ဧဝံ နဝဝိဓေန ဝေဒနာက္ခန္ဓော၊ [ဒသဝိဓေန လွယ်ပြီ။ သဟေတုဒုက်ကို မူထားသောကြောင့် "ဒုကမူလကဝါရ" ဟု ခေါ်သည်။]
အမှာ။ ။ နောက်ဝါရတို့၌ သဟေတုကဒုက်ကိုချည်း မူတည်၍ တိဝိဓ နေရာဝယ် ဝိပါကတိက်ကို သွင်းသော တဝါရ, ဥပါဒိန္နုပါဒါနိယတိက်ကို သွင်းသော တဝါရ- ဤသို့ စသည်ဖြင့် တိက်အပြောင်းအလွဲ ရှိသလော ဝါရ အပြောင်အလွဲ ရှိပုံကို၎င်း, သဟေတုကဒုက် နေရာဝယ် ဟေတုသမ္ဖယုတ္တဒုက်ကို မူတည်၍ ကုသလတိက် စသည်ကို သွင်းရသော ဝါရများကို၎င်း သိပါ။ ဤသို့စသညိဲငိ့ ဒုကမူလကဝါရများကိုချဲ့ထွင်သိပါလေ။ [ဒုကမူလက ပြီး၏။]
တိကမူလက။ ။ ဧကဝိဓေန ဝေဒနာက္ခန္ဓော ။ပေ။ အတ္ထိ အဗျာကတော တိုင်အောင် တိဝိဓ ပြီး၏၊ စတုဗ္ဗိဓ စသည်ကိုလည်း ပေယျာလဖော်၍ ဆိုပါ။ ဤစတုဗ္ဗိဓမှ စ၍ ဒသဝိဓဆုံးမှ တိကမူလကဝါရ ပြီးသည်ဟု မှတ်ပါ။ ဤ၌ တိကမူလက ဟု ဆိုသောလည်း တိကကို ရှေ့ကထားသည် မဟုတ်, ဒုဝိဓ ပြီးမှ တိကကို ဟောတော်မူသည်။ ဤသို့ ဟောတော်မူပုံကို သဘောပေါက်လျှင် အနက်ပေးပုံကိုလည်း နားလည်လောက်ပြီဖြစ်၍ မရေးတော့ပြီ။ [တိကမူလက ပြီးပြီ။]
ဥဘတော ဝဍ္ဎက။ ။ [တိက်, ဒုက် ၂ ပါးတို့ကို တိုးချဲ့၍ ဟောတော်မူအပ်သော ဝါရအပေါင်းသည် ဥဘတောဝဍ္ဎက မည်၏၊ ပါဠိတော်ကို ကြည့်၍ ရှေးရှေး ဒုက်တိက်တို့ကို ထပ်၍ ဟောတော်မမူဘဲ နောက်နောက် ဒုက်တိက် များကို တိုးချဲ့၍ ဟောတော်မူပုံကို သတိပြုပါ။] ဥဘတောဝဍ္ဎက ပြီး၏။
ဗဟုဝိဓ။ ။ [ဗဟုဝိဓဝါရ အားလုံးလွယ်ပြီ။ အဋ္ဌကထာကို ကြည့်၍ ဝါရ အပြားကို သိပါ။] [သညာက္ခန္ဓနိဒ္ဒေသ စသည်တို့ လွယ်ပြီ။] အဘိဓမ္မဘာဇနီယ ပြီး၏။