၆၀၃-၆၀၄၊
**အာဏာတ္တိယာစ ပါဏာတိပါတာဒီသု အင်္ဂါရိပူရိန္တိ**(ဧတ္ထ)၊ ဟူသော ဤပါဌ်၌။
ဧကသ္မိံ ဒိဝသေ၊ တခုသော ရှေ့နေ့၌။
အာဏတ္တဿ၊ ပါဏာတိပါတ ပြုဖို့ရန် စေခိုင်းအပ်သော ပုဂ္ဂိုလ်၏။
ဝါ၊ သည်။
အပရသ္မိံ ဒိဝသေ၊ အခြားသော နောက်တနေ့၌။
ပါဏာတိပါတံ၊ ကို။
ကရောန္တဿ၊ ပြုလသော်။
တဒါ၊ ပါဏာတိပါတ ပြုရာ ထိုအခါ၌။
သာ အာဏတ္တိ၊ ထိုရှေ့နေ့တုန်းက စေခိုင်းခြင်းသည်။
ဝိညတ္တိံ၊ ဝစီဝိညတ်ကို။
ဝိနာယေဝ၊ ကြဉ်၍သာ။
အင်္ဂံ၊ အင်္ဂါသည်။
ဟောတိ၊ ၏။
ဣတိ၊ ထို့ကြောင့်။
**အဝိညတ္တိ**၊ ဝိညတ်မရှိသော ပါဏာတိပါတစသော အမှုသည်။
**ဒုဿီလျံ**၊ ဒုဿီလျတည်း။
ဣတိ၊ ဤကား။
အဓိပ္ပါယော၊ ပရဝါဒီ၏အမှုတည်း။
အဝိညတ္တိ ဒုဿီလျန္တိကထာဝဏ္ဏနာ နိဋ္ဌိတာ၊
ဒသမဝဂ္ဂဝဏ္ဏနာ နိဋ္ဌိတာ၊
ဒုတိယော ပဏ္ဏာသကော သမတ္တော၊
၁။ ဝိညတ္တိံ ဝိနာယေဝ။ ။ပဌမနေ့၌ စေခိုင်းတုန်းက ဝစီဝိညတ်ပါသော်လည်း နောက်တနေ့ ပါဏာတိပါတအမှုကို ပြုသောအခါ စေခိုင်းသူ၏ ဝစီဝိညတ််မရှိတော့သောကြောင့် ထိုစေခိုင်းမှု ပါဏာတိပါတသည် အင်္ဂါပြည့်သော်လည်း ထိုစေခိုင်းတုန်းက ဝစီကံ အင်္ဂါသည် ရက်ခြားသည်ဖြစ်၍ ပါရိဝါသိက ဖြစ်နေသောကြောင့် အဝိညတ္တိ ဒုဿိလျ ဖြစ်ရသည်။