Issues
Select Version
玛欣德尊者
中文
paññavaro
中文
ဝိနည်းငယ်လေးစောင်ပါဌ်
မြန်မာဘာသာ
覓寂尊者
中文
Bhikkhupātimokkhapāḷi
Bhikkhupātimokkhapāḷi

Nissaggiyapācittiyā

Author: ဝိနည်းငယ်လေးစောင်ပါဌ် @ sirīnanda

အသျှင်တို့ သုံးဆယ်သော နိဿဂ္ဂိပါစိတ်အာပတ် နိဿဂ္ဂိပါစိတ်အာပတ် ဟူသည် စွန့်ခြင်း ဝိနည်းကံရှိသော အာပတ်တည်း။နိဿဂ္ဂိပါစိတ်အာပတ်သင့်‌သော ရဟန်းသည် ၎င်းအပြစ်မှ စင်ကြယ်ခြင်းငှာပါစိတ်အာပတ်ကဲ့သို့ ဒေသနာကြားရုံမျှဖြင့် မဖြစ်၊ ဝတ္တုပစ္စည်းကို ပဌမ စွန့်ရသည်၊ ထို့နောက်မှ ဒေသနာကြားရသည်၊ ထို့ကြောင့် စွန့်ခြင်း ဝိနည်းကံရှိသောအာပတ်ဟု ခေါ်ရသည်။ နိဿဂ္ဂိအာပတ်သင့်သော ရဟန်းသည် သံဃာအားလည်းကောင်း၊ ဂိုဏ်းအားလည်းကောင်း၊ ပုဂ္ဂိုလ်အားလည်းကောင်း စွန့်ရသည်။တို့သည်သရုပ်အားဖြင့် ပြအပ်သည်၏အဖြစ်သို့ ရောက်ကုန်၏။
ပုဂ္ဂိုလ်အား စွန့်ပုံ "အသျှင်ဘုရား တပည့်တော်၏ ဤသင်္ကန်းသည် ဆယ်ရက်လွန်သည်ဖြစ်၍စွန့်အပ်ပါသည်၊ တပည့်တော်၏ ဤသင်္ကန်းကို အသျှင်ဘုရားအား စွန့်ပါ၏" ဟုဆိုရသည်။
ထို့နောက် အာပတ်ကို ဒေသနာကြားပုံ "အသျှင်ဘုရား တပည့်တော်သည် တစ်ခုသော နိဿဂ္ဂိပါစိတ်အာပတ်သို့ရောက်ပါ၏ ထိုအာပတ်ကို ပြောကြားပါ၏"ဟု အာပတ်သင့်သော ရဟန်းကဆိုရသည်၊ ဒေသနာခံ ရဟန်းက "ငါ့သျှင် အပြစ်ကို မြင်၏လော" ဟု မေးရသည်၊ ဒေသနာကြားရဟန်းက "အသျှင်ဘုရား ‌ဪ မြင်ပါ၏" ဆိုရသည်၊ဒေသနာခံရဟန်းက "ငါ့သျှင် နောင်အခါ စောင့်ရှောက်မည်လော" ဟု မေးရသည်၊ ဒေသနာကြားရဟန်းက "အသျှင်ဘုရား ကောင်းစွာ စောင့်ရှောက်ပါမည် ဟု ဆိုရသည်။"
ရဟန်းသည် သင်္ကန်း(ကိစ္စ)ပြီးဆုံးလတ်သော် ကထိန်ကိုနုတ်ပြီးလတ်သော် ဆယ်ရက်အပိုင်းအခြားရှိသော ကာလပတ်လုံး အပိုသင်္ကန်း ၁-အပိုသင်္ကန်း ဟူသည် အဓိဋ္ဌာန် မတင်အပ်၊ ဝိကပ္ပနာ မပြုအပ်သော သင်္ကန်းတည်း။ ဤသို့ ဒေသနာကြားပြီးသည်ရှိသော် သင်္ကန်းကို ခံယူသော ရဟန်းသည် "ဤ သင်္ကန်းကို အသျှင်အား ပေးပါ၏" ဟု ပြန်ပေးရသည်။ကို ဆောင်နိုင်သည်၊ ထို (ဆယ်ရက်အပိုင်းအခြားကာလ)ကိုလွန်စေသော ရဟန်းအား စွန့်ခြင်း(ဝိနည်းကံ) ရှိသော ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၁၊၃၁၁)
ရဟန်း၏သင်္ကန်း ပြီးဆုံးလတ်မသော်၊ ကထိန်ကို နုတ်ပြီးလတ်သော် ရဟန်းသည် သမ္မုတိသော ရဟန်းမှတစ်ပါး တစ်ညဉ့်မျှလည်းတိစီဝရိက်နှင့် ကင်း၍ နေငြားအံ့၊ (ထိုရဟန်းအား) စွန့်ခြင်း (ဝိနည်းကံ) ရှိသော ပါစိတ်အာပတ် သင့်၏။ (ဝိ မြန် ၁၊၃၁၅)
အကြင်ရဟန်းသည် ဆွေမျိုးမတော်စပ်သော ဘိက္ခုနီမအား သင်္ကန်းဟောင်းကို ဖွပ်လျှော်စေမူလည်း ဖွပ်လျှောစေငြားအံ့၊ ဆိုးမူလည်း ဆိုးစေငြားအံ့၊ ရိုက်နယ်မူလည်း ရိုက်နယ်စေငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ် အာပတ် သင့်၏။ (ဝိ မြန် ၁၊၃၂၄)
အကြင်ရဟန်းသည် ဆွေမျိုမတော်စပ်သော ဘိက္ခုနီမ၏ လက်မှ သင်္ကန်းကို လဲလှည်သည်မှတစ်ပါး ခံယူငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ် အာပတ် သင့်၏။ (ဝိ မြန် ၁၊၃၂၇)
အကြင်ရဟန်းသည် ဆွေမျိုမတော်စပ်သော အိမ်ရှင်ကိုသော်လည်းကောင်း၊ အိမ်ရှင်မကိုသော်လည်းကောင်း အခါမှတစ်ပါး သင်္ကန်းကိုတောင်းငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ထိုဆွေမျိုမတော်စပ်သူကို သင်္ကန်းတောင်းရာ၌ ဤဆိုလတ္တံ့သည်ကား အခါတည်း၊ ရဟန်းသည် သင်္ကန်းကို (ခိုးယူ) အလုခံရသည်မူလည်းဖြစ်၏၊ သင်္ကန်းပျောက်သည်မူလည်း ဖြစ်၏၊ဤကား ထိုဆွေမျိုးမတော်စပ်သူကို သင်္ကန်းတောင်းရာ၌ အခါတည်း။ (ဝိ မြန် ၁၊၃၃၀)
ထိုရဟန်းကို ဆွေမျိုမတော်စပ်သော အိမ်ရှင်သော်လည်းကောင်း၊ အိမ်ရှင်မသော်လည်းကောင်း များစွာသော သင်္ကန်းတို့ဖြင့်ရှေးရှူဆောင်၍ ဖိတ်ကြားငြားအံ့၊ ထိုရဟန်းသည် ထိုဆောင်လာအပ်သော သင်္ကန်းမှ သင်းပိုင်းနှင့်တကွ ဧကသီမျှသာဖြစ်သော သင်္ကန်းကိုသာယာ (ခံယူ)ရမည်၊ ထို့ထက် အလွန်သာယာ (ခံယူ) ငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ် အာပတ် သင့်၏။ (ဝိ မြန် ၁၊၃၃၄)
ရဟန်းကိုသာလျှင် ရည်ညွှန်း၍ ဆွေမျိုးမတော်စပ်သောအိမ်ရှင်၏သော်လည်းကောင်း၊အိမ်ရှင်မ၏သော်လည်းကောင်း သင်္ကန်းဖိုးကို ဤသင်္ကန်းဖိုးဖြင့် သင်္ကန်းကို ဝယ်၍ ဤမည်သော ရဟန်းကို သင်္ကန်းဖြင့် ဖုံးလွှမ်းအံ့ သင်္ကန်းဖြင့် ဖုံးလွှမ်းအံ့ ဟူသည် သင်္ကန်းကို လှူဒါန်းအံ့ ဟု ဆိုခြင်းပင်တည်း။ဟု စီရင် အပ်၏၊ အကယ်၍ ထိုဒါယကာသို့ ထိုရဟန်းသည် ရှေးက မဖိတ် ကြားအပ်ဘဲ ချဉ်းကပ်၍ "ဒါယကာတောင်းပန်ပါသည်၊ ငါ့ကို ဒါယကာသည် ဤသို့ သဘောရှိသည်လည်းဖြစ်သော သင်္ကန်းကို ဝယ်၍ ဖုံးလွှမ်းပါလော့"ဟု ကောင်းသည်ကိုအလိုရှိသည်၏အဖြစ်ကို စွဲ၍ သင်္ကန်း၌ အထူးစီရင် ခြင်း သင်္ကန်း၌ အထူးစီရင်ခြင်း ဟူသည် အလျားရှည်ရှည် အနံပြန့်ပြန့် အသားထူထူနူးညံ့ချောညက်ရန် စီမံခြင်းတည်း။သို့ ရောက်ငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ (ဝိ မြန် ၁၊၃၃၆)
ရဟန်းကိုသာလျှင် ရည်ညွှန်း၍နှစ်ဦးကုန်သော ဆွေမျိုးမတော်စပ်ကုန်သောအိမ်ရှင်တို့သည်လည်းကောင်း၊အိမ်ရှင်မတို့သည်လည်းကောင်း အသီးအသီးသော သင်္ကန်းဖိုးတို့ကို ငါတို့သည် ဤအသီးအသီးသော သင်္ကန်းဖိုးတို့ဖြင့် အသီးအသီးသော သင်္ကန်းတို့ကိုဝယ်၍ ဤမည်သော ရဟန်းကို သင်္ကန်းတို့ဖြင့် ဖုံးလွှမ်းကုန်အံ့-ဟု စီရင်အပ်ကုန်၏၊ အကယ်၍ ထိုရဟန်းသည် ထိုဒါဒါယကာတို့ကို ရှေးကမဖိတ်ကြားကပ်ဘဲ ချဉ်းကပ်၍ "ဒါယကာတို့ တောင်းပန်တိုက်တွန်းပါသည်၊ ငါ့ကို ဤအသီးအသီး‌သော သင်္ကန်းဖိုးတို့ဖြင့် ဤသို့ သဘောရှိသည်လည်းဖြစ်သော, ဤသို့သဘောရှိသည်လည်းဖြစ်သော သင်္ကန်းကိုဝယ်၍ နှစ်ယောက်ဖြစ်ကြသူတို့သည် တပေါင်းတည်း ဖြစ်ကုန်လျက်ဖုံးလွှမ်းကြကုန်လော့"ဟု ကောင်းသည်ကို အလိုရှိသည်၏အဖြစ် ကောင်းသည်ကို အလိုရှိသည်၏အဖြစ် ဟူသည် အဖိုးတန်ကို အလိုရှိသည်၏ အဖြစ်တည်း။ကိုစွဲ၍ သင်္ကန်းကို အထူးစီရင်ခြ့င်းသို့ ရောက်ငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ (ဝိ မြန် ၁၊၃၃၉၊၄၀)
ရဟန်းကိုသာလျှင် ရည်ညွှန်း၍ မင်းသော်လည်းကောင်း၊ မင်းခခစားသော်လည်းကောင်း၊ ပုဏ္ဏားသော်လည်းကောင်း၊အိမ့်ရှင်သော်လည်းကောင်း"ဤသငင်္ကန်းဖိုးဖြင့် သ္ကန်းကို ဝယ်၍ ဤမည်သောရဟန်းကို သင်္ကန်းဖြင့် ဖုံးလွှမ်းလော့" ဟု တမန်ဖြင့် သင်္ကန်းဖိုးကို ပို့စေငြားအံ့၊ အကယ်၍ ထိုတမန်သည် ထိုရဟန်းသို့ ချဉ်းကပ်၍ "အသျှင်ဘုရား အသျှင့် ကို ရည်ညွှန်း၍ ဤသင်္ကန်းဖိုးကို ဆောင်လာအပ်ပါသည်၊ အသျှင်သည် သင်္ကန်းဖိုးကို ခံယူတော်မူပါလော့" ဟု ဆိုငြားအံ့၊ ထိုရဟန်းသည်ထိုတမန်ကို"ဒါယကာ ငါတို့သည် သင့်လျော်သောအခါ၌ အပ်စပ်သော သင်္ကန်းကိုသာ ခံယူကုန်၏"ဟု ဆိုရာ၏၊ အကယ်၍ ထိုတမန်သည် ထိုရဟန်းကို "အသျှင့်အား အမှုကြီးငယ်ကိုပြုသူ တစ်ဦးတစ်ယောက် ရှိပါသ" ဟု ဆိုငြားအံ့၊ ရဟန်းတို့ သင်္ကန်းကို အလိုရှိသော ရဟန်းသည် အရံစောင့်ကိုသော်လည်းကောင်း၊ ဥပါသကာကိုသော်လည်းကောင်း "ဒါယကာ ဤသူသည် ရဟန်းတို့၏ အမှုကြီးငယ်ကို ပြုသူတည်း" ဟု အမှုကြီးငယ်ပြုသူကို ညွှန်းရအည်၊ အကယ် ထိုတမန်သည်အမှုကြီးငယ်ကို သိစေပြီးလျှင် ထိုရဟန်းသို့ ချဉ်းကပ်၍ "အသျှင်ဘုရား အသျှင်သည် ညွှန်းအပ်သော အမှုကြီးငယ်ပြုသူကို အကျွန်ုပ်သည်သိစေအပ်ပြီးပါပြီ၊ အသျှင့်သည် သင့်လျော်သောအခါ၌ ချဉ်းကပ်တော်မူပါလော့၊ အသျှင့်ကို သင်္ကန်းဖြင့် ဖုံးလွှမ်းလှူပါလိမ့်မည်" ဟု ဆိုပြားအံ့၊ ရဟန်းတို့ သင်္ကန်းကို အလိုရှိသော ရဟန်းသည် အမှုကြငယ်ပြုသူကို ချဉ်းကပ်၍ "ဒါယကာ ငါ့အား သင်္ကန်းဖြင့် အလိုရှိသည်" ဟု နှစ်ကြိမ် သုံးကြိမ် တောင်းရမည်၊ သတိပေးရမည်၊ နှစ်ကြိမ် သုံးကြိမ် သုံးကြိမ် တောင်းလတ်သော်, သတိပေးလတ်သော် ထိုသင်္ကန်းကို ပြီးစေငြားအံ့၊ ဤသို့ ပြီးစေခြင်းသည်ကောင်း၏၊ အကယ်၍ မပြီးစေငြားအံ့၊ လေးကြိမ်, ငါးကြိမ်, ခြောက်ကြိမ်တိုင်ရုံမျှ ဆိတ်ဆိတ်ဖြစ်လျက် ရည်မှတ်၍ ရပ်ရမည်၊ လေးကြိမ်, ငါကြိမ်, ခြောက်ကြိမ်တိုင်ရုံမျှ ဆိတ်ဆိတ်ဖြစ်လျက် ရပ်မှတ်၍ ရပ်သည်ရှိသော် ထိုသင်္ကန်းကို ပြီးစေငြားအံ့၊ ဤသို့ ပြီးစေခြင်းသည် ကောင်း၏၊ အကယ်၍ ထို (နှစ်ကြိမ်,သုံးကြိမ် တောင်းခြင်း၊ သတိပေးခြင်း၊ လေးကြိမ်,ငါးကြိမ်,ခြောက်ကြိမ်ရပ်ခြင်း)ထက် အလွန်အားထုတ်သည်ဖြစ်၍ ထိုသင်္ကန်းကို ပြီးစေငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ အကယ်၍ မပြီးစေငြားအံ့၊ သင်္ကန်းဖိုးဆောင်လာသူမူလဒါယကာအထံ"‌ဒါယကာတို့ သင်တို့သည် ရဟန်းကို ရည်ညွှန်း၍ ပို့အပ်သော သင်္ကန်းဖိုးသည် ထိုရဟန်းအား အကျိုးတစ်စုံစ်ရာ မံစားရ၊ ဒါယကာတို့ မိမိဥစ္စာကို တောင်းကြကုန့်လော့၊ သင်တို့၏ ဥစ္စာကို မပျက်စီးစေလင့်" ဟု ကိုယ်တိုင်သော်လည်း သွားရမည်၊ တမန်ကိုသော်လည်းစေရမည်၊ ဤသည်ကား ထိုသင်္ကန်းဖိုး ပို့စေရာ၌ ကျင့်ဝတ်တည်း။ (ဝိ မြန် ၁၊၃၄၃-၄)
အကြင်ရဟန်းသည် ပိုးချည်နှင့်ရောသော အခင်းကို ပြုလုပ်စေငြားအံ့၊ (ထိုရဟန်းအား)နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ (ဝိ မြန် ၁၊၃၄၇)
အကြင်ရဟန်းသည် အမည်းသက်သက်ဖြသ်သော သိုးမွေးအခင်းကို ပြုလုပ်စေပြားအံ့၊ (ထိုရဟန်းအား)နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ (ဝိ မြန် ၁၊၃၄၉)
အခင်းသစ်ကို ပြုလုပ်စေလိုသော ရဟန်းသည် အမည်း သက်သက်ဖြစ်သော သိုးမွေးနှစ်ဖို့တို့ကို ထည့်သွင်းရမည်၊(သိုးမွေး) အဖြူသုံးခုမြောက် တစ်ဖို့ကိုထည့်သွင်းရမည်၊ အကယ်၍ ရဟန်းသည် အမည်းသက်သက် သိုးမွေးနှစ်ဖို့တို့ကို (သိုးမွေး)အဖြူ သုံးခုမြောက် တစ်ဖို့ကို,(သိုးမွေး) အကြောင် လေးခုမြောက် တစ်ဖို့ကို မထည့်သွင်းဘဲ အခင်းသစ်ကို ပြုစေငြားအံ့၊(ထိုရဟန်းအား)နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ (ဝိ မြန် ၁၊၃၅၀)
ရဟန်းသည် အခင်းသစ်ကို ပြုစေ၍ ခြောက်နှစ်တို့ပတ်လုံး ဆာင်ရမည်။ အကယ်၍ ခြောက်နှစ်အတွင်း ထိုအခင်းကို စွန့်၍သော်လည်းကောင်း၊ မစွန့်ဘဲသော်လည်းကောင်း သမ္မုတိရသော ရဟန်းမှတစ်ပါး အခြား အခင်းသစ်ကို ပြုစေပြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ (ဝိ မြန် ၁၊၃၅၄)
နိသီဒိုင် နိဒိုင် ပြုလုပ်လိုသော အဝတ်အထည်ကို မြတ်စွာဘုရား အထွာတော်ဖြင့် အလျားနှစ်ထွာ အနံတစ်ထွာခွဲထက် မပိုသော အခင်းကို ပြုလုပ်ပြီးလျှင် မိမိလိုရာ တစ်ဖက်ဖက်က မြတ်စွာဘုရား တစ်ထွာထက် မပိုသော အမြိတ်အဆာကို တပ်ပြီးလျှင် နှစ်နေရာ၌ ခွဲထားရသည်၊ ဤကဲ့သို့ ပြုလုပ်ထားသော် အမြိတ်အဆာ သုံးခု ကွဲလျက်ရှိ၏ သင်္ကန်း,ကျောင်း,အိပ်ရာ, နေရာ ကိုယ်ကို စောင့်ရှောက်ရန်ပညတ်တော်မူသောကြောင့် ၎င်းနိသီဒိုင်ကို သုက်နှီးသင်္ကန်းဟုလည်း ခေါ်ကြသည်၊ ဤနိသီဒိုင်ကို ဆွမ်းစားရာ၌ အခင်းအဖြစ်ဖြင့်လည်း အသုံးပြုနိုင်သည်၊အိပ်သောအခါ သင်းပိုင် အတွင်းကာ၍ ဝတ်လျက် အလယ်စကို ‌နောက်ဘက်သို့ခါးတောင်းကျိုက်သကဲ့သို့လည်းကောင်း၊ နောက်က ခံဝတ်လျှင် အလယ်စကိုပေါင်ကြားမှ ရှေ့သို့ ယူ၍လည်းကောင်း ကြိုးငယ်ဖြင့်ချည်၍ အဝတ်အဖြစ်ဖြင့်လည်း အသုံးပြုနိုင်သည်အခင်းကို ပြုစေလိုသော ရဟန်းသည် အခင်းဟောင်း၏ ထက်ဝန်းကျင်မှ မြတ်စွာဘုရား အထွာတော် ပမာဏမျှလောက်ကိုအဆင်းပျက်ဆေအာင် ပြုခြင်းငှာယူရမည်၊ရဟန်းသည် အခင်းဟောင်း၏ထက်ဝန်းကျင်မှ မြတ်စွာဘုရား အထွာတော်ပမာဏမျှလောက်ကို မယူဘဲ နိသီဒိုင်အခင်းကို ပြုစေငြားအံ့၊ (ထိုရဟန်းအား)နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ (ဝိ မြန် ၁၊၃၅၇)
ရှည်သောခရီးကို သွားသော ရဟန်းအား သိုးမွေးတို့သည်ဖြစ်ပေါ်ကုန်ငြားအံ့၊ အလိုရှိသော ရဟန်းသည် ခံယူရာသည်၊ ခံယူပြီးနောက်ဆောင်ယူမည့်သူ မရှိခဲ့သော် သုံးယူဇနာတိုင်တိုင် မိမိလက်ဖြင့် ဆောင်ယူနိုင်သည်၊ အကယ်၍ ထိုသုံးယူဇနာထက် အလွန် ဆောင်ငြားအံ့၊ဆောင်ယူမည့်သူ မရှိသော်လည်း (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ (ဝိ မြန် ၁၊၃၆၀)
အကြင်ရဟန်းသည် ‌ဆွေမျိုးမတော်စပ်သော ဘိက္ခုနီမအား သိုးမွေးတို့ကို ဖွပ်မူလည်း ဖွပ်စေငြားအံ့၊ ဆိုးမူလည်း ဆိုးစေငြားအံ့၊ ဖြေရှင်းမူလည်း ဖြေရှင်းစေငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ (ဝိ မြန် ၁၊၃၆၂)
အကြင်ရဟန်းသည် ရွှေ ငွေကို ကိုယ်တိုင်သော်လည်း ခံယူငြားအံ့၊ (သူတစ်ပါးကိုသော်လည်း) ခံယူစေငြားအံ့၊ အနီး၌ ချထားအပ်သည်ကိုသော်လည်း သာယာငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ (ဝိ မြန် ၁၊၃၆၅)
အကြင်ရဟန်းသည် အထူးထူးအပြားပြားသော အထူးထူးအပြားပြား ဟူသည်လက်ဝတ်တန်ဆာ စသည် ပြုလုပ်ပြီးသော ရွှေငွေမပြုလုပ်ရသေးသေား ရွှေငွေ၊ ပြုပြီး မပြုရသေး နှစ်မျိုးသော ရွှေငွေတည်း။‌ရွှေ ငွေ လဲလှယ် ရောင်းဝယ်ခြင်းသို့ ရောက်ငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ (ဝိ မြန် ၁၊၃၆၇)
အကြင်ရဟန်းသည် အထူးထူးအပြားပြားသော အထူးထူးအပြားပြားရှိသော ဟူသည် သင်္ကန်းစသော ပရိက္ခရာအသုံးအဆောင်တည်း။ဝယ်ခြင်း၊ ရောင်းခြင်းသို့ ရောက်ငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ (ဝိ မြန် ၁၊၃၇၁)
ဆယ်ရက်အပိုင်းအခြားရှိသော ကာလတ်လုံး အပိုသပိတ် အပိုသပိတ် ဟူသည် ဓိဋ္ဌာန်မတင်အပ်, ဝိကပ္ပနာမပြုအပ်သော သပိတ်တည်း။‌ကို ဆောင်နိုင်သည်၊ ထို (ဆယ်ရက် အပိုင်းအခြားရှိသောကာလ)ကိုလွန်စေသော ရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ (ဝိ မြန် ၁၊၃၇၃)
အကြင်ရဟန်းသည် ငါးဖွဲ့ ငါးဖွဲ့ ဟူသည် ကွဲအက်သောနေရာ၌ ဖောက်၍ ချည်တုပ်ထားခြင်းတည်း။ လက်နှစ်သစ်ကြား တစ်ဖွဲ့ဖွဲ့ရမည်၊ ခါးဖွဲ့ပြည့်သော် သပိတ်သစ် တောင်းနိုင်သည်။မပြည့်သေးသော သပိတ်ရှိလျက်အခြား သပိတ်သစ်ကို ‌တောင်းငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ထိုရဟန်းသည် ထိုသပိတ်သစ်ကို ရဟန်းပရိသတ်၌စွန့်ရမည်၊ ထိုရဟန်းပရိသတ်၌ နောက်ဆုံးသပိတ်ကို နောက်ဆုံးသပိတ် ဟူသည် စွန့်လိုက်သော သပိတ်ကို သမ္မုတိရပြီးသောရဟန်းက ခံယူ၍ မထေရ်ကြီးအား ပေးရသည်၊ မထေရ်ကြီး အလိုမရှိသောသပိတ်ကို ဒုတိယမထေရ်အား ပေးရသည်၊ ဤနည်းဖြင့် အငယ်ဆုံး ရဟန်းတိုင်အောင်ပေးရသည်၊ နောက်ဆုံး ရဟန်းငယ် အလိုမရှိသော သပိတ်သည် နောက်ဆုံးပေးရသည်၊ နောက်ဆုံး ရဟန်းငယ် အလိုမရှိသော သပိတ်သည် နောက်ဆုံးသပိတ်မည်၏။ "ရဟန်း သင်သည် ဤသပတ်ကို ကွဲသည့်တိုင်အောင် ဆောင်ရမည်"ဟု (ဆို၍)ထိုရဟန်းအား ပေးရမည်၊ ထိုသပိတ်ကို တောင်းရာ၌ ကျင့်ဝတ်တည်း။ (ဝိ မြန် ၁၊၃၇၇-၈)
မကျန်းမာသော ရဟန်းတို့အား သုံးဆောင်ဖွယ်ဖြစ်ကုန်သော အကြင်ဆေးတို့သည် ဖြစ်ပေါ်ကုန်၏၊ ဤဆေးတို့ကား အဘယ်တို့နည်း၊ ထောပတ်,ဆီဥ,ဆီ,ပျားရည်,တင်လဲတို့တည်း၊ ထိုဆေးတို့ကိုအကပ်ခံ၍ ခုနစ်ရက် အပိုင်းအခြားရှိသော ကာလပတ်လုံး သိုမှီး သိမ်းဆည်းခြင်းကိုပြု၍ သုံးဆောင်နိုင်သည်၊ ထိုခုနစ်ရက်ကို လွန်စေသော ရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ (ဝိ မြန်် ၁၊၃၈၄)
ရဟန်းသည် နွေလတို့၏ တစ်လကြွင်းကျန်သေးသည်ဟု နွေလတို့၏ တစ်လကြွင်း ဟူသည် နယုန်လပြည့်ကျော်တစ်ရက်နေ့က ဝါဆို လပြည့်နေ့အထိ နောက်ဆုံးတစ်လတည်း၊ ဤအခါ၌ မိုးရေခံသင်္ကန်းကို ရှာနိုင်သည်။သိ၍ မိုးရေခံ သင်္ကန်းကို ရှာနိုင်သည်၊ နွေလတို့၏ လဝတ်ကြွင်းကျန်သေးသည် နွေလတို့၏ လဝတ်ကြွင် ဟူသည် ဝါဆိုလဆန်းတစ်ရက်နေ့မှ လပြည့်နေ့အထိ၁၅-ရက်တည်း၊ ဤအခါ၌ မိုးရေခံသင်္ကန်းကို ချုပ်ဆိုးဝတ်နိုင်သည်။ဟု သိ၍ ချုပ်ဆိုးဝတ်ရမည်၊ အကယ်၍ နွေလတို့၏တစ်လကြွင်းကျန်သေးသည်ဟု သိ၍ ဤမှာဘက်အတွင်း၌ ဤမှာဘက်အတွင် ဟူသည် နယုန်လပြည့်ကျော်တစ်ရက်မတိုင်မီ နွေလ ဆောင်းလများတည်း။မိုးရေခံသင်္ကန်းကို ရှာငြားအံ့၊ နွေလတို့၏ လဝတ်ကြွင်းကျန်သေးသည်ဟုသိ၍ ဤမှာဘက်အတွင်း၌ ချုပ်ဆိုးဝတ်ငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ (ဝိ မြန်် ၁၊၃၈၆)
အကြင်ရဟန်းသည် ရဟန်းအား ကိုယ်တိုင် သင်္ကန်းကိုပေး၍ အမျက်ထွက်လျက် နှလုံးမသာသဖြင့် (ကိုယ်တိုင်သော်လည်း) လုယူငြားအံ့၊ (သူတစ်ပါးတို့ကိုသော်လည်း) လုယူစေငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ (ဝိ မြန်် ၁၊၃၈၉)
အကြင်ရဟန်းသည် ကိုယ်တိုင်ချည်ကိုတောင်း၍ ရက်ကန်းသည်တို့ကို သင်္ကန်းရက်စေငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ (ဝိ မြန်် ၁၊၃၉၁)
ရဟန်းကိုသာလျှင် ရည်ညွှန်း၍ ဆွေမျိုးမတောင်စပ်သော အိမ်ရှင်ကသော်လည်းကောင်း၊ အိမ်ရှင်မကသော်လည်းကောင်း ရက်ကန်းသည်တို့ကို သင်္ကန်းရက်စေငြားအံ့၊ အကယ်၍ ထိုရဟန်းသည်််််််််််််််််််ရှေးက မဖိတ်ကြားဘဲ ရက်ကန်းသည်တို့ထံသို့ ချဉ်းကပ်၍"ဒါယကာတို့ဤသင်္ကန်းသည် ငါ့ကို ရည်ညွှန်း၍ရက်အပ်၏၊ အလျားရှည်ရှည်၊အနံပြန့်ပြန့်၊ အသားထူထူ၊ ပြုကြလော့၊ ငါတို့လော့၊ ကောင်းစွာ ရက်အပ်, ရှယ်အပ်,နယ်ဖြင့် ကန်အပ်,ဖြီးအပ်သည်ကိုလည်း ပြုကြကုန်လော့၊ ငါတု့သည်ဒါယကာတို့အား အနည်းငယ်မျှ ပေးကမ်းဖွယ်ကို ပေးကမ်းနိုင်ကုန်ရာ၏"ဟု သင်္ကန်း၌ အထူးစီရင်ခြင်းသို့ ရောက်ငြားအံ့၊ ထိုရဟန်းသည် ဤသို့ဆို၍ အနည်းငယ်မျှ ပေးကမ်းဖွယ်ကို ပေးကမ်းငြားအံ့၊ အယုတ်သဖြင့် ဆွမ်းမျှကိုသော်လည်း ပေးကမ်းငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ (ဝိ မြန်် ၁၊၃၉၄)
ဆယ်ရက် လိုသေးသော သီတင်းကျွတ်လပြည့်နေ့၌ ဆယ်ရက် လိုသေးသော သီတင်းကျွတ်လပြည့်နေ့ ဟူသည် သီတင်းကျွတ်လဆန်း ငါးရက်နေ့ပင်တည်း။ရဟန်း အားသာလျှင် အဆောတလျင် လှူအပ်သော သင်္ကန်း ဖြစ်ပေါ်ငြားအံ့၊ အဆောတလျင်ဟု သိသော ရဟန်းသည် ခံယူရမည်၊ ခံယူပြီးနောက် သင်္ကန်းအချိန်ကာလ သင်္ကန်းအချိန်ကာလ ဟူသည် ကထိန်မခင်းလျှင် သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လတည်း။ ကထိန်ခင်းလျှင် သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ ငါးလတည်း။တိုင်အောင် ထားရမည်၊ အကယ်၍ ထို့ထက်အလွန်ထားငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ (ဝိ မြန်် ၁၊၃၉၇)
ဝါကပ်ပြီးနောက် တန်ဆောင်မုန်းလပြည့်နေ့၌ ရွံရှာဖွယ်ရှိ၏ ရွံရှာဖွယ်ရှိ၏ ဟူသည် အရံ အရံ၏ ဥပစာ၌ ခိုးသူတို့ ဝင်ရာ စားရာ ရပ်ရာ ထိုင်ရာ လျောင်းရာတို့ကိုတွေ့မြင်ရ၍ အန္တရာယ်ဖြစ်လိမ့်မည်ဟု ယုံမှားသံသယရှိခြင်းတည်း။ဟု သမုတ်အပ်ကုန်သော ဘေးဘျမ်းရှိ ဘေးဘျမ်း ဟူသည် အရံအရံ၏ ဥပစာ၌ ခိုးသူတို့ သတ်အပ် လုယက်အပ် နှိပ်စက်အပ်သည်တို့ကို တွေ့ရခြင်းတည်း။ကုန်သော အကြင်တောကျောင်းတို့သည် ရှိကုန်၏၊ ထိုသို့ သဘောရှကုန်သော ကျောင်းတို့၌နေသော ရဟန်းသည် အလိုရှလတ်သော် သင်္ကန်းသုံးထည်တို့တွင် တ်စထည်သော သင်္ကန်းကို ရွာတွင်း၌ ထားရာ၏၊ ထိုရဟန်းအားထိုသင်္ကန်းနှင့်ကင်း၍နေခြင်းငှာ အကြောင်းတစ်စုံတစ်ရာရှိငြားအံ့၊ ခြောက်ညဉ့် အပိုင်းအခြားရှိသော ကာလပတ်လုံး ထိုရဟန်းသည် ထိုသင်္ကန်းနှင့် ကင်း၍ နေနိုင်၏၊ အကယ်၍ ထို့ထက် အလွန်ကင်း၍ နေငြားအံ့၊ ရဟန်းတို့၏ သမ္မုတိပေးခြင်းကိုထား၍ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ (ဝိ မြန်် ၁၊၃၉၉)
အကြင်ရဟန်းသည် သိလျက် (သံဃာသို့) ညွှတ်ပြီးသော သံဃိကလာဘ်ကို မိမိအား ညွတ်စေငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ (ဝိ မြန်် ၁၊၄၀၂)
အသျှင်တို့ သုံးဆယ်သော နိဿဂ္ဂိပါစိတ်အာပတ်တို့ကို သရုပ်အားဖြင့် ပြဆိုအပ်ပြီးပါကုန်ပြီ၊ ထို နိဿဂ္ဂိပါစိတ်အာပတ်တို့၌အသျှင်တို့ကို မေးပါ၏၊ အာပတ်မှ စင်ကြယ်ကြပါကုန်၏လော့၊ နှစ်ကြိမ်မြောက်လည်း မေးပါ၏၊ အာပတ်မှ စင်ကြယ်ကြပါကုန်၏လော့၊ သုံးကြိမ်မြောက်လည်း မေးပါ၏၊ အာပတ်မှ စင်ကြယ်ကြပါကုန်၏လော့၊ အသျှင်တို့သည် ဤနိဿဂ္ဂိပါစိတ်အာပတ်တို့၌ အာပတ်မှ စင်ကြယ်ကြပါကုန်၏၊ ထိုကြောင့် ဆိတ်ဆိတ်နေကြကုန်၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤအာပတ်မှ စင်ကြယ်သည်၏အဖြစ်ကို သိမှတ်ရပါသည်။