိကတ္ထတာနိ၊ အဖြူရောင် အားမွေးအခင်းဖြင့် ခင်းထားအပ်သည်လည်းဖြစ်ကုန်သော။
ပဋလိကတ္ထတာနိ၊ အားလုံးစုံ ပန်းပြောက်ခြယ်အပ်သော သားမွေးအခင်းဖြင့် ခင်းထားအပ်သည်လည်းဖြစ်ကုန်သော။
ကဒလိမိဂပဝရပစ္စတ္ထရဏာနိ၊ ဝံပိုင်မည်သော သားကောင်၏ အရေဖြင့်ပြီးသော မြတ်သောအခင်းဖြင့် ခင်းထားအပ်သည်လည်း ဖြစ်ကုန်သော။
သဥတ္တရစ္ဆဒါနိ၊ နီမြန်းသောအိပ်ရာအပေါ်လွှမ်းအခင်းနှင့်တကွလည်းဖြစ်ကုန်သော။
ဥဘတောလောဟိ တကူပဓာနာနိ၊ ခြေရင်းခေါင်းရင်းနှစ်ဘက်တို့၌ နီမြန်းသော ခြေအုံးခေါင်းအုံး နှစ်လုံးရှိသည်လည်း ဖြစ်ကုန်သော။
[တိကနိပါတ် စာပိုဒ် (၃၅) ဟတ္ထကသုတ်နှင့် စာပိုဒ်(၆၄) ဝေနာဂပုရသုတ်လည်းကြည့်။]
စတုရာသီတိ ပလ္လင်္က သဟဿာနိ၊ ရှစ်သောင်းလေးထောင်သော ပလ္လင် (အိပ်ခုတင်)တို့ကိုလည်း။
အဒါသိ၊ လှူဒါန်းပြီ။
ခေါမသုခုမာနံ၊ သိမ်မွေ့နူးညံ့သော ခုံချည်အဝတ်တို့၏လည်းကောင်း။
ကေသေယျသုခုမာနံ၊ သိမ်မွေ့နူးညံ့သော ပိုးချည်အဝတ်တို့၏ လည်းကောင်း။
ကမ္ဗလသုခုမာနံ၊ သိမ်မွေ့နူးညံ့သော သားမွေးကမ္ဗလာတို့၏လည်းကောင်း။
ကပ္ပါသိကသုခုမာနံ၊ သိမ်မွေ့နူးညံ့သော ဝါချည်အဝတ်တို့၏ လည်းကောင်း။
စတုရာသီတိဝတ္ထကောဋိသဟဿာနိ၊ ကုဋေရှစ်သောင်းလေးထောင်သော အဝတ်ထည်တို့ကို။
အဒါသိ၊ ပြီ။
[လောကဝေါဟာရ အားဖြင့် အဝတ်အထည်အစုံ နှစ်ဆယ်တို့သည် တစ်ကုဋေဖြစ်၍ ဤနေရာ၌ကား ဆယ်ထည်သော ပုဆိုးတို့သည် တစ်ကုဋေဖြစ်သည်ဟု အဆိုရှိကြောင်း အဋ္ဌကထာမိန့်သည်။]
အန္နဿ၊ ထမင်းကိုလည်းကောင်း။
ပါနဿ၊ အဖျော်ကိုလည်းကောင်း။
ခဇ္ဇဿ၊ ခဲဖွယ်ကိုလည်းကောင်း။
ဘောဇ္ဇဿ၊ စားဖွယ်ကိုလည်းကောင်း။
လေယျဿ၊ လျက်ဖွယ်ကိုလည်းကောင်း။
ပေယျဿ၊ သောက်ဖွယ်ကိုလည်းကောင်း။
(ဒါနေ၊ ပေးလှူခြင်း၌။)
ဝါဒေါ၊ ဤရွေ့ဤမျှဟုရေတွက် ပြောဆိုဖွယ် စကားသည်။
ကော ပန (အတ္ထိ) အဘယ်မှာရှိတော့အံ့နည်း။
နဇ္ဇော၊ မြစ်တို့သည်။
ဝိဿန္ဒန္တိ မညေ၊ စီးသွားကုန်သကဲ့သို့။
(တထာ၊ ထို့အတူ။
တံ ဒါနံ၊ ထိုကြီးမားလှစွာသော အလှူဒါနပွဲသည်။
အဟောတိ၊ ဖြစ်လေပြီ။)
ဂဟပတိ၊ အိမ်ရှင်ဒါယကာ။
သိယာ၊ မချွတ်ဧကန်အမှန်ပင်။
တေ၊ သင့်မှာ။
ဧဝံ၊ ဤသို့ တွေးတော ဆင်ခြင် ထင်မြင်ခြင်းသည်။
အဿ၊ ဖြစ်ရာ၏။
(ကိန္တိ၊ အဘယ်သို့။
အဿ၊ ဖြစ်ရာသနည်းဟူမူ။)
တေန သမယေန၊ ထိုအခါ၌။
(ဝေလာမပုဏ္ဏားဩ အလှူဒါနပြွကြီးပြုလုပ်ရာ ထိုအခါ၌။)
ဝေလာမော၊ ဝေလာမမည်သော။
ဗြာစ္မာဏော၊ ပုဏ္ဏားသည်။
အညော၊ မြတ်စွာဘုရားမှ တပါးသော ပုဂ္ဂိုလ်သည်။
အဟောသိ နူန၊ ဖြစ်ခဲ့လေသလော။
သော၊ (မြတ်စွာဘုရာမှတပါးသော) ထိုပုဂ္ဂိုလ်သည်။
မဟာဒါနံ၊ ကြီးစွာသော အလှူတည်းဟူသော။
တံဒါနံ၊ ထိုအလှူဒါနကို။
အဒါသိ နူန၊ ပေးလှူခဲံလေသလော။
ဣတိ၊ ဤသို့ တွေးတောဆင်ခြင်ထင်မြင်ခြင်းသည်။
အဿ၊ ဖြစ်ရာ၏။
[သောဟူသော နိယမသဒ္ဒါဖြင့် "သောတံ ဒါနံ" ဟုရှိသော လက်ရှိစာမူအတိုင်း အနက်ပြန်ဆိုခြင်းတည်း၊ သို့သော အနိယမ "ယော" သဒ္ဒါဖြင့်ရှိလျှင် ပိုကောင်း၏၊ ထိုယောသဒ္ဒါဖြင့် အနက်ပြန်ဆိုရသော်- တေန သမယေန၊ ၌။
ယော၊ အကြင်ဝေလာမပုဏ္ဏားသည်။
မဟာဒါနံ၊ သော။
တံ ဒါနံ၊ ကို။
အဒါသိ၊ ပေးလှူခဲ့ပြီ။
ဝေလာမော၊ ဝေလာမမည်သော။
သော ဗြာဟ္မဏော၊ ထိုပုဏ္ဏားသည်။
အညော၊ မြတ်စွာဘုရားမု တပါးသောပုဂ္ဂိုလ်သည်။
အဟောသိနူန၊ ဖြစ်ခဲ့လေသလော။
ဣတိ၊ ဤသို့ တွေးတောထင်မြင်ခြင်းသည်။
အဿ၊ ၏။]
ဂဟပတိ၊ ကာ။
ပန၊ သို့သော်လည်း။
ဧတံ၊ ဤသို့ ဝေလာမပုဏ္ဏားဖြစ်ခဲ့သော ပုဂ္ဂိုလ်ကို ဖော်ထုတ်ခြင်းကို။
ဧဝံ၊ ဤသို့ တွေးတောထင်မြင်သည့်အတိုင်း။
နခေါ ဒဋ္ဌဗ္ဗံ၊ မမှတ်ထိုက်သည်သာ။
တေန သမယေန၊ မဟာဒါနပြုလုပ်ရာ ထိုအခါ၌။
အဟံ၊ ငါဘုရားသည်။
ဝေလာမော၊ သော။
ဗြာဟ္မဏော၊ သည်။
အဟောသိံ၊ ဖြစ်ခဲ့ပြီ။
အဟံ၊ ငါသည်။
မဟာဒါနံ၊ သော။
တံ ဒါနံ၊ ထိုအလှူဒါနကို။
အဒါသိံ၊ ပေးလှူခဲ့ပြီ။
ဂဟပတိ၊ ကာ။
ပန၊ အထူးဆိုဖွယ်ရှိသေးသည်ကား။
တသ္မိံ ဒါနေ၊ ထိုဝေလာမပုဏ္ဏား၏ အလှူဒါန၌။
ကောစိ၊ အလှူခံပုဂ္ဂိုလ် တဦးတလေမျှသည်ပင်။
ဒဏ္ခိဏေယျော၊ ထိုမြတ်သောအလှူကို ခံယူခြင်းငှာထိုက်တန်သူသည်။
န အဟောသိ၊ မဖြစ်ခဲ့။
ကောစိ၊ အလှူခံပုဂ္ဂိုလ် တဦးတလေမျှ။
တံ ဒက္ခိဏံ၊ ထိုဝေလာမ ပုဏ္ဏား၏ မြတ်သော အလှူကို။
န ဝိသောဓေတိ၊ မသုတ်သင်နိုင်။
(အကျိုးကြီးမား တိုးပွားဖြူစင်အောင် မသုတ်သင်နိုင်ချေ။)
ဂဟပတိ၊ ကာ။
ဝေလာမော၊ သော။
ဗြာဟ္မဏော၊ သည်။
မဟာဒါနံ၊ သော။
ယံ ဒါနံ၊ အကြင်အလှူဒါနကို။
အဒါသိ၊ ပေးလှူခဲ့ပြီ။
ယော စ၊ အကြင်ပုဂ္ဂိုလ်သည်ကား။
ဧကံ၊ တဦးတည်းသာ ဖြစ်သော။
ဒိဋ္ဌိသမ္ပန္နံ၊ သောတာပတ္တိမဂ်ဉာဏ်အမြင်နှင့် ပြည့်စုံသော သောတာပန်ပုဂ္ဂိုလ်ကို။
ဘောဇေယျ၊ ( ဆွမ်းဘောဇဉ်) ကျွေးမွေးရာ၏။
(တဿ၊ ထိုပုဂ္ဂိုလ်၏။)
ဣဒံ၊ ဤဒိဋ္ဌိသမ္ပန္နပုဂ္ဂိုလ်တဦးအား လှူအပ်သော ဘောဇနဒါနသည်။
တတော၊ ထိုဝေလာမပုဏ္ဏား၏ မဟာဒါနထက်။
မဟပ္ဖလတရံ၊ အထူးသဖြင့်များသော အကျိုးရှိ၏။
ယော စ၊ အကြင်ပုဂ္ဂိုလ်သည်ကား။
ဒိဋ္ဌိသမ္ပန္နာနံ၊ သောတာပတ္တိမဂ်ဉာဏ် အမြင်နှင့် ပြည့်စုံသော သောတာပန်ပုဂ္ဂိုလ်တို့၏။
သတံ၊ တရာကို။
ဘောဇေယျ၊ ကျွေးမွေးဆက်ကပ်ရာ၏။
ယော စ၊ ကား။
ဧကံ၊ တဦးတည်းသာဖြစ်သော။
သကဒါဂါမိံ၊ သကဒါဂါမ်ပုဂ္ဂိုလ်ကို။
ဘောဇေယျ၊ ရာ၏။
(တေသံ၊ ထိုပုဂ္ဂိုလ်နှစ်ဦးတို့၏။
ဒုဝိဓဘောဇနဒါနေသု၊ နှစ်မျိုးအပြားရှိသော ဘောဇနဒါနတို့တွင်။)
ဣဒံ၊ ဤသကဒါဂါမ်ပုဂ္ဂိုလ်တဦးအား လှူအပ်သော ဘောဇနဒါနသည်။
တတော၊ ထိုဒိဋ္ဌိသမ္မန္နတရာအား လှူအပ်သော ဘောဇနဒါနထက်။
မဟပ္ဖလတရံ၊ ။
ယောစ၊ ကား။
သကဒါဂါမီနံ၊ သကဒါဂါမ်ပုဂ္ဂိုလ်တို့၏။
သတံ၊ တရာကို။
ဘောဇေယျ၊ ရာ၏။
ယောစ၊ ကား။
ဧကံ၊ သော။
အနာဂါမိ၊ အနာဂါမ်ပုဂ္ဂိုလ်ကို။
ဘောဇေယျ၊ ၏။
(တေသံ၊ ထိုပုဂ္ဂိုလ်နှစ်ဦးတို့၏။
ဒုဝိဓဘောဇနဒါနေသု၊ တို့တွင်။)
ဣဒံ၊ ဤအနာဂါမ်ပုဂ္ဂိုလ်တဦးအားလှူဒါန်းသော ဘောဇနဒါနသည်။
တတော၊ ထိုသင်ကဒါဂါမ်ပုဂ္ဂိုလ်တရားအား လှူဒါန်းအပ်သော ဘောဇနဒါနထက်။
မဟာပ္ဖလတရံ၊ ၏။
ယော စ၊ ကား။
အနာဂါမီနံ၊ အနာဂါမ်ပုဂ္ဂိုလ်တို့၏။
သတံ၊ ကို။
ဘောဇေယျ၊ ၏။
(တေသံ၊ တို့၏။
ဒုတိဓဘောဇနဒါနေသု၊ တို့တွင်။)
ဣဒံ၊ ဤရဟန္တာအရှင်မြတ်တပါးအား လှူအပ်သော ဘောဇနဒါနသည်။
တတော၊ ထိုအနာဂါမ် ပုဂ္ဂိုလ်တရားအား လှူဒါန်းအပ်သော ဘောဇနဒါနထက်။
မဟပ္ဖလတရံ၊ ၏။
ယော စ၊ ကား။
အရဟန္တာနံ၊ ရဟန္တာအရှင်မြတ်တို့၏။
သတံ၊ ကို။
ဘောဇေယျ၊ ၏။
ယော စ၊ ကား။
ဧကံ၊ သော။
ပစ္စေကဗုဒ္ဓံ၊ ပစ္စေကဗုဒ္ဓါအရှင်မြတ်ကို။
ဝါ၊ (လေးသစ္စာကို ဆရာမမှီး) သီးခြားကိုယ်တိုင် သိမြင်နိုင်သော ဒုတိယ အဆင့်ဘုရားရှင်ကို။
ဘောဇေယျ၊ ၏။
။ပ။ ဣဒံ၊ ဤပစ္စေကဗုဒ္ဓါတဆူအား လှူဒါန်းအပ်သော ဘောဇနဒါနသည်။
တတော၊ ထိုရဟန္တာအရှင်မြတ်တရားအား လှူဒါန်းအပ်သော ဘောဇနဒါနထက်။
မဟပ္ဖလတရံ၊ ၏။
ယော စ၊ ကား။
ပစ္စေကဗုဒ္ဓါနံ၊ တို့၏။
သတံ၊ ကို။
ဘောဇေယျ၊ ၏။
ယော စ၊ ကား။
အရဟန္တံ၊ ကိလေသာဝေးကွာ၍ ပူဇော်အထူးကို ခံယူတော်မူထိုက်သော။
သမ္မာသမ္ဗုဒ္ဓံ၊ သိဖွယ်တရား မမှားဧကန် အမှန်ပိုင်နိုင်ကိုယ်တိုင်စထွင် အကုန်အစင် သိမြင်တော်မူသော။
တထာဂတံ၊ မြတ်စွာဘုရားကို။
(ကောင်းမှုဆယ်လီ ပါရမိဖြည့်ငြား ရှေးဘုရားအတူ ကြွလာတော်မူသော မြတ်စွာဘုရားကို။)
ဘောဇေယျ၊ ၏။
။ပ။ ဣဒံ၊ ဤမြတ်စွာဘုရားအား လှူဒါန်းအပ်သော ဘောဇနဒါနသည်။
တတော၊ ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်တရားအား လှူဒါန်းအပ်သော ဘောဇနဒါထက်။
မဟပ္ဖလတရံ၊ ၏။
ယော စ၊ ကား။
အရဟန္တံ၊ သော။
သမ္မာသမ္ဗုဒ္ဓံ၊ သော။
တထာဂတံ၊ ကို။
ဘောဇေဘျ၊ ၏။
ယော စ၊ ကား။
ဗုဒ္ဓပ္ပမုခံ၊ ဘုရားအမှူးရှိသော။
ဘိက္ခု သံဃံ၊ ရဟန်းသံဃာတော်ကို။
ဘောဇေယျ၊ ၏။
(တေသံ၊ တို့၏။
ဒုဝိဓဘောဇနဒါနေသု၊ တို့တွင်။)
ဣဒံ၊ ဤဗုဒ္ဓပ္ပမုခဘိက္ခု သံဃာအား လှူဒါန်းအပ်သော ဘောဇနဒါနသည်။
တတော၊ ထိုမြတ်စွာဘုရားအာ လှူဒါန်းအပ်သော ဘောဇနဒါနထက်။
မဟပ္ဖလတရံ၊ ၏။
ယော စ၊ ကား။
ဗုဒ္ဓပ္ပမုခံ၊ သော။
ဘိက္ခုသံဃံ၊ ကို။
ဘောဇေယျ၊ ၏။
ယော စ၊ ကား။
စာတုဒ္ဒိသံ၊ အရပ်လေးမျက်နှာ၌ သီတင်းသုံးနေထိုင်သော။
သံဃံ၊ သံဃာတော်ကို။
ဥဒ္ဒိဿ၊ ရည်စူး၍။
ဝိဟာရံ၊ ကျောင်းကို။
ကာရာပေယျ၊ ဆောင်လုပ်စေရာ၏။
(တေသံ၊ ထိုပုဂ္ဂိုလ်တို့၏။
ဘောဇနဝိဟာရကာရာပနေသု၊ ဗုဒ္ဓပ္ပမုခ ဘိက္ခုသံဃာအား ဆွမ်းကျွေးမွေးခြင်းနှင့် စာတုဒ္ဒိသသံဃာကို ရည်စူး၍ ကျောင်းဆောင်လုပ်စေခြင်း ကုသိုလ်တို့တွင်။)
ဣဒံ၊ ဤစာဒ္ဒိသဘိက္ခုသံဃာကို ရည်စူး၍ ကျောင်းဆောင်လုပ်စေမှု ကုသိုလ်သည်။
တတော၊ ထိုဗုဒ္ဓပ္ပမုခဘိက္ခု သံဃာကို ဆွမ်းကျွေးမှု ကုသိုလ်ထက်။
မဟပ္ဖလတရံ၊ ၏။
ယောစ၊ ကား။
စာတုဒ္ဒိသံ၊ သော။
သံဃံ၊ ကို။
ဥဒ္ဒိဿ၊ ၍။
ဝိဟာရံ၊ ကို။
ကာရာပေယျ၊ ၏။
ယော စ၊ ကား။
ပသန္နစိတ္တော၊ ကြည်ညိုသောစိတ်ရှိသည်။
(ဟုတွာ၊ ဖြင်၍။)
ဗုဒ္ဓဉ္စ၊ မြတ်စွာဘုရားကိုလည်းကောင်း။
ဓမ္မဉ္စ၊ (မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မက္ခန်ပရိယတ်) ဆယ်ပါးသော တရားတော်မြတ်ကိုလည်းကောင်း။
သံဃဉ္စ၊ ရှစ်ပါးသော အရိယာသံဃာတော်ကို လည်းကောင်း။
သရဏံ၊ ကိုးကွယ်ရာဟူ၍။
ဂစ္ဆေယျ၊ ဆည်းကပ်ရာ၏။သရဏံ ဂစ္ဆေယျ ။ ။ ဤနေရာမှ သရဏံ ဂစ္ဆေယျ၌ မဂ်ဖြင့်လာသောအနိဝတ္တနသရဏဂုမ် (မဆုတ်နစ်မပျက်စွးသော လောကုတ္တရာ သရစဂုမ်) ကိုယူရမည်၊ အပရေဆရာတို့ အလိုအားဖြင့်မူ ကိုယ်အသက်ကို အပ်နှင်းလှူဒါန်း၍ ကိုးကွယ်ဆည်းကပ်ခြင်းတည်းဟူသော လောကီသရဏဂုမ်ကို ယူရမည်ဟု အဋ္ဌကထာဖွင့်၏၊ ထိုအဖွင့်အတိုင်း ပေါ်လွင်အောင် အနက်ပေးလိုလျြှင် ----"သရဏံ- ကိုးကွယ်အားထားရာဟူ၍။ ဂစ္ဆေယျ- မဂ်ဖြင့်လာသော မဆုတ်နစ်သော ဆည်းကပ်ခြင်းတည်းဟူသော လောကုတ္တရာသရဏဝုစ်ဖြင် ဆည်းကပ်ရာ၏၊ ဝါ- ကိုယ်အသက်ကို အပ်နှင်းလှူဒါန်း၍ ဆည်းကပ်ခြင်းတည်းဟူသော လောကိယသရဟဝုမ်ဖြင့် ဆည်းကပ်ရာ၏" ဟု အနက်ဆို။
ထို့အပြင် ဤနေရာ၌ သိက္ခာမဒအရလည်း မဂ်ဖြင့်လာသော အနိဝတ္တနသီလ (လောကုတ္တရာသီလ)ကိုယူရမည်၊ အပရေဆရာတို့ အလိုအား ဖြင့်မူ လောကီသီလကို ယူရမည်၊အနက်ကို နိဿယခန်း၌ ပြည့်စုံအောင် ရေးပြီးပြီ။ (တေသံ၊ ထိုပုဂ္ဂိုလ်နှစ်ဦးတို့၏။ တေသု ဝိဟာရကာရပန, သရဏဂမနေသု၊ ထိုကျောင်းဆောက်လုပ်စေမှုနှင့် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်မှု ကုသိုလ်နှစ်မျိုးတို့တွင်။) ဣဒံ၊ ဤရတနာမြတ်သုံးပါးကို ကိုးကွယ်ဆည်းကပ်မှု ကုသိုလ်သည်။ တထော၊ ထိုကျောင်းဆောင်စေမှု ကုသိုလ်ထက်။ မဟပ္ဖလတရံ၊ ။ ယော စ၊ ကား။ ပသန္နစိတ္တော၊ ကြည်ညိုသောစိတ်ရှိသည်။ (ဟုတွာ) ဗုဒ္ဓဉ္စ၊ ကောင်း။ ။ပ။ ဂစ္ဆေယျ၊ ရာ၏။ ယောစ၊ ကား။ ပသန္နစိတ္တော၊ ကြင်လင်သောစိတ်ရှိသည်။ (ဟုတွာ)ပါဏာတိပါတော၊ သတ္တဝါ, အသက်ကိုသတ်ခြင်းမှ။ ဝေရမဏိံ၊ ရှောင်ကြဉ်ခြင်း သီလသိက္ခာပုဒ်ကိုလည်းကောင်း။ အဒိန္နာဒါနာ၊ ပိုင်ရှင်မပေးအပ်သော သူတပါးပစ္ဏည်းဥစ္ဏာကို ခိုးယူလုယက်ခြင်းမှ။ ဝေရမဏိံ၊ လည်းကောင်း။ ကုမေသုမိစ္ဆာစာရာ၊ မေထုန်ကာမအကျင့်တို့၌ ယုတ်မာစွာကျင့်ခြင်းမှ။ ဝေရမဏိံ၊ ကောင်း။ မုသာဝါဒါ၊ မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းမှ။ ဝါ၊ သူတပါးကို လွဲမှားသွားစေတတ်သော ကိုယ့်နှုတ်ပယောဂကို သိစေကြောင်းစေတနာမှ။ ဝေရမဏိံ၊ ကောင်း။ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ၊ မေ့လျော့ခြင်း၏ တည်ရာအကြောင်း ဖြစ်သော မူးရစ်စေတတ်သော သေရည်အရက်ကို သောက်ကြောင်းစေတနာမှ။ ဝေရမဏိံ၊ ကောင်း။ (ဣတိ၊ ဤမည်ကုန်သော။) သိက္ခာပဒါနိ၊ သိက္ခာပုဒ်သီလတို့ကို။ (မဂ်ဖြင့် ဖြစ်ပေါ်လာသော မဆုတ်နစ် မပျက်စီးသော လောကုတ္တရာသိက္ခာပုဒ်သီလတို့ကို။ ဝါ၊ လောကီသိက္ခာပုဒ်သီလတို့ကို။) သမာဒိယေယျ၊ ကောင်းစွာ ခံယူကျင့်သုံးရာ၏။ (တေသံ၊ ထိုပုဂ္ဂိုလ်နှစ်ဦးတို့၏။ တေသု သရဏမနသိက္ခာပဒသမာဒါနေသု၊ ထိုရတနာမြတ်သုံးရပ် ကိုးကွယ်ဆည်းကပ်မှုနှင့် သိက္ခာပုဒ်ခံယူ ကျင့်သုံးမှုကုသိုလ်တို့တွင်။) ဣဒံ၊ ဤသိက္ခာပုဒ်ကို ခံယူကျင့်သုံးမှုကုသိုလ်သည်။ တတော၊ ထိုရတနာ မြတ်သုံးရပ် ကိုးကွယ်ဆည်းကပ်မှုကုသိုလ်ထက်။ မဟပ္ဖလတရံ၊ ။ ယော စ၊ ကား။ မသန္နစိတ္တော၊ ကြည်လင်သော စိတ်ရှိသည်။ (ဟုတွာ) ပါဏာတိပါတာ၊ မှ။ ဝေရမဏိံ၊ ကောင်း။ ။ပ။ မသာဒိယေယျ၊ ၏။ ယော စ၊ ကား။ အန္တမသော၊ အောင်ထစ်ဆုံးအားဖြင့်။ ဂန္ဓောဟနမတ္တမ္ပိ၊ နံ့သာကို တကြိမ်နမ်းရှုရုံမျှ အချိန်ကာလကြာရုံသော်မှပင်လည်း။ ဂန္ဓောဟနမတ္တမ္ပိ ။ ။ ဂန္ဓဿ ဦဟနံ ဥပသိင်္ဃနံ ဂန္ဓောစနံ- နံသာကို နမ်းရှုခြင်း၊ ဂန္ဓောဟနံ မတ္တာ ပမာဏံ ယဿ ကာလဿာတိ ဂန္ဓောဟနမတ္တော- (လက်နှစ်ချောင်းတို့ဖြင့် နံ့သာခဲကိုယူ၍) နံ့သာကို တကြိမ်နမ်းရှုရုံမျှ ပမာဏရှိသော အချိန်ကာလ။ ဤနေရာ၌ ဂဒ္ဒေါဟနမတ္တံ- ဟူသော မူကွဲပါဌ်ကိုလည်းဖါင့်သေး၏၊ ဂါဝိယာ ဒေါဟနံ ဂဒ္ဒေါဟနံ- နွားမကို နို့ညှစ်ခြင်း၊ ဂဒ္ဒေါဟနံ မတ္တာ ပမာဏံ ယဿာတိ ဂဒ္ဒေါဟနမတ္တော။ ဂဒ္ဒေါဟနမတ္တမ္ပိ- နွားမကို တကြိမ်နို့ညှစ်ရုံမျှ (နို့တညှစ်မျှ) ပမာဏ ရှိသော ကာလကြာရုံသော်မှပင်။ (လက် နှစ်ချောင်းတို့ဖြင့် နံ့သာခဲကိုယူ၍ နံ့သာကို တကြိမ်နမ်းရှုခြင်းမျှ ပမာဏရှိသော အချိန်ကာလကြာရုံသော်မှပင်လည်း။) မေတ္တစိတ္တံ၊ (အပ္ပနာသို့ ရောက်သော) မေတ္တာနှင့်ယှဉ်သော စိတ်ကို။ ဘာဝေယျ၊ ဖြစ်ပွားစေရာ၏။ (တေသံ၊ ထိုပုဂ္ဂိုလ်နှစ်ဦးတို့၏။ တာသု သိက္ခာပဒေသမာဒါနု, မေတ္တစိတ္တဘာဝနာသု၊ ထိုသိက္ခာပုဒ်ခံယူကျင့်သုံးမှု, အပ္ပနာပတ္တမေတ္တာစိတ် ဖြစ်ပွားစေမှု ကုသိုလ်တို့တွင်။) ဣဒံ၊ ဤအပ္၌နာပတ္တမေတ္တာစိတ်ဖြစ်ပွားစေမူ ကုသိုလ်သည်။ တတော၊ ထိုသိက္ခာပုဒ်ခံယူကျင့်သုံးမှု ကုသိုလ်ထက်။ မဟပ္ဖလတရံ၊ ။
ထို့အပြင် ဤနေရာ၌ သိက္ခာမဒအရလည်း မဂ်ဖြင့်လာသော အနိဝတ္တနသီလ (လောကုတ္တရာသီလ)ကိုယူရမည်၊ အပရေဆရာတို့ အလိုအား ဖြင့်မူ လောကီသီလကို ယူရမည်၊အနက်ကို နိဿယခန်း၌ ပြည့်စုံအောင် ရေးပြီးပြီ။ (တေသံ၊ ထိုပုဂ္ဂိုလ်နှစ်ဦးတို့၏။ တေသု ဝိဟာရကာရပန, သရဏဂမနေသု၊ ထိုကျောင်းဆောက်လုပ်စေမှုနှင့် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်မှု ကုသိုလ်နှစ်မျိုးတို့တွင်။) ဣဒံ၊ ဤရတနာမြတ်သုံးပါးကို ကိုးကွယ်ဆည်းကပ်မှု ကုသိုလ်သည်။ တထော၊ ထိုကျောင်းဆောင်စေမှု ကုသိုလ်ထက်။ မဟပ္ဖလတရံ၊ ။ ယော စ၊ ကား။ ပသန္နစိတ္တော၊ ကြည်ညိုသောစိတ်ရှိသည်။ (ဟုတွာ) ဗုဒ္ဓဉ္စ၊ ကောင်း။ ။ပ။ ဂစ္ဆေယျ၊ ရာ၏။ ယောစ၊ ကား။ ပသန္နစိတ္တော၊ ကြင်လင်သောစိတ်ရှိသည်။ (ဟုတွာ)ပါဏာတိပါတော၊ သတ္တဝါ, အသက်ကိုသတ်ခြင်းမှ။ ဝေရမဏိံ၊ ရှောင်ကြဉ်ခြင်း သီလသိက္ခာပုဒ်ကိုလည်းကောင်း။ အဒိန္နာဒါနာ၊ ပိုင်ရှင်မပေးအပ်သော သူတပါးပစ္ဏည်းဥစ္ဏာကို ခိုးယူလုယက်ခြင်းမှ။ ဝေရမဏိံ၊ လည်းကောင်း။ ကုမေသုမိစ္ဆာစာရာ၊ မေထုန်ကာမအကျင့်တို့၌ ယုတ်မာစွာကျင့်ခြင်းမှ။ ဝေရမဏိံ၊ ကောင်း။ မုသာဝါဒါ၊ မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းမှ။ ဝါ၊ သူတပါးကို လွဲမှားသွားစေတတ်သော ကိုယ့်နှုတ်ပယောဂကို သိစေကြောင်းစေတနာမှ။ ဝေရမဏိံ၊ ကောင်း။ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ၊ မေ့လျော့ခြင်း၏ တည်ရာအကြောင်း ဖြစ်သော မူးရစ်စေတတ်သော သေရည်အရက်ကို သောက်ကြောင်းစေတနာမှ။ ဝေရမဏိံ၊ ကောင်း။ (ဣတိ၊ ဤမည်ကုန်သော။) သိက္ခာပဒါနိ၊ သိက္ခာပုဒ်သီလတို့ကို။ (မဂ်ဖြင့် ဖြစ်ပေါ်လာသော မဆုတ်နစ် မပျက်စီးသော လောကုတ္တရာသိက္ခာပုဒ်သီလတို့ကို။ ဝါ၊ လောကီသိက္ခာပုဒ်သီလတို့ကို။) သမာဒိယေယျ၊ ကောင်းစွာ ခံယူကျင့်သုံးရာ၏။ (တေသံ၊ ထိုပုဂ္ဂိုလ်နှစ်ဦးတို့၏။ တေသု သရဏမနသိက္ခာပဒသမာဒါနေသု၊ ထိုရတနာမြတ်သုံးရပ် ကိုးကွယ်ဆည်းကပ်မှုနှင့် သိက္ခာပုဒ်ခံယူ ကျင့်သုံးမှုကုသိုလ်တို့တွင်။) ဣဒံ၊ ဤသိက္ခာပုဒ်ကို ခံယူကျင့်သုံးမှုကုသိုလ်သည်။ တတော၊ ထိုရတနာ မြတ်သုံးရပ် ကိုးကွယ်ဆည်းကပ်မှုကုသိုလ်ထက်။ မဟပ္ဖလတရံ၊ ။ ယော စ၊ ကား။ မသန္နစိတ္တော၊ ကြည်လင်သော စိတ်ရှိသည်။ (ဟုတွာ) ပါဏာတိပါတာ၊ မှ။ ဝေရမဏိံ၊ ကောင်း။ ။ပ။ မသာဒိယေယျ၊ ၏။ ယော စ၊ ကား။ အန္တမသော၊ အောင်ထစ်ဆုံးအားဖြင့်။ ဂန္ဓောဟနမတ္တမ္ပိ၊ နံ့သာကို တကြိမ်နမ်းရှုရုံမျှ အချိန်ကာလကြာရုံသော်မှပင်လည်း။ ဂန္ဓောဟနမတ္တမ္ပိ ။ ။ ဂန္ဓဿ ဦဟနံ ဥပသိင်္ဃနံ ဂန္ဓောစနံ- နံသာကို နမ်းရှုခြင်း၊ ဂန္ဓောဟနံ မတ္တာ ပမာဏံ ယဿ ကာလဿာတိ ဂန္ဓောဟနမတ္တော- (လက်နှစ်ချောင်းတို့ဖြင့် နံ့သာခဲကိုယူ၍) နံ့သာကို တကြိမ်နမ်းရှုရုံမျှ ပမာဏရှိသော အချိန်ကာလ။ ဤနေရာ၌ ဂဒ္ဒေါဟနမတ္တံ- ဟူသော မူကွဲပါဌ်ကိုလည်းဖါင့်သေး၏၊ ဂါဝိယာ ဒေါဟနံ ဂဒ္ဒေါဟနံ- နွားမကို နို့ညှစ်ခြင်း၊ ဂဒ္ဒေါဟနံ မတ္တာ ပမာဏံ ယဿာတိ ဂဒ္ဒေါဟနမတ္တော။ ဂဒ္ဒေါဟနမတ္တမ္ပိ- နွားမကို တကြိမ်နို့ညှစ်ရုံမျှ (နို့တညှစ်မျှ) ပမာဏ ရှိသော ကာလကြာရုံသော်မှပင်။ (လက် နှစ်ချောင်းတို့ဖြင့် နံ့သာခဲကိုယူ၍ နံ့သာကို တကြိမ်နမ်းရှုခြင်းမျှ ပမာဏရှိသော အချိန်ကာလကြာရုံသော်မှပင်လည်း။) မေတ္တစိတ္တံ၊ (အပ္ပနာသို့ ရောက်သော) မေတ္တာနှင့်ယှဉ်သော စိတ်ကို။ ဘာဝေယျ၊ ဖြစ်ပွားစေရာ၏။ (တေသံ၊ ထိုပုဂ္ဂိုလ်နှစ်ဦးတို့၏။ တာသု သိက္ခာပဒေသမာဒါနု, မေတ္တစိတ္တဘာဝနာသု၊ ထိုသိက္ခာပုဒ်ခံယူကျင့်သုံးမှု, အပ္ပနာပတ္တမေတ္တာစိတ် ဖြစ်ပွားစေမှု ကုသိုလ်တို့တွင်။) ဣဒံ၊ ဤအပ္၌နာပတ္တမေတ္တာစိတ်ဖြစ်ပွားစေမူ ကုသိုလ်သည်။ တတော၊ ထိုသိက္ခာပုဒ်ခံယူကျင့်သုံးမှု ကုသိုလ်ထက်။ မဟပ္ဖလတရံ၊ ။
ဂဟပတိ၊ ကား။
စ၊ ထိုကုသိုလ်အားလုံးထက် မဟပ္ဖလတရဖြစ်သော ကုသိုလ်ကား။
ဝေလာမော၊ သော။
ဗြာဟ္မဏော၊ သည်။
မဟာဒါနံ၊ သော။
ယံ ဒါနံ၊ ကို။
အဒါသိ၊ ပြီ။
ယော စ၊ ကား။
ဧကံ၊ သော။
ဒိဋ္ဌိသမ္ပန္နံ၊ ကို။
ဘောဇေယျ၊ ၏။
ယော စ၊ ကား။
ဒိဋ္ဌိသမ္ပန္နာနံ၊ တို့၏။
သတံ၊ ကို။
ဘောဇေယျ၊ ၏။
ယော စ၊ ကား။
ဧကံ၊ သော။
သကဒါဂါမိံ၊ ကို။
ဘောဇေယျ၊ ၏။
ယော စ၊ ကား။
သကဒါဂါမီနံ၊ တို့၏။
သတိံ၊ ကို။
ဘောဇေယျ၊ ၏။
။ပ ။မေတ္တစိတ္တံ၊ ကို။
ဘာဝေယျ၊ ၏။
ယော စ၊ ကား။
အစ္ဆရာသင်္ဃာတမတ္တမ္ပိ၊ လက်ဖျစ်တစ်တွက်ခန့် အခိုက်အတန့်လောက်မျှသော်မှလည်း။
အနိစ္စသညံ၊ (လောကိခန္ဓာငါးပါးတို့၌) မမြဲဟု ရှုမှတ်သော သညာကို။
အနိစ္စသညံ ။ ။ အနိစ္စသည္တိ မဂ္ဂဿ အနန္တ ရပစ္စယဘာဝေန သိခါပတ္တဗလဝဝိပဿနံ- ဟူသော အဋ္ဌကထာနှင့် အညီ ဤ၌ အနိစ္စသညာအရ သာမာန်အနိစ္စသညာကို မယူရ၊ အရိယမဂ်၏ အနန္တရ ပစ္စည်းအဖြစ်ဖြင့် အထွတ်အထိပ်သို့ ရောက်သော အားကောင်းသော ဝိပဿနာကို ယူရ၏၊ ဤ၌ မဂ်၏အနန္တရပစ္စည်းဟု ဆိုသောကြောင့် မဂ်နှင့်အနီးကပ်ဆုံး ဝိပဿနာကို ယူရ၏၊ ထိုအနီးကပ်ဆုံး ဝိပဿနာဟူသည် မဂ္ဂဝီထိအတွင်းရှိ ဂေါ်တြဘု, ဝေါဒါန်သာတည်း။
(မဂ်၏ အနန္တ ရပစ္စည်းအဖြစ်ဖြင့် အထွတ်အထိပ်သို့ ရောက်သော ဗလဝ ဝိပဿနာဖြစ်သော အနိစ္စသညာကို။)
ဘာဝေယျ၊ ၏။
(တဿ၊ ထိုအနိစ္စသညာကို ဖြစ်ပွားစေသော ပုဂ္ဂိုလ်၏။)
ဣဒံ၊ ဤအနိစ္စသညာဘာဝနာကုသိုလ်သည်။
တေသံ၊ ထိုပုဂ္ဂိုလ်တို့၏။
(ထိုဝေလာမပုဏ္ဏားမှ စရ မေတ္တာစိတ်ဖြစ်ပွားစေသူတိုင်အောင်သော ပုဂ္ဂိုလ်တို့၏။)
တတော၊ ထိုမဟာဒါန, ဘောဇနဒါနကုသိုလ်စသည်ထက်။
(မဟာဒါန,ဘောဇနဒါန ကုသိုလ်မှစ၍ မေတ္တစိတ္တဘာဝနာကုသိုလ်တိုင်အောင်သော ကုသိုလ်အားလုံးထက်။)
မဟပ္ဖလတရံ၊ အထူးသဖြင့်များသော အကျိုးရှိ၏။
ဣတိ၊ ဤသို့။
(အဝေါစ၊ မိန့်တော်မူပြီ)။
ဒသမံ၊ ။
ဒုတိယေ၊ နှစ်ခုမြောက်သော။
သီဟနာဒဝဂ္ဂေါ၊ သီဟနာဒဝဂ်တည်း။