တသ္မာ၊ ထို (သို့ အဘိညာဉ်ပြည့်စုံစေခြင်းငှါ အပတ်တကုတ် အားထုတ်သင့်သည်၏ အဖြစ်, အဘိညာဉ်ပြည့်စုံကလည်း သမာဓိဘာဝနာ၏အာနိသင်ကို ရခြင်း, ထိရတရတာဖြစ်ခြင်း, လွယ်သဖြင့်သာလျှင် ပညာဘာဝနာ၏ ပြည့်စုံခြင်းအကျိုး တိုးတက်ပွါးစီးခြင်း) ကြောင့်။ (ပညာဘာဝနာယ၊ နာ၏။ ဩကာသေ၊ အခွင့်အလှည့်သည်။ သမ္ပတ္တေပိ၊ ရောက်သော်လည်း။) တာဝ၊ စွာ။ အဘိညာကထံ၊ အဘိညာဉ်ကို ဆိုရာဆိုကြောင်း ဖြစ်သောစကားကို။ မယံ၊ ငါတို့သည်။ အာရဘိဿမ၊ အားထုတ်ကုန်အံ့
ဆရာကား သီလသမာဓိနှစ်ပါးကို ပြလတ်ပြီဆို၏၊ ယခုအခါ အဘယ်ကို အားထုတ်လတံ့နည်း-အမေးကို ဖြေခြင်းငှါ ဣဒါနိ အဘိညာဉ်ကထံ အာရဘိဿမ- ပါဌ်ကို မိန့်သော်။ ဆရာကား အဘိညာဉ်စကားကို အားထုတ်အံ့ ဆို၏၊ သမာဓိ၏ အခြားမဲ့၌ ပညာဘာဝနာ၏အခွင့်ရောက်ပြီ မဟုတ်လော၊ ကမ (အစဉ်) ဆန့်၏ မဟုတ်လော-ကြောင့် တာဝမိန့်သော်၊ ရောက်သော်လည်း ရောက်စေကာမူ ရှေးဉီးစွာ အားထုတ်အံ့ ဟူလိုသော်။ ဆရာကား ပညာဘာဝနာကို ဆိုကား ဆိုအံ့၊ မဆိုမီ ပဌမအဘိညာကထာကို အားထုတ်ဦးအံ့ ဆို၏။ ဆိုသင့်သောအကြောင်း စိုးစိမရှိလေက အစဥ်ပျက်၍ ကမောက္ကမ မဆိုလေကောင်း၊ ၎င်းဒေါသ မလွတ်-ကြောင့် အဘိညာ သမ္ပာဒေတုံ ယသ္မာ။ပ။ ကာတဗ္ဗော၊ တသ္မာ မိန့်သော်။ အဘိဉာဉ်ဆို၏၊ လောကုတ္တရာလော၊ အရောပင်လော-ကြောင့် ယာသံ လောကိကာဘိညာနံ ဝသေန။ပ။ ဝုတ္တာ၊ တာ-မိန့်သော်။ အဘိညာ သမ္ပာဒေတုံ ယောဂေါ ကာတဗ္ဗော ဆို၏။ ယောဂကရဏကြောင့် ပယောဇနဝိသေသ မရှိကလည်း နိရတ္ထကသာ-ကြောင့်။ ဧဝဥှိ။ပ။ ထိရတရာ စ-မိန့်သော်။ အာနိသံသသလာဘ ထိရတရာတာ ဖြစ်စေကာမူ လိုရင်း ပညာဘာဝနာအား ကျေးဇူးမပြုလေက အရာမကျဌာနဝိရောဓိ မလွတ်-ကြောင့်သော အဓိဂတာနိသံသာယ။ပ။ ပညာဘာဝနံ သမ္ပာဒေဿတိ၊ တသ္မာ-မိန့်သော်။ အဘိညာဉ်ကို ပြည့်စုံစေက သမာဓိဘာဝနာ၏ အာနိသံသလာဘလည်း ဖြစ်၏၊ ထိရတရတာလည်း ဖြစ်၏၊ လွယ်သဖြင့်လည်း ပညာဘာဝနာပြည့်စုံ၏။ ထိုကြောင့် သမာဓိ၏ အနန္တရ၌ ပညာဘာဝနာ၏ အခွင့်အရာ ရောက်သော်လည်း ထို၏ ရှေးဦးစွာ အဘိညာကထာကို အားထုတ်လတ်အံ့ ဟူလိုတော်။ (ပြည်) ။
သုခါဒီနံ၊ သုခ,သောမနဿ, ဒုက္ခ, ဒေါမနဿဟုဆိုအပ်ကုန်သော။ ပစ္စယာနံ၊ ရာဂ၏အကြောင်း ဒေါသ၏အကြောင်း ဖြစ်ကုန်သော။ (တနည်း) ပစ္စယာနံ၊ ရာဂ၏အကြောင်း ဒေါသ၏အကြောင်း ဖြစ်ကုန်သော။ သုခါဒီနံ၊ သုခ။ ပ၊ နဿတို့ကို။ ဃာတေန၊ ဝိက္ခမ္ဘနပ္ပဟာန်အလိုပယ်သတ်သဖြင့် သုခါဒီနံ၊ တို့၏။ ပစ္စယာနံ၊ တို့ကို။ ပေးသည်ကိုဆင်ခြင်။ (ပြည်) ။
ဝိဟတရာဂါဒိအင်္ဂဏတ္တာ၊ ဖျောက်အပ်ခွာအပ်ပြီးသော ရာဂဒေါသဟူသောကိလေသာရှိသည်၏ အဖြစ်ကြောင့်။ အနင်္ဂဏေ၊ ရာဂဒေါသဟူသောကိလေသာမရှိလတ်ပြီးသော်။