Issues
ဗားရှင်းရွေးချယ်ပါ
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

23. Gojānīyajātakaṃ

စာရေးဆရာ: နိဿယ-1 @ IAPT

(၂၃) နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊အပိပဿေနမာနော,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဂေါဇာနီယသိန္ဓဝဇာတ်ကို၊ဇေတဝန်ကျောင်း၌နေတော်မူစဉ်၊လျော့သောဝီရိယရှိသောတစ်ယောက်သောရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

သာရထိ၊ မြင်းစီးသူရဲ။ သလ္လေဘိ၊ မြားတို့ဖြင့်။ သလ္လလီ-ကတော၊ စူးဝင်ထွင်းသွားသောမြားရာဒဏ်ချက်ရှိသည်ကိုပြုအပ်သည်ဖြစ်၍။ ။

( ဤ၌သလ္လသဒ္ဒါသည် မြားစူးထွင်းသွားသောအရာအဆာဒဏ်ချက်ကိုဟောသည်။ သလ္လောအဿတ္ထိီတိသလ္လလီ၊ ဤပစ္စည်းသက်၍လအက္ခရာလာ။ တနည်း။ လီပစ္စည်းသက်)။ ။ ဝါ၊ ထိုးပစ်အပ်သည်ဖြစ်၍။ (သလ္လေဘိသလ္လလီကတောတိသလ္လေဟိဝိဒ္ဓေါ။အဋ္ဌကထာ)။ ။

ပဿန၊ လက်ျာနံပါးဖြင့်။ သေမာနောအပိ၊ လျောင်းငြားသော်လည်း။ ဂေါဇောဝ၊ ဂေါဇာနီယသိန္ဓောမြင်းသည်သာလျှင်။ ဝဠဝါ၊ မြင်းယုတ်ထက်။ သေယျော၊ မြတ်သေး၏။ တသ္မာ၊ ထို့ကြောင့်။ မ-ညေ-‌ဝ၊ ငါ့ကိုသာလျှင်။ ယုဉ္ဇ၊ ကလော့။ ။

(မြင်းစီးသူရဲသည်ဘုရားလောင်းကိုထစေ၍၊ မြားမှန်ရာကို ဘွဲ့စည်း၍ ကောင်းစွာ ချပ်တန်းဆာတို့ဖြင့်ဘွဲ့၍ မြင်း၏ ကျောက်ကုန်း၌စီး၍ ခုနှစ်ခုမြောက်သော ဗိုလ်စုကိုဖျက်၍ ခုနှစ်ယောက်မြောက်သောမင်းကိုအရှင်ဖမ်း၍ ဗိုလ်ပါအား ပေးအပ်၏။ ဘုရားလောင်းကိုလည်းမင်းအိမ်တံခါးသို့ဆောင်ကုန်၏။ မင်းသည်ဘုရားလောင်းကိုရှုအံ့သောငှါထွက်၏။ ဘုရားလောင်းသည်မင်းကို၊မင်းကြီး၊ခုနှစ်ပြည်ထောင်သောမင်းတို့ကိုမသတ်ပါကုန်လင့်။ သစ္စာဆိုစေ၍လွှတ်ပါကုန်လော့၊ ငါ့အား၎င်းမြင်းစီးသူရဲအား၎င်း ပေးအပ်သော စည်းစိမ်ကို မြင်းစီးသူရဲ အားသာလျှင်ပေးကုန်လော့။ ခုနှစ်ပြည်ထောင်သော မင်းတို့ကိုဖမ်း၍ ပေးပေသောသူရဲကိုဖျက်ခြင်းငှါမသင့်။ သင်မင်းကြီးတို့သည်လည်း အလှူပေးကုန်လော့၊ သီလစောင့်ကုန်လော့၊ တရားသဖြင့်မင်းပြုကုန်လော့ ဟုဆို၏။ ဤသို့ဘုရားလောင်းသည် မင်းအားအဆုံးအမကိုပေးပြီးသည်ရှိသော်၊ဘုရားလောင်းအားဘွဲ့အပ်သော ချပ်တန်းဆာကိုဖြေကုန်၏။ ဘုရားလောင်းသည် ချပ်တန်းဆာကိုဖြေစဉ်လျှင်ချုပ်၏)။ ။

ဂေါဇာနီယသိန္ဓဝဇာတကံတတိယံ။ ၂၃။