နိဂဏ္ဌနာဋပုတ္တကာလင်္ကိရိယ၊ အဖွင့်။
ကာလင်္ကတော။ ။ ဤပုဒ် သမာသိနှင့် ဝါကျဟု နှစ်နည်းရှိ၏၊ ကာလသဒ္ဒါ၏အနက်သည်လည်း ကာလောသမယ မစ္စူစု ဟူသော အဘိဓာန် ဂါထာ( ၁၀၈၂) အရ နှစ်နည်းရှိ၏ ဟု ရှေးဦးစွာ မှတ်ထားပါ၊ ထိုတွင် ဝိ ဋ္ဌ၊ ၂။ ၃၆ နှင့် သာရတ္ထ၂။ ၂၅၀ တို့၌ သမာသိဖွင့်၏၊ ထိုအလို - “ ကတော+ ကာလော+ ယေန” ဟု ပြု၊ ကတကာလောဟု ဆိုလိုလျက် “ ကာလကတော” ဟု ဝ်သေသမပုဒါ နောက်ကျသည်၊ ဝါစာသိလိဋ္ဌအကျိုးငှါ နိဂ္ဂဟိတ်လာ၍ “ ကာလင်္ကတော” ဟု ဖြစ်သည်။
အနက်ပေး။ ကတကာလောတိ ကတမရဏ ကာလော ဟူသော သာရတ္ထကိုကြည့်၍ “ ပြုအပ်ပြီးသော သေချိန်ရှိပြီ၊ ( သေရာကာလ ရှိပြီ)” ဟုပေး။ [ ကာလသဒ္ဒါသမယအနက်ဟော။] အထဝါ၊ ပေ၊ ကတမရဏောကို ကြည့်၍ “ ပြုအပ်ပြီးသောသေခြင်းရှိပြီ” ဟု ပေး။ [ ကာလသဒ္ဒါ မစ္စု အနက်ဟော။]
ဝါကျနည်း။ ။ ကာလေတိ သတ္တေ ခေပေတီတ် ကာလော။ [ကလ+ ဏ။] မရဏံ၊ တံ+ ကတော ပတ္တောတိ ကာလင်္ကတော၊ [ ဤနည်း၌ သေခြင်းကိုပြုပြီ၊- ဝါ- သေခြင်းသို့ ရောက်ပြီ- ဟုပေး။] ကာလေနဝါ မစ္စုနာ ကတော နဋ္ဌော အဒဿနံ ဂဟောတိ ကာလင်္ကတော။ [ သေမင်းသည် ပြုအပ် ဖျက်ဆီးအပ်ပြီ ဟု ပေး။] ဥဒါန၊ ဋ္ဌ၊ ၁၀၅။
မှတ်ချက်။ ။ တေ တတ္တကံ ကာလံ ခေပေတွာ ( ဓမ္မပဒ၊ ဋ္ဌ၊ ၁၊ ၆၅။) စသည်ကိုထောက်၍ “ ခေပေတိ- ကုန်စေတတ်၏” ဟုပေးပါ၊ ဒီ၊ ဋ္ဌ၊ ၂၊ ၄၇။ ဒီ၊ ဋီ၊ ၂ ၊ ၄၆ တို့၌ “ ပြုအပ် ပြီးဆုံးစေအပ်ပြီးသော အသက်ရှငါရာကာလရှိ” ဟု ဖွင့်သေး၏။
ဒွေဇ္ဈဇာတာ။ ။ ဒွေဇ္ဈသည် ဒွိဓာနှင့် အနက်တူ၏၊ ဒွေဓိကဇာတာ၏ အဖွင့်ဖြစ်သောကြောင့် “ ဇာတံ+ ဒွေဇ္ဈံ+ ယေသန္တန ဒွေဇ္ဈဇာတာ” ဟုပြု၊ ဒုဝိဘောဝပတ္တာ ( နှစ်ဖို့နှစ်စု၏ အဖြစ်သို့ရောက်) ဟူသောဋီကာကို “ အဓိပ္ပအယတ္ထ” ဟု ယူပါ၊ တနည်း- ဒွေဇ္ဈ၌ “ ဒွိဓာ+ ဏိ” ဟုခွဲ၊ ဒွေဇ္ဈန္တိ ဒွိဓာဘာဝံ၊- အံ့၊ ဋ္ဌ၊၃ ( ၁၃၄) ကို ကြည့်၍ ဒွိဓာနောင် ဘာဝအနက်၌ ဏျ သက်၍ ရုပ်ပြီးပါ၊ ဇာတ၌လည်း “ ဖြစါ” ဟူသောအနက်ကိုမယူပဲ ဓာတုနံ အနေကတ္ထတာအရ “ ပတ္တ- ရောက်” ဟူသော အနက်ကိုယူ၊ ဪသို့ဆိုလျှင် “ ဒုဝိဓဘာဝ ပတ္တာ” ဟူသော ဋီကာသည် သဒ္ဒတ္ထလည်း ဖြစ်နိုင်သည်၊ ဒွေဓိကဇာတာနှင့် ဒွေဇ္ဈဇာတာ နှစ်ပုဒ်လုံး၏ အချုပ်မှာ- “ နှစ်ဖက်ကွဲနေသည်” ဟုဖြစါ၏၊ ထိုကြောင့် “ ဒွေဘာဂါဇာတာ” ဟုမိန့်သည်။
ဘဏ္ဍနံ။ ။ ဘဏ္ဍန္တိ ပရိဘာသန္တိ ( ကြိမ်းမောင်း) ဧတေနာတိ ဘဏ္ဍနံ၊ [ ဘဍိ+ ယု။]ဝိရုဒ္ဓစိတ္တံ (ဆန့်ကျင်ကြောင်းစိတ်)။ဋီကာ။ ဤစကားအရ ဘဏ္ဍနဟူသည် ခိုက်ရန်ဖြစ်ဖို့ရန် ရှေးရှုနေသောစိတ်ဟု သိပါ။ အခြားနေရာ၌ကား တမျိုးဖွင့်ကြသည်။ [သာရတ္ထ ၃။ ၄။ အံ။ ဋီ ၂။ ၄၀ ရှုပါ။ ]
ကလဟော။ ။ ဒုတ်စသည် ကိုင်၍လည်းကောင်း, ပညတ်ချက်ကို ကျူးကျော်၍လည်းကောင်း ကိုယ်အားဖြင့် ရန်ဖြစ်ခြင်းသည် "ကလဟ" မည်၏ ။ ပညတ်ချက်ဟူရာ၌ "ဣဒံ နဟာနာဒိ (ဤရေအေးကို ချိုခြင်းစသည်ကို) န ကာတဗ္ဗန္တိ ပညတ္တဝတ္တံ ပဏ္ဏတ္တိ" ဟု နိဂဏ္ဌတို့နှင့် လျော်အောင် ဋီကာဖွင့်သည်။
သဟိတံမေ။ ။ မယှံ ဝစနံ သဟိတံ ( ရှေ့နောက်နှစ်ရပ် ဆက်စပ်၏၊) သိလိဋ္ဌံ( ရှေ့နောက်နှစ်ထွေ ပြေပြစ်၏) ပုဗ္ဗာ ပး သမ္ဗန္ဓံ အတ္ထယုတ္တံ ( အကျိုးနှင့်ယှဉ်၏) ကားဏယုတ္တံ၊- ဋီကာ။
ဝိပရာဝတ္တံ ။ ဝိရောဓဒဿန ဝသေမ ( ဆန့်ကျင်ဖက်ကို ညွှန်ပြခြင်း၏ အစွမ်းဖြင့်) ပရာဝတ္တိတံ ( ပြောင်းပုန် ဖြစ်စေအပ်ပြီ) ပရာဝတ္တံ ( ပြောင်းပြန် ဖြစ်အောင်) ဒူသိတန္တိ အတ္ထော၊- ဋီကာ။ သင်၏ ကြိုတင်၍ ယူဆထားသောအယူကို ငါကဆန့်ကျင်ဖက်ကို ထောက်ပြလျက် ပြောင်းပြန်ဖြစ်သွားအောင် ဖျက်ဆီးအပ်ပြီ- ဟု ဆိုလိုသည်။
ဝဓောယေဝ။ ။ မရဏမေဝကိုကြည့်၍ သတ်ဖြတ်ခြင်းသာမက သေခြင်းတိုင်အောင်ယူပါ၊ နိဂဏ္ဌများ တဖက်နှင့်တဖက် ရန်ဖြစ်ကြသည်မှာ အချင်းချင်းသတ်သဖြင့် သေသည်အထိပင်ဖြစ်သည်- ဟု ဆိုလိုသည်။ [ မရဏမေဝါတိ အညမညဃာတနဝသေန မရဏမေဝ၊- ဋီကာ။]
နာဋပုတ္တိယေသု။ ။ “ နာဋပုတ္တဿ+ ဣမေ နာဋ ပုတ္တိယာ” ဟု ဣဒံ တဒ္ဓိတ်ပြု၊ [ နာဋပုတ္တ+ ဣယ။] နာဋပုတ္တ၏ ဥစ္စာဖြစ်သူတို့ဟူသည် သူ၏တပည့်ပင်ဖြစ်သောကြောင့် နာဋပုတ္တဿ+ အန္တေဝါသိကာသု” ဟု အဓိပ္ပါယ်ဖွင့်သည်။ [ နာဋပုတ္တဿဣမေတိ နာဋပုတ္တိယာ၊ တေ ပန တဿ သိဿာတိ အာဟ အန္တေဝါသိကေသူ တိ၊- ဋီကာ။]
**နိဗ္ဗန္နရူပါ**။ ။ [ နိဗ္ဗိန္န၊ နိ+ ဝိဒ+ တ။] ရူဓာဒိ ဝိဒသည် နှစ်သက်ခြင်း အနက်ဟော၊ ဤ၌ နိဥပဿရကြောင့် မနှစ်သက်ခြင်း ငြီးငွေ့ခြင်းအနက်ဖြစ်၏၊ နိဗ္ဗိန္ဒနံ နိဗ္ဗိန္နံ - ပျင်းရိငြီးငွေ့ခြင်း၊ ရူပကားအဘိဓာန် ( ၈၂၅) ဂါထာလာ “ သဘာဝ” အနက်ဟော၊ နိဗ္ဗိန္နံ+ ရူပံ ယေသန္တန နိဗ္ဗန္နရူပါ၊ ( ဂိဟီသာဝကာ)၊ တနည်း- ဥက္ကဏ္ဌိတ ဟု ပုဂ္ဂိုလ်ရအောင် ဖွင့်သည်ကိုကြည့်၍ “ နိဗ္ဗိန္ဒန္တီဟိ နိဗ္ဗိန္နာ- ပျင်းရ် ငြီးငွေ့သူများ” ဟုပြု၊ ထိုနောက် ဘာဝပ္ပဓာန ဘာဝလောပကြံ၍ ရူပံနှင့် ဗစုဗ္ဗီဟိတွဲ၊ ပျင်းရိငြီးငွေ့သူ၏အဖြစ်ဟူသော သဘောရှိသူတို့” ဟုပေးပါ၊ ထိုသို့ငြီးငွေ့ စိတ်ပျက်ကြသဖြင့် ရှိခိုးမှုဟသည်ကို မပြုကြတော့။
ဝိရတ္တရူပါ။ ။ ရဉ္ဇနံ ရတ္တံ [ ရန္ဇ+ တ၊] နှစ်သက် မြတ်နိုးခြင်း၊ ရတ္တတော+ ဝိဂတံ ဝိရတ္တံ၊ ဝိရတ္တံ+ ရူပံ ယေသံ ဟု ပြု ၊ နှစ်သက်မြတ်နိုရခြင်းမှ ကင်းသော ရှိကုန်၏၊ ( တနည်ူ) ရတ္တတော+ ဝိဂတာ ဝိရတ္တာ - နှစ်သက် မြတ်နိုးခြင်းမှ ကင်းသူတို့၊ ဝိရတ္တာ+ ရူပံ ယေသံ ဟုတက်၊ နှစ်သက် မြတ်နိုးခြင်းမှ ကင်းသူ၍အဖြစ်ဟူသောသဘောရှိသူတို့၊ [ ရူပနှင့် ဗဟုဗ္ဗီဟိတွဲရာ၌ ရှေ့ပုဒ်ဝယ် ဘာဝလောပကြံရသည်။]
**ပဋိဝါနရူပါ**။ ။ ဝါဓာတ်သည် ဂတိအနက်ဟော၊ ပဋိဥပသာရကြောင့်နောက်သို့ သွားခြင်း၊ နောက်ဆုတ်ခြင်းအနက်ကို ယူ၊ ပဋိဝါနံ+ ရူပံ ယေသံ- တွဲ၊ နိဂဏ္ဌများအပေါ်ဝယ် ရှေးက ပြုကျင့်နေကြဖြစ်သော ရိုရိုသေသေ ပြုကျင့်မှုစသောပဋိပတ်မှ နောက်ဆုတ်ခြင်း သဘောရှိကြသည်။ [ ပုရိမပဋိပတ္တိတော ပဋိဝတ္တနံ ပဋိဝါနံ၊ တံ ရူပံ သဘောဝေါ ဧတေသန္တိ ပါိဝါနရူပါ- ဋီကာ။]
ယထာကံ။ ။ [ ပါဠိတော်ကြည့်ပါ။] ယထာ တံစသော ဥပမာနဝါကျ၌ “ တံ” အနက်မရှိ၊ နိဗ္ဗိန္နဝိရတ္တ ပဋိဝါနရူပေတိ ဘဝ်တဗ္ဗံ- ဟု ပါဋ္ဌသေသထည့် ၊ ဧဝမေဝ ဇာတာ ဟု ဥပမေယျဝါကျ အပိုထည့်၊ ဒုရက္ခာတာဒိသဘာဝေ ဓမ္မဝိနယေကား ပါဠိတော်လာ “ ဒုရက္ခာတေ ဓမ္မဝိနယေ ဒုပ္ပဝေဒိတေ၊ ပေ၊ အပ္ပဋိသရဏေ” ပုဒ်တို့ကို အကျဉ်းချုံးထားသည်။
[ နိယာမ်] တံ ယထာကား, ရှိလငြားမူ, တံ က်ု အနက်ယူ၊ ယထာ တံမူ, တံ၏အနက်, ထူးမထွက်။
ဒုရက္ခာတ, ဒုပ္ပဝေဒိတ။ ။ ဒုဝိညာပိတေကို ကြည့်၍ ဒုပ္ပဝေဒိတေ၌ ကာရိုတ်ပါပုံကို သိပါ၊ ဤ နှစ်ပုဒ်၌ ဓမ္မဝိနယခေါ် ပါဠိတော်၏အနက်ကို ပြောပြခြင်းသည်အက္ခာန ( ကထန) မည်၏၊ အကြောင်းပြစကား ဥဒါဟရုဏ် ( ဥပမာ) စကားတို့ကို ထုတ်ဆောင်၍ ကွဲကွဲပြားပြား သိ နားလည်အောင် ပြောပြခြင်းသည် ပဝေဒနမည်၏- ဟု ခွဲပါ။ [ ကထနံ အတ္ထဿ အာစိက္ခနံ , ပဝေဒနံ ဟေတုဒါဟရဏာနိအာဟရိတွာ ဗောဓနံ၊- ဋီကာ။]
ဘိန္နထူပေ။ ။ သမုဿတံ ( ထောင်မတ်နေသည်) ဟုတွာပတိဋ္ဌာဟေတု ဘာဝတော ထူပံ၊ ( ပတိဋ္ဌာ- လူအများ၏ မှီရာဖြစ်သော ပုထိုး)- ဋီကာ။ ဤဋီကာကိုကြည့်၍ နိဂဏ္ဌများ၏ လေးစားမှီခိုရာအဖြစ်ဖြင့် မားမားမတ်မတ် ရပ်နေသော နာဋပုတ္တ ဆရာကြီးကို သဒ်သူပစာအားဖြင့် ( သို့မဟုတ်) ဥပမာတဒ္ဓိတ်အားဖြင့် “ ထူပ” ဟုခေါ်သည်၊ ဘိဓန္နာ+ ထူပေါ+ ယသ္မိံတိ- ဘိန္နထူပေါ၊ ( ဓမ္မဝိနယော)၊ အပ္ပဋိသရဏေ၌လည်း- “ နတ္ထိ ပဋိသရဏံ ( ကိုးကွယ်စရာ နိဂဏ္ဌနာဋပုတ္တဆရာ) ယသ္မိံ တိ အပ္ပဋိသရဏော” ဟုပြုပါ။
တနည်း။ ။ ထူပနှင့် ပဋိသရဏအရ နိဂဏ္ဌနာဋပုတ္တကို အရကောက်ရသောအဋ္ဌကထာနည်းမှ တပါးဓမ္မ၏ နိယျာနိကအဖြစ်ကို အရကောက်ရသောနည်းကိုလည်း ဋီကာ၌ဖေါ်ပြပါအတိုင်း ဖွင့်ထားသည်။
ဋီကာ။ ။ ထူပေါတိ ဝါဓမ္မဿ နိယျာနဘာဝေါ ( ဝဋ်ဒုက္ခမှ ထွက်မြောက်တက်သည်၏အဖြစ်) ဝေဒိဗ္ဗော အညေ ဓမ္မေ အဘိဘုယျ ( လွှမ်းမိုး သာလွန်၍) သမုသဿိတဋ္ဌေန၊ သော ( ထိုဓမ္မ၏နိယျာနိကအဖြစ်လည်း) နိဂဏ္ဌဿ သအယေ ( အယူဣါဒ၌) [ ဘိန္နော၌ စပ်၊ သမယနောင်လည်း ပိုဒ်တား မလို။] ကေဟိစိ အဘိန္နသမ္မတောပိ( မပျက်ဟု သမုတ်ထားအပ်ပါသော်လည်း) ဘိန္နော ဝိနဋ္ဌော ဧဝ၊ ( ဘာကြောင့်နည်း) သဗ္ဗေန သဗ္ဗံ အဘာဝတာ ( အလုံးစုံ အကုန်အစင်မရှိသော ကြောင့်နည်း)၊ ဣတိ- ကြောင့်၊ သော- ( ထိုဓမ္မဝိနယသည်၊) ဘိန္နထူပေါ။
ဋီကာ။ ။ သောဧဝ နိယျာနဘာဝေါ ဝဋ္ဋဒုက္ခတော ပုစ္စိတုကာမာနံ ပဋိသရဏံ ( ကိုးကွယ်ရာတည်း) ၊ တံဧတ္ထ ( ဤနိ ဂဏ္ဌတို့၏ အယူ၌) နတ္ထီတိ အပ္ပဋိသရဏော၊ [ အပ္ပဋ်သရဏော- က်ုးကွယ်စရာ ဓမ္မ၏ န်ယျာန်ကအဖြစ် မရှိသော- ဟုဋီကာအလိုပေး၊ အပ္ပဋိသရဏော- ကိုးကွယ်စရာ နာဋပုတ္တဆရာမရှိသော- ဟု အဋ္ဌကထာအလိုပေးပါ။]
ဥပါလိနာ။ ။ ဤ ဥပါလိသူကြွယ်သည် မူလက နိဂဏ္ဌနာဋပုတ္တ၏ တပည့်ဖြစ်၏၊ ဗုဒ္ဓမြတ်သွာ နာဠန္ဒာမြို့သို့ ကြွလာတော်မူခိုက် ဗုဒ္ဓနှက့် တွေ့သဖြင့် နိဂဏ္ဌဆိုင်ရာ အယူဝါဒများကမု ဆွေးနွေးရင်း ဗုဒ္ဓ၏တရားကို ကျေနပ်၍ ဥပါသကာဖြစ်ပြီနောက် သောတပန်ဖြစ်သည်၊ ဥပါလိ၏သတင်းကိုကြား၍ အိမ်သို့လိုက်လာသော နာဋပုတ္တဆရာကြီးအား ဗုဒ္ဓမြတ်စွာ၏ တပည့်ဖြစ်ကြောင်းကို ဗုဒ္ဓရှိရာဖက်သို့ လက်အုပ်ချီလျက်ဂါထာ ( ၁၀) ပုဒ်ဖြင့် အားရပါးရ ပြောပြသည်၊ နိဂဏ္ဌဆရာကြီးလည်း ထိုစကားကိုကြားသဖြင့် ဗုဒ္ဓအပေါ် မနာလိုသော ဒေါသစိတ်, မိမိအတွက် ဝမ်းနည်းသော သောကစိတ်များကြောင့် ကိုယ်တွင်း၌ ပူလောင်ကာ နှလုံး ကြေမွလျက် သွေးများအန်ထွက်လေသည်။ [ အကျယ်ကို မဇ္ဈိမ၊ ၂၊ ၃၅၊ ၄၈၌ရှု။]
ဗုဒ္ဓကာလေ ကိရ။ ။ “ ယေနဿ ဥပဇ္ဈာယော” တိဝတွည ယထာ ( အကြင်အခြင်းအရာအားဖြင့်) အဿ အာယသ္မတော စုန္ဒဿ ( ထိုအရှင်စုန္ဒ၏) ဓမ္မဘဏ္ဍာဂါရိကော ( တရားဘဏ္ဍစိုးဖြစ်သော အရှင်အာနန္ဒာသည်) ဥပဇ္ဈာယော အဟောသိ၊ တံ ( ထိုအခြင်းအရာကို) ဝိတ္ထာရေနံ ဒဿေတုံ “ ဗုဒ္ဓကာလေ ကိရာ” တိ အာဒိဝုတ္တံ၊- ဋီကာ။
ဗုဒ္ဓကာလေ။ ။ ဤပုဒ်သည် ဖြစ်ခဲ့ဘူးသော အကြောင်းအရာက်ု ပြောပြသော ပုဒ်တည်း၊ သာရိပုတ္တတ္ထေရောစ စသည်ကို အထူးပြုသော ဝိသေသမ မဟုတ်၊ မှန်၏- “ ဗုဒ္ဓကာလေ သာရိပုတ္တတ္ထေရော- ဘုရားလက်ထက်တော်၌ သာရိပုတ္တရာထေရ်” ဟု ဝိသေသန အဖြစ်ဖြင့် ဆိုလျှင် ဘုရားရှင် သက်တော်ထင်ရှား ရှိတော်မူသည့် ကာလတလျှောက်လုံး အရှင်သာရိပုတ္တရာလည်း သက်တော်ထင်ရှားရှိသည်ဟုပင် အဓိပ္ပါယါထွက်နေ၏၊ အမှန်မှာ ထိုသို့မဟုတ်၊ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတော်မမူမီ ရှေ့ ( ၆) လ လောက်စော၍ ဓမ္မသေနာပတိ ပရိနိဗ္ဗာန် စံတော်မူသည် [ ဗုဒ္ဓကာလေတိ ဘူတကထနမေတံ၊ န ဝိသေသနံ၊ သတ္ထု၊ ပရိနိဗ္ဗာနတော ပုရေတရ မေဝ ဟိ ဓမ္မသေနာပတိပရိနိဗ္ဗုတော၊- ဋီကာ၊ အရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန်စံတော်မူပုံကို ဒီ၊ ဋ္ဌ၊ ၂။ ၁၃၉- ရှူ။]
**ကိရ**။ ။ ဝိတ္ထာရေန - ဟူသေဋ ဋီကာကို ကြည့်၍ “ ကိရ- ချဲ့” ဟုပေးသည်၊ မနုဿဝနတ္ထ ( တဆင့်ကြားအနက်) ဟော နိပါတ်- ဟု ယူလျှင် “ ကိရ - တဆင့်စကား ကြားရသည်မှာ” ဟု ပေးပါ၊ ရှေ့အမေးဝါကျကိုကြည့်၍ “ ကိရ- အဖြေကား” ဟုလည်းကောင်း, သံဝဏ္ဏေတဗ္ဗနှင့်ကပ်လျက်ရှိသော ကိရကို “ ဂူဠှတ္ထံ၊ ကို၊ ကိရ( ဥဒ္ဓရိတွာ ဒဿေမိ)- ထုတ်၍ပြဦးမည်” ဟုလည်းကောင်း ပေးရသေးသည်။ [ သီလက္ခန်ဘာသာဋီကာ ( ပ) တွဲ၊ ၂၅၈။ ၃၀၄- ရှု။]
မမာယိံသု။ ။ မမ+ဣဒံ မမံ၊ အမှပုဒ်နောင် ဣဒံ အနက်၌ ဏပစ္စည်း၊ သုတ်ကြီးဖြင့် အမှကို မမပြု၊ ထိုနောက် မမံဟူသော ဒုတိယန္တနာမ်ပြဒ်နောင် ကရောတိအနက်၌ အာယပစ္စည်းသက်၍ “ မမာယ” ဟု နာမဓာတ်ဖြစ်သညါ။ [ ကစ္စည်း ဘာသာဋီကာ ( ဒု) တွဲ၊ ၁၁၆၊ ၃၃၇- ရှု။]
ဓမ္မရတနပူဇာ၊ အဖွင့်။
ကထာယ မူလံ။ ။ ဤအဖွင့်ကို ကြည့်ဦ “ ကထာယ+ ပါဘတံ ကထာပါဘတံ” ဟုပြု၊ ကထာဟူသည် ဘုရားရှင်ထံမှ ရထိုက်ရနိုင်သော တရားစကားတော်တည်း၊ ပါဘတဟူသည် အရှင်စုန္ဒ၏ စကားတည်း၊ ထို စကားသည်တရားဟောဖို့ရာအကြောင်းကြောင့် အဋ္ဌကထာ၌ “ မူလံ” ဟုလည်းကောင်း, ဋီကာ၌ “ ကာရဏံ” ဟုလည်းကောင်း ဖွင့်သညါ၊ “ ဣဒံ ကထာပါဘတံ- ဤတရားစကား၏အကြောင်းသည်” ဟု ပါဠိတော်၌ ပေးပါ။ [ ကထာယ မူလန္တိ ဘဂဝတော သန္တိကာလဘိတဗ္ဗ ဓမ္မကထာယ ကာရဏံ၊- ဋီကာ။] ဘုရားရှင်၏ တပည့်များသည် ဘုရားရှင်ထံ ဖူးမြင်ရန် သွားသောအခါ တရားဟောရန် သင့်လျော်သော အကြောင်းအရာတမျိုးမျိုး ( စကား တမျိုးမျိုး) က်ု လျှောက်လေ့ရှိကြသည်။ ထိုကြောင့် “ အတ္ထိ ခေါ ဣဒံ အာဝုသော စုန္ဒ ကထာပါဘတံ၊ ပေ၊ ဧတမတ္ထွ ဘာဂဝတော အာရောစေဿာမ”” ဟု ပါဠိတော်ရှိသည်။
**သမုဋ္ဌာပေတိ**။ ။ ဤဂါထာသည် ဧကနိပါတ စူဠသေဠိဇာဇာက၌ ပါ၏၊ ထိုဇာတက၊ ဋ္ဌ၊ ၁။ ၁၃၉၊ ၌ သမုဠာပေတိကို “ မဟန္တံ ဓနဉ္စ ယသဉ္စ ဥပ္ပါဒေတွာ တတ္တ ( ထို ဥစ္စာ အခြံအရံ အကျော်အစော၌) အတ္တာနံ သဏ္ဌာပေတိ ပတိဋ္ဌာပေတိ” ဟုဖွင့်၏၊ ထိုအတိုင်းအနက်ပေးထားသည်၊ တာယ ဧဝဝါ ပန ဓနယသ မဟန္တတာယ ( ထိုဥစ္စာအခြံအရံ ကြီးကျယ်သည်၏အဖြစ်ဖြင့်) အတ္တာနံ သမုဋ္ဌာပေတိ ( ထင်ပေါ်စေ) အဘိညာတံ ပါကဋံ ကရောတိ- ဟု တနည်းဖွင့်၏၊ ထို အလို “ သမုဋ္ဌာပေတ်- ဥစ္စာခြံရံ အတန်တန်ဖြင့် ဖန်ဖန်မြင့်စေ , ထင်ပေါ်စေ၏” ဟု ပေးပါ။
**ဤဋီကာ**။ ။ ဤဋီကာ၌ကား- သမုဋ္ဌာပေတီတိ ဥဋ္ဌာပေတိ ( ထွက်ပေါ်စေ၊ ထုတ်ဆောင်)၊ ဒါလိဒ္ဒိယပင်္ကတော- ( ဆင်းရဲညွန်မှ) ဥဒ္ဓရတိ- ( ထုတ်ဆယ်ကယ်တင်) ဣတိ အဓိပ္ပါယော- ဟုဖွင့်၏၊ ဤအလို “ သမုဋ္ဌာပေတိ- ဆင်းရဲညွန်တွင်းမှ , လွတ်ကင်းပစေ, ထုတ်ဆယ်လေ၏” ဟုပေးပါ၊ ကြွင်းပုဒ်တို့၏ အနက်ကိုဇာတက အဋ္ဌကထာကြည့်၍ ပေးထားသည်။
ဥပဋ္ဌာနမေဝ ဂစ္ဆတိ။ ။ ဥပဋ္ဌာန၌ တဒတ္ထသမ္ပဒါန်အနက်ဝယ် သ ဝိဘတ်ကိုအံပြုထားသည်ဟု ယူ၍ “ ဥပဋ္ဌာနမေဝ- ဆည်းကပ်ခြင်း အကျိုးငှါပင်” ဟုပေး၊ တနည်း- ဥပဋ္ဌာနံ အာဂစ္ဆန္တိ ( ဒီ၊ ဋ္ဌ၊ ၂၊ ၂၁၆) နှင့် “ ဥပဋ္ဌာနန္တိ ဥပဋ္ဌာန သာလံ” ( ဒီ၊ ဋ္ဌ၊ ၂၊ ၂၂၉) ကိုကြည့်၍ “ ဥပဋ္ဌာနမေဝ- ဆည်းကမ်းခြင်းအးပ်သို့ပင်” ဟုပေးပါ၊ ဝက်ကြီး ဝတ်ငယ်ပြုရန် တရက်လျှင် ( ၁၈) ကြိမ် ဗုဒ္ဓထံ ပုံမှန်သွားသည်။ [ ဥပဋ္ဌာနမေဝ ဂစ္ဆတိ ဗုဒ္ဓုပဋ္ဌာနဝသေန ( ဗုဒ္ဓအား ပြုစု လုပ်ကျွေးခြင်း၏အစွမ်းဖြင့်)၊- ဋီကာ။]
ပဥှုဒ္ဓါရံ။ ။ ထိုသို့ ပုံမှန်သွားရုံသာမက ထိုအချိန်တို့၏ အကြားအကြား၌လည်း ပြဿနာမေးဖို့ရန် သွားသေး၏ဟု ပြလို၍ “ ဒိဝသဿ ပန” စသည်မိန့်၊ “ ဉာတုံ ဣစ္ဆိတဿ အတ္ထဿ ဥဒ္ဓရဏဘာဝတော ပဉှောဝ ပဉှုဒ္ဓါရော” ဟူသော ဋီကာကိုကြည့်၍ “ ဉာတုံ ပဉှီယတေ ( ဣစ္ဆီယတေ) တိပဉှော၊ [ ပဉှဓာတ် ဣစ္ဆာ အနက်ဟော၊ အ ပစ္စည်း။] ဉာတုံ ဣစ္ဆိတံ အတ္ထံ ဥဒ္ဓါရော၊ [ ဥ+ ဓရ+ ဏ။] ပဉှောဝ+ ဥဒ္ဓါရော ပဉှဒ္ဓါရော” ဟုပြုပါ။
အသမ္မာသမ္ဗုဒ္ဓပ္ပဝေဒိတဓမ္မဝိနယ၊ အဖွင့်။
ပန။ ။ “ စုန္ထတ္ထေရော ပန သာမိကော” သည် ရှေ့ဝါကျ ကိုထောက်လျှင်အနွယဝါကျတည်း၊ “ ပန- အနွယကား” ဟုပေးရမည်၊ သို့ရာတွင် “ အာနန္ဒတ္ထေရော၊ ပေ၊ သာမိကော- သည်၊ န- မဟုတ်” ဟူသော ရှေ့စကားနှင့်လျော်အောင်” ပန- အဟုတ်ကား” ဟု ဆရာတို့ ပေးတော်မူကြသည်။
တသ္မာ။ ။ ထိုအနွယဝါကျ၏ အနက်ကို ( အရှင်စုန္ဒ၏ ပိုင်ရှင်ဖြစ်ပုံကို) ပြလို၍ “ သောဝ တဿာ၊ ပေ၊ ဇာနာတိ” မိန့်သည်၊ ဤဝါကျကား ဟိ ( ယသ္မာ) သဒ္ဒါမပါသော်လည်း ရှေ့ဝါကျ၏ အကြောင်းပြ ဟေတု ( ကာရဏ) ဖြစ်၏၊ ရှေ့ဝါကျသည် ဖလဝါတည်း၊ ထိုကြောင့် ဟေတုဝါကျ၏နောက်၌ရှိသော “ တသ္မာ” ဖြင့် ဟေတု ဝါကျ၏အနက်ကို မစွဲရ၊ ဖလဝါကျရှိ အနက်ကိုသာ စွဲရသည်၊ သို့ဖြစ်၍ “ တသ္မာ-ထိုကြောင့်၊ ဝါ- ထိုသို့ အရှင်စုန္ဒ၏သာစကား၏ပိုင်ရှင်ဖြစ်သည်၏ အဖြစ်ကြောင့်” ဟုအကျယ်ပေးပါ။ [ တသ္မာဝါကျနှင့် ထို၏ရှေ့၌ရှိ ဟေတုဝါကျသည် အရကွဲပြား၏ ဖလ ဝါကျနှင့်သာ မရတူ၏။ ထိုကြောင့် တသ္မာဖြင့် ဖလကိုသာ စွဲရသည်- ဟူလို။]
**နိယာမ်**။ ။ တသ္မာရှေ့ ဟိတ်ကိုတွေ့ပြား၍ ရှိမှခံ၊ တသ္မာကို, ဟိတ်၏ဖိုလ်, စွဲဆို မြဲထုံးစံ။
ဧဝံဉှေတံ။ ။ [ ဧဝံ+ ဟိ+ ဧတံ။] ဧဝံ- သည် အရှင်စုနန္ဒ၏စကားကို လက်ခံသောဝစနယသမ္ပဋိစ္ဆန အနက်ဟော နိပါတ်၊ ဟိ- ကား ဧဝနှင့် အနက်တူသော အဝဓာရဏ အနက်ဟော နိပါတ်၊ ဧတံ- ကား နိယမ သဗ္ဗနာမ်ပုဒ်ကို၊ ထို နိယ မရှိသောကြောင့် “ ယံ” ဟု အနိယမထည့်ပေးသည်။ [ ပါဠိတော်၌ ဧဝံ ဟေတံ , အဋ္ဌကထာ၌ ဧဝဉှေတံ- ဟုပါဌ်ရှိသည်။]
**ဆိုလိုရင်း**။ ။ စုန္ဒ- မမှန်မကန် နည်းလမ်းမကျ ဟောပြထားအပ်သော သာသနာ၌ဆရာ ကွယ်လွန်၍ တပည့်များ တဖက်နှင့်တဖက်ဂိုဏ်းကွဲ၍ ဖရ်ုဖရဲ စွပ်စွဲပြီး အချင်းများလျက် ( ဧတံ) ဤသို့ နေကြသည်မှာ ( ဧဝံ ဟိ ဟောဆိ) သင်လျှောက်သည့်အတိုင်းပင် ဖြစ်ရမည်- ဟူလို၊ အချုပ်မှာ- “ ဧဝံ ဟိ ဧတံ ဟောတိ၊ အဲဲါရာ အဲသလိုပဲဖြစ်တတ်သည်” ဟုမှတ်ပါ။
**ဋီကာ**။ ။ ဧဝန္တိ ဝစနသမ္ပဋိစ္ဆနံ၊ ပုန္ဒတ္ထေရေန ဟိ အာနီတံ ( ဆောင်ယူလာအပ်သော) ကထာပါဘတံ ဘဂဝါ သမ္ပဋိစ္ဆန္တော “ ဧဝန္တိ” အာဟ၊ “ ဧဝ” န္တိဒုရက္ခာတေဓမ္မဝိနယေ သာဝကာနံ ဒွေဓိကာဒိဘာဝေန ( နှစ်စုကွဲခြင်း စသည် အဖြစ်ဖြင့် ) ဝိဟရဏ ကိရိယာပရာမသနံ ( နေခြင်းကိရိယာ သုံးသပ်ကြောင်း စကား) ဟိ ဧတံ၊- ဋီကာ။ [ ဟိ၊ မှန်၏။ ဧဝန္တိ ဧဝံ- ဧဝံဟူသော ဤသဒ္ဒါသည်- ဟု အနက်ဆိုပါ။]
တနည်း။ အထဝါယသ္မာ၊ ပေ၊ ပါကဋံ ဟောတ်- ဒေါသေသု အာဒီနဝ ဒဿနေန တပ္ပဋိပက္ခေသု ဂုဏေသု အာနိသံသဿ ဝိဘူတဘာဝါပတ္တိတော၊- ဋီကာ၊ လောဘ၏အပြစ်ကိုမြင်လျှင် ထို၏ဆန့်ကျင်ဖက် အလောဘ၏ဂုဏ်သည် ပို၍ထင်ရှားသကဲ့သို့ အနိယျာနိကသာသနာ၌ အပြစ်မြင်လျှင် နိယျာနိသနာ၌ ဂုဏ်၏အကျိုးပို၍ ထင်ရှားသောကြောင့် “ ယသ္မာ၊ ပေ၊ ပါကဋံ ဟောတိ” ဟုအဋ္ဌကထာဆိုသည်။
ဝေါက္ကမ္မ။ ။ [ ဝိ+ အဝ+ ကမု+ တွာ။] “ ဝေါက္ကမ္မ- ဖဲဲ၍” ဟု သဒ္ဒတ္ထဖြစ်၏၊ “ ဖဲ” ဟူရာ၌ တကြိမ်တခါသာ မဟုတ်, အကြိမ်များစွာ ဖဲသည် ဟု သိစေလို၍ “ ဩက္ကမိတွာ ဩက္ကမိတွာ” ဟုဖွင့်သည်၊ ဤအဖွင့်အရ ပါဠိတော်၌ “ ဝေါက္ကမ္မ ဝါက္ကမ္မ” ဟု အာမေဍိတ်ဖြင့် ဆိုလိုလျက် ဝေါက္ကမ္မတပုဒ် ချေထားသည် ဟုလည်းကောင်း၊ “ ဖဲ၍ ဖဲ၍ ကျင့်သည်” ဟုဆို သဖြင့် အမြဲမကျင့်, ကြိုးကြားကြိုးကြာ( တရံတခါ) ကျင့်၏ ဟူသော အနက်ကိုလည်းကောင်း သိရသည်။
ဋီကာ။ ။ ဝေါက္ကမ္မာတိ အပသက္ကေတွာ ( အပသက္ကိတွာ)။ [ ဝိ+ အဝကို “ အပ” ဟုလည်းကောင်း၊ ကမုဓာတ်ကို ဂတိအနက်ဟော သကဓာတ်ဖြင့်လည်းကောင်း၊ မ္မကို တွာ ဟု လည်းကောင်း ဖွင့်သည်။] အာမေဍ်တလောပေမ စာယံ နိဒ္ဒေါသော။ ဝေါက္ကမ္မာတိဝုတ္တံ ဟောတိ၊ တေန တဿ ဝေါက္ကမနဿေ ( ထိုဝေါက္ကမ္မနကြိယာ၏) အန္တရန္တရာတိ အယမတ္ထော ( အကြား အကြား ဟူသော ဤအနက်ကို) လဗ္ဘတီတထ အာဟ- န နိရန္တရန္တိ အာဒိ။
မှတ်ချက်။ ။ အာမေဋိတလောပဟု ဆိုသော်လည်ူ “ ဘယေ ကောဓေ ပသံသာယံ” စသော အာမေဍိတ်၏ လက္ခဏာမတွေ့ရ၊ ဖဲသွားခြင်းကြီယာအားလုံးကို ပျံ့နှံ့စေလိုခြင်းဟူသော ဝိစ္ဆာလက္ခဏာ တွေ့ရ၏၊ ထိုကြောင့် ဤနေရာ၌ အာမေဍိတ်နှင့် ဝိစ္ဆာကို သဘောတူဟု ယူသင့်သည်၊ ကြိယာကို ပျံ့နှံ့စေပုံကို ပြရာဖြစ်၍ “ အဘိက္ခည” ဆိုလျှင် ပိုရှင်းသည်။ ကျမ်းစာများ၌ ဝိစ္ဆာကို အာမေဍိတိဟုဖွင့်ထားသည်ကို တွေ့ရသည်။ [ မူလ၊ ဋီ၊ ၂။ ၇။ သမ္မော ဘာသာဋီကာ ( ပ) တွဲ၊ ၃၈၆ ရှု။]
ဓမ္မာနုဓမ္မပ္ပဋိပတ္တိအာဒယော။ “ ဓမ္မ” ဟူသည် နိဂဏ္ဌစသော ဆရာတဦးဦးက ဟောပြသော လွတ်မြောက်ကြောင်း တရားတည်း၊ “ အနုဓမ္မ” ဟူသည် ထိုတရားကို ရရှိရန် နိဂဏ္ဌဆရာစသူတို့ ညွန်ပြသော ကျင့်ဝတ်တည်း၊ ထိုဓမ္မာနုဓမ္မကျင့်ဝတ်ကို မကျင့်ခြင်းကို “ အပ္ပဋိပတ္တိ” ဟုဆိုသည်။ [ ဓမ္မာနုဓမ္မပဋိပတ္တိ- ဓမ္မာနုဓမ္မ+ အပ္ပဋိပတ္တိ ဟု ပုဒ်ဖြတ်။] အာဒိဖြင့် ပါဠိတော်လာ အသာမီစိ ပဋိပဒါ စသည်ကိုယူပါ။ [ ဓမ္မာနုဓမ္မပ္ပဋိပတ္တိအာဒယောတိ တေန သတ္ထာရာ ဝုတ္တမုတ္တိဓမ္မဿ အနုဓမ္မံ အပ္ပဋိပဇ္ဇနာဒယော၊ ( အပ္ပဋိပတ္တိကို အပ္ပဋိပဇ္ဇနာဟု ဖွင့်) အာဒိသဒ္ဒေန ပါဠိယံအာဂတာ အသာမီစိပဋိပဒါဒယော စသင်္ဂယှန္တိ၊- ဋီကာ။] အဋ္ဌကထာ၌ “ ဓမ္မာနုဓမ္မပ္ပဋိပတ္တိ” ဟုပ၌ ဒွေဘော်ရှိ၏၊ ဋီကာ၌ ဒွေဘော်မပါ၊ မည်သို့ပင် ရှိစေ “ ဓမ္မာနုဓမ္မ+ အပဋိပတ္တိ” ဟု ပုဒ်ဖြတ်ပါ၊ ဓမ္မာနု ဓမ္မာပဋိပတ္တိ ဟု နောက်ဓမ္မာ၌ လည်း ဒီဃ ရှိလျှင်သန္ဓိစပ်ထားကြောင်း သာ၍ ထင်ရှားပေလိမ့်မည်။
ဆိုလိုရင်း။ ။ [ ပါဠိတော်ကြည့်ပါ။] “ တဿ တေ အာဝုသော လာဘာ” ၌ ဧတေ ဓမ္မာနုဓမ္မပ္ပဋိပတ္တိအာဒယော- ဟု အဓိပ္ပါယ် ထင်ရှားအောင် ထည့်၍ ဖွင့်၏၊ ဤဝါကျ၏ ဆိုလိုရင်း မှာ- ဤလောက၌ ဆရာလုပ်သူက သမ္မာသမ္ဗုဒ္ဓ ( ဘုရားအစစ်) မဟုတ်၊ သူ၏ တရားကလည်း နိယျာနိက မဟုတ်၊ သာဝကဖြစ်သူကလည်း ထိုတရားအတိုင်း မကျင့်၊ ဤသို့ ဖြစ်နေရာတွင် သာဝကဖြစ်သူအား ပြောထိုက်သည်မှာ “ တဿ တေ အာဝုသော လာဘာ- ငါရှင် တရားမကျင့်သည်မှာ သင့်အတွက် လာဘ်ရခြင်း ဖြစ်ပေသည်”။
**မနုဿတ္တမ္ပိ**။ ။ [ တဿ တေ သုလဒ္ဓွံ၊ ၏ ကံကို “ မနုဿတ္တမ္ပိ” ဟုထည့်ပါ ဟု ပြသည်။] ပိဖြင့်( ၁) တရားစစ် တရားမှန်ကို စိစစ်နိုင်သော ဝိစာရဏ ပညာရှိခြင်း။ (၂) အပြစ်တို့၌ စွဲစွဲမြဲမြဲ မသက်ဝင်ခြင်း၊ ( ၃) မိမိအယူသာ မှန်၏ ဟု တစ်ဖက်သက် မစွဲလမ်းခြင်း စသည်များက်ူ ဆည်းယူပါ ဟု ဋီကာဆိုသည်။
တထာ ပဋိပဇ္ဇတု။ ။ ဤဝါကျသည် ယထာ တေ၊ ပေ၊ ဒေသိတော၏ နိယမတည်း၊ ယထာကို “ ယေန အာကာရေန” ဟြဖွင့်၏၊ တထာ၌လည်း “ တေန အာကာရေန” ဟု ပင် ဖွင့်သင့်၏၊ ထိုသို့မဖွင့်ပဲ “ ဧဝံ ( ဤအခြင်းအရာအားဖြင့်) ပဋိပဇ္ဇတု” ဟုဖွင့်ထားသည်ကို သတိပြုခဲ့ပါ။
အာကာရ, ပကာရ။ ။ သဗ္ဗနာမေဟိ ပကရဝစနေ တု ထာ- သုတ်ဖြင့် ပကာရ အနက်၌ ထာပစ္စည်းသက်၏၊ ထို “ ပကာရ” ဟူသည် ထူခြားသော အခြင်းအရာအပြားတည်း၊ ယထာ၊ ပေ၊ ဓမ္မော ဒေသိတော၌ ဟောပုံအခြင်းအရာ များစွာဖြင့် ပေါင်းစပ်နေသော ဓမ္မသည် သာမညဖြစ်၏၊ ထိုတွင် ဆရာက တပည့် နားလည်အောင် ဟောပြအပ်သော အခြင်းအရာတမျိုးသည် ဝိသေသပကာရ ( ထူးခြားသောအပြား) ဖြစ်၏၊ ထိုကြောင့် အဋ္ဌကထာ၌ “ အာကာရေန” ဟုလည်းကောင်း၊ ဋီကာ၌ “ ပကာရဿ” ဟုလည်းကောင်းဖွင့်သည်။
ထတာ , ဧဝံ။ ။ “ တထာ - ထိုအခြင်းအရာအားဖြင့်” ဟု ဆိုလျှင် “ ဟောပုံအခြင်းအရာပကာရသည် ဝဒန္တပုဂ္ဂိုလ်၏ စိတ်၌ ( တိရေ က္ခတာ) မျက်ကွယ်သဘောဖြစ်၏၊ “ ဧဝံ- ဤအခြင်းအရာအားဖြင့်၊ ပဋိပဇ္ဇတု- ကျင့်” ဟု ဆိုရာ၌ ကျင့်အုံအခြင်းအရာကို သတ်မှတ်ပြသည်ကို သတိပြုပါ။] ဧဝံ ပဋိပဇ္ဇတုဖြင့်လည်း ကျင့်ပုံအခြင်းအရာကိုပင် သတ်မှတ်ပြ၏၊ ထိုကြောင့် မျက်ကွယ် မျက်မှောက် အနေဖြင့် ကွဲသော်လည်း အနက်အားဖြင့် ထူခြားမှုမရှိရကား “ တထာပဋိပဇ္ဇတု” ကို “ ဧဝံ ပဋိပဇ္ဇတု” ဖွင့်ထားသည်။
ဋီကာ။ ။ တာ ဧဝန္တိ ပဒေတိ ယထာက္ကမံ ပကာရဿ ( ဟောပုံအပြား၏) ကာမံ တိရေဋက္ခတာ ပစ္စက္ခတာ ဝုစ္စတိ၊( အကယ်၍ကား ဆိုအပ်ပါပေ၏၊) တထာပိ ယထာ “ တထာ ပဋိပဇ္ဇတူ” တိ ပဒေန ( ဖြင့်) ပဋိပဇ္ဇနာ ကာရော နိယမေတွာ ( သတ်မှတ်၍) ဝိဟိတော ( စီရင်အပ်သကဲ့သို့)၊ တထာ “ ဧဝံ ပဋိပဇ္ဇတူဟိ ဣမိနာပိ။ [ ပဋိပဇ္ဇနာကာရော နိယမေတွာ ဝိဟိတော ဟု ထည့်စပ်။] ဣတိ- ( ကြောင့်)၊ ဣဒံ( ဤ ဧဝံ ပဋိပဇ္ဇတုပုဒ်ကို) တဿ ( ထိုတထာ ပဋိပဇ္ဇတုပုဒ်၏) အတ္ထဒဿန ဘာဝေန ဝုတ္တံ။
သမာဒါပေတိ။ ။ စာအုပ်များ၌ “ သမာဒပေတိ” ဟု ဒ- ၌ ရဿဖြင့် ပါဌ်ရှိ၏၊ အ- သရ နှစ်လုံးပေါင်းလျှင် ဒီဃဖြစ်ရိုးထုံစံရှိ၏၊ အနှင့် အာပေါင်းလျှင်လည်း ဒီဃပင် ဖြစ်ရ၏၊ ယခုကား သံ+ အာ+ ဒါ+ ဏာပေ+ တိဖြင့် ပြီးရကား ဒါ၌လည်းအာသရ, ဏာပေ၌လည်း အာသရပင်ရှိသောကြောင့် သာ၍ပင် ဒီဃရှိရမည်၊ ထိုသို့မရှိပဲ ဒ- ၌ ရဿဖြင့် ရှိနေခြင်းမှာ သဒ္ဒထုံးစံ မကျသည့်ပြင် လွန်လွန်းနေပေသည်၊ သို့ဖြစ်၍ ဤကဲ့သို့ “ သမာဒပေတိ, သမာဒပေတွာ, သမာဒပိတော” စသည်ဖြင့် ရဿရှိနေခြင်းကို ဆရာများ မနှစ်သက်သောကြောင့် “ သမာဒါပေတိ, သမာဒါပေတွာ, သမာဒါပိတော” - ဟု နေရာတိုင်း၌ပင် ဒီဃပြင်၍ သုံးစွဲတော်မူကြသည်။
သမ္မာသမ္ဗုဒ္ဓပ္ပဝေဒိတဓမ္မဝိနယာ၊ အဖွင့်။
တတ္ထ၊ ထို ဣဓ ပန စုန္ဒ အစရှိသော စကားရပ်၌။ နိယျာနိကောတိ၊ ကား။ မဂ္ဂတ္ထာယ၊ မဂ်အကျို'ငှါလည်းကောင်း။ ဖလတ္ထာယစ၊ ဖိုလ်အကျိုးငှါလည်းကောင်း။ နိယျာတိ၊ ဖြစ်၏။ `` ဉာယပ္ပဋိပန္နေံာ။ ။ ဉာယတိ မုတ္တိဓမ္မော( လွတ်မြောက်ကြောင်း တရား) ဧတေနာတိ ဉာယော၊ [ ဉာ+ ဏ+ ဉာ၌ အာကို အာယပြု။] တေန သတ္ထာရာ ( သမ္မာသမ္ဗုဒ္ဓ မဟုတ်သော ထိုဆရာသည်) ဝုတ္တော ဓမ္မာနုဓမ္မော ( မုတ္တိဓမ္မအားလျော်သောအကျင့်) ၊ တံ+ ပဋိပန္နော၊ သော ပန ယသ္မာ တဿ မုတ္တိ ဓမ္မဿ ( ကို) အဓိဂမေ ( ရခြင်း၌) ကာရဏသမ္မတော ( အကြောင်းဟု အသိအမှတ် ပြုအပ်၏)၊ တသ္မာ ဝုတ္တံ “ ကာရဏပ္ပဋိပန္နော” တိ၊- ဋီကာ။
နိယျာနိကော။ ။ နိယျာတိကို ကြည့်၍ “ နိယျာတီတိ နိယျာနိကော( ဓမ္မော) “ ဟုပြု၊ [ နိ+ ယာ+ အနီယ။] ပုဒ်ပြီးပုံကို ရှေ့ပုဒ်စဉ် ( ၁၄၅) ၌ ပြခဲ့ပြီ၊ “ ဓမ္မော- သည်၊ နိယျာနိကော- မဂ်ဖိုလ်အကျိုးငှါဖြစ်၏” ဟု ပါဠိတေဋ်၌ ပေးပါ၊ [ နိယျာတီတိ ဝတ္ထတိသံဝတ္တတီတိ ဝါ အတ္ထော၊- ဋီကာ။ “ နိယျာတိ- ဖြစ်၍၊ ( သို့မဟုတ်) ကောင်းစွာဖြစ်၏” ဟု အနက်ပေး- ဟူလို။] နိယျာနိကော၏ အဖွင့်ကို ဋီကာအတိုင်း ရှေ့ပုဒ်စဉ် ( ၁၄၅) ၌ ပြခဲ့ပြီ၊ နောက် ( ၁၇၀) ၌လည်း တွေ့ရဦးမည်။
ဝုတ္တဉှေတံ။ ။ [ ဝုတ္တံ+ ဟိ+ ဧတံ။] ရှေ့စကားကို ခိုင်မြဲအောင် သာဓကပြသော စကားတည်း၊ ဒဠီကရဏ သုံးမျိုးတွင် အာဂမဖြစ်၏၊ ဤဝါကျ မျိုး၌ ဟိကို“ ဟိ- သာဓကကား” ဟု ဆရာတို့ပေးတော်မူလေ့ရှိ၏၊ ဒဠီ ထုံစံအတိုင်း “ ဟိ ( သစ္စံ)- မှန်၏” ဟုလည်းပေးနိုင်သည်။
ဓမ္မဝိနယေ။ ။ ဓမ္မဝိနယဟူသည် သုတ္တ, ဝိနယ , အဘိဓမ္မဟု ခေါ်သော ပါဝစန( မြတ်သောစကားတော်) တည်း၊ ထိုစကားတော် အားလုံးသည် ဝေနေယျသတ္တဝါများ၏ ဝဋ်ဒုက္ခမှလွတ်မြောက်ရန် တရားသဖြင့် ဆုံးမထားသော အဆုံးအမတော်များ ဖြစ်သောကြောင့် “ သာသနာ” ဟုလည်း ဆိုရ၏၊ ထိုကြောင့် “ ဓမ္မဝိနယေ- ဓမ္မဝိနယ၌၊ ဝါ- တရားသဖြင့်ဆုံးမရာ သာသနာတော်၌” ဟု ပေးပါ၊ ဝိနေတိ ဧတ္ထာတိ- ဝိနယော၊ ဓမ္မောန+ ဝိနယော- ဓမ္မဝိနယော” ဟုပြု။ [ ဓမ္မောန+ ဝိနယော+ ဧတ္ထ၊ ဝိနာ ဒဏ္ဍ သတ္ထေဟိ ( ဒုတ်, ဓား လက်နက်မပါ) ဣတိ- ဓမ္မဝိနယော၊- သံ၊ ဋီ၊၁၊၈၅။] ဤဋီကာသည် သွာက္ခာတေ ဓမ္မဝိနယေဟူသော ပါဠိတော်နှင့် လျော်သည်။
အခြားသာသနာအတွက်။ ။ နိဂဏ္ဌစသူတို့ကလည်း မိမိတို့၏ သာသနာကို “ ဓမ္မဝိနယေ” ဟုပင် ဆို၏၊ [ ပါဠိတော်အစ ပုဒ်စဉ်( ၁၆၄) ၌ကြည့်ပါ။] ထိုဓမ္မဝိနယကို ဋီကာ၌ “ ဓမ္မဝိနယန္တိ ပါဝစနံ သိဒ္ဓန္တံ” ဟု ဖွင့်ထားပုံကို ရှေ့အဋ္ဌကထာ (၁၆၄) ၌ ပြခဲ့ပြီ၊ ဗုဒ္ဓမြတ်စွာကလည်း သူတို့အယူအဆ အတိုင်းပင် “ ဓမ္မဝိနယေ” ဟုသုံးစွဲတော်မူ၏၊ [ ဧဝံ ဟေတံ စုန္ဒ ဒုရက္ခာတေ ဓမ္မဝိနယေစသည်။] ထိုဒုရက္ခာတ ဓမ္မဝိနယအတွက် အနက်ပေးရာ၌ “ တရားနှင့်အညီ ဆုံးမသည်” ဟု မဆိုနိုင်သောကြောင့် “ ဓမ္မဝိနယေ- ၌၊ ဝါ- အဆုံးအမတရားဟူသော သာသနာ၌ “ ဟု ဆိုသင့်သည်။ [ ဝိနေတိ ဧတေနာတိ- ဝိနယော၊ ဓမ္မောစ+ သော+ ဝိနယောစ ဟု တွဲ။]
အဖြေကား- ပါဠိတော်၌ ဆရာ၏ သမ္မသမ္ဗုဒ္ဓဖြစ်ပုံ ဓမ္မ၏ သွာက္ခာတဖြစ်ပုံကို မိန့်တော်မူရခြင်းမှာ သာဝကဖြစ်သူ၏ သမ္မာပဋိပတ်၌ ဧကန်စင်စစ် မှီခိုအားထားရာ၏အဖြစ်ကိုပြခြင်းငှါ ဖြစ်၏၊ ထိုကြောင့် “ နိယျာနိကသာသနေ၊ ပေ၊ ပသံသံ ဒဿေတွာ” ဟု ပဋ္ဌကထာဆိုသည်၊ ဤစကားကိုကြည့်၍ ဆရာလုပ်သူနှင့် သူ၏ တရားကမမှန်လျှင် တပည့်ဖြစ်သူအတွက် မှီခိုစရာမဖြစ်ပုံက်ု မှတ်ချက်ရသည်။ [ ဣဓ သာဝကဿ သမ္မာပဋိပတ္တိယာ ဧကန္တိက အပဿယ ဒဿနတ္ထံ သတ္ထုသမ္မာသမ္ဗုဒ္ဓတာ, ဓမ္မဿစသွာက္ခာတတာ ကိတ္တိတာ ( ဟောကြားအပ်ပြီ) ဣတိ “ သမ္မာပဋိပန္န၊ ပေ၊ ပသံသံဒဿေတွာ” တိ ဝုတ္တံ၊- ဋီကာ။]
ဤသို့ပြရကျိုး။ ။ ဤသို့ပြသဖြင့် နိဂဏ္ဌသာဝကများ၏ ခိုက်ရန်ဖြစ်ခြင်းဟူသောသံကိလေသဘာဂိယ အဖြစ့်ဖြင့် ဖြစ်ပုံကိုပြအပ်ပြီး ဖြစ်သည်။ [ ဧဝဉှိ ဣမိဿာဒေသနာယ သံကိလေသဘာဂိယ ဘာဝေန ဥဋ္ဌိတာယဝေါဒါန ဘာဂိယဘာဝေန ယထာနုသန္ဓိနာပဝတ္တိ ဒီပိတာဟောတိ၊- ဋီကာ။]
အဗောဓိတတ္ထာ။ ။ ပါဠိတော်လာ “ အဝိညာပိ တတ္ထ” ၌ “ အတ္ထ” ဟူသည်မြတ်သောအနက်( မြတ်သောအကျိုး) ဖြစ်သော မဂ္ဂသစ္စာကို ထိုးထွင်း သိခြင်းတည်း။ [ အပ္ပဝေဒိတတ္ထာ ပရမတ္ထံ စတုတ္ထသစ္စ ပဋိဝေဓံ အပါပိတာ ( မရောက်စေအပ်) ဣတိအတ္ထော၊- ဋီကာ။]
သဗ္ဗသင်္ဂါဟိကံ။ ။ သင်္ဂါဟကိုကြည့်၍ သင်္ဂါဟိက၌ အဿတ္ထိအနက် ကြံလိုက်သည်၊ ကျမ်းစာတို့၌ကား ဤပုဒ်မျိုးဝယ် ကတ္တုသာဓန အရှိများသည်၊ ထိုနောက်ပါဠိတော်ဝယ် “ နစ တေသံ၊ ပေ၊ ဟောတိ” ဟု ရှိသောကြောင့် ထို၌စပ်ဖို့ရန် “ ကတံန ဟောတီတိ အတ္ထော” ဟု ဆိုသည်။
ဋီကာနည်း။ ။ ပုဗ္ဗေနာပရံ ( ရှေ့နောက်) သမ္ဗန္ဓတ္ထဘာဝေန( ဆက်စပ်သောအနက်ရှိသည်၏ အဖြစ်ဖြင့်) သင်္ဂဟေ တဗ္ဗတာယဝါ သင်္ဂဟာနိ ( သိမ်းယူထိုက်ကုန်သော) ပဒါနိ ကတာနိ ဧတဿာတိ သင်္ဂဟပဒကတံ၊ ဗြဟ္မစရိယံ” ဟု ဋီကာတနည်းဖွင့်၏၊ ထိုအလို “ သဗ္ဗသင်္ဂဟပဒကတံ- အလုံးစုံ ပြုအပ်ပြီးသော သိမ်းယူအပ်သောပုဒ်ရှိသည်” ဟုပါဠိတော်၌ပေးပါ။
သပ္ပါဋိဟီရ။ ။ သပ္ပါဋီဟီရံကို “ သ+ ပါဋိဟီရံ” ဟု ပုဒ်ခွဲ၊ ပါဋ်ဟီရံ- ၌ ပတိ+ ဟရ+ ဏ၊ ပတိ+ ဟရဓာတ်၏အနက်ကို ဋီကာ၌ နှစ်နည်းဖွင့်၏၊ ပဌမနည်း၌ ပတိသည် “ ပဋိပက္ခ” အနက်ဟော၊ ဟရဓာတ် “ ပယ်ခြင်း” အနက်ဟော၊ “ ဟရဏံဟာရော ( ပယ်ရှားခြင်း)၊ ပဋိပက္ခဿ- ရာဂစသော ဆန့်ကျင်ဖက် ကိလေသာကို+ ဟညရော- ပယ်ရှားခြင်းတည်း၊ ပဋိဟာရော- ခြင်း” ဟုပြုပါ။ [ရာဂါဒိ ပဋိပက္ခဟရဏံ၊- ဋီကာ။]
ထေရော။ ။ ထိရော- ဟုဖွင့်သဖြင့် ထေရောနှင့် ထိရောသည် ပရိယာယ်တည်း၊ ထိရတိ သီလာဒိဂုဏေဟီတိ ထေရော- ဓာတွတ္ထသင်္ဂဟ၊ [ ထိရ+ ဏ၊ ထိရော၌ အ- ပစ္စည်း။] တနည်း- ထေရကာရဏေတိ ဓမ္မေဟိ သမန္နာဂတော- ကို ကြည့်၍ “ ထိရတီတိ- ထိရော ( သီလဒိဂုဏော)၊ ထိရော+ ယဿ+ အတ္ထီတိ ထေရော” ဟုပြုပါ၊ [ ထိရောတိ ဌိတစမ္မော- ( တည်တံခိုင်မြဲသောတရားရှိ၏)၊ ကေနစိ အသံဟာရိယော- ( မပြောင်းလွဲစေအပ် မပြောင်းလွဲစေနိုင်)၊- ဋီကာ။]
"ရတ္တညူ" တိအာဒီနိ၊ ရတ္တညူအစရှိသော ပုဒ်တို့သာ်။ ဝုတ္တတ္ထာနေဝ၊ ဖွင့်ဆိုအပ်ပြီးသော အနက်ရှိကုန်သည်သာ။ [ ဒီ+ ဋ္ဌ၊ ၁။ ၁၃၁ ၌ ဖွင့်ခဲ့ပြီ။ ] ''' အနုတပ္ပေါ။ ။ အနု+ တပဓာတ်သည် ဒါစ ( ပူလောင်ခြင်း) အနက်ဟောတညါး။ “ ပူလောင်” ဟူသည် ဤနေရာ၌ သမ္မာသမ္ဗုဒ္ဓဖြစ်သော ဆရာကောင်းနှင့်တွေ့၍တရားမှန်လည်း နာရပါလျက် တရားထူးမရသောကြောင့် ဆရာကွယ်လွန်သောအခါ ဝမ်းနည်းပူဆွေး နောင်တရနေခြင်းတည်ူ၊ အနုတပ္ပတိ+ ဧတေနာတိ အနုတပ္ပေါ၊ [ အနု+ တပ+ ဏျ။] သာဝကများ၏ နောင်တရဖို့ အကြောင်းဖြစ်သော ကွယ်လွန်သွားသောဆရာ၊ [ ဧဝရူပေါခေါ စုန္ဒသတ္ထာ သာဝကာနံ ကာလင်္ကတော အနုတပ္ပေါဟောတိ၊- ပါဠိတော်။] ဋီကာ၌ကား- “ အနုတာပါယ ( အနုတပ္ပါယ) ဟောတီတိအနုတပ္ပေါ” ဟုဖွင့်၏၊ ထိုအလို “ အနုတပ္ပါယ+ သံဝတ္တတီတိ အနုတပ္ပေါ” ဟု သံဝတ္တတဒ္ဓိတ်ပြုသင့်သည်၊ အနုတာပကရော ဟူသော အဋ္ဌကထာကား အဓိပ္ပါယတ္ထတည်း။
ထေရော။ ။ ထိရော- ဟုဖွင့်သဖြင့် ထေရောနှင့် ထိရောသည် ပရိယာယ်တည်း၊ ထိရတိ သီလာဒိဂုဏေဟီတိ ထေရော- ဓာတွတ္ထသင်္ဂဟ၊ [ ထိရ+ ဏ၊ ထိရော၌ အ- ပစ္စည်း။] တနည်း- ထေရကာရဏေတိ ဓမ္မေဟိ သမန္နာဂတော- ကို ကြည့်၍ “ ထိရတီတိ- ထိရော ( သီလဒိဂုဏော)၊ ထိရော+ ယဿ+ အတ္ထီတိ ထေရော” ဟုပြုပါ၊ [ ထိရောတိ ဌိတစမ္မော- ( တည်တံခိုင်မြဲသောတရားရှိ၏)၊ ကေနစိ အသံဟာရိယော- ( မပြောင်းလွဲစေအပ် မပြောင်းလွဲစေနိုင်)၊- ဋီကာ။]
'''
**ပတ္တယောဂက္ခေမာ**။ ။ ဟောဂေဟိ+ ခေမံ ယောဂက္ခေမံ၊ ယောဂ လေးပါးတို့ဖြင့် ဘေးမရှိရာ အရဟတ္တဖိုလ်၊ တံပတ္တာကို ကြည့်၍ “ ယောဂက္ခေမံ+ ပတ္တာယောဂက္ခေမပတ္တာ” ဟု ဆိုလိုလျကါ ယောဂက္ခေမနှင့် ပတ္တကို ရှေ့နောက်ပြန် ၊ [ ရှု- ( ၁၉၈) ၌ ပတ္တဇီဝိကော စသော တပ္ပုရိသ်များ၏။] တနည်း/ ဒ်ဋ္ဌဓမ္မော ပတ္တဓမ္မော ပရိယောဂါဠှဓမ္မောစသည်ဖြင့် ( သောတာပန် ဖြစ်ခန်း) ပါဠိတော်ရှိသောကြောင့် “ ပတ္တံ+ ယောဂက္ခေမံ+ ယေဟီတိ- ပတ္တယောဂက္ခေမာ” ဟုပြုပါ။
သဒ္ဓမ္မဿ။ ။ အဿ သဒ္ဓမ္မံကို ကြည့်၍ သဒ္ဓမ္မဿကို “ သဒ္ဓမ္မံ+ အဿ” ဟုပုဒ်ဖြတ်၊ အဿဖြင့် ဘုရားရှင်ကိုစွဲပါ၊ ဋီကာ၌ သဒ္ဓမ္မဿဟိ အဿ သဒ္ဓမ္မဿ ဟုပါဌ်ပျက်နေသည်၊ သဒ္ဓမ္မံ အဿဟု ရှိရမည်၊ [ သဒ္ဓမ္မဿတ် သဒ္ဓမ္မံ အဿ၊ အဿတိစ အဿ သတ္ထုနော၊- ဋီကာ။]
ဗြဟ္မစာရိနော။ ။ “ မြတ်သော အကျင့်” ဟူသည် ဤနေရာ၌ ကာမဂုဏါ- ( မေထုန်) မခံစားခြင်း, ညစာမစားခြင်း, ပွဲသဘင်ကြည်ြမှုစသော အပျော်အပါးမရှိခြင်း, သနပ်ခါး ပန်းစသည် မသုံးစွဲခြင်းများတည်း ဤကျင့်သုံးကြသည်။ [ အကျယ်ကို ဓမ္မပဒ၊ ဋ္ဌ၊ ၁။ ၂၄၀။ ဆတ္တပါဏိ ဥပံါသကာဝတ္ထု၌ ရှု။]
စူဠအနာထပိဏ္ဍိက။ ။ စူဠအနာထဂိဏ်ကို ကာမဘောဂီစာရင်း၌ သွင်းထားသည်မှာ စဉ်းစားဖွယ်ဖြစ်၏၊ ဓမ္မပဒ၊ ဋ္ဌ၊ ၂။ ၁၃၆။ ( ဒေဝေါရောဟနဝတ္ထု) ၌ အနာဂါမ် ဥပါသကာအဖြစ် တွေ့ရသည်၊ သူသည် ဗုဒ္ဓမြတ်စွာကိုယ်စား တိတ္ထိတို့အား တန်ခိုးပြရန် ခွင့်ပန်ခဲ့ဖူးလေသည်။
ဋီကာ။ ။ သဗ္ဗကာရဏ သမ္ပန္နန္တိ ယတ္တကေဟ် ကာရဏေဟ် သမ္ပန္နံနာမဟောတိ၊ တေပိ သဗ္ဗေဟိ ကာရဏေဟ် သမ္ပန္နံ ( ပတ်ဝန်းကျင်မှရောက်)၊ သပ္ပတ္တံ( ကောင်းစွာ ရောက်) ဥပဂတံ( ကပ်ရောက်) ပရိပုဏ္ဏဲ ( ပြည့်စုံ)၊ [ ဤအဖွင့်ဖြင့် သမ္ပန္န၏ “ ပရ်ပုဏ္ဏအနက်” ဟောကြောင်းကို ပြသည်။] သမန္နာဂတံဝါ ( ကောင်းစွာအစဉ်ရှေးရှုရောက်၍ ပြည့်စုံ) [ ဤအဖွင့်ဖြင့် သမ္ပန္န၏ သမင်္ဂအနက်ကို ပြသည်။]
မှတ်ချက်။ ။ ပရိပုဏ္ဏ ပြည်စုံဟူရာ၌ “ သမ္ပန္နဲ သာလိကေဒါရံ- စပါးပင်တို့နှင့်ပြည့်နေသော စပါးခင်း” ဟူရာ၌ ကဲ့သို့ အစိတ်အပိုင်း အားလုံးမကုန် ပြည့်နေခြင်းတည်း၊ သမ္ပန္နာဂတ ( သမင်္ဂီ) ပြည့်စုံကား “ ပါတိမောက္ခ သံဝရေန ဥပတော၊ ပေ၊ သမ္ပန္နော- ပါတိမောက္ခသံဝရနှင့်ပြည့်စုံ” ဟူရာ၌ကဲ့သို့ ထိုအရာဝတ္ထု ရှိနေခြင်းတည်း၊ [ သီလနှင့်ပြည့်စုံ၌ တက်ုယ်လုံး သီလနှင့်ချည်းပြည့်သည်မဟုတ်, သမာဓိ ပညာ သဒ္ဓါ ဝီရိယ စသောညတရားများနှင့် ကျမါအရာဝတ္ထု များလည်း ရှိသေးသည်။] မြန်မာတို့က ထိုပရိပုဏ္ဏ သမင်္ဂီ ၂- မျိုးလုံးကိုပင်” ပြည့်စုံ” ဟု ပြန်ကြသည်။ [ သားတ္တ၊ ၁။ ၄၃၆။ ရှု။]
ဥဒကာ ဿုဒံ။ ။ ဤနေရာ၌ ပါဌ် အမျိုးမျိုးရှိသည်၊ ယခုပါဠိတော် များ၌မူ” ဥဒကောသုဒံ” ဟု အဋ္ဌကထာ ပုဒ်ဖြတ်ပြီးသာအတိုင်းရှိနေသည်၊ ဋီကာလည်း “ ဥဒကာ ဿုဒံ” ဟုပင် ရှိသည်။
တတော၊ ထိုမှနောက်၌။ တေဟိ၊ ထိုလူတို့သည်။ စတ္တာရော မာသေ၊ ၄ လတို့ပတ်လုံး။ မဟာသက္ကာရေ၊ ကြီးစွာသော ပူဇော်သက္ကာရကို။ ကတေ၊ ပြာအပ်ပြီးသော်။ တံ ပဉ္စံ၊ ကို။ ကထေန္တော၊ ပြောလိုသည်။ ( ဟုတွာ ) ။ ကိဉ္စ ပဿံ နပဿတီတိ အာဒိံ၊ ကိဉ္စ ပဿံ နပဿတိ အစရှိသောစကားကို။ ( အဘယ်အရာကိုကြည့်ပါလျက် မမြင်သနည်း အစရှိသောစကားကို )။ အာဟ၊ ပြီ။ ''' သောကိရ။ ။ ပဒေသညူ( တစိတ်တပိုင်ူကိုသာ သိသော) ဥဒကရသေ့သည် မိမိပညာထက် မြတ်ပုံကိုပြခြင်းငှါ အနိယျာနိကဘအနက်၌ ယှဉ်စပ်သုံးစွဲ ထားအပ်သောပဟေဠိဆန်သော စကားကို ဗုဒ္ဓမြတ်စွာက သဗ္ဗညူဖြစ်တော်မူသည့်အတွက် နိယျာနိက အနက်၌ ယှဉ်စပ်သုံးသွဲ၍ ပြတော်မူခြင်းငှါ “ ဥဒကော သုဒံ” အစရှိသောစကားကို ပါဠိတော်၌ ဟောတော်မူထားသည်- ဟု ပြလို၍ “ သောကိရ” စသည်မိန့်။
သုဋ္ဌုနိသိတဿ။ ။ သွာဒိ သိဓာတ်သည် “ တေဇ- ထက်အောင်သွေးခြင်း” အနက်ကိုဟော၏၊ ထိုသို့ ထက်အောင်သွေးထားသဖြင့်ထက်နေရကား “ တိခိဏဿ” ဟု ဖွင့်သည်။
ပဿံနပဿတိ။ ။ ဥဒကရသေ့၍ဆိုလိုရင်းမှာ အလွန်ထက်အောင် သွေးထားအပ်သော သင်ဓုန်းဒါး အပြင်ပုံသဏ္ဍာန်ကိုသာ မြင်၍ အသွားကိုမမြင်- ဟုဆိုလိုသည်။ ဘုရားရှင်၏ အလိုတော်မှာ အလုံစုံသော အခြင်းအရာနှင့် ပြည့်စုံသော ဗြဟ္မစရိယ၌ ကြည့်သောသူသည် နှုတ်ပယ်စရာတွေများနေ၍ ဖြည့်စွတ်စရာကိုပင် မမြင်ဟု- ဆိုလိုသည်၊ [ အကျယ်ကို ပါဠိတော်၌ရှူ။]
'''
သင်္ဂါယိတဗ္ဗဓမ္မာဒိ၊ အဖွင့်။
သင်္ဂါယိတဗ္ဗန္တိ၊ ကား။ ဝါစေတဗ္ဗံ၊ သူတပါးတို့အား ဆိုစေထိုက်၏။ ဝါ၊ ပို့ချထိုက်၏။ သဇ္စျာယိတဗ္ဗံ (သဇ္စျာယိတဗ္ဗံ)၊ သရဇ္စျယ် ထိုက်၏။ (ရွတ်ဆိုထိုက်၏။) `` **သင်္ဂမ္မ, သမာဂမ္မ** ။ ။ [ သင်္ဂမ္မ၊ သံ+ ဂမု+ တွာ။ သမာဂမ္မ၌ " အာ" ပါသည်သာထူး၏။ ] " သင်္ဂမ္မ= ကောင်းစွာရောက်" ဟူသည် စည်ဝေးမယ့်အရပ်သို့ ရဟန်းများ ရောက်ရှိနေခြင်းတည်း။ " သမာဂမ္မ= ကောင်းစွာလာ" ဟူသည် ပင့်ခေါ်သဖြင့်အခြားအရပ်ရှိသော ရဟန်းများ၏ ရောက်လာခြင်းတည်း။ [ သင်္ဂမ္မ သမာဂမ္မာတိ တသ္မိံ ယေဝ ဌာနေ လဗ္ဘမာနာနံ ဂတိဝသေန သင်္ဂမ္မ, ဌာနန္တရတော ပက္ကောသနေန သမာဂတာနံ ဝသေန သမာဂမ္မ= ဋီကာ။ ]
**အတ္ထေန အတ္ထံ** ။ ။ အတ္ထေန၌ သဟတ္ထဝယ် တတိယာတည်း။ ဗျဉ္ဇနေနလည်းနည်းတူ။ ထိုတွင် ပုဒ်ပါး၌လာသော အနက်နှင့် အခြားအခြား ပုဒ်တို့၌ပါသော အနက်ကို ညှိနှိုင်းခြင်းသည် " အတ္ထေန အတ္ထံ" မည်၏။ ပုဒ်တပုဒ်၌ပါသော သဒ္ဒါနှင့်အခြားအခြားပုဒ်တို့၌လာသော သဒ္ဒါကို ညှိနှိုင်းခြင်းသည် " ဗျဉ္ဇနေန ဗျဉ္ဇနံ" မည်၏။ [ ပဒန္တရေ အာဂတအတ္ထေန သဟ တတ္ထ တတ္ထ အာဂတံ အတ္ထံ။ ဗျဉ္ဇနေန ဗျဉ္ဇနန္တိ ဧတ္ထာပိ ဧသေဝနယော။၊ ဋီကာ။
**သမာနေန္တေဟိ** ။ ။ သမာနံ ကရောန္တောဟိ။၊ ဋီကာ။ ဤအလို သမာနံဟူသော ဒုတိယန္တ နာမ်ပုဒ်နောင် ကရဓာတ်၏အနက်၌ "တဒမိနာဒီနိ" ဟူသော မောဂ္ဂလ္လာန်သုတ်ဖြင့် ဣ ပစ္စည်းသက်။ သုတ်ကြီးဖြင့် ဣ ကို ဧပြု။ အန္တ သက်, အချေ, " သမာနေန္တ" ဟု ဖြစ်သည်။ ဩပမ္မံဝါ အာနေန္တဟိ။= ဋီကာ။ ဤအလို= သံ+ အာ+ နီဓာတ်+ အန္တတည်း။ " သမာနေန္တဟိ= အလားတူအနက် သဒ္ဒါတို့ကို ကောင်းစွာ ဆောင်ယူကုန်လျက်" ဟု ပေးပါ။
**သင်္ဂါယိတဗ္ဗံ** ။ ။ "သံ+ ဂါယိတဗ္ဗံ၊ ကောင်းစွာ ရွတ်ဆိုထိုက်၏" သဒ္ဒတ္ထဖြစ်၏။ ထိုသို့ ရွတ်ဆိုခြင်းမှာ သူတပါးအား ပို့ချသည့်အနေဖြင့် ရွတ်ပြခြင်းတည်းဟုသိစေလို၍ " ဝါစေတဗ္ဗံ" ဟု ဖွင့်သည်။ စာအုတ်မရှိသေးသော ရှေးခေတ်က တပည့်ဖြစ်သူအား ဆရာက ရှေးဦးစွာရွတ် ပြရ၏။ တပည့်က လိုက်ဆိုရ၏။ ထို့ကြောင့် " ဝါစေ= ဆိုစေ ( အဆိုခိုင်း)" ဟု အနက်ဖြစ်သည်။ နှုတ်တိုက်ချပေးခြင်းတည်း။ [ သမ္မဒေဝ ဂါယိတဗ္ဗံ ကထေတဗ္ဗံ။ တံ ပန သင်္ဂါယနံ ဝါစနာမဂ္ဂေါ ( ပို့ချရိုးအစဉ်) ဣတိ အာဟ= " ဝါစေတဗ္ဗံ" န္တိ။ = ဋီကာ။ ]
စတ္တာရော သတိပဋ္ဌာနာတိ၊ စတ္တာရော သတိပဋ္ဌာနာ ဟူကုန်သော။ ဣမာန၊ ဤ ပုဒ်တို့သည်။ ဗျဉ္ဇနာနိကိံ နုခေါ၊ သဒ္ဒါတို့လော။ ဥဒါဟု၊ သို့မဟုတ်။ စတ္တာရိ သတိပဋ္ဌာနာနီတိ၊ စတ္တာရိ သတိပဋ္ဌာနာနိဟူကုန်သော။ တောနိဝါ၊ ဤ ပုဒ်တို့သည်လည်း။ ဗျဉ္ဇနာနိ (ကိံ နုခေါ)၊ တို့လော။ ''' အတ္ထဉ္စေဝေ မိစ္ဆာ ဂဏှာတိ။ ။ အနက်ကို မှားသောအားဖြင့် ယူပုံ, သဒ္ဒါကို မှားသောအားဖြင့် တင်ပုံ အခြင်းအရာကိုပြလို၍ "စတ္တာရော သတိပဋ္ဌာနာ" တိ စသည်မိန့်။ [ ပါဠိတော်ကြည့်ပါ။ ] ဗုဒ္ဓမြတ်စွာက "စတ္တာရော သတိပဋ္ဌာနာ" ဟု ဟောတော်မူထား၏။ ဤရဟန်းက ကာယ ဝေဒနာ စိတ္တဓမ္မဟူသော အာရုံ ၓ ပါးကို သတိပဋ္ဌာန် ဟု ယူဆ၏။ သတိကို မယူ။ ဤသို့ အနက်အရကောက် လွဲနေသည်။ [ အာရမဏံ သတိပဋ္ဌာနန္တိ ဂဏှာတိ။ နသတိယေဝ သတိပဋ္ဌနံ။၊ ဋီကာ။]
**ဗျဉ္ဇနာနိစ မိစ္ဆာ ရောပေတိ**။ ။ သူ၏ အယူအဆအတိုင်း အာရုံ ၄ မျိုးနှင့် လိုက်လျောအောင် "စတ္တာရော သတိပဋ္ဌာနာ" ဟု ပုံလိန်ဖြင့်မသုံးဘဲ "စတ္တာရိ သတိပဋ္ဌာနာနိ" ဟု နပုံလိန်ဖြင့် စကားလုံးသုံးလိုသည်။ [ သတိပဋ္ဌာနာနီတိ ဗျဉ္ဇနံ ရောပေတိ တသ္မိံ အတ္ထေ (ထိုအာရုံဟူသောအနက်၌)။ နသတိပဋ္ဌာနာတိ။၊ ဋီကာ။ ]
အချုပ်မှာ။ ။ စတ္တာရော သတ်ပဋ္ဌာနာဟူသောတရား၌ သတိသာ သတိပဋ္ဌာန် ဟု မယူပဲ, အာရုံသည် သတိပဋ္ဌာန်မည်၏ဟု အနက်ကို လွဲမှားစွာယူ၏။ သဒ္ဒါကိုလည်း "သတိပဋ္ဌာနာ" ဟု ပုံလိန်ဖြင့်မသုံးဘဲ "သတိပဋ္ဌာနာန" ဟု ပုံလိန်ဖြင့်သုံးသည်။
'''
သော နေဝ ဥဿာဒေဗ္ဗောတိ၊ ကား။ တုမှေဟိ၊ တို့သည်။ တာဝ၊ ရှေးဦးစွာ။ သမ္မာ၊ ကောင်းစွာ။ ဗျဉ္စနေစ၊ သဒ္ဒါ၌လည်းကောင်း။ ဌာတဗ္ဗံ၊ တည်ရာ၏။
''' **ဥဿဒေတဗ္ဗော**။ ။ ၃၃စုရာဒိ သဒဓာတ် (ဥ) ဥပသာရကြောင့် "မြှောက်ခြင်း" အနက်ဟော။ [ နေဝ ဥဿဒေတဗ္ဗောတိ န ဥတ္တံသေတဗ္ဗော ဝိရဇ္စ◌ျိတွာ ဝုတ္တတ္တာ။ ] အပရှေးရှိရာ၌ "ကြိမ်းမောင်းခြိမ်းခြောက်ခြင်း" အနက်ကို ဟော၏။ [ အပ သာဒေ တဗ္ဗောတိ န သန္တဇ္ဇေတဗ္ဗော ဝိဝါဒပရိဏတ္ထံ။၊ ဋီကာ။ ]
**နိသန္တိယာ**။ ။ နိ+ သမုဓာတ်+ တိ။ သမုဓာတ်သည် နိရှေးရှိလျှင် "ဒဿန၊ ကြည့်ရှုခြင်း" အနက်ကိုဟော၏။ အနေရာ၌ ဉာဏ်ဖြင့်ကြည့်ရှုမှတ်သားခြင်းကိုယူ။ ထို့ကြောင့် "ဓာရဏတ္ထံ" ဟု ဖွင့်သည်။ [ ဓာရဏတ္ထန္တိ ဥပဓာရဏတ္ထံသလ္လက္ခဏတ္ထံ။= ဋီကာ။]
**အတ္ထုပေတံ**။ ။ [ အတ္ထ+ ဥပေတံ။ ] အဝိပရီတေန အတ္ထေန ဥပေတံ။ တံ "အယမေတ္ထာအတ္ထော" တိ (ဤကား ဤပါဠိ၌ အနက်တည်းဟု) ဥပေစ္စ ပဋိဇာနိတွာ ဌိတံ။၊ ဋီကာ။ ဤဋီကာကိုကြည့်၍ ဥပေတံ= ၌ ဥပ+ ဣဓာတ်+ တပစ္စည်းတည်း။ ဥပသည် ဥပစ္စေကတ္တားဟော= ဟု မှတ်ပါ။ အနက်အားဖြင့် "ကပ်၍ သိတတ်" ဟူရာ၌ "အနက်ကိုသိသူ" ဟု ဥဇုကကို ပြလို၍ "အတ္ထဿ ဝိညာတာရံ" ဟု ဖွင့်သည်။ အတ္ထဿသည် ဝိညာတာရံ= ၏ ဆဋ္ဌီကံ။ ဝိညာတာရံ= ၌ တု ပစ္စည်း။ [တထာ ရူပေါစတဿ (ထိုအနက်ကို) ဗုဇ္စ◌ျိတာ နာမ (သိသူမည်သည်) ဟောတီတိအာဟ "အတ္ထဿ ဝိညာတာရ" န္တိ။=ဋီကာ။] ဗျဉ္ဇနုပေတံ= ၌လည်း နည်းတူသိ။
'''
ပစ္စယာနုညာတကာရဏာဒိ၊ အဖွင့်။
ဣဒါနိ၊ ၌။ တထောပိ၊ ထို့ ထက်လည်း။ (ဣဓ ပန စုန္ဒ သတ္ထာစလောကကေ ဥဒါပါဒိ၊ အစရှိသော ဒေသနာထက်လည်း)။ [ရှေးနိသယ၊ ၌။] ဥတ္တရိရံတရံ၊ သာ၍ လွန်မြတ်သော။ ဝါ၊ သာ၍ ထူးကဲသော။ ဒေသနံ၊ ကို။ ဝဍ္ဎေန္တာ၊ တိုးပွားစေလိုတော်မူသည်။ (ဟုတွာ)။ န ဝေါအဟံ စုန္ဒာတိ အာဒိံ၊ အစရှိသော စကားက်ို။ အာဟ၊ ပြီ။
''' **ဧသောဟိ**။ ။ ဧတံ ဧတံ ဘိက္ခုံ၊ ၌ ဧဝံဖြင့် ပါဠိတော်၌ လာသော "လာဘာနော အာဝုသော, သုလဒ္ဓံနော အာဝုသော" စသော ချီးမွမ်းပုံအခြင်းအရာကို ညွှန်ပြသည်။ ထို ရဟန်းအား ချီးမွှမ်းထိုက်ပု့ကို ပြလို၍ "ဧသောဟိ" စသည်မိန့်။ [ဣဒါနိဿ ပသံသဘာဝံ ဒဿေတုံ "ဧသော ဟီ" တိအာဒိ ဝုတ္တံ။= ဋီကာ။ ] ပသံသဘာဝံ နေရာ၌ "ပါသံသဘာဝ" ဟု ပါ၌ ဒီဃဖြင့် ရှိသင့်သည်။ ပါဠိတော်၌လည်း "ပါသံသော" ဟု သုံးစွဲပုံကို သတိပြုပါ။ [ဤ ပါဠိတော် ၉၈။ ၉၉။ စသည်။]
**ဗုဒ္ဓေါနာမ သေ**။ ။ ဧသာတိ ပရိယတ္တိဓမ္မဿ သတ္ထ ကိစ္စကရဏတေဝ (ဆရာ၏ကိစ္စကို ပြုခြင်းကြောင့်လည်းကောင်း) တတ္ထ စ (ထိုပရိယတ္တိဓမ္မ၌လည်း) အဿ၊ (ထိုရဟန်း၏။) သမ္မဒေဝအဝဋ္ဌိတဘာဝတော (စွဲမြဲစွာတည်ခြင်းကြောင့်လည်းကောင်း) "ဗုဒ္ဓေါ နာမ ဧသော" တိ ဝုတ္တော။= ဋီကာ။
**အတ္တနော ဌာနေ ဌပေသိ**။ ။ "လာဘာ နော" တိ အာဒိနာစ အဿ (ထိုရဟန်း၏) (ဘာဝ၊ ၌စပ်) ဘိက္ခူနံ ပိယဂရုဘာဝံ (ရဟန်းတို့က ချစ်ခင်လေးစားအပ်သူ၏အဖြစ်ကို= ချစ်ခင်လေးစားပုံကို) ဝိဘာဝေန္တော (ထင်ရှားစေလျက်) သတ္ထာ တံ အတ္တနော ဌာနေ ဌပေသီတိ ဝုတ္တော။= ဋီကာ။
တတောပိ ဥတ္တရိတရံ။ ။ [ ပါဠိတော် ကြည့်ပါ။] ဗုဒ္ဓမြတ်စွာသည် "ဣဓ ပန စုန္ဒ သတ္ထာ စ ဟောတိ သမ္မာသမ္ဗုဒ္ဓေါ (ပုဒ်စဥ◌် ၁၆၈)" စသည်ဖြင့် နိယျာန်က သာသနာကို ပြတော်မူ၏။ ထို့နောက် "ဣဓ စုန္ဒ သတ္ထာစ လောကေ ဥဒပါပိ (ပုဒ်စဥ◌် ၁၀၇)" စသည်ဖြင့် နိယျာနိကသာသနာ၌ ကောင်းစွာ ကျင့်သော အမျိုးကောင်းသား ရဟန်းအား ချီးမွမ်းခြင်း၏ အစွမ်းဖြင့် ဒေသနာကို တိုးပွားစေတော်မူခဲ့၏။ ယခုတဖန် ထို ဒေသနာထက်ပင် ဆက်လက် တိုးပွားစေလိုတော်မူ၍ "န ဝေါ အဟံ စုန္ဒ" စသော စကားကို မိန့်တော်မူသည်။ ထို့ကြောင့် "တတောပ် ဥတ္တရိတရံ ဒေသနံ ဝဎေုန္တော" ဟု ဆိုသည်။
ဒိဋ္ဌဓမ္မိ အာသဝတို့ကို ပယ်ရန် ဟောတော်မူပုံ။ ။ ဘိက္ခုတို့ သင်တို့ထည်းက ရဟန်းတပါးသည် ပါဠိတော်၏အနက်နှင့် သဒ္ဒါကို လွဲမှားစွာယူလျှင် သူ့ကိုချီးလဲ မချီးမွမ်းနှင့်, ကြိမ်းလဲ မကြိမ်းမောင်းနှင့် မှန်ကန်သော အနက်ကို မှတ်နိုင်ဖို့ရန် ကောင်းစွာ နားလည်အောင် ပြောပြပါ ဟု ပရိယတ္တိဓမ္မ၌ အယူမှားနေသူတို့ကိုသာ သမ္မာပဋိပတ်၌ တိုက်တွန်းတော်မူသည်။ တရားဓမ္မနှင့်စပ်၍ ငြင်းခုံမှု စသည်ကြောင့် ဖြစ်ပေါလာမည့် အာသဝေါတို့ကို တားဆီးဖို့ရာ တရားဟောရာ ရောက်အောင် ကြိုးစားရမည်။
'''
စီဝရံ၊ ကို။ ( အနုညာတံ) ယထာ၊ ခွင့်ပြုအပ်သကဲ့သို့။ ဧဝံ၊ တူ။ ပိဏ္ဍပါတာဒယောပိ၊ ဆွမ်း အစရှိသည် တို့ကိုလည်း။ ( အနုညာတာ)။ ပန၊ ဆက်။ ဧတ္ထ၊ ဤ အလံ ဝေါ တံ ယာဝဒေဝ သိတဿ ပဋိဃာတာယ အစရှိသော ပါဠိရပ်၌။ ''' **ဣဒမတ္ထိကထာ**။ ။ [ဣဒံ+ အတ္ထ+ ဣက+ တာ။]ယထာစ စီဝရံ စသောဝါကျ၌ "ဣဒမတ္ထိကတံ ဥပါဒါယ"၊ ဟုပါဌသေသထည့်၍ အနက်ပေးရန် ဋီကာဖွင့်၏။ ထိုဣဒမတ္ထိကတံ ဥပါဒါယ= ဖြင့်"သီတပ္ပဋိဃာတာဒီနိ ကတွာ သုခံ သမဏဓမ္မံ ယောနိသော မနသိကာရံ ကရိဿထ" ကို အကျဉ်းချုပ်ထားသည်။ ထို့ကြောင့် "ဣဒ မတ္ထိကတံ= အချမ်းစသည်ကို ပယ်ဖျောက်၍ ရဟန်းတရားကို ကောင်းစွနှလုံးသွင်းနိုင်ခြင်းအကျိုးရှိသည်၏အဖြစ်ကိုသာ" ဟု အနက်ပေးရသည်။
**တနည်း**။ ။ ဣဒမတ္ထိတန္တိ ဣမာယ ကလျာဏပဋိပတ္တိယာ အတ္ထိကဘာဝံ။ ဣမိနာဝါ ပိဏ္ဍပါတမတ္တေန အတ္ထိကညာဝံ၊ ဟူသော အဘိ။ ဋ္ဌ။ ၃။ ၁၀၀, ကို ကြည့်၍ "ဣဒမတ္ထိကတံ= ဤကောင်းမြတ်သော အကျင့်ဖြင့် အလိုရှိသူ၏ အဖြစ်ကိုသာ" ဤသို့လည်း ပေးနိုင်သည်။ တနည်း= "ဣမေဟိ ကုသလဓမ္မေဟိ အတ္ထီ ဣဒမတ္ထိ။ ယေန ဉာဏေန။ ပေ။ တံဉာဏံ ဣဒမတ္ထိတာ။ ဝိသုဒ္ဓိ။ ဋီ။ ဍ။ ၁၅၀, ကို ကြည့်၍ "ဣဒမတ္ထိကတံ= ဤ ကုသိုလ်တရားတို့ဖြင့် အလိုရှိသူ၏ ဖြစ်ကြောင်း ဉာဏ်ကိုသာ" ဟုလည်း ပေးနိုသ်သည်။
'''
သုခလ္လိကာနုယောဂါဒိ၊ အဖွင့်။
ဇိဝှါ၊ လျှာသည်။ အတ္ထိ၊ ၏။ ဣတိ၊ ဤသို့ ကြံ၍။ ယံယံ၊ အကြင်အကြင် အကြောင်းအရာကို။ ဣစ္ဆန္တိ၊ ပြောခြင်းငှါ အလိုရှိကုန်၏။ ( ပြောလိုကုန်၏)။ တံတံ၊ ထိုထို အကြောင်းအရာကို။ ကထေန္တိ၊ ကုန်၏။ ကဒါစိ၊ တခါတလေ၌။ မဂ္ဂံ၊ မဂ်ကို။ ကထေန္တိ၊ ကုန်၏။ ကဒါစိ၊ ၌။ ဖလံ၊ ( ကထေန္တိ)။ ကဒါစိ၊ ၌။ နိဗ္ဗာနံ ( ကထေန္တိ) ဣတိ၊ ဤ ဆိုအပ်ပြီးကား။ အဓိပ္ပါယော၊ အညတိတ္ထိယ ပရိဗ္ဗာဇကတို့၏ အလိုတည်း။
''' **မှတ်ချက်**။ ။ ဝိသုဒ္ဓိဋီ၊ ၌ " အတ္ထီ" ဟု တဒ္ဓိတ်ဖြစ်ပြီးမှ ဣမ (ဣဒ) နှင့် သမာသ်တွဲ၏ မောဂ်။ ပဉ္စိကာ။ တတိယကဏ္ဍ ၅၅= သုတ်၌ " ဣဒမတ္ထော" ဟု ရှေးဦးစွာ သမာသ်တွဲပြီးမှ အဿတ္ထိဆင့်သည်။ အကျယ်ကို ထိုသုတ်၌ ရှု။ ထို့အပြင် ဤဋီကာ၌ ဣဓမတ္ထိတံ" ဟုရှိသည်။ အနက်တူပင်။
**သုခေတိ**။ ။ [ သုခ+ ကာရိတ်ဏေ+ တိ။ ] ချမ်းသာစေ၏ ဟု အနက်ဖြစ်၏ သုခိတံ ကရောတိကား အဓိပ္ပါဟတ္ထ။ သုခိတံ၌ သဉ္ဇတအဿတ္ထိ အနက်၌ ဣတပစ္စည်း။ [သုခိတံတိ သဉ္ဇတသုခံ။၊ ဋီကာ။]
**ပီဏေတိ**။ ။ ဓာတွတ္ထသင်္ဂဟ၌ ပီဏဓာတ်မတွေ့ရ။ " ပိဏ တပ္ပနေ၊ နှစ်သက်စေခြင်း" ဟု တွေ့ရသည်။ ပီဏိန္ဒြိယာယာစသည်၌ ပီဓာတ်+ ယု ပစ္စည်းဖြင့်ပြီးသော " ပီဏ" နာမ်ပုဒ်ကား ရှိ၏ သို့ဖြစ်၍ ပိဏဓာတ်မှ ပိ၌ ဒီဃပြု၍ " ပီဏေတိ" ဖြစ်သည်ဟု ကြံသင့်သည်။ နီတိ။ ဓာတု ( ၆၁) ၌ကား ပရိပုဏ္ဏအနက်ဟော ပီဏဓာတ်ရှိ၏ ထိုအလို ပိ၌ ဒီဃပြုဖွယ်မလိုတော့။ " ပီဏေတိ= ပြည့်ဖြိုးစေ၏။ ဝါ= နှစ်သက်စေ၏" ဟု ပေး။
**ပီဏိတံစသည်**။ ။ ပီဏိတန္တိ ဓာတံ ( မိမိကိုယ်ကို ဆောင်နိုင်သူ, ဝသူ)။ သုဟိတံ ( ပြည့်စုံလုံလောက်သူ)။ တထာဘူတော ပန ယသ္မာ ထူလသရီရော ဟောတိ။ တသ္မာထူလံ ကရောတီတိ ဝုတ္တံ။၊ ဋီကာ။ [ ပီဏိတ၌ ပီဏနာမ်ပုဒ်+ ဣတပစ္စည်း။]
**အဋ္ဌိတဓမ္မာ**။ ။ တိတ္ထိများက ရဟန်းတို့ကို " စကားမတည်သူများ" ဟု ယူဆကြ၏။ " တရံတခါ မဂ်ပြော, တခါတရံ ဖိုလ်ပြော, တခါတရံ နိဗ္ဗာန်ပြောနှင့် လျှာအရိုးမရှိတိုင်း လှည့်ပတ်၍ တွေ့ကရပြောသူများ" ဟု ဆိုလို၏။ စကားမတည်လျှင် ထို ရဟန်းများ၏သဘောထားလည်း စွဲစွဲမြဲမြဲ မတည်ဟုပင် ပရိဗိုဇ်များက ဆိုလိုကြသည်။ ထို့ကြောင့် " ဇိဝှါနော အတ္ထိ" စသည်ဖြင့် သရုပ်ဖေါ်သည်။၊ [ န+ဋ္ဌိတသဘာဝါတိ အနဝဋ္ဌိတသဘာဝါ (စွဲမြဲတည့်တံ့သောသဘော မရှိကုန်)။ ဧဝရူပံ ယကထာယ အနဝဋ္ဌာန ဘာဝတော သဘညဝေါပိ တေသံ ( ထို သကျပုတ္တိယတို့၏) အနဝဋ္ဌိတောတိ အဓိပ္ပါယော= ဋီကာ။
**ဇာနတာ ပဿတာ**။ ။ ပဉ္စိစက္ခူဟိအရ ဗုဒ္ဓစက္ခု, သမန္တ, ဉာဏ, ဒိဗ္ဗ, ဓမ္မစက္ခု ဟု ငါးမျိုးရှိ၏ ဇာနတာ အရ သဗ္ဗညုတဉာဏ်ကို ယူခဲ့သောကြောင့် သဗ္ဗညုတဉာဏ်နှင့် သမန္တစက္ခုသည် ဉာဏ်တပါးတည်း ဖြစ်သဖြင့် ယူပြီးသားကို မယူရသော အဂ္ဂဟိတဂ္ဂဟဏနည်းအားဖြင့် ၄ ပါးကိုသာယူပါ ဟု ဋီကာဆိုသည်။ ပါဠိတော်၌ကား၊ ဇာနတော= သဗ္ဗညုတဉာဏ်ဖြင့် သိတော်မူသော။ ပဿတာ= ဗုဒ္ဓ ဓမ္မ သမန္တနှင့်ဒိဗ္ဗ ပညာ ငါးဖြာသောဉာဏ်မျက်စိဖြင့် မြင်တော်မူသောဟု ပေးပါ။ [ ပညာနေရာ၌ မံသစက္ခကိုထည့်၍ " ဗုဒ္ဓ ဓမ္မ, သမန္တနှင့် ဒိဗ္ဗ မံသ" ဟုလည်း ဖွင့်ကြ၏။
**တနည်း**။ ။ သဗ္ဗညုတဉာဏ်နှင့် သမန္တစက္ခုသည် ဉာဏ်တပါးတည်း ဖြစ်သော်လည်း သိဖွယ်တရားအားလုံး၌ သိခြင်း၏အစွမ်းဖြင့် ဖြစ်ပုံကိုစွဲ၍ " ဇာနတော" ဟုလည်းကောင်း, လက်တွင် ထင်ထားအပ်သော ရှစ်ရှားသီးကဲ့သို့ မျက်မှောက်ပြုသောအားဖြင့် မြင်တော်မူပုံကိုစွဲ၍ " ပဿတာ" ဟုလည်းကောင်း ဆိူသည်။ ဤအလို " ဇာဝနတာ၊ အလုံးစုံသော ေဉယျတရားတို့ကို သိတော်မူသော။ ပဿတာ= လက်တွင်တင်ထား ရှစ်ရှားသီးအသွင် မြင်တော်မူသော" ဟုလည်း ပေးပါ။
**ဂမ္ဘီရနေမော**။ ။ နေမ ဟူသည် တိုင်အစရှိသည်တို့ ဝင်ရောက် တည်နေအပ်သော မြေအရပ် (တွင်း) တည်း။ ထို့ကြောင့်" ဂမ္ဘီရဘူမိ" ဟုဖွင့်သည်။ "ဂမ္ဘီရံ+ နေမံ+ ယဿတိ၊ ဂမ္ဘီရနေမော ( ဣန္ဒခီလော)။ [ နေမံဝုစ္စတိ ထမ္ဘာဒိဟိ အနုပဝိဋ္ဌဘူမိပ္ပဒေသေဝတိ အာဟ " ဓမ္ဘီရဘူမိံ အနိပဝိေဋ္ဌာ" တိ= ဋီကာ။]
'''
သေယျထာပိ ပုဗ္ဗေ အဂါရိကဘူတောတိ၊ ကား။ ပုဗ္ဗေ၊ ရှေး၌။ ဂိဟိဘူတော၊ လူဖြစ်၍ဖြစ်သူသည်။ (သမာနော၊ ဖြစ်စဉ်)။ ပရိဘုဉ္ဇတိ ယထာ၊ သုံးဆောင်ခံစားသကဲ့သို့။ ဧဝံ၊ တူ။ ပရိဘုဉ္ဇိတုံ၊ ငှါ။ အဘဗ္ဗော၊ မထိုက်။
''' တသ္မိံ အနဇ္စ◌ျာစာရော။ ။ တသ္မိံန္တိ ခီဏာသဝေ။ အနဇ္စ◌ျာစာရော။ ပေ။ သေတုဃာတော ခီဏာသဝါနံ။ ဋီကာ။ လွန်ကျူးမှုမှန်သမျှကို ရဟန္တာများသည် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ သတ်ဖြတ်အပ်ပြီ ဖြစ်သည်။ ထို့ကြောင့် မလွန်ကျူးကြတော့။
**သောတာပန္နဒယော**။ ။ [နဝ၊ ဌာနအရကို ပါဠိတော်ကြည့်။] အာဒိဖြင့်သကဒါဂါမ် အနာဂါမ်တို့ကို ယူ။ ထိုတွင် အနာဂါမ်များကား ရဟန္တာ ကဲ့သို့ပင် ကိုးဌာနလုံး၌ မလွန်ကျူးထိုက်တော့။ သောတာပန် သကဒါဂါမ်များကား တတိယ ဌာနဖြစ်သော မေထုနဓမ္မအမှု, ပဉ္စမဌာနဖြစ်သော ကာမေ သန္နိဓိကာရက ပရိဘုဉ္ဇနအမှုတို့၌ မလွန်းကျူးဟု မဆိုနိုင်သေး။ ကျန် ၇ ဌာန၌ကား မလွန်ကျူးတော့ပါ
'''
ပဉှဗျာကရဏ၊ အဖွင့်။
တဿ၊ ထိုသူ၏။ (ထို ဘုမ္မဇိုဝ်းနတ်၏ အတ္တဘော၌တည်၍ အရဟတ္တဖိုလ်သို့ ရောက်သူ၏)။ ဝါ၊ နှင့်။ ဝသေန၊ အစွမ်းဖြင့်။ ဝါ၊ စပ်သဖြင့်။ အယံ ပဉှော၊ ဤပြဿနာသည်။ ( အဘဗ္ဗော သောနဝ ဌာနာနိ အဇ္စ◌ျာစရိတုံ၊ ဟူသော ဤပြဿနာသည်)။ အာဂတော၊ လာပြီ။ [ပါဠိတော်၌ လာပြီ။]
''' **ဂိဟိဗျဉ္ဇနေန**။ ။ ဂိဟိလိေင်္ဂန (လူ့အသွင်ဖြင့်)။ [လူ့ အသွင်ဟူရာ၌ လူဝတ်ကြောင်များဝတ်သော အဝတ်အစားကို ဝတ်ခြင်း, ဆံမုတ်ဆိတ် ကျင်စွယ်ထားခြင်းများတည်း။] ခီဏာသဝေါ ပန ဂိဟိဗျဉ္ဇနေန အရဟတ္တံ ပတ္တောပိ န တိဋ္ဌတိ ဝိဝေကဋ္ဌာနဿ အဘာဝါတိ အဓိပ္ပါယော (အဋ္ဌကထာ ဆရာ၏အလို)။၊ ဋီကာ။
အယံ ပဉှော အာဂတော။ ။ လူဖြစ်သူက ရဟန္တာဖြစ်လျှင် လူ့အသွင်ဖြင့်မတည်တော့ပဲ ဝိဝေကရရန် ပရိနိဗ္ဗာန်ပြု, သို့မဟုတ် ရဟန်းပြုရိုးရှိ၏။ သို့ဖြစ်လျှင် ထို ရဟန်းအတွက်လည်း ဤကိုးဌာန၌ မလွန်ကျူးထိုက်ကြောင်းကို သိက္ခာပုဒ်များ အထင်အရှား ရှိပြီ။ ထို့ကြောင့် ထိုပုဂ္ဂိုလ်အတွက် အဘဗ္ဗဟု အထူးပြောနေစရာမလို။ မပြောပဲနှင့် သိနိုင်လောက်သည်။ ယခုကား တဘဝလုံး ရဟန်းမပြုပဲ မိမိ လက်ရှိဘဝဖြင့် ဤကိုးဌာနကို မလွန်ကျူးထိုက်ကြောင်းကိုဟောတော်မူသဖြင့် ဤပြဿနာသည် ဘုမ္မဇိုဝ်းနတ်ဘဝ၌တည်သော ရဟန္တာအတွက်သာ ဖြစ်ပေါ်လာသည် ဟု အဋ္ဌကထာဆရာ မှတ်ချက် ချသည်။
'''
နောစ ခေါ အနာဂတန္တိ၊ ကား။ အနာဂတံ၊ အနာဂတ်ဖြစ်သော။ အဒ္ဓါနံ၊ ကာလကို။ အာရဗ္ဘ၊ အကြောင်းပြု၍။ ( အတီရက ဉာဏဒဿနကို)။ န ပညပေတိ၊ အပြားအားခြင်းသိစေတော်မမူ။ ဝါ၊ ပညတ်တော်မမူ။ အတီတမေဝ၊ အတိတ်ကိုသာ။ သ၎င်းဏောဂေါတမော၊ သည်။ ဇာနာတိ မညေ၊ သိသည်ဟု ထင်၏။ အနာဂတံ၊ ကို။ န (ဇာနာတိ မညေ)၊ မသိဟု ထင်၏။
''' **ဘိန္နဒေါတတ္တာ**။ ။ သို့ဖြစ်လျှင် ပါဠိတော်၌ "ခီဏာသဝေါ ဘိက္ခု" ဟုရှိသောကြောင့် ရဟန်းခံခွင့်မရှိသော ဘုမ္မဇိုဝ်းသည် အဘယ်နည်းဖြင့် "ဘိက္ခု" မည်နိုင်ပါသနည်း ဟု မေးဖွယ်ရှိ၍ "ဘိန္န ဒေါသတ္တာ ပန" စသည်မိန့်။ ကိလေသာအဖြစ် အားလုံးကို ဖျက်စီးပြီး ဖြစ်ရကား "ကိလေသေ ဘိန္ဒတီတိ ဘိက္ခု" အရ ဘိက္ခု (ရဟန်း) ဟု ဆိုနိုင်ပါသည်၊ ဟူလို။ "အဘဗ္ဗော သော နဝဌာနာနိ အဇ္စ◌ျာစရိတု"န္တိ အယံ ပဉှော အာဂတော ဣတရဿ ပဗ္ဗဇ္ဇာယ (အားဖြင့်) ပရိနိဗ္ဗာနေနဝါ အဘဗ္ဗတာယ (မထိုက်သည်၏အဖြစ်ကို)။ အဝုတ္တသိဒ္ဓတ္တာ (မဆိုအပ်ပဲ ပြီးသောကြောင့်တည်း)။ ယဒိ ဧဝံ ကထံ ဘိက္ခု ဂဟဏန္တိ အာဟ= "ဘိန္န ဒေါသတ္တာ" တိ အာဒိ။ (ဋီကာ)။
မှတ်ချက်။ ။ ဘိက္ခု၌ ဘိဒိ+ ရူ ပစ္စည်း။ နိရုတ္တိနည်းဖြင့် ပြီးပါ။ ဘိန္နဒေါသတ္တာကို "ဖျက်စီးပြီးသောဒေါသရှိသည်၏အဖြစ်ကြောင့်" ဟု ရှေးနိဿယ၌ ပေး၏။ ဒေါသသာမက ကိလေသာအားလုံး ဖျက်စီးပြီးဖြစ်သောကြောင့် လည်းကောင်, "ဘိန္ဒတိပါပကေ အကုသလေ ဓမ္မေ" ဟူသော အဘိ။ ဝိသင်္ဂ။ ၂၅၄ ပါဠိတော်နှင့် ထို၏ အဋ္ဌကထာကို ထောက်၍လည်းကောင်း ဒေါသ အရ ကိလေသာဟူသော အပြစ်ကိုယူ၍ အနက်ပေးထားသည်။
**အတီရကံ**။ ။ တီရ၊ သဒ္ဒါသည် ပါရဂတိယံ (အဆုံးသို့ ရောက်ခြင်း) အနက်ဟော ဟု ထောမနိမိဆို၏။ အဆုံးသို့ ရောက်လျှင်အပိုင်းအခြားရှိသည် ဟု ဆိုနိုင်၏။ ဤ၌ အတီရ= ဟု ဆိုသောကြောင့် အပိုင်းအခြားမရှိရကား "အပရိစ္ဆေဒံ" ဟု ဖွင့်သည်။ ထိုသို့ အပိုင်းအခြား မရှိခြင်းမှာလည်း ဉာဏ်တော်က ကျယ်ပြန့်သောကြောင့် ဖြစ်ရကား "မဟန္တံ" ဟု ဆိုသည်။ မှန်၏ သိဖွယ်တရားက များပြားကျယ်ပြန့်သောကြောင့် ဉာဏ်တော်လည်း ကြီးမား ကျယ်ပြန့်သည်။ ဤစကားအရ "အပရိစ္ဆေဒံ" ဟု ဆိုသော်လည်းညေယျတရားအားလုံးကို ဘုရားရှင်၏ ဉာဏ်စွမ်းဖြင့် ပိုင်းခြားနိုင်၏ ဟူသော အနက်ကို ပြပြီးဖြစ်သည်။ [ဉာဏပရိယန္တိကံ နေယှံ (ညေယျံ)။= ခု။ ၇။ ၁၁၉။ ၁၃၉။ စသည်။]
'''
အညဝိဟိတကေန ဉာဏဒဿနေနာတိ၊ ကား။ ပစ္စက္ခံ ဝိယ၊ မျက်မှောက်ကဲ့သို့။ ဝါ၊ မျက်စိဖြင့် မြင်အပ်သကဲ့သို့။ ကတွာ၊ ၍။ ဒဿန သမတ္ထတာယ၊ မြင်ခြင်း၌ စွမ်းနိုင်သည်၏ အဖြစ်ကြောင့်။ ဒဿနဘူတေန၊ မြင်တတ်သည်ဖြစ်၍ဖြစ်သော။ ဉာဏေန၊ ဖြင့်။ [ ဤဉာဏေနပုဒ် ပိုဟန်တူ၏ ရှေးနိဿယ၌ မပါ။] အညတ္ထ၊ တပါးသောအာရုံ၌။ ဝိဟိတကေန၊ ထားအပ်သော။ ဝါ၊ ဖြစ်သော။ ဉာဏေန၊ ဖြင့်။ အညံ၊ အခြားသောအာရုံကို။ အာရဗ္ဘ၊ အာရုံပြု၍။ ပဝတ္တေန၊ ဖြစ်သောဉာဏ်ဖြင့်။ အညဝိဟိတကံ၊ အခြားသောအာရုံ၌ ထားအပ်သော။ အညံ၊ ကို။ အာရဗ္ဘ၊ ၍။ ပဝတ္တမာနံ၊ သော။ ဉာဏဒဿနံ၊ သိတတ် မြင်တတ်သောဉာဏ်ကို။ ဝါ၊ ဉာဏ်အမြင်ကို။ သင်္ဂါယေတဗ္ဗံ၊ အညီအမျှ ပြောထိုက်၏ ဟူလို။ ပညာပေတဗ္ဗံ၊ အပြားအားဖြင့် စိစေထိုက်၏ ဟူ၍။ ဝါ၊ ပညတ်ထိုက်၏ဟူ၍။ မညန္တိ၊ ထင်ကြကုန်၏။
''' ဋီကာ။ ။ အပရိစ္ဆေဒန္တိ အပရိယန္တံ။ တဟိဒံ သုဝိပုလန္တိ အာဟ " မဟန္တ"န္တိ။ ေဉယျဿ ဟိ ဝိပုလတာယ ဉာဏဿ ဝိပုလတာ ဝေဒိတဗ္ဗာ။ ဧတေန " အပရိစ္ဆေဒ"န္တိ ဝုစ္စမာနမ္ပိ ေဉ ယျံ သတ္ထုဉာဏဿဝသေန ပရိစ္ဆေဒမေဝါတိ ဓဿိတံ ဟောတိ။ ဝုတ္တေဉှာတံ " ဉာဏပရိယန္တိကံ နေယျ"န္တိ။
**ပစ္စက္ခံဝိယကတွာ** ။ ။ ဘုရားရှင်တို့၏ ဉာဏ်သည် မိမိဆိုင်ရာအာရုံကို မျက်မှောက်ပြုနိုင်သည်။ အကြောင်းမှာ အာရုံတိုင်း၌ တူသောအတိုင်းအတာအားဖြင့် ဖြစ်သောကြောင့်တည်။ သို့ဖြစ်လျှင် အဘယ်ကြောင့် ပစ္စက္ခံဝိယ ( မျက်မှောက်ပြုနိုက်သကဲ့သို့) ဟု ဥပမာဇောတက ဝိယ သဒ္ဒါ ထည့်ထားရသနည်း။ အဖြေကား၊ ပစ္စက္ခံ၌ အက္ခဟူသည် စက္ခုစသော ဣန္ဒြေငါးပါးတည်း။ ထိုဣန္ဒြေသို့ ရှေးရှုဖြစ်သောကြောင့် စက္ခုစသည်၌ မှီသော ဝိညာဥ်ငါးပါးက်ုလည်းကောင်း, ထိုဝိညာဥ်ငါးပါး၏ အာရုံကိုလည်းကောင်း " ပစ္စက္ခ" ခေါ်သည်ဟု လောက၌ အထင်အရှား သတ်မှတ်ထားသည်။ ထိုကြောင့် ထိုစက္ခုစသည်ကို မှီသောဝိညာဥ်နှင့် ထို၏ အာရုံဖြစ်သော တရားကို ဥပမာအဖြစ်ညွှန်ပြလို၍ " ပစ္စက္ခံ ဝိယ ကတွာ" ဟု ဝိဟသဒ္ဒါ ထည့်သည်။ ဘုရားရှင်ဉာဏ်တော်၏ မျက်မှောက်မပြုသော အခြင်းအရာအားဖြင့် ဖြစ်သောကြောင့် ဆိုသည် မဟုတ်
**ဆိုလိုရင်း**။ ။ အကြောင်းအရာတခုကို ဉာဏ်ဖြင့်ကြည်းရှုသောအခါ ဗုဒ္ဓမြတ်စွာ၏ ဉာဏ်၌ ထိုအာရုံသည် မျက်စိ နား နှာ လျှာ ကိုယ် စိတ်ဖြင့် တိုက်ရိုက်သိမြင်သလို ထင်လာ၏။ ဥပမာ၊ ဗုဒ္ဓသည် မဟာဇနကဇာတ်တော်ကို ပြန်၍ ဟောတော်မူသောအခါ သမုဒ္ဒရာတွင်း သေင်္ဘာနစ်စဥ◌်က ဖြစ်ခဲ့သော သမုဒ္ဒရာရေပြင် သေင်္ဘာကြီးနှင့် မဏိမေခလာ နတ်သမီးဟူသော အာရုံကို မျက်စိဖြင့် မြင်ရသလို ဉာဏ်၌ ထင်လာ၏။ နတ်သမီး၏ စကား ကိုလည်း နား၌ကြားရသလို ဉာဏ်၌ ထင်လာ၏။ ထို့ကြောင့် "ပစ္စက္ခံ ဝိယ" ဟု ဥပမာပြသည်= ဟူလို။ အက္ခံ+ ပတိ ဝတ္တတီတိ= ပစ္စက္ခံ= ဟု ပြု (တပ္ပု ရိသ်)။ ဋီကာ၌ နိရုဠံ= တက်ရောက်ထင်ရှား၏ဟု အနက်ပေး။ မြတ်စွာဘုရား၏ဉာဏ်၌ အတိတ် အနာဂတ် အာရုံများ အထင်အရှားထင်လာပုံကို အောက်ပါဂါထာဖြင့် သာဓကပြုထားသည်။
**အာဝိဘူတံ ပကာသနံ, အနုမပဒ္ဒုတ စေတသံ။ အတီတာနာဂတေ ဉာဏံ, ပစ္စက္ခာနံ ဝသိဿတိ။
**အနက်**။ ။ အာဝိဘူတံ၊ သိဖွယ်တရား၌ ထင်ရှားစွာဖြစ်တော်မူသော။ ပကာသနံ၊ သိဖွယ်တရားကို ထင်ရှားပြတော်မူတတ်သော။ အနုပဒ္ဒုတ စေတသံ၊ ကိလေသာမနှိပ်စက်အပ်သည့်, စိတ်ကောင်း စိတ်မြတ်၌ ကိန်းဝပ်တည်နေတာ်မူသော။ ဉာဏံ= သဗ္ဗညုတာ, ဉာဏ်ပညာသည်။ အတီတာနာဂတ= အတိတ် အနာဂတ် အာရုံနှစ်ရပ်၌။ ပစ္စက္ခာနံ= မျက်မှောက်ထင်ထင် သိမြင်သည်ဖြစ်၍။ ဝသိဿတိ= ကိန်းဝပ်တည်နေစံနေတော်မူပေလိမ့်မည်။
**အညဝိဟိတကေန**။ ။ အညတ္ထဝိဟိတကေန၊ ကို ကြည့်၍ အညနောင်သတ္တမီ (တ္တ) ကျေသော တပ္ပုရိသ်ဟု သိပါ။ ဝိဟိတ= ၌ ဝိ+ ဓာ+ တ။ ဓကို ဟ။ ဓ ၌ အာကို ဣပြု၍ "ဝိဟိတ" ဟု ဖြစ်သည်။ "ထားအပ်" ဟု ပေး။ ဝိဟိတမေဝ+ ဝိဟိတကံ။ အညတ္ထ+ ဝိဟိတကံ+ အညဝိဟိတကံ။ "အခြားအာရုံ၌ ထားအပ်သော ဉာဏ်" ဟူသည် အခြားသောအာရုံကို အာရုံပြုနေသော ဉာဏ်တည်း ဟု သိစေလို၍ "အညံအာရဗ္ဘ ပဝတ္တေန" ဟုဖွင့်သည်။ ဉာဏဒဿနေနဝယ် ဇာနာတီတိ ဉာဏံ။ ပဿတီတိ ဒဿနံ။ ဉာဏံစ+ တံ+ ဒဿနံစာတိ= ဉာဏဒဿနံ= ဟု ပြု။
'''
တသ္မာ၊ ကြောင့်။ ဗာလာ၊ မိုက်ကုန်သော။ ဝါ၊ မလိမ်မာကုန်သော။ အဗျတ္တာ၊ မထက်မြက်သူတို့သည်။ ဝါ၊ မကျွမ်းကျင်သူတို့သည်။ မညန္တိယထရိဝ၊ မှတ်ထက်ကြသကဲ့သို့။ ဧဝံ၊ တူ။ မညန္တိ၊ ကုန်၏။န ဣတိ၊ သို့။ ဝေဒိတဗ္ဗော၊ ၏။
**သင်္ဂါယေတဗ္ဗံ**။ ။ သမံ ကတွာ ကထယိတဗ္ဗံ။ ကထနံ ပန ပညာပနံ နာမ ဟောတီတိ ပညာပေတဗ္ဗန္တိ အတ္ထော ဝုတ္တော၊ ဋီကာ။ သင်္ဂါယေတဗ္ဗ= ၌ ဟေ= ဟုမရှိရ။ ယ= အက္ခရာဖြင့် သင်္ဂါယေတဗ္ဗ= ဟု ရှိရမည်။ သို့မှ ကထယိတဗ္ဗံဟူသောသော ဋီကာနှင့် လျော်မည်။ ရှေးစာအုပ်များ၌လည်း "သင်္ဂါယေတဗ္ဗ" ဟု ရှိသည်။
**တေဟိ စရတောစ**။ ။ တိတ္ထိတို့က အာရုံအားလုံးသည် ဉာဏ်၌ အမြဲတမ်းထင်နေ၏ ဟုလည်းကောင်း, ဉာဏ်သည်လည်း သွားနေ ရပ်နေ အိပ်နေ နိုးနေစဉ် မည်သည့် အချိန်၌မဆို အမြဲပင် ဖြစ်နေ၏ ဟု လည်းကောင်း ယူဆကြ၏။ နိဂဏ္ဌနာဋပုတ္တဆရာကြီးလည်း ထိုကဲ့သို့ ဝန်ခံဖူးလေသည်။၊ အံ။ ၁။ ၂၂၁။
**တာဒိတဉ္စ ဉာဏံ နာမ နတ္ထိ**။ ။ အမှန်ကား ထိုသို့ အမြဲမပြတ်ထင်နေသောဉာဏ်မည်သည် မရှိ။ မှန်၏၊ ဆင်ခြင်မှု အာဝဇ္ဇန်းနှင့်ကင်း၍ ဉာဏ်ဖြစ်ခြင်းသည်မရှိ။ ထို့ကြောင့် ထို တိတ္ထိတို့၏စကားသည် နားမလည်သော လူအများ၏ အပြောမျိုးသာဖြစ်သည်။ ဤနှင့်စပ်၍ မှတ်ဖွယ်ကို အောက်ပါအတိုင်း ဋီကာဖွင့်ထားသည်။
**ဋီကာ**။ ။ တာဒိသန္တိ သတတံ တမိကံ ပဝတ္တကံ (ဖြစ်သော) ဉာာဏံ နာမ နတ္ထီတိ အာဝဇ္ဇနေန ဝိနာ ဉာဏုပ္ပတ္တိယာ အသမ္ဘဝတော (မဖြစ်သင့်သောကြောင့်တည်း)။ ဧကာကာရေနစ ဉာဏေ ပဝတ္တမာနေ ( တမျိုးတည်းသော အခြင်းအရာအားဖြင့် ဉာဏ်ဖြစ်နေလျှင် ) နာနာကာရဿ ဝိသယဿ ( အာရုံကို ) အဝဗောဓော ( ထိုးထွင်း၍သိခြင်း ) န သိယာ။ အထာပိ သိယာ ( သိနိုင်သည်ပင်ထားဦး )။ အနိရုပိတရူပေနေဝ (ထင်ရှားမပြအပ်သော သရုပ်သကောင်းအားဖြင့်သာ)။ အဝဗောဓော သိယာ။ [ ဥပမာ၊ လူ ဟု သိသော်လည်း မိန်းမ ယောကျာ်း လူငယ် လူကြီး လှ မလှ ဘယ်သူ ဘယ်ဝါ နာမည်စသည်ဖြင့် ကွဲကွဲပြားပြား မသိနိုင်ရာ။] တေနေဝ= (ထိုသို့ မသိလျှင်လည်း)။ ဉာဏံ ဉေယျံ အညာတသဒိသမေဝ (မသိအပ်သည်နှင့်တူသည်သာ)။ သိယာ။ န ဟိ ဣဒံ တန္တိ ဝိဝကေန (မှနိ၏ ဤဟာသည် ဤသို့တည်းဟု ခွဲခြားသဖြင့်)။ အနဝဗုဒ္ဓေါ အတ္ထော (မသိအပ်သော အနက်သည်) ဉာတော နာမဟောတိ (သိအပ်သည်ဟု မဆိုနိုင်) တသ္မာ စရတော စ တိဋ္ဌိတောစာတိ အာဒိ (အစရှိသောစကားသည်။) ဗာလ လာပနမတ္ထံ (လူအတို့၏ အပြောမျှသာတည်း)။
**သတာနုသာရိ**။ ။ အနုဿရတီတိ၊ အနုသာရိ။ [ အနု+ သရ+ ဏီ။ ] သတိံ+ အနုသာရိ+ သတာနုသာရိ။ ဏီပစ္စည်းဖြင့် ဤကာရန္တဖြစ်သော်လည်း ဉာဏံကို ငဲ့၍ရဿဖြင့် ဣကာရန္တနပုံလိန်ဖြစ်ကြောင်းပြသည်။သတိသို့အစဥ◌်လိုက်သောဉာဏ် (ပုဗ္ဗေနိဝါသာနုဿတိဉာဏ်) ကိုရသည်။ ထို့ကြောင့် ပုဗ္ဗေနိဝါသာနုဿတိ သမ္ပယုတ္တကံ= ဟု ဆိုသည်။
**ဉာဏံပေသေတိ**။ ။ ဉာဏံ ပဝတ္တေသိ (ဖြစ်စေပြီ)။ သဗ္ဗတ္ထကမေဝ၊ (အလုံးစုံသော အာရုံ၌ပင်) ဉေယျာဝရဏဿ (ဉေယျကို ပိတ်ဖုံးတတ်သော မောဟ၏) သုပ္ပဟီနတ္တာ အပ္ပဋိဟတံ အနိဝါရိတံ ဉာဏံ ဂစ္ဆတိ ပဝတ္တတိစ္စေဝ အတ္ထော။= ဋီကာ။
**ဗောဓိဇံ**။ ။ ဗောဓိမူလေ ဇာတံကို ကြည့်၍ "ဗောဓိမှိ၊ ဗောဓိပင်၌+ ဇာတံ= ဖြစ်သောဉာဏ်တည်း။ ဗောဓိဇံ" ဟု ပြု။ ဉာဏံ အရ မဂ်ဉာဏ် ၄ ပါးတည်း။
**တနည်း**။ ။ "ဗောဓိ ဝုစ္စတိ စတူသု မဂ္ဂေသုဉာဏံ" ဟူသော (ခု။ ဂ။ ၂၃၁) လာသောစကားကိုထောက်၍ "ဗောဓိအရ" မဂ်ဉာဏ် ၄ ပါးကိုလည်းကောင်း, "ဗောဓိဇ" အရ ထိုမဂ်ဉာဏ် ၄ ပါးကြောင့်ဖြစ်ပေါ်လာသော ပစ္စဝေက္ခဏဉာဏ်ကိုလည်းကောင်းဋီကာ၌ တနည်းဖွင့်သေးသည်။ ထိုအလို "ဗောဓိဇံ၊ မဂ်ဉာဏ် ၄ ပါးကြောင့်ဖြစ်သော။ ဉာဏံ= ပစ္စဝေက္ခဏာဉာဏ်သည်" ဟု ပါဠိတော်၌ ပေးပါ။
အနုတ္ထသံဟိတံ။ ။ အဘယ်နည်းဖြင့် ဗုဒ္ဓမြတ်စွာသည် အနာဂတ်အကြောင်းအရာကို အာရုံပြု၍ အတီရက (ကမ်းမရှိ အပိုင်းအခြားမရှိသော) ဉာဏ်အမြင်ကိုပညတ်တော်မူသနည်းဟု မေးစရာရှိ၏။ [ ဤအမေးကို နောက်ဆုံးမှဖြေမည်။]
အတီရကအဓိပ္ပါယ်။ ။ ရှေးဦးစွာ အတီရက၏အဓိပ္ပါယ်ကို မှတ်သားသင့်၏ တိတ္ထိတို့၏ အယူအဆအရ ဗုဒ္ဓမြတ်စွာသည် အတိတ်အကြောင်းအရာ ဇာတ်တော်ပေါင်း များစွာကို ဟောတော်မူထားသဖြင့် အတိတ်နှင့်စပ်သော "အတီရက (အပိုင်းအခြားမရှိသော) ဉာဏ်အမြင်" ဖြစ်ခဲ့သည်ကို သူတို့ကျေနပ်ကြ၏။ အနာဂတ်နှင့်စပ်၍ကား ထူးထူးခြားခြား မဟောသောကြောင့် အနာဂတ်အတွက် အတီရကဉာဏ်မဖြစ်။ ထိုသို့ မဖြစ်ခြင်းမှာ မသိလို့ သာဖြစ်ရမည် ဟု ကောက်ချက်ချကြ၏။
ဆိုလိုရင်းမှာ။ ။ အတိတ်အကြောင်းအရာကိုသာ ဟောနိုင်၍ အနာဂတ်အကြောင်းအရာကို မဟောသောဘုရားရှင်သည် အားလုံးကို သိသူမဟုတ်။ အားလုံးမသိလျှင် သူ၏ဉာဏ်လည်း အတီရကဉာဏ်မဟုတ်နိုင်။ အပိုင်းအခြားမရှိ သိသောဉာဏ်မဟုတ်, အပိုင်းအခြားရှိနေပြီ။ သို့ဖြစ်၍ အတီရကဟူသော စကားလုံးနှင့် သူ၏သိမှုက မလိုက်သောကြောင့် ယုတ္တိမရှိသော ဉာယဝိရောဓိဒေါသ သင့်နေပြီဟု ဆိုလိုသည်။
ဉာယဝိယောဓိမဖြစ်*။ ။ အတိတ် အကြောင်းအရာသည် အင်မတန် ကျယ်ပြန့်၏။ ပါရမီစ၍ ဖြည့်တော်မူခဲ့သော ဒီပင်္ကရာ ဗုဒ္ဓလက်ထက်မှစလျှင် လေးသေင်္ချနှင့် ကမ္ဘာတသိန်းရှိရကား ဘုရားရှင်မှတပါး အခြားလူတို့ မပိုင်းခြားနိုင်သော ကာလအတွင်းဝယ် ဖြစ်ခဲ့သော အကြောင်းအရာများကို သူများ နားလည်အောင် ဟောပြနိုင်သောဉာဏ်တော်ကြီးသည် အတီရကပင် ဖြစ်သည်။ သို့ဖြစ်၍ ဉာဏ်တော်၏ အတီရကဟူသောအမည်နှင့် သူ၏သိမှု လိုက်လျောသောကြောင့် အသင့်ယုတ္တိမရှိသော ဉာယဝိရောဓိဒေါသ မရှိပါ။
**မသိမှုဖေါ်ပြ**။ ။ တိတ္ထိများကား ဤအကြောင်းအရာကို ကျယ်ကျယ်ပြန့်ပြန့် အမှန်တိုင်းမသိသဖြင့် "အတိတ်အကြောင်းအရာကိုသာ ဟော၍ အနာဂတ်ကိုမဟောခြင်းသည်။ တယိဒံ ကိံ နု၊ အဒါဟာ ဘယ်လိုလဲ။ တယိံဒံ ကထံသု= အဲဒါဟာဘာကြောင့်လဲ" ဟု မိမိတို့၏ နားမလည်မှုကိုသာ ဖေါ်ပြရာရောက်သည်။
ကိုယ်တော်မြတ်၏အနာဂတ်။ ။ အနာဂတ် အကြောင်းအရာကိုကျယ်ကျယ်ပြန့်ပြန့် မဟောသည်မှာ မှန်၏။ သို့ရာတွင် မဟောရုံမျှနှင့် မသိဟု မဆိုနိုင်။ ကိုယ်တော်မြတ် မှာကား အနာဂတ်အတွက် ဟောစရာဘဝ မရှိတော့။ ထိုသို့ ဘဝမရှိသည်ကို မရှိဟု သိတော်မူခြင်းသည်ပင်အတီရက အနာဂတ်ဉာဏ်တော် ဖြစ်ပြီ။ ထို့ကြောင့် "အနာဂဉ္စ ခေါ အဒ္ဓါနံ အာရဗ္ဘ တထာဂတဿ ဗောဓိဇံ ဉာဏံ ဥပ္ပဇ္ဇတိ အယမန္တိမာ ဇာတိ နတ္ထိ ဒါနိ ပုနဗ္ဘဝေါတိ" ဟု ပါဠိတော်ရှိသည်။
**သူတပါး၏အနာဂတ်**။ ။ တိတ္ထိများက အတိတ်ကို အာရုံပြုသော ဉာဏ်ဖြင့်ပင် အနာဂတ်ကိုလည်း တပြိုင်နက် တချိန်တည်း အာရုံပြုနိုင်၏၊ ဟု ယူဆကြ၏။ အမှန်မှာထိုသို့မဟုတ်။ အတိတ်ကို "ပုဗ္ဗေနိဝါသဉာဏ်"ဖြင့် အာရုံပြု၍, အနာဂတ်ကို "အနာဂတံသဉာဏ်" ဖြင့် အာရုံပြုရ၏။ ထိုဆင်ခြင်မှုလည်း အကြောင်းရှိမှ ဆင်ခြင်တော်မူပေလိမ့်မည်။ ဆင်ခြင်၍သိပြီး နောက်လည်း သတ္တဝါများအား ကျေးဇူးများသေ အကျိုးရှိမှဟောပေလိမ့်မည်။ အတိတ် အကြောင်းအရာများကို ဟောတော်မူခြင်းမှာလည်း ဝေနေယျသတ္တဝါများ၏ အကျိုးစီးပွားအတွက်သာ ဖြစ်၏။ ထို့ကြောင့် "အနတ္ထသံဟိတံ" စသည်ဖြင့် ပါဠိတော်၌ ဟောထားသည်။
**အတီရက နာမည်မပျက်**။ ။ ဤပြအပ်ပြီးသောအဓိပ္ပါယ်များအရ ဗုဒ္ဓမြတ်စွာ၏ အနာဂတ်အတွက် ဘဝမရှိ၊ ဟု ဟောတော်မူသောကြောင့် လည်းကောင်း, အခြားပုဂ္ဂိုလ်များအတွက် အကျိုးရှိလျှင် အနာဂတ်အကြောင်းအရာကို ဟောတော်မူမည်သာဖြစ်သောကြောင့် လည်းကောင်း "နောစ ခေါ အနာဂတံ အဒ္ဓါနံ အာရဗ္ဘ အတီရကံ ဉာဏဒဿနံ ပညာပေတိ။ တယိဒံ ကိံ သု။ တယိဒံ ကထံသု" ဟူသော တိတ္ထိများ၏ ပြောစကားသည် နားမလည်မှု၏ အပြစ်သာ ဖြစ်သည်။
**ဋီကာ**။ ။ တသ္မာ ဘဂဝတေ (ဝုတ္တံ၊ ၌စပ်) သသန္တတိ ပရိယာပန္န ဓမ္မပ္ပဝတ္တိံ (မိမိခန္ဓာဒာအစဉ်၌ အကျုံးဝင်သော တရား၏ဖြစ်စဉ်ကို) သန္ဓာယ "အည ဝိဟိတကံ ဉာဏဒဿန"န္တိ အာဒိဝြတ္တံ။ ဣတရံ ပန (အခြားသော သူတပါးခန္ဓာဒာအစဉ်၌ အကျုံးဝင်သော တရား၏ဖြစ်စဉ်ကို) သန္ဓာယ ဝုစ္စမာနေ သတိ တထာရူပေ ပယောဇနေမေဝ ဉာဏဒဿနံ ပညာပေယျ ဘဂဝါ။= ဋီကာ။
**သဟေတုကံ သကာရဏံ**။ ။ ဉာပကေန (သိစေတတ်သော) ဟေတုနာသဟေတုကံ။ သော ပန ဟေတု(သို့ အကြောင်းကို) ယေန နိဒဿနေန (အကြင်ညွှန်ပြကြောင်း ဥပမာဖြင့်) သာဓီယတိ (ပြီးစေအပ်၏)။ တံ (ထိုဥပမာသည်)။ တဿ (ထို အကြောင်းပြ စကား၏) ကာရဏန္တိ တေန သကာရဏံ ကတွာ။၊ ဋီကာ။
**ယုတ္တပတ္တ ကာလေယေဝ**။ ။ ယုတ္တာနံ ပတ္တကာလေ ဧဝ။ ယေ ဟိ ဝေနေယျာ (တို့သည်) တဿာ ကထာယ(အား) ယုတ္တာ အနုစ္ဆဝိကာ (သင့်လျော်လျောက်ပတ်ကုန်၏)။ တေသံယေဝါ ကထာယ (တို့ကိုပင်) ယောဇနေ (ယှဉ်စေခြင်း၌၊ တရားဓမ္မနှင့် ယှဉ်စေခြင်း၌) သန္ဓာယဝါ ကထာယ (ရည်ရွယ်ရဟောအပ်သော စကား၌) ပတ္တော (သစင့်လျှော်သော) ဥပကာရာတဟော (လျော်သော ကျေးဇူးကို ဆောင်နိုင်သော) ကာလာ။ တဒါဧဝ ကထေသီတိ အတ္ထော။= ဋီကာ။ ဤ အဖွင့်ကိုကြည့်၍ ပတ္တော+ ကာလော ပတ္တကာလော (သင့်လျော်သော အခါ)။ ယုတ္တာနံ (တရားစကားအား လျောက်ပတ်သော ဝေနေယျတို့အား)+ ပတ္တကာလော ယုတ္တပတ္တကာဘော= ဟုပြု "တရားစကားအား လျောက်ပတ်သော ဝေနေယျတို့အား + သင့်လျော်သောအခါ" ဟု သဒ္ဒတ္ထ ပေးပါ။
ဝိညာတန္တိ၊ ကား။ သုခဒုက္ခာဒိ ဓမ္မာယတနံ၊ သုခဒုက္ခ အစရှိသော ဓမ္မာယတနတည်း။ ဝါ၊ ဓမ္မာရုံတည်း။
''' **တထာဂတော**။ ။ တထာတထေဇ ဂဒနတောကိုကြည့်၍ ဂဒတီတိ ဂတော၊ [ ဂဒဓာတါ ဘာသ ပြောဆိုခြင်း အနက်ဟော+ အပစ္စည်း၊ ဒ- တကို တ- ပြု။] တထာတတာ- ထိုထိုအခြင်းအရာအားဖြင့်+ ဂတော- မိန့်တော်မူတက်သော မြတ်စွာဘုရားတည်း၊ ထတာဂတော- ပြု၊ တထာ တထာဂတော- ဟုဆိုလိုလျက် တထာ၊ ဟူသောဝိစ္ဆာတပုဒ်ကို ချေထားသည်၊ [ ဋီကာ၌ အာမေဍိတ လောပ ဟုဆို၏။] တထာတထာ- အရ “ ထိုထိုအခြင်းအရာ” ဟူငည် အကြောင်းအကျိုး သဘောအားလျော်သော အခြင်းအရာ, ဝေနေယျတို့၍ အလိုအားလျော်သော အခြင်းအရာတည်း၊- ဋီကာ။
ဒီဋ္ဌံ။ ။ ဒဋ္ဌဗ္ဗန္တိ ဒိဋ္ဌံ- မြင်ထိုက်သော ရူပါရံ၊ တ ပစ္စည်းသည် အတိတ်အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါးတွင် တပါးပါးသောကာလအထူးကို မဟော၊ ကာလသုံးပါးလုံးနှင့် ဆိုင်သော သာမညကာလကိုသာ ဟောသည်၊ မြင်အပ်ပြီ, မြင်အပ်ဆဲ, မြင်အပ်လတံ့နှင့် အကြောင်းညီညွတ်လျှင် မြင်မည့်မျကစိဖြင့် မြင်ထိုက်သော ရူပါရံဟူသမျှသည် ဒိဋ္ဌမည်၏- ဟူသမျှသည် ဒိဋ္ဌမည်၏- ဟု ဆိုလိုသည်၊ သုတ စသည်၌လည်း နည်းတူ။
ဋီကာ။ ။ ဒိဋ္ဌန္တိ ရူပါယတနံ ဒဋ္ဌဗ္ဗတော၊ တေန( ထိုပါဌ်ဖြင့်၊ ဂဟိတံ- ၌စပ်) ယံ ( အကြင် ရူပါရံကို) ဒိဋ္ဌံ- ( အတိတ်တုန်းက မြင်အပ်ခဲ့ပြီ)၊ ယံ ဒိဿတိ ( ယခု မြင်အပ်ဆဲ)၊ ယံ ဒက္ခတိ ( နောင်အခါ မြင်လိမ့်မည်)၊ ယံ သတ် သမဝါယေ ( စက္ခု ပဿဒ မနသိတကာရစတော အကြင်အပေါင်းရှိလျှင်) ပဿေယျ၊ မြင်အပ်ရာ၏)၊ တံ သဗ္ဗံ ဒိဋန္တွောဝ ဂဟိတံ ကာလဝိသေသဿ အနာမဋ္ဌဘာဝတော ( မသုံးသပ်အပ်သည်၏ အဖြစ်ကြောင့်တည်း)၊ သုတန္တိ အာဒိသုပိ ဧငေဝနယော ။
မုတံ။ ။ မုနိတဗ္ဗံ ပါပုဏိတွာ ဂဟေတဗ္ဗန္တိ မုတံ- ဟုပြု၊ မု- ဗန္ဓနေ+ တ၊ မှီရာဖြစ်သော ဃာနပဿဒ စသည်နှင့် ဂန္ဓရသစသောအာရုံတို့ ပေါင်းဆုံဖွဲ့စပ် ငြိကပ်ထိရောက်မှ သိအပ်သော ဂန္ဓ ရသ ဖောဋ္ဌဗ္ဗအာရုံသုံးပါး၊ [ မုတိန္တိ သနိဿယေန ( ဃာန ဝိညာဉ် စသည်၏ မှီရာဖြစ်သော) ဃာနာဒိ ဣန္ဒြိယေန ပတွာ ပါပုဏိတွာ ဂဟေတဗ္ဗံ။- ဋီကာ။
ဝိညာတံ။ ။ ဒိဋ္ဌ သုတ မုတ ဟူသော ရူပ ဂန္ဓ ရသ ဖောဋ္ဌဗ္ဗအာရုံ ငါးပါးမှ တခြားကျန်သမျှ အာရုံအားလုံးသည် ဝိညာတမည်၏၊ ထိုအာရုံများကိုဓမ္မာယတနဟုခေါ်သည်။ ဈ [ ဝိညာတန္တိ ဝိဇာနိတဗ္ဗံ၊ တံ ပန ဒိဋ္ဌာဒိဝိ နိမုတ္တံ ဝိညေယိန္တိ အာဟ “ သုခ ဒုက္ခာဒိ ဓမ္မာယတန’ န္တိ၊- ဋီကာ။]
'''
တထာဂတေန အဘိသမ္ဗုဒ္ဓန္တိ ဣမိနာ၊ ဟူသော ဤပါဌ်ဖြင့်။ ဧတံ၊ ဤ အနက် အဓိပ္ပါယ်ကို။ ( ဤ ယခုဆိုအပ်မည့် အနက် အဓိပ္ပါယ်ကို )။ ဒေဿတိ၊ ပြတော်မူ၍။ ဟိ၊ ချဲ့။ အပရိမာဏာသု၊ အတိုင်းအရှည် မရှိကုန်သော။ လောကဓာတူသု၊ တို့၌။ သဒေဝကဿ၊ နတ်နှင့် တကွဖြစ်သော။ ဣမဿ လောကဿ၊ ဤ သတွာအပေါင်း၏။ ( စက္ခုဒွါရေ၊ ၌စပ် )။ နီလံ ပီတကန္တိ အာဒိ၊ အညို အရွှေ အစရှိသော။ ယံ ရူပါရမဏံ၊ သည်။ စက္ခုဒွါရေ၊ ၌။ အာပါထံ၊ ရှေးရှုထင်လာခြင်းကို။ အာဂစ္ဆတိ၊ ရောက်၏။ အယံသတ္တော၊ သည်။ ဣှမသ္မိံ ခဏေ၊ ၌။ ဣမံ နာမရူပါရမဏံ၊ ဤမည်သော ရူပါရုံကို။ ဒီသွာ၊ ၍။ သုမနောဝါ၊ ကောင်းသောစိတ် ရှိသည်သော်လည်းကောင်း။ ဝါ၊ ဝမ်းမြောက်သောစိတ်ရှိသည်သော်လည်းကောင်း။ ဒုမ္မနောဝါ၊ မကောင်းသော စိတ်ရှိသည်သော်လည်းကောင်း။ ဝါ၊ နှလုံူ မသာယာသော စိတ်ရှိသည်သော်လည်းကောင်း။ မဇ္စျတ္တောဝါ၊ အလယ်အလတ်၌တည်သော သဘောရှိသည်သော်လည်းကောင်း။ ဇာတော၊ ဖြစ်ပြိ။ ဣတိ၊ သို့။ သဗ္ဗံ၊ သော။ တံ၊ ထိုရူပါရုံကို။ ဝါ၊ သဘောကို။ တထာဂတဿ၊ သည်။ ဧဝံ၊ သို့။ အဘိသမ္ဗုဒ္ဓံ၊ ထိုးကွင်း သိတော်မူအပ်ပြီ။
''' ပတ္တံ ပရိယေသိတံ။ ။ “ ပတ္တ- ရောက်အပ် ရအပ်” ဟူရာ၌ ရှာ၍ ရသည်ဖြစ်စေ, မရှာပဲ ရသည်ဖြစ်စေ “ ပတ္တ” မည်၏၊ ဤစကားအရ ပရိယေသိတပတ္တ, အပရိယေသိကပတ္တ- ဟု ၂- မျိုးပြားသည်ကို သတိပြု၊ ပရိယေသိတ- ၌ လည်း မိမိထံမှောက်သို့ ရောက်လာပြီးသော အာရုံဖြစ်စေ, မရောက်သေးသော အာရုံဖြစ်စေ ပရိယေသိတ ( ရှာထိုက်သော အာရုံ) ပင်တည်း၊ ထိုကြောင့် ပရိယေသိတလည်း ပတ္တပရိယေ သိတ, အပတ္တပရိယေသိတ- ဟု - ၂ မျိုးပင်ရှိသည်။ [ ပရိယေသိတန္တိ ပတ္တိယာ ( ရောက်ခြင်း ရခြင်းငှါ) အတ္တံ ( အလိုရှိအပ်သော အကျိုးသည်)၊ ပရိယိဋ္ဌံ၊ တံ ပန ပတ္တံဝါ သိသာ အပတ္တံဝါ ဥဘယတ္ထာပိ ပရိယေသိတမေဝ၊- ဋီကာ။]
စိတ္တေန အနုသဉ္စရိယံ။ ။ စောပနံ ( ကာယဝိညတ် ဝစိဝိညတ် ဟူသောကိုယ်နုတ်လှုပ်ရှားခြင်းသို့) အပါပေတွာ ( မရောက်စေပဲ) စိတ္တေနေဝ အနုသံစရ်တံ၊ ပရိဝိတက္ကတန္တိ အတ္ထော၊ ဋီကာ။
'''
အဗျာကတဋ္ဌာန၊ အဖွင့်။
ဧဝံ၊ သို့။ အတ္တနော၊ ၏။ အသမတံ၊ တန်းတူသူ ရှိတော်မမူသည်၏ အဖြစ်ကို။ အနုတ္တရတံ၊ မိမိထက် မြတ်သူ ရှိတော်မမူသည်၏ အဖြစ်ကို။ သဗ္ဗညုတံ၊ အလုံးစုံသော သိတော်မူသည်၏အဖြစ်ကို။ ဓမ္မရာဇဘာဝံ၊ တရားမင်း၏ အဖြစ်ကို။ ကထေတွာ၊ မိန့်တော်မူပြီး၍။ ဣဒါနိ၊ ၌။ ပုထုသမဏဗြာဟ္မဏာနံ၊ များစွာသော သမဏဗြာဟ္မဏတို့၏။ လဒ္ဓိသု၊ အယူတို့၌။ မယာ၊ သည်။ အညာတံ၊ မသိအပ်သော အရာမည်သည်။ အဒိဋ္ဌံနာမ၊ မမြင်အပ်သော အရာမည်သည်။ နတ္ထိ။ သဗ္ဗံ၊ အလုံးစုံသော အရာသည်။ မမ၊ ၏။ ဉာဏဿ၊ ၏။ အန္တောယေဝ၊ အတွင်း၌သာ။ ပရိဝတ္တတိ၊ ဖြစ်၏။ ဣတိ၊ သို့။ သီဟနာဒံ၊ ခြေင်္သ့မင်း၏ ဟောက်ခြင်းအလား ရဲတင်းသော စကားတော်ကို။ ဝါ၊ မရွံ့မကြောက် ခြေင်္သ့ဟောက်သို့ ရဲရဲတောက် မိန့်မြွက်သံကို။ နဒန္တော၊ မိန့်မြွက်တော် မူလိုသည်။ ( ဟုတွာ ) ဌာနံ ခေါ ပနေတံ စုန္ဒ ဝိဇ္ဇတီတိ အာဒိံ၊ ကို။ အာဟ၊ ၏။
''' **တထေဝ ဂဒတ္တာ**။ ။ တထေဝ ဂဒတ္တာတိ တထေဝ ဉာတတ္တာ အဘိသမ္ဗုဒ္ဓတ္တာ။ ဂတသဒ္ဒေန ဧကတ္ထံ ဗုဒ္ဓိအတ္ထန္တိ " ဂတိကတ္ထာ ဟိ ဓာတဝေါ ဗုဒ္ဓိအတ္ထာ ဘဝန္တီတိ အက္ခရစိန္တကာ ( အက္ခရာပုဒ်ပါဌ်ကို ကြံစည်စဉ်းစားတတ်သော သဒ္ဒါဆရာများကို ဆိုကြသည် )။၊ ဋီကာ။ [ ကြွင်းမှတ်ဖွယ်များကို ဒီ။ ဋ္ဌ။ ၁။ ၅၉ နှင့် ထို၏ ဋီကာများ၌ ရှု။ ]
**အသမတံ စသည်**။ ။ အသမတံ၊ ဟု ဆိုပြီးနောက် တန်းတူသု တစုံတယောက်မျှမရှိ, အဘယ်မှာ သာလွန်သူရှိမည်နည်း ဟု ပြခြင်းငှါ " အနုတ္တရတံ" ဟု ဆိုသည်။ ထို ပသမ အနုတ္တရ ဖြစ်ခြင်းမှာလည်း သဗ္ဗညုတဉာဏ်ကြောင့်ဖြစ်၏ ဟု ပြလို၍ " သဗ္ဗညုတံ" ဟု ဆိုသည်။ ထို သဗ္ဗညု၏ အဖြစ်သည်လည်း မြတ်သော ဓမ္မစက်ကို ဖြစ်စေနိုင်သော ( သဒ္ဓမ္မဝရစတ္တဝတ္တီ ) ပုဂ္ဂိုလ်အဖြစ်အားဖြင့် လောက၌ အထင်အရှားဖြစ်သည် ဟု ပြခြင်းငှါ " ဓမ္မရာဇ ဘာဝံ " = ကို ဆိုရပြန်သည်။
'''
န ဟေတံ အာဝုတော အတ္ထသံဟိတန္တိ၊ ကား။ ဣဓလောက ပရလောက အတ္ထသံဟိတံ၊ ဤလောကစီးပွား နောက်လောကစီးပွားနှင့် စပ်သည်။ ဝါ၊ ဤလောကအကျိုး နောက်လောကအကျိုးနှင့် စပ်သည်။ န ဟောသိဟနာဒံ**။ ။ အဘီတနာဒံ ( မကြောက်သူ၏ မိန့်သံ )။ သေဋ္ဌနာဒံ ( မြတ်သောမိန့်သံ )။ သေဋ္ဌနာဒေါ ဟေသ။ ယဒိဒံ ဌပနီယဿ ပဉှဿ ( မဖြေပဲထားထိုက်သောပြဿနာ၏ )။ ဌပနိယ ဘာဝဒဿနံ ( မဖြေပဲထားထိုက်ပုံကို ပြခြင်း ) ဌပနီယတာစဿ ( ထို ပြဿနာ၏ မဖြေပဲထားထိုက်ပုံမှာလည်း )။ ပါဠိအာရုဠှာ ဧဝ ( ပါဠိတော်၌ပင် တိုက်ရိုက်ပါပြီ ) န ဟေတန္တိ အာဒိနာ။ [ ပါဠိတော်ပုဒ်စဉ် (၁၀၉) ရှု။ သီဟနာဒ၏ အဖွင့်ကို အဋ္ဌကထာပုဒ်စဉ် ၁၄၂ အခန်း၌ပြခဲ့ပြီ။ ]
**တထာဂတော**။ ။ [ တထာ+ အာဂတော။ ] အာဂစ္ဆတီတိ၊ အာဂတော။ တထာ= ( ထို မိမိဆည်းပူးအပ်ခဲ့သော ကံ= ကိလေသာအခြင်ူအရာအားဖြင့် )။ အာဂတော= ဤအတ္တဘောသို့ ရောက်လာသူတည်း။ တထာဂတော= သူ။ ဤ အတ္တဘော ဟူရာ၌ မိမိဆိုင်ရာ ပစ္စုပ္ပန်ဘဝတည်း။ ဥပမာ= လူဖြစ်လျှင် ယခုလက်ရှိ လူ့ဘဝ။ တိရစ္ဆာန်ဖြစ်လျှင် လက်ရှိတိရစ္ဆာန်ဘဝ စသည်တည်း။ ထို တထာဂတမည်သော ပုဂ္ဂိုလ်သည်ပင် အာရုံငါးပါး၌ ငြိကပ်တွယ်တာတတ်သောကြောင့် သတ္တ ( သတ္တဝါ ) ဟုလည်းဆိုရသည်။
**ဋီကာ**။ ။ ယထာ ဥပစိတကမ္မကိလေသေန ဣတ္ထတ္တံ အာဂန္တဗ္ဗံ။ တထာ နံ အာဂတောတိ တထာဂတော။ သတ္တော။ တထာ ဟိ သော ရူပါဒီသု သတ္တော ဝိသတ္တောတိ ကတွာ " သတ္တော" တိစ ဝုစ္စတိ။ ဣတ္ထတ္တန္တိစ ပဋိလဒ္ဓတ္တာ တထာ ပစ္စက္ခဘူတော အတ္တဘာဝေါတိ ဝေဒိတဗ္ဗော။ [ အတ္တ၊ အတ္တ၏+ ဘာဝ= ဖြစ်ကြောင်းဟူသည် အတ္တဟု စွဲလမ်းဖို့ရာ ဖြစ်ပေါ်လာသော ဤခန္ဓာကိုယ်ပင်တည်း။ ]
**အတ္ထသံဟိတံ နဟောတိ**။ ။ ဣမိနာ ဥဘယတ္ထ ( ပစ္စုပ္ပန် သံသရာ နှစ်ဖြာသော အကျိုး ) ဝိဓုရတာ ဒဿနေန ( ဆန်ကျင်ဖက်ဖြစ်ပုံကို ပြသဖြင့် )။ နိရတ္ထက ဝပ္ပလာပတံတဿ ဝါဒဿ ( ပါဠိတော်လာ ထိုဝါဒအားလုံး၏ အကျိုးမရှိပဲ ရန်းပြေညဆိုထားပုံကို ) ဝိဘာဝေတိ။၊ ဋီကာ။တိ= မဖြစ်။
'''
'''
ဧတဉှိ အာဝုတော အတ္ထသံဟိတန္တိ အာဒီသု၊ အစရှိသော ပါဠိရပ်တို့၌။ ( အယမတ္ထော၊ ၌စပ် )။ ဧတံ၊ ဤ သစ္စာ၄ ပါးနှင့်စပ်သော စကားသည်။ ဣဓလောက ပရလောက အတ္ထနိဿိတံ၊ ဤ လောကစီးပွား, နောက်လောကစီးပွားကို မှီ၏။ နဝ လောကုတ္တရဓမ္မနိဿိတံ၊ ၏။ သကလသာသန ဗြဟ္မစရိယဿ၊ ၏။ အာဒိ၊ အစတည်း။ ပဓာနံ၊ ပဓာနတည်း။ ဝါ၊ ရှေးဦးစွာ စိတ်၌ ယူထားထိုက်သော တရားတည်း။ ပုဗ္ဗင်္ဂမံ၊ ရှေ့သွားတည်း။ ဣတိ အယံ၊ ဤ ဆိုအပ်ပြီကား။ အတ္ထော၊ တည်း။
''' **တဏှာသာ သမုဒယဖြစ်ပုံ**။ ။ အဝိဇ္ဇာ ကံ ( သင်္ခါရ ) စသော တရားများလည်း ဒုက္ခ၏ ဖြစ်ဖို့အကြောင်းများပင် ဖြစ်၏။ သို့ရာတွင် တဏှာသည် ကံ၏ ဆန်းကျယ်ဖို့အကြောင်းဖြစ်သောကြောင့်လည်းကောင်း, ဒုက္ခကိုဖြစ်စေခြင်း၌ ထူးသောအကြောင်းဖြစ်သော ကြောင့်လည်းကောင်း လွန်ကဲသောသတ္တိအထူးရှိသော သမုဒယသဘောရှိ၏။ ထို့ကြောင့် တဏှာကိုသာ ပါဠိတော်များ၌ သမုဒယအဖြစ် ဟောတော်မူထားသည်။ [ နနုစ အဝိဇ္ဇာဒယောပိ ဒုက္ခဿ သမုဒယယောတိ သစ္စံ သမုဒယော။ တဿာ ပန ကမ္မဿ ဝိစိတ္တဘာဝ ဟေတုတော, ဒုက္ခပ္ပါဒနေ ဝိသေသပစ္စယဘာဝတောစ သာတိသယော သမုဒယေဋ္ဌာတိ သာ ဧဝ သုတ္တေသု တထာ ဝုတ္တာ။၊ ဋီကာ။
**ဥဘိန္နံ အပ္ပဝတ္တိ**။ ။ ဒုက္ခသမုဒယနံ အပ္ပဝတ္တိ နိမိတ္တံ ( မဖြစ်ကြောင်း )။၊ ဋီကာ။ အပ္ပဝတ္တိန္တိ အပ္ပဝတ္တနိမိတ္တံ။ တေ ဝါ န ပဝတ္တန္တိ ဧတ္ထာတိ အပ္ပဝတ္တိ, နိဗ္ဗာနံ။= သာရတ္ထ။ ၁။ ၄၀၈။
**ဒုက္ခပရိဇာနနော စသည်**။ ။ မဂ်ကိစ္စကို ပြကြောင်းစကားတည်း။ ဤ၌ မဂ်၏ ဘာဝနာကိစ္စမပါ။ သို့ရာတွင် ထိုကိစ္စကိုလည်း အနက်အားဖြင့် ပြပြီးဖြစ်သည် ဟုပင် မှတ်ရမည်။ ဘာကြောင့်နည်း၊ ဘာဝနာဘိသမယနှင့် ကင်း၍ ပရိညာဘိသမယစသော ကိစ္စ ၃ ပါးမဖြစ်နိုင်သောကြောင့်တည်း။ [ " ဒုက္ခပရိဇာနနော " တိ အာဒိ မဂ္ဂကိစ္စ ဒဿနံ။ တေန မဂ္ဂဿ ဘာဝနတ္ထောပိ ( ဘာဝနာသဘောကိုလည်း ) အတ္ထတော ဒဿိတောဝါတိ ဒဋ္ဌဗ္ဗံ။ န ဟိ ဘာဝနာဘိသမေယန ( ဘာဝနာကို ထိုးထွင်း၍ သိကြောင်းဉာဏ်နှင့် ) ဝိနာ ပရိညာဘိသမယာဒယော သမ္ဘဝန္တီတိ။= ဋီကာ။ ]
'''
ပုဗ္ဗန္တသဟဂတဒိဋ္ဌိနိဿယ၊ အဖွင့်။
အာဒိ, ပဓာနံ။ ။ သာသနာတော်၌ မြတ်သောအကျင့်ကို ကျင့်ရသည်မှာ သစ္စာ ၄ ပါးကို ထိုးထွင်း၍သိနိုင်သော ဉာဏ်အတွက် ဖြစ်၏။ အခြား လာဘသက္ကာရ စသော အကျိုးအတွက်မဟုတ်။ ထို့ကြောင့် သစ္စာကို ပိုင်းခြားသိမှုသည် သာသနာ့ ဗြဟ္မစရိယ၏ ရှေးဦးအစ ပဓာနကျသော လုပ်ငန်းတရပ် ဖြစ်ပေသည်။ [ ပဌမတရံ စတ္တေ အာဒါတဗ္ဗတော ဟူသောဋီကာကို ကြည့်၍ " ပ+ ( ပဌမံ ) ရှေးဦးစွာ။ ဓာတဗ္ဗံ ( စိတ္တေ အာဒါတဗ္ဗံ ) စိတ်၌ ယူထာစထိုက်၏။ ဣတိ ပဓာနံ" ဟု ပြု။ ]
ဒိဋ္ဌိနိဿယာ။ ။ နိဿယန္တိ ဧတ္ထာ တိ နိဿယာ၊ [ နိ+ သီ+ အ။] ဒိဋ္ဌိနံ+ နောက်နောက် ဒိဋ္ဌ်တို့၍+ မိဿယာ- မှီရာဖြစ်သော ရှေးရှေးဒိဋ္ဌိတို့သည်၊ ဒိဋ္ဌိနိဿယာ- တို့၊ အဝဓာရဏ ကမ္မဓာရည်း၊ [ ပုရိမုပ္ပန္နာ ဒိဋ္ဌိတေဋ အပရာပရုပ္ပန္နာနံ ဒိဋ္ဌီနံ အဝဿယာ ဟောန္တီတိ “ ဒိဋ္ဌိနိဿယာ” တိဝုတ္တံ၊ ဒိဋ္ဌိဂတိကာတိ ဒိဋ္ဌိဂတ်ယော၊ ဒိဋ္ဌိပ္ပဝတ္တိယောတ် အတ္ထော၊- ဋီကာ။
အတ္ထိနုခေါ။ ။ ခေါ- သဒ္ဒါသည် နုနှင့်တူသော ပုစ္ဆာအနက်ဟော နိပါတ်ဟုဋီကာဆို၏၊ ဋီကာဆရာ၏ လက်ထက်ကို ပါဠ် အဋ္ဌကထာတို့၌ “ အတ္ထိနုခေါ” ဟုနု- မပါပဲ “ အတ္ထိခေါ” ဟု ပါဌ်ရှိဟန်တူသည်၊ ယခုမူ “ အတ္ထိနုခေါ” - ဟု “ နု” သဒ္ဒါ ရှိနေပြီ၊ [ အတ္ထိ ခေါတိဧတ္ထ ခေါသဒ္ဒါ ပုစ္ဆာယံ၊ အတ္ထိမုတ် အယမေတ္ထအတ္ထော၊- ဋီကာ။]
ဒိဋ္ဌိပညတ္တိယာ။ ။ [ ဒိဋ္ဌိယာ ပညာပန၊- ဋီကာ။] “ ဤအခြင်းအရာအားဖြင့် ဤဒိဋ္ဌိသည် ဖြစ်၏” ဟု ဒိဋ္ဌိ၏ဖြစ်ကြောင်း, ချုပ်ကြောင်း, သာယာအပ်သော သဘော, အပြစ်, ထိုဒိဋ္ဌိမှ ထွက်မြောက်ကြောင်းများကို ကွဲကွဲပြားပြား သိတော်မူသည်။
အဓိပညတ္တိ။ ။ [ အဘိညေယျဓမ္မပညာပန၊- ဋီကာ။] ခန္ဓာစသော အဓိပညတ်များကို မသိသဖြင့် သာသနာပ သမဏဗြာဟ္မဏများသညါ သဿတော အတ္တာစလောကောစ စသော ဒိဋ္ဌိပညတ်၌သာ ငြိကပ်တွယ်တာနေကြ၏၊ ထိုသဿတစသည်ကိုလည်း ပညတ်ဟု တိုသည့်အတ်ုင်း ပညတ်ဖြစ်ပါလျက် ပညတ်မှန်းမသိပဲ ဧကန်ပငါအတ္တရှိသည် ဟုလည်းကောင်း, ထိုအတ္တသည် မြဲ၏ ဟု လည်းကောင်း စွဲစွဲမြဲမြဲယူဆကာ ပြောေိုကြလေသည်။
ကေစိတို့ ယူဆပုံ။ ။ မိစ္ဆာအယူရှိသူတို့ “ ဤပုံ ဤနည်း ယူဆထားအပ်သည်” ဟုထင်ရှားစွာ သိစေခြင်းဟူသော ဒိဋ္ဌိပညတ်အရာ၌ မြတ်စွာဘုရားထက် သာလွန်သူ တစုံတယောက်မှ မရှိ ဟူသော အနက်အဓိပ္ပါယ်သည် ဗြာဟ္မဇာလသုတ်၌ အထင်အရှားပါပြီ၊ အဓိပညတ္တိ- ဟူသော ခန္ဓဓာတုအာယတန စသည်များကို အထင်အရှားသိစေမူကား သတ္တဝါများ၏ ငြီးငွေ့ဖို့ရန် အကြောင်းဖြစ်ဖြင့် ကြိမ်ဖန်များစွာလေ့လာမှု ပြုထိုက်၏၊ ထိုကြောင့် ထိုအဓိပညတ်၏ အစွမ်းဖြင့် ဗုဒ္ဓမြတ်စွာသည် အနုတ္တရဖြစ်ပုံကို သိစေလိုသညါဖြစ်၍ “ နေဝအတ္တနာသမသမံ သမိုပဿာမိ” ဟူသော သီဟနာဒကို မိန့်မြတ်တော်မူသညါ၊ ဤသို့ အချို့ဆရာများ ယူဆကြသည်။
ထိုသို့မဟုတ်။ ။ အဋ္ဌကထာ၌ “ ယဉ္စ ဝုတ္တံ ပညတ္တိ ယာတိ ယဉ္စ အဓ်ပညတ္တီတိ ဥဘယမေတံ အတ္ထအော ဧကံ” ဟူ၍လည်းကောင်း, “ ဣဓ ပန ပညတ္တိယာတိ ဧတ္ထာပိ ပညတ္တိစေဝ အဓိပညတ္တိစ အဓိပ္ပေတာ၊ အဓိပညတ္တီတိ ဧတ္ထာပိ” ဟူ၍လည်းကောင်းဆိုထားသောကြောင့် ဤသုတ်၌ ပညတ္တိ အဓိပါတ္တိ ၂မျိုးလုံး၏ အစွမ်းဖြင့်ပင် ဗုဒ္ဓမြတ်စွဋသည် သီဟနာဒကို မိန့်မြွတ်တော်မူသည် ဟု သိနိုင်ပေသည်။
အချုပ်။ ။ ကေစိဆရာများက ဤသုတ်လာ သီဟနာဒသည် အဓိပညတ်နှင့်သာဆိုင်၏, ဒိဋ္ဌိပညတ်နှင့် မဆိုင်၊ ဒိဋ္ဌိပညတ်နှင့်ဆိုင်သော သီဟနာဒကား ဗြဟ္မဇာလသုတ်၌ ပါပြီးဖြစ်သည်ဟု ယူလို၏၊ ဋိကာ ဆရာက အဋ္ဌကထာစကားကို ကိုးကား၍ဒိဋ္ဌိပညတ္တိ အဓိပညတ္တိ၂မျိုးလုံးနှင့်ဆိုင်သော သီဟနာဒဖြစ်သည် ဟု ဆုံးဖြတ်သည်။
ခန္ဓပညတ္တိ။ ။ ခန္ဓာနံ ( တို့ကို) “ ခန္ဓာ” တိ ပညာပန ( သိစေခြင်း) ဒဿနာ ( ပြ) ပကာသနာ ( ထင်ရှားပြ) ဌပနာ ( ထားခြင်း၊) နိက္ခိပနာ ( ချထားခြင်း) “ အာစိက္ခတိ( ဟော) ဒဿေတိ ပညာပေတိ ပဋ္ဌပေတိ” ( အပြားအားဖြင့် ဖြစ်စေ) ဣတိ အာဂတဌာနေ ဟိ ပညာပနာ ဒဿနာ ပကာသနာ ပညတ္တိနာမ၊ သုပညတ္တွ ( ကောင်းစွာသိစေအပ်)၊ ပဉ္စပီဌန္တိ အာဂတဋ္ဌာနေ ဌပနာ နိက္ခိပနာ ပညတ္တိနာမ၊ ဣဓ ဥဘယမ္ပ် ယုဇ္ဇတိ၊ ပဌမနည်း၌ ခန္ဓပညတ္တိ- ခန္ဓာတို့ကို တရားအားဖြင့်သိစေခြင်း ( သိအောငမ ဟောပြခြင်း) ဟုပေး၊ ဒုတိယနည်း၌ ခန္ဓာတို့ကို မရောယှက်အောင် ထားခြင်း( ခွဲခြားထားခြင်း) ဟု ပေး၊ ပုဒ်ပြီးပုံကို ရှေ့ပုဒ်စဉ် ( ၁၄၆)၊ (၁၅၀) တို့၌ ပြခဲ့ပြီ။
ဒေသိတာ, ပညတ္တာ။ ။ ဗုဒ္ဓမြတ်စွာသည် သတိ ပဋ္ဌာန်တို့ကို ဟောရုံသက်သက်မျှမဟုတ်၊ အမှန်မှာ- ဝေနေယျတို့ သန္တာန်၌ ထို သတိပဋ္ဌာနဘာဝနာ ဖြစ်ပွါးစေသောအားဖြင့် တည်စေတော်မူလိုသည်၊ ထိုကြောင့် ဒေသိတာဟု မိန့်တော်မူပြီးနောက်ပညတ္တာဟု မိန့်တော်မူပြန်သည်၊ နကေဝလံ ( တညိစေခြင်းမဖက် သက်သက်)၊ သတိပဋ္ဌာန ကထိကမတ္တာ ( ဟောအပ်ကာမျှ မဟုတ်ကုန်)၊ အထခေါ ( အဟုတ်ကား) ဝေနေယျ သန္တာနေ ပတိဋ္ဌာပိတာတိ ဒဿေတုံ ဒေသိတာတိဝတွာ ပါတ္တာတိ ဝုတ္တန္တိအာဟ- ဒေဟိတာတိ ကထိတာ ပညတ္တာတိ ဌပိတာတိ။
အဓိပညတ္တိနာမ၊ မည်သည်။ ( ဆ ပညတ္တိယော၊ ၌စပ် )။ ခန္ဓပညတ္တိ၊ ခန္ဓပညတ်လည်းကောင်း။ ဝါ၊ ခန္ဓာတို့ကို အပြားအားဖြင့် သိစေခြင်းလည်းကောင်း။ အာယတနပညတ္တိ၊ လည်းကောင်း။ ဓာတုပညတ္တိ၊ လည်းကောင်း။ ဣန္ဒြိယ ပညတ္တိ၊ လည်းကောင်း။ သစ္စပညတ္တိ၊ လည်းကောင်း။ ပုဂ္ဂလ ပညတ္တိ၊ လည်းကောင်း။ ဧဝံ၊ သို့။ ဝုတ္တာ၊ အပ်ကုန်သော။ (ပုဂ္ဂလ ပညတ္တိ ပါဠိတော်၌ ဟောတော်မူအပ်ကုန်သော)။ ဆ၊ ကုန်သော။ ပညတ္တိယော၊ တို့တည်း။
'''
'''
သုဒ္ဓင်္သခါး ပုဉ္ဇောယံ။ ။ သံ၊ ၂၊ ၁၃၆၊ ၁၃၇ မှယူထားသော ပါဠိတော်ဖြစ်၏၊ ဖြစ်ပေါ်လာပုံ ဝတ္ထုကြောင်း ကို ထို၌ရှု၊ ထို၌ ဂါထာသုံးပုဒ်ရှိ၏၊ ထိုသုံးပုဒ်၏ အဓိပ္ပါယ်အကျဉ်းချုပ်မှာ- “ မာရ်နတ်….အဘယ်အရာကို သတ္တဝါဟု ထင်နေသနည်း၊ သင်၏အမြင် မှားနေပြီ၊ ဤ ခန္ဓာကိုယ်သည် ရုပ်နာမ် အစုအပုံ သက်သက်သာ ဖြစ်၏၊ ဤသင်္ခါရအစု၌ သတ္တဝါဟု ရှုမြင်စရာ ဘာမျှမရှိ၊ လှည်းဘီး ဝင်ရိုး လှည့်ဆန့်စသော အစိတ်အပိုင်းများ ပေါင်းစပ်ထားသောအရာကို “ လှည်း” ဟုခေါ်ရငလို ခန္ဓာငါးပါး အစိတ်အပိုင်းများ ရှိသောကြောင့်သာ သတ္တဝါ ဟူသော ( ပုဂ္ဂိုလ် သတ္တဝါ ယောကျာ်းမိန်းမဟူသော) သမ္မုတိပညတ် ဖြစ်နေပေသညမ၊ ထို ခန္ဓာငါးပါးလုံးခည်း ဒုက္ခတုံချည်းသာ ဖြစ်၏၊ ဒုက္ခအစုသည်သာ ဖြစ် တည် ပျက်နေ၏၊ ဒုက္ခမှ တပါး အခြင်းအရာများ ဖြစ် ပျက်နေသည် မဟုတ်။