နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဥရဂေါဝတစံဇိဏ္ဏံ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဥရဂဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ၊သားသေသောသူကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
သိကြားမင်းသည်သုသာန်၏အနား၌ရပ်၍၊အမောင်တို့၊သင်တို့သည် အဘယ်အမှုကိုပြုကုန်သနည်းဟုဆို၏။ တစ်ယောက်သောလူကို သင်္ဂြိုဟ်ကုန်၏ဟုဆိုသည်ရှိသော်၊ သင်တို့သည်လူကိုမသင်္ဂြိုဟ်ကုန်။ တစ်ခုသော သမင်ကိုသတ်၍ မီးဖုတ်ကုန်ယောင်တကားဟုဆို၏။ အရှင်၊ သမင်ဖုတ်သောအမှုမဟုတ်၊ လူကိုလျှင်ငါတို့သင်္ဂြိုဟ်ကုန်၏ဟုဆိုသည်ရှိသော်။ ထိုသို့တပြီးကား သင်တို့၏ရန်သူ လူဖြစ်လတ္တံ့ဟုဆို၏။ ထိုအခါ ဘုရားလောင်းသည်၊ အရှင်၊ ရင်၌ဖြစ်သောသားတည်း၊ ရန်သူမဟုတ်ဟုဆို၏။ ထိုသို့တပြီးကား သင်တို့သည် မချစ်သောသားဖြစ်လတ္တံ့ဟု သိကြားမင်းသည်ဆို၏။ အရှင်၊ အလွန်လျှင်ချစ်သော သားတည်းဟု ဘုရားလောင်းသည်ဆို၏။ ထိုသို့အလွန်ချစ်သောသားဖြစ်လျက် အဘယ့်ကြောင့် မငိုသနည်းဟု သိကြားမင်းဆိုသည်ရှိသော်၊ မငိုခြင်း၏အကြောင်းကို ဆိုလိုသောဘုရားလောင်းသည်။ ။
(၇၂၆)ဥရဂေါဝ တစံ ဇိဏ္ဏံ၊ဟိတွာ ဂစ္ဆတိ သန္တနုံ။
ဧဝံ သရီရေ နိဗ္ဘောဂေ၊ပေတေ ကာလင်္ကတေ သတိ။ ။
(၇၂၇)ဍယှမာနော န ဇာနာတိ၊ဉာတီနံ ပရိဒေဝိတံ။
တသ္မာ ဧတံ န သောစာမိ၊ဂတော သော တဿ ယာ ဂတိ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
သိကြားမင်းသည် ဘုရားလောင်း၏စကားကိုကြား၍ ပုဏ္ဏေးမကို၊ မိခင်၊ သေသောသူသည်သင်နှင့်အဘယ်သို့တော်သနည်းဟုမေး၏။ အရှင်၊ ဆယ်လပတ်လုံး ဝမ်းဖြင့်လွယ်၍နို့တိုက်၍ လက်ခြေတို့ကိုကောင်းစွာပြုပြင်၍ ကြီးစေသောသားတည်းဟု ပုဏ္ဏေးမဆို၏။ မိခင်၊ အဘသည်ကားယောက်ျားဖြစ်သောကြောင့်မငိုသည်ဖြစ်စေ။ အမိနှလုံးသည်ကားနူးညံ့၏။ သင်သည်အဘယ့်ကြောင့်မငိုသနည်းဟုမေးသည်ရှိသော်၊ မငိုခြင်း၏အကြောင်းကိုဆိုလိုသောပုဏ္ဏေးမသည်။ ။
(၇၂၈)အနဝှိတော တတော အာဂါ၊နာနုညာတော ဣတော ဂတော။
ယထာဂတော တထာ ဂတော၊တတ္ထ ကာ ပရိဒေဝနာ။ ။
(၇၂၉)ဍယှမာနော န ဇာနာတိ၊ဉာတီနံ ပရိဒေဝိတံ။
တသ္မာ ဧတံ န သောစာမိ၊ဂတော သော တဿ ယာ ဂတိ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၇၂၈-၇၂၉)သာမိ၊ အရှင်။ မမပုတ္တော၊ အကျွန်သားသည်။ အနဝှိတော၊ မခေါ်ဘဲ။ တတော၊ ထိုဘဝတစ်ပါးမှ။ အမှာကံ၊ တို့၏။ ဂေဟံ၊ အိမ်သို့။ အာဂါ၊ လာ၏။ နာနုညာတော၊ ခွင့်မလွတ်ဘဲ။ ဣတော၊ ဤအိမ်မှ။ ဂတော၊ ဘဝတစ်ပါးသို့သွား၏။ အာဂတောယထာ၊ အလိုအလျောက်လာသကဲ့သို့။ တထာ၊ ထိုအတူ။ ဂတော၊ အလိုအလျောက်သွား၏။ တတ္ထ၊ ထိုအလိုအလျောက်လာ၍ အလိုအလျောက်သွားရာ၌။ ပရိဝေဒနာ၊ ငိုကြွေးခြင်းသည်။ ကာ၊ အဘယ်အကျိုးရှိအံ့နည်း။ ။
ဍယှမာနော၊ မီးသင်္ဂြိုဟ်အပ်သောသားသည်။ ဉာတီနံ၊ ဆွေမျိုးတို့၏။ ပရိဒေဝိတံ၊ ငိုကြွေးခြင်းကို။ နဇာနာတိ၊ မသိ။ တဿ၊ ထိုသား၏။ ယာဂတိ၊ အကြင်ဂတိသည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုဂတိသို့။ သော၊ ထိုသားသည်။ ဂတော၊ သွား၏။ တသ္မာ၊ ထိုကြောင့်။ ဧတံ၊ ထိုသားကို။ နသောစာမိ၊ မစိုးရိမ်။ ။
သိကြားမင်းသည် ပုဏ္ဏေးမ၏စကားကိုကြား၍ သေသောသူ၏နှမကို၊ မိခင်၊ သေသောသူသည်သင်နှင့်အဘယ်သို့တော်သနည်းဟုမေး၏။ အရှင်၊ သေသောသူသည်ကျွန်ုပ်မောင်တည်းဟုဆို၏။ မိခင်၊ နှမတို့သည်ကားမောင်တို့နှင့် ချစ်တတ်ကုန်၏။ သင်သည် အဘယ့်ကြောင့် မငိုသနည်းဟုသိကြားမင်းသည်မေး၏။ သေသောသူ၏နှမသည် မငိုခြင်း၏အကြောင်းကိုဆိုလိုရကား။ ။
(၇၃၀)သစေ ရောဒေ ကိသာ အဿံ၊တဿာ မေ ကိံ ဖလံ သိယာ။
ဉာတိမိတ္တသုဟဇ္ဇာနံ၊ဘိယျော နော အရတီ သိယာ။ ။
(၇၃၁)ဍယှမာနော န ဇာနာတိ၊ဉာတီနံ ပရိဒေဝိတံ။
တသ္မာ ဧတံ န သောစာမိ၊ဂတော သော တဿ ယာ ဂတိ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၇၃၀-၇၃၁)သာမိ၊ အရှင်။ သစေရောဒေ၊ အကယ်၍ငိုငြားအံ့။ ကိသာ၊ ကြုံလှီသည်။ အဿံ၊ ဖြစ်ရာ၏။ တဿာမေ၊ ထိုအကျွန်အား။ ကိံဖလံ၊ အဘယ်အကျိုးသည်။ သိယာ၊ ဖြစ်ရာသနည်း။ နော၊ အကျွန်ုပ်တို့၏။ ဉာတိမိတ္တသုဟဇ္ဇာနံ၊ အဆွေအမျိုး အဆွေခင်ပွန်း ချစ်ကျွမ်းဝင်ကုန်သောသူတို့အား။ ဘိယျော၊ လွန်စွာ။ အရတီ၊ မမွေ့လျော်ခြင်းသည်။ သိယာ၊ ဖြစ်ရာ၏။ ။
ဍယှမာနော၊ မီးဖုတ်အပ်သောမောင်သည်။ ဉာတီနံ၊ ဆွေမျိုးတို့၏။ ပရိဒေဝိတံ၊ ငိုကြွေးခြင်းကို။ နဇာနာတိ၊ မသိ။ တသ္မာ၊ ထိုကြောင့်။ ဧတံ၊ ထိုသေသောမောင်ကို။ အဟံ၊ ငါသည်။ နသောစာမိ၊ မစိုးရိမ်။ တဿ၊ ထိုမောင်၏။ ယာဂတိ၊ အကြင်ဂတိသည်။ အတ္ထိ၊ ရှိ၏။ သော၊ ထိုမောင်သည်။ တံ၊ ထိုဂတိသို့။ ဂတော၊ လား၏။ ။
သိကြားမင်းသည် နှမစကားကိုကြား၍ မယားကို၊ မိခင်၊ ထိုသေသောသူသည် သင်နှင့်အဘယ်သို့တော်သနည်းဟုမေး၏။ အရှင်၊ အကျွန်ုပ်လင်တည်းဟုဆို၏။ မိခင် မိန်းမတို့သည်ကားလင်သေလတ်သော် ကိုးကွယ်ရာမရှိကုန်။ မုဆိုးမဖြစ်ကုန်၏။ သင်သည် အဘယ့်ကြောင့်မငိုသနည်းဟု သိကြားမင်းသည်မေး၏။ ထိုမယားသည်လည်း သိကြားမင်းအားမငိုခြင်း၏အကြောင်းကိုဆိုလိုရကား။ ။
(၇၃၂)ယထာပိ ဒါရကော စန္ဒံ၊ဂစ္ဆန္တမနုရောဒတိ။
ဧဝံ သမ္ပဒမေဝေတံ၊ယော ပေတမနုသောစတိ။ ။
(၇၃၃)ဍယှမာနော န ဇာနာတိ၊ဉာတီနံ ပရိဒေဝိတံ။
တသ္မာ ဧတံ န သောစာမိ၊ဂတော သော တဿ ယာ ဂတိ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၇၃၂-၇၃၃)သာမိ၊ အရှင်။ ယော၊ အကြင်သူသည်။ ပေတံ၊ သေသောသူကို။ အနုသောစတိ၊ အဘန်တလဲလဲစိုးရိမ်ငိုကြွေး၏။ တဿ၊ ထိုသူ၏။ ဧတံရုဒံ၊ ဤသို့စိုးရိမ်ပူဆွေးငိုကြွေးခြင်းသည်။ ဒါရကော၊ သင့်မသင့်ရထိုက်မရထိုက်ကိုမသိသောသူငယ်သည်။ မာတု၊ အမိ၏။ ဥစ္ဆင်္ဂေ၊ တင့်ထက်၌။ နိပန္နော၊ အိပ်လျက်။ ပုဏ္ဏမာသိယံ၊ လပြည့်နေ့၌။ အာကာသေန၊ ကောင်းကင်ဖြင့်။ ဂစ္ဆန္တံ၊ သွားသော။ စန္ဒံ၊ လပြည့်ဝန်းကို။ ဒိသွာ၊ မြင်၍။ အနုရောဒတိယထာပိ၊ ရွှေလမင်းကို ပေးလော့ ပေးလော့ဟုငိုသကဲ့သို့လည်း။ ဧဝံသမ္ပဒမေဝ၊ ဤဥပမာကဲ့သို့ဖြစ်ခြင်းသည်သာလျှင်။ ဟောတိ၊ ဖြစ်၏။ ။
ဍယှမာနော၊ မီးဖုတ်အပ်သောလင်သည်။ ဉာတီနံ၊ ဆွေမျိုးတို့၏။ ပရိဒေဝိတံ၊ ငိုကြွေးခြင်းကို။ နဇာနာတိ၊ မသိ။ တသ္မာ၊ ထို့ကြောင့်။ ဧတံ၊ ထိုလင်ကို။ အဟံ၊ ငါသည်။ နသောစာမိ၊ မစိုးရိမ်။ တဿ၊ ထိုလင်၏။ ယာဂတိ၊ အကြင်ဂတိသည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုဂတိသို့။ သော၊ ထိုလင်သည်။ ဂတော၊ လား၏။ ။
သိကြားမင်းသည် မယား၏စကားကိုကြား၍ ကျွန်မကို၊ မိခင်၊ ထိုသေသောသူသည်သင်နှင့် အဘယ်သို့တော်သနည်းဟုမေး၏။ သခင်၊ ထိုသေသောသူသည်အကျွန်ုပ်၏အရှင်တည်းဟုဆို၏။ ဤသေသောသူသည်သင့်ကို နှိပ်စက်ရိုက်ပုတ်၍ညှဉ်းဆဲအပ်သည်ဖြစ်လတ္တံ့။ ထိုသေသောသူမှငါသည်ကောင်းစွာလွတ်ပြီဟုသင်မငိုသည်မဟုတ်လောဟု သိကြားမင်းသည်ဆို၏။ သခင်၊ ဤသို့မဆိုလင့်။ သခင့်စကားသည် သေသောသူအားမလျောက်ပတ်။ ကျွန်ုပ်အရှင်သားသည် ခန္တိ မေတ္တာကရုဏာနှင့်ပြည့်စုံ၏။ ရင်၌ကြီးသော သားကဲ့သို့ဖြစ်၏ ဟုဆို၏။ ထိုသို့ဖြစ်လျက် အဘယ့်ကြောင့်သင်မငိုသနည်းဟုသိကြားမင်းသည်မေး၏။ ထိုကျွန်မသည်မငိုခြင်း၏ အကြောင်းကိုဆိုလိုရကား။ ။
(၇၃၄)ယထာပိ ဥဒကကုမ္ဘော၊ဘိန္နော အပ္ပဋိသန္ဓိယော။
ဧဝံ သမ္ပဒမေဝေတံ၊ယော ပေတမနုသောစတိ။ ။
(၇၃၅)ဍယှမာနော န ဇာနာတိ၊ဉာတီနံ ပရိဒေဝိတံ။
တသ္မာ ဧတံ န သောစာမိ၊ဂတော သော တဿ ယာ ဂတိ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၇၃၄-၇၃၅)သာမိ၊ အရှင်။ ယော၊ အကြင်သူသည်။ ပေတံ၊ သေသောသူကို။ အနုသောစတိ၊ အဘန်တလဲလဲစိုးရိမ်၏။ တဿ၊ ထိုသူ၏။ ဧတံအနုသောစနံ၊ ထိုအဘန်တလဲလဲစိုးရိမ်ပူဆွေးငိုကြွေးခြင်းသည်။ ဘိန္နော၊ ခုနှစ်စိတ်ကွဲလေပြီးသော။ ဥဒကကုမ္ဘော၊ ရေအိုးသည်။ အပ္ပဋိသန္ဓိယောယထာစ၊ တဘန်စပ်ပြန်ခြင်းငှါ မတတ်ကောင်းသကဲ့သို့လည်း။ ဧဝံသမ္ပဒမေဝ၊ ဤသို့အိုးဥပမာနှင့်တူစွာဖြစ်ခြင်းရှိသည်သာလျှင်။ ဟောတိ၊ ဖြစ်၏။ ။
ဍယှမာနော၊ မီးဖုတ်အပ်သောအရှင့်သားသည်။ ဉာတီနံ၊ ဆွေမျိုးတို့၏။ ပရိဒေဝိတံ၊ ငိုကြွေးခြင်းကို။ နဇာနာတိ၊ မသိ။ တသ္မာ၊ ထို့ကြောင့်။ ဧတံ၊ ထိုသေသောအရှင့်သားကို။ အဟံ၊ ငါသည်။ နသောစာမိ၊ မစိုးရိမ်။ တဿ၊ ထိုအရှင့်သား၏။ ယာဂတိ၊ အကြင်ဂတိသည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုဂတိသို့။ သော၊ ထိုအရှင့်သားသည်။ ဂတော၊ လား၏။ ။
သိကြားမင်းသည်ထိုအလုံးစုံသောသူတို့၏ တရားစကားကိုကြား၍ ကြည်ညို၍သင်တို့သည်မမေ့မလျော့မရဏဿတိကိုပွါးစေကုန်လော့။ သင်တို့သည်ယနေ့မှစ၍ မိမိလက်ဖြင့်အမှုကို မပြုကုန်လင့်။ သိကြားနတ်မင်းဖြစ်သောငါသည် သင်တို့အိမ်၌ ရတနာခုနှစ်ပါးတို့ကို အတိုင်းအရှည်မရှိသည်ကိုပြုပေအံ့။ သင်တို့သည်မမေ့မလျော့သည် ဖြစ်ကြကုန်၊ အလှူပေးကြကုန်။ သီလဆောက်တည်ကြကုန်။ ဥပုသ်သုံးခြင်းကို ပြုကြကုန်။ ဤသို့ထိုသူတို့အား အဆုံးအမကိုပေး၍အိမ်၌ အတိုင်းအရှည်မရှိသော ဥစ္စာဖြင့်ပြည့်သည်ကိုပြု၍သွား၏။ ။
ဥရဂဇာတကံ စတုတ္ထံ။၃၅၄။