Issues
Chọn phiên bản
胜嗣Jinadāyāda
中文
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Tikanipātapāḷi
Tikanipātapāḷi

10. Ādhipateyyasuttaṃ

Tác giả: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ တို့။ အာဓိပတေယျာနိ၊ အကြီးအကဲမှ ဖြစ်ပေါ်လာသော ဂုဏ်တို့သည်။ ဝါ၊ အကြီးအကဲ အရာ၌ထား၍ ဖြစ်ပေါ်လာစေအပ်သော ဂုဏ်တို့သည်။ ဣမာနိ တီဏိ၊ ဤသုံးမျိုးတို့တည်း။ ။ပ။၊
အတ္တာဓိပတေယျံ၊ မိမိဟူသော အကြီးအကဲမှဖြစ်ပေါ်လာသော ဂုဏ်လည်းကောင်း။ ဝါ၊ မိမိကိုယ်ကို အကြီးအကဲအရာ၌ ထား၍ ဖြစ်ပေါ်လာစေအပ်သော ဂုဏ်လည်းကောင်း။ လောကာဓိပတေယျံ၊ သတ္တလောကဟူသော အကြီးအကဲမှ ဖြစ်ပေါ်လာသော ဂုဏ်လည်းကောင်း။ ဝါ၊ သတ္တလောကကို အကြီးအကဲရာ၌ထား၍ ဖြစ်ပေါ်လာစေအပ်သော ဂုဏ်လည်းကောင်း။ ဓမ္မာဓိပတေယျံ၊ လောကုတ္တရာတရားကိုပါးဟူသော အကြီးအကဲမှ ဖြစ်ပေါ်လာသော ဂုဏ်လည်းကောင်းတည်း။ အဘိဘောမိ။ ။ ယခုစာမူများ၌ "အဘိဘောသ္မိံ' ဟု ပါဌ်ရှိနေ၏။ "အဘိဘော- လွှမ်းမိုးကျော်လွန်သည်။ အသ္မိံ- ဖြစ်၏" ဟူ၍လည်း ပါဌ်ရှိသည့်အတိုင်း ယခင်က အနက်ပြဆိုခဲ့၏။ သို့သော် "အဘိဘ" ဟု ရုပ်မရှိနိုင်သောကြောင့် သိဝိဘတ်ဖြင့် "အဘိဘော" ဟု ပုရိသာဒိဂိုဏ်းရုပ်မရှိနိုင်၊ အမှန်အားဖြင့်ကား အနု, အဘိရှေးရှိသော ဘူဓာတ် တိဝိဘတ်ဖြင့် "အနုဘောတိ၊ အဘိဘောတိ" ဟု ရုပ်ရှိသကဲ့သို့ ဤပါဠိတော်၌ "အဘိဘောမိ" ဟု ရုပ်ရှိသင့်၏။ အဋ္ဌကထာ၌ "အဘိဘဝိံ သမတိက္ကမိံ" ဟူ၍ အတိတ်ဝိဘတ်ဖြင့်ဖွင့်သောကြောင့် "အဘိဘောမိ" ၌ မိမိဘတ်သည် အတိတကာလိက ဖြစ်သည်ဟု သိနိုင်၏။ ရှေးနိဿယ၌ "အတိတော- လွန်မြောက်သည်၊ အသ္မိံ- ဖြစ်၏" ဟု ပါဌ်တမျိုးဖြင့်အနက်ပေးပြီးလျှင် အလိုအာဖြင့်ကား "အဘိဘော သ္မိ" ဟု ရှိလို၏။ "အဘိဘော- နှိပ်စက်အပ်သည်၊ အသ္မိ- ဖြစ်၏" ဤသို့ သမ္ဗန်ဟု မိန့်ဆိုထား၏။ ထိုရှေးနိသယအတိုင်း"အတီတောသ္မိံ" ဟု ရှိလျှင်လည်း ကောင်း၏။ ဝါ၊ လောကုတ္တရာတရားကိုပါးကိုသာ အဋ္ဌကထာ၌ ယူထားသည်မှာ ဥက္ကဋ္ဌနိဒ္ဒေသ ဟု ဋီကာမိန့်၏။
ဘိက္ခဝေ၊ တို့။ အတ္တာဓိပတေယျံ၊ အတ္တာဓိပတေယျဟူသည်။ ကတမဉ္စ၊ အဘယ်နည်း။
ဘိက္ခဝေ၊ တို့။ ဣဓ၊ ဤသာသနာတော်၌။ ဘိက္ခု၊ ရဟန်းသည်။ အရညဂတော ဝါ၊ တောအရပ်သို့ ရောက်လျှင်လည်းကောငး်။ ရုက္ခမူလဂတောဝါ၊ သစ်ပင်အနီးသို့ ရောက်လျှင်လည်းကောင်း။ သုညာဂါရဂတော ဝါ၊ ဆိတ်ငြိမ်သော နေရာကျောင်းသို့ ရောက်လျှင်လည်းကောင်း။ ဣတိ၊ ဤသို့။ ပဋိသဉ္စိက္ခတိ၊ ဆင်ခြင်၏။ (ကိန္တိ၊ အဘယ်သို့။ ပဋိသဉ္စိက္ခတိ၊ ဟူမူ)။
အဟံ၊ ငါသည်။ စီဝရဟေတု၊ သင်္ကန်းဟူသော အကြောင်းကြောင့်။ အဂါရသ္မာ၊ အိမ်မှ။ ဝါ၊ အိမ်ရာတည်ထောင်လူ့ဘောင်မှ။ (နိက္ခမိတွာ၊ ထွက်ခွါခဲ့၍)။ အနဂါရိယံ၊ ရဟန်းအဖြစ်သို့။ (အိမ်၌နေထိုင်သူ လူအဆင့်အတန်းမြင့်မားကြီးပွားရေးကို ဆောင်နိုင်သော လယ်လုပ်, နွားမွေး, ကုန်သွယ်ရေးမရှိရာရဟန်းအဖြစ်သို့)။ န ပဗ္ဗဇိတော၊ ဝင်ရောက်လာသည် မဟုတ်။
ပိဏ္ဍပါတဟေတု၊ ဆွမ်းဟူသော အကြောင်းကြောင့်။ (အဂါရသ္မာ နိက္ခမိတွာ အနဂါရိယံ န ပဗ္ဗဇိတော၊ မဟုတ်)။ သေနာသနဟေတု၊ အိပ်ရာနေရာကျောင်းဟူသော အကြောင်းကြောင့်။ (အဂါရသ္မာ ။ပ။ န ပဗ္ဗဇိတော)။ ဣတိတ ဘဝါဘဝဟေတု၊ ဤသို့သော သမ္ပတ္တိဘဝငယ်, ဤသို့သော သမ္ပတ္တိဘဝကြီး ဟူသောအကြောင်းကြောင့်။ ဝါ၊ ထိုသို့ နောင်ဘဝကြီးပွားချမ်းသာရေးဟူသော အကြောင်းကြောင့်။ (အဂါရသ္မာ ။၌။ န ပဗ္ဗဇိတော)။ [ဣတိ+ဘဝ+အဘဝ။ ဣတိ၊ ဤသို့သော+ ဘဝ၊ အငယစားသမ္ပတ္တိဘဝ+ အဘဝ၊ အကြီးစား သမ္ပတ္တိဘဝ။ ဋီကာ၊ ဒု ၊ ၂၂၈ (စတုက္ကနိပတ် စာပိုဒ် ၉) နှင့်ဥပရိပဏ်ဋီကာ (၂၃၈) စသည်တို့၌ အဘဝပုဒ်မှ အကို ဝုဒ္ဓိအနက်ဟော ဖွင့်၏။ ဤ သုတ်အဋ္ဌကထာ၌လည်း "ဣတိ ဘဝေါ ဣတိ အဘဝေါ" ဟု ပါဌ်ရှိလျှင် ကောင်းမည်။]
အပိစ ခေါ၊ အဟုတ်အမှန်ကား။ ဇာတိယာ၊ ပဋိသန္ဓေနေခြင်းသည်လည်းကောင်း။ ဇရာယ၊ သည်လည်းကောင်း။ ။ပ။၊ [စာပိုဒ် ၃၈ သုတ်ကြည့်။] ဥပါယာသေဟိ၊ တို့သည်လည်းကောင်း။ ဩတိဏ္ဏော၊ ဝင်ရောက်အပ်သည်။ ဒုက္ခေါတိဏ္ဏော၊ ဒုက္ခသည် ဝင်ရောက်အပ်သည်။ ဒုက္ခပရေတော၊ ဒုက္ခသည် အစဉ်လိုက်အပ်သည်။ အမှိ၊ ဖြစ်၏။ [အပိစ ခေါမှိတုန်းက "အမှိ" တည်း။]
ကေဝလဿ၊ အားလုံးသော။ ဣမဿ ဒုက္ခက္ခန္ဓဿ၊ ဤဝဋ်ဒုက္ခအစုအဝေး၏။ အန္တကိရိယာ၊ အဆုံးစွန်ကို ပြုခြင်းသည်။ အပ္ပေဝ နာမ ပညာယေထ၊ ထင်ရှားတန်ကောင်းရာ၏။ ဣတိ၊ ဤသို့ နှလုံးသွင်း၍။ (ပဗ္ဗဇိတော၊ ရဟန်းအဖြစ်သို့ ရောက်လာခဲ့၏)။
ပန၊ ထို့ပြင်။ အဟံ၊ ငါသည်။ ယာဒိသကေ၊ အကြင်ကဲ့သို့ တွေ့ကြံခံစားခဲ့ရကုန်သော။ ကာမေ၊ ကာမဂုဏ်အာရုံတို့ကို။ ဩဟာသ၊ ပယ်စွန့်၍။ ။ပ။၊ ပဗ္ဗဇိတော၊ ရောက်လာခဲ့၏။ တာဒိသကေ၊ ထိုကဲ့သို့ပင် တွေ့ကြုံခံစားရဦးမည် ဖြစ်ကုန်သော။ ကာမေဝါ၊ တို့ကိုလည်းကောင်း။ တတော၊ ထိုခံစားခဲ့သော ကာမဂုဏ်အာရုံ တို့အောင်။ ပါပိဋ္ဌတရေ၊ သာ၍ ယုတ်ညံ့ကုန်သော။ (ကာမေဝါ၊ တို့ကိုလည်းကောင်း)။ စေ ပရိယေသေယျံ၊ အကယ်၍ ရှာဖွေနေလေရာ ငြားအံ့။ တံ၊ ထိုသို့ ရှာဖွေနေခြင်းသည်။ မေ၊ ငါ့အား။ န ပတိရူပံ၊ မသင့်လျော်။ ဣတိ၊ သို့။ (ပဋိသဉ္စိက္ခတိ၊ ၏)။
သော၊ ထို ရဟန်းသည်။ ဣတိ ပဋိသဉ္စိက္ခတိ၊ ၏။ (ကိန္တိ၊ သို့။ ပဋိသဉ္စိက္ခတိ၊ မူ)။
မေ၊ ငါ၏။ ဝါ၊ ငါသည်။ ဝီရိယံ၊ ဝီရိယသည်။ အာရဒ္ဓံ၊ အားထုတ်အပ်ပြီးသည်။ ဝါ၊ ပြီးစီးစေအပ်သည်။ ["အာရဒ္ဓတ္တာ၊ အားထုတ်အပ်ပြီးသည်အဖြစ်ကြောင့်" ဟု ဟိတ်ပါဌ်ပြင်၍ လိုက်ဆိုလိုက ဆိုပါ၊ နောက်၌လည်း ဤ နည်းအတိုင်းပင်။] အသလ္လိနံ၊ မတွန့်ဆုတ်သည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ သတိ၊ သတိသည်။ ဥပဋ္ဌိတာ၊ အာရုံ၌ စွဲကပ်တည်နေသည် ။ (ဥပဋ္ဌိတတ္တာ၊ အာရုံ၌ စွဲကပ်တည်နေသည် အဖြစ်ကြောင့်ပင်)။ အသမ္မုဋ္ဌာ၊ မကင်းလွတ်သည်။ (ဘဝိဿတိ၊ တ္တံ့)။ ကာယော၊ ရူပကာယ, နာမကာယသည်။ ပဿဒ္ဓေါ၊ အပူခပ်သိမ်း ကင်းငြိမ်းသည်။ (ပဿဒ္ဓတ္တာ၊ အပူခပ်သိမ်း ကင်းငြိမ်းသည် အဖြစ်ကြောင့်ပင်)။ အဿာရဒ္ဓေါ၊ ပူလောင်ခြင်းမရှိသည်။ (ဘဝိဿတိ) စိတ္တံ၊ စိတ်သည်။ သမာဟိတံ၊ အာရုံ၌ ကောင်းမွန်တည်တံ့စွာ ထားအပ်သည်။ (သမာဟိတတ္တာ၊ ကြောင့်ပင်)။ ဧကဂ္ဂံ၊ တခုတည်းသော အာရုံရှိသည်။ ဝါ၊ တည်ကြည် ငြိမ်သက်သည်။ (ဘဝိဿတိ) ဣဝိ(ပဋိသဉ္စိက္ခတိ)၊
သော၊ ထို ရဟန်းသည်။ အတ္တာနံ ယေဝ၊ မိမိကိုယ်ကိုသာလျှင်။ အဓိပတိ၊ အကြီးအကဲကို ။ ကရိတွာ၊ ပြု၍။ အကုသလံ၊ အကုသိုလ်ကို။ ပဇဟတိ၊ ပယ်စွန့်၍။ ကုသလံ၊ ကုသိုလ်ကို။ ဘာဝေတိ၊ ဖြစ်ပွားစေ၏။ သာဝဇ္ဇံ၊ အပြစ်ရှိသော အကုသိုလ်ကို။ ပဇဟတိ၊ ၏။ အနဝဇ္ဇံ၊ အပြစ်မရှိသော ကုသိုလ်ကို။ ဘာဝေတိ၊ ၏။ သုဒ္ဓံ၊ (ရာဂအစရှိသော အညစ်အကြေး ကင်းဝေး) စင်ကြယ်အောင်။ အတ္တာနံ၊ မိမိကိုယ်စိတ်ကို။ ပရိဟရတိ၊ ပြုစုစောင့်ရှောက်၏။
ဘိက္ခဝေ၊ တို့။ ဣဒံ၊ ဤမိိမိကိုယ်ကို အကြီးအကဲအရာ၌ ထား၍ အကုသိုလ်ပယ်ရှား ကုသိုလ်ဖြစ်ပွားစေခြင်းကို။ အတ္တာဓိပတေယျံ၊ အတ္တာဓိပတေယျ ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ။ပ။၊
အဟံ၊ ငါသည်။ ဧဝံ၊ ဤသို့ ဝဋ်ဒုက္ခအားလုံး ကုန်ဆုံးအောင် အားထုတ်လိုသော ဆန္ဒဖြင့်။ ပဗ္ဗဇိတော၊ ရဟန်းအဖြစ်သို့ ရောက်လာခဲ့သည်။ သမာနော၊ ဖြစ်ပါလျက်။ ကာမဝိဘတ္တံ ဝါ၊ ကာမဝိတက်ကိုလည်း။ ဝါ၊ ကာမရာဂနှင့် ယှဉ်သော အကြံအစည်ကိုလည်း။ ဝါ၊ ဝတ္ထုကာမတို့ကို အာရုံပြု၍ ဖြစ်သော အကြံအစည်ကိုလည်း။ စေ ဝိဘတ္တေယျံ၊ အကယ်၍ ကြံစည်နေငြားအံ့။ ဗျာပါဒ ဝိတက္ကံ ဝါ၊ ဗျာပါဒ ဝိတက်ကိုလည်း။ ဝါ၊ ဒေါသနှင့် ယှဉ်သော အကြံအစည်ကိုလည်း။ စေ ဝိတက္ကေယျံ၊ အံ့။ ဝိဟိံ သာဝိတက္ကံ ဝါ၊ ကိုလည်း။ ဝါ၊ သတ္တဝါတို့ကို ညှင်းဆဲမှု ဒေါသစသော အကုသိုလ်နှင့်ယှဉ်သော အကြံအစည်ကိုလည်း။ စေ ဝိတက္ကေယျံ၊ အံ့။ အယံ လောကသန္နိဝါသော၊ ဤသတ္တဝါတို့ ပေါင်းစုနေထိုင်ရာ လောကကြီးသည်။ [သင်္ဂမ္မ နိဝသန္တိ သတ္တာ ဧတ္တာတိ သန္နိဝါသော၊ လောကော ဧဝ သန္နိပါတော။] မဟာ၊ ကြီးမား ကျယ်ဝန်းလှ၏။
မဟန္တသ္မိံ၊ ကြီးမားကျယ်ဝန်းလှသော။ လောကသန္နိဝါသေ၊ ကြီး၌။ ဣဒ္ဓိမန္တော၊ ကြီးသော တန်ခိုးရှိကုန်သော။ ဒိဗ္ဗစက္ခုကာ၊ ဒိဗ္ဗစက္ခု အဘိညာဉ်ရှိကုန်သော။ ဝါ၊ နတ်မျက်စိကဲ့သို့ တောင်နံရံခြားကွယ်သော ရူပါရုံနှင့် ဝေးကွာလှစွာ, သေးငယ်စွာသော ရူပါရုံကို မြင်စွမ်းနိုင်သော အဘိညာဉ်မျက်စိ ရှိကုန်သော။ ပရစိတ္တဝိဒုနော၊ သူတပါးစိတ်ကို သိနိုင်ကုန်သော။ သမဏဗြဟ္မဏာ၊ ရဟန်း, သူတော်ကောင်းတို့သည်။ သန္တိ၊ ရှိကုန်၏။
တေ၊ ထိုရဟန်း, သူတော်ကောင်းတို့သည်။ ဒူရတောပိ၊ အဝေးမှလည်း။ ပဿန္တိ၊ ငါ့ကို မြင်နိုင်ကုန်၏။ အာသန္နာ၊ ငါ၏ အနီးအပါးမှပင်နေကုန်သည်။ (သမာနာပိ၊ ဖြစ်ပါကုန်သော်လည်း။ တေ၊ ထိုရဟန်း, သူတော်ကောင်းတို့ကို)။ န ဒိဿန္တိ၊ ငါက မမြင်အပ်မမြင်နိုင်ကုန်။ (တေ၊ ထိုရဟန်း သူတော်ကောင်းတို့သည်)။ စေတသာပိ၊ သူတို့၏ စိတ်ဖြင့်လည်း။ စိတ္တံ၊ အခြားသူ၏ စိတ်ကို။ ပဇာနန္တိ၊ ကွဲကွဲပြားပြား သိကြကုန်၏။
တေပိ၊ ထိုရဟန်းသူတော်ကောင်း တို့သည်လည်း။ မံ၊ ငါ့ကို။ "ဘော၊ အိုအချင်းတို့။ ဣမံ ကုလပုတ္တံ၊ ဤအမျိုးကောင်း သားကို။
ပဿထ၊ ကြည့်ကြကုန်လော။ (အယံ ကုလပုတ္တော၊ အအမျိုးကောင်းသားသည်)။ သဒ္ဓါ (သဒ္ဓါယ)၊ သဒ္ဓါတရားဖြင့် (ရတနာသုံးတန်,ကံနှင့် ကံအကျိုးကို ယုံကြည်သော သဒ္ဓါ တရားဖြင့်)။ [သဒ္ဓါယ ၌ နာဝိဘတ်၏ ကာရိယဖြစ်သော ယအက္ခရာကို ချေထားသည်။ တနည်း- သဒ္ဓါ (သဒ္ဓါယ)၊ ရတနာသုံးတန်, ကံနှင့် ကံ၏ အကျိုးကို ယုံကြည်၍။ ဝါ၊ ယုံကြည်ခြင်းကြောင့်။ ဤနည်း၌ သဒ္ဓါပုဒ်သည် တွာပစ္စယန္တ ပုဒ်တည်း၊ တွာ ပစ္စည်း၏ ကာရိယ "ယ" ကို ချေထားသည်။] ။ပ။၊ ပဗ္ဗဇိတော၊ ရောက်လာသည်။ သမာနော၊ ဖြစ်ပါလျက်။ ပါပကေဟိ၊ ယုတ်မာကုန်သော။ အကုသလေဟိ၊ အကုသိုလ်ဖြစ်ကုန်သော။ ဓမ္မေဟိ၊ တရားတို့ဖြင့်။ ဝေါကိဏ္ဏော၊ ရောပြွမ်းလျက်။ ဝိဟရတိ၊ နေထိုင်၏။ ဣတိ ဧဝံ၊ ဤသို့။ ဇာနေယျုံ၊ သိကြလေကုန်ရာ၏။
ဣဒ္ဓိမန္တိနိယော၊ ကြီးသော တန်ခိုးရှိကုန်သော။ ဒိဗ္ဗစက္ခုကာ၊ နတ် ပြည့်၌ ဖြစ်သော မျက်စိရှိကုန်သော။ ပရစိတ္တဝိဒုနိယော၊ သူတပါးစိတ်ကို သိနိုင်ကုန်သော။ ဒေဝတာပိ၊ နတ်တို့သည်လည်း။ သန္တိ၊ ရှိကုန်၏။
တာ၊ ထိုနတ်တို့သည်။ ။ပ။၊ အာသန္နာ၊ ကုန်သည်။ (သမာနာပိ၊ လည်း တာ၊ ထိုနတ်တို့ကို)။ န ဒဿန္တိ၊ ကုန်။ (တာ၊ ထိုနတ်တို့သည်)။ စေတသာပိ ။ပ။၊
တာပိ၊ ထိုနတ်တို့သည်လည်း။ ။ပ။၊
သော၊ ထိုရဟန်းသည်။ လောကံယေဝ၊ သတ္တလောကကို သာလျှင်။ ။ပ။၊
ဣဒံ၊ ဤသတ္တလောကကို အကြီးအကဲရာ၌ ထား၍ အကုသိုလ်ပယ်ရှားကုသိုလ်ဖြစ်ပွားစေခြင်းကို။ ။ပ။၊
ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ဓမ္မော၊ တရားတော်မြတ်ကို။ သွာက္ခာတော၊ ကောင်းစွာ ဟောကြားတော်မူအပ်၏။သွာက္ခတော, သန္ဒိဋ္ဌိကော- စသည်။ ။ သွာက္ခာတော စသော တရားဂုဏ်တော်တို့ကို နိဿယခန်း၌ သာမညမျှသာ အနက်ပေးခဲ့၏။ ဝိသုဒ္ဓိ မဂ်၌ ဂုဏ်တော်တပုဒ် တပုဒ်အတွက် တရားအမျိုးမျိုးခွဲယူ၍ နည်းအမျိုးမျိုး ဖွင့်ပြထား၏။ ဤ၌ တနည်း လောက်မျှကိုသာယူ၍ သူ့ပုဒ်နှင့် သူ့ဆိုင်ရာ တရားတော်ကို အသီးအသီးတွဲဖက်ကာ အနက်ပေးပြဦးမည်---
ဘဂဝတာ- သည်၊ ဓမ္မော- ပရိယတ္တ တရားတော်ကို၊ သွာက္ခာတော- အစ, အလယ်, အဆုံး၊ သုံးပါလုံးစုံ, ကောင်းခြင်းဂုဏ်နှင့်, ပြည့်စုံသေချာ, ကောင်းစွာဟောကြားတော်မူအပ်ပါပေ၏။ ဓမ္မော- မဂ်ဖိုလ်နိဗ္ဗာန် ကိုးတန်သော တရားတော်မြတ်သည်၊ သန္ဒိဋ္ဌိကော- တဆင့်စကား, အားမထားဘဲ, ဘုရား တပည့်, အရိယာအရှင်, သူတော်စင်တို့, ဆင်ခြင်ပစ္စဝေက္ခဏာ, ဉာဏ်ပညာဖြင့်, အသင့်ကိုယ်တိုင် , သိမြင်နိုင်သော တရားတော်ပေတည်း၊ ဓမ္မော - မဂ်လေးပါး တရားတော်သည်၊ အကာလိကာ- တည်း။ [နိဿယခန်းက အတိုင်းဆိုပါ။]
ဓမ္မော- မဂ်ဖိုလ်နိဗ္ဗာန် ကိုးတန်သော တရားတော်မြတ်သည်၊ ဗဟိပဿိကော- တည်း။ ဓမ္မော- မဂ်ဖိုလ်ရှစ်ရပ် တရားတော်မြတ်သည်၊ ဩပနေယျိကော- အဝတ်, ဥသျှောင်, မီးစွဲလောင်လည်, ငြိမ်းအောင်သတ်ရေး, မပြုသေးဘဲ, အရေးတကြီး, ပြီးစီးသင့်ရာ, ဘာဝနာအနေ, မသွေအမြဲ, စိတ်မှာ စွဲအောင်, ဆွဲကပ်ဆောင်လင့်, ဖြစ်စေသင့်သော တရားတော်ပေတည်း။ ဓမ္မော- မဂ်ဖိုလ်နိဗ္ဗာန် ကိုးတန်သော တရားတော်မြတ်ကို၊ ဝိညူဟိ- တို့သည်။ ပစ္စတ္တံ- ၌၊ ဝေဒိတဗ္ဗော- သိမြင်ခံစား ထိုက်ပါပေ၏။
သန္ဒိဋ္ဌိကော။ ။ သွာက္ခာတောပုဒ်အရ ပရိယတ္တိတရားကိုယူ၍ အနက်ပြန်ဆိုသည်။ သန္ဒိဋ္ဌိကော စသည်၌ - သံ(အယံ) ဒဋ္ဌဗ္ဗာတိ သန္ဒိဋ္ဌိ- ကိုယ်တိုင်သိမြင်ထိုက်သော တရား၊ (မဂ်ဖိုလ်နိဗ္ဗာန်ဟူသော ကိုးပါးသော လောကုတ္တရာ တရားတည်း)။ သန္ဒီဋ္ဌီ ဧဝ သန္ဒိဋ္ဌိကော။ အရိယသာဝကသည် မဂ်ဖိုလ်ကို သိမြင်ရာ၌ သူတပါးထံမှ တဆင့်စကားအားထားယုံကြည်၍ သိမြင်ရသည် မဟုတ်၊ အရိယသာဝက ကိုယ််တိုင်ပင် ဆင်ခြင်ပစ္စဝေက္ခဏာဉာဏ်ပညာဖြင့် သိမြင်၏။ ယင်းသို့ ကိုယ်တိုင်ကိုယ်တွေ့ သိမြင်ရ သိမြင်နိုင်သော လောကုတ္တရာ တရားကိုးပါးကို သန္ဒိဋ္ထိကဟု ဆိုလို၏။
အကာလိကော။ ။ အကာလ- (ဆိုင်းငံ့ထားရမည့်) အချိန်အခါ မရှိသော အရိယမဂ်တရား။ နတ္ထိ (အာဂမေတဗေ‌ော) ကာလော ယဿာတိ အကာလော၊ အကာလော ဧဝ အကာလိကော။ လောကီကုသိုလ်တရားတိ့သည် ငါးရက် (၇) ရက် စသည်အချိန်ကြာမြင့်မှ သော်လည်းကောင်း, ဒုတိယဘာဝ တတိယဘဝ စသည်တို့ ရောက်မှသော်လည်းကောင်း အကျိုးပေး၏။ အရိယမဂ်တရားများကား အရိယဖိုလ်ဟူသော အကျိုးကို ပေးဖို့အတွက် ယင်းသို့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရသည်မဟုတ်၊ မဂ္ဂဝီထိဖြစ်စဉ်အတိုင်း အရိယမဂ်ဖြစ်၍ ချုပ်ပြီးသည်နှင့် တပြိုင်နက် အရိယဖိုလ် အကျိုးတရားပေါ်လာ၏။ ယင်းသို့ ယခု ချက်ချင်း မယွင်းတိကျ အရိယဖိုလ် အကျိုးကို ပေးသော အရိယမဂ်လေးပါး တရားကို အကာလိကဟု ခေါ်၏။
ဧဟိပဿိကော။ ။ ဧဟိ- လာပါ+ပဿ- ကြည့်ရှုလှည့်စမ်းပါ၊ ကျင့်ကြံအားထုတ်ကြည့်စမ်းပါ+ (ဣတိ- ဤသို့ ဖိတ်ခေါ်ပြသမှုကို)+ဣက- ထိုက်သော (သင့်လျော်သော) လောကုတ္တရ တရားကိုးပါး။ ဧဟိ ပဿ ဣတိ အရဟတီတိ ဧဟိပဿိကော၊ လက်ထဲမှာ ဘာမျှမရှိဘဲ လက်သီးကိုသာ ဆုတ်ပြပြီး "ဟောဒီ လက်သီးဆုတ်ထဲမှာ ရွှေရှိတယ်၊ငွေရှိသည်၊ လာကြပါ၊ ကြည့်လှည့်ကြစမ်းပါ" ဟူ၍ ဖိတ်ခေါ်ပြရန် မဖြစ်နိုင်၊ အကယ်၍ လက်သီးဆုပ် ထဲမှာ ပစ္စည်းတခုခု ရှိနေစေကာမူ ထိုပစ္စည်းက မစင်မကြယ်ရွံစဖွယ် ကျင်ကြီး စသည် ဖြစ်နေပြန်လျှင်လည်း ယင်းသို့ ဖိတ်ခေါ်ပြသရန် မဖြစ်နိုင်။
လောကုတ္တရာတရား ကိုးပါသည်ကား အစစ်အမှန်ပရမတ်သဘောအနေအားဖြင့်လည်း တကယ်ရှိသော တရား (ဝိဇ္ဇမာနတရား) ဖြစ်၏။ တိမ်တိုက် ကင်း၍ သန့်ရှင်စင်ကြယ်သော ကောင်းကင်ပြာက လပြည့်ဝန်းကြီးနှင့် အများမြင့်သာအောင် ချပြထားအပ်သော အဖိုတန် တွင်းထွက်ပတ္တမြား ရတနာကဲ့သို့ အလွန်သန့်ရှင်းစင်ကြယ်သော တရား (ပရိသုဒ္ဓတရား)လည်း ဖြစ်၏။ သို့ဖြစ်ရကား ထိုလောကုတ္တရာတရား ကိုးပါးသည် ယင်းသို့ အမှန်တကယ်လည်းရှိ၍ အလွန်လည်း သန့်ရှင်းစင်ကြယ်သော တရားဖြစ်သောကြောင့် "ဧဟိ- လာပါ၊ လိုက်ခဲ့ပါ၊ ပဿ- ကြည့်ရှုလှည့်စမ်းပါ" ဟူ၍ ဖိတ်ခေါ်ပြသထိုက်သော တရားဖြစ်၏။ ထို့ကြောင့် ဤအဓိပ္ပါယ် ဖွင့်ပြချက်အတိုင်း ထိုလောကုတ္တရာ တရားကိုးပါးကို ဧဟိပဿိတဟု‌ ခေါ်သည်။
ဩပနေယျိကော။ ။ ဥပနေတဗေ္‌ောတိ ဥပနေယျော- ဆွဲကပ်ဆောင်ယူထိုက်သော တရား(တရားဘာဝနာတမျိုးအနေအားဖြင့် မိမိစိတ်ထဲ၌ ဖြစ်ပေါ်လာစေထိုက်သော မဂ်ဖိုလ်တရား) ဥပနေယျော ဧဝ ဩပနေယျိကော။ ဤလောက၌ အမှန်တကယ် အရေးကြီးဆုံး အလုပ်ကိစ္စကို ညွှန်ပြစမ်းပါးဟု ဆိုလျှင် မဂ်ဖိုလတရားထူးရအောင် အာထုတ်ခြင်း အလုပ်ကိစ္စကိုသာ ညွှန်ပြရမည် ဖြစ်၏။ အပါယ်ဘေးဒုက္ခ တွေ့ကြံခံစားရခြင်း, အိုနာသေ ရုပ်နာမ် ခန္ဓာဒုက္ခ အစဉ်မပြတ် ဖြစ်နေခြင်း( ဘဝသံသရာ ကျင်လည်နေရခြင်း) တို့သည် ထိုမဂ်ဖိုလ် တရားထူးကို မရခြင်းကြောင့်သာ (သစ္စာလေးပါးကို မသိမြင်ရ ခြင်းကြောင့်သာ) ဖြစ်၏။ ထို့ကြောင့် မဂ်ဖိုလ်တရားထူးရအောင် အားထုတ်ခြင်း အလုပ်ကိစ္စထက် အရေးကြီးသော အလုပ်ကိစ္စဟူ၍ မရှိတော့ပေ။
မီးကုန်ယမ်းကုန် အစွမ်းကုန် ပြောရလျှင် မိမိကိုယ်မှာ ဝတ်ဆင်ထားသော အဝတ်ကို (သို့မဟုတ်) ဦးခေါင်းဆံ ဥသျှောင်ကို မီးစွဲလောင်နေလျှင် သော်မှပင် ထိုမီးကို ငြိမ်းသတ်မှု မပြုသေးဘဲ ထို့ထက်အရေးကြီးသော မဂ်ဖိုလ်တရားထုး ရဖို့ကိစ္စကိုသာ အားထုတ်ရမည်၏။ သို့ဖြစ်ရကား ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာ အလို့ငှာ ယင်းသို့ အရေးတကြီး အားထုတ်၍ မိမိစိတ်ထဲမှာ ဖြစ်ပေါ်လာစေထိုက်သော မဂ်ဖိုလ် လေးပါးကို ဩပနေယျကဟု ခေါ်၏။
ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ။ ။ သစ္စာလေးပါး တရားသိမြင်သော ဥဂ္ဃဋိတညူစသော အရိယာပုဂ္ဂိုလ်တို့ကို ဤနေရာ၌ "ဝိညူ" ဟု ဆိုလို၏။ ဤ နေရာမှ ပစ္စတ္တံ ပုဒ်ကို ဝိစ္ဆာတ္တအမဗျယိဘောသမာသ်ဟု သဒ္ဒါကျမ်းတို့ နာမည်ပေး၍" အတ္တာနံ အတ္တာနံ ပတိ ပစ္စတ္တံ- မိမိ မိမိ၌။ (ကိုယ်စီကိုယ်င အသီးအသီး)" ဟု ဝစနတ္ထပြု၏။ "ကိုယ့်မဂ်, ကိုယ့်ဖိုလ်, ကိုယ်နိဗ္ဗာန်နှင့်ကိုယ်အသီးအသီး ကိုယ်စီကိုယ်င" ဟူသော အနက်သဘောကို ပစ္စတ္တံပုဒ်က ဖော်ပြ၏။ ဆိုလိုသည်မှာ-
ဆရာသန္တာန်၌ ဖြစ်ပွားစေအပ်သော အရိယမဂ်သည် ဆရာ့သန္တာန်မှာ ရှိသော ကိလေသာတို့ကိုသာ ပယ်၏။ တပည့်မှာရှိသော ကိလေသာတို့ကို မပယ်၊ ဆရာ့မှာရှိသော ဖလသမာပတ်ဖြင့်လည်း ဆရာ့အတွက်သာ ချမ်းသာစွာ နေရခြင်းဖြစ်နိုင်၏။ တပည့်အတွက် မဖြစ်နိုင်၊ ထို့အတူ ဆရာမျက်မှောက်ပြုအပ်သော နိဗ္ဗာန်ကိုလည်း တပည့်က မျက်မှောက် မပြုနိုင်၊ ဥပမာအားဖြင့် သူတပါးဦးခေါင်းမှာ ဆင်ယင်ထားသော တန်ဆာကို ကြည့်ရှုမြင်တွေ့လို့ရသကဲ့သို့ မဂ်ဖိုလ်နိဗ္ဗာန် တရားများကား ထိုအနည်းလားတူ ကြည့်ရှုမြင်တွေ့လို့ ရနိုင်သော တရားများ မဟုတ်၊ ငါသည် မဂ်ကို ဖြစ်ပွားစေအပ်ပြီ၊ ဖိုလ်ကို ရစေအပ်ပြီ၊ နိဗ္ဗာန်ကို မျက်မှောက်ပြုအပ်ပြီဟူ၍ အရိယာပညာရှိတို့ ကိုယ့်မဂ်ဖိုလ်နိဗ္ဗာန်နှင့် ကိုယ်အသီးအသီး ကိုယ်စီကိုယ်င မိမိစိတ်၌သာ (မိမိကိုယ်တိုင်သာ) တွေ့မြင် သိရှိခံစားရသည်ဟု "ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ" ဟူသော ဂုဏ်တော်ဝါကျက ဆိုလိုသည်။ ဤအဓိပ္ပါယ်အတိုင်း ဤဂုဏ်တော်သည် မဂ်ဖိုလ်နိဗ္ဗာန်ဟူသော လောကုတ္တရာတရား ကိုးပါးနှင့် သက်ဆိုင်၏။
(ဓမ္မော၊ တရားတော်မြတ်သည်)။ သန္ဓိဋ္ထိကော၊ ဉာဏ်ဖြင့် ကိုယ်တိုင်သိမြင်နိုင်သော တရားတော်ပေတည်း။ အကာလိကော၊ အကျိုးပေးခွင့် ဆိုင်းငံ့သင့်ရာ အချိန်အခါမရှိသော တရားတော်ပေးတည်း။ ဝါ၊ ယခုချက်ချင်း မယွင်းတိကျ အရိယဖိုလ် အကျိုးကို ပေးသော တရားတော်ပေတည်း။ ဧဟိ ပဿိကော၊ လိုက်ခဲ့စမ်းပါ, ကြည့်ရှုလှည့်စမ်ပါးဟု ဖိတ်ခေါ်ပြထိုက်သော တရားတော်ပေးတည်း။ ဩပနေယျိကော၊ မိမိစိတ်မှာ မကွာစွဲအောင် ဆွဲကပ် ဆောင်လင့် ဖြစ်စေသင့်သော တရားတော်ပေတည်း။ ဝိညူဟိ၊ (သစ္စာလေးပါး တရားမြင်သိ) အရိယာပညာရှိတို့သည်။ ပစ္စတ္တံ၊ မိမိ မိမိသန္တာန်၌။ ဝါ၊ မိမိကိုယ်တိုင် ကိုယ်တိုင်သာလျှင်။ ဝါ၊ ကိုယ်စီကိုယ်င အသီးအသီး။ ဝေဒိတဗ္ဗော၊ သိမြင်ခံစားထိုက်သော တရားတော်ပေတည်း။ [ဣတိ သဒ္ဒါ မလိုသေး။]
မေ၊ ငါ၏။ သဗြဟ္မစာရိ၊ အတူတကွမြတ်သော အကျင့်ကို ကျင့်ကြကုန်သော ရဟန်းတို့သည်။ ဝါ၊ သီတင်းသုံးဖော်တို့သည်။ သန္တိခေါ၊ ရှိကြကုန်သည်သာ။ (တေ၊ ထိုသဗြဟ္မစာရီ ရဟန်းတို့သည်) ။ တံ ဓမ္မံ၊ ထိုတရားတော်ကို။ (ထိုသွာက္ခာတတာ, သန္ဒိဋ္ဌိကတာစသော ဂုဏ်တော်တို့နှင့် ပြည့်စုံသော တရားတော်ကို) ဇာနံ (ဇာနန္တော)၊ သီကြကုန်လျက်။ ပဿံ (ပဿန္တာ)၊ မြင်ကြကုန်လျက်။ ဝိဟရန္တိ၊ နေကြကုန်၏။ [တနည်း- မေ၊ ငါ၏။ ယေ သဗြဟ္မစာရီ၊ အကြင်သီတင်းသုံးဖော် ရဟန်းတို့သည်။ တံ ဓမ္မံ၊ ကို။ ဇာနံ၊ ကုန်လျက်။ ပဿံ၊ ကုန်လျက်။ ဝိဟရန္တိ၊ ကုန်၏။ မေ၊ ၏။ တေ သဗြဟ္မစာရီ၊ ထိုသီတင်းသုံးဖော်ရဟန်းတို့သည်။ သန္တိခေါ၊ သော။ (တနည်း) တံ ဓမ္မံ၊ ကို။ ဇာနံ၊ ကုန်လျက်။ ပဿံ၊ ကုန်လျက်။ ဝိဟရန္တိ၊ နေကြကုန်သော။ မေ၊ ၏။ သဗြဟ္မစာရီ၊ တို့သည်။ သန္တိခေါ၊ သာ။]
အဟံ၊ ငါသည်။ ဧဝံ၊ ဤသို့။ သွာက္ခာတော၊ ကောင်းစွာ ဟောကြားတော်မူအပ်သော။ ဓမ္မဝိနယေ၊ (တုတ်, ဓားမပါ)တရားဖြင့် ဆုံးမရာ သာသနာတော်၌။ ပဗ္ဗဇိတော၊ ရဟန်းအဖြစ်သို့ ရောက်လာသည်။ သမာနော၊ ဖြစ်ပါလျက်။ ကုသိတော၊ ပျင်းရိလျက်။ ပမတ္တော၊ မေ့လျော့လျက်။ စေ ဝိဟရေယျံ၊ အကယ်၍ နေငြားအံ့။ တံ၊ ထိုသို့ နေခြင်းသည်။ မေ၊ ငါ့အား။ ပတိရူပံ၊ သင့်လျော်သည်။ န အဿ၊ မဖြစ်ရာ။ ဣတိ( ပဋိသဉ္စိက္ခတိ၊ ဆင်ခြင်စဉ်းစား၏)။ သော၊ ထိုရဟန်းသည်။ ဣတိ၊ သို့။ ပဋိသဉ္စိက္ခတိ၊ ဆင်ခြင်စဉ်းစား ပြန်၏။ ။ပ။၊
သော၊ ထိုရဟန်းသည်။ ဓမ္မံယေဝ၊ လောကုတ္တရာ တရားကိုးပါးကို သာလျှင် ။ပ။=
ဘိက္ခဝေ၊ တို့။ ဣဒံ၊ ဤလောကုတ္တရာ တရားကို အကြီးအကဲအရာ၌ထား၍ အကုသိုလ်ပယ်ရှား ကုသိုလ်ဖြစ်ပွားစေခြင်းကို။ ။ပ။၊
[ဂါထာ] ပုရိသ၊ အမောင်ယောင်္ကျား။ (ယသ္မာ၊ အကြင့်ကြာင့်။ ကမ္မံ၊ အသင်ပြလုအပ်သော လုပ်ငန်းကို)။ သစ္စံဝါ၊ ဟုတ်မှန်သော လုပ်ငန်းဟူ၍ လည်းကောင်း။ ယဒိ၊ သို့မဟုတ်။ မုသာ ဝါ၊ မှားယွင်းသော လုပ်ငန်းဟူ၍ လည်းကောင်း။ တေ၊ သင်၏။ အတ္တာ၊ မိမိကိုယ်တိုင်သည်သာလျှင်။ ဇာနာတိ၊ သိ၏။ (တသ္မာ၊ ထို့ကြောင့်)။ လောကေ၊ လောက၌။ ပါပကမ္မံ၊ မကောင်းမှု အကုသိုလ်ကို။ ပကုဗ္ဗတော၊ ပြုလုပ်သောသူ မှာ။ ရဟော နာမ၊ ဆိတ်ကွယ်ရာ ဌာနမည်သည်။ နတ္ထိ၊ မရှိ။ (ဣတိ၊ ဤသို့။ ဝေဒိတဗ္ဗံ၊ သိနိုင်၏)။
ဘော၊ အိုမောင်ယောင်္ကျား။ ယော (တွံ)၊ အကြင်သင်သည်။ ဝတ၊ အမှတ်တကယ်ပင်။ ကလျာဏံ၊ ကောင်းသော။ သက္ခိ(သက္ခိံ)၊ မျက်မြင်သက်သေဖြစ်သော။ အတ္တာနံ၊ မိမိကိုယ်ကို။ အတိမညသိ၊ (မျက်မြင်သက်သေ မဟုတ်ဟု) ကျော်လွန်၍ အောက်မေ့မှတ်ထင်၏။ ဝါ၊ မထေမဲ့မြင် ပြု၏။
အတ္တနိ၊ မိမိ၌။ သန္တံ၊ အမှန်တကယ် ရှိနေသော။ ပါပံ၊ မကောင်းမှုကို။ အတ္တာနံ၊ မိမိကိုယ်တိုင်ပင် မသိအောင်။ ပရိဂူဟတိ၊ ဖုံးအုပ်၏။ ဝါ၊ ဖုံးအုပ်မည်ဟု ကြိုးစား၏။ [အတ္တာနံ ပရိဂူ ဟသီတိ ယထာ မေ အတ္တာပိ န ဇာနာတိ၊ ဧဝံ နံ (ပါပံ) ပရိဂူဟာမိတိဝါယမတိ ဟူသော အဋ္ဌကထာနှင့် အညီ ပရိဂူဟသိအတွက် ပါပံဟူသော ကံပုဒ်ရှိနေပြီး ဖြစ်သောကြေင့် အတ္တာနံ ဟူသော ဒြပ်ဟောပုဒ်ကို ကြိယာဝိသေသန အနက်ပေးရ၏။ အတ္ထာနံအရ မိမိကိုယ်တိုင်သာ မက မိမိကိုယ်တ်ိုင် မသိခြင်း ကြိယာတိုင်အောင် ဌာနူပစာရ အားဖြင့် ယူပါ။]
လောကသ္မိံ၊ လောက၌။ ဝိသမံ၊ မညီမမျှ။ ဝါ၊ မတရားသဖြင့်။ စရန္တံ၊ ပြုကျင့်သော။ ဗာလံ၊ မိုက်မဲသော။ (တံ တုဝံ၊ ထိုသင့်ကို)။ ဒေဝါ စ၊ နတ်တို့သည်လည်းကောင်း။ တထာဂတာ စ၊ မြတ်စွာဘုရားတို့သည်လည်းကောင်း။ ပဿန္တိ၊ တွေ့မြင်ကြကုန်၏။ တသ္မာဟိ၊ ထိုကြောင့်ပင်။ အတ္တာဓိပတေယျကောစ၊ မိမိဟူသော အကြီးအကဲ ရှိသည်လည်း ဖြစ်သော။ ဝါ၊ မိမိကိုယ်ကို အကြီးအကဲ တင်မြောက်ထားသည်လည်းဖြစ်သော။ လောကာဓိပေါစ၊ သတ္တလောက ဟူသော အကြီးအကဲ ရှိသည်လည်းဖြစ်သော။ ဝါ၊ သော။ နိပကော စ၊ ပညာရှိ လည်းဖြစ်သော။ [ပဋိပက္ခံ နိပယတိ ဝိသောသေတီတိ နိပကော၊ ဆန့်ကျင်ဘက်ကိလေသာကို ခြောက်သွေ့စေတတ်သော ပုဂ္ဂိုလ်၊ ပညာရှိ။ နိ+ပေ+အ၊ နိဝယ၊ ယကိုကပြု။] ဈာယိ စ၊ ကိလေသာတို့ကို ရှို့မြှိုက် ဖျက်ဆီးတတ်သည်လည်းဖြစ်သော။ ဓမ္မာဓိပေါ စ၊ လောကုတ္တရာ တရားဟူသော အကြီးအကဲ ရှိသည်လည်းဖြစ်သော။ အနုဓမ္မစာရီ စ၊ လောကုတ္တရာတရားအား လျော်သော ကုသိုလ်တရားကို ကျင့်လေ့ရှိသည်လည်းဖြစ်သော။ သစ္စပရက္ကမော စ၊ ခိုင်မြဲဧကန် မှန်သော ဝီရိယ ရှိသည်လည်းဖြစ်သော။ မုနိ၊ ရဟန်းသည်။ န ဟိယတိ၊ ပညာ အစရှိသော ဂုဏ်မှ မဆုတ်ယုတ်။
ပဓာန ဝါ၊ လုံ့လဝီရိယရှိသော။ ယော မုနိ၊ အကြင်ရဟန္တာ ပုဂ္ဂိုလ်သည်။ မာရံ၊ ကိလေသမာရ်ကို။ ပသယှ၊ လွှမ်းမိုးနှိပ်စက်၍။ အန္တကံ၊ ကုသိုလ်တရားဆုံးပါးပျက်စီးအောင် ပြုတတ်သော ကိလေသမာရ်ကို။ အဘိဘုယျ၊ လွှမ်းမိုး၍။ ဇာတိက္ခယံ၊ ပဋိသန္ဓေနေခြင်း၏ကုန်ကြောင်း အရဟတ္တဖိုလ်ကို။ ဖုသိ၊ ရောက်ပြီ။ တာဒိသော၊ ထိုသို့ သဘောရှိသော။ လောကဝိဒူ၊ လောကသုံးပါးကို ထင်ရှားစွာ သိတတ်သော။ သုမေဓသော၊ ကောင်းသော ပညာရှိသော။ သဗ္ဗေသု၊ အားလုံး ကုန်သော။ ဓမ္မေသု၊ တေဘူမက တရားတို့၌။ အတမ္မယော၊ ထိုတဏှာဖြင့်ဖြစ်သည်မဟုတ်သော။ ဝါ၊ ထိုတဏှာ၏ အလိုသို့ မလိုက်သော။ သော မုနိ၊ ထိုရဟန္တာ ပုဂ္ဂိုလ်သည်။ န ဟိယတိ၊ ပညာအစရှိသော ဂုဏ်တို့မှ မဆုတ်ယုတ်။ ["တမ္ပ ယော" ၌ တသဒ္ဒါနောင် မယ ပစ္စည်းသက်။ တာယ (တဏှာယ) နိဗ္ဗတ္တော တမ္မယော၊ န တမ္ပယော အတမ္ပယော။]