၂၆၅။ ဘဂဝတာ၊ သည်။
ဥစ္စာဝစာ၊ မြင့်ကုန်နိမ့်ကုန်သော။
ဝါ၊ မြတ်ကုန်ယုတ်ကုန်သော။
ပဋိပဒါ၊ အကျင့်တို့ကို။
သမဏေန၊ ကိလေသာခပ်သိမ်း ငြိမ်းစေပြီးသော ဗုဒ္ဓမြတ်စွာသည်။
ပကာသိတာ၊ ထင်ရှားပြတော်မူအပ်ကုန်ပြီ။
ပါရံ၊ နိဗ္ဗာန်တည်းဟူသော ထိုဘက်ကမ်းသို့။
ဒိဂုဏံ၊ ၂-ထပ်။
ဝါ၊ ၂-ခေါက်။
န ယန္တိ၊ မဂ်တပါးဖြင့် မရောက်ကြရကုန်။
ဣဒံ၊ နိဗ္ဗာန်တည်းဟူသော ဤဘက်ကမ်းသို့။
ဧကဂုဏံ၊ တစ်ထပ်။
ဝါ၊ မင်္ဂတစ်ပါးတည်းဖြင့် တစ်ခေါက်သာ။
န မုတံ၊ ရောက်အပ်သည် မဟုတ်။
(မဂ် ၄-ပါးဖြင့် ၄-ခေါက် ရောက်အပ်သည်။-ဟူလို။)
ဣတိ ဝုတ္တံ နနု၊ လော။ ပေ၊
ဆိန္နဿ၊ ဖြတ်အပ်ပြီးသော ကိလေသာဝဋ် ရှိသော ရဟန္တာ ပုဂ္ဂိုလ်၏။
ဆေဒိယံ၊ နောက်ထပ် ဖြတ်ဖွယ်ကိစ္စသည်။
အတ္ထိ၊ လော။
ဣတိ၊ န ဟေဝံ ဝတ္တဗ္ဗေ။
ပေ ။ ဘဂဝတာ၊ သည်။
ယဿ၊ အကြင် ရဟန္တာပုဂ္ဂိုလ်၏။
ကိစ္စံ၊ ကိလေသာဝဋ်ကို ဖြတ်ဖွယ်ကိစ္စသည်။
န ဝိဇ္ဇတိ၊ မရှိ။
(သော၊ ထို ရဟန္တာပုဂ္ဂိုလ်သည်။)
ဝီတတဏှော၊ ကင်းသော တဏှာရှိ၏။
အနာဒါနော၊ တဖန် ဘဝသစ်ကိုယူခြင်းမရှိ။
ဆိန္နဿ၊ ဖြတ်အပ်ပြီးသော ကိလေသာဝဋ် ရှိသော ရဟန္တာပုဂ္ဂိုလ်၏။
ဆေဒိယံ၊ သည်။
နတ္ထိ၊ ဩဃပါသော၊ ကိလေသာတည်းဟူသော ရေအယဉ်, ကိလေသာတည်းဟူသော ကျော့ကွင်းကို။
သမူဟတော၊ ကောင်းစွာ ဖျက်ဆီးအပ်ပြီ။
ဣတိ၊ ဝုတ္တံ နနု၊ လော။ ပေ၊
၂၆၆။
ကတဿ၊ ပြုအပ်ပြီးသော မဂ်ကို။
ပတိစယော၊ တဖန်တိုးပွါး စေခြင်းသည်။
အတ္ထိ၊ လော။ ပေ ။ ဘဂဝတာ၊ သည်။
သမ္မာ၊ ကောင်းစွာ။
ဝိမုတ္တဿ၊ ကိလေသာတို့မှလွတ်ပြီးသော။
သန္တစိတ္တဿ၊ ငြိမ်သက်သောစိတ်ရှိသော။
တဿ ဘိက္ခုနော၊ ၏။
ကတဿ၊ ကို။
ပတိစယော၊ သည်။
နတ္ထိ၊ ကရဏီယံ၊ နောက်ထပ် မဂ်အကျိုးငှါပြုဖွယ်ကိစ္စသည်။
နဝိဇ္ဇတိ၊ မရှိ။
ဧကဂ္ဃနော၊ တခဲနက်ဖြစ်သော။
သေလော၊ ကျောက်တောင်သည်။
ဝါတေန၊ လေကြောင့်။
န သမီရတိ ယထာ၊ မပျက်စီးသကဲ့သို့။
ဧဝံ၊ တူ။
ကေဝလာ၊ အလုံးစုံကုန်သော။
ရူပါ၊ ရူပါရုံတို့သည်၎င်း။
ပေ ။ ဖဿာ စ၊ ဖောဋ္ဌဗ္ဗာရုံတို့သည်၎င်း ။
ဣဋ္ဌာ၊ အလိုရှိအပ်ကုန်သော။
ဓမ္မာ၊ ဓမ္မာရုံတို့သည်၎င်း။
အနိဋ္ဌာ၊ အလိုမရှိအပ်ကုန်သော။
ဓမ္မာ၊ တို့သည်၎င်း။
တာဒိနော၊ ဣဠာရုံကို ထိုအနိဋ္ဌာရုံ ကဲ့သို့ ရှုတတ်, အနိဋ္ဌာရုံကို ထို ဣဋ္ဌာရုံကဲ့သို့ ရှုတတ်သော ရဟန္တာပုဂ္ဂိုလ်၏။
ဌိတံ၊ မယိမ်းမယိုင် မြဲခိုင်တည့်မတ်သော။
ဝိပ္ပမုတ္တံ၊ ကိလေသာတို့မှ လွတ်ပြီးသော။
စိတ္တံ၊ ကို။
န ပ္ပဝေဓေန္တိ၊ မတုန်လှုပ်စေနိုင်ကုန်။
အဿ၊ ထို စိတ်၏။
ဝယံ စ၊ ပျက်ခြင်းကိုလည်း။
အနုပဿတိ၊ အဖန်ဖန်ရှု၏။
ဣတိ၊ ဝုတ္တံ နနု။ ပေ၊
၂၆၇။
ဘိက္ခဝေ၊ ပဉ္စ၊ ကုန်သော။
ဣမေ ဓမ္မာ၊ တို့သည်။
သမယ ဝိမုတ္တဿ၊ သော။
ဘိက္ခုနော၊ ၏။
ပရိဟာနာယ၊ ဆုတ်ယုတ်ခြင်းငှါ။
သံဝတ္ထန္တိ၊ ဖြစ်ကုန်၏။
ကတမေ ပဉ္စ၊ တို့နည်း။
ကမ္မာရာမတာ၊ အမှု၌ မွေ့လျော်ခြင်းရှိသူ၏ အဖြစ်၎င်း။
ဘဿာရာမတာ၊ စကားပြောခြင်း၌ မွေ့လျော်ခြင်း ရှိသူ၏အဖြစ်၎င်း။
နိဒ္ဒါရာမတာ၊ အိပ်ခြင်း၌ မွေ့လျော်ခြင်းရှိသူ၏ အဖြစ်၎င်း။
သင်္ဂဏိကာရာမတာ၊ အပေါင်းအဖော် ကိလေသာတို့ဝယ် ပေါင်းဆုံကျရောက်ခြင်း၌ မွေ့လျော်ခြင်း ရှိသူ၏ အဖြစ်၎င်း။
ယထာဝိမုတ္တံ၊ အကြင် အကြင် ကိလေသာတို့မှ လွတ်ပြီးသော။
စိတ္တံ၊ ကို။
န ပစ္စဝေက္ခတိ၊ မဆင်ခြင်။
(အယံ၊ ဤ မဆင်ခြင်ခြင်း ၎င်းတည်း။)
ပေ။ သံဝတ္တန္တိဣတိ၊ ဝုတ္တံ နနု= လော။ ပေ။
၂၆၈။
အရဟာ အရဟတ္တာ ပရိဟာယမာနော၊ သော်။
ကိံ ပရိယုဋ္ဌိတော၊ အဘယ်သည် လုယက် ဖျက်ဆီးအပ်သည်။
(ဟုတွာ၊)
ပရိဟာယတိ၊ နည်း။
ဣတိ၊ ဤသို့ သကဝါဒီ မေး၏။
ရာဂပရိယုဋ္ဌိတော၊ ရာဂသည် လုယက်ဖျက်ဆီးအပ်သည်။
(ဟုတွာ၊)
ပရိဟာယတိ၊ ၏။
ဣတိ၊ ဤသို့ ပရဝါဒီ ဖြေ၏။
ပရိယုဋ္ဌာနံ၊ လုယက်ဖျက်ဆီးခြင်းသည်။
ကိံ၊ အဘယ်ကို။
ပဋိစ္စ၊ စွဲ၍။
ဥပ္ပဇ္ဇတိ၊ နည်း။
ဣတိ၊ ဤသို့ သကဝါဒီ မေး၏။
အနုသယံ၊ အနုသယကို။
ပဋိစ္စ ဥပ္ပဇ္ဇတိ၊ ၏။
ဣတိ၊ ဤသို့ ပရဝါဒီ ဖြေ၏။
ပေ၊
အရဟတော၊ သည်။
အရဟတ္တာ၊ မှ။
ပရိဟာယမာနဿ၊ ဆုတ်ယုတ်လသော်။
ဝါ၊ သော။
(“အရဟတော၊ ၏။”
ဟု လှည့်စပ်ပါ။)
ကိံ၊ အဘယ်သည်။
ဥပစယံ၊ စည်းပွားခြင်းသို့။
ဂစ္ဆတိ၊ ရောက်သနည်း။
ပေ၊
အရဟာ၊ သည်။
အာစိနတိ၊ စုတိ, ပဋိသန္ဓေကို စီဆဲလော။
ဣတိ၊ န ဟေဝံ ဝတ္တဗ္ဗေ၊ အရဟာ၊ သည်။
အပစိနတိ၊ စုတိ, ပဋိသန္ဓေကို ဖျက်ဆီး ဆဲလော။
ပေ ။ ပဇဟတိ၊ ပယ်စွန့်ဆဲလော။
ပေ။ ဥပါဒိယတိ၊ စွဲလမ်းဆဲလော။
ပေ၊ ဝိသိနေတိ၊ ကိလေသာ အညစ်အကြေးတို့ကို အထူးသဖြင့် သုတ်သင်ဆဲလော။
ပေ။ ဥဿိနေတိ၊ ကိလေသာ အညစ်အကြေးတို့ကို အထက်အထက်၌ သုတ်သင်ဆဲလော။
ပေ ။ ဝိဓူပေတိ၊ ကိလေသာတို့ကို အထူးသဖြင့် ပူလောင်စေဆဲလော။
ဝါ၊ လောင်မြိုက်ဆဲလော။ ပေ ။ သန္ဓူပေတိ၊ ကိလေသာတို့ကို ကောင်းစွာ ပူလောင်စေဆဲလော။ ဝါ၊ ကောင်းစွာလောင်မြိုက်ဆဲလော။ ပေ၊
**မှတ်ချက်**။ ။ရှေးနိဿယဉ် “ဝိသိနေတိ၊ ဖြေသနည်း။ ဥဿိနေတိ၊ ဖွဲ့သနည်း။ ဝိဓူပေတိ၊ ခါသနည်း။ သန္ဓူ ပေတိ၊ တည်သလော”ဟု ပေး၏။ ဤ၌ကား သိနာ- သောဓေ၊ ရူပထာပေ”ဟူသော ဓာတ်ကျမ်းအတိုင်း ပေးထားသည်။
အရဟာ၊ သည်။
နေဝ အာစိနတိ၊ စုတိ, ပဋိသန္ဓေကို စီဆဲလည်းမဟုတ်။
န အပစိနတိ၊ စုတိ, ပဋိသန္ဓေကို ဖျက်ဆဲလည်း မဟုတ်။
အပစိနိတွာ၊ စုတိပဋိသန္ဓေကို ဖျက်ပြီး၍။
ဌိတော နနု၊ တည်သည် မဟုတ်လော။
ပေ၊
အရဟာ၊
နေဝ ပဇဟတိ၊ ပယ်စွန့်ဆဲလည်း မဟုတ်။
န ဥပါဒိယတိ၊ စွဲလမ်းဆဲလည်းမဟုတ်။
ပဇဟိတွာ၊ ပယ်စွန့်ပြီး၍။
ဌိတော နနု၊ လော။
ပေ၊
အရဟာ၊
နေဝ ဝိသိနေတိ၊ ကိလေသာ အညစ် အကြေးတို့ကို အထူးသဖြင့် သုတ်သင်ဆဲလည်း မဟုတ်။
န ဥဿိနေတိ၊ ကိလေသာ အညစ်အကြေးတို့ကို အထက် အထက်၌ သုတ်သင်ဆဲလည်း မဟုတ်။
ဝိသိနိတွာ၊ ကိလေသာအညစ်အကြေးတို့ကို အထူးသဖြင့် သုတ်သင်ပြီး၍။
ဌိတော နနု ။ ပေ၊
အရဟာ၊
နေဝ ဝိဓူပေတိ၊ ကိလေသာတို့ကို အထူးသဖြင့် ပူလောင်စေဆဲလည်း မဟုတ်။
န သန္ဓူ ပေတိ၊ ကိလေသာတို့ကို ကောင်းစွာ ပူလောင်စေဆဲလည်း မဟုတ်။
ဝိဓူပေတွာ၊ ကိလေသာတို့ကို အထူးသဖြင့် ပူလောင်စေပြီး၍။
ဌိတော နနု။ ပေ၊
ပရိဟာနိကထာ နိဋ္ဌိတာ၊