Issues
Chọn phiên bản
ဘဒ္ဒန္တစန္ဒာဝရbhaddantacandāvara
မြန်မာဘာသာ
Vinayālaṅkāra-ṭīkā
Vinayālaṅkāra-ṭīkā

Pādaghaṃsanīyakathā

Tác giả: ဘဒ္ဒန္တစန္ဒာဝရbhaddantacandāvara @ IAPT

ပါဒယံသနီယကထာယံ၊ ၌။ ပဋ္ဌမံ တာဝ၊ ရှေးဦးစွာ။ အကပ္ပိယပါဒယံသနီ၊ အကပ္ပိယပါဒယံသနီကို။ ဒဿေတုံ၊ ပြတော်မူခြင်းငှာ။ ကတကံ န ဝဋတီတိ၊ ဟူ၍။ အာ စရိယော၊ သည်။ အာဟ၊ ပြီ။
ကတကံ နာမ၊ ကတကမည်သည်။ ကီဒိသံ၊ အဘယ်သို့ သဘောရှိပါသနည်း။ ဣတိပုစ္ဆာယံ၊ ဤသို့သောအမေးတော်သည်။ သတိ၊ ရှိခဲ့သော်။ “ကတကံ နာမ ပဒုမကဏ္ဏိကာ ကာရန္တိအာဒိ၊ ဤသို့အစရှိသည်ကို။ အာစရိယေန၊ သည်။ ဝုတ္တံ၊ အပ်ပြီ။
ကသ္မာ၊ အဘယ်ကြောင့်။ ပဋိက္ခိတ္တံ၊ ပယ်အပ်ပါသနည်း။ ဣတိပုစ္ဆာယ၊ ဤသို့သောအမေးပုစ္ဆာပြဿနာသည်။ သတိ၊ ရှိသော်။ “ဗာဟုလိကာနုယောဂတ္တာတိ၊ ဟူ၍။ ဝုတ္တံ၊ မိန့်ဆိုအပ်၏။
တတော၊ ထိုသို့မိန့်ဆိုပြီးသည်မှ။ ကပ္ပိယပါဒယံသနီယော၊ တို့ကို။ ဒဿေတုံ၊ ငှါ။ အနုဇာနာမိ ဘိက္ခဝေ တိဿာ ပါဒယံသနိယောတိ အာဒိ၊ ဤသို့အစ ရှိသော။ ယံ ဝါကျံ၊ သည်။ အတ္ထိ၊ ၏။ တံ ဝါကျံ၊ ကို။ အာစရိယော၊ သည်။ အာဟ၊ မိန့်ဆိုလေပြီ။
သေသံ၊ ကြွင်းကျန်သောစကားရပ်သည်။ သုဝိညေယျမေဝ၊ သိလွယ်တော့ သည်သာလျှင်တည်း။