Issues
選擇版本
(VN)Mahāvaggapāḷi
(VN)Mahāvaggapāḷi

Abhiññātānaṃ pabbajjā

作者: နိဿယ-2 @ IAPT

တေန ခေါ ပန သမယေန၊ ၌။ အဘိညာတာ အဘိညာတာ၊ အလွန် ထင်ရှားကုန်, အလွန် ထင်ရှားကုန်သော။ [အမှတ်အသားအားဖြင့်သိအပ်ကုန်, အမှတ်အသားအားဖြင့် သိအပ်ကုန်သော။ ဝါ၊ အလွန် အသိအမှတ်ပြုအပ်ကုန်, အလွန် အသိအမှတ် ပြုအပ်ကုန်သော။ ဤသို့ သဒ္ဒတ္ထ ပေးပါ။] မာဂဓိကာ၊ မဂဓတိုင်း၌ နေကုန်သော။ ကုလပုတ္တာ၊ အမျိုးသားတို့သည်။ ဘဂဝတိ၊ မြတ်စွာဘုရား(အထံတော်)၌။ ဗြဟ္မစရိယံ၊ မြတ်သော အကျင့်ကို။ စရန္တိ၊ ကျင့်ကြကုန်၏။
မနုဿာ၊ တို့သည်။ ဥဇ္ဈာယန္တိ ဥဇ္ဈာယန္တိ စသည်။ ။ နှုတ်နှင့် မပြောဘဲ မျက်စိဖြင့် "အောက်တန်းစားတွေ" ဟု ကြည့်ရှုမှုသည်လည်းကောင်း, စိတ်ထဲက အထင်သေးမှုသည်လည်းကောင်း "ဥဇ္ဈာယန္တိ" မည်၏၊ [ဥဇ္ဈာယ- အထင်အမြင်သေးမှု၊ ဝါ- ကဲ့ရဲ့မှု၊] အထင်သေးအမြင်သေး ဖြစ်ရုံမက နှုတ်ဖြင့် အပြစ်ကိုပြောလျက် ကဲ့ရဲ့ရှုတ်ချမှုသည် "ခိယျန္တိ" မည်၏၊ [ခိယ- အပြစ်ကို ထင်ရှားပြမှု၊] တစ်နေရာ၌ အချင်းချင်း ပြောကြ ကဲ့ရဲ့ကြရုံမက ဟိုအရပ် ဒီအရပ် နှံ့သွားအောင် စပ်ရာ စပ်ရာ၌ မကောင်းသတင်း ပြောမှုသည် "ဝိပါစေန္တိ" မည်၏၊ [ဝိပါစေ- အပြစ်ကို ကျယ်ပြန့်စေသည်။] ၊ အောက်တန်းစားဟု အသိအမှတ်ပြုလျက် ကြည့်ရှုကြကုန်၏။ ဝါ၊ အယုတ်သဘော, နှုတ်ဖြင့်မပြောဘဲ, တွေးတောကြံစည်ကြကုန်၏။ (ကဲ့ရဲ့ကြကုန်၏။) ခိယျန္တိ၊ အပြစ်ကိုပြ, ရှုံ့ချကြကုန်၏။ ဝိပါစေန္တိ၊ အရပ်တကာနှံ့, စပ်ရာဖြန့်လျက်, အပြစ်ကို ကျယ်ပြန့်စေကြကုန်၏။ (ကိံ၊ အဘယ်သို့ ကဲ့ရဲ့ ရှုံ့ချ အပြစ်ကို ကျယ်ပြန့်စေကြကုန်သနည်း?။) **"သမဏော ဂေါတမော၊ ရဟန်း ဂေါတမသည်။ အပုတ္တကတာယ၊ သား မရှိသူတို့၏ အဖြစ်အကျိုးငှာ။ (သား မရှိခြင်းငှာ။) ပဋိပန္နော၊ ကျင့်၏။ သမဏောဂေါတမော၊ သည်။ ဝေဓဗျာယ၊ မုဆိုးမတို့၏အဖြစ် အကျိုးငှာ။ (မုဆိုးမ ဖြစ်အောင်။) ပဋိပန္နော။ သမဏော ဂေါတမော၊ သည်။ ကုလုပစ္ဆေဒါယ၊ အမျိုးတို့၏ပြတ်ခြင်းငှာ။ (အမျိုး ပြတ်အောင်။) ပဋိပန္နော၊ ၏။ ဣဒါနိ၊ ယခုအခါ၌။ အနေန၊ ဤ ရဟန်း ဂေါတမသည်။ ဇဋိလသဿံ၊ ရသေ့တစ်ထောင်ကို။ ပဗ္ဗာဇိတံ၊ ရှင်ရဟန်း အဖြစ်သို့ ရောက်စေအပ်ပြီ။ (ရှင်ရဟန်း ပြုပေးအပ်ပြီ။) သဉ္စာယာနိ၊ သဉ္စည်း ဆရာကြီး၏ တပည့်ဖြစ်ကုန်သော။ အဍ္ဎတေယျာနိ၊ ကုန်သော။ ဣမာနိပရိဗ္ဗာဇက သတာနိ စ၊ တို့ကိုလည်း။ ပဗ္ဗာဇိတာနိ၊ ကုန်ပြီ။**
**အဘိညာတာအဘိညာတာ၊ ကုန်သော။ မာဂဓိကာ၊ ကုန်သော။ ဣမေ ကုလပုတ္တာ စ၊ တို့သည်လည်း။ သမဏေ ဂေါတမေ ဗြဟ္မစရိယံ စရန္တိ"** ဣတိ၊ ဤသို့ ကဲ့ရဲ့ရှုံချ အပြစ်ကို ကျယ်ပြန့်စေကြကုန်၏။
အပိဿု၊ စင်စစ်။ ဘိက္ခူ၊ တို့ကို။ ဒိသွာ၊ ၍။ ဣမာ ဂါထာယ၊ ဤ ဂါထာဖြင့်။ စောဒေန္တိ၊ စေဒနာကုန်၏။ (အပြစ်တင်ကုန်၏။) (ကိံ?)။
**"အာဂတော ခေါ။ ပေ။ နယိဿတီ"** တိ၊ ဟူ၍။ (စောဒေန္တိ။) မဟာသမဏော၊ ရဟန်းကြီးသည်။ မာဂဓာနံ၊ မဂဓတိုင်းသူတိုင်းသားတို့၏။ ဂိရိဗ္ဗဇံ၊ တောင်ငါးလုံးရံ, နွားခြံသို့လို, ရာဂြိုလ်သို့။ အာဂတော၊ ရောက်လာပြီ။ သဗ္ဗေ၊ အလုံးစုံကုန်သော သဉ္စယေ၊ သဉ္စည်းဆရာကြီး၏ တပည့်တို့ကို။ နေတွာန၊ ဆောင်ယူပြီး၍။ (ပြီးနောက်။) ဒါနိ၊ ၌။ ကံ၊ အဘယ်သူကို။ နယိဿတိ၊ ဆောင်ယူလိမ့်ဦးမည်နည်း?။ [ကံသု၌ "သု" သည် အနက်မရှိသော နိပါတ်။]
ဘိက္ခူ၊ တို့သည်။ ဥဇ္ဈာယန္တာနံ၊ အောက်တန်းစားဟု, အသိအမှတ်ပြုလျက်, ကြည့်ရှုကြကုန်သော။ ဝါ၊ အယုတ်သဘော, နှုတ်ဖြင့် မပြောဘဲ, တွေးတောကြံစည်ကြကုန်သော။ (ကဲ့ရဲ့ကြကုန်သော။) ခိယျန္တာနံ၊ အပြစ်ကိုပြ, ရှုတ်ချကြကုန်သော။ ဝိပါစေန္တာနံ၊ ရပ်တကာနှံ့, စပ်ရာဖြန့်လျက်, အပြစ်ကို ကျယ်ပြန့်စေကြကုန်သော။ တေသံ မနုဿာနံ၊ ထိုလူတို့၏။ (ဝစနံ၊ စကားကို။) အဿောသုံ၊ ကြားကြကုန်ပြီ။
အထ၊ ၌။ တေ ဘိက္ခူ။ ဘဂဝတော၊ အား။ ဧတမတ္ထံ၊ ဤအကြောင်းကို။ အာရောစေသုံ၊ လျှောက်ကြကုန်ပြီ။ ပေ။ ဘိက္ခဝေ။ သော သဒ္ဒေါ၊ ထို ကဲ့ရဲ့သံသည်။ စိရံ၊ ကြာရှည်စွာ။ န ဘဝိဿတိ၊ ဖြစ်လိမ့်မည်မဟုတ်။ သတ္တာဟမေဝ၊ ခုနစ်ရက်ပတ်လုံးသာ။ ဘဝိဿတိ၊ မည်။ သတ္တာဟဿ၊ ၏။ အစ္စယေနံ၊ လွန်ရာ အခါ၌။ အန္တရဓာယိဿတိ၊ ကွယ်ပျောက်လိမ့်မည်။
ဘိက္ခဝေ။ တေနဟိ၊ ထိုသို့ဖြစ်လျှင်။ ယေ၊ အကြင် လူတို့သည်။ တုမှေ၊ တို့ကို။ ဣမာယ ဂါထာယ၊ ဖြင့်။ စောဒေန္တိ(ကိံ?)။
**"အာဂတော ခေါ။ ပေ။ နယိဿတီ"** တိ၊ ဟူ၍။ (စောဒေန္တိ)။
တေ၊ ထို လူတို့ကို။ တုမှေ၊ တို့သည်။ (သင်တို့က။) ဣမာယ ဂါထာယ။ ပဋိစောဒေထ၊ ပြန်၍ စောဒနာကြကုန်လော့။ (ပြန်၍ အပြစ်တင်ကြကုန်လော့။ ကိံ၊ အဘယ်သို့ အပြစ်တင်မည်နည်း?။) **"နယန္တိ။ ပေ။ ဝိဇာနတ"** န္တိ၊ ဟူ၍။ (ပဋိစောဒေထ)။ ဣတိ၊ ဤသို့ မိန့်တော်မူပြီ။
မဟာဝီရာ၊ ကြီမြတ်သော လုံ့လရှိတော်မူကုန်သော။ တထာဂတာ၊ ဘုရားရှင်တို့သည်။ သဒ္ဓမ္မေန၊ သူတော်ကောင်းတရားဖြင့်။ (သူတော်ကောင်းတရားနှင့် အညီ။) ဝေ၊ စင်စစ်။ နယန္တိ၊ ဆောင်ယူတော်မူကြကုန်၏။ ဓမ္မေန၊ ဖြင့်။ (တရားနှင့်အညီ။) နယမာနာနံ၊ ဆောင်ယူတော်မူကြသော ဘုရားရှင်တို့၌။ ဝါ၊ တို့ကို။ ဝိဇာနတံ၊ (တရားနှင့်အညီဆောင်ယူတော်မူကြ၏ဟု) သိသူတို့၏(သန္တာန်၌)။ ကာ၊ အဘယ်သို့သော။ ဥဿူယာ၊ ငြူစူခြင်းသည်။ (ဟောတိ၊ ဖြစ်နိုင်ပါတော့အံ့နည်း?။) တစ်နည်း။ ကာ ဥဿူယာ၊ အဘယ်မှာ ငြူစူပါတော့အံ့နည်း?။
တေန ခေါ ပန သမယေန။ ပေ။
သကျပုတ္တိယာ၊ သာကိဝင်မင်းသားဘုရားသားတော် ဖြစ်ကုန်သော။ သမဏာ၊ တို့သည်။ ဓမ္မေန၊ ဖြင့်။ နေန္တိ ကိရ၊ ဆောင်ယူကုန်သတဲ့။ အဓမ္မေန၊ မတရားသဖြင့်။ နော နေန္တိ ကိရ၊ မဆောင်ယူကြဘူးတဲ့။ ဣတိ၊ ဤသို့ သိ၍။ ပေ။ အန္တရဓာယိ၊ ပြီ။